မင်းရှေ့မှာ စွမ်းကုန်ထုတ်ပြတော့၊ငါ ကျောနောက်ထောက်ခံပေးမယ်
Vol. 13 Ch. 128
"ထကြတော့"
အမှန်အတိုင်း ဝန်ခံရလျှင် ဤနတ်ဘုရားတမန်တော်အသစ် ကို ပထမဆုံး မြင်လိုက်ရချိန်တွင် ရှိနေသည့် ဓားသမားများမှာ အနည်းငယ် ကြောင်အမ်းသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ကျောထက်တွင် ဓားသုံးလက်ကိုလွယ်ထားသောရှန်းချန်ကောမှာ အလွန်ပင် ငယ်ရွယ်နေသောကြောင့် ဖြစ်သည်။
သို့သော် သူ၏စကားသံအဆုံးတွင်မူ လေးလံလှသောတူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သကဲ့သို့ ထူးခြားဆန်းပြားသော စွမ်းအားတစ်မျိုး ပါရှိနေ၏။
လူတိုင်းမှာ မတ်တတ်မရပ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။
ဤလူငယ်မှာ အလွန်ပင်ခန့်ညားကာ လွတ်လပ်ပေါ့ပါးသည့်ဟန် ရှိသည်။
သူ၏မျက်ဝန်းများမှာ လူကို တုန်လှုပ်သွားစေနိုင်လောက်သည့် အလင်းတန်းများ ဖြာထွက်နေသည်။
၎င်းတို့ကို အကြောက်ရွံ့ဆုံး ဖြစ်စေသည်မှာ ဖော်ပြ၍မရလောက်အောင် ခမ်းနားထည်ဝါလှသော ဖိအားကြီးပင် ဖြစ်သည်။
သူ၏အရေပြားလက်မတိုင်းမှာ တောက်ပနေသကဲ့သို့ ခံစားရပြီး ထိုခံစားချက်က ၎င်းတို့၏ ဆဲလ်တစ်ခုချင်းစီကို ပြင်းထန်သော ဖိနှိပ်မှုအောက်တွင် တုန်ယင်သွားစေသည်။
ဤလူငယ်မှာ... အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထို့ကြောင့်လည်း သူက ၁၀ ယောက်မြောက် နတ်ဘုရားတမန်တော်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် သူသည် ကူးပြောင်းခြင်းနယ်ပယ် သို့ ခြေချရုံသာ ရှိသေးသည် မဟုတ်ပါလော...။
သို့ဆိုလျှင် သူသည်လည်း သတ်ဖြတ်ခြင်းနည်းစနစ်ကို တတ်မြောက်ထားခြင်းလော။
မည်သို့ပင်ဖြစ်စေ ၎င်းတို့မှာ ဓားသမားများ ဖြစ်ကြသဖြင့် ယခုအခိုက်အတန့်တွင် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
ရှန်းချန်ကော၏ထွက်ပေါ်လာမှုက သူတို့ကို အတိုင်းထက်အလွန် ဝမ်းသာစေသည်။
သူသည် မြူခိုးနေထိုင်သူများ၏သမိုင်းတွင် ပထမဆုံးသော ဓားသမား နတ်ဘုရားတမန်တော် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
၎င်းတို့အတွက် အားကိုးရာကြီး တစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ပင်။
ရှန်းချန်ကော သက်ပြင်းတစ်ချက် ချလိုက်သည်။
"စီနီယာအစ်ကိုကြီး..." မိုချင်းချန်၊ လင်းချင်းရှန်နှင့် အခြားသူများမှာ ခွဲခွာရမည်ကို နှမြောတသ ဖြစ်နေကြသော်လည်း ရှန်းချန်ကောက ပြုံးပြလိုက်သည်။
"ကျိဘက ဒီမှာ တစ်လကြာ နေခဲ့လိမ့်မယ်။ သူက ဂိုဏ်းကို အကာအကွယ်ပေးရင်း မင်းတို့ကိုလည်း လမ်းညွှန်ပြသပေးလိမ့်မယ်။ မင်းတို့အားလုံး နတ်တံတားအဆင့်ကို ရောက်တာနဲ့ မြူခိုးနေထိုင်သူတွေအဖွဲ့ထဲကို ဝင်လို့ရပြီ။" လိုအပ်ချက်များ ပြည့်မီပါက ရှန်းချန်ကောအနေဖြင့် ၎င်းတို့ကို အဖွဲ့အစည်းအတွင်းသို့ တိုက်ရိုက် စည်းရုံးသွင်းယူနိုင်မည် ဖြစ်သည်။
နတ်ဘုရားတမန်တော်ရသူတစ်ဦးအနေဖြင့် ၎င်းမှာ သူ၏ လုပ်ပိုင်ခွင့်ပင် ဖြစ်သည်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်။" မိုချင်းချန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
သူ၏စီနီယာအစ်ကိုကြီး၏ပါရမီမှာ ကောင်းကင်ဘုံဓားဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးတွင် အချိန်ကုန်မခံသင့်ကြောင်း သူ နားလည်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က မြူခိုးသမုဒ္ဒရာကျမ်းကို လေ့လာပြီးနောက်တွင် အနက်ရောင်မြူခိုးများ ဆင်းသက်လာခြင်းမှာ ၎င်းတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်ကြောင်း သူ ခံစားမိသည်။
၎င်းမှာ ခေတ်သစ်တစ်ခု၏ အစအဦးနှင့် သက်ရှိများ ပြောင်းလဲတိုးတက်ရန် အခွင့်အလမ်းလည်း ဖြစ်နိုင်သည်။
သူ၏ စီနီယာအစ်ကိုကြီးကဲ့သို့သော ဖြစ်တည်မှုမျိုးအတွက်...
သူ၏နေရာမှာ ပိုမိုမြင့်မားသော ကမ္ဘာတွင်သာ ရှိသင့်သည်။
ထို့ကြောင့်...
မိုချင်းချန် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဂျူနီယာညီမလေးမှာမူ နှုတ်ခမ်းကို စူထားသော်လည်း သူမ၏မျက်ဝန်းများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည်။
သူမလည်း အစွမ်းကုန် ကြိုးစားရပေမည်။
မဟုတ်ပါက စီနီယာအစ်ကိုကြီး၏ ခြေလှမ်းများကို လိုက်မီတော့မည် မဟုတ်ပေ။
စီနီယာအစ်ကိုကြီးမှာ သူမ၏ထာဝရအိုင်ဒေါပင် ဖြစ်သည်။
ထိုအချိန်တွင် ကျန်းစန်းကျန့် သည် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး ရှန်းချန်ကော၏လက်ထဲသို့ ဝိညာဉ်ကျောက်စိမ်းပြားတစ်ခု ထည့်ပေးလိုက်သည်။
"သွားတော့ ချန်ကော။ မင်းရဲ့ အနာဂတ်မှာ ငါ့ရဲ့ အရိပ်တွေ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း ပင်ပန်းလာတဲ့အခါ ဂိုဏ်းကို ပြန်လာဖို့ မမေ့ပါနဲ့။ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ အစပျိုးရာနေရာပဲ။ ငါတို့အားလုံးက မင်းရဲ့ ကျောထောက်နောက်ခံတွေပဲ။" ကျန်းစန်းကျန့်က နှမြောတသစွာဖြင့် ဆိုလိုက်သည်။
"အဘိုးကြီး... ခင်ဗျားကလည်း ဘာလို့ ဒီလောက်တောင် စိတ်မကောင်းဖြစ်နေရတာလဲ။"
ကျန်းစန်းကျန့်က မျက်နှာဆူပုပ်လျက်ဖြင့် ကြိမ်းမောင်းလိုက်သည်။
"မင်းလို အသည်းနှလုံးမရှိတဲ့ကောင် ငါက မင်းကို ငါ့သားအရင်းလို သဘောထားခဲ့တာ။ အခု မင်း ထွက်သွားတော့မှာကို ငါက စိတ်မကောင်း မဖြစ်ရဘူးလား။ ခွေးတောင်မှ သံယောဇဉ် ရှိတတ်သေးတယ်"
"သွားစမ်းပါဗျာ"
ရှန်းချန်ကော ကျိန်ဆဲလိုက်သော်လည်း စိတ်ထဲတွင်မူ တစ်မျိုးကြီး ဖြစ်သွားရသည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်လျက် ကျန်းစန်းကျန့်ကို အေးစက်စက် ကြည့်နေဆဲ ဖြစ်သော်လည်း သူ၏မျက်ဝန်းများတွင် သံသယများ ပြည့်နှက်နေသည်။
ဒီအဘိုးကြီးက တကယ်ပဲ စိတ်မကောင်း ဖြစ်နေတာလား။
"နတ်ဘုရားတမန်တော် အရှင်... ကျွန်တော့်နာမည် ကျန်းထုံ ပါ။ ဒါကတော့ အရှင့်ရဲ့ တမန်တော်တံဆိပ်ပြားပါ။ အရှင့်ရဲ့ တိုက်ခိုက်မှုတွေနဲ့ အရှိန်အဝါတွေကို ဒီထဲမှာ မှတ်တမ်းတင်ထားရပါမယ်။"
ရှန်းချန်ကောသည် ရွှေရောင်နတ်ဘုရား တံဆိပ်ပြားတစ်ခုကို လှမ်းယူလိုက်သည်။
၎င်းတွင် ရွှေရောင်အမှတ်အသားများ ထွင်းထုထားပြီး ရှေးဟောင်းကျောက်တိုင်နက်ကဲ့သို့ အနက်ရောင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရသည်။
၎င်းမှာ အတော်လေး လေးလံပြီး ထူးခြားသော လုပ်ဆောင်ချက်များ ပါရှိနေပုံရသည်။
"အရှိန်အဝါတွေကို မှတ်တမ်းတင်ရမယ် ဟုတ်လား။" ဘာများ အသုံးဝင်မှာမို့လို့လဲ။
ရှန်းချန်ကောက ၎င်းမှာ လုံးဝ အသုံးမဝင်ဟု ထင်မိသည်။
လွှင့်ပစ်ရန်လည်း နှမြောစရာ ဖြစ်နေသကဲ့သို့ပင်။
"တိတိကျကျ ပြောရရင် ဒါက အရှင့်ရဲ့ အဆင့်အတန်းကို ဖော်ပြတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။အချိန်တန်တဲ့အခါ အရှင့်ရဲ့ အရှိန်အဝါတွေကတစ်ဆင့် ခမ်းနားထည်ဝါတဲ့ ရွှေရောင်ပုံရိပ်ယောင်အဖြစ် ဖော်ဆောင်ပေးနိုင်ပါတယ်။ ဒီတံဆိပ်ပြားကို မြင်တာက အရှင့်ကို မြင်ရတာနဲ့ အတူတူပါပဲ။ အကယ်၍ အရှင့်အပေါ် မလေးစားတဲ့သူတွေနဲ့ တွေ့ရင်လည်း ဒီတံဆိပ်ပြားမှာ သိမ်းဆည်းထားတဲ့ တိုက်ခိုက်မှုတွေနဲ့ သူတို့ကို သတ်ဖြတ်နိုင်ပါတယ်။"
ဟင်...
ရှန်းချန်ကော သူ၏လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။
ခမ်းနားတဲ့ ပုံရိပ်ယောင်ကို ဖော်ဆောင်နိုင်တယ်...တံဆိပ်ပြားကို မြင်ရင် လူကို မြင်ရသလိုပဲ...။
ဒါက ရတနာကောင်း တစ်ခုပဲ
ဤ 'ကြွားလုံးထုတ်နိုင်သည့် တံဆိပ်ပြား'... မဟုတ်ပေ၊ 'တမန်တော် တံဆိပ်ပြား' ၏ အရေးပါမှုမှာ ရှန်းချန်ကောအတွက် ချက်ချင်း မြင့်တက်သွားတော့သည်။
ဓားအလင်းတန်းကို မှတ်တမ်းတင်ရမည်လော။
လူတိုင်းက ရှန်းချန်ကောကို မသိမသာ စိုက်ကြည့်နေကြသည်။
သူတို့အားလုံးမှာ ဓားသမားများ ဖြစ်ကြသဖြင့် ရှန်းချန်ကော၏ အစွမ်းအစအပေါ် သံသယ အနည်းငယ် ရှိနေကြသည်။
သူသည် ကူးပြောင်းခြင်းအဆင့်မှ နတ်ဘုရားတမန်တော်တစ်ဦးမျှသာ ဖြစ်နေသည် မဟုတ်ပါလော။
မြူခိုးနေထိုင်သူများအဖွဲ့မှ ဓားသမားများမှာ အခက်အခဲများစွာ ကြုံတွေ့နေရသဖြင့် ၎င်းတို့ကို ဦးဆောင်ပေးနိုင်မည့်သူတစ်ဦးကို အလွန် လိုလားနေကြသည်။
ယခု ရှန်းချန်ကောက ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီ။
ဒါဟာ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အာရုံခံစားမှုကို ရရှိခဲ့သော်လည်း သူသည် ကူးပြောင်းခြင်းနယ်ပယ်တွင်သာ ရှိသေးသည်။
ရွှပ်
သို့သော် ထိုအခိုက်အတန့်တွင်...
ဖော်ပြ၍မရသော ခံစားချက်တစ်ခု လေထုထဲတွင် လှိုင်းထသွားသည်။
အားလုံးမှာ ဓားသမားများ ဖြစ်ကြသဖြင့် ဓားနှင့် ပတ်သက်လျှင် အလွန် အာရုံခံစားလွယ်ကြသည်။
ချက်ချင်းပင် ၎င်းတို့သည် အလွန်ခမ်းနားသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။
ကလန့်...
ကလန့်...
၎င်းတို့၏ကျောထက်မှ ဓားများမှာ မကျွတ်ထွက်ခဲ့သော်လည်း ထိုဓားများမှာ အလွန်ကြီးမားသော ဓားဖိအားကြောင့် တုန်ယင်မြည်ဟည်းလာကြသည်။
"ဒါက..."
၎င်းတို့ ထိတ်လန့်သွားကြသည်။
ကျန်းထုံ၏နှလုံးသားမှာ တုန်လှုပ်သွားရသည်။
"ဒါက ငါတို့ရဲ့ဓားထိန်းချုပ်မှုထက် အများကြီး သာလွန်တယ်... ငါတို့ရဲ့ ဓားတွေက မလှုပ်ရှားသေးဘူး၊ စိတ်ဆန္ဒ တစ်ချက်တည်းနဲ့တင် ငါတို့ရဲ့ ဓားတွေကို တုန်ယင်ပြီး အညံ့ခံစေတာပဲ..."
၎င်းတို့အားလုံးမှာ ဓားသမားများ ဖြစ်ကြသော်လည်း...
ယခုမူ ကြီးမားသော ဖိအားကို ခံစားနေကြရသည်။
အကယ်၍သာ သူသည် ဓားကို အစွမ်းကုန် အသုံးပြုလိုက်လျှင်...။
ထိုသို့ တွေးလိုက်မိသည်နှင့် ၎င်းတို့၏ဓားများမှာ အိမ်မှ ကျွတ်ထွက်သွားပြီး ကောင်းကင်ယံတွင် ဖော်ပြ၍မရသော ဖိအားများ ရုတ်တရက် ပေါ်ထွက်လာသည်။
ဟိန်းဟောက်သံကြီးနှင့်အတူ ကောင်းကင်ကြီး ဆွဲဖြဲခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကပ်ဘေးဒုက္ခအလင်းတန်းများမှာ မိုင်ပေါင်းများစွာအထိ လိမ့်တက်သွားတော့သည်။
ဤအရာက မည်သို့သော ဓားမျိုးဖြစ်သနည်း။
ဓားမှာ အလွန် ခမ်းနားလှသည်။
ရှန်းချန်ကောမှာ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသော်လည်း သူ၏ ကျောထက်မှ ဓားမှာ ကျယ်လောင်သော အသံနှင့်အတူ ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ခမ်းနားသော စွမ်းအားများကို သယ်ဆောင်လာသည်။
၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤဓားချက်အောက်တွင်...
၎င်းတို့မှာ ဓားဆွဲထုတ်ရန်ပင် သတ္တိမရှိတော့ပေ။
၎င်းတို့၏စိတ်ထဲတွင် နတ်ဘုရားဓားတစ်လက် ရှိနေသကဲ့သို့ ခံစားရပြီး ထိုဓားက သူတို့၏ ဦးနှောက်ကို တိုက်ရိုက် ထိုးစိုက်နေသကဲ့သို့ပင်။
၎င်းမှာ သူတို့၏ဝိညာဉ်ကို တိုက်ရိုက် ထိမှန်သွားခြင်း ဖြစ်သည်။
ထိုအရာမှာ
ကြောက်စရာကောင်းလှသည့် စိတ်ဆန္ဒပင် ဖြစ်သည်။
ချက်ချင်းပင် ၎င်းတို့မှာ ဓားဆွဲထုတ်ရန် သတ္တိများ ပျောက်ဆုံးသွားကြတော့သည်။
ဝုန်း
ကြောက်မက်ဖွယ် ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီးနောက် တမန်တော်တံဆိပ်ပြားအတွင်းသို့ လုံးဝ မြုပ်ဝင်သွားတော့သည်။
ဝူးးးး...
တမန်တော်တံဆိပ်ပြားမှ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
မြင့်မားသော ပုံရိပ်တစ်ခုမှာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး သူ၏နောက်ကျောတွင် ဓားသုံးလက် မျောလွင့်နေကာ ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေသည်။
ရှန်းချန်ကော၏မျက်ဝန်းများ တောက်ပသွားသည်။
ဒါက နတ်ဘုရား လက်နက်တစ်ခုပဲ
ဤအခိုက်အတန့်တွင် လူတိုင်းမှာ ချွေးအေးများ ထွက်နေကြသည်။
သူတို့၏ဓားများမှာ တုန်ယင်နေပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။
ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ ဓားထိန်းချုပ်မှုမျိုးလဲ။သူက နတ်ဘုရားတစ်ပါးလိုပဲ။
အကယ်၍ သူတို့၏လက်များသာ ဓားကို ထိတွေ့မိပါက ထိုလေးလံမှုက ၎င်းတို့ကို မြေပြင်ပေါ်တွင် ဒူးထောက်သွားစေလိမ့်မည်။
"နတ်ဘုရားတမန်တော် အရှင်သခင်ကို ဂါရဝပြုပါတယ်"
လူတိုင်းမှာ ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ရိုသေလေးစားစွာဖြင့် ဒူးတစ်ဖက်ထောက်ကာ အညံ့ခံကြောင်း ပြသလိုက်ကြသည်။
ရှန်းချန်ကော ထွက်ခွာသွားခဲ့ပြီ။
ကျန်းစန်းကျန့်သည် ကောင်းကင်ဘုံဓားဂိုဏ်း၏ တံခါးဝတွင် ရပ်လျက် အဝေးသို့ ငေးကြည့်နေသည်။
"ဆရာ... စီနီယာအစ်ကိုကြီးက အဝေးကို ရောက်သွားပါပြီ။ စိတ်မကောင်း မဖြစ်ပါနဲ့တော့။" မိုချင်းချန်က တိုးညှင်းစွာ ဆိုလိုက်သည်။
"သူ အဝေးကို တကယ်ရောက်သွားပြီလို့ မင်း သေချာသလား။"
"ဗျာ..."
မော့ချင်းချန် ကြောင်အမ်းသွားသည်။
ထိုအချိန်တွင်...
ကျန်းစန်းကျန့်သည် ဓားစွမ်းအင်တောင်ပေါ်ရှိ ရှန့်ရှန်းစံအိမ် သို့ တက်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်လိုက်သည်။
သူ၏အကြည့်မှာ မထီမဲ့မြင်ဟန် ရှိသော်လည်း အပြင်ဘက်သို့ ခဏခဏ လှမ်းကြည့်နေသည်။
ရှန်းချန်ကော ပြန်လာမည်ကို ကြောက်နေသကဲ့သို့ပင်။
"မင်း စွမ်းကုန်တောက်ပပေတော့၊ ငါ အနောက်ကနေ ထိန်းပေးထားမယ်။"