← Chapters

အ‌နက်ရောင်ဘုရင် ရှန်းချန်ကော

Vol. 13 Ch. 125

အ‌နက်ရောင်ဘုရင် ရှန်းချန်ကော

Vol. 13 Ch. 125

နတ်ဘုရားဓားသိုင်း - ပထမပုံစံ

၎င်းမှာ ရှန်းချန်ကော နားလည်သဘောပေါက်သွားသည့် ဓားနတ်ဘုရားအဆင့်ပင် ဖြစ်သည်။

အကယ်၍ သူသည် ဓားသိုင်း - တစ် ကို အဆင့်မြှင့်တင်နိုင်လျှင် ဓားသိုင်း - နှစ်၊ ဓားသိုင်း - သုံး နှင့် အခြားသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားပုံဖော်ခြင်းများ ပေါ်ထွက်လာပေလိမ့်မည်။

ဤအရာအားလုံးမှာ လှုပ်ရှားမှုတစ်ခုချင်းစီမှ ပေါက်ကွဲထွက်လာသည့် စွမ်းအားများဖြစ်ပြီး ၎င်းတို့ကို ဆက်စပ်လိုက်ပါက လောကကို တုန်လှုပ်စေမည့် ဓားပုံဖော်အစုအဝေးကြီး ဖြစ်လာမည်မှာ သေချာလှပေသည်။

ယခုအခါ ဓားသိုင်းကွက် - တစ် သည် ကောင်းကင်ယံသို့ ထိုးတက်သွားချေပြီ။

အလင်းတန်းဟူ၍ မရှိတော့ဘဲ အက်ကွဲကြောင်းများ ထင်ကျန်ရစ်သည့် ကောင်းကင်ယံနှင့် ပြင်းထန်လှသော ဖိအားကိုသာ မြင်တွေ့ခံစားနေရသည်။

ထိုဓား၏ထက်ရှမှုမှာ အရာအားလုံးကို ဆွဲဖြဲပစ်တော့မည့်အတိုင်းပင်။

၎င်းမှာ ခန့်ညားထည်ဝါလှသော ဓားသိုင်းကွက်တစ်ခု ဖြစ်သည်။

"တိုက်ကြစမ်း"

ထိုအခိုက်အတန့်တွင် ကျောက်တိုင်နက်၏ ပျက်သုဉ်းခြင်းနယ်မြေ အထက်တွင် ရပ်နေသော ဝတ်ရုံဖြူလူငယ်၏လွှမ်းမိုးနိုင်စွမ်းကို ၎င်းတို့အားလုံး အတိုင်းသား ခံစားနေရသည်။

လွှမ်းမိုးနိုင်စွမ်းဟူသည် အဘယ်နည်း။

၎င်းမှာ မည်သည့်အရာကိုမျှ မကြောက်ရွံ့ဘဲ မိမိ၏ ဓားဖြင့် အရာအားလုံးကို ရင်ဆိုင်ရဲသည့် သတ္တိပင် ဖြစ်သည်။

သူသည် မိမိ၏တန်ခိုးအာနုဘော်ကို ပြသနေသည်ဖြစ်စေ၊ မပြသသည်ဖြစ်စေ ထိုလူငယ်၏ ရဲရင့်သော အရှိန်အဝါမှာ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ဓားအလင်းတန်း ပိုင်ရှင်ဖြစ်သည့် ရှေးဟောင်းနတ်ဘုရား အသွင်ပုံရိပ်နှင့်ပင် ယှဉ်နိုင်နေချေပြီ။

ဤဓားချက်မှာ အတိတ်နှင့် ပစ္စုပ္ပန်ကို ဖိနှိပ်ချုပ်ကိုင်ထားသည့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေ၏။

"ငါတို့မှာ လူအများကြီး ရှိတာပဲ သူကို ငါတို့က ကြောက်နေတုန်းလား... ကြောက်... ငါ ကြောက်နေမိပြီ..."

"မဖြစ်နိုင်တာ"

"ငါတို့မှာ လူအများကြီး ရှိတာပဲ၊သူကို ငါတို့ ကြောက်နေတုန်းပဲ..." ဟု ဆိုသူမှာ ဖိအားကြောင့် တုန်ယင်နေပြီး စကားကိုပင် ဆုံးအောင် မပြောနိုင်တော့ပေ။

သူ၏လည်ချောင်းမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း အထက်မှ ကျဆင်းလာသည့် ဖိအားကြောင့် စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပိတ်မိနေတော့သည်။

"သွားစမ်း"

ကောင်းကင်ယံရှိ ရှေးဟောင်းနတ်ဘုရား ပုံရိပ်ယက ဓားကို ထုတ်လွှတ်လိုက်မှသာ အောက်တွင်ရှိသော လူများမှာ အသက်ရှူချောင်သွားကြသည်။

ထို့နောက်တွင်မူ ကမ္ဘာကြီးကို တုန်ခါသွားစေသည့် ကြောက်မက်ဖွယ် ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံကြီးတစ်ခုလုံး ပြိုကျတော့မည့်အလား ဖြစ်သွားရသည်။

"သမိုင်းတစ်လျှောက် ပထမဆုံးသော ဓားအလင်းတန်း ပုံရိပ်က ရှန်းချန်ကောကို ယှဉ်နိုင်တဲ့ အခွင့်အရေး ရှိတယ်၊ ငါတို့လုပ်ရမှာက အဲ့ဒီဓားအလင်းတန်း လှိုင်းလုံးကြီးနောက်ကို လိုက်ပြီး ငါတို့ရဲ့အစွမ်းကုန်ဓားချက်ကို ထုတ်ဖော်ဖို့ပဲ"

ထိုအခိုက်အတန့်တွင်...

၎င်းတို့၏စိတ်နှလုံးထဲမှ ခတ်နှိပ်ထားသော သံကြိုးများ ပြုတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့သည် နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရ၏။

ယခုအခါ ရှန်းချန်ကောမှာ သူတို့၏ဓားလမ်းစဉ်နှင့် ကျင့်စဉ်လမ်းစဉ်တို့၏ နတ်ဘုရားပင် ဖြစ်နေချေပြီ။

နတ်ဘုရားကို ရင်ဆိုင်သည့် ဓားတစ်ချက်။

ခန့်ညားလှသော ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကမ္ဘာကြီးကို တုန်ဟိန်းသွားစေသည်။

ဤလူငယ်တစ်စုသည် ၎င်းတို့၏စိတ်နှလုံးထဲရှိ ဓားချက်ကို ထုတ်ဖော်လိုက်ကြချေပြီ။

၎င်းတို့၏ခန္ဓာကိုယ်များမှာ တုန်ယင်သွားပြီး အချို့မှာ ယခင်ထက် ပိုမိုပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်လာကြသည်။

သူတို့၏ကျင့်စဉ်အဆင့်အတန်းမှာ အမှန်တကယ်ပင် တိုးတက်သွားခြင်း ဖြစ်သည်။

"ဟားဟားဟား" သူတို့၏စိတ်ဓာတ်များမှာ တက်ကြွလာကြသည်။

ဤမျှလောက် လွတ်လပ်ပေါ့ပါးမှုကို ယခင်က တစ်ခါမျှ မခံစားခဲ့ဖူးပေ။

သူတို့သည် စိတ်ထဲရှိ ကြောက်ရွံ့မှုနှင့် အတိုင်းအဆမရှိသော ဖိအားကို ကျော်လွှားနိုင်ခဲ့ကြပြီ ဖြစ်သည်။

သူတို့ဟာ မိမိတို့၏ဓားများဖြင့် တိုက်ခိုက်လိုက်ကြသည်။

ထိုစွမ်းအားများမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်သွားပြီး အလွန်အမင်း အားကောင်းလာတော့သည်။

ထိုအချိန်တွင်...

ကောင်းကင်ယံထက်၌ ရှန်းချန်ကောသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လောကကြီးကို ငုံ့ကြည့်နေသည်။

အမှန်အတိုင်း ဆိုရလျှင် သူသည် ပါရမီထူးကဲသူတစ်ဦး မဟုတ်ပေ။

သူ ယခုကဲ့သို့ အဆင့်ကို ရောက်ရှိလာခြင်းမှာ ချက်အင်စနစ် ကြောင့်သာ ဖြစ်သည်။

သို့သော် ယခုမူ သူသည် အဆုံးစွန်သော သတ္တိကို ခံစားနေရ၏။

အသုံးမကျသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေလျှင်ကော အဘယ်သို့နည်း။

သူသည် လောကကို ငုံ့ကြည့်နိုင်ဆဲဖြစ်ပြီး အတိတ်နှင့် ပစ္စုပ္ပန်ကို ဖြတ်ကျော်ကာ သူ၏ဓားချက်ကို ထုတ်လွှတ်လိုက်ချေပြီ။

၎င်းမှာ ဖော်ပြ၍မရသော ရဲရင့်မှုမျိုး ဖြစ်သည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်ယံအနက်ရှိုင်းဆုံးဆီသို့ ဖော်ပြ၍မရသော ဆွဲဆောင်မှုတစ်ခု ပြန့်လွင့်သွားတော့သည်။

သူ၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်းအလင်းတန်းများက သူ့ကို ဖုံးလွှမ်းသွားသည်။

ထိုအလင်းမှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အဆင့်မြှင့်တင်ပေးနေသကဲ့သို့ပင်။

သူ၏ဓားထိန်းချုပ်ခြင်းနယ်ပယ်၊ ဓားသိုင်းကွက်များ၊လှုပ်ရှားခြင်း ကျင့်စဉ်များနှင့် သူ၏ စိတ်ဆန္ဒတို့မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားချေပြီ။

အရာအားလုံးမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ရှန်းချန်ကော၏ ခန္ဓာကိုယ်မှာလည်း ပြောင်းလဲလာတော့သည်။

သူ၏ရွှေရောင်နတ်တံတားသည် ဖြည်းညှင်းစွာ မြင့်တက်လာပြီး သာမန်လူသားအဆင့်ကို ကျော်လွန်သွားသည့် နယ်ပယ်ကို ကိုယ်စားပြုနေသည်။

သူ၏တစ်ကိုယ်လုံးမှာ သန့်စင်သွားပြီး အလွန်စင်ကြယ်သော စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်မတတ် စီးဝင်လာတော့သည်။

သူသည် ကောင်းကင်အထက်တွင် ရပ်တည်ကာ သူ၏လူသားခန္ဓာကိုယ်ကို သန့်စင်လိုက်သည်။

ဤဓားချက်မှာ စကြဝဠာ၏ကံကြမ္မာကို ဖြတ်တောက်လိုက်ပြီး သူ၏အတိတ်ကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။

"လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အစွမ်းအစတွေက အဆင့်တစ်ခုကို ရောက်သွားတဲ့အခါ သူ့ရဲ့ သက်ရှိအဆင့်အတန်းကလည်း ပြောင်းလဲသွားတတ်တယ်" ဟု ချင်းရွှမ်က ဆိုသည်။

သူ၏စကားမှာ အနီးရှိ အဖိုးကြီးများကို တုန်လှုပ်သွားစေသည်။

အမှန်အတိုင်း ဆိုရလျှင် ရှန်းချန်ကောမှာ ၎င်းတို့ကို ကြောက်ရွံ့သွားစေခဲ့ပြီ ဖြစ်သည်။

ယခုအခါ ၎င်းတို့ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။

ရှန်းချန်ကောသည် သူ၏ဓားကို ဆွဲထုတ်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါမှာ ရူးသွပ်မတတ် မြင့်တက်လာပြီး သူ၏သက်ရှိအဆင့်အတန်းမှာလည်း စတင်ပြောင်းလဲလာတော့သည်။

"လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားတာလား"

"မဟုတ်ဘူး အနည်းငယ် လိုသေးတယ်၊ ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်း ခန္ဓာကိုယ်လို့တော့ ခေါ်နိုင်တယ်" ဟု ချင်းရွှမ်က ခေါင်းယမ်းရင်း ဆိုသည်။

"ဒါပေမဲ့ သူက အဲ့ဒီ ကြောက်စရာကောင်းတဲ့ အရာတွေနဲ့ ပေါင်းစပ်လိုက်ရင် ရှေးဟောင်းနတ်ဘုရားတစ်ပါးနဲ့ ယှဉ်နိုင်သွားပြီ။ ဆိုလိုတာက သူ အနန္တအမှောင်ထုနယ်ပယ်ကို ရောက်သွားတာနဲ့ ရှေးဟောင်းနတ်ဘုရားရဲ့အနန္တအမှောင်ထုအဆင့်နဲ့ တန်းတူ ဖြစ်သွားလိမ့်မယ်" ဟု သူက စိတ်လှုပ်ရှားစွာ ဆိုသည်။

"အဲ့ဒီအချိန်ကျရင် သူက ရှေးဟောင်းနတ်ဘုရားချောက်နက်ရဲ့ဘုရင်ဖြစ်လာပြီး နတ်ဘုရားမျိုးဆက်တွေကိုတောင် ဖယ်ရှားနိုင်လိမ့်မယ်"

ထိုစကားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် မြူခိုးသမုဒ္ဒရာပြင်ပမှ ကိစ္စရပ်များမှာ ပြေလည်သွားပေလိမ့်မည်။

ထိုစဉ် ရှန်းချန်ကောမှာ ရွှေရောင်အလင်းတန်းများဖြင့် သူ၏ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်နေဆဲ ဖြစ်သည်။

ပါရမီရှင်ဟု ခေါ်ဆိုသူများမှာ လူသားအဆင့်တွင်သာ လျင်မြန်စွာ တိုးတက်နိုင်သော်လည်း ရှန်းချန်ကော၏ခန္ဓာကိုယ်မှာမူ လူသားအဆင့်ကို တိုက်ရိုက်ကျော်လွန်သွားချေပြီ။

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

တစ်နေ့တွင် သူ၏အသုံးမကျသော ခန္ဓာကိုယ်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သို့သော် ဤသည်မှာ အစသာ ရှိသေးကြောင်း သူ ခံစားနေရသည်။

သူသည် ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကို မြင်တွေ့နေရသော်လည်း ထိုထက်မက ပိုမိုကြောက်စရာကောင်းသည့် သက်ရှိအဆင့်အတန်းများ ရှိနေသေးကြောင်းကိုလည်း သိရှိနေသည်။

"ဒါဟာ အစပဲ ရှိသေးတယ်" ဟု ရှန်းချန်ကောက တိုးညှင်းစွာ ဆိုလိုက်သည်။

ဂျွတ်...

ဂျွတ်...

သူ၏ခန္ဓာကိုယ်အတွင်းရှိ ချုပ်နှောင်မှုအချို့မှာ ပွင့်ထွက်သွားချေပြီ။

ရွှေရောင်နတ်တံတားမှာ ကွဲအက်ပေါက်ကွဲသွားပြီး ကောင်းကင်ယံတစ်ခုလုံးတွင် ရွှေရောင်အလင်းစက်များဖြင့် ပြည့်နှက်သွားသည်။

ထို့နောက်တွင်မူ ထိုအလင်းစက်များမှာ ရှန်းချန်ကော၏အနားသို့ ရူးသွပ်မတတ် စုစည်းလာကြသည်။

ဝူးးးး...

လှိုင်းလုံးကြီးများ ပေါ်ပေါက်လာသကဲ့သို့ အသံများ ထွက်ပေါ်လာပြီး ခန့်ညားလှသော ရှေးဟောင်းအရှိန်အဝါများ ပြန့်လွင့်လာတော့သည်။

သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာ၏။

ကူးပြောင်းခြင်းနယ်ပယ်

ရှန်းချန်ကောသည် ကူးပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားချေပြီ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်း၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

နတ်ဘုရားဓားသိုင်း - တစ် သည် ပေါက်ကွဲထွက်သွားချေပြီ။

ကောင်းကင်ယံကြီးတစ်ခုလုံး ပေါက်ကွဲသွားပြီး ကျောက်တိုင်နက်ကြီးမှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ဝုန်း...

ကျောက်တိုင်နက်ပေါ်ရှိ ပုံရိပ်မှာ ရုတ်တရက် ပေါက်ကွဲသွားသည်။

သမိုင်းတစ်လျှောက် ပထမဆုံးသော ဓားအလင်းတန်း ရှေးဟောင်းနတ်ဘုရား ပုံရိပ်မှာ ဤဓားချက်၏အောက်တွင် အလွန်ပင် သေးငယ်အားနည်းနေတော့သည်။

ဤအခိုက်အတန့်တွင် မြေပြင်ပေါ်ရှိ လူတိုင်းမှာ ကြီးမားလှသော ဖိအားကို ခံစားနေရသည်။

၎င်းတို့သည် ဓားအလင်းတန်းကို မမြင်ရသော်လည်း ကျဆင်းလာသည့် အေးစက်လှသော ဓားဆန္ဒကြောင့် တုန်ယင်နေကြရသည်။

ဘုန်း...

ဘုန်း...

၎င်းတို့ ထုတ်ဖော်လိုက်သော ဓားချက်များမှာလည်း လေထဲတွင်ပင် ပေါက်ကွဲပျက်စီးသွားကြသည်။

ရွှပ်...

အလွန်လျင်မြန်သော လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ လူတိုင်း၏ခန္ဓာကိုယ်များမှာ ချက်ချင်းပင် လွင့်စင်သွားကြတော့သည်။

မြေပြင်များ ကွဲအက်ကုန်ပြီး ကောင်းကင်ယံမှာလည်း ပေါက်ကွဲသွားကာ အရာအားလုံးမှာ တိတ်ဆိတ်သွားတော့သည်။

အချို့သော ပါရမီရှင်များမှာ လက်တွေ့လောကတွင် မျက်လုံးများ ပွင့်လာကြပြီး ၎င်းတို့၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။

"လုံးဝကို အဆင့်မတူတဲ့ ဓားချက်ပဲ... မွန်းစတားတစ်ကောင်ပဲ... ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ မွန်းစတားမျိုး ရှိနေရတာလဲ..."

ယခုအခါ ရှန်းချန်ကောသည် ကျောက်တိုင်နက် ပျက်သုဉ်းခြင်းနယ်မြေတွင် ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားစွာ ရပ်နေချေပြီ။

မြေပြင်ပေါ်မှ ရှေးဟောင်းကျောက်တိုင်နက်ကြီး တစ်ခု ပေါ်ထွက်လာပြီး ကျယ်လောင်လှသော အသံကြီးများနှင့်အတူ ၎င်းပေါ်တွင် ရှေးဟောင်းစာလုံးများ ထင်ဟပ်လာတော့သည်။

အနက်ရောက်ဘုရင် - ရှန်းချန်ကော

All Chapters