← Chapters

သက်ရှိအဆင့်အတန်း၏ ကြီးမားသောသောပြောင်းလဲမှု

Vol. 13 Ch. 126

သက်ရှိအဆင့်အတန်း၏ ကြီးမားသောသောပြောင်းလဲမှု

Vol. 13 Ch. 126

ထိုနေရာတွင်...

ကောင်းကင်နှင့် မြေကြီးသည် ပြောင်းပြန်လှန်နေပြီး မိုးကောင်းကင်တစ်ခုလုံးတွင် အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။

တောင်ကြီးများ ပြိုကျပျက်စီးထားသော နေရာများမှာ ချောမွတ်နေပြီး ကျောက်စရစ်ခဲ အပိုင်းအစများမှာ ကောင်းကင်ယံမှ မိုးရွာသကဲ့သို့ ကျဆင်းနေကြသည်။

ဤနေရာ၌...

အရွယ်အစား အမျိုးမျိုးရှိသော ကြီးမားလှသည့် စိတ်ဝိညာဉ်ကြီးများ ရှိနေကြသည်။

၎င်းတို့သည် ယခုနေရာတွင် ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အချိန်ကာလ၏အရှိန်အဝါများက ခမ်းနားထည်ဝါသော ဖိအားများကို သယ်ဆောင်လာသဖြင့် တစ်လောကလုံးမှာ သေဆုံးနေသကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေသည်။

ထိုကြီးငယ်သော စိတ်ဝိညာဉ်ကြီးများကြားတွင် ထူးခြားသော ပုံရိပ် ၁၀ ခု ရပ်တန့်နေသည်။

၎င်းတို့သည် နှိုင်းယှဉ်၍မရလောက်အောင် ကြီးမားလှပြီး အခြားသော ဝိညာဉ်များမှာ ၎င်းတို့နှင့်ယှဉ်လျှင် ပုရွက်ဆိတ်လေးများသဖွယ် ဖြစ်နေကြသည်။

ထိုပုံရိပ် ၁၀ ခုစလုံးသည် ရွှေရောင် တောက်ပနေပြီး ၎င်းတို့၏ဦးခေါင်းထက်တွင် နတ်ဘုရားအလင်းကွင်းများ ရှိနေသည်။

ထို့အပြင် ၎င်းတို့၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်နေသော ကြောက်မက်ဖွယ်ရာ နတ်ဘုရားအလင်းကွင်းများကြောင့် ရွှေရောင်အလင်းတန်းများ ဖြာထွက်လျက် ရှိသည်။

၎င်းတို့မှာ ထက်မြက်သော ဧရာမ ပုံရိပ်ကြီးများ ဖြစ်ကြသည်။

ထိုအချိန်တွင် ၎င်းတို့အားလုံးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာကြသည်။

အဝေးမှ ကြည့်လျှင် တည်ငြိမ်နေသယောင် ထင်ရသော်လည်း အနီးကပ်ကြည့်ပါက ၎င်းတို့၏ တစ်ကိုယ်လုံးတွင် တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရပေမည်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

"ဓားနတ်ဘုရား ဧကရာဇ် ၁၀ ပါးရဲ့ ရှေးဟောင်းအသိစိတ်တွေလေ... ဘာလို့များ ပြင်းပြင်းထန်ထန် တုန်ခါလာရတာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ပုံရိပ်အချို့သည် ထိုဓားနတ်ဘုရား ဧကရာဇ် ၁၀ ပါး၏ ရှေးဟောင်းအသိစိတ်များအနီးတွင် ပေါ်လာကြသည်။

၎င်းတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။

"ကိစ္စကြီး တစ်ခုခုတော့ ဖြစ်တော့မယ်..."

"ရှေးဟောင်းနတ်ဘုရား အသိစိတ်တွေ ပြန်လည်နိုးထလာတော့မယ်... တကယ်လို့သာ ဓားနတ်ဘုရား ဧကရာဇ် ၁၀ ပါး ပြန်ပေါ်လာခဲ့ရင် ရှေးဟောင်းနတ်ဘုရားမျိုးဆက်ရဲ့ တတိယသွေးမျိုးဆက်အုပ်စုက ပင်မအဆင့်ဆီကို ပြန်ရောက်နိုင်လိမ့်မယ်"

ရုပ်ဆင်းသဏ္ဌာန်ထူးဆန်းပြီး အရုပ်ဆိုးသော လူတစ်စုသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးနေကြသည်။

၎င်းတို့သည် အထွတ်အထိပ်သို့ ပြန်ရောက်ချင်ကြသည်။

ဤကဲ့သို့တော့ မနေလိုကြပေ။

၎င်းတို့သည် အောက်ဘုံနယ်မြေသို့ ပြည်နှင်ဒဏ်ပေးခံထားရသူများ ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရား ချောက်နက် ဆိုသည်မှာ တကယ်တမ်းတွင် ပုံစံတူနယ်မြေအသေးစားလေးတစ်ခုမျှသာ ဖြစ်သည်။

၎င်းတို့၏တာဝန်မှာ ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည့် မြူခိုးသမုဒ္ဒရာကမ္ဘာ ကို ဝါးမြိုရန်ပင် ဖြစ်သည်။

နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဝါးမြိုနေကြခြင်း ဖြစ်သည်။

ဤသည်မှာ ၎င်းတို့၏တာဝန်ဖြစ်ပြီး ယခုကဲ့သို့သော မြင်ကွင်းမျိုးမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခုအချိန်မှာတော့...

ဓားနတ်ဘုရား အသိစိတ်များ အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ၎င်းတို့အားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

ရှေးဟောင်းနတ်ဘုရား အသိစိတ်ဟူသည် အနန္တအမှောင်ထုအဆင့်၏အထွတ်အထိပ်တွင် ကျဆုံးခဲ့သော ရှေးဟောင်းနတ်ဘုရား ကျွမ်းကျင်သူများ ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏အစွမ်းဖြင့်ဆိုလျှင် သာမန် ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် ၎င်းတို့၏ ဓားချက်တစ်ချက်ကို တားဆီးနိုင်မည် မဟုတ်ပေ။

အကြောင်းမှာ ၎င်းတို့သည် အဆင့်မြင့်မားသော သက်ရှိအဆင့်အတန်းကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

ထိုခေတ်အခါက ၎င်းတို့ကို 'ဧကရာဇ်' ဟု ခေါ်ဆိုခဲ့ကြသည်။

ဧကရာဇ်ဆိုသည်မှာ ကျင့်စဉ်နယ်ပယ်တစ်ခုကို ဆိုလိုခြင်း မဟုတ်ဘဲ သက်ရှိအဆင့်အတန်းတစ်ခုကို ဆိုလိုခြင်းဖြစ်သည်။

"ဧကရာဇ်သားတော်က အဆင်သင့် ဖြစ်နေပြီ။ သွေးမျိုးဆက်သန့်စင်မှုတွေ အများကြီး လုပ်ပြီးတဲ့နောက်မှာ သူက ရှေးဟောင်းနတ်ဘုရား အသိစိတ်နဲ့ တကယ်ပဲ ပေါင်းစည်းနိုင်ပြီး စစ်မှန်တဲ့ ဓားနတ်ဘုရား ဧကရာဇ်တစ်ပါးကို ပြန်လည်အသက်သွင်းနိုင်လောက်တယ်"

....

ရှန်းချန်ကောသည် အရာအားလုံးကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးသွားပြီ ဖြစ်သည်။

သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

သူ၏သက်ရှိအဆင့်အတန်းသည် ပြောင်းလဲတိုးတက်လျက် ရှိသည်။

သူ၏ကြွက်သားများသည် ကြည်လင်တောက်ပနေပြီး ရွှေရောင်အလင်းတန်းများသည် သူ၏ ချွေးပေါက်များမှတစ်ဆင့် အဆက်မပြတ် ထွက်ပေါ်နေသည်။

ရှန်းချန်ကောသည် ယခင်က မကြုံဖူးလောက်အောင် သက်သောင့်သက်သာ ခံစားနေရသည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ စီးဆင်းသွားသည်နှင့်အမျှ သူ၏တစ်ကိုယ်လုံးမှာ ရွှေရောင်အလင်းများဖြင့် တောက်ပနေသည်။

ရုတ်တရက် အသိဉာဏ်ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားတော့သည်။

"ပါရမီရှင်ဆိုတာ ဒီလိုမျိုးလား..."

ယခုလက်ရှိ ရှန်းချန်ကောကို အနည်းဆုံးတော့ မြူခိုးသမုဒ္ဒရာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

ရှန်းချန်ကော သက်ပြင်းတစ်ချက် ချလိုက်သည်။

ယခုအချိန်တွင် ဤကမ္ဘာလောက၌ သူတစ်ယောက်တည်းသာ ကျန်ရှိတော့ပြီး သူသည် ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်သည်ဟူသော ဖော်ပြမရသည့် ခံစားချက်မျိုး ခံစားနေရသည်။

"လောကမှာ ငါတစ်ယောက်တည်း ရှိတယ်" ရှန်းချန်ကောသည် လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ညွှန်ပြပြီး အခြားလက်တစ်ဖက်ဖြင့် မြေကြီးကို ညွှန်ပြကာ Chuunibyouဆန်ဆန် ကိုယ်ဟန်အနေအထား လုပ်ပြလိုက်သည်။

ဝုန်း

ရုတ်တရက် ကျောက်တိုင်နက်ကြီး ပြိုကျလာပြီး မြေပြင်ပေါ်သို့ ရိုက်ခတ်သွားရာ ကြီးမားသော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အလွန်ခမ်းနားသော စွမ်းအားတစ်ခုသည် သူ့ထံသို့ စီးဝင်လာသည်။

ရှန်းချန်ကော၏မျက်ဝန်းသူငယ်အိမ်များ ကျုံ့သွားပြီး ကြီးမားလှသော အသိစိတ်တစ်ခုသည် သူ၏ ဦးနှောက်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

"ကျောက်တိုင်နက်က ငါ့ရဲ့ နတ်ဘုရားအသိစိတ် ကို သန့်စင်ပေးဖို့ ကူညီနေတာပဲ" ရှန်းချန်ကော ချက်ချင်း နားလည်လိုက်သည်။

ထိုအချိန်တွင်...

သူ၏စိတ်သည် ရွှေရောင်သမုဒ္ဒရာကြီးတစ်ခုသဖွယ် ဖြစ်နေပြီး အတွေးလှိုင်းလုံးများ တက်ကြွလှုပ်ရှားနေသည်။

ဝေါ...

ဝေါ...

ရုတ်တရက်...

ထိုသမုဒ္ဒရာကြီးသည် ရေနွေးအိုး ဆူပွက်သကဲ့သို့ ဆူပွက်လာသည်။

လေထုထဲတွင် ရွှေရောင်အမှတ်အသားတစ်ခု ရုတ်တရက် ပေါ်လာသည်။

ရှန်းချန်ကော၏နဖူးပြင်၊ တတိယမျက်လုံး ပွင့်သင့်သည့် နေရာတွင် မျဉ်းကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာသည်။

မကြာခင် ထိုမျဉ်းကြောင်း ပျောက်ကွယ်သွားသော်လည်း ရှန်းချန်ကောသည် သူ၏ခန္ဓာကိုယ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်ကို ခံစားလိုက်ရသည်။

"အဲ့ဒါက... အဆင့်တစ် နတ်ဘုရားစိတ်အာရုံ ပဲ"

အပြင်ဘက်ရှိ ချင်းရွှမ်နှင့် အခြားလူများမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

ဤအရာက လုံးဝကို လွန်လွန်းနေချေပြီ။

တစ်ဆက်တည်းသော နတ်ဘုရားအသိစိတ်...

၎င်း၏အဓိပ္ပာယ်မှာ သူသည် နတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ခြေချလိုက်ပြီဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

သူသည် သူ၏နတ်ဘုရားအသိစိတ်ကို စုစည်းလိုက်ပြီ ဖြစ်သည်။

အကယ်၍ ရှန်းချန်ကောသည် အနန္တအမှောင်ထုနယ်ပယ်သို့ ရောက်ရှိသွားပါက သူသေဆုံးသွားလျှင်တောင် သူ၏အသိစိတ်သည် လောကတွင် ကျန်ရစ်နေမည်ဖြစ်ပြီး ပြန်လည်မွေးဖွားရန် အခွင့်အရေးပင် ရရှိနိုင်ပေလိမ့်မည်။

ဤသည်မှာ နတ်ဘုရားအသိစိတ် ပင်ဖြစ်သည်။

နတ်ဘုရားအသိစိတ်ကို နတ်ဘုရားအသိစိတ်ဖြင့်သာ ဖျက်ဆီးနိုင်သည်။

သို့မဟုတ်ပါက အသက်ရှိနေသေးသမျှ တစ်နေ့တွင် ရှန်းချန်ကော ပြန်လည်သက်ရှင်လာနိုင်ပေသည်။

"သူက ကူးပြောင်းခြင်းနယ်ပယ် မှာပဲ ရှိသေးတာလေ..."

"သမိုင်းတစ်လျှောက် ပထမဆုံးလူပဲ... သူက သမိုင်းမှာ ပထမဆုံးပဲ" အဘိုးအိုများမှာ တုန်ယင်နေကြသည်။

ထိုအချိန်တွင် ဝတ်ရုံနက်ဝတ်ဆင်ထားသူ၏ မျက်နှာမှာ တွန့်ကွေးသွားသည်။

ရှာရမယ် အဲ့ဒီလူကို မဖြစ်မနေ ရှာရမယ်။

ဤအရာက ဝတ်ရုံနက်အဖွဲ့နှင့် မြူခိုးနေထိုင်သူများအကြားရှိ ဟန်ချက်ညီမှုကို ဖြိုခွင်းနိုင်မည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထိုအချိန်တွင်...

ချင်းရွှမ်သည် အလွန်ဝမ်းသာနေသည်။

သို့သော် သူသည် လေးနက်သော အမူအရာဖြင့် ရှိနေသည့် ဝတ်ရုံနက် ရွှေရောင်သင်္ကေတ တမန်တော်ကို ကြည့်လိုက်သည်။

ရွှေရောင်သင်္ကေတ တမန်တော်သည် အလွန်အမင်း စိတ်လှုပ်ရှားပြီး စိုးရိမ်နေပုံရသည်။

ချင်းရွှမ်၏မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ဝမ်းနည်းပူဆွေးသည့် ဟန်ပန်ကို ဖမ်းလိုက်သည်။

"သောက်ကျိုးနည်း အဘိုးကြီး... သောက်ချီးပဲကွာ ဒါက ရှေးဟောင်းနတ်ဘုရား ချောက်နက်တစ်ခုလုံးကို လွှမ်းမိုးနိုင်မယ့် ပါရမီရှင်တစ်ယောက်ဟ"

"တောက်... ဘာလို့ သူက ဓားသမား ဖြစ်နေရတာလဲ။ဘာလို့လဲကွာ..."

ချင်းရွှမ်၏အသံမှာ သူ၏အားအင်များ ကုန်ခမ်းသွားတော့မည့်အလား ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။

ဝတ်ရုံနက်ဝတ်ဆင်ထားသူသည် ဤအဘိုးကြီး၏ ပုံစံမှာ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

အနည်းဆုံးတော့ သူ့မျက်နှာပေါ်မှဝမ်းနည်းနေသော အမူအရာအောက်တွင် မပျောက်ပျက်သေးသည့် အပြုံးရိပ်တစ်ခု ရှိနေသလိုပင်။

ဒါမှမဟုတ် သူသတိမထားမိလိုက်သည့် ချင်းရွှမ်၏ကောက်ကျစ်စဉ်းလဲတဲ့ အပြုံးများလော။

သူ့စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

မြူခိုးနေထိုင်သူများ ထိုကောင်လေးကို ရှာတွေ့သွားကြပြီလော။

ဓားသမားအများစုသည် ဝတ်ရုံနက်အဖွဲ့ထဲတွင် ရှိကြသော်လည်း မြူခိုးနေထိုင်သူများထဲတွင်လည်း ဓားသမားအချို့ ရှိကြသည်။

သို့သော် သူတို့အားလုံး၏ဘဝမှာ အလွန် ဆိုးရွားလှသည်။

ချင်းရွှမ်က သူ့ကို ဒီလောက်တောင် တန်ဖိုးထားနေတာလား...

စဉ်းစားစမ်း... တစ်ခုခုမှားနေပြီလို့ ပိုပြီးခံစားနေရသလိုပဲ...

ကိစ္စနှစ်ခုက ဆက်စပ်နေသလို ခံစားရသော်လည်း အရင်းအမြစ်က မည်သည့်နေရာမှလာလဲဆိုတာ သူ မသိနိုင်ဖြစ်နေသည်။

သို့သော် ထိုအချိန်တွင်...

ပုံရိပ်ယောင်မြင်ကွင်းထဲတွင်မူ ရှန်းချန်ကော၏ အရှိန်အဝါမှာ အလွန် အားကောင်းနေသည်။

"ရှေးဟောင်းနတ်ဘုရား နတ်ဆိုးပျိုးထောင်ခြင်းကျမ်း က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီပဲ"

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

ကျောက်တိုင်နက် ပျက်သုဉ်းခြင်းနယ်မြေ ခရီးစဉ်သည် ဤနေရာတွင်ပင် ပြီးဆုံးသွားခဲ့သည်။

အနက်ရောင်ဘုရင် - ရှန်းချန်ကော ဟူသော အမည်သည် မကြာမီ မြူခိုးသမုဒ္ဒရာတစ်ခုလုံးတွင် ကျော်ကြားလာတော့မည် ဖြစ်သည်။

လူအများအပြားသည် ရာသီဥတု ပြောင်းလဲတော့မည့် ရှေ့ပြေးနိမိတ်ကို ကြိုတင်ခံစားနေကြရသည်။

စစ်မှန်သော ထိပ်တိုက်တွေ့ဆုံမှုကြီး...စတင်တော့မည် ဖြစ်သည်။

ရှန်းချန်ကောသည် အိပ်စက်ခြင်းမှ ဖြည်းညှင်းစွာ နိုးထလာသည်။

ကျိဘ သည် ရှန်းချန်ကော၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ခမ်းနားသည့် အရှိန်အဝါနှင့် မျက်ခုံးကြားရှိ ရွှေရောင်အလင်းတန်းကို ခံစားမိလိုက်သောအခါ စိတ်လှုပ်ရှားသွားသည်။

"မင်း... မင်း... အောင်မြင်သွားပြီလား"

ရှန်းချန်ကော သူ့ကို ပြန်မဖြေခဲ့ပေ။

အကြောင်းမှာ ကျိဘသည် အမြဲတမ်းအာပေါင်အာရင်းသန်သန် ပြောတတ်သည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။

"ဟွန့်... စီနီယာအစ်ကိုကြီးက သေချာပေါက်အောင်မြင်မှာပေါ့" လင်းချင်းရှန် သည် သူမ၏ ရင်ဘတ်ကို ပိုက်လျက် အေးစက်စက် မျက်နှာထားဖြင့် မထီမဲ့မြင် ပြောလိုက်သည်။

သို့သော် သူမ၏မျက်ဝန်းများထဲတွင်မူ စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်အချို့ ရှိနေသည်။

ထိုအချိန်တွင်...

ရှန်းချန်ကော ရယ်မောလိုက်မိသည်။

သူသည် ဓားစွမ်းအင်တောင် ပေါ်မှ ဖြည်းညှင်းစွာ လျှောက်ဆင်းလာပြီး လောကကြီးကို ငုံ့ကြည့်လိုက်သည်။

သူသည် ဤခံစားချက်ကို နှစ်သက်မြတ်နိုးလာသည်ဟု ခံစားလိုက်ရသည်။

လောကတွင် သူတစ်ယောက်တည်း ရှိသည်။

ဤအရာဟာ ရဲရင့်ပြတ်သားမှုတစ်မျိုးပင်။

သို့သော်...

သူ ပိုပြီးလိုနေသေးသည်။

နတ်ဘုရားချောက်နက် ခွဲဝေချီးမြှင့်ခြင်း အခမ်းအနား မကြာမီ စတင်တော့မည် ဖြစ်သည်။

All Chapters