← Chapters

ကောင်းချီးပေးခံရသော နယ်မြေ

Vol. 13 Ch. 122

ကောင်းချီးပေးခံရသော နယ်မြေ

Vol. 13 Ch. 122

ကလစ်...

ကလစ်

ရှန်းချန်ကော၏ခြေဖဝါးအောက်ရှိ အရိုးစုမှာ ဓားဖြင့် ထိုးဖောက်ခံလိုက်ရသောအခါ သွေးရောင်အလင်းတန်းများ ချက်ချင်း စိမ့်ထွက်လာသည်။

၎င်းသည် ရေတွက်၍မရနိုင်သော သွေးရောင်ပိုးမျှင်များကဲ့သို့ အထက်သို့ ရစ်ပတ်တွယ်တက်လာလေသည်။

ရှန်းချန်ကော မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

သူသည် မူလသို့ပြန်လည်ခြင်း နည်းစနစ် ကို အရှိန်အဟုန်ဖြင့် လည်ပတ်စေလိုက်ပြီး ကျောပေါ်မှ ဓားကို ဆွဲထုတ်လိုက်သည်။

သူ၏ခြေထောက်ကို တစ်ချက်ယမ်းလိုက်ရာ သွေးရောင်ပိုးမျှင်များမှာ ကွဲကြေသွားပြီး ရှန်းချန်ကောသည် ဓားဖြင့် အောက်သို့ ပိုင်းချလိုက်လေသည်။

သွေးရောင်ပိုးမျှင်များမှာ ပေါက်ကွဲသွားကာ ကောင်းကင်ယံတစ်ခုလုံး သွေးရောင်အစက်အပြောက်များဖြင့် ပြည့်နှက်သွားပြီးနောက် ဖရိုဖရဲဖြင့်လွင့်စင်ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း ထိုအချိန်၌ ရှန်းချန်ကော၏ မျက်ခုံးများမှာ တွန့်ချိုးသွားခဲ့သည်။

"ဒါက အာရုံခံစနစ် တစ်ခုလိုပဲ။ ငါ့ရဲ့ အချက်အလက်တွေကို တစ်စုံတစ်ယောက်ဆီ ပို့ပေးချင်နေတာ။ငါ့ရဲ့ ကျင့်စဉ်နဲ့ အဲဒါကို ဖျက်ဆီးပစ်နိုင်တာ မှန်ပေမဲ့ ခုနက သွေးရောင်အလင်းတွေ ပျံ့သွားတဲ့အချိန်မှာ တစ်ယောက်ယောက်ကတော့ ငါ့ကို အာရုံခံမိသွားပုံရတယ်..."

သူ၏မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤအချိန်တွင် သူသည် မည်သည့်နေရာမှန်းမသိသော အရပ်တစ်ခုဆီမှ အလွန်ကြီးမားသော စွမ်းအားတစ်ခု စိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။

တစ်ဖက်လူသည် နွယ်ပင်နောက်လိုက်ရင်း ဘူးသီးကို ရှာဖွေသည့်နှယ် သူ့ကို ရှာတွေ့ရန် ကြိုးစားနေခြင်းပင်။

သူ၏မျက်လုံးများမှာ အနည်းငယ် လင်းလက်လာသည်။

ပတ်ဝန်းကျင်ရှိ လူများက သူ့ထံ လျှောက်လာရန် ပြင်ကြသော်လည်း သူက လက်မြှောက်၍ တားလိုက်လေသည်။

"ဂိုဏ်းတူအစ်ကိုကြီး... ဘာဖြစ်လို့လဲဟင်" မိုချင်းချန်၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

သို့သော်လည်း ရုတ်တရက်ဆိုသလို ကောင်းကင်ယံမှ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါသော အငွေ့အသက်တစ်ခု ဆင်းသက်လာသည်ကို သူ ခံစားလိုက်ရလေသည်။

ထိုအချိန်၌ အပျက်အစီးများကဲ့သို့ ထင်မှတ်ရသော ကျယ်ပြောလှသည့် မြေပြင်တစ်ခုတွင် ရေတံခွန်များသည် အထက်သို့ ဆန်တက်စီးဆင်းနေပြီး ကောင်းကင်နှင့်မြေကြီးသည် အရောင်အသွေး ကင်းမဲ့နေသည်။

မြူမည်းများမှာ ဆက်တိုက် ထွက်ပေါ်နေပြီး ကျိုးပဲ့နေသော တောင်တန်းကြီးများမှာ ကောင်းကင်တွင် လွင့်မျောနေသည်။

ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ပြောင်းပြန်လှန်၍ ပျက်စီးသွားသကဲ့သို့ပင် ရှိနေတော့သည်။

ထိုနေရာ၌ ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်နေသည့် တံခါးအချို့ဆီသို့ ဦးတည်နေသော အကွေ့အကောက်များပြည့်သည့် ရှေးဟောင်းလမ်းမကြီးတစ်ခု ရှိသည်။

ထိုရှေးဟောင်းလမ်းမ၏အဆုံးတွင်...

ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးအတွင်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသည့် ကွဲအက်ကြောင်းများစွာ ရှိနေသော်လည်း ထိုနေရာ၌ ထူးခြားခမ်းနားပြီး သန့်ရှင်းစင်ကြယ်ကာ ရှေးကျလှသည့် နေရာတစ်ခု ရှိသည်။

၎င်းသည် အပျက်အစီးများကြားတွင် တည်ဆောက်ထားသည့် အင်မော်တယ်မင်းဆက် တစ်ခုနှင့် တူလှပေသည်။

ထိုမင်းဆက်၏ထောင့်တစ်နေရာ၌ ပုံရိပ်တစ်ခု၏ မျက်လုံးများမှာ ရုတ်တရက် ဝင်းလက်လာသည်။

သူသည် ကျယ်ပြောသော မင်းဆက်အတွင်း လျှောက်လှမ်းနေရင်း လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားသည်။

သို့သော် သူ၏ခန္ဓာကိုယ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိနေသည်။

သူ၏ဦးခေါင်းထက်တွင် ထူးဆန်းသောစွမ်းအင် နှစ်မျိုးမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်စီးဆင်းနေပြီး သူသည် ကံကြမ္မာအဆင့် သို့ ရောက်ရှိနေသည့်အလား ထင်ရသည်။

သူ၏မျက်လုံးများ လှုပ်ခတ်သွားပြီး ရုတ်တရက်ပင် ဝမ်းနည်းကြေကွဲသော အမူအရာ ပေါ်ထွက်လာသည်။

"အစ်ကိုကြီး ဆုံးသွားပြီ..."

"အစ်ကိုကြီးက အင်မော်တယ်မင်းဆက်ထဲကို တရားဝင် မဝင်ရသေးဘူးလေ... ကျုပ်တို့ ညီအစ်ကိုတွေရဲ့ရည်မှန်းချက်တွေလည်း မအောင်မြင်သေးဘဲနဲ့ အစ်ကိုကြီးက ထွက်သွားပြီလား။အစ်ကိုကြီးက စွန့်ပစ်နယ်မြေရဲ့အပိုင်းအစတစ်ခုဆီပဲ သွားခဲ့တာ မဟုတ်လား။ အဲဒီလို အားနည်းတဲ့ နေရာမျိုးမှာ အစ်ကိုကြီးကို သတ်နိုင်တဲ့သူက ဘယ်သူလဲ..."

သူ၏မျက်လုံးများထဲမှ ဒေါသမီးများ ထွက်ပေါ်နေပြီး သူ၏အငွေ့အသက်မှာ ကြောက်ခမ်းလိလိပင်။

သူသည် သူ၏အငွေ့အသက်ကို အနည်းငယ် လှုပ်ခတ်ရုံဖြင့် စွန့်ပစ်နယ်မြေတစ်ခုလုံးကို တိုက်ရိုက် မှောက်လှန်ပစ်နိုင်သော ဖြစ်တည်မှုမျိုး ဖြစ်သည်။

ဝုန်း

သူ၏မျက်လုံးများ တဖျတ်ဖျတ် တောက်လာပြီး သူ၏ဦးခေါင်းထက်ရှိ ဖန်တီးခြင်းစွမ်းအင်များမှာ ရူးသွပ်မတတ် ဆူပွက်လာသည်။

သူ၏မျက်ဝန်းများမှာ ပြာရင့်နေသော အလင်းရောင်များဖြင့် တောက်ပလာလေသည်။

ကြမ္မာတွက်ချက်ခြင်း

သူသည် မရေရာသော အာရုံခံစားမှု အကြွင်းအကျန်တစ်ခုနောက်သို့ လိုက်ပါကာ သူ၏ စိတ်အစဉ်ကို နက်ရှိုင်းစွာ နှစ်မြှုပ်လိုက်သည်။

သူသည် အစ်ကိုကြီးကို သတ်ခဲ့သူအား ရှာဖွေရန်အတွက် နံရံများကို အစွမ်းကုန် ကျော်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

ဘုန်း

ရုတ်တရက် သူ၏မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။

သူသည် မိမိနှင့် အစွမ်းချင်း တူညီသော အချက်အလက် ဖုံးကွယ်သည့် အတတ်ပညာ တစ်ခုကို ခံစားလိုက်ရသည်။

၎င်းသည် သူ၏အစ်ကိုကြီးချန်ထားခဲ့သော အမှတ်အသားကို ဆက်တိုက် ဖျက်ဆီးပစ်နေပြီး သူ့အား တိုက်ရိုက် ဖုံးကွယ်ရန် ကြိုးစားနေခြင်းပင်။

"ဒီလောက် အချက်အလက်ပုံဖော်တဲ့ အတတ်ပညာလေးနဲ့ ငါ့ရဲ့ ကြမ္မာတွက်ချက်မှုကို ယှဉ်ချင်တာလား" သူ၏မျက်လုံးများသည် ဓားတစ်လက်ကဲ့သို့ အေးစက်နေသည်။

ဝုန်း

နှစ်ဖက်စလုံးမှာ စတင် တိုက်ခိုက်ကြရာ သူ၏နဖူးပေါ်တွင် ချွေးစေးများ စို့လာသည်။

သူသည် နယ်ပယ်များကို ကျော်ဖြတ်၍ ကြမ္မာတွက်ချက်ထုတ်နေခြင်း ဖြစ်သဖြင့် အနည်းငယ် ခက်ခဲပင်ပန်းနေခြင်း ဖြစ်သည်။

ထိုလူ၏အချက်အလက်ပုံဖော်ခြင်း နည်းစနစ်မှာ သူကြမ္မာတွက်ချက်ခြင်းလောက် အဆင့်မမြင့်သော်လည်း ၎င်းကို အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံထားပုံရသည်။

ထို့ကြောင့် ဤအချိန်တွင် သူ၏စိတ်စွမ်းအားမှာ များစွာ ကုန်ဆုံးနေရခြင်း ဖြစ်သည်။

သို့သော်လည်း သူသည် ထိုအရာကို ဖိနှိပ်နိုင်ခဲ့ပါသေးသည်။

"ကွဲအက်စမ်း"

ဘုန်း

သူ၏ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး သူ၏မျက်ဝန်းများမှာ ရုတ်တရက် ဝေဝါးသွားကာ မူးဝေသွားသကဲ့သို့ ဖြစ်သွားသည်။

သူ ကြမ္မာတွက်ချက်ထားသော ကမ္ဘာထဲတွင် ထိုလူမှာ မည်သူနည်းဟု သိရှိရန် အသည်းအသန် ကြိုးစားနေစဉ်မှာပင် ကြည်လင်သော ဓားအလင်းတန်းတစ်ခုမှာ ရေကန်ထဲရှိအေးစက်သောလကဲ့သို့ ဝင်းလက်လာလေသည်။

ကလစ်

ကလစ်

သူ၏ကြမ္မာတွက်ချက်မှုမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

သူ၏မျက်နှာထားမှာ အလွန်ပင် အရုပ်ဆိုးသွားခဲ့သည်။

အဲဒါ ဘာကြီးလဲ

ဓားနည်းစနစ်နဲ့အချက်အလက်ပုံဖော်တဲ့ နည်းစနစ်ကို ပေါင်းစပ်ထားတဲ့ ဓားချက်တစ်ချက်လား။

ဓားသိုင်းပညာနဲ့ပုံရိပ်ဖော်ခြင်းကို ဒီလောက်အဆင့်ထိ ပေါင်းစပ်နိုင်တဲ့သူ တကယ် ရှိနေတာလား။

ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ လမ်းစဉ်ကို လေ့ကျင့်ဖို့အတွက် အဓိကကျင့်စဉ်တွေကို စွန့်လွှတ်မယ့်သူ တကယ် ရှိနေတာလား။

ချက်ချင်း သူ၏မျက်နှာမှာ ပြာနှမ်းသွားသည်။

သို့သော်လည်း...

"မင်းရဲ့ အငွေ့အသက်ကို ငါ မှတ်ထားမယ်..."

ထိုဓားချက်မှာ သူ့အပေါ်တွင် နက်ရှိုင်းသော စွဲထင်မှုကို ချန်ထားရစ်ခဲ့သည်။

ထိုဓားအလင်းတန်းမှာ အလွန် ထူးခြားပြီး အစွမ်းထက်လှသည်။

အကယ်၍ သူသာ ထိုဓားချက်ကို ထပ်မံမြင်တွေ့ရပါက တစ်ချက်တည်းနှင့် မှတ်မိနိုင်မည်မှာ သေချာပေသည်။

"မင်းရဲ့ သဲလွန်စကို ငါ့ဆီ အမိမခံနဲ့... မဟုတ်ရင်တော့..."

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

သူ၏ မျက်လုံးထဲမှ အေးစက်မှုမှာ အလွန်ထင်ရှားနေ၏။

ထိုအချိန်၌ သူသိသော လူတစ်ဦးမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ထိုသူမှာ အင်မော်တယ်မင်းဆက်၏အပြင်ဘက်တွင် အာဏာအချို့ရှိသောသူ ဖြစ်ကြောင်း သူ မှတ်မိသဖြင့် နားစွင့်လိုက်လေသည်။

"သွားကြစို့။သတ္တမမြောက် စွန့်ပစ်နယ်မြေမှာ နတ်ဘုရားချောက်နက်ကို နှိမ်နင်းဖို့ သင့်တော်တဲ့သူ ရှိသေးလား သွားကြည့်ရမယ်။ အဲဒီလို အမှိုက်ပုံလို နေရာမျိုးမှာ နယ်နမိတ်သမုဒ္ဒရာရဲ့ အက်ကွဲကြောင်း ဖိအားကို မျှဝေခံစားပေးနိုင်မယ့် ပါရမီရှင်တချို့ ရှိနေပါစေလို့ပဲ ဆုတောင်းရမယ်..."

ထိုလူမှာ မှင်တက်သွားမိသည်။

"သတ္တမမြောက် စွန့်ပစ်နယ်မြေလား။ ကျွန်တော်ရော လိုက်လို့ရမလား"

"ဟင် ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ။မင်းက အရင်က စွန့်ပစ်နယ်မြေတွေကို စိတ်မဝင်စားပါဘူး။ အခုတလောမှ မင်းက စွန့်ပစ်နယ်မြေကို အာရုံစိုက်နေသလိုပဲ။"

"ကျွန်တော့်အစ်ကိုကြီး ပြဿနာတချို့နဲ့ တွေ့ပြီး စွန့်ပစ်နယ်မြေထဲကို ဝင်သွားလို့ပါ။ အစ်ကိုကြီး... ကျွန်တော့်ကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးပါဦး"

သူက ပြုံးလျက် ကြည်လင်သော ကျောက်တုံးတစ်တုံးကို ကမ်းပေးလိုက်သည်။

ထိုလူမှာ ကျောက်တုံးကို လက်ခံရရှိပြီးနောက် ခေါင်းညိတ်ကာ သူ့အား ကျေနပ်သော မျက်လုံးဖြင့် ကြည့်လိုက်သည်။

"ကောင်းပြီလေ။ ဒါဆို ငါ့နောက်က လိုက်ခဲ့။ နယ်နမိတ်သမုဒ္ဒရာရဲ့အက်ကွဲကြောင်း အပိုင်းအစတွေကို ပိုင်းခြားပြီး ခွဲဝေပေးရတာက လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ဖန်တီးခြင်းအဆင့် အလယ်အလတ်ကို ရောက်နေပြီဆိုတော့ မင်းလာကူညီပေးမယ်ဆိုရင် အဆင်ပြေမှာပါ"

ထိုလူမှာ ခေါင်းညိတ်၍ အလျင်အမြန် လိုက်သွားလေသည်။

ဖန်ဆင်းခြင်းအဆင့် အလယ်အလတ်ရှိသူများသည် စွန့်ပစ်နယ်မြေများတွင် စိုးမိုးခြယ်လှယ်နိုင်သော်လည်း မဟာအပျက်အစီးနယ်မြေများကြားတွင်မူ သူတို့သည် အင်မော်တယ်မင်းဆက်၏ တံခါးကိုပင် မဝင်နိုင်ကြချေ။

သူတို့မှာ သာမန်လူများသာ ဖြစ်ကြသည်။

ရှန်းချန်ကောမှာ အရာအားလုံးကို ဖြေရှင်းပြီးစီးခဲ့ပြီ ဖြစ်သည်။

သူသည်လည်း ဂိုဏ်းဆီသို့ ဖြည်းညှင်းစွာ ပြန်လာခဲ့သည်။

မိုချင်းချန်၏ဆရာမှာ ဤအကြောင်းကို သိရှိသွားသောအခါ အလွန်ဝမ်းနည်းကြေကွဲပြီး ငိုကြွေးလေသည်။

သို့သော် ရှန်းချန်ကောမှာ ထိုကဲ့သို့သော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် မကျွမ်းကျင်သဖြင့် ကျန်းစန်းကျန့်ကသာ ဝင်ရောက်နှစ်သိမ့်ပေးရသည်။

သို့သော် နာကျင်မှုအတွက် အကောင်းဆုံးဆေးမှာ အချိန်သာဖြစ်ကြောင်း သူတို့ သိကြသည်။

ခဏတာ နှစ်သိမ့်ပေးခြင်းက များစွာ အကျိုးမရှိနိုင်ပေ။

ဤအချိန်၌...

ရှန်းချန်ကောသည် ကောင်းကင်ဘုံဓားဂိုဏ်းအတွင်း လှည့်လည်သွားလာရင်း ဒုတိယအကြိမ် ချက်အင်ဝင်ခြင်း ကို စတင်လိုက်သည်။

*ဓားသခင်ရုပ်တုတွင် ချက်အင်ဝင်ခြင်း အောင်မြင်သည် - ကောင်းကင်ဘုံဓားကျမ်း - ဓားထိန်းချုပ်ခြင်းကဏ္ဍ- ကျင့်ကြံခြင်းစွမ်းအင် ၅၀၀ နှစ် ရရှိသည်။

*ဓားသခင်ရုပ်တုတွင် ချက်အင်ဝင်ခြင်း အောင်မြင်သည် - ကောင်းကင်ဘုံဓားကျမ်း - ဓားပုံဖော်ခြင်းခြင်းကဏ္ဍ ကျင့်ကြံခြင်းစွမ်းအင် ၅၀၀ နှစ် ရရှိသည်။(ဒီဟာကို ကျနော်နာမည်ဘယ်လိုပေးရမလဲ လုံးဝမသိဘူးဗျာ ဒါကြောင့်ဓားပုံဖော်ခြင်းလို့အခုကစပြီးသုံးသွားပါမယ်။)

ရှန်းချန်ကောသည် ဓားသခင်ရုပ်တုတွင် ချက်အင်ဝင်ပြီးနောက်...

သူ တစ်စုံတစ်ခုကို သတိထားမိလိုက်လေ၏။

သူ၏ပုံဖော်ခြင်းဓားမှာ...

နတ်ဘုရားများ၏နယ်ပယ်ထဲသို့ ခြေလှမ်းလှမ်းလိုက်သကဲ့သို့ ဖြစ်သွာစသည်။

၎င်းမှာ လုံးဝအသစ်စက်စက် နယ်ပယ်တစ်ခုပင် ဖြစ်တော့သည်။

All Chapters