← Chapters

ရှုံးနိမ့်သူများ၏အဆုံးသတ်

Vol. 13 Ch. 121

ရှုံးနိမ့်သူများ၏အဆုံးသတ်

Vol. 13 Ch. 121

ဒါက ဘာတွေ ဖြစ်နေတာလဲ

မင်းက ဘာလို့ ထွက်ပြေးနေတာလဲ

မင်းရဲ့အစွမ်းထက်လှပါတယ်ဆိုတဲ့ ကူးပြောင်းခြင်းအဆင့် သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ။

ဝတ်ရုံနက်လူသည် ခြေထောက်နှစ်ဖက်ကိုမမြင်ရတော့လောက်အထိ လွဲရမ်းကာမြန်ဆန်စွာ ထွက်ပြေးနေသည်။

သူသည် အဆက်မပြတ်လူးလိမ့်ပြေးလွှားနေပြီး ထိုအရှိန်အဟုန်ကြောင့် အရိုးစုနှင့် ချင်းချွမ် တို့မှာ မှင်သက်သွားကြသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူတို့၏ရင်ထဲ၌ ဖော်ပြ၍မရနိုင်သော တုန်လှုပ်မှုကြီးတစ်ခုလည်း ဖြစ်ပေါ်နေခဲ့သည်။

ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် ဝတ်ရုံနက်လူက ထွက်ပြေးနေသည်ဆိုလျှင်... ဤအရာက မည်သည်ကို ဆိုလိုသနည်း။

သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် အဖြူရောင်ဝတ်ရုံနှင့်ပုံရိပ်သည် သူတို့အနောက်၌ ပေါ်လာနှင့်နေပြီ ဖြစ်သည်။

သူ၏လက်တစ်ဖက်မှာလည်း ချင်းချွမ်၏ ပုခုံးပေါ်သို့ တင်ထားလျက်ရှိနေ၏။

"မင်း" ချင်းချွမ်၏မျက်လုံးများ ကျုံ့သွားသည်။

ထို့အတူ သူ၏ဝိညာဉ်ပလ္လင်ကို ပြိုလဲသွားစေနိုင်သည့် ကြီးမားလှသော ဖိအားကြီးတစ်ခုကို သူ ခံစားလိုက်ရသည်။

သူ ပါးစပ်ဟလိုက်သော်လည်း ခေါင်းထဲ၌ မူးဝေနေပြီး စကားတစ်လုံးမျှ ထွက်မလာတော့ပေ။

အရိုးစုမှာလည်း မြေပြင်ပေါ်တွင် တုန်ရီနေရင်း

"မ... မင်း... မင်း..."

ဘုန်း

ရှန်းချန်ကောက သူ့ကို ကန်ထုတ်လိုက်သည်။

"မင်း ဘယ်လိုလုပ်ပြီး... ဒီလောက် သန်မာလာရတာလဲ"

သို့သော် ရှန်းချန်ကောက ဘာမှ ပြန်မပြောပေ။

အမှန်အတိုင်းပြောရလျှင် သူ၏တိုးတက်မှုနှုန်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

အရိုးစု ထွက်သွားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ရှန်းချန်ကောသည် ယခုလိုကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ခွန်အားမှာ ယခင်ကနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားပြီ ဖြစ်သည်။

တစ်ရက်မတွေ့ရသည်မှာ ဆောင်းဦးသုံးခါလောက် ကြာသွားသလိုပင်။

ဤစကားပုံမှာ ရှန်းချန်ကောကဲ့သို့ အမြဲတမ်း မြှင့်တက်နေသူများအတွက် အသင့်တော်ဆုံးပင်။

ထို့ကြောင့် ထိုနေရာရှိ လူနှစ်ဦးသည် ရှန်းချန်ကောကို မြင်ဖူးရုံတင်မက တိုက်ခိုက်ဖူးကြသော်လည်း ရက်အနည်းငယ်အတွင်း ပြောင်းလဲသွားသော သူ၏အခြေအနေကြောင့် တစ်ကိုယ်လုံး အေးစက်သွားကြသည်။

ရှန်းချန်ကောသည် ချင်းချွမ်၏ ဘေးနားတွင် ရပ်နေသဖြင့် ချင်းချွမ်မှာ ကြက်သီးမွေးညင်းများ ထနေပြီး အသံပင် မထွက်ရဲတော့ပေ။

ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် သူ အချိန်မရွေး သေသွားနိုင်သည်ဟု ခံစားနေရသည်။

"ရောက်လာမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့"

ထိုအချိန်တွင် သူ၏ဘေးရှိ အဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် အပြုံးဖျော့ဖျော့လေး ပြုံးလိုက်သည်။

သို့သော် ထိုအပြုံးသည် ချောက်နက်ထဲမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ ထိတ်လန့်စရာ ကောင်းလှသည်။

သူသည် အဝေးသို့ ရောက်နေပြီဖြစ်သော ဝတ်ရုံနက်နှင့်လူကို လှမ်းပြောနေခြင်း ဖြစ်သည်။

သူသည် ချင်းချွမ်၏ပုခုံးပေါ်သို့ လက်တစ်ဖက်တင်ထားရင်း ရပ်နေသော်လည်း ထိုပုံစံကပင် ချင်းချွမ်ကို အေးစက်သွားစေသည်။

အဝေးသို့ ပြေးရောက်နေပြီဖြစ်သော ဝတ်ရုံနက်နှင့်လူသည် ရုတ်တရက် မှင်သက်သွားသည်။

ဓားတစ်လက် ဓားအိမ်ထဲမှ ထွက်လာသည့် အသံသည် သူ့အနောက်မှကြားလိုက်ရကာ ထို့နောက်တွင် ကျယ်ပြောလှသော သတ်ဖြတ်ခြင်း အရှိန်အဝါများက လိုက်ပါလာသည်။

၎င်းမှာ လူကို တုန်ရီသွားစေလောက်အောင် ကြောက်စရာ ကောင်းလှသည်။

သူ့ကျောပြင်ပေါ်တွင် ဓားတစ်လက်ဖြင့် အထိုးခံနေရသကဲ့သို့ ခံစားလိုက်ရသည်။

ဘုန်း

သူ့အနောက်ရှိ အနက်ရောင်မြူခိုးများမှာ ဘေးဘယ်ညာသို့ လွင့်စင်သွားပြီး လေလှိုင်းများမှာ အလွန် အားကောင်းလှသည်။

သူ ထိတ်လန့်တကြား အနောက်သို့ လှည့်ကြည့်လိုက်သည်။

၎င်းမှာ အဆုံးမရှိသော လျှို့ဝှက်ချက်များ ပါဝင်နေသည့် အလွန်တောက်ပလှသော ဓားအလင်းတန်းတစ်ခု ဖြစ်သည်။

၎င်းမှာ ခန့်ညားထည်ဝါပြီး ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါများကို သယ်ဆောင်လာသည်။

ထက်ရှပြီး ကြောက်မက်ဖွယ်ကောင်းလှသော ထိုဓားအလင်းတန်းသည် သူ့ထံသို့ ရုတ်တရက် ဝင်ရောက်လာတော့သည်။

သူ ထံရှိသမျှ နည်းလမ်းအားလုံးကို ထုတ်သုံးလိုက်ရတော့သည်။

"အကြွင်းမဲ့ သတ်ဖြတ်ခြင်းဓား"

"မပြတ်မစဲမိုးရေစက် ဓားနည်းစနစ်"

"နွေဦးလေပြေ၊ လျှို့ဝှက်ဓား"

သူ၏လက်ထဲတွင် ဓားသိုင်းမျိုးစုံကို ရူးသွပ်စွာ အသုံးပြုလိုက်ပြီး သူ၏စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ဓားအလင်းတန်းများမှာ အဆုံးမရှိသကဲ့သို့ ထွက်ပေါ်လာသည်။

သို့သော် ရှန်းချန်ကော၏ကြီးမားလှသော ဓားအလင်းတန်းအောက်တွင် သူ၏ဓားအလင်းတန်းမှာ အားကိုးရာမဲ့သော ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။

ကျွတ်...

ကျွတ်...

ကျွတ်...

သူ၏ဓားအလင်းတန်းများမှာ လေထဲတွင်ပင် ကြွေလွင့်သွားပြီး သူ၏နည်းစနစ်များ အားလုံး ပေါက်ကွဲထွက်ကုန်သည်။

အရာအားလုံးမှာ အားကိုးရာမဲ့နေပုံရသည်။

ကျဆင်းလာသော ဓားအလင်းတန်းမှာ ပြိုကျနေသော ကောင်းကင်နန်းတော်ကဲ့သို့ ဖျက်ဆီး၍မရနိုင်ဘဲ မယိုင်မလဲ တည်ရှိနေသည်။

ဖျတ်

သူ့ခေါင်းမှာ ပြတ်ထွက်သွားတော့သည်။

"ဒါ... ဒါက..."

ချင်းချွမ်၏မျက်လုံးများထဲတွင် ဖော်ပြ၍မရနိုင်သော ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ထိုဓားချက်သည် ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေသော ဝတ်ရုံနက်နှင့်လူကို တိုက်ရိုက် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

သူ့ကို အံ့သြစေသည်မှာ ရှန်းချန်ကော၏လက်က သူ့ပုခုံးပေါ်တွင် အလွန် သက်သောင့်သက်သာ ရှိနေဆဲ ဖြစ်ပြီး ဓားကိုလည်း ပေါ့ပေါ့ပါးပါးလေးသာ ဝှေ့ယမ်းလိုက်ပုံရသော်လည်း ထိုဓားမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ထွက်ပေါ်လာခြင်းပင်။

ထိုခန့်ညားလှသော ဓားအလင်းတန်းနှင့် ရှန်းချန်ကော၏တည်ငြိမ်နေသော ပုံစံမှာ အလွန် သိသာသော ကွာခြားချက် ဖြစ်နေသည်။

သူ အနည်းငယ်မျှ စွမ်းအားထုတ်သုံးလိုက်ရုံနှင့် သူတို့အတွက် ထိတ်လန့်စရာ ဖြစ်နေပြီ။

ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းလာတာလဲ၊ဘယ်လောက်ပဲ ကြာသေးလို့လဲ။

ချင်းချွမ်သည် သူ၏ခြေထောက်များ တုန်ရီနေပြီး ပြိုလဲတော့မည့်အလား ခံစားနေရသည်။

"ဒါဆို... ငါ့ရဲ့ဂျူနီယာညီလေး ချင်းချွမ်က သေသွားပြီပေါ့"

ရှန်းချန်ကော၏အသံမှာ ပေါ့ပါးနေသော်လည်း သစ်ပင်နတ်ဆိုး အတွက်မူ ကြီးမားလှသော ဖိအားကြီး ဖြစ်နေသည်။

ထိုခံစားချက်ကြောင့် သူ့ကို ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်ချင်စိတ်ပင် ပေါက်သွားစေသည်။

"ကျုပ်... ကျုပ်က သူ့ကို ထိန်းချုပ်ထားရုံတင်ပါ..."

"အစားထိုးတာ မဟုတ်ဘူးလား"

ရှန်းချန်ကော၏မျက်လုံးများသည် သစ်ပင်နတ်ဆိုးကို ဖိနှိပ်ထားသည့် နေမင်းကြီးနှစ်စင်းကဲ့သို့ ဖြစ်နေပြီး ၎င်းကို ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားရစေသည်။

သူသည် သူ၏နည်းစနစ် "မူလသို့ပြန်လည်ခြင်း နည်းစနစ်" ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ထိုခဏချင်းမှာပင် ရှန်းချန်ကောသည် အရာများစွာကို မြင်တွေ့လိုက်ရသည်။

သို့သော် သူ၏မျက်နှာမှာ ရုတ်တရက် မဲမှောင်သွားသည်။

သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများမှာ သူ၏ စိတ်အခြေအနေကို ပြသနေသကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်ကုန်သည်။

အနက်ရောင်မြူခိုးများသည် အပြင်ဘက်သို့ ထက်မြက်သော ဆူးချွန်များသဖွယ် ပေါက်ကွဲထွက်သွားပြီး ဓားပေါင်းများစွာကဲ့သို့ ထိုးထွက်ကုန်သည်။

ထိုအချိန်တွင်

ကလောက်...

ကလောက်...

ကလောက်

ချင်ချွမ်း၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားတော့သည်။

"မင်းက သူ့ရဲ့အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီးပြီပဲ။မင်းက သူ့ရဲ့ ရုပ်အလောင်းကို သုံးပြီး ပြန်ထွက်ပြေးချင်နေတာလား၊ ငါ့ကို အရူးလုပ်လို့ ရမယ်လို့ တကယ်ပဲ ထင်နေတာလား"

ထိုစဥ်အချိန်တုန်းက ရှန်းချန်ကောသည် အလွန် ပေါ့ဆခဲ့မိသည်။

ထို့ပြင် ထိုအချိန်က သူသည် ယခုအဆင့်သို့ မရောက်သေးသလို ဤနတ်ဆိုးများကို ကိုင်တွယ်ရာတွင်လည်း အတွေ့အကြုံ မလုံလောက်ခဲ့ပေ။

သို့သော် သူဤအဆင့်ရောက်လာချိန်တွင် ချင်းချွမ်မှာ အစားထိုးခံလိုက်ရပြီးဖြစ်ကာ လှည့်စားရန်အတွက် အတုအယောင် ခန္ဓာကိုယ်တစ်ခုအဖြစ် ပြုလုပ်ခံထားရပုံရသည်။

အမှန်စင်စစ် သူသည် နောက်ဆုံးမှနိုးထလာသူ ဖြစ်သည်။

ပထမဆုံး နိုးလာသည့် လင်းချင်းရှန် ကတော့ ဘာမှ မဖြစ်ခဲ့ပေ။

ဖြစ်နိုင်သည်မှာ ထိုအချိန်က လင်းချင်းရှန်၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန် နိမ့်ပါးလွန်းသဖြင့် သစ်ပင်နတ်ဆိုးက သူမ၏ခန္ဓာကိုယ်ကို စိတ်မဝင်စားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ရှန်းချန်ကော သက်ပြင်းချလိုက်သည်။

"ဒါက မင်းအတွက် ကလဲ့စားချေပေးလိုက်တာလို့ပဲ သတ်မှတ်လိုက်ပါ။ မင်းရဲ့ ဆရာကို ငါ ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်" ဟု ရှန်းချန်ကော တီးတိုးရေရွတ်လိုက်သည်။

အကြီးအကဲများသည် ဂိုဏ်းအတွက် များစွာ လုပ်ဆောင်ပေးခဲ့ကြသည်။

သူတို့၏အကာအကွယ်မပါဘဲ ရှန်းချန်ကောသည် ဤမျှ သက်သောင့်သက်သာ နေထိုင်နိုင်ခဲ့မည် မဟုတ်ပေ။

အမှန်တကယ်တော့ အစွမ်းထက်လာပြီးနောက် ရှန်းချန်ကော၏အမြင်အချို့မှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။

လူတိုင်း ပြောကြသည်မှာ...

လူတစ်ယောက်တွင် လုံလောက်သော ခွန်းအားရှိလာသောအခါ သူတစ်ပါးကို ကာကွယ်ပေးလိုစိတ် တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်သည်ဟူ၍ပင်။

၎င်းမှာ သူရဲကောင်းဆန်ခြင်းလား သို့မဟုတ် စိတ်ဓာတ်မြင့်မားလာခြင်းလား ဆိုသည်မှာ မသေချာသော်လည်း အစွမ်းရှိလာသောအခါ တာဝန်အချို့ကို ယူလိုစိတ် ရှိလာတတ်သည်။

ရှန်းချန်ကောသည် သုံးနှစ်တိုင်တိုင် အကာအကွယ် ပေးခြင်းကို ခံခဲ့ရသည်။

ယခုအချိန်မှာတော့ စနစ်နိုးထလာပြီးနောက် သူသည် ကောင်းကင်ဘုံဓားဂိုဏ်းကို အမြဲတမ်း ကာကွယ်ပေးနေခဲ့သည်။

"မ... မင်း... မင်းက ဘာကြီးလဲ... မင်းက ဘာလဲ... အား"

"မင်းက ဘယ်လို မွန်းစတားကောင်ကြီးလဲ၊ ငါ့ကို မရိုက်ပါနဲ့တော့" အရိုးစုမှာ တုန်ရီနေရင်း အနီရောင်အလင်းတန်းများ ထုတ်လွှတ်ကာ ထစ်ထစ်ငေါ့ငေါ့ ပြောနေသည်။

သို့သော် ရှန်းချန်ကော၏ထပ်ခါတလဲလဲ ကန်ကျောက်ခြင်းကို ခံရပြီးနောက်တွင်မူ သူ စကားပင် မပြောနိုင်တော့ပေ။

"မင်း ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ" အရိုးစုသည် သူ၏စွမ်းအားကို နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။

အရိုးစုသည် သူ၏အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ယခု ရှန်းချန်ကောကို ယှဉ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

"မင်း ငါ့ကို သတ်လို့ မရဘူး မဟာအပျက်အစီးနယ်မြေထဲက ဖြစ်တည်မှုတွေ မင်းကိုသိရှိသွားစေမဲ့ နည်းလမ်းငါ့မှာရှိတယ်။အဲဒီကျရင် ငါနဲ့ ပတ်သက်တဲ့လူတွေက မင်းကို လာသတ်ကြလိမ့်မယ်"

အရိုးစုက ခြိမ်းခြောက်လိုက်သည်။

မဟာပျက်စီးခြင်းနယ်မြေမှာ ကြောက်စရာကောင်းသော နေရာတစ်ခုဖြစ်ပြီး သူသည် ထိုနေရာမှ လာသူဖြစ်သည်။

ရှန်းချန်ကောကို မဟာပျက်စီးခြင်းနယ်မြေက လူများ၏ ပစ်မှတ်ဖြစ်အောင် ပြုလုပ်နိုင်သည့် နည်းလမ်း သူ့တွင် ရှိသည်။

ထိုသို့ ဖြစ်လာပါက ကြီးမားသော ဘေးဒုက္ခ ကျရောက်လာပေလိမ့်မည်။

ရှန်းချန်ကောသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တုန်ရီနေသော အရိုးစုလေးကို ငုံ့ကြည့်လိုက်သည်။

ရုတ်တရက် သူ၏ကျောပေါ်မှ ရှည်လျားသော ဓားသည် အပေါ်သို့ မြင့်တက်လာပြီးနောက် အောက်သို့ ပြန်ကျသွားသည်။

အရိုးစုမှာ အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။

"ဒါက မင်းတို့ရဲ့အဆုံးသတ်ပဲ"

ဖြစ်နိုင်သည်မှာ... သူကိုယ်တိုင်ကပင် ဟေးရွှီနယ်မြေ၏ထိတ်လန့်စရာ အကောင်းဆုံးအရာ ဖြစ်လာလေမလားပင်။

All Chapters