← Chapters

ငါ ဒီမှာရပ်ပြီး မင်းတို့ကို ဓားနဲ့ တိုက်ခိုက်မယ်

Vol. 13 Ch. 124

ငါ ဒီမှာရပ်ပြီး မင်းတို့ကို ဓားနဲ့ တိုက်ခိုက်မယ်

Vol. 13 Ch. 124

ကောင်းကင်နှင့်မြေပြင်ကြားရှိ ဟင်းလင်းပြင်မှာ တဖြည်းဖြည်း တည်ဆောက်ပြီးစီးသွားသည်။

ယခုတစ်ကြိမ် လူတိုင်း ဤကမ္ဘာထဲသို့ တစ်ဖန်ပြန်လည် ဆင်းသက်လာကြချိန်တွင် ဖော်ပြ၍မရနိုင်သော လေးလံထိုင်းမှိုင်းသည့် ခံစားချက်ကြီးကို ခံစားနေကြရသည်။

"အနက်ရောင်နတ်ဘုရားကျောက်တိုင် ရဲ့ မဟာပျက်သုဉ်းခြင်းနယ်မြေရဲ့နောက်ဆုံးနေ့မှာ ငါတို့တွေ အချင်းချင်းသတ်ဖြတ်ကြရတော့မယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အပြောင်းအလဲတစ်ခု ရှိလာလိမ့်မယ်။သူက လျှို့ဝှက်စည်းမျဉ်းတွေကို ငါးကြိမ်တိုင်တိုင် ချိုးဖျက်ထားပြီးပြီ၊ သူ့ရဲ့အဆင့်က ကူးပြောင်းခြင်းအဆင့်ကိုရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာ။ သူ ဒီနေ့မှာ ကူးပြောင်းခြင်းအဆင့် ကို သေချာပေါက် တက်လှမ်းနိုင်လိမ့်မယ်၊ ဆိုလိုတာက သူဟာ အနက်ရောင်ဘုရင် နေရာအတွက် သေချာပေါက် တိုက်ပွဲဝင်တော့မှာပဲ"

"အနက်ရောင်ဘုရင် က ငါတို့အားလုံးကို ဖယ်ရှားပစ်လိမ့်မယ်..."

"အရင်တုန်းကတော့ ငါတို့က ကိုယ့်အတွက်ကိုယ် တိုက်ခိုက်ခဲ့ကြတာ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုက ငါတို့အားလုံးကို သုတ်သင်ပစ်မှာ သေချာတယ်။ သူက တကယ်ပဲ ကြောက်စရာကောင်းပါတယ်၊ ဒါပေမဲ့ ငါတို့ကတော့ ဒီအတိုင်း ထိုင်ပြီး အသေခံနေမှာ မဟုတ်ဘူး"

"ဟုတ်တယ် အသေခံလို့မဖြစ်ဘူး ငါတို့ ခုခံရမယ်။ ငါတို့မှာ လူတွေအများကြီးရှိတယ်။ ငါတို့က သူ့ရဲ့ပြိုင်ဘက် မဟုတ်ရင်တောင်မှ အရှက်တကွဲတော့ အရှုံးမပေးနိုင်ဘူး" ဟု တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ဟေး... ဟေး... အဲဒါက နည်းနည်းတော့ စိတ်ဓာတ်ကျလွန်းရာ မရောက်ဘူးလား" အချို့လူများကတော့ မကျေမနပ် ဖြစ်နေကြဆဲပင်။

"အော်... မင်းက ဘာထင်လို့လဲ၊ သူက ဓားအလင်းတန်းသမိုင်းတစ်လျှောက် ငါးခုမြောက် စံချိန်တင်ထားတဲ့သူလေ၊ သူ့ရဲ့စွမ်းရည်နဲ့ဆိုရင် မင်းမှာ အနိုင်ရဖို့ အခွင့်အရေးရှိမယ် ထင်လို့လား"

"ဒါပေမဲ့... ငါတို့မှာ လူအများကြီးရှိတာပဲ..."

"ဟမ့်... သူက ငါတို့အားလုံးကို ဓားချက်တစ်ချက်တည်းနဲ့ ရှင်းပစ်န်ုင်တယ်။ တကယ်လို့ ငါတို့က ဓားချက်တစ်ချက်ကို ခုခံနိုင်ခဲ့ရင်တောင် ဒုတိယတစ်ချက် ဒါမှမဟုတ် တတိယတစ်ချက်ဆိုရင်ကော၊ မင်း တောင့်ခံနိုင်ပါဦးမလား၊ မင်း သူ့ရဲ့ အထွတ်အထိပ်စွမ်းအားကို မြင်ဖူးလို့လား"

ဤအရာက ရိုးရှင်းသော မေးခွန်းတစ်ခုပင်။

ထိုလူက ခန့်မှန်းရခက်လွန်းလှသည်။

သင်မြင်နေရသည့်အရာမှာ သူ၏စွမ်းအားအားလုံးဟု မည်သို့ဖြစ်ဤမျှထိယုံကြည်နေရသနည်း။

"ဒါပေမဲ့... ငါတို့မှာ အနိုင်ရဖို့ အခွင့်အရေးမရှိဘူးဆိုရင် ဘာလို့ ဒီကို လာနေကြဦးမှာလဲ"

"တောက် မင်းက ကလေးလား၊ သူ သန်မာတာက သူ သန်မာတာပဲ၊ အဲဒါက ငါ အားနည်းတယ်လို့ မဆိုလိုဘူး။ ငါတို့က အဆင့်ချင်း မတူတာပဲ ရှိတာ။ ငါကလည်း ငါ့နေရာမှာတော့ ပါရမီရှင်တစ်ယောက်ပဲ၊ ငါ့ရဲ့ပါရမီကလည်း အထူးချွန်ဆုံးပဲ။ ငါဟာ နောင်တစ်ချိန်မှာ ငါ့နယ်မြေရဲ့ အင်အားကြီးသူတစ်ယောက် ဖြစ်လာဦးမှာ၊ အဲဒါနဲ့တင် လုံလောက်ပြီ။ ငါ ရှုံးနိုင်တယ်၊ ရှုံးဖို့လည်း ဝန်မလေးဘူး၊ ဒါပေမဲ့ မတိုက်ခိုက်ဘဲနဲ့တော့ ထွက်မပြေးနိုင်ဘူး"

ထိုစကားလုံးသည် ထိုနေရာရှိ လူအားလုံး၏ စိတ်ဓာတ်ကို နှိုးဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ထိုသူကား... ကျန်းဖုန့်ထျန်း ပင် ဖြစ်သည်။

သူသည် နတ်ဘုရားဓားတစ်လက်ကဲ့သို့ မတ်မတ်ရပ်နေပြီး သူ၏ခန္ဓာကိုယ်ထဲမှ ပျက်သုဉ်းခြင်းချီ များ အဆက်မပြတ် ထွက်ပေါ်နေသည်။

သူသည် ဤနေရာတွင် ပါရမီအရှိဆုံးသူ ဖြစ်သည်။

အကယ်၍ ထိုမွန်းစတားသတ္တဝါ ရှန်းချန်ကောသာ မရှိခဲ့လျှင် သူသည် ဤမျိုးဆက်၏အနက်ရောင် နတ်ဘုရားကျောက်တိုင်တွင် အစွမ်းထက်ဆုံးသူ ဖြစ်နေပေလိမ့်မည်။

ယခုအချိန်တွင် လူအများအပြား၏မျက်လုံးများ တောက်ပလာပြီး စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြတော့သည်။

မှန်သည်။

သူတို့ ရှုံးနိမ့်သွားနိုင်သည်။

သို့သော်လည်း တိုက်ခိုက်ခြင်းမရှိဘဲ ထွက်မပြေးကြပေ။

ရှူး...

ရှူး...

အချို့က ဓားများကို ဆွဲထုတ်လိုက်ကြပြီး အချို့က လက်ဝါးများကို အသင့်ပြင်ထားကြသည်။

မီးတောင်ပေါက်ကွဲတော့မည့်အလား ဖိအားများ သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ထိုအချိန်မှာပင်

အနက်ရောင်နတ်ဘုရားကျောက်တိုင်၏ထူးရှားသောပျက်သုဉ်းခြင်းနယ်မြေထဲတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အလင်းနှင့်အမှောင်တို့ကြားမှ ရင်သပ်ရှုမောဖွယ် လူငယ်တစ်ဦး၏ပုံရိပ် ပေါ်လာသည်။

သူ၏မျက်နှာမှာ ကောင်းကင်နှင့်မြေကြီးက ထုဆစ်ထားသည့် ပြီးပြည့်စုံသော ရုပ်တုတစ်ခုကဲ့သို့ပင်။

အရပ်အမောင်း မြင့်မားပြီး မျက်လုံးများထဲတွင် လျှပ်စီးများ ပြည့်နှက်နေသည်။

သူ၏နောက်ကျောမှ ဓားသုံးလက်မှာ လေထဲတွင် လွင့်မျောနေပြီး ကြောက်မက်ဖွယ်ကောင်းသော ထက်ရှသည့် အရှိန်အဝါများ အဆက်မပြတ် ထွက်ပေါ်နေသည်။

၎င်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။

"ရှန်းချန်ကော" သူတို့သည် အခြားသော လျှို့ဝှက်စည်းမျဉ်းများကို ချိုးဖျက်ခဲ့ကတည်းက ဤအဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် ရှန်းချန်ကော ဖြစ်ကြောင်း လူတိုင်း သိထားကြပြီးဖြစ်သည်။

"မင်း ဘယ်လောက် သန်မာတယ်ဆိုတာ ငါတို့ သိပါတယ်၊ ဒါပေမဲ့ မင်းက ငါတို့ရဲ့ စိတ်ဓာတ်ကိုတော့ မဖျက်ဆီးနိုင်ဘူး၊ ငါတို့ ထွက်မပြေးဘူး၊တိုက်ခိုက်ရှေ့ဆက်တိုက်ခိုက်မယ်"

ဤနေရာရှိ ပါရမီရှင်များအားလုံး စိတ်ဓာတ်များ တက်ကြွနေကြပြီး သူတို့၏အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

နတ်တံတားအဆင့် ကျွမ်းကျင်သူများ၏ အရှိန်အဝါကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ပင် ပုံပျက်သွားတော့သည်။

"အင်း" အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်သည် ထိုနေရာတွင် ရပ်နေသည်။

ယခုအချိန်တွင် လရောင်မှာ ဖြာကျနေပြီး အေးစက်သော အလင်းတန်းများ ကျဆင်းနေသည်။

ကြီးမြတ်သောတာအိုမှာ ထိုသူ၏ခန္ဓာကိုယ်ကို ဝန်းရံနေသကဲ့သို့ ဖြစ်နေပြီး သူ၏အဖြူရောင်အဝတ်အစားမှာ တောက်ပနေကာ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ လက်နေသည်။

ဟမ်

သူက 'အင်း' တစ်လုံးတည်းပဲ ပြောတာလား၊ဒါက ဘာအဓိပ္ပာယ်လဲ။

သူက ငါတို့ကို အထင်သေးနေတာလား။

သူတို့၏တက်ကြွနေသော စိတ်ဓာတ်မှာ အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။

ထိုခဏ၌ သူတို့၏မျက်နှာများမှာ မဲမှောင်သွားပြီး ကြည့်ရအလွန် ဆိုးသွားတော့သည်။

"မင်း... မင်း မင်းက ငါတို့ကို အထင်သေးနေတာလား"

"အရမ်း မာန်တက်မနေနဲ့ဦး ငါတို့က မင်းရဲ့ပြိုင်ဘက် မဟုတ်ရင်တောင် လူတိုင်းမှာ ဝှက်အစ်ဖြစ်နိုင်ခြေတွေ ရှိသေးတယ်"

"မင်းမာဗယ်ရဲ့ ဝှက်အစ်ကာတွန်းကားမကြည့်ဖူးဘူးလားကွ"

သို့သော် ထိုပုံရိပ်မှာ တစ်စုံတစ်ခုကိုစဉ်းစားနေသကဲ့သို့ အကြာကြီးတိတ်ဆိတ်နေခဲ့သည်။

ရုတ်တရက်

ရှန်းချန်ကောသည် သူ၏ဓားကို ကောင်းကင်ပေါ်သို့ ညွှန်လိုက်သည်။

ယနေ့တွင် ဓားအလင်းမှာ ထူးထူးခြားခြား ကြောက်စရာ ကောင်းလှသည်။

လူတိုင်း၏နားထဲတွင် မိုးခြိမ်းသံကြီး မြည်ဟည်းနေသကဲ့သို့ပင်။

ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော ကောင်းကင်ကြီးမှာ လိပ်ခဲနေသော စာလိပ်တစ်ခုကဲ့သို့ ဆုတ်ဖြဲခံလိုက်ရသည်။

၎င်းမှာ မမြင်နိုင်သော ဓားတစ်လက်ဖြစ်သည်။

တောက်ပသော ဓားအလင်းတန်းမရှိသော်လည်း ဓား၏ပေါက်ကွဲအားမှာ ကြောက်စရာ ကောင်းလှသည်။

ဓား မြည်ဟည်းသွားပြီး ကောင်းကင်မှာ အက်ကွဲသွားတော့သည်။

"သူ ဘာလုပ်နေတာလဲ"

ထိုခဏ၌ မရေမတွက်နိုင်သော လူများ ခြေဖျားမှ ခေါင်းဆုံးအထိ တုန်ရီသွားကြသည်။

ဒီ ရှန်းချန်ကော ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူက ဒီနေ့မှာ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲပြီး အနိုင်ရတဲ့သူက ဘုရင်ဖြစ်မယ်၊ ရှုံးတဲ့သူက သူခိုးဖြစ်မယ်ဆိုတဲ့ စည်းမျဉ်းကို မလိုက်နာတော့ဘူးလား။

"သူက အနက်ရောင်နတ်ဘုရားကျောက်တိုင်ရဲ့ စည်းမျဉ်းတွေကို မသိတာများလား"

"သူက သတ်မှတ်ချက် ဓားအလင်းတန်းအဆင့် ကို ချိုးဖျက်ဖို့ ကြိုးစားနေတာလား"

လူတိုင်း တုန်လှုပ်သွားကြသည်။

ရှန်းချန်ကောသည် အနက်ရောင် နတ်ဘုရားကျောက်တိုင်၏နောက်ဆုံးစည်းမျဉ်းကို တကယ်ပင် မသိသည်လော။

ထိုအချိန်တွင် ထိုပုံရိပ်မှာ အပေါ်မှနေ၍ သူတို့ကို ငုံ့ကြည့်နေသည်။

သူ၏မျက်လုံးများတွင် လျှပ်စီးများ လက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း ကြီးမားသော ဖိအားကို ခံစားနေရသည်။

"မင်းတို့ကို ဓားချက်တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာက မင်းတို့ကို နှိပ်စက်လွန်းရာ ကျလိမ့်မယ်။ဒါကြောင့် ငါ မင်းတို့ရဲ့ ဇာတ်လမ်းထဲမှာ တစ်ခုခု ထပ်ဖြည့်ပေးလိုက်မယ်"

ဝေါ့...

ကောင်းကင်ယံတွင် တိမ်တိုက်များ ကွဲထွက်သွားပြီး ဧရာမ အရိပ်ကြီးတစ်ခု ပေါ်လာသည်။

၎င်းမှာ အနက်ရောင် နတ်ဘုရားကျောက်တိုင်၏ အရိပ်ပင် ဖြစ်သည်။

ခန့်ညားထည်ဝါသော ကျောက်တိုင်ကြီးမှာ ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်နေကာ ၎င်း၏အရှိန်အဝါမှာ မည်သူမျှ မတ်မတ်မရပ်နိုင်လောက်အောင် ပြင်းထန်လှသည်။

ရင်သပ်ရှုမောဖွယ် ကောင်းလှသော ပုံရိပ်တစ်ခုသည် ဓားကို ဆွဲထုတ်လျက် ထိုနေရာတွင် ရပ်နေသည်။

သူသည် ခေတ်တစ်ခေတ်၏အထွတ်အထိပ် ဖြစ်နေသလိုပင်။

ရှေးယခင်ကတည်းက လွတါမြောက်ခြင်းအဆင့် က ဘာကိုမှ သက်သေမပြနိုင်ခဲ့ပေ။

ထိုအဆင့်တွင် သန်မာနေရုံနှင့် နောင်တစ်ချိန်တွင် သန်မာနေဦးမည်ဟု မဆိုလိုပါ။

သေချာပေါက် ပိုမိုကြောက်စရာကောင်းသော ပါရမီရှင်များ ရှိနေလိမ့်မည်ဖြစ်သလို၊ ကျောက်တိုင်က မှတ်တမ်းမတင်ထားသော ပါရမီရှင်များလည်း ရှိနေပေလိမ့်မည်။

သို့သော် သူသည် အနက်ရောင်နတ်ဘုရားကျောက်တိုင်တွင် မှတ်တမ်းတင်ထားသော ခေတ်တစ်ခု၏အထွတ်အထိပ်ကို ကိုယ်စားပြုသည်။

ရှန်းချန်ကောအတွက် ထူးဆန်းသလိုလို၊ ရင်းနှီးသလိုလို ရှိနေသည့် ထိုပုံရိပ်မှာ အရင်ကထက် အများကြီး ပိုသန်မာလာပုံရသည်။

သမိုင်းတစ်လျှောက် ပထမ

"သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."

"သူက သမိုင်းတစ်လျှောက် ပထမဆုံး ဓားအလင်းစံချိန်ကို ချိုးဖျက်ရင်းနဲ့ တစ်ပြိုင်နက်တည်း ငါတို့ကိုပါ အနိုင်ယူချင်နေတာလား"

"မောက်မာလိုက်တာ မင်းက အရမ်းကို မောက်မာလွန်းတယ်"

ရှန်းချန်ကောသည် ထိုနေရာတွင် ရပ်နေပြီး လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသည်။

ကောင်းကင်နှင့် မြေကြီးကြားရှိ အလင်းရောင်များမှာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသည်။

သူ၏ ခန္ဓာကိုယ်ကို အလင်းရောင်စက်ကွင်းများက ဝန်းရံထားပြီး ရွှေရောင် နတ်တံတားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တည်ရှိနေသည်။

ပျက်သုဉ်းခြင်းချီများက သူ့ကို တဖြည်းဖြည်း လွှမ်းခြုံလာစဉ်တွင် သူ၏မျက်ခုံးနှစ်ခုကြား၌ ရွှေရောင် ဒေါင်လိုက်မျက်လုံးတစ်လုံး ရုတ်တရက် ပွင့်လာသည်။

ထိုမျက်လုံးထဲတွင် ရှေးဟောင်းအမှတ်အသားတစ်ခု ရှိနေပြီး ကမ္ဘာကြီးမှာ အက်ကွဲသွားတော့မည့်အလားပင်။

"ငါ..."

ရှန်းချန်ကော စကားစပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ပေါ်မှ အရှင်သခင် ထံမှ ဓားအလင်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာပြီး သူ့ကို ကြားဖြတ် တိုက်ခိုက်လိုက်သည်။

"ငါ စကားတောင် မဆုံးသေးဘူး၊ မင်းက ဓားကို ဆွဲထုတ်ဝံ့တယ်ပေါ့၊ သမိုင်းရဲ့ ကန့်လန့်ကာနောက်ကို ပြန်သွားပြီးတော့ပဲ ကြည့်နေစမ်း"

ရှန်းချန်ကော၏ဒေါင်လိုက်မျက်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

သူသည် ကျောက်တိုင်ထိပ်မှ ထိုပုံရိပ်ကို စိုက်ကြည့်လိုက်သည်။

ထိုပုံရိပ်မှာ ရုတ်တရက် တုန်ရီသွားပြီး သူ၏ဓားကို ရပ်တန့်လိုက်ရတော့သည်။

မရေမတွက်နိုင်သော လူများ၏တုန်လှုပ်မှုကို သူ ဂရုမစိုက်ခဲ့ပေ။

ရှန်းချန်ကော၏ခန္ဓာကိုယ်မှာ ကမ္ဘာကြီးကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်ယံသို့ တဖြည်းဖြည်း မြင့်တက်သွားသည်။

"ငါ ဒီမှာရပ်ပြီး မင်းတို့ကို ဓားနဲ့ တိုက်ခိုက်မယ်"

"နတ်ဘုရားဓားသိုင်း - ပထမပုံစံ"

All Chapters