← Chapters

နဂါးမျိုးနွယ်သား၏ နယ်မြေ

Vol. 38 Ch. 559

နဂါးမျိုးနွယ်သား၏ နယ်မြေ

Vol. 38 Ch. 559

ရွှေရောင် ဆံပင် ဂျော့ခ်ျမှာ ဘုရင်မ ဗစ်တိုးရီးယား၏ တောင်းဆိုချက်အပေါ် အဖြေမပေးနိုင်ပေ။ သုံးရက်ကြာ စဉ်းစားပြီး နောက်တွင်မှ သူ ဘုရင်မထံ လက်နက်ချလိုက်သည်။

ဗစ်တိုးရီးယားမြို့သို့ လက်အောက်ခံပြီးနောက် သူ နယ်မြေကို စွန့်လွှတ်ခဲ့သည်။ ဗစ်တိုးရီးယားမြို့တွင် မည်သူမျှ နယ်မြေကို အုပ်ချုပ်ရန် အာဏာ မရှိပေ။ ယော့ခ်နယ်စားကြီး အသစ် ဂွီနီဗီယာပင်လျှင် မည်သည့် နယ်မြေကိုမျှ အပိုင်စား အုပ်ချုပ်ရန် အာဏာ မရှိပေ။

ဘုရင်မ ဗစ်တိုးရီးယား၏ အကြံပေးများကသာ နယ်မြေကို အုပ်ချုပ်နေကြသည်။ သူတို့မှာ ဟမ်းစတား သုံးကောင်နှင့် သူတို့၏ တိုက်ခိုက်ရေး လေ့ကျင့်ထားသော ဂိမ်းမာများ ဖြစ်ကြ၏။ ဂိမ်းမာများမှာ စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် လူနေအိမ်ရာ စီမံကိန်းများ ဆောင်ရွက်ရန် ဖိုရမ်ကို အသုံးချခဲ့ကြသည်။

မြို့တစ်မြို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် သို့မဟုတ် အဆောက်အအုံအသစ်များ တည်ဆောက်ရန် ဆိုသည်က ငွေအမြောက်အမြား လိုသည်။ ဗစ်တိုးရီးယားမြို့တွင် ငွေ များများစားစား မရှိသော်လည်း ဗစ်တိုးရီးယား မြို့သားများမှာ အလွန် စိတ်အားထက်သန် နေခဲ့ကြပြီး ခေါင်းပုံဖြတ် ခံနေရသည်ဟု မထင်ကြပေ။ မြို့ အသစ်တစ်ခု ဖန်တီးရခြင်း ဖြစ်စေ သို့မဟုတ် လမ်းများ၊ တံတားများ ခင်းကျင်းရခြင်း ဖြစ်စေ သူတို့က မစ်ရှင်များ လုပ်နေရသည်ဟုသာ ယူဆကြပြီး ဆုများ ရနေသည်ဟု ထင်ကြသည်။

ယော့ခ်နယ်မြေမှာ သူတို့၏ နယ်မြေ ဖြစ်၏။ သူတို့က သူတို့ပိုင် ကိုယ်ပိုင်နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သည့်အခါ ပင်ပန်းသည် သို့မဟုတ် လစာနည်းပါးသည်ဟု မခံစားရပေ။

အထူးသဖြင့် အဖွင့်ဘီတာ စမ်းသပ်မှု အပြီးတွင် ဗစ်တိုးရီးယား တောအုပ်က သူတို့၏ ကိုယ်ပိုင်နယ်မြေကိုပင် အလျင်မှီ ဖွံ့ဖြိုးအောင် မလုပ်နိုင်ခဲ့သောကြောင့်ပင်။ ဗစ်တိုးရီးယား တောအုပ်တွင် နေရာနှင့် အရင်းအမြစ်များ မလုံလောက်မှုကြောင့် ဂိမ်းမာသန်းပေါင်း များစွာကို နေရာမချပေး နိုင်ခဲ့ပေ။ ဤဂိမ်းမာများကို မွန်းစတားများနှင့် ဓားပြများကို တိုက်ခိုက်ရန်၊ တံတားများ တည်ဆောက်ရန်၊ လမ်းများ ခင်းကျင်းရန်နှင့် မြို့အသစ်များ ဖန်တီးရန် ယော့ခ်နယ်မြေ အနှံ့သို့ ဖြန့်ကျက် လွှတ်လိုက်သည်။

ယော့ခ်နယ်မြေကို သိမ်းပိုက်ပြီးခါစက ဒေသခံ နေထိုင်သူများမှာ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိသော ထိုစစ်သည်တော်များကို ကြောက်ရွံ့ နေခဲ့ကြသည်။ ဤစစ်သည်တော်များမှာ ဒေသခံများ၏ နေအိမ်များသို့ ဝင်ရောက်ပြီး ဓားပြများကဲ့သို့ လုယက် တတ်ကြ၏။ သူတို့က ငွေ သို့မဟုတ် အကူအညီ လိုအပ်၊ မလိုအပ်ကို ပျူပျူငှာငှာ မေးမြန်းတတ်သော လူယဉ်ကျေး ဓားပြများ ဖြစ်သည့်တိုင် ဒေသခံများမှာ ထိုကျူးကျော်သူများကို စိတ်မချနိုင်ပေ။

ဗစ်တိုးရီးယား မြို့သား များစွာက ယော့ခ်နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား လုပ်ဆောင်နေကြသည်။ ၎င်းက ခက်ခဲပင်ပန်းသော်လည်း သူတို့၏ မျက်နှာများမှာမူ အပြုံးများဖြင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက်က သူတို့ အဘယ်ကြောင့် ဤမျှ ကြိုးစားနေကြသနည်းဟု မေးသည့်အခါ ဗစ်တိုးရီးယား မြို့သားများက ခေါင်းမော့ရင်ကော့ကာ "ဒါက လူထု အတွက်ပဲ"ဟု ပြန်ဖြေပေလိမ့်မည်။

သူကောင်းမျိုး အားလုံး၏ တာဝန်က ပြည်သူလူထုကို စောင့်ရှောက်ရန် ဖြစ်သော်လည်း သူကောင်းမျိုးများမှာ လူများကို မည်သို့ မည်ပုံ ခေါင်းပုံဖြတ် ရမည် ဆိုသည်ကိုသာ အမြဲတမ်း တွေးတောနေကြသည်။

ခက်ခဲ များပြားသော အခွန်များဖြင့် ဖြစ်စေ၊ အတင်းအကျပ် လုပ်အား ခေါင်းပုံဖြတ် ခံရခြင်းဖြင့် ဖြစ်စေ ပြည်သူလူထုက သူကောင်းမျိုးများ၏ ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံခဲ့ရသည်။ သို့သော် ဗစ်တိုးရီးယားမြို့ အတွက်မူ ယင်းလို မဟုတ်ပေ။ ဗစ်တိုးရီးယားမြို့က ဘုရင်မ၊ မြို့စားများနှင့် မြို့စားငယ်များ ပါဝင်သည့် ဘုရင်စနစ်ကို သုံးထားသော်လည်း သူကောင်းမျိုးများတွင် စင်စစ်အားဖြင့် အာဏာ လက်ထဲ မရှိကြပေ။ အာဏာအားလုံးကို ဘုရင်မ ဗစ်တိုးရီးယားက ပိုင်ဆိုင်သည်။ ဗစ်တိုးရီးယား မြို့သားများမှာလည်း ယော့ခ်နယ်မြေမှ နေထိုင်သူများ အပေါ် နိုင်ထက်စီးနင်းပြုရန် သူတို့၏ အာဏာကို အသုံးမပြုကြပေ။ ဗစ်တိုးရီးယား မြို့သားများမှာ ဒေသခံ နေထိုင်သူများထံမှ လုယက် တတ်ကြသည် ဆိုသော်လည်း အများစုမှာ ငွေပေး ဝယ်ယူရန် ကမ်းလှမ်းနေဆဲပင်။

ယော့ခ်နယ်မြေမှ ဒေသခံ နေထိုင်သူများက ဗစ်တိုးရီးယား မြို့သားများ၏ ကြိုးစားအားထုတ်မှုကို သတိမထားမိဘဲ မနေပေ။ အထူးသဖြင့် သူတို့က တံတားများ တည်ဆောက်ခြင်း၊ လမ်းများ ခင်းကျင်းခြင်းနှင့် မြို့အသစ်များ တည်ဆောက်ခြင်းတို့ ပြုလုပ်လာသည့် အခါတွင်ပင်။

ဂိမ်းမာများမှာတော့ အမ်ပီစီများ ဘာစဉ်းစားနေကြသည်ကို မသိပေ။ အချို့ အမ်ပီစီများမှာ ကျေးဇူးတင်မှုကြောင်း ဖော်ပြကြသည်၊ ဥပမာအားဖြင့် အလုပ်,လုပ်နေသော ဂိမ်းမာများဆီ ကြက်ဥခြင်း တစ်ခြင်း လက်ဆောင် ယူလာသော အဘွားအို တစ်ဦး ကဲ့သို့ပင်။ ဂိမ်းမာများမှာ ကျေးဇူးမတင်ဘဲ ကြက်ဥများကို အထင်သေး ခဲ့ကြသည်။ ယင်းအစား သူတို့က အမ်ပီစီများ အလွန် လက်တွေ့ကျသည်ဟုသာ ယူဆလိုက်ကြသည်။ ဂိမ်းမာများက သူတို့ကို ကျွန်ပြုပြီး လက်နက်အဆင့် ၃၀ နှင့် အထက် ရောက်အောင် လေ့ကျင့်ပေးမည့် ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များကိုသာ လိုချင်နေကြသည်။

ဂိမ်းမာများမှာ မကျေမနပ် ဖြစ်နေသော်လည်း ထုတ်တော့ မပြောခဲ့ကြပေ။ ဂိမ်းမာများက အမ်ပီစီများ ရှေ့တွင် လက်တွေ့ကျကျ ပြုမူရမည် ဖြစ်ကြောင်း ဖိုရမ်ပေါ်တွင် ဖတ်ထားဖူးသည်။ သူတို့ကို အမ်ပီစီများအား ထူးဆန်းသော စကားများ မပြောမိစေရန် သတိပေးထားသည်။ မဟုတ်ပါက ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များ ရလာမည် မဟုတ်ပေ။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာ အမ်ပီစီများ ထံမှ လက်ဆောင်ပစ္စည်းများ ရခြင်းအပြင် ထာဝရတိုင်းပြည်ထက်လည်း လွယ်လွယ်ကူကူဖြင့် မြေနေရာ ဝယ်ယူနိုင်ကြသည်။

သူတို့က ဘုရင်မ ဗစ်တိုးရီးယားအား မှော်ကျောက်တုံးများ ပေးချေ ခဲ့ရသော်လည်း ဗစ်တိုးရီးယားမြို့ရှိ စည်းမျဉ်းများမှာ ထာဝရတိုင်းပြည်လောက်တော့ မတင်းကျပ်ပေ။ ဗစ်တိုးရီးယားမြို့ရှိ သတ်မှတ် ဈေးနှုန်းမှာလည်း ပိုနည်းသည်။

လူထောင်ပေါင်း များစွာ ဆံ့သော နယ်မြေ တစ်ခုကို ဗစ်တိုးရီးယားမြို့တွင် မှော်ကျောက်တုံး ရာဂဏန်း အနည်းငယ် ပေးချေခြင်းရုံဖြင့် ရနိုင်သည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာမူ ဆယ်ဆကျော် ပေးချေ ယူရမည်။

နဂါးမျိုးနွယ်သား၏ အစည်းအရုံး ‘ရှားလော့ခ်နဲ့အတူ ထိုညအတွက်’က ကိုယ်ပိုင်နယ်မြေ ရခဲ့သော ပထမဆုံး အစည်းအရုံးတော့ မဟုတ်ပေ။ သို့သော် ချမ်းသာသော ဂိမ်းမာများ၏ ထောက်ပံ့မှုဖြင့် သူ့အစည်းအရုံးမှာ ကိုယ်ပိုင်နယ်မြေ ရခဲ့သော အစည်းအရုံး ပထမဆုံး အသုတ်များထဲတွင်တော့ ပါ၏။

ချမ်းသာသော ဂိမ်းမာများထဲမှ တစ်ဦးမှာ ဆော့ဖ်တီ ဖြစ်ပြီး သူက နဂါးမျိုးနွယ်သားကို လူသိရှင်ကြား ပိုးပန်း နေခဲ့သည်။

"ဒီနေ့ကစပြီး ဒီမြေကွက်က ကျွန်မတို့ အစည်းအရုံးပိုင်ပဲ။" ဆော့ဖ်တီက ရှေ့မှ သစ်တောဧရိယာကြီးကို ကြည့်ရင်း လက်နှစ်ဖက်ဖွင့်ကာ အစည်းအရုံးဝင်များအား ပြောလိုက်သည်။

‘ရှားလော့ခ်နဲ့အတူ ထိုညအတွက်’က မှော်ကျောက်တုံး ၁,၀၀၀ ပေးချေပြီး ဤနယ်မြေကို ဘုရင်မ ဗစ်တိုးရီးယားထံမှ ဝယ်ခဲ့သည်။

၎င်းမှာ ဗစ်တိုးရီးယား တောအုပ်နှင့် အလွန် နီးကပ်သော နေရာ တစ်ခုလည်း ဖြစ်၏။

နေရာရွှေ့ပြောင်း ဝင်ပေါက်များ၊ တရားဝင် အလုပ်ခန့်အပ်ထားသော အမ်ပီစီများနှင့် တခြား အဆောက်အအုံများ မရှိသေးသော်လည်း ဂိမ်းမာများက ထိုမြေနေရာကို စိတ်တိုင်းကျ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ကြသည်။ နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု မရှိခြင်းမှာ ဒုက္ခများသော်လည်း ၎င်းပြဿနာကို မြင်းများ၊ လှည်းများ အသုံးပြု၍ ဖြေရှင်းနိုင်သည်။

ယင်းမြေက ဗစ်တိုးရီးယားမြို့နှင့် သိပ်မဝေးပေ။ မြင်းများ၊ လှည်းများ စီးကာ ဗစ်တိုးရီးယား တောအုပ်သို့ သွားရန် တစ်နာရီမှ နှစ်နာရီမျှသာ ကြာပေလိမ့်မည်။

ခရီးသွားရချိန်မှာ ဂိမ်းမာများအတွက် လက်ခံပေးနိုင်သည်။

All Chapters