← Chapters

မင်း အလှည့်ပဲ

Vol. 38 Ch. 561

မင်း အလှည့်ပဲ

Vol. 38 Ch. 561

ပိုလီယိုက ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ တစ်စုံတစ်ခုက သူ့ကို ခေါ်နေသည်ကို ခံစားရသည်။ ၎င်းမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာ အကြာတုန်းက သူရင်းနှီးခဲ့သော ခေါ်သံတစ်ခု သကဲ့သို့ပင်။

သူက ကိုယ်ကို ကွေးညွှတ်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီသို့ ခပ်သော့သော့ လျှောက်သွားလိုက်သည်။ ဂိမ်းမာများနှင့် ဆောက်လုပ်ရေး လုပ်သား များစွာ ဝီရိယ ရှိရှိ အလုပ်,လုပ် နေကြသော်လည်း ကိုယ်ပျောက်မာနာ သုံးထားသော ပိုလီယိုကို မမြင်နိုင်ကြပေ။ ဂိမ်းမာများက ကိုယ်ပျောက်ပိုလီယိုကို မြင်နိုင်ရန် အစွမ်းအစ မလုံလောက်ပေ။

ပိုလီယိုမှာ ကြီးမြတ်သော မိုက်ကယ်အိန်ဂျယ်လို၏ နတ်ဆိုး ၇၂ ပါးထဲမှ တစ်ပါး ဖြစ်၏။

ပိုလီယိုမှာ အရှင်ရှားလော့ခ်ကို အနိုင် မယူနိုင်သော်လည်း ၎င်းက သူ့တွင် အရည်အချင်းမရှိဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။

သူ့ ပင်ကိုယ်အသိစိတ်က အမှန်တရားကို ရှာတွေ့ရန် နီးကပ်နေပြီ ဖြစ်ကြောင်း သူ့ကို အသိပေးနေသည်။

ဖြစ်နိုင်သည်မှာ အရှင်ရှားလော့ခ် အထင် မှန်ကန်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်က အပြင်ပန်း မြင်နေရသလောက် ရိုးရှင်းနေခြင်း မရှိတန်ရာ။

ပိုလီယိုက ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ကျင်းနက်ကြီးထဲ ဝင်သွားလိုက်သည်။

...

ဒုတိယမြောက်နေ့။

"ဖီးနစ်နဲ့ ပိုလီယိုတို့ ပျောက်နေတုန်းပဲလား။" ကြက်ဥခေါင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ နယ်အစွန်းတွင် ရပ်ကာ ဂိမ်းမာများအား မေးလိုက်သည်။

ယနေ့နံနက်တွင် အရှင်ရှားလော့ခ်က သူ့အား နှစ်ရက်ကြာ ပျောက်ဆုံးနေသော ဖီးနစ်နှင့် ပိုလီယိုတို့ကို ရှာဖွေရန် မစ်ရှင် ပေးခဲ့သည်။

၎င်းမှာ ထူးဆန်း၏။ ဖီးနစ်နှင့် ပိုလီယိုတို့ ရှားလော့ခ်၏ အမိန့်ကို စဆောင်ရွက် ကတည်းက ထာဝရတိုင်းပြည်သို့ ပြန်လာခဲ့ခြင်း မရှိပေ။ သူတို့ အကြောင်း သတင်းများ ပုံမှန် ပြန်ကြားနေသော်လည်း မနေ့ကမူ လုံးဝ အစအန ပျောက်သွားကြသည်။ အရှင်ရှားလော့ခ်မှာ ယနေ့ မနက်တွင် သူတို့ ပျောက်ဆုံးနေကြောင်း သတင်းကို ကြက်ဥခေါင်းထံသို့ ပြောပြလိုက်သည်။

ကြက်ဥခေါင်းမှာ သူတို့ကို သနားမိသော်လည်း ကွန်ပျူတာ ဂိမ်းများ ကစားခြင်း ကဲ့သို့သော လုပ်စရာ များစွာ ရှိနေသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ မသွားလိုခဲ့ပေ။

သို့သော် ၎င်းက အရှင်ရှားလော့ခ်၏ အမိန့် ဖြစ်သောကြောင့် သူ မငြင်းပယ်နိုင်ပေ။ ကြက်ဥခေါင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်သည်နှင့် လုပ်ငန်းစလိုက်သည်။

ပထမဦးစွာ သူက ဂိမ်းမာများကို စုစည်းသည်။

ဂိမ်းမာများမှာ လေကြော ရှည်သော်လည်း ကြက်ဥခေါင်းအတွက် စွမ်းဆောင်ရည် ရှိသော လက်ထောက်များ ဖြစ်၏။

အထူးသဖြင့် ထိုသို့သော အခြေအနေနှင့် ရင်ဆိုင်နေရသည့် အခါမျိုးတွင်ပင်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ဂိမ်းမာများက ကြက်ဥခေါင်းအား ပိုလီယိုနှင့် ဖီးနစ်တို့ကို ရှာတွေ့နိုင်ရန် ကူညီပေးကြသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းသို့ မဝင်နိုင်သော ဂိမ်းမာများကမူ ပျောက်သွားသော အိမ်မွေးတိရစ္ဆာန်များကို ရှာဖွေရန် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် လှုပ်ရှားကြသည်။ အိမ်မွေးတိရစ္ဆာန်များက ရှားလော့ခ် အတွက် မည်ရွေ့မည်မျှ အရေးကြီးသည်ကို ဂိမ်းမာများ သေချာ မသိသော်လည်း ကြက်ဥခေါင်းအား လွှတ်၍ သူတို့ကို ရှာခိုင်းထားသဖြင့် ယင်းတို့က အရှင်ရှားလော့ခ် အတွက် အရေးပါပုံ ရ၏။

"သူတို့ ထွက်ပြေး သွားကြတာလား။"

ဒန်ဂျင်အရှင် ခန်းမဆောင်ရှိ ဖရန်ဂျီပန်နီက အရှင်ရှားလော့ခ်အား သံသယရှိစွာ မေးလိုက်သည်။

"အရှင်ရှားလော့ခ်၊ သူတို့ အရှင်ရှားလော့ခ်ကို သစ္စာဖောက်ချင်တယ်လို့ ပြောပြောနေတာကို ကျွန်တော် တစ်ကြိမ်ထက်မက ကြားဖူးပါတယ်။"

ဖီးနစ်နှင့် ပိုလီယိုတို့ ဒန်ဂျင်အရှင် ခန်းမဆောင်မှ ပျောက်သွားပြီးနောက် ဖရန်ဂျီပန်နီမှာ စကားများ လာခဲ့သည်။

ရှားလော့ခ်ကတော့ စိတ်မဝင်စားပေ။ သူက လက်ပိုက်ကာ ဖရန်ဂျီပန်နီ၏ စကားများကို စဉ်းစားလိုက်သည်။ ထို့နောက် သူ ခေါင်းညိတ် လိုက်သည်။

"သူတို့ တကယ်ပဲ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ငါတော့ တခြား ဖြစ်နိုင်ခြေတစ်ခုကို သံသယ ပိုရှိနေတာ။"

ရှားလော့ခ် မှော်ကျောက်တုံး တစ်တုံးကို ထုတ်လိုက်သည်။ ၎င်းကို မာနာစွမ်းအင် သွင်းလိုက်ရာ ပုံရိပ်များ ပေါ်လာသည်။

ယင်းက ကောင်းကင်တွင် ပျံနေသော ဖီးနစ်၏ ပုံရိပ်များပင်။ ပုံရိပ်များမှာ ဖီးနစ် မပျောက်ကွယ်မီ စက္ကန့် ဆယ်ဂဏန်းမျှ ကြာသည်။

ရှားလော့ခ် ပုံရိပ်များကို ပြောင်းပြန် ပြန်ဖွင့်ပြကာ အရေးကြီးသော တစ်နေရာတွင် ရပ်လိုက်သည်။ လက်တံ တစ်ခုကဲ့သို့သော ခပ်မဲမဲ အရာတစ်ခုက ပုံရိပ်များတွင် ပေါ် လာခဲ့သည်။ ၎င်းမှာ ဖီးနစ်ကို ဖုံးလိုက်ပြီး စက္ကန့်ပိုင်းမျှသာ ပေါ်လာသည်။

ထို့နောက် ပုံရိပ်ထဲရှိ ပိုလီယို ပျောက်ကွယ်သွား၏။

ကြောင်နက် တစ်ကောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ကျင်းနက်ထဲတွင် ထိုင်နေသည်။ နောက်တစ်ခဏတွင် ကြောင်ကလေးလည်း ပျောက်သွားသည်။ ရှားလော့ခ် ပုံရိပ်မှတ်တမ်းကို ရပ်လိုက်သည့်အခါ ကြောင်နက်ဘေးတွင်လည်း ခပ်မဲမဲ လက်တံလို အရာတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ဖီးနစ်နှင့် ပိုလီယိုတို့ နှစ်ဦးလုံး လက်တံ ထွက်လာပြီးနောက် ပျောက်ကွယ် သွားကြသည်။

"ဒါက..."

ဖရန်ဂျီပန်နီက ရှေ့မှ ပုံရိပ်ကို ကြည့်ကာ မျက်မှောင်ကြုတ် ပြောလိုက်သည်။ "မဟုတ်မှလွဲရော ဒါက ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံ အရှင်လား။"

သူ လွှတ်ခနဲ့ ထုတ်ပြော လိုက်မိသော်လည်း ရှားလော့ခ်ကို ကြည့်ကာ အလျင်အမြန် ပြန်ရှင်းပြ လိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး အရှင်ရှားလော့ခ်။ နားလည်မှု မလွဲပါနဲ့။ ကျွန်တော် ကောင်းကင်ဘုံ အရှင်ကို တမ်းတနေတာ မဟုတ်ဘူးနော်။ ကျွန်တော် အရှင်ရှားလော့ခ် အပေါ်မှာပဲ သစ္စာခံပါတယ်။"

ဖရန်ဂျီပန်နီက သူ သစ္စာရှိကြောင်း ကျိန်ပြောသည်။

ရှားလော့ခ်က ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဒါက နားလည်ပေးနိုင်ပါတယ်။ စိတ်မပူပါနဲ့၊ မင်း သူ့ကို ရှေးဟောင်း နတ်ဘုရား တစ်ပါးလို့ အထင်မှားသွားတာက ပုံမှန်ပါပဲ။ အစပိုင်းမှာ ငါရော သူ့ကို ရှေးဟောင်း နတ်ဘုရားတစ်ပါးလို့ ထင်နေတာ။ ငါ ရှေးဟောင်း နတ်ဘုရားတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ကို သွားလည် ကြည့်ပြီးတော့ ငါ အဲ့ဒီ အတွေးကို ဖယ်ရှားလိုက်တယ်။"

ဖရန်ဂျီပန်နီ အံ့ဩတကြီး မေးလိုက်သည်။ "အရှင် ကောင်းကင်ဘုံ အရှင်ဆီကို သွားလည်ဖူးတာလား။ အာ၊ ကျွန်တော် ဆိုလိုတာက ရှေးဟောင်း နတ်ဘုရားတွေ ဆီကိုပါ။"

"ငါ ခဏလောက် သွားကြည့်ခဲ့တယ်။ သူက ကောင်းကောင်း နေရပါတယ်။ ဒါပေမဲ့ သူ ဒီမှာ ထွက်လာဖို့ကတော့ ယုတ္တိမရှိဘူး။ ဒါကြောင့် အဲ့ဒီ အမဲရောင် ပုံရိပ်က တခြားတစ်ယောက် ဖြစ်ရမယ်။" ရှားလော့ခ် မေးစေ့ပွတ်ကာ စဉ်းစားပြီး ပြောသည်။ "ဖြစ်နိုင်ခြေတွေကတော့ အများကြီးပဲ။ မင်း တွေးမိတာ ရှိလား။"

"အရှင်ရှားလော့ခ်က ရှေးဟောင်း နတ်ဘုရားတွေကို ပယ်လိုက်ပြီဆိုတော့ ကျွန်တော် တွေးမိတာ မရှိတော့ပါဘူး။ အနည်းဆုံးတော့ ဖီးနစ်နဲ့ ပိုလီယိုတို့က အရှင့်ကို သစ္စာမဖောက်သွားတာ မဟုတ်ဘူးဆိုတာတော့ ကျွန်တော် သိလိုက်ရတယ်။ ဒါက သတင်းကောင်းပဲ။"

ဖရန်ဂျီပန်နီမှာ အနည်းငယ် စိတ်ပျက်နေပုံ ရ၏။

"ငါတို့ သူတို့ကို ပြန်ကယ်ရမယ်။ အချိန်ဆွဲနေရင် မကောင်းတာတွေ ဖြစ်လာမှာကို ငါ စိုးရိမ်တယ်။"

ရှားလော့ခ် ဖရန်ဂျီပန်နီကို ကြည့်ကာ ပြောလိုက်သည်။ "ငါ ဘာဖြစ်လို့ ကြက်ဥခေါင်းကို ဒီနေ့ မနက်စောစော ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို လွှတ်လိုက်လဲ မင်း သိလား။"

"ဘာဖြစ်လို့လဲဆိုတော့ အရှင်က ကြက်ဥခေါင်းကို ယုံကြည်ပြီး သူက အရှင်ရှားလော့ခ်ကို ဖီးနစ်နဲ့ ပိုလီယိုတို့ကို ပြန်ရှာဖို့ အကူအညီ ပေးနိုင်လို့ပါ။" ဖရန်ဂျီပန်နီ လေးနက်စွာ ပြောလိုက်သည်။

ရှားလော့ခ် ခေါင်းညိတ် ပြောလိုက်သည်။ "နောက်ပိုင်း တစ်ဝက်က မှန်တယ်၊ ဒါပေမဲ့ အစပိုင်းက မင်း ပြောသလို မဟုတ်ဘူး။"

ရှားလော့ခ် အဒါမန်တိုင်း ကျောက်တုံး တစ်တုံးကို ထုတ်ကာ ဖရန်ဂျီပန်နီ ရှေ့တွင် ချထားလိုက်သည်။

ပုံရိပ်များက ကြက်ဥခေါင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ဂိမ်းမာများကို ညွှန်ကြားနေသည်ကို ဖော်ပြနေသည်။

တူညီသော အမဲရောင် ပုံရိပ်ထွက်လာပြီး ကြက်ဥခေါင်းမှာလည်း ခဏတွင်းချင်း ပျောက်ကွယ် သွားသည်။ အူတူတူ ဂိမ်းမာများသာ ထိုနေရာတွင် ကြောင်တောင်တောင် ရပ်ကျန်နေသည်။

"ကျစ်၊ ငါ နည်းနည်း နှေးသွားတယ်။" ရှားလော့ခ် ပြောလိုက်ပြီး ဖရန်ဂျီပန်နီကို ကြည့်လိုက်သည်။

ဖရန်ဂျီပန်နီမှာ နိမိတ်မကောင်းသလို ခံစားလိုက်ရပြီ လည်ပင်း အခွံထဲ ကျုံ့ဝင် သွားသည်။

"ဒီတစ်ခါ မင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို သွားရမယ့် အလှည့်ပဲ။"

All Chapters