တိုက်ခိုက်ခြင်း
Vol. 38 Ch. 563
ရှားလော့ခ်၏ ပြတ်သားသော ငြင်းပယ်မှု အပြီးတွင် ဧရာမ ရေဘဝဲလူသားက ခေါင်းခါကာ ပြောလိုက်သည်။ "ငါ့ အကြံကို ငြင်းတာက ဉာဏ်နည်းတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ။"
ရေဘဝဲလူသား၏ လက်တံ နှစ်ချောင်း ရှားလော့ခ်ဆီ ပျံလာသည်။
အရင်တစ်ခေါက် ကဲ့သို့ပင် လက်တံများမှာ ရှားလော့ခ် အနီးသို့ ရောက်သည်နှင့် ပြတ်ထွက်သွားသည်။
ရှားလော့ခ် ကဲ့သို့ အထက်တန်းစား နတ်ဆိုး တစ်ပါး အတွက် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက သူ့ကို မထိခိုက် စေနိုင်ပေ။
"မင်းမှာ အရည်အချင်း ရှိသားပဲ။ သာမန် ကျောင်းသားတော့ မဟုတ်လောက်ဘူး။" ရေဘဝဲက ပြောလိုက်ရင်း ရှားလော့ခ်ကို လှည့်ကြည့်သည်။
"အဆင်ပြေရင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ ရည်ရွယ်ချက် အစစ်ကို ငါ့ကို ပြောပြ။ ငါ အဲ့ဒါကို သေချာ ကိုင်တွယ်လိုက်မယ်။" ရှားလော့ခ်က လက်လျှော့ဟန် မပေါ်သော ရေဘဝဲလူသားအား မျက်နှာအမူအရာ မပြောင်းဘဲ ပြောလိုက်သည်။
"သူ့ကို သတ်။"
ရေဘဝဲလူသားက လက်ချောင်းကို ဖျစ်ညှစ်လိုက်ရာ သူ၏ ခြေထောက်များတွင် အဖုနှစ်ခု ထွက်လာခဲ့သည်။
စေးကပ်ကပ် နတ်ဆိုး နှစ်ပါးက သူ့ခြေထောက်ရှိ တခြား ဒိုင်မေးရှင်း တစ်ခုမှ ထိုးထွက်လာသည်။
...
ဖိုးဉာဏ်ကျယ်က ဒန်ဂျင်အရှင် ခန်းမဆောင်တွင် ရပ်ကာ အရှင်ရှားလော့ခ် ပျောက်သွားသော နေရာကို စိုက်ကြည့် နေသည်။ သူ တစ်နာရီကျော် ကြာအောင် ရပ်စောင့်နေ၏။
သို့သော် ရှားလော့ခ် ပြန်မလာပေ။
ရှားလော့ခ်မှာ ဖရန်ဂျီပန်နီနှင့် တစ်ချိန်တည်း ပျောက်ကွယ် သွားသည်။
၎င်းက ဝိညာဉ်ချိတ်ဆက်ခြင်း မာနာဂါထာ တစ်ခုပင်။
၎င်းကို မည်သည့် အချိန်က စီရင်ထားသနည်း။
အမှန်စင်စစ်အားဖြင့် ဖရန်ဂျီပန်နီမှာ အရှင်ရှားလော့ခ်နှင့် ဝိညာဉ်စာချုပ် တစ်ခု ချုပ်ဆို ထားသည်။
သူ၏ ဝိညာဉ်မှာ ရှားလော့ခ်နှင့် တစ်သက်လုံး ချိတ်ဆက်နေသည်။
ဖရန်ဂျီပန်နီ မာနာစွမ်းအင်ဖြင့် ဖမ်းဆီးခြင်း ခံရချိန်တွင် ရှားလော့ခ်က ဝိညာဉ်ချိတ်ဆက်ခြင်းကို ဖွင့်ကာ ဒန်ဂျင်အရှင် ခန်းမဆောင်မှ ပျောက်ကွယ် သွားသည်။
ဖိုးဉာဏ်ကျယ်မှာ ရှားလော့ခ် ပျောက်သွားခြင်းကို ပျောက်ဆုံးနေသော ပိုလီယို၊ ဖီးနစ်နှင့် ကြက်ဥခေါင်းတို့နှင့် ဆက်စပ် တွေးတောသည်။
သူတို့က လျှို့ဝှက် ဆန်းကြယ်သော အင်အား တစ်ခုဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသလော။
ဖိုးဉာဏ်ကျယ်မှာ အပြင်းအထန် စဉ်းစားနေသော်လည်း မည်သည့် ကောက်ချက်မှ မချနိုင်ပေ။
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ် လာသည်။
ဖိုးဉာဏ်ကျယ်ဘေးမှ နေရာမှာ အပြင်းအထန် ပုံပျက်သွားပြီး ဒန်ဂျင်အရှင် ခန်းမဆောင်မှာလည်း ထိုဒိုင်မေးရှင်း လှုပ်ရှားမှုကြောင့် ပျက်စီး သွားသည်။ ဟာရီကိန်းမုန်တိုင်း တစ်ခုနှင့် လောလောလတ်လတ် ကြုံလိုက်ရ သကဲ့သို့ပင်။
ဖိုးဉာဏ်ကျယ်က သူ့ဘေးမှ နေရာ ပုံပျက်သွားစဉ် ကာကွယ်ရေး အတားအဆီး တစ်ခု စီရင်နိုင်ခဲ့သည်။
ထို့ကြောင့် လှိုင်းထနေသော မာနာလှိုင်းများက ဖိုးဉာဏ်ကျယ်ကို မထိခိုက် စေနိုင်ခဲ့ပေ။
အရာအားလုံး ငြိမ်သက်သွားသော် ဖိုးဉာဏ်ကျယ်က ရှေ့မှ အနက်ရောင် ပုံရိပ်ကို ဦးညွှတ်ကာ ပြောလိုက်သည်။ "အရှင်ရှားလော့ခ်၊ အရှင် ပြန်ရောက်လာပြီပဲ။"
ရှားလော့ခ်မှာ ဆံပင် ရှုပ်ပွနေလျှက် ကုလားထိုင် တစ်ခုကို မှီထားသည်။ သို့သော် သူက ကြည့်ကောင်း နေဆဲပင်။
သူ့ လက်နှစ်ဖက်လုံးမှာတော့ လတ်လတ်ဆတ်ဆတ် သွေးများဖြင့် စွန်းထင်း နေသည်။ သွေးမှာ သူ့သွေး ဟုတ်၊ မဟုတ် မသိသော်လည်း သူ့ ခြေထောက် အောက်တွင်တော့ ဧရာမ ရေဘဝဲခေါင်း တစ်ခု ရှိနေသည်။
ထိုအရာမှာ တခြား ဒိုင်မေးရှင်းတွင် အရှင်ရှားလော့ခ်ကို ဖြားယောင်း လှည့်စားရန် ကြိုးစားနေခဲ့သော ရေဘဝဲလူသားပင်။
"ဖိုးဉာဏ်ကျယ်..."
ရှားလော့ခ်က လက်ထဲ စာရွက်စာတမ်း တစ်ခု ကိုင်ရင်း ပြောလိုက်သည်။ "ငါတို့ရဲ့ အင်အားစု အားလုံးကို စုစည်းပြီး တိုက်ပွဲဆင်နွှဲဖို့ ပြင်ဆင်ပါ - ငရဲနဲ့ တိုက်ပွဲ တစ်ခု အတွက်ပေါ့။"
...
တစ်ရက် မှော်ကျောက်တုံး နှစ်တုံး ရနိုင်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ် လုပ်နိုင်ရန် အလှည့်ကျသဖြင့် ဂနိုင်သားမှာ ဝင်ပေါက်တွင် အလုပ်စဝင်ရန် စောင့်နေသည်။
သို့သော် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ် အတွက် မဖွင့်ထားပေ။
ဂိမ်းမာများနှင့် ဒေသခံ မြေအောက်လောက နေထိုင်သူ များစွာက အလုပ်စဝင်ရန် ဝင်ပေါက်တွင် စောင့်ရင်း လူစုနေကြသည်။
ဒေသခံ မြေအောက်လောက နေထိုင်သူများမှာ အများအားဖြင့် ဗင်းနစ်ဒန်ဂျင်မှ ဖြစ်ကြ၏။
လစာမှာ ဆွဲဆောင်မှု ရှိသောကြောင့် ခန့်အပ် ခံထားရသော အလုပ်သမားများမှာ အလုပ်စလုပ်ရန် အလောတကြီး ဖြစ်နေကြသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် တစ်ရက် အလုပ်လုပ်ခြင်းက တခြား နေရာတွင် သုံးရက် အလုပ်လုပ်ခြင်းနှင့် ညီ၏။ ဤဆောက်လုပ်ရေး လုပ်ငန်းခွင်သာ လစာမြင့်မြင့် ပေးနေသည်။
"ဘာဖြစ်လို့ ငါတို့ အလုပ် မစသေးတာလဲ..."
ဂနိုင်သား စနစ်၏ အသိပေးချက် အသံ ကြားလိုက်ရသည်။ ၎င်းတွင် ရေးသား ထားသည်မှာ -
[အပြည့်အဝ ဝန်ဆောင်မှု အရေးပေါ် မစ်ရှင်။ ဌာနေလုပ်သားများ နှင့်အတူ ချက်ချင်း ထွက်ခွာပါ။
မစ်ရှင်ဖော်ပြချက် - ငရဲမှနတ်ဆိုး နိုးထလာလေပြီ။ မြောက်ပိုင်း မြေအောက်လောက တစ်ခုလုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ခံရ နိုင်ပေသည်။ ကပ်ဆိုး မဆိုက်မှီ အမြန်ပြင်ဆင်ပါ။ ပထမဦးစွာ ဆောက်လုပ်ရေး လုပ်ငန်းခွင် အပြင်ရှိ ဌာနေတိုင်းရင်းသားများကို ကယ်တင်ပါ။
မစ်ရှင်ဆု - ဤသည်မှာ ဆက်တိုက် မစ်ရှင်များ၏ ပထမအဆင့် ဖြစ်၏။ ဂိမ်းမာများမှာ သူတို့၏ လုပ်ဆောင်ချက်အပေါ် မူတည်၍ ဆုချီးမြှင့်ခြင်း ခံရ ပေလိမ့်မည်။ အနိမ့်ဆုံးဆုမှာ ရွှေဒင်္ဂါး တစ်ပြား ဖြစ်၏။
မစ်ရှင်မှတ်စုများ - အလွန်အကျွံ သတိမထားပါနှင့်။ မစ်ရှင်ကို သင်၏ ပထမ ဦးစားပေးအဖြစ် သတ်မှတ်ပါ။ မစ်ရှင်များအတွင်း သေဆုံးမှုများ အတွက် မည်သည့် ပြစ်ဒဏ်မျှ ရှိလိမ့်မည် မဟုတ်ပေ။]
"မြန်မြန်။ ချက်ချင်း ထွက်။ ချက်ချင်း ထွက်ကြဟေ့။ လူတိုင်း၊ ငါ့ နောက်က လိုက်ခဲ့ကြ။" ဂိမ်းမာ တစ်ဦးက ကျယ်လောင်စွာ အော်ပြော လိုက်သည်။
ဂိမ်းမာ များစွာလည်း အော်ဟစ်စ ပြုလာကြသည်။
"မြန်မြန်။ ငါ့ နောက်လိုက်ခဲ့ကြ။ တစ်ခုခု ဖြစ်တော့မယ်။"
"ငရဲနတ်ဆိုး တစ်ပါးရဲ့ စစ်တပ် လာနေပြီဟ။ မင်းတို့ မထွက်ပြေးရင် အသတ် ခံရလိမ့်မယ်။"
"ငရဲနတ်ဆိုး စစ်တပ်က ငါတို့ရဲ့ မဟာမိတ်တွေ မဟုတ်လား။"
ဂိမ်းမာများ ပြုံးပြုံးကြီး အော်နေသဖြင့် ဌာနေတိုင်းရင်းသားများ ဇဝေဇဝါ ဖြစ်သွားကြသည်။
သူတို့က ထာဝရတိုင်းပြည်မှ သတ္တဝါများ ဘာလုပ်နေကြသည်ကို တွေးနေကြသည်။
သူတို့က အလုပ် လုပ်ကိုင်ရန် ထိုနေရာတွင် ရှိနေကြခြင်းမျှသာ။ မည်သို့သော အန္တရာယ်မျိုး ရှိလာနိုင်မည်နည်း။
စင်စစ် အန္တရာယ်မှာ ထာဝရတိုင်းပြည်မှ သတ္တဝါများထံမှ လာခဲ့ခြင်းသာ ဖြစ်နိုင်လောက်၏။
အထူးသဖြင့် လုံခြုံရေး အစောင့်အဖြစ် အလုပ်ဝင်နေသော ဂနိုမ်း မိုရိုးစ်ပင်။ သူ စစရောက်ချင်းတုန်းက လက်နက်တစ်ခု ကိုင်ထား၏။
ဖော်ရွေသော ငရဲစစ်တပ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ဤကြမ်းတမ်းသော အသွင်အပြင် ရှိသည့် ထာဝရတိုင်းပြည်မှ သတ္တဝါများက ပိုကြောက်ဖို့ ကောင်း၏။
ဂိမ်းမာများမှာ ဌာနေတိုင်းရင်းသားများ ဘာစဉ်းစားနေကြသည်ကို မသိပေ။
သူတို့က သူတို့၏ စကားများ ဌာနေ အမ်ပီစီများအပေါ် အကျိုးသက်ရောက်မှု မရှိဟုသာ ထင်သွားသည်။
ကြောင်အသွားခဲ့သော ဌာနေတိုင်းရင်းသားများက ဂိမ်းမာများ စနောက်နေသည်ဟုသာ ထင်ကြသည်။
ပိတ်ထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းမှ ပေါက်ကွဲသံ အကျယ်ကြီး တစ်ခု ကြားရသည်။
အစွမ်းပြင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ သကဲ့သို့ မြေငလျင် လှုပ်သွားပြီး ပိတ်ထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အပိုင်းပိုင်း အစစ လွင့်ထွက်သွားသည်။
ပြင်းထန်သော ပေါက်ကွဲမှုက မြေအောက်လောက နေထိုင်သူများကို ထိတ်လန့် သွားစေသည်။
သို့သော် ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ အတွက်မူ ယင်းက ဘာအကျိုးသက်ရောက်မှုမျှ မရှိပေ။
သူတို့က ကမ္ဘာ့အရဲရင့်ဆုံး စစ်သည်တော်များ ဖြစ်ပြီး သေခြင်းကိုပင် မကြောက်ရွံ့ကြပေ။ သူတို့ ကြောက်နေစရာ ဘာရှိဦးမည်နည်း။
"ပြေးကြ။"
"ငါနဲ့ အတူပြေးနော်။ ငါတို့ မင်းတို့ကို ထွက်ပြေးဖို့ ကူပေးမယ်။"
"မင်းတို့ မသေချင်ရင် ငါ့ နောက်လိုက်ခဲ့ကြ။"
ဌာနေတိုင်းရင်းသားများက ဂိမ်းမာများ၏ ခေါ်သံများကို လိုက်နာကြသည်။
သူတို့က ရောက်လာမည့် ဘေးအန္တရာယ်မှ လွတ်မြောက်ရန် အလျင်အမြန် ထွက်ပြေးတော့သည်။
၎င်းက ငရဲစစ်တပ်၏ ကျူးကျော်မှု သို့မဟုတ် တခြား ကြောက်မက်ဖွယ် ဘေးအန္တရာယ် ဖြစ်နိုင်လောက်သည်။
သူတို့က အသက်အန္တရာယ် ခြိမ်းခြောက် ခံနေရသည်ဟု ခံစားရသည်။
ထွက်ပြေးခြင်းမှာ သူတို့၏ ဦးစားပေး ရွေးချယ်မှုပင်၊
ဂိမ်းမာများက ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ဌာနေတိုင်းရင်းသားများအား ထွက်ပြေးရာတွင် ဝင်ကူညီ ပေးခဲ့ကြသည်။
တစ်ချိန်တည်းတွင်ပင် ဂိမ်း၏ တရားဝင် ဝက်ဘ်ဆိုက်သည်လည်း အပ်ဒိတ်ဖြစ်သွားသည်။