ရှားလော့ခ်၏ ဆင်ခြေ
Vol. 38 Ch. 564
[ဗားရှင်း ၁.၀၁ အပ်ဒိတ်မှတ်တမ်း]
"ချစ်လှစွာသော ဂိမ်းမာများ၊ အဖွင့်ဘီတာ အပ်ဒိတ်နေ့ ရောက်ရှိလာပါပြီ။ အဖွင့်ဘီတာ စမ်းသပ်မှု၏ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်သော ငရဲနတ်ဆိုး စစ်တပ်ကို ကြိုဆို လိုက်ကြပါစို့။
ဂိမ်းမာများက ဇာတ်လမ်းတွဲ ပြင်ဆင်ရေး မစ်ရှင်ကို လုပ်ဆောင် နိုင်ခဲ့ကြသည်။
နတ်ဆိုးဘုရင် မမ်မွန်၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်အစစ်ကို ဂနိုမ်း၏ လယ်ယာတွင် ရှာတွေ့ခဲ့သည်။
၎င်းက ရှေးဟောင်း နတ်ဘုရားများ၏ နေရာရွှေ့ပြောင်း ဝင်ပေါက်နှင့် ချိတ်ဆက်ရန် အကောင်းဆုံး နေရာ ဖြစ်နေသောကြောင့်ပင်။
နတ်ဆိုးဘုရင် မမ်မွန်မှာ ရှေးဟောင်း နတ်ဘုရားများ၏ ဖြားယောင်းခြင်းကို ခံလိုက်ရပြီး သူ၏ မျက်လုံးများတွင် အတ္တ လောဘများဖြင့် ပြည့်နှက် နေသည်။ မည်သည့် စကားလုံးကမျှ ထိုနတ်ဆိုးဘုရင်၏ စာရိတ္တပျက်ပြားမှုကို အပြည့်အဝ မဖော်ပြနိုင်လောက်ပေ။
အရှင်ရှားလော့ခ်မှာ ဂိမ်းမာများ အားလုံးထံမှ သတင်း အချက်အလက်များ စုစည်းပြီး မမ်မွန်၏ အစီအစဉ်ကို တားဆီး ရပ်တန့်ခဲ့သည်။
သူက မမ်မွန်၏ ဒန်ဂျင်အမြုတေ၊ အဆင့် ၄ အမြုတေ တစ်ခုကို ယူဆောင် သွားသည်။ မမ်မွန်က ထိုဒန်ဂျင်အမြုတေကို အသုံးချ၍ တခြား ဒိုင်မေးရှင်းနှင့် ချိတ်ဆက်ရန် စီစဉ်ထားသည်။ ဒန်ဂျင်အမြုတေဟောင်း တစ်ခုအား လယ်ယာမြေအောက်တွင် တွေ့ရသဖြင့် ၎င်းက ဒန်ဂျင် တစ်ခု ယခင်က တည်ရှိခဲ့ကြောင်း သက်သေအဖြစ် ယူဆနိုင်ပေသည်။
အရှင်ရှားလော့ခ်၏ ဤလုပ်ရပ် အားလုံးက မမ်မွန်ကို အမျက်ထွက် စေခဲ့သည်။ ထို့ကြောင့် ငရဲစစ်တပ်မှာ ထာဝရတိုင်းပြည်သို့ အဆောတလျင် ရောက်လာကြ ပေလိမ့်မည်။
သင်တို့၏ လက်နက်များကို ကိုင်စွဲပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်ပါ။ ထာဝရတိုင်းပြည်မှ စစ်သည်တော်များ၊ မြေအောက်လောက၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် နတ်ဆိုးဘုရင် မမ်မွန်၏ အမျက်ဒေါသကို ရင်ဆိုင်ကြပါ။"
၎င်းမှာ ရိုးရှင်းသော်လည်း တရားဝင် ဝက်ဘ်ဆိုက်ရှိ အပ်ဒိတ် ဂိမ်းဗားရှင်း ဖော်ပြချက်ပင်။ စာသားကြည့်ရသည်မှာ အပ်ဒိတ် ရေးသားသူက အလျင်လိုနေပုံ ရ၏။
ရှားလော့ခ်တွင် အသေးစိတ် အပ်ဒိတ် တစ်ခု ရေးသားရန် အချိန် မရှိပေ။ သူက မမ်မွန်၏ တခြား ဒိုင်မေးရှင်းမှ ပြန်ရောက်သည်နှင့် ဒန်ဂျင် ကာကွယ်ရေး အတွက် ဂိမ်းမာများကို အင်အား ဖြန့်ကျက်လိုက်သည်။ သူက မယုံနိုင်ဖွယ် ရတနာ တစ်ခုကို ယူဆောင် လာနိုင်ခဲ့သည်။
၎င်းမှာ ပျက်စီးနေသော ဒန်ဂျင်အမြုတေ တစ်ခု ဖြစ်၏။ ဒန်ဂျင်အမြုတေ တစ်ခု ဟုတ်သည်။
၎င်းမှာ ရှားလော့ခ် အပ်ဒိတ်တွင် ဖော်ပြခဲ့သော အဆင့် ၄ ဒန်ဂျင်အမြုတေပင်။
အကယ်၍ ၎င်းမှာ သာမန် အဆင့် ၄ ဒန်ဂျင်အမြုတေ တစ်ခုသာ ဆိုပါက နတ်ဆိုးဘုရင် မမ်မွန်က ထိုလယ်ယာကို သိမ်းပိုက်ရန် စွန့်စွန့်စားစား ပြုနေလိမ့်မည် မဟုတ်ပေ။
သို့သော် ၎င်းက ရှေးဟောင်း နတ်ဘုရားများနှင့် တစ်ချိန်က ချိတ်ဆက်ခဲ့သော ဒန်ဂျင်အမြုတေ တစ်ခု ဖြစ်နေ၏။
၎င်းမှာ ရှေးဟောင်း နတ်ဘုရားများနှင့် ဝိညာဉ်ချိတ်ဆက်ခြင်း ရှိခဲ့သော ဒန်ဂျင်အမြုတေ တစ်ခုလည်း ဖြစ်၏။
နှစ်သောင်းဂဏန်းအလွန် နှစ်များအကြာမှ ဖြစ်ခဲ့သော ရှေးဦးတိုက်ပွဲတွင် ရှေးဟောင်း နတ်ဘုရားများက အထက်တန်းစား နတ်ဆိုးများ စစ်တပ်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ရှေးဟောင်း နတ်ဘုရားများ စစ်တပ် ပြန်လည် ထွက်ပေါ်လာခြင်းကို ကာကွယ်ရန် ရှေးဟောင်း နတ်ဘုရားများနှင့် ချိတ်ဆက်ထားသော ဒန်ဂျင်အမြုတေများ အားလုံး ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ရှေးဟောင်း နတ်ဘုရားများမှာ အကျဉ်းထောင်များတွင် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဒန်ဂျင်အမြုတေ တစ်ခု မရှိဘဲ ထိုအကျဉ်းချ ခံထားရသော ရှေးဟောင်း နတ်ဘုရားများမှာ အကျဉ်းထောင်မှ ထောင်ဖောက် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က သူတို့၏ ယုံကြည်သူများအား ပုန်ကန်မှု တစ်ခု စတင်ရန် လှုံ့ဆော်ရုံသာ တတ်နိုင်ကြသည်။
ဒန်ဂျင်အမြုတေ တစ်ခုဖြင့်ဆိုလျှင် ရှေးဟောင်း နတ်ဘုရား ယုံကြည်သူများမှာ လုပ်ဆောင်နိုင်စွမ်း ပိုမြင့် လာပေလိမ့်မည်။ ယင်းက သူတို့ ဆောင်းတောင်ကုန်းမြို့ကို တိုက်ခိုက်ခဲ့ရသော အကြောင်းရင်းပင်။
ရှေးဟောင်း နတ်ဘုရားများ စစ်တပ်မှ နတ်ဆိုးများ အကြောင်းကို ပြန်တွေးမိသည့်အခါ ရှားလော့ခ်က ရှေးဟောင်း နတ်ဘုရားများနှင့် ဝိညာဉ်ချင်း ဆက်သွယ်ထားသော ယုံကြည်သူများ သူတို့၏ အစွမ်း မည်သို့ ရခဲ့သည်ကို နားလည်နိုင်ရန် ကြိုးစားခဲ့သည်။ သူက ဗဟိုချုပ်ကိုင်သူမှာ နတ်ဆိုးဘုရင် မမ်မွန် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့် ထားပေ။
နတ်ဆိုးဘုရင် မမ်မွန်က ဤအထူးဒန်ဂျင် အမြုတေကို ပြန်ယူနိုင်ရန် မည်သည့် အရာမဆို ပြုလုပ် ပေလိမ့်မည်။
ငရဲ၏ တခြား ဒိုင်မေးရှင်းနှင့် ချိတ်ဆက်မှုအား ဗင်းနစ်အနီးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဖွင့်ခဲ့သည်။ နတ်ဆိုးဘုရင် မမ်မွန်မှာ ဤကိစ္စရပ်ကို အသာတကြည် ခွင့်လွတ်မည် မဟုတ်ပေ။
၎င်းမှာ ရှားလော့ခ် မျှော်လင့်ထားသည့် အတိုင်းပင်။
ရှားလော့ခ်က တခြား ဒိုင်မေးရှင်းတွင် မမ်မွန်၏ လက်ထောက်ကို သတ်ခဲ့ပြီး အထူးဒန်ဂျင်အမြုတေကို ပြန်လုယူလာသည်။
အထူးဒန်ဂျင်အမြုတေအား ယခင်က ငရဲသို့ လမ်းပွင့်နေသော အက်ကွဲကြောင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် မြေအောက်တွင် ထားထားသည်။ ကြောက်မက်ဖွယ် အသံများက အက်ကွဲကြောင်းမှ ထွက်လာသည်။
နတ်ဆိုးဘုရင် မမ်မွန်၏ အစွမ်းထက်သော မာနာစွမ်းအင်မှာ ငရဲ အက်ကွဲကြောင်းကို ဆွဲချဲ့ နေသည်။
မာနာစွမ်းအင်က ပေါက်ကွဲမှုကြီး တစ်ခု ဖန်တီးလိုက်သဖြင့် လယ်ယာမြေမှာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အဆောက်အအုံများ အားလုံးမှာလည်း အငွေ့ပျံ သွားသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကျန်နေခဲ့သော ဌာနေတိုင်းရင်းသားများမှာမူ ထွက်ပြေးခွင့်ပင် မရလိုက်ဘဲ လေထဲ ပျောက်ကွယ် သွားကုန်၏။
ပြုံးနေသော ဂိမ်းမာများ နှင့်အတူ ထွက်ပြေးခဲ့သော ဌာနေတိုင်းရင်းသားများသာ ထိုဘေးအန္တရာယ်မှ လွတ်မြောက် ခဲ့ကြသည်။
ဂိမ်းမာများမှာ အမြဲတမ်း ပျော်ရွှင် နေတတ်ကြသော်လည်း မစ်ရှင်များ ထမ်းဆောင်သည့် အခါတွင်တော့ အလွန် အစွမ်းအစ ရှိကြသည်။
ဂိမ်းမာများက ထိတ်လန့်နေသော ဌာနေတိုင်းရင်းသားများကို သယ်ဆောင် ဆွဲငင်ကာ ဗင်းနစ်သို့ ပြန်သွားကြသည်။
သူတို့က ရယ်ရယ်မောမောဖြင့် အံ့ဩဖွယ်ရာ ကယ်ဆယ်ရေးမစ်ရှင် တစ်ခုကို အောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့ကြသည်။
အသက်ရှင် ကျန်ရစ်သူများ ထဲတွင် ကုန်သည် မဟာမိတ် အဖွဲ့မှ သတင်းထောက်များလည်း ပါကြသည်။ သူတို့က ဂိမ်းမာများ၏ မယုံနိုင်ဖွယ် ကယ်ဆယ်ရေး မစ်ရှင်ကို မျက်ဝါးထင်ထင် မြင်ခဲ့ကြရသည်။
သူတို့က ကျူးကျော်မှုကြီး တစ်ခုကိုလည်း တွေ့ခဲ့ကြသည်။
ငရဲမှ ကျူးကျော်မှုလာခြင်း။
မြေအောက်လောကနှင့် ငရဲတို့မှာ မတူညီသော အယူအဆ နှစ်ခု ဖြစ်၏။ မြေအောက်လောကတွင် ဂနိုမ်းများ၊ သံနက် လူပုများ၊ အော့ခ်များ၊ ဂိုဘလင်များနှင့် ဝံပုလွေ လူသားများ ကဲ့သို့သော အမျိုးမျိုးသော ဌာနေတိုင်းရင်းသားများ ရှိသည်။ ငရဲဘုံတွင်မူ အများစုက နတ်ဆိုးများ ဖြစ်ကြ၏။ မြေအောက်လောက တွင်လည်း နတ်ဆိုးများ ရှိသော်လည်း ငရဲနတ်ဆိုးများနှင့် မတူပေ။
ငရဲနတ်ဆိုးများမှာ နတ်ဆိုးဘုရင် မမ်မွန်၏ လက်အောက်ငယ်သားများ ဖြစ်ကြပြီး ဘုရင်၏ အမိန့်များကိုသာ လိုက်နာကြသည်။ ငရဲတွင် အဖွဲ့အစည်းများလည်း မရှိပေ။
ငရဲနတ်ဆိုးများမှာ ဒိုင်မေးရှင်း အက်ကွဲကြောင်းမှ တိုက်ခိုက် ပြေးဝင်လာပြီး လုပ်ငန်းခွင်၏ အပြင်ဘက် နယ်စပ်ရှိ နေရာရွှေ့ပြောင်း ဝင်ပေါက်ဆီသို့ ဦးတည် သွားကြသည်။
ရှားလော့ခ်က နေရာရွှေ့ပြောင်း ဝင်ပေါက်ကို မပိတ်ပစ်ခဲ့ပေ။
နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ပိတ်ပစ်ခဲ့လျှင်ပင် ငရဲနတ်ဆိုး စစ်တပ်က ထာဝရတိုင်းပြည်သို့ တခြားနည်းလမ်းများ သုံး၍ လာလိမ့်မည် ဆိုသည်ကို သူသိသည်။
မမ်မွန်က ထာဝရတိုင်းပြည် အပြင်ဘက်ရှိ နေရာရွှေ့ပြောင်း ဝင်ပေါက် အသစ်ကို မထိမခိုက် ချန်ထားပေးမည် မဟုတ်ပေ။
လိပ်တစ်ကောင်ကဲ့သို့ ပုန်းအောင်း နေမည့်အစား နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ဤအတိုင်း ထားလိုက်ခြင်းက ပိုကောင်းသည်။ ငရဲအက်ကွဲကြောင်းကို ပိတ်ဆို့ နိုင်သရွေ့ မမ်မွန်၏ အင်အားဖြည့်တင်းမှုများ ရပ်တန့်သွား ပေလိမ့်မည်။
ပုန်းအောင်းခြင်းမှာ ရှားလော့ခ်၏ ပုံစံ ဘယ်တော့မှ မဟုတ်ခဲ့ပေ။ မည်သို့ဆိုဆို ပုန်းအောင်း နေခြင်းမှာလည်း အသုံးမဝင်ချေ။ ထို့အပြင် ၎င်းက ရှားလော့ခ် အတွက် ငွေရှာဖွေရန် အခွင့်အရေး တစ်ခုလည်း ဖြစ်၏။
ရှားလော့ခ်မှာ ကုန်သည် မဟာမိတ် အဖွဲ့အား ထာဝရတိုင်းပြည်က ရူးသွပ်သော နတ်ဆိုးဘုရင် မမ်မွန်၏ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ခုခံကာကွယ် ခဲ့ကြောင်း ကြွားဝါ နိုင်ပေမည်။
"ဘာလဲ။ မင်း မမ်မွန်က ထာဝရတိုင်းပြည်ကို သွားသိမ်းပိုက်နေတယ်လို့ ပြောနေတာလား။ လာမနောက်နေနဲ့။ ထာဝရတိုင်းပြည်က အဲ့လောက် အရေးကြီးတာမို့လား။ နတ်ဆိုးဘုရင်မမ်မွန်က ကုန်သည် မဟာမိတ် အဖွဲ့ရဲ့ စည်းစိမ်ဥစ္စာတွေကို လိုချင်နေတယ် ဆိုတာကမှ ဟုတ်သေး။ နတ်ဆိုးဘုရင် မမ်မွန် ဘယ်လောက် လောဘကြီးလဲ ဆိုတာ ကြည့်ဦး။ သူက လောဘရဲ့ ပြယုဂ်ပဲကို။"
ရှားလော့ခ်မှာ သူ မည်သို့သော ဆင်ခြေမျိုး ပေးရမည် ဆိုသည်ကိုပင် စဉ်းစားထား ပြီးလေပြီ။