← Chapters

အလုပ်သမားသမဂ္ဂ၏ ဆန္ဒပြမှု

Vol. 38 Ch. 566

အလုပ်သမားသမဂ္ဂ၏ ဆန္ဒပြမှု

Vol. 38 Ch. 566

ဗိုလ်ချုပ် ချောကလက် လက်နက်ကိုင်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ထွက်လိုက်သည်နှင့် သူက ဂိမ်းမာများ၏ အမြင်တွင် ဘော့စ် အသေးစား တစ်ဦး ဖြစ်သွားကြောင်းကို မသိပေ။ ဂိမ်းမာတို့တွင် ဂိမ်းတွင်း အသိပေးချက် တစ်ခု တက်လာပြီး ၎င်းတွင် စာများ ရေးသား ထားသည် -

[မွန်းစတား အမည် - ရှေ့ပြေးနတ်ဆိုး တပ်ဖွဲ့၏ တပ်မှူး]

မွန်းစတား မိတ်ဆက် - ငရဲဘုံတွင် နေထိုင်သော နတ်ဆိုး တစ်ပါး။ သူတို့က မြေအောက်လောကမှ နတ်ဆိုးများနှင့် မတူပေ။ ထိုသူမှာ ပြင်းထန်သော လေ့ကျင့်မှုများကို ဖြတ်သန်းခဲ့ရပြီး မြေအောက်လောက နတ်ဆိုးများထက် များစွာ အစွမ်းသာလွန်သော နတ်ဆိုး တစ်ပါး ဖြစ်၏။

အဆင့် - ၁၀-၂၀

ဖြစ်နိုင်ခြေ ရှိသော လုယူပစ္စည်း - သူ လက်ရှိ အသုံးပြုနေသော ပစ္စည်း ကိရိယာများ။

မှတ်စုများ - တပ်မှူးမှာ အလွန် အစွမ်းထက်၏။ တပ်မှူးကို တစ်ဦးချင်း ယှဉ်ပြိုင် မတိုက်ခိုက်ပါနှင့်။

ဂိမ်းမာများမှာ စနစ် အသိပေးချက်ကို မြင်လိုက်သည့်အခါ စိတ်လှုပ်ရှား သွားကြသည်။

၎င်းမှာ အဖွင့်ဘီတာ ဂိမ်းမာ အများစုအတွက် ကမ္ဘာ့ဘော့စ် တစ်ဦးနှင့် တွေ့ဆုံမည့် ပထမဆုံး အကြိမ် ဖြစ်၏။

ကန့်သတ်ဒန်ဂျင် နယ်မြေတွင် ဘော့စ်များ ရှိနေသော်လည်း သူတို့ကို အဖွဲ့ဝင် ငါးဦး ပါဝင်သော အုပ်စုဖြင့် အနိုင်ယူနိုင်သည်။ ဝိညာဉ်ကောလိပ်ရှိ တပ်ဖွဲ့ လေ့ကျင့်ရေးကွင်းများ ပင်လျှင် ဂိမ်းမာ ၁၅ ဦး ကန့်သတ်ချက် ရှိသည်။

ဒုတိယနှင့် တတိယ ဘီတာမှ ဂိမ်းမာများမှာ ယခင် ကမ္ဘာ့ဘော့စ်များနှင့် တိုက်ပွဲများ အကြောင်း အချက်အလက်များကို ဖိုရမ်ပေါ်တွင် တင်ထားသည်။ အဖွင့်ဘီတာ စမ်းသပ်မှု စတင်ခဲ့သည်မှာ မကြာသေးသလို ဂိမ်းမာ အများစုမှာလည်း ဂိုဘလင်များ အဖြစ်သာ ရှိသေး၏။ သို့သော် သူတို့တွင် ကမ္ဘာ့ဘော့စ် တစ်ဦးနှင့် တွေ့ဆုံရန် အခွင့်အရေး ရှိလာသည်။

"ဒန်ဂျင်"မှာ ဂိမ်း၏ မြင့်မားသော လွတ်လပ်မှု အဆင့်အတန်း အတွက် နာမည်ကြီးသည်။ ဂိမ်းမာများမှာ ပစ္စည်းများကိုပင်လျှင် မိမိစိတ်တိုင်းကျ တီထွင် ဖန်တီး နိုင်ကြသည်။

ဂိုဘလင်များသာ ဖြစ်သည့်တိုင် ဂိမ်းထဲ၌ အားကောင်းသော အကျိုးသက်ရောက်မှု တစ်ခု ဖြစ်စေနိုင်သည်။

ဂိမ်းမာများတွင် အရည်အချင်းများ သို့မဟုတ် အမျိုးမျိုးသော စွမ်းရည်များ မရှားပေ။ ဂိမ်းမာများမှာ အိုတာခုများ သက်သက်သာ ဖြစ်လိမ့်မည်ဟု မယူဆသင့်ပေ။

အချို့ ဂိမ်းမာများမှာ အလွန် အစွမ်းအစ ရှိသော အိုတာကုများ ဖြစ်ကြ၏။

လေးများနှင့် မြှားပစ် ကိရိယာများ ပြုလုပ်ခြင်းမှာ အခြေခံစွမ်းရည်များ သက်သက်သာ ရှိသေး၏။

အစည်းအရုံးကြီးများ လိုအပ်သော အရာမှာ လောက်လွှဲကြီး ကဲ့သို့သော မြို့ရိုးဖျက် လက်နက်ကြီးများ တည်ဆောက် ပေးနိုင်သည့် အံ့ဩဖွယ် ဂိမ်းမာများပင်။

"ဒန်ဂျင်"မှာ လူမှုရေး အဆက်အသွယ်က အလွန် အရေးပါသော လက်တွေ့ကမ္ဘာကြီး တစ်ခုနီးပါး စစ်မှန်သည့် ဂိမ်း တစ်ခု ဖြစ်၏။

တစ်ကိုယ်တော် ဂိမ်းမာများမှာ အုပ်စုဖွဲ့ဂိမ်းမာများလောက် ဂိမ်းဆော့ရာတွင် ခရီးမတွင်နိုင်ပေ။ တစ်ကိုယ်တော် ဂိမ်းမာများမှာ ဂိမ်းဆော့ရာတွင် အခက်အခဲများစွာနဲ့ ရင်ဆိုင်ရသော်လည်း ယင်းသို့သော စိန်ခေါ်မှုများကို သဘောကျ ကြ၏။

တစ်ကိုယ်တော် ဂိမ်မာ တစ်ဦး၏ အစွမ်းအစမှာ အုပ်စု တစ်စုထက် ဘယ်တော့မှ ပိုမသာနိုင်ပေ။ အလွန်ချမ်းသာသော ဂိမ်းမာ အာသာ ကိုတော့ ခြွင်းချက်ဟု သတ်မှတ်ရမည်။

စစ်ပွဲသုံး စက်ယန္တရား တစ်ခုကို ကိုယ်တွယ် မောင်းနှင်နေသော အဆင့်နိမ့် ဂိုဘလင် တစ်ဦးပင်လျှင် အော့ခ် တစ်ရာ ပေါင်းထားသည်ထက် ပိုအစွမ်းထက်သည်။

အစည်းအရုံးကြီးတိုင်းက လယ်ယာကို သိမ်းပိုက်ရန် အကောင်းဆုံး အစီအစဉ်များကို ထုတ်ပြလာကြသည်။ သူတို့ အစည်းအရုံး နယ်မြေကို ရရန် အကောင်းဆုံး လုပ်ဆောင် ပြရမည်။

သူတို့က အသစ်ဆောက်ထားသော လောက်လွှဲကြီးများ၊ ကျောက်ပစ်စက်များနှင့် မရေမတွက်နိုင်သော အသေခံဗုံးခွဲသမား ဂိုဘလင်များကို အသုံးပြုခဲ့ကြသည်။ လူတိုင်းက လယ်ယာအတွင်းသို့ အရင်ဆုံး ပြေးဝင် တိုက်ခိုက်ပြီး ငရဲဘုံ နတ်ဆိုးများကို အနိုင်ယူကာ လယ်ယာမြေကို ဆုလာဒ်အဖြစ် ရလိုကြသည်။

ဤသည်မှာ မြေအောက်လောကအတွက် ပထမဆုံး အခမဲ့ ရနိုင်သည့် အစည်းအရုံး နယ်မြေ ဖြစ်၏။ အကယ်၍ သူတို့သာ နယ်မြေရနိုင်သည့် ဤအခွင့်အရေးကို ဆုံးရှုံးခဲ့ပါက ဘယ်အချိန်မှ မှော်ကျောက်တုံးများ အလုံအလောက် စုမိပြီး ကိုယ်ပိုင်နယ်မြေ ဝယ်နိုင်မည်ကို မည်သူ သိနိုင်မည်နည်း။

ဗိုလ်ချုပ် ချောကလက်မှာ ထိုဂိုဘလင်များ ရူးသွပ်နေကြသည် မသိပေ။ သူက ဤပျက်လုံးဆန်ဆန် ရှုံးနိမ့်နေမှုကို အဆုံးသတ်ရန်သာ တွေးလိုက်သည်။

သူက ဝိုင်းရံပိတ်ဆို့ထားသော ဂိုဘလင်များအား သူတို့၏ သွေးဖြင့် ပြန်ပေးဆပ် စေလိုခဲ့သည်။

ဗိုလ်ချုပ် ချောကလက် လယ်ယာမှ ထွက်သည်နှင့် မရေမတွက်နိုင်သော တိုက်ပွဲသုံး လက်နက်ကြီးများ၏ စုပြုံပစ်ခတ်ခြင်းကို ခံရသည်။

သူ ကျောက်တုံးကြီးများ၊ ဧရာမမြား များစွာဖြင့် တိုက်ခိုက်ခြင်း ခံရသည်။

သူ့ ခြေထောက်များတွင် သူ့ ပေါင်ရင်းအထိသာ အရပ်မှီသော ဟိန်းဟောက် ဟစ်ကြွေးနေသည့် ဂိုဘလင်များ ရှိနေသည်။

သူတို့က သူ့ပေါင်ကြားတွင် အဆက်မပြတ် ပေါက်ကွဲသည့် ထူးထူးဆန်းဆန်း ဗုံးများဖြင့် ချည်နှောင်သည်။

၎င်းတို့မှာ သာမန် ပေါက်ကွဲမှုများသာ ဖြစ်ခဲ့ပါက သည်းခံပေးနိုင်သည်။ သို့သော် ယင်းပေါက်ကွဲမှုတို့က သူ၏ ထိခိုက်လွယ်သော နေရာ အနီးတွင် ဖြစ်နေသည်။

ဗိုလ်ချုပ် ချောကလက်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ထိုပေါက်ကွဲမှုများမှာ သူ့အား ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု မပေးနိုင်သော်လည်း ယားယံမှုမှာ သည်းမခံနိုင်စရာပင်။

ဗိုလ်ချုပ် ချောကလက်မှာ တိုက်ခိုက်မှု အမျိုးမျိုးကို ခုခံကာကွယ်ရင်း သူ့ရှေ့မှ ပိုးမွှားကောင်များကို လက်နက် လွှဲယမ်းပြီး သတ်သည်။ ရံဖန်ရံခါ အော့ခ်အချို့ ရှိနေ၊ မရှိနေကိုပင် ဂရုမစိုက်ပေ။

အခြေအနေမှာ ထူးဆန်းလှ၏။ ဂိုဘလင် အုပ်စုများက ငရဲဘုံ နတ်ဆိုးများ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံနေရသည့်တိုင် အဆက်မပြတ် ပြေးဝင် တိုက်ခိုက် နေကြသည်။ ငရဲဘုံ နတ်ဆိုးများမှာ ထာဝရတိုင်းပြည်ကို ကျူးကျော် လိုခဲ့သော်လည်း ထိုအဆုံးမရှိသော ဂိုဘလင် လှိုင်းများက အနှောင့်အယှက် ပေးနေသည်။

ဂိုဘလင်များ၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ပုံရိပ်များက ကုန်သည် မဟာမိတ် အဖွဲ့နှင့် တခြားသော ဒန်ဂျင်များ၏ အာရုံစိုက်မှုနှင့် သနားမှုကို ရသွားသည်။

အရေးကြီးဆုံးအချက်မှာ ဂိုဘလင် အလုပ်သမား သမဂ္ဂ၏ စီမံခန့်ခွဲရေးဌာနက အလွန် စိုးရိမ်နေခဲ့ခြင်းပင်။

"ကြည့်ကြပါ။ ဒါက ဗင်းနစ် အပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲပဲ။ ငရဲဘုံက နတ်ဆိုးဘုရင် မမ်မွန်က ဂိုဘလင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတယ်။ ဂိုဘလင်တွေက သူတို့ ဝင်မပါဝင်သင့်တဲ့ တိုက်ပွဲထဲ ဘာဖြစ်လို့ ဝင်တိုက်ခိုက် နေကြလဲ ဆိုတာတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ငရဲဘုံက နတ်ဆိုးတွေက ဘာကိုမှ မထည့်တွက်နေတာ အမှန်ပဲ။" ရှားလော့ခ်က ကုန်သည် မဟာမိတ် အဖွဲ့ ကိုယ်စားလှယ်၊ အော့ခ်နှင့် ဂနိုမ်း စီမံခန့်ခွဲရေးနှင့် ဂိုဘလင် စီမံခန့်ခွဲရေး၏ အရေးကြီး တိုင်ကြားသူများအား ပြောလိုက်သည်။

"အရှင် ရှားလော့ခ်၊ အရှင်က ဒီဂိုဘလင်တွေကို သေတွင်းပို့ထားတာ မဟုတ်ဘူးလို့ ပြောချင်တာလား။" ဂိုဘလင် တစ်ဦးက သူ၏ မျက်မှန်ကို ညှိရင်း မေးလိုက်သည်။

"ဟုတ်လည်း ဟုတ်သလို မဟုတ်လည်း မဟုတ်ဘူး ငါ့ သူငယ်ချင်း။ မင်း ငါ့ ဒန်ဂျင်မှာ တွေ့တဲ့သူကို သွားမေးနိုင်တယ်။ မင်းကို ဖြစ်ရပ်မှန်ကို ပြောပြမယ့် ဂိုဘလင်တွေ အများကြီး ရှိတယ်။ ငါ သူတို့ကို ဒီအန္တရာယ်ကနေ ရှောင်ဖို့ အမိန့်ပေးခဲ့တာ၊ ဒါပေမဲ့ သူတို့က ထာဝရတိုင်းပြည်ကို ကာကွယ်ချင်ကြတယ်။ သူတို့က ခုခံတိုက်ခိုက်ပြီး သေဆုံးရမှာကို မကြောက်ကြဘူး။" ရှားလော့ခ်က ယင်းက အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အတိုင်း ပြောလိုက်သည်။

ဂနိုမ်း တစ်ဦး ထမေးသည်။ "အရှင်ရှားလော့ခ်၊ အရှင်မမ်မွန်က အရှင် သူ့ နယ်မြေကနေ ပစ္စည်းဥစ္စာတွေ ခိုးယူခဲ့တယ်လို့ တိုင်ကြားထားပါတယ်။ အဲ့ဒါ အမှန်ပဲလား။ သူက အဲ့ဒါကြောင့် အရှင့်ကို တိုက်ခိုက်ဖို့ သူ့ ငရဲဘုံက နတ်ဆိုးတွေကို စေလွှတ် ခဲ့တာလား။"

"နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီက ဆုံးဖြတ်ချက်တစ်ခု ချပေးလိမ့်မယ်လို့ ငါ ယုံတယ်။ ငါ နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီဆီကို အသေးစိတ် အစီရင်ခံ စာတစ်စောင် တင်သွင်းထားပြီးပြီ၊ ဒါကြောင့် မင်းတို့ ဒီအချက်အတွက် စိတ်မပူနဲ့။ ငါ ဒါ အားလုံးကို မြေအောက်လောကရဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ လုပ်နေတာ။" ရှားလော့ခ်က ဖြောင့်မတ်စွာ ပြန်ပြောသည်။

လူအုပ်မှာ ရှားလော့ခ် စကားကို သဘောတူစွာ ခေါင်းညိတ် လိုက်ကြသည်။ ထို့နောက် အော့ခ် တစ်ဦးက ပြောသည်။ "အရှင်ရှားလော့ခ်၊ ကုန်သည် မဟာမိတ် အဖွဲ့က အရှင့်ဒုက္ခကို စာနာပါတယ်။ ကျွန်တော်တို့ အရှင်မမ်မွန်ကို ကန့်ကွက်ထား ပြီးပါပြီ။ ဘာအကြောင်းပြချက်တွေပဲ ရှိရှိ ဗင်းနစ် အပြင်ဘက်က ကျူးကျော်မှုဖြစ်ရပ်က ဒေသခံ နေထိုင်သူတွေကို ထိတ်လန့် စေခဲ့ပါတယ်။ ကျွန်တော်တို့ ကုန်သည် မဟာမိတ် အဖွဲ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးခဲ့တဲ့ အရှင့်ကိုလည်း လျော်ကြေး ပေးပါ့မယ်။ အရှင် ငရဲဘုံ နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုကို ခုခံ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။"

"ရပါတယ်၊ ဒါပေမဲ့ ငါတို့ ဒန်ဂျင်ကို ပို့ပေးရမယ့် ပစ္စည်းလျော်ကြေး အချို့တော့ လိုတယ်။ ငရဲဘုံ နတ်ဆိုးတွေက ကြောက်စရာ ရန်သူတွေပဲ။"

ရှားလော့ခ် မကျေမနပ် ပြောလိုက်သည်။ "သက်သေတွေက မမ်မွန်ရဲ့ လုပ်ရပ်က စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြောင်း သက်သေ ထူပါလိမ့်မယ်။ ငါ၊ ရှားလော့ခ်၊ ပြီးတော့ ထာဝရတိုင်းပြည်က နိုင်ငံသားတွေက ငါတို့ရဲ့ စွန့်လွှတ် စတေးမှုတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေး ရပါလိမ့်မယ်။"

All Chapters