← Chapters

သူကောင်းမျိုးများ၏ အိမ်ထောင်ရေး ဆက်သွယ်မှု ဂိမ်း

Vol. 38 Ch. 567

သူကောင်းမျိုးများ၏ အိမ်ထောင်ရေး ဆက်သွယ်မှု ဂိမ်း

Vol. 38 Ch. 567

ရှားလော့ခ်မှာ မမ်မွန်၏ ငရဲဘုံ နတ်ဆိုးစစ်တပ်နှင့် ထိပ်တိုက် မတိုက်ခိုက်ပေ။ သူ အလျင်မလိုနေပေ။ ဂိမ်းမာများမှာ လယ်ယာကို ဝိုင်းရံထားသော်လည်း သူတို့က ပြေးဝင် တိုက်ခိုက်ခြင်းတော့ မပြုကြ။ အကယ်၍ နတ်ဆိုးများသာ သူတို့၏ ကာကွယ်ရေး စည်းများကို ထိန်းသိမ်းထားပါက ဂိမ်းမာများမှာ လယ်ယာအတွင်းသို့ ဝင်ရောက်နိုင်ရန် နည်းလမ်း မရှိချေ။ ထို့အပြင် ရှားလော့ခ်မှာ မှော်အမြောက်များ ပါဝင်သော ယာဉ်ပျံကြီးနှင့် ဂန်ဒမ် ကဲ့သို့သော သူ၏ ပွဲသိမ်းလက်နက်များကိုလည်း မဖြန့်ထား။

ရှားလော့ခ်က အလုပ်သမားသမဂ္ဂနှင့် ကုန်သည် မဟာမိတ် အဖွဲ့ကို ဆက်သွယ်လိုက်သည်။

သူ အကျိုးအမြတ်များ ရနိုင်လောက်သည်။

ဤဗျူရိုကရေစီ လမ်းကြောင်းများနှင့် ဆက်ဆံခြင်းမှာ အချိန်ကြာသော်လည်း ၎င်းမှာ ရှားလော့ခ် အတွက် ပြဿနာ တစ်ခု မဟုတ်ပေ။ ဂိမ်းမာများ ရှေ့တန်းတွင် တိုက်ပွဲဝင်နေစဉ် သေဆုံးမှု တစ်ခုစီတိုင်းကို မှတ်တမ်း တင်ထားပြီး ဗီဒီယိုသက်သေ အထောက်အထားများလည်း ရှိနေပေလိမ့်မည်။ ရှားလော့ခ်မှာ ၎င်းမှာ ဒုက္ခများသည်ဟု မထင်ပေ။

သေဆုံးမှု တစ်ခုစီတိုင်းကို မှော်ကျောက်တုံးများဖြင့် လျော်ကြေး ရပေလိမ့်မည်။

ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ မိမိကိုယ်ကို အကျိုးမဲ့ စတေးနေကြရခြင်း မဟုတ်ချေ။ အကယ်၍ ငရဲဘုံ နတ်ဆိုးများသာ ဗင်းနစ်မြို့ကို ဝင်ဖျက်စီးသွားပါက ၎င်းမှာ ကုန်သည် မဟာမိတ် အဖွဲ့အတွက် အတော်အတန် ဆုံးရှုံးမှု ကြီးမားသွား ပေလိမ့်မည်။

မမ်မွန်မှာ ဒန်ဂျင်အမြုတေကို ပြန်ရယူရန် ဆုံးဖြတ်ထားသည်။ သူက ကုန်သည် မဟာမိတ် အဖွဲ့ကို ရန်ငြိုးဖွဲ့ မိလျှင်ပင် ထာဝရတိုင်းပြည်ကို ဆက်လက် တိုက်ခိုက်ပြီး ရှားလော့ခ်ထံမှ ဒန်ဂျင်အမြုတေကို ပြန်ယူ ပေလိမ့်မည်။

ကုန်သည် မဟာမိတ် အဖွဲ့နှင့် အလုပ်သမား သမဂ္ဂ နှစ်ခုလုံး မမ်မွန်ကို ဖိအားပေးနေခဲ့သည့်တိုင် သူက လက်နက်ချရန် ရည်ရွယ်ချက် မရှိပေ။

၎င်းမှာ အချိန်တစ်ခုမျှသာ ဖြစ်၏။

မမ်မွန်က မိုက်ကယ်အိန်ဂျယ်လို မဟုတ်ပေ။ သူ့တွင် မိုက်ကယ်အိန်ဂျယ်လို ကဲ့သို့ မြေအောက်လောကကို အုပ်ချုပ်နိုင်စွမ်း မရှိချေ။

ရှားလော့ခ်မှဆီ ရောက်နေသည့် အဆင့် ၄ ဒန်ဂျင်အမြုတေကို ပြန်ယူရန်မှာ ခက်ခဲသည့်အခြေအနေ ဖြစ်၏။

"အရှင်ရှားလော့ခ်၊ တကယ်လို့ အရှင်က မမ်မွန်ဆီကနေ ရှေးဟောင်း နတ်ဘုရား ဒန်ဂျင်အမြုတေကို ခိုးထားတာ မြေအောက်လောက,က သိသွားရင် ကုန်သည် မဟာမိတ် အဖွဲ့နဲ့ အလုပ်သမားသမဂ္ဂ နှစ်ခုစလုံး အရှင့်နဲ့ ပူးပေါင်း ဆောင်ရွက်တော့မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သေချာတယ် မြောင်။" ပိုလီယိုက ရှားလော့ခ် ရှေ့တွင် ထိုင်ကာ တောက်ပနေသော ဒန်ဂျင်အမြုတေကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"အရှင်ရှားလော့ခ်၊ ကြောင်ကလေး ပြောသွားတာ သဘာဝကျပါတယ်။" ဖီးနစ်လည်း သဘောတူလိုက်သည်။

"မင်းတို့ ဘာပြောချင်လဲ ဆိုတာ ငါ နားလည်တယ်၊ ဒါပေမဲ့ ဒီဒန်ဂျင် အမြုတေက ငါ့အတွက် အရမ်း အသုံးဝင်တယ်။"

ရှားလော့ခ်က မေးစေ့ ပွတ်ကာ သူ့ ဒန်ဂျင်အမြုတေ ဘရုကို လှမ်းကြည့်လိုက်သည်။

"ငါ မင်းကို ဒီဒန်ဂျင်အမြုတေ ပေါင်းစပ်ခွင့် ပေးလိုက်ရင် ဘာဖြစ်လာမှာလဲ။"

"အရှင်ရှားလော့ခ်၊ မနောက်ပါနဲ့ဗျာ။ အရှင် တကယ်ပဲ အဲ့လို လုပ်ချင်လို့လား။ ကျွန်တော် ရှေးဟောင်း နတ်ဘုရား တစ်ပါး ဖြစ်ချင် ဖြစ်လာမှာပေါ့။ ကျွန်တော် ထင်တာ ပြောတာပါ။"

ဘရု စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။ "အရှင်ရှားလော့ခ်၊ အရှင် နောက်ဆုံးတော့ နားလည်သွားပြီပဲ။ မြေအောက်လောက သတ္တဝါတွေနဲ့ ဂိမ်းဆော့နေလို့ အနာဂတ် မရှိဘူးဗျ။ အရှင့်မှာ ကမ္ဘာ့ အရဲရင့်ဆုံး စစ်သည်တော်တွေနဲ့ ရဲရင့်ပြီး ဉာဏ်ထက်တဲ့ လက်ထောက် တစ်ယောက် ရှိတယ်။ ဒုတိယ မိုက်ကယ်အိန်ဂျယ်လို မဖြစ်လာနိုင်စရာ အကြောင်း မရှိဘူးဗျ။"

ရှားလော့ခ်က သူ နားလည်ကြောင်း ခေါင်းညိတ် ပြလိုက်သည်။

"ငါတို့ ဒီကိစ္စကို ဂရုတစိုက် ကိုင်တွယ်ရမယ်။" ရှားလော့ခ် တစ်ကိုယ်ကြား ရေရွတ် လိုက်သည်။

...

ဗစ်တိုးရီးယားမြို့တွင်။

"ရှားလော့ခ် ဘာလုပ်နေတာလဲ။ ငါ မမ်မွန်က ထာဝရတိုင်းပြည်နဲ့ တိုက်ခိုက်နေတယ်လို့ ကြားတယ်။ ဘာလို့ မမ်မွန်က ဒီလောက်တောင် ရဲတင်းနေတာလဲ။" လေဒီလီလိုက ပလ္လင်ပေါ်တွင် ထိုင်ကာ ဟမ်းစတား သုံးကောင်အား စိုက်ကြည့်ရင်း မေးလိုက်သည်။

"မဟုတ်မှလွဲရော အရှင်ရှားလော့ခ် အရူးထနေတာလား"

"ကျွန်တော်တို့ အရှင်မမ်မွန်နဲ့ ဆက်သွယ်သင့်လား။"

"ထမင်း စားချိန် ရောက်ပြီလား။"

ဘော့စ်အကြီး ဟမ်းစတားက ဝတုတ်အိုတာကု၏ နောက်စေ့ကို ရိုက်ကာ ဆူပူလိုက်သည်။ "ညီငယ်လေး၊ ငါ မင်းကို သတိပေးထားတယ် မလား။ လေဒီလီလို ရှေ့မှာ အစားအသောက်အကြောင်း မပြောနဲ့ဟ။ မဟုတ်ရင် သူ ဗိုက်ဆာလာလိမ့်မယ်။"

"ဒါပေမဲ့ ငါ ဗိုက်ဆာနေတယ်လေ..."

"ဘာ သောက်ကျိုးနည်းလဲ..."

ဟမ်းစတား နှစ်ကောင် ငြင်းခုံရန် ကြိုးစားနေစဉ် လေဒီလီလိုက စားပွဲကို ထုကာ ပြောလိုက်သည်။ "အခုက ငြင်းခုံနေဖို့ အချိန် မဟုတ်ဘူး။ ရှားလော့ခ်အတွက် အန္တရာယ်ရှိတယ်။ သူ့ ရန်သူက လူငယ်လေး တစ်ယောက် မဟုတ်ဘူး၊ အဲ့ဒါက နတ်ဆိုးဘုရင် မမ်မွန်ပဲ။"

"အရှင်ရှားလော့ခ်က ကျွန်တော်တို့ကို မဆင်မခြင် မလှုပ်ရှားဖို့ ပြောထားတယ်ဗျ။ သူက ကျွန်တော်တို့ကို အရှင်မမ်မွန်ကို သွားမရှာ စေချင်ဘူး။" ဒုတိယ‌ဘော့စ် ခဏမျှ ချီတုံချတုံ ဖြစ်ပြီးနောက် ပြောသည်။

သို့သော် လီလိုက စားပွဲကို ထုနှက်ကာ အော်သည်။ "သူ့ကို အရှင်လို့ မခေါ်နဲ့ဟဲ့။"

"အရှင်ရှားလော့ခ်ကို ပြောတာလား ဒါမှမဟုတ် အရှင်မမ်မွန်လား။" ဒုတိယ‌ဘော့စ် အံ့ဩတကြီး ဖြစ်ကာ ဘော့စ်အကြီးကို ခပ်တိုးတိုး ကပ်မေးသည်။

"မမ်မွန်ပေါ့ဟ၊ သူက ငါတို့ရဲ့ ရန်သူ ဖြစ်သလို ငါတို့ သခင်ရဲ့ အနှောင့်အယှက် တစ်ခုပဲလေ။"

ဘော့စ်အကြီး ဟမ်းစတားမှာ ထက်မြက်သော ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိသည်။

"ရှားလော့ခ် ဘာဆက်လုပ်မှာလဲ။" လီလို ဒေါသထွက် နေခဲ့သည်။ သို့သော် သူမ စိတ်လျှော့လိုက်ပြီး ဟမ်းစတား သုံးကောင်အား မေးလိုက်ရာ သူတို့က ခေါင်းခါ ပြကြသည်။ သူတို့လည်း ရှားလော့ခ်၏ ရည်ရွယ်ချက်ကို မသိကြပေ။

"ဒါပေမဲ့ သခင်မ၊ ကျွန်တော်တို့ ကျွန်တော်တို့နဲ့ ယခုမှ ပူးပေါင်းခဲ့တဲ့ လူသားတွေအပေါ် ပိုစိုးရိမ်သင့်တယ်လို့ ခံစားရတယ်။ သူတို့ အပိုအလုပ်တွေ အများကြီး လုပ်နေကြတယ်ဗျ။" ဘော့စ်အကြီး စိုးရိမ်စွာ ပြောလိုက်သည်။

လီလို မျက်မှောင် ကြုတ်ကာ မေးသည်။ "ဘာဖြစ်လို့လဲ။"

"သူတို့က သူတို့ရဲ့ နယ်မြေတွေမှာ လူသားနေထိုင်သူတွေ ပိုနေဆံ့အောင် ရွာသားတွေကို အိမ်တွေနဲ့ လမ်းတွေ တည်ဆောက်ဖို့ နေ့တိုင်း ကူပေးနေကြတယ်။ သူတို့ အချင်းချင်းတောင် တိုက်ခိုက် ခဲ့ကြသေးတယ်။ ဗစ်တိုးရီးယား တောအုပ်ရဲ့ နယ်နိမိတ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှု တွေလည်း ရှိတယ်။ ဒါပေမဲ့ ဒါက အရေးကြီးတဲ့ အချက် မဟုတ်သေးဘူး။"

ဘော့စ်အကြီး အသက်ပြင်းပြင်း ရှူသွင်းကာ ပြောလိုက်သည်။ "သူတို့က အနီးပတ်ဝန်းကျင်က သူကောင်းမျိုးတွေနဲ့ ထိမ်းမြားပေါင်းစည်းမှုတွေ လုပ်လာကြပြီဗျ။"

"ထိမ်းမြှားပေါင်းစည်းမှုတွေတဲ့လား။" လီလို စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ဘော့စ်အကြီး ခေါင်းညိတ်ကာ ပြန်ပြောသည်။ "ဟုတ်တယ်၊ ထိမ်းမြှားပေါင်းစည်းမှုတွေပဲ။ ဗစ်တိုးရီးယားမြို့က ဂိမ်းမာတွေက သူတို့ရဲ့ ချောမော ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ကို အသုံးချပြီး သူကောင်းမျိုးတွေရဲ့ သမီးပျိုတွေကို ဖြားယောင်းခဲ့ကြတယ်။ ဟုတ်တယ်။ ခန့်ညားတယ်ဆိုတာက သူတို့ဖာသာသူတို့ တွင်တွင် ပြောတာပါ။"

"အဓိက အချက်က အဲ့ကသမီးပျိုတွေနဲ့ လက်ထပ်ပြီးသွားရင် သူတို့က သူကောင်းမျိုးတွေရဲ့ မျိုးနွယ်စု ဆက်ခံသူတွေကို သူတို့ ဇနီးတွေ အလှည့် မရောက်မချင်း အကုန် လုပ်ကြံကြရောပဲ။"

"ဒါက မကောင်းဘူးလား။ ဒါက နယ်မြေတွေ အဓမ္မ သိမ်းပိုက်ဖို့ ထိရောက်တဲ့ နည်းလမ်း တစ်ခုပဲကို။" ဒုတိယ‌ဘော့စ်က မျက်ခုံးမြှင့်ကာ စိတ်လှုပ်တရှား ပြောလိုက်သည်။ သူက ဤဗစ်တိုးရီးယား မြို့သားများ ထိုသို့သော ပရိယာယ် တစ်ခု စဉ်းစားနိုင်ခြင်း အတွက် ဂုဏ်ယူ နေသည်။

"ကျွန်တော်အပေါ် အကျိုးသက်ရောက်မှု မရှိရင် ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့က အဲ့လိုလှည့်စားတဲ့အခါ ဗစ်တိုးရီးယားမြို့ရဲ့ နာမည်ကို ခုတုံး လုပ်ကြတယ်လေ။ သူတို့ရဲ့ လုပ်ရပ်တွေက ပတ်ဝန်းကျင်က သူကောင်းမျိုးတွေနဲ့ ကျွန်တော်တို့ ကြားက ဆက်ဆံရေးကို ထိခိုက် ပျက်စီးစေလို့ပါ။" ဘော့စ်အကြီး စိုးရိမ်စွာ ပြောလိုက်သည်။

All Chapters