← Chapters

ဘယ်လောက် စိတ်ထားကောင်းတဲ့ ကြီးကြပ်ရေးမှူးပေနည်း။

Vol. 38 Ch. 568

ဘယ်လောက် စိတ်ထားကောင်းတဲ့ ကြီးကြပ်ရေးမှူးပေနည်း။

Vol. 38 Ch. 568

ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျမှာ ဗစ်တိုးရီးယားမြို့ လမ်းပေါ်တွင် လျှောက်သွား နေသည်။ သူ အရင်တစ်ခေါက် မြို့သို့ လာလည်တုန်းက လမ်းများမှာ ရွှံ့များဖြင့် ပြုလုပ်ထားသဖြင့် မိုးရွာပြီးနောက် ရွှံ့အိုင်များ ဖြစ်သွားတတ်သည်။

သို့သော် ယခုမူ လမ်းများကို ကျောက်ပြားများဖြင့် ခင်းထားပြီး လမ်းငယ်လေးများကိုမူ ကျောက်စရစ်ခဲများဖြင့် ခင်းထားသည်။ လမ်းများ ပေါ်တွင် လမ်းလျှောက်ရသည်မှာ ခြေထောက် နာသော်လည်း ယင်းတို့က အခြားမြို့၏ လမ်းအများစုထက် ပိုဆွဲဆောင်မှု ရှိသည်။ ဗစ်တိုးရီးယား မြို့သားများမှာ လမ်းအသစ်များ ဆက်ခင်းပြီး မြို့ပတ်ဝန်းကျင်ကို လှပအောင် ပြုလုပ် နေကြသည်။

ဘုရင်မ ဗစ်တိုးရီးယားမှာ သန့်ရှင်းမှုကို နှစ်သက်သူ တစ်ဦး ဖြစ်ကြောင်း ထင်ရှား၏။ ထိုသို့ မဟုတ်ပါက သူမက မြို့သန့်ရှင်းရေး လုပ်ရန် ဤမျှ များပြားသော အလုပ်သမားများ လွှတ်ထားလိမ့်မည် မဟုတ်ပေ။

ထိုအရာမှာ သူ့အထင်ပင်။ သို့သော် သူက အက်လ်ဖ်များနှင့် ဖယ်ရီ များစွာလည်း ထိုအလုပ်ကို လုပ်နေကြကြောင်း သူ တွေ့သည့်အခါ အတွေးနက်သွားသည်။

အက်လ်ဖ်များနှင့် ဖယ်ရီများမှာ သူတို့၏ လူမျိုးစုများနှင့် ပိုကိုက်ညီသော အလုပ်များ မလုပ်နေသင့်သလော။ ဥပမာအားဖြင့် ပစ္စည်းများ အစွမ်းသွင်းခြင်း သို့မဟုတ် ဆေးဖော်စပ်ခြင်းတို့ပင်။ သူတို့ကို ထိုအောက်တန်းကျသည့် အလုပ်များ လုပ်ဆောင်စေခြင်းမှာ သူတို့၏ အရည်အချင်းများကို ဖြုန်းတီးရာ ကျသည်ဟု သူ ခံစားရသည်။

အက်လ်ဖ်များနှင့် ဖယ်ရီများမှာ မြို့ကို လှပအောင် ပြုလုပ်ရာတွင် သာမက သစ်ခုတ်ခြင်းနှင့် သစ်လုံး သယ်ခြင်း တို့တွင်လည်း ပါဝင် နေကြသည်။

ဤဖြစ်စဉ်မှာ သူ၏ နားလည်မှုနှင့် လုံးဝ ဆန့်ကျင် နေသည်။ သူ၏ ယခင်တကြိမ် အလည် လာရောက်မှုတွင် ဗစ်တိုးရီးယားမြို့၌ အချိန်ကြာကြာ မနေခဲ့ရပေ။ ဤတစ်ကြိမ် သူ မြို့တွင် နေတာ ကြာလေလေ သူက ၎င်းကို ပို ထူးဆန်းလေလေဟု ခံစားရသည်။

ပုံမှန်အားဖြင့် မာနကြီးသော လူမျိုးစုများမှာ ပုံမှန်အတိုင်း မပြုမူ နေကြပေ။

ဥပမာအားဖြင့် အက်လ်ဖ် တစ်ဦးက ပစ္စည်း ကိရိယာ တစ်စုံရရန် လူသား တစ်ဦးကို သူ၏ ဖခင်အဖြစ် ဒူးထောက် အသိအမှတ် နိုင်သည်။

ယခင်က ဂျော့ခ်ျမှာ ထိုသို့သော အရာမျိုး ဖြစ်နိုင်လိမ့်မည်ဟု မယုံကြည်ထားပေ။ သို့သော် ယင်းက သူ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသော မြင်ကွင်းပင်။ အထူးဆန်းဆုံး တစ်ခုမှာ အက်လ်ဖ် တစ်ဦးက ဂျော့ခ်ျအား သူကောင်းမျိုး တစ်ဦးနှင့် လက်ဆက်ပေးရန် တောင်းဆိုခဲ့ခြင်းပင်။

သူ လက်ဆက်လိုသည်က မျိုးနွယ်စု ဆက်ခံခွင့် ရှိသော သူကောင်းမျိုး အမျိုးသမီးနှင့် ဖြစ်၏။

တောင်းဆိုလာသူ အက်လ်ဖ်မှာ အမျိုးသမီး ဖြစ်၏။

ဂျော့ခ်ျက သူမ၏ လိင်ကြောင့် တောင်းဆိုချက်ကို ငြင်းပယ် လိုက်သည့်အခါ အက်လ်ဖ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်သည်။ "ဘာ သောက်ကျိုးနည်းလဲဟ။ ငါ အမျိုးသား ဇာတ်ကောင် တစ်ခု ရွေးခဲ့သင့်တာ။"

ဂျော့ခ်ျမှာ အစပိုင်းတွင် စိတ်ထဲမထားပေ။ သို့သော် ထိုအဖြစ်အပျက်မှာ ရေတံခါး တစ်ခု ဖွင့်လှစ်လိုက် သကဲ့သို့ ဖြစ်သွားပြီး ဗစ်တိုးရီးယားမြို့သား များစွာက တူညီသော အရာကို တောင်းဆို လာကြသည်။

ဂျော့ခ်ျမှာ သူတို့အတွက် သင့်တော်သော ဖူးစာဖက်များ ရှာပေးခဲ့ရသည်။ ရုတ်တရက် ဂျော့ခ်ျမှာ ဗစ်တိုးရီးယားမြို့တွင် အိမ်ထောင်ဖက် ရှာဖွေပေးသူ တစ်ဦး ဖြစ်သွားသည်။

သူကောင်းမျိုး တစ်ဦး အနေဖြင့် ဂျော့ခ်တွင် အဆက်အသွယ်ကောင်းများ ရှိသည်။ သူက ဗစ်တိုးရီးယားမြို့သို့ ဘက်ပြောင်း သွားသဖြင့် နတ်ဘုရား တိုင်းပြည်၏ ခေါင်းဆောင်များကို မကျေမနပ် ဖြစ်စေခဲ့သော်လည်း သူကောင်းမျိုးများမှာ သူ့နှင့် ဆက်ဆံရန် ဆန္ဒ ရှိနေဆဲပင်။

ဗစ်တိုးရီးယားမြို့မှ အက်လ်ဖ်များ၊ ဖယ်ရီများနှင့် လူသားများမှာ ဆွဲဆောင်မှု ရှိကြသည်။

လူသား သူကောင်းမျိုးများ အတွက် အက်လ်ဖ် ဇနီး တစ်ဦးနှင့် လက်ထပ်ရခြင်းမှာ ဂုဏ်ရှိ၏။ မျိုးနွယ်စု ဆက်ခံမှုတွင် နောက်ဘက်ကျသဖြင့် အပယ်ခံထားရသော သူကောင်းမျိုး အမျိုးသမီးများလည်း ရှိသည်။ သူတို့တွင် ဆက်ခံသူ ဖြစ်ရန် အခွင့်အရေး မရှိသောကြောင့် သူတို့က ခန့်ညားသော ခင်ပွန်း တစ်ဦးနှင့် လက်ထပ် ထိမ်းမြှားရန် ဆန္ဒရှိသည်ထက် ပိုသည်။

ဟုတ်ပါတယ်၊ သူတို့၏ ခင်ပွန်းများလည်း အက်လ်ဖ်များဖြစ်ပါက အကောင်းဆုံးပင်။

ရက်အနည်းငယ်အတွင်း ဂျော့ခ်ျမှာ ဆွဲဆောင်မှု ရှိသော အက်လ်ဖ်များကို အလားအလာ ရှိသော အိမ်ထောင်ရေးများ အတွက် သူကောင်းမျိုး မျိုးနွယ်စု အနည်းငယ်နှင့် မိတ်ဆက် ပေးနိုင်ခဲ့သည်။

ဂျော့ခ်ျမှာ ဗစ်တိုးရီးယားမြို့တွင် သူကောင်းမျိုး ဖြစ်နေပြီး ဖြစ်သောကြောင့် သူ့ ကြိုးပမ်းမှုအတွက် မည်သည့် ဆုလာဒ်မျှတော့ မရခဲ့ပေ။ သူ့ကို လာရှာသော သူများက ဗစ်တိုးရီးယားမြို့မှ သူကောင်းမျိုးများ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုပြီး သူ့ကို သူတို့၏ နယ်မြေများသို့ ခေါ်သွားကြသည်။

နယ်မြေပိုင်ရှင်များမှာ သူကောင်းမျိုးများသာ ဖြစ်နိုင်သောကြောင့် ဂျော့ခ်ျမှာ သူတို့၏ နောက်ခံများကို သံသယ မဝင်ပေ။

ကိစ္စများက ဂျော့ချ်ကို မထင်ထားသလို ပြဿနာ တက်လာစေတော့သည်။

ဗစ်တိုးရီးယား မြို့သားများ သူကောင်းမျိုး မျိုးနွယ်စုသို့ လက်ထပ် ဝင်ရောက်ပြီးနောက် သူကောင်းမျိုးများ၏ ဆက်ခံသူများမှာ လျှို့ဝှက် ဆန်းကြယ်စွာ သေသွားကြသည်။

ဗစ်တိုးရီးယား မြို့သားများ၏ ခင်ပွန်းများ သို့မဟုတ် ဇနီးများမှာလည်း တိတ်ဆိတ် သွားကြသည်။ လူများက သူတို့၏ မင်္ဂလာဦးည အကြောင်း မေးကြည့်သည့် အခါတိုင်း သူတို့က စိတ်ဓာတ်ကျ၊ စိတ်ဆတ်ကာ ဒေါသထွက် လာတတ်ကြ၏။ သူတို့ မျက်ရည် တပေါက်ပေါက်ကျအောင် ငိုပင် ငိုသွားတတ်သည်။

မည်သူမျှ ဘာဖြစ်ပျက်ခဲ့သည်ကို မသိခဲ့သလို မေးမြန်းဝံ့ခြင်းလည်း မရှိပေ။

ဗစ်တိုးရီးယား မြို့သားများ၏ အိမ်ထောင်ရေးတိုင်းက တစ်ပုံစံတည်း အဆုံးသတ် နေရပါက ၎င်းမှာ တိုက်ဆိုင်မှု တစ်ခုသာ မဖြစ်နိုင်တော့ပေ။

ထိုအရာမှာ ဗစ်တိုးရီးယား မြို့သားများတွင် ပြဿနာများ ရှိနေသည်ဟု ဆိုလို၏။

သူကောင်းမျိုးများမှာ ဗစ်တိုးရီးယား မြို့သားများနှင့် သူတို့၏ ပတ်သက်မှုကို ပြန်ဖြတ်တောက် ကြသည်။ အသေးစား တိုက်ပွဲငယ်များပင်လျှင် စဖြစ်ပွား လာသည်။

သူကောင်းမျိုးများအပေါ် သစ္စာခံသော သူရဲကောင်းများက လက်နက်များ ကိုင်ဆွဲကာ ဗစ်တိုးရီးယား မြို့သားများကို သတ်ကြသည်။

ထို့နောက် ဗစ်တိုးရီးယား မြို့သားများမှာလည်း ပြန်လက်စားချေကြသည်။

သတ်ဖြတ်ခြင်းများ၊ လက်စားချေခြင်းများမှာ ထပ်ခါထပ်ခါ ဖြစ်ပွားသည်။

ဗစ်တိုးရီးယား မြို့သားများကို စတိုက်ခိုက်ခဲ့သော သူကောင်းမျိုးများမှာ သနားစရာ အခြေအနေ ရောက်သွားကြသည်။

ဗစ်တိုးရီးယား မြို့သားများက ထိုသူကောင်းမျိုးများ၏ နယ်မြေများထဲ အစုလိုက်အပြုံလိုက် ဝင်ရောက်ကာ ပြန်ခုခံသော လက်အောက်ငယ်သား အားလုံးကို သတ်ပေလိမ့်မည်။ အကယ်၍ လက်အောက်ငယ်သားများ ပြန်မခုခံပါက သူတို့ကို ချည်နှောင် ဖမ်းဆီးကာ ဗစ်တိုးရီးယား မြို့သားပိုင် နယ်မြေများဆီ ပြန်ခေါ်သွားပြီး သူတို့၏ ကိုယ်ပိုင်နိုင်ငံသားများ အဖြစ် သွပ်သွင်းခြင်း ခံရ ပေလိမ့်မည်။

ဗစ်တိုးရီးယား မြို့သားများက သူတို့၏ ရန်သူများကို နိုင်ငံသားများ ဖြစ်စေရန်သာ ဖမ်းသွားခြင်းဟု မည်သူ ယုံနိုင်မည်နည်း။ သူတို့က အခွန်များ ကောက်ခံရန် နိုင်ငံသားများကို အလုပ် လုပ်ခိုင်းခဲ့ကြသည်။

ဂျော့ခ်ျက သူတို့၏ အပြုအမူကို ခွင့်မလွှတ်နိုင်ဟု ခံစားရသည်။

သူကောင်းမျိုး အသိုင်းအဝိုင်းတွင် ဂျော့ခ်ျ၏ ဂုဏ်သတင်းမှာ ကျဆင်း သွားသည်။ သူ နောက်ထပ် အိမ်ထောင်ဖက် ရှာဖွေပေးသူ မဖြစ်နိုင်တော့ပေ။

အနီးအနားရှိ သူကောင်းမျိုးများမှာ ဗစ်တိုးရီးယား မြို့သားများကို ယင်ကောင်များကို မုန်းတီး သကဲ့သို့ပင် မုန်းတီးခဲ့ကြသည်။

သို့သော် ဒုက္ခ ရောက်ခဲ့ကြသူများမှာ သူကောင်းမျိုးများသာ ဖြစ်ကြ၏။

သူကောင်းမျိုးများက ဇိမ်ခံဘဝဖြင့် နေထိုင်နိုင်ရန် သာမန် လူများကို ဖိနှိပ် ထားခဲ့ကြသည်။

သာမန် လူများ ထုတ်ဖော်ပြောကြသည်က ရှားသော်လည်း သူတို့က သူကောင်းမျိုးများ၏ အပြုအမူကို မနှစ်မြို့ကြပေ။

သူတို့နှင့်ဆန်ကျင်စွာပင်... ဗစ်တိုးရီးယားမြို့ရှိ သူကောင်းမျိုးများမှာ သဘောထား ကြီးကြသည်။ သူတို့က သာမန် လူများအပေါ် သတ်မှတ် စည်းမျဉ်းများအတိုင်းသာ တိတိကျကျ အခွန်ကောက်ကြသည်။

သူတို့ ကောက်ခံခဲ့သော အခွန်များမှာလည်း ဇိမ်ခံနေထိုင်ရန် အတွက် မဟုတ်ပေ။ ထိုအခွန်များကို အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ပြန်အသုံးပြုသည်။ အကယ်၍ အိမ်များက ယိုင်နဲ့၍ အန္တရာယ်ရှိနေ သို့မဟုတ် အမြင်မလှပနေ ဆိုပါက သူတို့က ထိုအခွန်များကို သုံး၍ ပြန်ပြုပြင်ခြင်း သို့မဟုတ် အိမ်အသစ်များ တည်ဆောက်ပေးခြင်းတို့ လုပ်ပေးကြ ပေလိမ့်မည်။

ဘယ်လောက်တောင် စိတ်ထားကောင်းတဲ့ ကြီးကြပ်ရေးမှူးပင်နည်း။။

All Chapters