← Chapters

ဗစ်တိုးရီးယား မြို့သားများနှင့် သူကောင်းမျိုးများ ကြားမှ စစ်ပွဲ

Vol. 38 Ch. 570

ဗစ်တိုးရီးယား မြို့သားများနှင့် သူကောင်းမျိုးများ ကြားမှ စစ်ပွဲ

Vol. 38 Ch. 570

ဂိုဘလင်အုပ်စု တစ်စုကို နတ်ဆိုးများက ခေါ်လာကြသည်။ ဂိုဘလင်များမှာ သူတို့၏ ခေါင်းပေါ်မှ အစိမ်းရောင်အမည်များအရ ထာဝရတိုင်းပြည်မှ ဖြစ်ကြောင်း ထင်ရှား၏။

"တပ်မှူး၊ သူတို့ တိုက်ပွဲအတွင်းမှာ ကျွန်တော်တို့ စခန်းကို ပြေးဝင်လာကြတယ်၊ ဒါပေမဲ့ သူတို့က လက်နက်မဲ့ ဖြစ်နေလို့ ကျွန်တော်တို့ သူတို့ကို မသတ်ခဲ့ဘူး။ သူတို့ မြေပေါ်မှာ ဒူးထောက်ပြီး အသနားခံ ခဲ့ကြတယ်။" နတ်ဆိုးစစ်သား တစ်ဦးက ပြောလိုက်သည်။ ချောကလက်မှာ သူတို့ ဘာတွေ စဉ်းစားနေကြသည်ကို အတိအကျ သိသည်။

ချောကလက်က အလွန် စိုးရိမ် နေသည်။ နတ်ဆိုးများမှာ အားကုန်သုံး တိုက်ခိုက်ခဲ့လျှင်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကာကွယ်ထားနိုင်မည် မဟုတ်ပေ။ ထို့အပြင် သူတို့က ယခုရန်သူ၏ ဖိနှိပ်ခြင်းကို ခံနေရသည်။

အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် သူက ယခင်ကကဲ့သို့ အင်အားသုံး ထိုးဖောက်မည့် အစား သတင်း အချက်အလက်များ ရယူပြီး အစီအစဉ် တစ်ခု ဆွဲရမည်။

ဗိုလ်ချုပ် ချောကလက်ပင်လျှင် သူ့ဗျူဟာကို လက်လျှော့လိုက်သည်။ သူက ဤအဖမ်းခံထားရသော ဂိုဘလင်များနှင့် သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။

ချည်နှောင် ခံထားရသော ဂိုဘလင်များကို သူ့ဆီ ခေါ်လာကြသည်။

"တပ်မှူး၊ ဒါတွေက ဖမ်းမိထားတဲ့ ဂိုဘလင်တွေပဲ။ သူတို့ထဲက အများစုက ရန်လိုကြလို့ လူနည်းနည်းပဲ ကျန်နေတာ။ ဂိုဘလင် အများစုက စိတ်မမှန်ပုံပဲ။ ပုံမှန်အကျဉ်းသားတွေနဲ့ မတူကြဘူး။ ကျွန်တော်တို့ အဲ့ဒီ ပုံမှန်မဟုတ်တဲ့ အကျဉ်းသားတွေကို သတ်ထားတယ်။"

"ပုံမှန်မဟုတ်တဲ့ အကျဉ်းသားတွေဆိုတာ ဘာကို ဆိုလိုတာလဲ။" ဗိုလ်ချုပ် ချောကလက်က မေးလိုက်သည်။

နတ်ဆိုးစစ်သားက အဒါမန်တိုင်း ကျောက်ဝိုင်းတုံး တစ်တုံးကို ထုတ်လိုက်ရာ ကျောက်တုံးမှ ပုံရိပ်များ ပေါ်လာသည်။ ပုံရိပ်များက အဖမ်းခံထားရသော ဂိုဘလင်များ ရယ်ရယ်မောမောဖြင့် ထူးဆန်းသော စကားများ ပြောနေသည်ကို ဖော်ပြနေသည်။

"အမလေး၊ စစ်ဆင်ရေး အောင်မြင်ခဲ့တယ်ဟ။ ဖိုရမ်ပေါ်က သတင်းက မှန်တယ်။"

"ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ ချက်ချင်း ဘက်ပြောင်းသင့်သလား။"

"ငါ ဝန်ခံတယ်။ ငါ အားလုံးကို ဝန်ခံပါမယ်။ ငါ မင်းတို့ကို ထာဝရတိုင်းပြည်ရဲ့ မြေပုံ ပေးမယ်။"

"ငါ့ကို နတ်ဆိုးစစ်တပ်ကို ဝင်ခွင့်ပေးပါ။ ငါ နတ်ဆိုးစစ်တပ်ကို လေးစားတယ်။ ကျေးဇူးပြုပြီး ငါ့ကို ဝင်ခွင့်ပေးပါ။"

"ကျွန်တော်တို့ နယ်မြေကို ဝင်လာတဲ့ ဂိုဘလင်တွေက ထူးထူးဆန်းဆန်း လျှောက်ပြောနေကြတာ။ ဘေးကင်းရေးအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကျွန်တော်တို့ သူတို့ အားလုံးကို သတ်ခဲ့တယ်။"

နတ်ဆိုးစစ်သားက ခြေထောက်ဖြင့် ဂိုဘလင်များကို ညွှန်ကာ ပြောလိုက်သည်။ "ဒါတွေက ကျန်တဲ့ ဂိုဘလင်တွေပဲ။ သူတို့က ပုံမှန်ပုံ ပေါက်တယ်။"

စစ်သားပြောခဲ့သည့် အတိုင်းပင် ကျန်နေသည့် ဂိုဘလင်များမှာ ကြောက်ရွံ့နေပြီး မည်သည့် ဆူညံသံမျှ မထွက်ကြပေ။ ပုံမှန် ဂိုဘလင်များလည်း ထိုအတိုင်းသာ ဖြစ်နေသင့်သည်။

အဖမ်းခံထားရသော ဂိုဘလင် တစ်ဦးက မည်သို့ဖြင့် ဤမျှ စကားများနိုင်မည်နည်း။

စစ်ပွဲစတင်ကတည်းက ထာဝရတိုင်းပြည်မှ ဂိုဘလင်များမှာ ပုံမှန်ဂိုဘလင်များကဲ့သို့ မဟုတ်ခဲ့ကြပေ။ သို့သော် ဗိုလ်ချုပ် ချောကလက်မှာ ထိုသို့သော အရာများကို မစဉ်းစားမိခဲ့ချေ။

သူ ဂိုဘလင်များကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ သူ မထင်ထားသော သတင်း အချက်အလက် အချို့ ရကောင်း ရပေလိမ့်မည်။

ဗိုလ်ချုပ် ချောကလက် ဆန္ဒပြည့်ခဲ့သည်။

...

မြေပေါ်ကမ္ဘာရှိ စည်းလုံးညီညွတ်နေသော သူကောင်းမျိုးများမှာ ထာဝရတိုင်းပြည်တွင် ဘာတွေ ဖြစ်နေသည်ကို မသိကြပေ။ မြေအောက်လောကမှာ သူတို့နှင့် အလွန် ဝေးကွာ နေသည်။ သူတို့၏ အဓိက ဦးစားပေးကိစ္စမှာ ကြောက်မက်ဖွယ် ဗစ်တိုးရီးယား မြို့သားများကို ကိုင်တွယ်ရန်ပင်။

သူတို့ အချင်းချင်း မဟာမိတ်ဖွဲ့ပြီး စုစည်းနိုင်သမျှ စစ်သားများ အားလုံးကို စုစည်းခဲ့ရာ စစ်သား ၁၀,၀၀၀ ကျော် စုနိုင်ခဲ့သည်။

သူကောင်းမျိုး သူရဲကောင်း ၁၀၀ ကျော်က သူတို့ နယ်မြေများကို အဓမ္မ သိမ်းပိုက်ယူခဲ့သော ဗစ်တိုးရီးယား မြို့သားများကို ပြန်တွန်းလှန် တိုက်ခိုက်ရန် စစ်တပ်ကို ဦးဆောင်ခဲ့သည်။

သူတို့၏ အစီအစဉ်နှင့် နည်းဗျူဟာများမှာ ရိုးရှင်း၏။ ဗစ်တိုးရီးယား မြို့သားများ ပြန်ဆုတ်ခွာသည်နှင့် သူတို့က နောက်ကျ ကျန်နေသော ဗစ်တိုးရီးယား မြို့သားများကို ဝင်သတ်ကြပေလိမ့်မည်။

ဗစ်တိုးရီးယား မြို့သားများက နယ်မြေများကို သိမ်းပိုက်ပြီးပြီးချင်း အရင်ဦးဆုံး ပြုလုပ်ခဲ့သည့်အရာမှာ လက်နက်စုစည်းပြီး၊ လူအင်အား ဖြည့်တင်းကြခြင်းပင်။ ဗစ်တိုးရီးယား မြို့သားများမှာ စစ်သည် အရေအတွက် များပြားသောကြောင့် သူတို့က သာမန် လူများကို စစ်သည်အဖြစ် စုဆောင်းထားခြင်း ဖြစ်နိုင်သည်။

ဗစ်တိုးရီးယား မြို့သားများ အနေဖြင့် သူတို့ပိုင် နယ်မြေထဲတွင်သာ တစ်သက်လုံး နေသွားရန် မဖြစ်နိုင်ပေ။ သူတို့ နယ်မြေ တိုးချဲ့ ရပေဦးမည်။ သူကောင်းမျိုးများ၏ တွက်ဆချက်အရ ဗစ်တိုးရီးယား မြို့သား ရာဂဏန်းမှ ထောင်ဂဏန်း အနည်းငယ်အထိသာ နယ်မြေတွင် အစောင့်အကြပ် ကျန်နေပေလိမ့်မည်။

သူတို့ ထိုဗစ်တိုးရီးယား မြို့သားများကို တတိတိ ချေမှုန်းသွားနိုင်သရွေ့ ရန်သူ့ထံတွင် တပ်ဖွဲ့များ ကုန်သွား ပေလိမ့်မည်။

သူတို့ အစောင့် ကျန်နေသော ဗစ်တိုးရီးယား မြို့သားများက သူကောင်းမျိုးများဆီ ကျူးကျော်ခဲ့သော အုပ်စုနှင့် မတူကြကြောင်းကို သူတို့ မသိချေ။ နယ်မြေ အစောင့်ကျန်ခဲ့သည့် အင်အားစုများမှာ ဗစ်တိုးရီးယားမြို့ အစည်းအရုံးဝင်များ ဖြစ်ကြ၏။

ခုခံရေးစည်းရှိ ဗစ်တိုးရီးယားသားများမှာ အစည်းအရုံးဝင်များပင်။ သူကောင်းမျိုးများ၏ နယ်မြေကို သိမ်းပိုက်ပြီးသည်နှင့် ထိုမြေနေရာမှာ သူတို့အစည်းအရုံး၏ နယ်မြေ ဖြစ်လာလိမ့်မည်။ အခကြေးငွေ တချို့ ပေးချေပြီးသည်နှင့် ရက်ရောသော ဘုရင်မ ဗစ်တိုးရီးယားက အစည်းအရုံး၏ ဥက္ကဌအား နိုဘယ်ဘွဲ့ တစ်ခု သတ်မှတ် ပေးပေလိမ့်မည်။

ယင်းက အရေးမကြီးပေ။ တိုက်ပွဲက အနှေးနှင့်အမြန် ဖြစ်ကို ဖြစ်လာရပေလိမ့်မည်။

သူကောင်းမျိုးများ၏ အားကောင်းသော စစ်တပ်က အစည်းအရုံးပိုင် နယ်မြေများကို လွယ်လွယ်ကူကူ ပြန်သိမ်းပိုက် နိုင်ခဲ့သည်။

ဂိမ်းမာများက မြို့တံတိုင်းများနှင့် ခံတပ်များကို တည်ဆောက်ရန် အခွင့်အရေး မရရှိမီမှာပင် သူကောင်းမျိုးများ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

ဂိမ်းမာများ ပြင်ဆင်ထားသော ကုန်ကြမ်းများ၊ လက်နက်များနှင့် ချပ်ဝတ်များက သူကောင်းမျိုးများ အတွက် စစ်နိုင် လုယူပစ္စည်းများ ဖြစ်သွားသည်။

သူကောင်းမျိုးများ အတွက် သိမ်းယူရရှိသော စစ်နိုင် ပစ္စည်း ကိရိယာများမှာ သတ္တုအစအနများသာ ဖြစ်ကြသော်လည်း ယင်းတို့က သာမန်လူများကို လက်နက် တပ်ဆင်ပေးရန်တော့ လုံလောက်သည်သာ။

အောင်ပွဲ များစွာ ရလာပြီးနောက် သူကောင်းမျိုးများ၏ ယုံကြည်မှုမှာ မြင့်တက်လာခဲ့သည်။

သူတို့က ဗစ်တိုးရီးယား တပ်မတော်၏ နောက်မှ ချုံခိုတိုက်ခိုက်ခြင်း မခံရသရွေ့ အောင်ပွဲမှာ သူတို့၏ လက်တစ်ကမ်း အကွာတွင်သာ။ နယ်မြေများကို စောင့်ရှောက်ရန် ကျန်နေခဲ့သော ဗစ်တိုးရီးယား မြို့သားများမှာ အသတ်ခံရရန် စောင့်ဆိုင်းနေကြသော အကူအညီမဲ့ သိုးများ ကဲ့သို့ပင်။

ဗစ်တိုးရီးယား မြို့သားများက သူကောင်းမျိုးများနှင့် တိုက်ခိုက်သည့် အခါ ထွက်ပြေး နိုင်ကြသော်လည်း သူတို့က ထွက်ပြေးရန် ဆန္ဒမရှိပေ။ သူတို့၏ နယ်မြေများ ပိုင်ဆိုင်လိုသော ပြင်းပြသည့် ဆန္ဒက သူတို့ကို ဆင်ခြင်ဉာဏ် မဲ့စေခဲ့သည်။

သူကောင်းမျိုးများပင်လျှင် လူတစ်ယောက် အသက်ရှင်နေသရွေ့ ပြန်လည် ထူထောင်နိုင်သည် ဟူသော နိယာမကို နားလည်ကြသည်။

သူကောင်းမျိုးများမှာ ကြာကြာ‌ မပျော်လိုက်ရပေ။ သိပ်မကြာမှီမှာပင် သူတို့ ဗစ်တိုးရီးယား မြို့သားများ၏ အဆက်မပြတ် ဝင်တိုက်ခိုက်မှုနှင့် ကြုံရတော့သည်။

သူကောင်းမျိုးများ ဗစ်တိုးရီးယား တောအုပ်ဆီ ဦးတည်၍ ချီတက်သွားရာ နယ်မြေများ ပြန်သိမ်းပိုက် နိုင်ခဲ့သည်။ သာမန်လူများအား စစ်မှုထမ်း စုစည်းပြီး လက်နက် ကိရိယာများ ကုန်ကြမ်း ပစ္စည်းများ ပိုစုမိလာသည်။ ယင်းက သူတို့၏ စစ်ချီတက်နှုန်းကို နှေးကွေး သွားစေသည်။

သူတို့က စစ်ရေးညီလာခံ တစ်ခုဖြင့် ဆွေးနွေးအပြီးတွင် လျှင်လျှင်မြန်မြန် စစ်ချီနိုင်ရန် စစ်ပစ္စည်း များစွာအား စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူတို့က ဗစ်တိုးရီးယား မြို့သားများ သိမ်းပိုက်ထားသော နယ်မြေများကို လွယ်လွယ်ကူကူ ဆက်ကျူးကျော်နိုင်မည်ဟု ထင်နေစဉ်တွင် စစ်တပ်ကြီး တစ်ခုက ဗစ်တိုးရီးယား တောအုပ်၏ နယ်စပ်မှ ထွက်လာတော့သည်။

All Chapters