← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄) တောက်ယင်နည်းပညာနှင့် ဝိညာဉ်စွမ်းအင်။ တာ့ဖုန်း၏ ခေါင်းဆောင်အသစ်။ (၃)

သို့သော် အုပ်ချုပ်ရေးမှူးဖေက ဆရာစူးကို ကိုယ်တိုင်လာရှာပြီး စစ်သူကြီးဟုန်နေရာမှာ အစားထိုးဖို့ ပြင်ဆင်ခြင်းသည် စူးချန်ခုန်း၏ ခွန်အားသည် ဟုန်ကျန်းရှန့်၏ ခွန်အားထက် သေချာပေါက် မနိမ့်ကျကြောင်း ဆိုလိုပါသည်။

“ဒေါက် ဒေါက် ဒေါက်”

အုပ်ချုပ်ရေးမှူးဖေက ညအချိန်မှ လာရောက်လည်ပတ်ဖို့ ရွေးချယ်ခြင်းဟာ ထုံးစံအတိုင်း သူ၏လှုပ်ရှားမှုများကို ဖုံးကွယ်ထားဖို့ဖြစ်သည်။ သူက တစ်ချက်ကြည့်ကာ တိဟန်အား ရှေ့ကိုသွားပြီး တံခါးခေါက်ရန် အချက်ပြပြီးနောက် မမှိတ်မသုန် စောင့်ဆိုင်းနေခဲ့သည်။

“ကျွီ”

မကြာမီတွင် တံခါးပွင့်လာပြီး ထိုနေရာ၌ ပေါ့ပေါ့ပါးပါး အဖြူရောင်ဝတ်စုံဖြင့် စူးချန်ခုန်း ရပ်နေလေ၏။

“အုပ်ချုပ်ရေးမှူးဖေ”

စူးချန်ခုန်းသည်လည်း ဖေယန်ကို တံခါးဝတွင် မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

ဖေယန်သည် စူးချန်ခုန်း ရှိနေတာကို သိနေတာကြာပြီဖြစ်သော်လည်း နှစ်ဦးသား အရင်တစ်ခေါက်ကသာ တွေ့ဆုံခဲ့ကြသည်။ ယခု ဖေယန်က သူ့ထံ ကိုယ်တိုင်လာရောက်တွေ့သောကြောင့် အရေးကြီးကိစ္စတစ်ခုရှိမှန်း စူးချန်ခုန်း သိလိုက်သည်။

“နောက်ကျမှ လာလည်မိလို့ တောင်းပန်ပါတယ် ဆရာစူး။ အထဲမှာ စကားပြောလို့ရမလား။” ဖေယန်က အနည်းငယ်နောင်တရစွာ ပြောလိုက်သည်။

“ရပါတယ်ခင်ဗျ။ အုပ်ချုပ်ရေးမှူးဖေ…ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။”

စူးချန်ခုန်းက ခေါင်းညိတ်ပြီး ဖေယန်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

တိဟန်ကတော့ အထဲသို့ မလိုက်လာဘဲ မူမမှန်သောကိစ္စများ မရှိစေရန်အတွက် အိမ်တော်ဝင်ပေါက်တွင် ကင်းစောင့်နေခဲ့သည်။

အိမ်တော်ဧည့်ခန်းမတွင် စူးချန်ခုန်းနှင့် ဖေယန်တို့ ထိုင်လိုက်ကြသည်။

“အုပ်ချုပ်ရေးဖေ..ဘာအကြောင်းကြောင့်များ ရောက်လာရတာလဲခင်ဗျ။” စူးချန်ခုန်းက ဖေယန်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း မေးလိုက်သည်။

စူးချန်ခုန်းက လိုရင်းကို တည့်မေးနေတာကိုမြင်တော့ ဖေယန်ကလည်း ဝေ့လည်ကြောင်ပတ် လှုပ်မနေတော့ဘဲ ပြောလိုက်သည်။ “ဆရာစူးလည်းသိတဲ့အတိုင်းပဲ ကျန်းရှန့်က ထွက်သွားပြီ။ ဝံပုလွေရိုင်းမျိုးနွယ်စု မကြာသေးမီက လှုပ်ရှားနေတာကြောင့် စစ်ပွဲကြီးတစ်ခု နီးကပ်လာနေပြီ။ ကျန်းရှန့်မရှိရင် တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားလိမ့်မယ်။ ကျွန်တော် တောင်းဆိုချင်တာက…ဆရာစူး သူ့နေရာမှာ အစားထိုးပေးဖို့ပါ။”

ဖေယန်ရဲ့ စကားတွေက စူးချန်ခုန်းကို အံ့အားသင့်စေခဲ့သည်။

ဟုန်ကျန်းရှန့်ဟာ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အထင်ရှားဆုံး စစ်သည်တော်ဖြစ်သလို သံမဏိမြင်းတပ်တစ်ခုလုံးရဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုတဲ့ စစ်သူကြီးလည်းဖြစ် လေးစားခံထိုက်တဲ့ စစ်သူကြီးဟုန်လည်း ဖြစ်သည်။ တစ်ချိန်က လူရိုင်းထောင်ပေါင်းများစွာကို တစ်ယောက်တည်းသတ်ဖြတ်ခဲ့တဲ့ ဟုန်ကျန်းရှန့်မရှိဘဲ ဝံပုလွေရိုင်းမျိုးနွယ်စုနဲ့ စစ်ပွဲပြန်လည်ဖြစ်ပွားခဲ့ရင် ရန်သူတွေရဲ့စိတ်ဓာတ်တွေ မြင့်တက်လာမှာ သေချာပေမယ့် သူတို့ရဲ့စိတ်ဓာတ်တွေကတော့ ထိခိုက်မှုရှိမှာဖြစ်ပြီး ရင်ဆိုင်မှုတိုင်းမှာ အားနည်းချက်တွေ ရှိလာမှာပင်။

ထို့ကြောင့် ဖေယန်၏ အကြံအစည်မှာ ရိုးရှင်းပါသည်။ တာ့ဖုန်းသံမဏိမြင်းတပ်၏ စိတ်ဓာတ်ကို ထိန်းသိမ်းရန်အတွက် ဟုန်ကျန်းရှန့် အယောင်ဆောင်သူတစ်ဦးကို ခန့်အပ်ဖို့ပင်။

ထိုရာထူးအတွက် အသင့်တော်ဆုံးသူမှာ စူးချန်ခုန်းဖြစ်သည်။ တစ်ချက်ကတော့ သူ၏သိုင်းပညာသည် ဟုန်ကျန်းရှန့်ထက် မနည်းဘဲ ပိုလို့တောင် အားကောင်းနေနိုင်သည်။

ထို့အပြင် ဖေယန်သည် ချန်မျိုးရိုးညီအစ်ကိုများ၏ အကြီးအကဲကို သတ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်ပညာရှင်မှာ အမှန်တကယ်တော့ ရုပ်ဖျက်ပညာတွင်လည်း ကျွမ်းကျင်သော စူးချန်ခုန်းဖြစ်ကြောင်း ဟုန်ကျန်းရှန့်ထံမှ သိခဲ့ရသည်။

သူ့ကို ဟုန်ကျန်းရှန့် အယောင်ဆောင်ခိုင်းပြီး တာ့ဖုန်းသံမဏိမြင်းတပ်ကို ရဲရင့်စွာ တိုက်ခိုက်ရာတွင် ဦးဆောင်စေခြင်းဖြင့် တပ်သားများသည် သံသယဖြစ်စရာမလိုအောင် ရဲသွေးကြွလာမည်ဖြစ်သည်။

“ဒါက…”

စူးချန်ခုန်းသည် ဤစကားကိုကြားသောအခါ ဆွံ့အနေလေ၏။ အရင်က ဧရာမဝေလငါးဂိုဏ်းတွင် စစ်ခုန်းမိသားစုသည် သူ့ကို စစ်ခုန်းယုံ အယောင်ဆောင်ခိုင်းခဲ့သည်။ ယခု တာ့ဖုန်းပြည်နယ်မြို့တော်သို့ရောက်ပြီးနောက် ဖေယန်သည်လည်း စူးချန်ခုန်းကို ထွက်သွားပြီဖြစ်သော ဟုန်ကျန်းရှန့် အယောင်ဆောင်စေချင်ခဲ့သည်။

ဖေယန်၏ စူးချန်ခုန်းအပေါ် အကူအညီသည် နည်းပါးသော်လည်း ဖေယန်မရှိလျှင် စူးချန်ခုန်းသည် သွေးသန့်စင်ခြင်းလုပ်ငန်းစဉ်များစွာကို အချိန်တိုအတွင်း ပြီးမြောက်အောင်လုပ်ဆောင်ပြီး ချီသွေးမီးပြင်းဖိုနယ်ပယ်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။ စူးချန်ခုန်းက ဖေယန်၏တောင်းဆိုချက်ကို အလွယ်တကူ သဘောမတူခဲ့။ ဟုန်ကျန်းရှန့်အယောင်ဆောင်ခြင်းသည် တိုက်ပွဲထဲသို့ အမှန်တကယ် ဝင်ရောက်ခြင်းပင်ဖြစ်သည်။ နှစ်ဖက်စလုံးမှ လူထောင်ပေါင်းများစွာ တိုက်ကြခိုက်ကြတဲ့အခါ ဘယ်သူက ဘယ်လိုကံဆိုးမှုတွေ ဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းနိုင်မည်နည်း။ ဘယ်လောက်အန္တရာယ်များနိုင်မယ်ဆိုတာကို ဘယ်သူက ခန့်မှန်းနိုင်မည်နည်း။

စူးချန်ခုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ရုံးတော်က မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို ဘာလို့မလွှတ်တာလဲ” ဟု မေးလိုက်သည်။

စူးချန်ခုန်းက သူစိတ်ရှုပ်နေရတဲ့အကြောင်းကို မေးကြည့်လိုက်သည်။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်များက ရှားပါးသည်။ ဆယ်သန်းတွင် တစ်ယောက်သာရှိသည်။

တာ့ဖုန်းပြည်နယ်မြို့တော်နဲ့ နီးကပ်နေတာက ဝံပုလွေရိုင်းမျိုးနွယ်စု၏ မွေးရပ်မြေဖြစ်သည်။ မဟာဗျူဟာအရ အရေးပါသော နေရာလည်းဖြစ်သည်။ မဟာမီးလျှံအင်ပါယာသည် ထိုနေရာတွင် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ထားရှိသင့်သော်လည်း တာ့ဖုန်းပြည်နယ်မြို့တော်မှာ တစ်ယောက်မှ မရှိပါ။

ဖေယန်က ရှင်းပြသည်။ “အကြောင်းရင်းတွေက အတော်လေးရှုပ်ထွေးတယ်… ဒါက နှစ်ဖက်စလုံးက မပြောဘဲ နားလည်ထားတဲ့ သဘောတူညီချက်တစ်ခုပါ။ မွေးရာပါနယ်ပယ်သိုင်းပညာရှင်တစ်ဦးကို ကျွန်တော်တို့ စေလွှတ်လိုက်တာနှင့် ဝံပုလွေရိုင်းမျိုးနွယ်စုကလည်း အဲ့လိုပဲ အလားတူ လုပ်ဆောင်လိမ့်မယ်။ အဲ့တာက ပဋိပက္ခတွေကို ပိုမိုဆိုးရွားစေမှာ။ ဝံပုလွေရိုင်းမျိုးနွယ်စုရဲ့ အထက်လူပဲဖြစ်ဖြစ် မဟာမီးလျှံအင်ပါယာရဲ့ အထက်လူပဲဖြစ်ဖြစ် ဒီလိုအခြေအနေကို ထိန်းထားဖို့ထက် ပိုပြီးလိုဆောင်လိုစိတ် မရှိကြဘူး။”

စူးချန်ခုန်း သဘောပေါက်သွားသည်။

ရှင်းရှင်းပြောရလျှင် တာ့ဖုန်းပြည်နယ်မြို့တော်နှင့် ဝံပုလွေရိုင်းမျိုးနွယ်စုအကြား ရန်လိုမှုသည် နောက်ကွယ်တွင် ရှုပ်ထွေးသောအကြောင်းရင်းများရှိသည်။ ရည်ရွယ်ချက်မှာ တစ်ဖက်ကို အနိုင်သိမ်းဖို့မဟုတ်ဘဲ အတွင်းပိုင်း သဘောထားကွဲလွဲမှုများကို လမ်းကြောင်းပြောင်းရန်ဖြစ်သည်။

မဟာမီးလျှံအင်ပါယာနှင့် ဝံပုလွေရိုင်းမျိုးနွယ်စု နှစ်ခုစလုံးသည် အတွင်းပိုင်းတွင် မတည်ငြိမ်ဖြစ်ပြီး အာဏာအတွက် ရုန်းကန်နေရသော အုပ်စုအမျိုးမျိုးရှိသည်။ သို့သော် ဘုံရန်သူရှိပါက ထိုအတွင်းအုပ်စုများကို စုစည်းနိုင်သည်။

ဒါက မဟာမီးလျှံအင်ပါယာနှင့် ဝံပုလွေရိုင်းမျိုးနွယ်စုတို့ရဲ့ အင်အားပင်ဖြစ်သည်။

ဒါ့အပြင် ထိပ်တန်းတပ်မတော်တစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ နည်းလှတဲ့ ကုန်ကျစရိတ်မဟုတ်ပါ။ တာ့ဖုန်းသံမဏိမြင်းတပ်အင်အား လေးသိန်းကို ထိန်းသိမ်းဖို့အတွက် မယုံနိုင်လောက်အောင် ကုန်ကျပါသည်။

ဒါပေမယ့် ဝံပုလွေရိုင်းမျိုးနွယ်စုရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့အခါ တာ့ဖုန်းပြည်နယ်မြို့တော်ရဲ့ အဓိကမိသားစုတွေနဲ့ အာဏာရှင်တွေဟာ တပ်မတော်ကို ထိန်းသိမ်းဖို့အတွက် စိတ်လိုလက်ရ ပေးကြပါလိမ့်မည်။ သူတို့အမွေအနှစ်တွေရဲ့ အုတ်မြစ်တွေဟာ အဲဒီမှာ ရှိနေပြီး တာ့ဖုန်းပြည်နယ်မြို့တော် ကျဆုံးသွားခဲ့ရင် သူတို့ရဲ့ ရာစုနှစ်တွေကြာအောင် စုဆောင်းထားတဲ့ ချမ်းသာကြွယ်ဝမှု ဆုံးရှုံးသွားနိုင်ပါသည်။

ဒါကြောင့် မဟာမီးလျှံအင်ပါယာနှင့် ဝံပုလွေရိုင်းမျိုးနွယ်စုနှစ်ခုစလုံးဟာ နယ်စပ်မှာ လက်ရှိအခြေအနေကို ထိန်းသိမ်းဖို့ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ညှိနှိုင်းဖို့ ဆန္ဒမရှိသလို ပဋိပက္ခကို အရှိန်မြှင့်ဖို့လည်း ရည်ရွယ်ချက်မရှိပါ။ မဟုတ်ပါက နှစ်ဖက်စလုံးအတွက် အကျိုးမရှိပေ။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေကတော့ ဘယ်ဘက်က စစ်မြေပြင်မှာမှ ရှိမှာမဟုတ်ပါ။ အမှန်တကယ်တော့ ထိခိုက်ဒဏ်ရာရသူတွေဟာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားတဲ့အခါ ပဋိပက္ခဟာ လျော့ပါးသွားမှာဖြစ်သည်။

“ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူတွေ… သူတို့က တကယ့်လူတွေလေ။”

စူးချန်ခုန်းဟာ နိုင်ငံရေးကို နားမလည်ပေမယ့် သူတို့ရဲ့ နောက်ဆုံးတစ်ခေါက် တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း တစ်သိန်းအထိ ရောက်ရှိသွားတဲ့အတွက် ဝမ်းမနည်းဘဲ မနေနိုင်ခဲ့။ ခရိုင်မြို့ငယ်လေးတွေမှာတောင် ဒီလောက် လူအများကြီးမရှိပါ။

ရာစုနှစ်ပေါင်းများစွာကြာအောင် ထောင်စုနှစ်နီးပါးအတွင်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

ဒါတွေအားလုံးက ပြည်တွင်းပဋိပက္ခတွေကို ပြောင်းလဲပြီး စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့အတွက်ဖြစ်သည်။

စူးချန်ခုန်းဟာ ဘယ်ဘက်ကမှ ထိပ်တန်းပုဂ္ဂိုလ်တွေထဲမှာမှ မပါဝင်ပါ။ ဒါက ပေးဆပ်ရတာ တန်သလားဆိုတာ သူနားမလည်ပေ။ ထုံးစံအတိုင်း အခြေအနေကို သူ ပြောင်းလဲလို့မရနိုင်ပါ။

ဖေယန်က လေးနက်စွာ ဆိုလေ၏။ “နှစ်ဖက်စလုံးက ကိုယ့်ဘက်က လူအများကြီး သေဆုံးတာကို မလိုချင်ကြဘူး။ ဒါကြောင့် တစ်ဖက်ကို ထိခိုက်ဒဏ်ရာပိုများအောင် လုပ်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။”

ထိခိုက်ဒဏ်ရာရမှုတွေ အတိုင်းအတာတစ်ခုရောက်သွားရင် အပစ်အခတ်ရပ်စဲကြမှာဖြစ်သည်။ ဖေယန်ရဲ့ ရည်မှန်းချက်က ဝံပုလွေရိုင်းမျိုးနွယ်စုရဲ့ ဆုံးရှုံးမှု အများဆုံးဖြစ်အောင်လုပ်ဖို့ဖြစ်ပြီး ကိုယ့်ဘက်က အသက်ဆုံးရှုံးမှု နည်းသွားစေဖို့ဖြစ်သည်။

ဝံပုလွေရိုင်းမျိုးနွယ်စုမှာလည်း အလားတူအတွေးတွေ ရှိနေမှာ သေချာပါသည်။

နောက်ထပ်စဉ်းစားကြည့်တဲ့အခါ ဟုန်ကျန်းရှန့်ကို လုပ်ကြံဖို့ ရည်ရွယ်ချက်နဲ့ ဟုန်ယင်နဲ့ မော့ယင်တို့က ဖေယန်ကို ပြန်ပေးဆွဲခဲ့တာဟာ ဝံပုလွေရိုင်းမျိုးနွယ်စုက ထိုလူဆိုးနှစ်ယောက်ကို ငှားရမ်းခဲ့တာ ဖြစ်နိုင်ပါသည်။

ဟုန်ကျန်းရှန့်ကို သတ်လိုက်ရင် တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ အားနည်းစေပြီး သူတို့ဘက် အားသာလာမှာဖြစ်သည်။

ဖေယန်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်တာကြောင့် ကြီးမားလှတဲ့အစီအစဉ်ထဲက စစ်တုရင်အပိုင်းလေး တစ်ပိုင်းသာဖြစ်ပြီး အခြေအနေကို ပြောင်းလဲနိုင်စွမ်းမရှိပါ။ သူလုပ်နိုင်တာက သူ့ဘက်က ဆုံးရှုံးမှုတွေကို လျှော့ချရန် အစွမ်းကုန်ကြိုးစားဖို့ဖြစ်သည်။ ဒါကြောင့် စူးချန်ခုန်းဆီ ကိုယ်တိုင်လာရောက်ပြီး နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ပြီးနောက် လျှို့ဝှက်စွာနေထိုင်နေရပြီး ဝေးလံတဲ့ဒေသတွေဆီကို ထွက်ပြေးသွားတဲ့ ဟုန်ကျန်းရှန့်နေရာမှာ အစားထိုးဖို့ တောင်းဆိုခဲ့တာဖြစ်သည်။

အခန်း (၃၆၅) အသက်ရှည်ဆေးနှင့် နတ်ဆိုး၏ကံကြမ္မာ။ ပြင်းထန်သောကျူးကျော်မှု။ (၁)

“ဒါက အရမ်းအန္တရာယ်များတယ်” ဟု စူးချန်ခုန်းက ရိုးရိုးလေးစပြောလိုက်သည်။

ဖေယန်က သူ့ကို အများကြီး ကူညီပေးခဲ့ပေမယ့် ဟုန်ကျန်းရှန့်အဖြစ် အယောင်ဆောင်ရတာက ထောင်ပေါင်းများစွာသော တပ်သားများကြား သွေးထွက်သံယိုတိုက်ပွဲတစ်ခုထဲကို ဝင်ရောက်တိုက်ခိုက်ရတာဖြစ်ပြီး အလွန်အန္တရာယ်များသည်။

ဖေယန်က ချက်ချင်းပင် “ဆရာစူး ဘာမဆို တောင်းနိုင်ပါတယ်။ ကျွန်တော်ဖြည့်ဆည်းပေးနိုင်သရွေ့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ဆရာစူး ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီသွေးထွက်သံယိုတိုက်ပွဲတစ်ခုကို ကျော်ဖြတ်နိုင်ရုံနဲ့ လုံလောက်ပါတယ်” ဟု ပြောလိုက်သည်။

ဖေယန်က အတော်လေး ရိုးသားနေပြီး စူးချန်ခုန်းကို ဘာမဆို တောင်းဆိုခွင့်ပြုကာ တောင်းဆိုချက်တိုင်းကို သဘောတူမှာပင်။

စူးချန်ခုန်းက ပြန်စဉ်းစားလိုက်သည်။ ဖေယန်ဟာ ဒီကာလအတွင်းမှာ သိသိသာသာ အထောက်အကူပေးခဲ့ပြီး စူးချန်ခုန်းမှာလည်း သူ့ကိုယ်ပိုင်စဉ်းစားရမယ့်အရာတွေရှိပါသည်။

စူးချန်ခုန်းဟာ အနာဂတ်မှာ တာ့ဖုန်းပြည်နယ်မြို့တော်ကနေ ထွက်ခွာပြီး ပိုမိုကျယ်ပြန့်ပြီး ပိုမိုကြွယ်ဝတဲ့ နေရာတစ်ခုကို ဦးတည်ကာ မွေးရာပါချီစွမ်းအင်ကို ရှာဖွေပြီး မွေးရာပါနယ်ပယ်ကို တက်လှမ်းမှာဖြစ်သည်။ အဲဒီ့မတိုင်ခင်မှာ သူ့ရဲ့အစွမ်းသတ္တိကို ပြိုင်ဘက်ကင်းအဆင့်အထိ မြှင့်တင်ဖို့ လိုအပ်သည်။

“ကျွန်တော် ချီသွေးအသွင်ပြောင်းခြင်းအဆင့်ဆယ့်နှစ်ကိုရောက်ဖို့ ကူညီပေးနိုင်တဲ့ သွေးသန့်စင်ခြင်းအတွက် အရင်းအမြစ်တွေ လိုအပ်သလို ဆေးဖက်ဝင်ပစ္စည်းတွေလည်း လိုအပ်တယ်။”

စူးချန်ခုန်းက သူ့ရဲ့တောင်းဆိုချက်တွေကို ဖော်ပြခဲ့သည်။

အခု ချီသွေးအသွင်ပြောင်းခြင်းအဆင့်တစ်ဆယ်မှာရှိနေပြီး စူးချန်ခုန်းဟာ ချီသွေးနယ်ပယ်ရဲ့ အထွတ်အထိပ်ကိုရောက်ဖို့ သွေးသန့်စင်ခြင်းဆယ့်နှစ်ခုကို ပြီးမြောက်ဖို့ လိုအပ်ကာ ဒါကလည်း မွေးရာပါနယ်ပယ်ကိုဝင်ရောက်ဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်သည်။ ဖေယန်က အရင်းအမြစ်တွေ ပံ့ပိုးပေးဖို့ ဆန္ဒရှိရင် စူးချန်ခုန်းဟာ အချိန်နဲ့ ကြိုးစားအားထုတ်မှု အများကြီး သက်သာနိုင်ပါသည်။

“ရတယ်” ဖေယန်က ခေါင်းညိတ်ပြီး တောင်းဆိုချက်ကို သဘောတူလိုက်သည်။

“ပြီးတော့… နတ်ဆိုးအမြုတေတွေ လိုတယ်။”

စူးချန်ခုန်းက အခြေအနေအသစ်တစ်ခုကို တင်ပြလိုက်သည်။

နတ်ဆိုးအမြုတေတွေဟာ တကယ်ကို ရှားပါးတဲ့ ရတနာတွေဖြစ်ပြီး ရှာဖွေရခက်သည်။ စူးချန်ခုန်းဟာ မော့ယင် ကိုသတ်ပြီး တစ်ခုပဲ ရခဲ့သည်။

စူးချန်ခုန်းက မိစ္ဆာသိုင်းဆေးဖော်စပ်ဖို့ အသုံးပြုရင်တောင်မှ နတ်ဆိုးအမြုတေက ကျရှုံးနိုင်ခြေများသည်။ အရင်က မိစ္ဆာသိုင်းဆေး၃ လုံးကို တစ်ပြိုင်တည်း ဖန်တီးနိုင်တာက ကံကောင်းတယ်လို့ ဆိုရမှာပင်။

သူ မအောင်မြင်ခဲ့ရင် အဲဒီ အမြုတေဟာ အလဟဿဖြစ်သွားမှာဖြစ်ပြီး နောက်ထပ် အများကြီးရှိရင် အခွင့်အလမ်းတွေ အများကြီးရှိလာမှာဖြစ်ပြီး မိစ္ဆာသိုင်းဆေးတွေကို ထပ်ဖော်စပ်နိုင်မယ်လို့ ခံစားရသည်။

ဒါကြောင့် စူးချန်ခုန်းက ဖေယန်ဆီကနေ နတ်ဆိုးအမြုတေတွေကို တိုက်ရိုက် တောင်းဆိုခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ဖေယန်မှာ နတ်ဆိုးအမြုတေတွေ ရှိနိုင်ပါသည်။

ဒါကိုကြားတော့ ဖေယန် တွန့်ဆုတ်သွားခဲ့သည်။ ဖေယန်မိသားစုမှာ နတ်ဆိုးအမြုတေတွေ ရှိပေမယ့် အလွန်တန်ဖိုးရှိပြီး အသုံးဝင်ပါသည်။ မဟာမီးလျှံတော်ဝင်မိသားစုကို ပေးရင်တောင် ကြီးမားလှတဲ့ အကျိုးအမြတ်တွေနဲ့ လဲလှယ်နိုင်ပါသည်။

နတ်ဆိုးအမြုတေတွေ လုံလုံလောက်လောက်ရှိရင် ယန်တော်ဝင်မိသားစုနဲ့ မွေးရာပါချီတစ်ခုနဲ့ လဲလှယ်နိုင်လောက်သည်။ နတ်ဆိုးအမြုတေတွေ အများကြီးရှိတာကို ဘယ်သူကမှ ပြဿနာရှိတယ်လို့ မယူဆကြပါ။

သို့သော် စူးချန်ခုန်း၏ မျက်နှာထား တည်နေတာကို မြင်သောအခါ ဖေယန်သည် မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်ပြီး အံကြိတ်ကာ “သုံးခု..ကျွန်တော့်ဖေမိသားစုမှာ သိမ်းဆည်းထားတဲ့ နတ်ဆိုးအမြုတေ သုံးခုရှိတယ်။ အဲဒါတွေအားလုံးကို ဆရာစူးဆီ ပေးနိုင်ပါတယ်။” ဟု ပြောလိုက်သည်။

တာ့ဖုန်းပြည်နယ်မြို့တွင် အနက်ရှိုင်းဆုံး အမြစ်တွယ်နေသော ဖေမိသားစုမှာတောင် နတ်ဆိုးအမြုတေ သုံးခုသာ ရှိသည်။ နတ်ဆိုးမိစ္ဆာများသည် အစွမ်းထက်ရုံသာမက လူသားများကဲ့သို့ပင် ဉာဏ်ရည်ထက်မြက်ကြသည်။ သူတို့ကို ရှာတွေ့ဖို့က အလွန်ခက်ခဲသည်။

“သုံးခုလား" စူးချန်ခုန်းရဲ့မျက်လုံးထဲ လက်ကနဲဖြစ်သွားသည်။ နတ်ဆိုးအမြုတေသုံးခုဟာ ဆေးဖော်စပ်ရာမှာဖြစ်စေ၊ မိစ္ဆာစစ်သားတွေနဲ့ မိစ္ဆာသံချပ်ကာတွေ ထုလုပ်ရာမှာဖြစ်စေ အလွန်အသုံးဝင်ပါသည်။

"ငါ့လက်ထဲက တစ်ခုနဲ့ဆိုရင် နတ်ဆိုးအမြုတေလေးခု ရပြီ။ မိစ္ဆာသိုင်းဆေးဖော်စပ်ရာမှာ အသုံးပြုရင် အနည်းဆုံး တစ်ကြိမ် နှစ်ကြိမ် အောင်မြင်နိုင်လောက်တယ်မလား။" စူးချန်ခုန်းက သူ့ဘာသာသူ တွေးနေပေမယ့် အပေါ်ယံမှာတော့ ဒါကို ထုတ်မပြခဲ့ပါ။

သူ့ရဲ့တုံ့ပြန်မှုကို မြင်တဲ့အခါ ဖေယန်က စူးချန်ခုန်းဟာ ထိုအရေအတွက်ကို မကျေနပ်ဘူးလို့ ထင်လိုက်သည်။ "ပြီးတော့ ဆရာစူးက အဂ္ဂိရတ်ပညာမှာ ကျွမ်းကျင်ရင် တကယ်တန်ဖိုးရှိတဲ့ ဆေးချက်နည်းတစ်ခု ပေးနိုင်ပါတယ်။ အဲ့တာက နတ်ဆိုးအမြုတေတွေကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုတဲ့ 'မိစ္ဆာအသက်ဆေး' လို့ခေါ်တဲ့ အသက်ရှည်ဆေးအတွက် ဆေးပြားချက်နည်းပါ"

"အသက်ရှည်ဆေး၊ မိစ္ဆာအသက်ဆေးလား။"

ဒီစကားတွေကြားတော့ စူးချန်ခုန်း ချက်ချင်းပဲ စိတ်လှုပ်ရှားသွားသည်။

မင်းညီမင်းသားတွေပဲဖြစ်ဖြစ်၊ စစ်သူကြီးတွေပဲဖြစ်ဖြစ်၊ မိသားစုထဲက ပညာရှင်တွေပဲဖြစ်ဖြစ်၊ ဘယ်သူမှ သက်တမ်းရှည်လွန်းတယ်လို့ မယူဆကြပါ။ သူတို့အားလုံးက သူတို့ရဲ့အသက်ကို တတ်နိုင်သမျှ ရှည်အောင် လုပ်ကြသည်။ အသက်ရှည်လေလေ အခွင့်အလမ်းတွေ ပိုများလေလေပင်။

စူးချန်ခုန်းအတွက် သက်တမ်းဆိုတာ အလားအလာရှိတဲ့ တန်ဖိုးနဲ့ ဆက်စပ်နေပြီး သဘာဝအတိုင်း သူ့ရဲ့သက်တမ်းကို ရှည်အောင် နည်းလမ်းတိုင်းကို အသုံးပြုခဲ့ပါတယ်။

နတ်ဆိုးအမြုတေတွေကို အသက်ရှည်ဆေးဖော်စပ်ဖို့ အသုံးပြုနိုင်တယ်ဆိုတာ သူသိပေမယ့် ချက်နည်းမပါရင် အသုံးမဝင်ပါ။

ဖေမိသားစုမှာ အသက်ရှည်ဆေးဖော်စပ်ဖို့ ဆေးချက်နည်းရှိသည်။

“ငါ မိစ္ဆာအသက်ဆေးပြားကို ဖော်စပ်နိုင်ရင် အသက်ရှည်အောင်လုပ်နိုင်ပြီ။ အဲဒါက ငါ့အတွက် အရမ်းအရေးကြီးတယ်” စူးချန်ခုန်း တိတ်တိတ်လေး တွေးလိုက်သည်။

“ဒီသွေးထွက်သံယိုတိုက်ပွဲကို ကျော်လွှားဖို့ ကျွန်တော်တို့ ဆရာစူးရဲ့အကူအညီကို လိုပါတယ်။” ဖေယန်က အလွန်ရိုးသားစွာ ဆိုလေ၏။

ဖေယန်ထံမှ ပေးကမ်းတာတွေက အလွန်ရက်ရောလှသည်။ စူးချန်ခုန်းအတွက် ချီသွေးအသွင်ပြောင်းလဲခြင်းအတွက် လုံလောက်သော အရင်းအမြစ်များ၊ နတ်ဆိုးအမြုတေ ၃ ခုနှင့် အလွန်တန်ဖိုးရှိသော မိစ္ဆာအသက်ဆေးချက်ပြုတ်နည်းတစ်ခု။

"ကောင်းပါပြီ... ဒါဆိုရင် ဒီတစ်ခါတော့ ကျွန်တော်ကူညီပါ့မယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းပြောပါရစေ။ အန္တရာယ်ရှိလာရင် ကျွန်တော် ချက်ချင်း ထွက်ပြေးမှာပါ။"

နောက်ဆုံးတွင် စူးချန်ခုန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး ကူညီပေးဖို့ သဘောတူကာ ဖေယန်အား အကောင်းဆုံး ကြိုးစားမည်ဟု အသိပေးခဲ့သော်လည်း အလွန်အန္တရာယ်များသော အခြေအနေများတွင် သူ့ကံကို ပုံအပ်မည်မဟုတ်ပါ။

"ကျေးဇူးတင်ပါတယ် ဆရာစူး"

စူးချန်ခုန်း နောက်ဆုံးတော့ သဘောတူလိုက်တာကို မြင်တော့ ဖေယန်က သက်ပြင်းချပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

ဖေယန်ဟာ စူးချန်ခုန်း မော့ယင်ကို သတ်တုန်းက ပြသခဲ့တဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အလွန်အထင်ကြီးသွားခဲ့သည်။ အဲဒီစွမ်းရည်က ဟုန်ကျန်းရှန်းထက် မနိမ့်ကျပါ။ အခု ဟုန်ကျန်းရှန့် ထွက်သွားတော့ စူးချန်ခုန်း သူ့နေရာကို ဆက်ခံတာက ထိရောက်မှုရှိမယ်လို့ သူ ယုံကြည်ပါသည်။

ဖေယန်အတွက် အုပ်စုနှစ်ခုကြား နောက်လာမယ့် သွေးထွက်သံယိုတိုက်ပွဲဟာ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ ထိခိုက်ကျဆုံးမှုတွေနဲ့သာမက တာ့ဖုန်းပြည်နယ်မြို့တော်မှာ ဖေမိသားစုရဲ့ ရပ်တည်မှုနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတဲ့ ကိစ္စအတွက်ပါ အလွန်အရေးကြီးသည်။

သူတို့ဘက်က ဝံပုလွေရိုင်းမျိုးနွယ်စုနဲ့ တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုတွေနဲ့ ပြင်းထန်တဲ့ဆုံးရှုံးမှုတွေ ကြုံခဲ့ရရင် သူ ရာထူးကနေ နုတ်ထွက်ရလိမ့်မည်။

ဒါကြောင့် ကုန်ကျစရိတ်များပေမယ့် ဖေယန်က စူးချန်ခုန်းကို ဝင်ရောက်ကူညီပေးရန် တောင်းဆိုချင်ခဲ့တာဖြစ်သည်။

အခန်း (၃၆၆) အသက်ရှည်ဆေးနှင့် နတ်ဆိုး၏ကံကြမ္မာ။ ပြင်းထန်သောကျူးကျော်မှု။ (၂)

“ဒါဆိုရင် ကျွန်တော် သွားလိုက်ပါဦးမယ်။ ဆရာစူး ဝင်ပါဖို့ လိုအပ်တဲ့အခါကျရင် တိဟန်ကို ဆက်သွယ်ခိုင်းလိုက်ပါ့မယ်။”

ကိစ္စများ ပြေလည်သွားပြီးနောက် ဖေယန် ထွက်သွားရန် ထရပ်လိုက်သည်။

စူးချန်ခုန်း တစ်ယောက်တည်းသာ စံအိမ်ထဲတွင် ကျန်ရစ်ခဲ့သည်။

“နှစ်ဖက်ကြားက သွေးထွက်သံယိုတိုက်ပွဲမှာ ဝင်ပါဖို့ သဘောတူလိုက်တာက သေချာပေါက် အန္တရာယ်များတာပဲ။ ဒါပေမယ့် ဟုန်ကျန်းရှန့်က ဝံပုလွေရိုင်းမျိုးနွယ်စုကို နောက်ဆုံးတစ်ခေါက်တိုက်ပွဲတုန်းက ချေမှုန်းနိုင်ခဲ့ရင် ငါလည်း ချေမှုန်းနိုင်မှာပဲ။”

စူးချန်ခုန်း သူ့ကိုယ်သူ တွေးလိုက်သည်။

စူးချန်ခုန်းရဲ့ လက်ရှိအစွမ်းက ဟုန်ကျန်းရှန့်ရဲ့ အရင်က အစွမ်းထက် နိမ့်ကျမှာ မဟုတ်ပါ။ သူ့မှာ တိုးတက်ဖို့ အလားအလာ အများကြီး ရှိနေသေးတယ်ဆိုတာ ပြောစရာပင်မလိုတော့ပြီ။ သူခွန်အားကြီးမားသရွေ့ အန္တရာယ်အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်သည်။

သူ့ကို အဓိက စိတ်လှုပ်ရှားစေခဲ့တာက ဖေယန်က ပေးမည့် ဆုလာဘ်ဖြစ်သည်။ အထူးသဖြင့် မိစ္ဆာအသက်ဆေးချက်နည်းပင်။ ကြိုးစားအားထုတ်မှုမရှိဘဲ အကောင်းဆုံးဆုလာဘ်တွေကို ဘယ်သူက ရနိုင်မှာလဲ။ ဒီလိုကောင်းတဲ့အရာတွေက တကယ်ပဲ အလွယ်တကူရနိုင်မှာတဲ့လား။

ဖေယန်နဲ့ သဘောတူပြီးတဲ့နောက် စူးချန်ခုန်းက တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ ဖေယန်က သူ့ကိုလာရှာတဲ့အချိန်က ဝံပုလွေရိုင်းမျိုးနွယ်နဲ့ အသေအကြေတိုက်ပွဲတစ်ခု စတင်တော့မှာဖြစ်ရာ စူးချန်ခုန်းက အားလပ်ချိန်မှာ အပြင်းအထန် လေ့ကျင့်ဖို့ လိုအပ်ပါသည်။

“ငါ့ရဲ့ တောက်ယင်နည်းပညာကို အဆင့်ရှစ်ထိ အမြန်ဆုံး တိုးတက်အောင်လုပ်ရမယ်။”

စူးချန်ခုန်းရဲ့ အဓိကအာရုံစိုက်မှုက တောက်ယင်နည်းပညာပေါ်မှာပဲ ရှိနေပြီး ဒါက တိုးတက်နိုင်ချေရှိနေသည်။ အချိန်အလုံအလောက်ပေးရင် အဆင့်ရှစ်ကို သေချာပေါက် တက်လှမ်းနိုင်မှာပင်။

တောက်ယင်နည်းပညာကို လေ့ကျင့်ခြင်းအားဖြင့် စူးချန်ခုန်းဟာ ကောင်းကင်နဲ့ မြေကြီးကြားက နေရာတိုင်းမှာရှိနေတဲ့ ဝိညာဉ်စွမ်းအင်ကို ပိုမိုခံစားရသည်။ ကံမကောင်းစွာပဲ သူ့မှာ မွေးရာပါခန္ဓာကိုယ်မရှိတာကြောင့် ဝိညာဉ်စွမ်းအင်ကို သန့်စင်ဖို့ အခွင့်အရေးမရှိတာမို့ အာရုံခံနိုင်စွမ်းက အသုံးမဝင်ပါ။

အချိန်တွေ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီး နှစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့ မနက်အစောပိုင်းမှာ တိဟန်ဟာ စူးချန်ခုန်း နေထိုင်တဲ့ အိမ်ကြီးဆီကို ရောက်လာပြီး အိမ်တော်တံခါးကို ခေါက်လိုက်သည်။

“ဆရာစူး၊ လှုပ်ရှားဖို့ အချိန်တန်ပြီလို့ ကျွန်တော်ထင်ပါတယ်။” တိဟန်က အလွန်ရိုသေလေးစားစွာ ပြောလိုက်သည်။

“အင်း အသေးစိတ် ပြောပြပါ” စူးချန်ခုန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

တိဟန်က စကားပြောနေရင်း အလွန်တရာ လေးနက်နေလေ၏။ “သုံးလေးရက်လောက်က ဆည်းဆာလွင်ပြင်ကနေ ဝံပုလွေရိုင်းမျိုးနွယ်စုက သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့က မြေပြန့်ကို ဖြတ်ကျော်ပြီး တာ့ဖုန်းပြည်နယ်မြို့အနီးမှာ ပုန်းအောင်းနေကြပါတယ်။ အဲ့ဒီလူရိုင်းသိုင်းပညာရှင်အားလုံးက ထိပ်တန်းအဆင့်တွေပါ။ ကျွန်တော်တို့ ခန့်မှန်းချက်အရ သူတို့ဟာ တာ့ဖုန်းပြည်နယ်မြို့ကို ဝန်းရံထားတဲ့ မြို့ငယ်လေးတွေနဲ့ ခရိုင်တွေကို ဖျက်ဆီးဖို့ စီစဉ်ထားပါတယ်။”

တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ တပ်ဖွဲ့တွေရဲ့ ထက်ဝက်နီးပါးကို ဆည်းဆာလွင်ပြင်မှာ တပ်စွဲထားသည်။ လွင်ပြင်ကြီးက ကျယ်ပြန့်သော်လည်း အထူးသဖြင့် စစ်ဆေးရေးဂိတ်တွေကို ကျော်လွှားနိုင်တဲ့ စွမ်းရည်မြင့်မားတဲ့ လူရိုင်းသိုင်းပညာရှင်တချို့ကို သတိမထားမိဘူးဆိုတာ မဖြစ်နိုင်ပါ။

လူရိုင်းသိုင်းပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ တာ့ဖုန်းပြည်နယ်မြို့အနီးတစ်ဝိုက်ကို ကျူးကျော်ဝင်ရောက်လာခဲ့သည်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးပြီး စိတ်ဓာတ်ကျအောင် လုပ်ဖို့ပင်။

ဒီလိုအဖွဲ့မျိုးဟာ ထိပ်တန်းလူရိုင်းသိုင်းပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် ဖျက်ဆီးဆုံးရှုံးမှုတွေက သိသိသာသာ ရှိနိုင်ပါသည်။ သူတို့ဟာ တစ်နေရာတည်းမှာ ဖျက်ဆီးမှုတွေ ဖြစ်စေပြီးနောက် ပုန်းအောင်းနေနိုင်ပြီး ရှာမတွေ့နိုင်လောက်အောင် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်ပါသည်။

တိဟန်သည် ဖေယန်၏ အမိန့်အရ စူးချန်ခုန်းထံသို့ ရောက်လာခဲ့တာဖြစ်သည်။ ဖေယန်၏ ရည်ရွယ်ချက်အရ စူးချန်ခုန်းအား ဟုန်ကျန်းရှန့်ပေါ်လာသည်ဟု ယူဆပြီး မြို့ငယ်များနှင့် ခရိုင်များရှိ လူရိုင်းသိုင်းပညာရှင်တို့၏ တိုက်ခိုက်မှုများ၏ ပစ်မှတ်များထံ ကင်းလှည့်ရန် စီစဉ်ထားသည်။

"ကောင်းပြီ၊ အချိန်ခဏလောက်ပေးပါ။"

စူးချန်ခုန်းသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။ သူသည် သူ၏ လုပ်ရပ်များတွင် အမြဲတမ်း ဆုံးဖြတ်ချက် ပြတ်သားသည်။ ဖေယန်နှင့် သဘောတူညီချက် ပြုလုပ်ရန် ကတိပေးပြီးနောက် အစွမ်းကုန် ကြိုးစားမည်ဖြစ်သည်။

အိမ်တော်ရှိ သူ့အခန်းထဲသို့ ပြန်ရောက်သောအခါ စူးချန်ခုန်းသည် အဝတ်အစားများကို မြန်မြန်ဆန်ဆန် လဲလိုက်သည်။ သူက အသက်ကို ပြင်းပြင်းရှူပြီး ဧရာမဝေလငါးစွမ်းရည် ငါးခုထဲမှ "ဧရာမဝေလငါး ရေရှူသွင်းခြင်း" ကို လုပ်ဆောင်ကာ သူ့ခန္ဓာကိုယ်ထဲသို့ လေစီးဆင်းစေပြီး ဟုန်ကျန်းရှန့်နှင့် ဆင်တူအောင် သူ့ခန္ဓာကိုယ်ကို အနည်းငယ် ချဲ့လိုက်သည်။

ထို့နောက် လိပ်အသက်ရှူနည်းအရိုးပြောင်းလဲခြင်း နည်းစနစ်ကို အသုံးပြု၍ သူ၏ မျက်နှာအရိုးများ၏ ဖွဲ့စည်းပုံကို ပြောင်းလဲပြီး ရုပ်ဖျက်ဖို့ ပစ္စည်းအချို့ကို ထုတ်ကာ သူ၏ အသွင်ပြောင်းမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

မကြာခင်မှာပဲ စူးချန်ခုန်း အခန်းထဲကနေ ပြန်ထွက်လာပြီး အိမ်တော်ထဲမှာ စောင့်နေတဲ့ တိဟန်ကို အံ့အားသင့်စေခဲ့သည် "စစ်သူကြီးဟုန်..."

အခန်းထဲက ထွက်လာတဲ့သူက ကြေးဝါရောင်အသားအရေ၊ ကြမ်းတမ်းတဲ့ မျက်နှာအမူအရာတွေနဲ့ အသွင်အပြင်တွေ ပြောင်းလဲသွားပြီး သိုင်းပညာရှင်တစ်ယောက်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါကို ပြသနေလေ၏။ ဒါက ဟုန်ကျန်းရှန့် မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ။

"ဆရာစူးရဲ့ ရုပ်ဖျက်နည်းစနစ်က... အရမ်းကို ပြီးပြည့်စုံလွန်းတယ်။"

တိဟန် မအံ့ဩဘဲ မနေနိုင်ခဲ့။ ဟုန်ကျန်းရှန့် ယုံကြည်အားကိုးရတဲ့သူအနေနဲ့ သူ့ရှေ့က 'ဟုန်ကျန်းရှန့်' မှာ ချို့ယွင်းချက် တစ်စုံတစ်ရာကိုတောင် မတွေ့ရပါ။

"သွားကြရအောင်။"

ဟုန်ကျန်းရှန့်ရဲ့ ဩရှပြီး တည်ငြိမ်တဲ့ အသံကို တုပကာ စူးချန်ခုန်းက တိဟန်ကို ပြောလိုက်သည်။

"ဟုတ်ကဲ့"

တိဟန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

စူးချန်ခုန်းနဲ့ တိဟန်တို့ဟာ တာ့ဖုန်းပြည်နယ်မြို့တော်ကနေ ထွက်ခွာလာကြသည်။

အချက်အလက်တွေအရ တာ့ဖုန်းပြည်နယ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ လူရိုင်းထိပ်တန်းတပ်ဖွဲ့ဟာ မြို့ငယ်လေးတွေနဲ့ ခရိုင်တွေကို တိုက်ခိုက်ဖို့ အလားအလာများသည်။ ဘယ်မြို့တွေကို ပစ်မှတ်ထားမယ်ဆိုတာ မခန့်မှန်းနိုင်ပေမယ့် သံမဏိမြင်းတပ် အများအပြား တပ်စွဲထားတဲ့ မြို့တွေကို ချန်လှပ်ထားရင်တော့ အတိုင်းအတာကို သိသိသာသာ ချုံနိုင်ပါသည်။

အခုတော့ စူးချန်ခုန်းရဲ့ တာဝန်က ဒီအားနည်းတဲ့ မြို့ငယ်လေးတွေကြားမှာ ကင်းလှည့်ဖို့ဖြစ်သည်။ လူရိုင်းထိပ်တန်းအဖွဲ့ တိုက်ခိုက်ရင် သူ ချက်ချင်း တုံ့ပြန်နိုင်မှာဖြစ်သည်။ ကံကောင်းရင် သူတို့ တိုက်ခိုက်မှု စတင်တဲ့အချိန်မှာ မြို့တစ်မြို့မှာ ရှိနေနိုင်ပြီး အဲဒါက ပျက်စီးဆုံးရှုံးမှုကို လျှော့ချပေးပါလိမ့်မည်။

ဒီလို ပုန်းအောင်းနေတဲ့ လူရိုင်းသိုင်းပညာရှင်အဖွဲ့နဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ကို အရင်လှုပ်ရှားစေပြီး သူတို့ရဲ့တည်နေရာကို ဖော်ထုတ်ပြီးမှ တုံ့ပြန်တာထက် ပိုကောင်းတဲ့ ဗျူဟာမရှိပါ။

“စစ်သူကြီးဟုန်၊ ယွမ်မူခရိုင်မြို့ကို အရင်သွားကြရအောင်”

သူ့ဘေးမှာရှိတဲ့ တိဟန်က မြေပုံတစ်ခုကို ဖြန့်ပြီး လမ်းကြောင်းကို ကြည့်ကာ စူးချန်ခုန်းကို အကြံပြုလိုက်သည်။

ဟုန်ကျန်းရှန့်ရဲ့ အရင်းနှီးဆုံး ယုံကြည်ရသူအနေနဲ့ တိဟန်ဟာ တခြားသူတွေနဲ့ ဆက်ဆံရာမှာ စူးချန်ခုန်းအတွက် အကောင်းဆုံး လက်ထောက်ဖြစ်သည်။ စူးချန်ခုန်းက ကန့်ကွက်မှုမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။

ဒီလိုနှင့် တာ့ဖုန်းပြည်နယ်မြို့နဲ့နီးတဲ့ ယွမ်မူခရိုင်မြို့ငယ်လေးဟာ စူးချန်ခုန်းနဲ့ တိဟန်တို့ရဲ့ ဦးတည်ရာဖြစ်လာခဲ့သည်။

သိုပေမယ့် ထိုခရိုင်မြို့ဟာ လူတွေနဲ့ စည်ကားနေပြီး ငြိမ်းချမ်းတဲ့လေထုကို ဖော်ဆောင်နေကာ လူရိုင်းသိုင်းပညာရှင်ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရပေ။

All Chapters