← Chapters

လက်တွေ့ဘဝက ပိုကောင်းတယ်

Vol. 32 Ch. 474

လက်တွေ့ဘဝက ပိုကောင်းတယ်

Vol. 32 Ch. 474

(ဘာသာပြန်သူမှတ်ချက်- အပိုင်း (၄၇၃) က မူရင်းမှာတင်မထားပါဘူး ၊ ကျွန်တော်တခြားဝဘ်ဆိုက်တွေမှာ ကြိုးစားရှာပေမယ့်လည်း မတွေ့ပါခင်ဗျာ)

ဂျူဒိုနည်းပြမိသားစုသည် ကျေးလက်ဒေသတွင် အိမ်လေးတစ်လုံး ရှိသည်။ ပတ်ဝန်းကျင်သည် သာယာလှပသော်လည်း အိမ်သည် အလွန်သီးသန့်ဆန်သည်။ အစပိုင်းတွင် မိသားစုသည် ကျန်းမြောင်မြောင်ကို အလိုလိုက်ခဲ့သည်။ သို့သော်လည်း သူမ ကြီးပြင်းလာသည်နှင့်အမျှ ဇနီးသည်က သူမ၌တစ်စုံတစ်ခု မှားယွင်းနေသည်ကို တဖြည်းဖြည်း သတိထားမိလာသည်။ ကျန်းမြောင်မြောင်သည် ခန္ဓာကိုယ်ပေါ်တွင် ထင်ထင်ရှားရှားမရှိသော အမာရွတ်များဖြင့် အိမ်ပြန်ရောက်လာလေ့ရှိပြီး သူမသည် ပို၍ ပို၍ပင် လူအများနှင့်မရောနှောတော့ပေ။ သူမသည် စိတ်ဒဏ်ရာရနေသော ကြောင်ပေါက်လေးတစ်ကောင်နှင့် တူလာခဲ့သည်။ ပြင်ပကမ္ဘာသည် သူမအား အလွန်ကြောက်ရွံ့စေသည်။

ဇနီးဖြစ်သူက ဈေးဝယ်ထွက်ချင်ယောင်ဆောင်ပြီး ကလေးများကို အိမ်တွင်ထားခဲ့သည်။ အမှန်တကယ်တွင် သူမသည် ပထမထပ် ပြတင်းပေါက်နားတွင် စောင့်နေခဲ့ခြင်းဖြစ်သည်။ ကောင်လေးနှစ်ယောက်သည် ကျန်းမြောင်မြောင်အား သူတို့နှင့်ကစားရန် တောင်းဆိုခဲ့သည်။ မြောင်မြောင်သည် စိတ်မပါသော်လည်း ဆွဲခေါ်သွားခြင်းခံခဲ့ရသည်။ ကောင်လေးနှစ်ယောက်သည် သူမကို သူတို့၏ညီမအဖြစ် သဘောမထားဘဲ အနိုင်ကျင့်နိုင်သည့် အိမ်မွေးတိရစ္ဆာန်ကဲ့သို့ သဘောထားခဲ့ကြသည်။

ယင်းကိုမြင်သောအခါ ဇနီးဖြစ်သူသည် ဒေါသထွက်သွားပြီး သူမ၏သားများကို တားဆီးရန် ထွက်လာသည်။ သူမသည် သူမ၏သားများကို တားဆီးရန်နှင့် ဆူပူရန် ဒေါသတကြီး ထွက်လာခဲ့သည်။ သူမသည် ထိုအကြောင်းကို ခင်ပွန်းဖြစ်သူအား ပြောပြလိုက်သည်။ နည်းပြက အလွန်ဒေါသထွက်သွားသဖြင့် ကောင်လေးနှစ်ယောက်ကို ရိုက်နှက်လိုက်သည်။ သို့သော် ဤအရာက မောင်နှမများကြားမှ အခြေအနေကို ပိုဆိုးသွားစေခဲ့သည်။ ကောင်လေးနှစ်ယောက်သည် အခွင့်အရေးရတိုင်း မြောင်မြောင်ကို အနိုင်ကျင့်ကြတော့သည်။

ဇနီးဖြစ်သူသည် အကျပ်အတည်းဖြစ်နေခဲ့သည်။ ကောင်လေးနှစ်ယောက်သည် ကျောင်းတက်ရမည့် အရွယ်ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူမသည် ခင်ပွန်းဖြစ်သူနှင့် မြောင်မြောင်ကို ကျေးလက်ဒေသတွင် ထားခဲ့ပြီး သားများကို သူတို့ကျောင်းနှင့်ပိုနီးစေရန် မြို့ဟောင်းရှိ အငှားအိမ်တစ်လုံးသို့ ခေါ်ဆောင်သွားခဲ့သည်။

နေ့ရက်များ ကုန်လွန်သွားခဲ့သည်။ တစ်နေ့တွင် ဇနီးဖြစ်သူသည် သားများ၏အိတ်များကို ထုပ်ပိုးနေစဉ် သူမသား၏ ဒိုင်ယာရီစာအုပ်ကို မတော်တဆတွေ့ရှိခဲ့သည်။ ထို့နောက် သူမ၏သားများသည် အနိုင်ကျင့်သည့် အလေ့အကျင့်များကို ခင်ပွန်းဖြစ်သူထံမှ သင်ယူခဲ့ခြင်းဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။ သူမ အိမ်တွင်မရှိချိန်တွင် ခင်ပွန်းဖြစ်သူသည် မြောင်မြောင်ကို ရိုက်နှက်ပြီး တစ်ခါတစ်ရံ ပိုဆိုးသည့် အရာများကိုပင် ပြုလုပ်ခဲ့သည်။

ဇနီးသည် အနည်းငယ် စဉ်းစားလိုက်မိသည်။ အတိတ်တွင် ခင်ပွန်းဖြစ်သူသည် သူမအား ရိုက်နှက်လေ့ရှိသည်။ သို့သော် မြောင်မြောင်ကို မွေးစားလိုက်ပြီးနောက် ခင်ပွန်းဖြစ်သူသည် သူမကို ရိုက်နှက်ခြင်း ရပ်တန့်သွားခဲ့သည်။ ခင်ပွန်းဖြစ်သူမှာ အပြောင်းအလဲဖြစ်သွားပြီဟု သူမ ထင်ခဲ့သော်လည်း လက်တွေ့တွင် သူသည် ပစ်မှတ်အသစ်တစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

သူမ ကျေးလက်ဒေသအိမ်လေးသို့ အပြေးပြန်သွားလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုအချိန်မှစ၍ သူမ၏အမှားအား စတင်နောင်တရမိခဲ့သည်။ သူမသည် မြောင်မြောင်အတွက် အကာအကွယ်ပေးမည့် ထီးတစ်လက် ဖြစ်လာရန် အလွန်အားနည်းလွန်းခဲ့သည်။ အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက်ခံရသဖြင့် သူမသည် တိတ်တဆိတ်နေရန်သာ ရွေးချယ်ခဲ့ရသည်။

ဇနီးဖြစ်သူသည် မြောင်မြောင်၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော်လည်း ထိုမျှော်လင့်ချက်သည် လက်တွေ့ဘဝအရှိတရားကြောင့် ကြေမွသွားခဲ့လေသည်။

မြောင်မြောင်အား ပို၍နာခံစေရန်နှင့် သူမကို ‘အဓိပ္ပာယ်မရှိသော စကားများ လျှောက်ပြောခြင်း’ မှ တားဆီးရန်အတွက် အငြိမ်းစား ဂျူဒိုနည်းပြသည် မြောင်မြောင်၏ တုံးအသော အစ်ကိုအား အိမ်သို့ ခေါ်လာပြီး မြောင်မြောင်နှင့်အဖော်ပြုပေးရန် ဇနီးဖြစ်သူနှင့် ဆွေးနွေးခဲ့သည်။

မြောင်မြောင်သည် အိမ်တွင် ပိတ်မိနေပြီး ဘယ်မှ သွားခွင့်မရပေ။ သူမ၏ တုံးအဉာဏ်နည်းသော အစ်ကိုနှင့်သာ ကစားခွင့်ရလေသည်။ တစ်ခါတစ်ရံတွင် သူမ၏မွေးစားဖခင်က သူတို့နှင့် ပူးပေါင်းတတ်သည်။ သူတို့သည် အိမ်တွင် သစ်သားရုပ်ကလေးဂိမ်းကို ကစားကြသည်။ သူတို့ ဂိမ်းကစားနေချိန်တိုင်းတွင် လူအိုကြီးက သူတို့ကို ဘာလုပ်လုပ် သူတို့လှုပ်ရှား၍မရနိုင်ပေ သို့မဟုတ်ပါက အရှုံးပေးပြီး အပြစ်ပေးခံရမည်ဖြစ်သည်။

နောင်တရသော စာထဲမှ စကားလုံးများသည် ပို၍ဝေဝါးလာသော်လည်း အကြောင်းအရာက ခြောက်ခြားဖွယ်ရာဖြစ်သည်။ ကောင်းမင် ဖြည်းညှင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့အိပ်မက်ဆိုးများတွင် ထိုကဲ့သို့အရာမျိုးသည် ရှားရှားပါးပါး ဖြစ်ပေါ်လေ့ရှိသည်။ လက်တွေ့ဘဝသည် သူ့အိပ်မက်ထက် ပို၍ဆန်းကြယ်နေလေသည်။

အခြေအနေကို နားလည်သွားပြီးနောက် ကောင်းမင်သည် ဓာတ်ပုံဘောင်ကို ထုတ်ယူလိုက်ပြီး ထန်ချင်းအား ပြသလိုက်သည်။

“ကျွန်တော် ဒါကို ဉာဏ်မကောင်းတဲ့ အစ်ကိုရဲ့အခန်းထဲက တွေ့ခဲ့တာ ၊ ဒါက သူ့ရဲ့ ကိုယ်ပိုင်ရတနာလေးပဲ ၊ အထဲကလူတွေက သူ့အတွက် အရမ်းအရေးပါလိမ့်မယ်”

ဓာတ်ပုံကို မြင်သောအခါ ထန်ချင်း အံ့အားသင့်သွားသည်။

“စီးကရက်နဲ့ စားဖိုမှူးကို ငါသိတယ် ၊ သူက ငါပြောပြခဲ့တဲ့ ခေါက်ဆွဲဆိုင်ပိုင်ရှင်အကျဉ်းသားပဲ ၊ သူက သူ့အိမ်နီးချင်းတွေကို သတ်ခဲ့ပြီးတော့ သေချင်နေရုံပဲ”

“ဒါဆို အားလုံး ကိုက်ညီတယ်”

ရှုတိရီက ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“စားဖိုမှူးက နည်းပြမိသားစုနဲ့ အနီးအနားမှာ နေခဲ့ရတာ ၊ သူ ကျန်းမြောင်မြောင်ကို သိမှာပဲ ၊ သူဒေါသထွက်ပြီး နည်းပြမိသားစုတစ်ခုလုံးကို သတ်လိုက်တာပဲ”

“လူကြီးတစ်ယောက် ဒီလိုလုပ်တာက တွေးကြည့်ဖို့ ခက်ခဲတယ် ၊ ဒါ့အပြင် သူက ဇနီးနဲ့ သားနှစ်ယောက်ကိုပါ ဘာလို့ သတ်လိုက်တာလဲ”

ရှုရာကျင့်က ဓာတ်ပုံထဲမှ အမျိုးသားကို စိုက်ကြည့်လိုက်သည်။

“သူ သေချင်နေတဲ့ ဆန္ဒက တကယ့်လူသတ်သမားကို ကာကွယ်ပေးချင်လို့များ ဖြစ်နိုင်မလား ၊ ဥပမာ - ဉာဏ်မကောင်းတဲ့အစ်ကို ဒါမှမဟုတ် မြောင်မြောင်က တကယ့်တရားခံ ဖြစ်နိုင်မလား”

“သေဆုံးသူလေးယောက်ထဲမှာ ဂျူဒိုနည်းပြတစ်ယောက်ပဲ ထိုးကြိတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာ ၊ ကျန်တဲ့သူတွေက ကာဗွန်မိုနောက်ဆိုဒ်အဆိပ်မိလို့ သေသွားတာပဲ”

ထန်ချင်းမှတ်မိရန် ကြိုးစားလိုက်သည်။

“ဉာဏ်မကောင်းတဲ့လူမှာလည်း လျှို့ဝှက်ချက်တွေ ရှိနေတယ် ၊ ဒါပေမဲ့ ရဲတွေက စုံစမ်းစစ်ဆေးမှုမှာ သူ့ကို လျစ်လျူရှုထားခဲ့ပုံရတယ်”

ကောင်းမသည်င် ပလက်စတစ်အိတ်ကို ဖွင့်လိုက်ပြီး လက်ချောင်းအပြတ်များကို ပြသလိုက်သည်။

“ကျွန်တော် ဒါတွေကို သူ့သစ်သားသေတ္တာထဲမှာ တွေ့ခဲ့တာ”

“အဲဒီကိစ္စပ်ဖြစ်တုန်းက သူ အသက်ဘယ်လောက်ရှိပြီမို့လဲ”

ထန်ချင်း ခေါင်းခါလိုက်သည်။

“စားဖိုမှူးက အိမ်ပိုင်ရှင်နဲ့ စကားများရာကနေ မတော်တဆဖြစ်ပြီး ဒီလိုဖြစ်ရပ်ဆိုး ဖြစ်သွားတာလို့ပဲ ငါယုံချင်ပါတယ်”

“ဒါက ဖြစ်ရပ်ဆိုး မဟုတ်ဘူး ၊ အိမ်ပိုင်ရှင်က ဒါနဲ့ထိုက်တန်တယ်”

ရှုတိရီက သူကိုင်ထားသော တုတ်ကို ဝှေ့ယမ်းလိုက်သည်။

“ဒီအဖိုးကြီးက တိရစ္ဆာန်တစ်ကောင်လိုပဲ”

ကောင်းမင်က သူတို့၏စကားဝိုင်းတွင် ဝင်မပါခဲ့ပေ။ ထန်ချင်း သူ့ထွက်ဆိုချက်ကို ပြောချိန်တွင် မျက်မှောင်ကြုတ်သွားသည်ကို သူသတိထားမိသည်။ ထို့အပြင် သူ့စကားများသည် ရည်ရွယ်ချက်ရှိရှိ ပြောနေသကဲ့သို့ ဖြစ်ပြီး အပြစ်ကို စားဖိုမှူးဆီသို့ ပြောင်းချရန် အစွမ်းကုန် ကြိုးစားနေလေသည်။ ကောင်းမင်၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။

“ထန်ချင်းက တခြားစမ်းသပ်သူတွေနဲ့ မတူဘူး”

“ကျွန်တော် တစ်ခု နားမလည်သေးဘူး”

ကောင်းမင်သည် ထန်ချင်းကို မဖော်ထုတ်ဘဲ အကြောင်းအရာပြောင်းလိုက်သည်။

“ကျွန်တော်တို့ရဲ့ အယူအဆအရ အိမ်ပိုင်ရှင်နဲ့ ဉာဏ်မကောင်းတဲ့လူက ရန်သူတွေ ဖြစ်သင့်တယ် ၊ ဒါပေမဲ့ မိန်းကလေးက သူမြင်ခဲ့ရတဲ့ သရဲက အိမ်ပိုင်ရှင်နဲ့တူတယ်လို့ ပြောခဲ့တယ် ၊ ဉာဏ်မကောင်းတဲ့လူနဲ့ ဂျူဒိုနည်းပြက အခုသရဲတွေအဖြစ် ပြန်လာပြီး အတူတူနေထိုင်နေကြတယ်လို့ ခင်ဗျားတို့ ပြောနေတာလား”

“ကျွန်မလည်း ဒါက ထူးဆန်းတယ်လို့ ထင်တယ် ၊ အိမ်ပိုင်ရှင် ပြန်ရောက်လာပြီးနောက် စားဖိုမှူးနဲ့ ဉာဏ်မကောင်းတဲ့လူကို လက်စားမချေသင့်ဘူးလား”

ရှုရာကျင့်က သူမခေါင်းကို ကုတ်လိုက်သည်။

“ဉာဏ်မကောင်းတဲ့လူကို ကူညီပေးနေတဲ့ နောက်တစ်ခုလည်း ရှိတယ်”

ကောင်းမင် အနည်းငယ် စဉ်းစားလိုက်သည်။

“ဉာဏ်မကောင်းတဲ့အစ်ကိုက သူ့ညီမလေး အိမ်ပြန်ရောက်ပြီလို့ မပြောခင် တတိယထပ်က တံခါးဖွင့်သံကို ကြားခဲ့တယ် ၊ သူ့ညီမလေးက တတိယထပ်မှာ နေနေတာ ဖြစ်နိုင်မလား”

“ကျွန်မတို့ တတိယထပ်ကို သွားကြမလို့လား”

ရှုရာကျင့် စိတ်ပူသွားသည်။

“ဒါပေမဲ့ ဉာဏ်မကောင်းတဲ့လူက အခုပဲ တတိယထပ်ကို ပြေးသွားတာလေ ၊ ကျွန်မတို့ အဲဒီကို သွားရင် သူ့ကို ပြန်ဆုံနိုင်တယ်နော်”

“လူသားတစ်ယောက်က ဘာများ ကြောက်စရာကောင်းလို့လဲ”

ကောင်းမင် လေးလံသည့် ချိန်းဆောစက်ကို မလိုက်ပြီး တံခါးဝမှ ထွက်သွားလိုက်သည်။ ကျန်သူများက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။

“ညီကိုက အရင်က ဟန်ရှန်းမှာ အချိန်ဖြုန်းခဲ့ဖူးတာဖြစ်ရမယ်”

ရှုတိရီသည် ကျန်လူများကို ကောင်းမင်နောက်လိုက်ရန် အချက်ပြလိုက်သည်။

နေရာသည် တိတ်ဆိတ်မှုထဲ နစ်မြှုပ်သွားသည်။

ကောင်းမင်သည် တတိယထပ်သို့ ဦးတည်သော လှေကားထစ်များပေါ်တွင် နောက်ထပ် အလောင်းနှစ်လောင်းကို တွေ့လိုက်ရသည်။ နာရီအနည်းငယ်အကြာက အသက်ရှိနေသေးသော ထိုလူများသည် လူသား,လေးများအဖြစ် ကွေးကောက်နေလေသည်။ သူတို့၏ မျက်လုံးများသည် မျက်လုံးအိမ်ထဲမှ ပြူးထွက်နေကြသည်။

“လူသားခွန်အားနဲ့ ဒါမျိုး မလုပ်နိုင်ဘူး”

ကောင်းမင်သည် သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုများ ရှိနေသည်ကိုပင် သတိမထားမိပေ။

“ဒီကမ္ဘာကြီးမှာ သရဲတွေ ရှိနေပုံရတယ် ၊ ဒီလိုဆိုရင် ငါ့အိပ်မက်ဆိုးဟာ ရိုးရိုးအိပ်မက်တစ်ခုထက် ပိုနေနိုင်တယ်”

All Chapters