← Chapters

အစေ့များ

Vol. 32 Ch. 477

အစေ့များ

Vol. 32 Ch. 477

ကောင်မလေးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညှဉ်းပန်းနှိပ်ခံခဲ့ရသော်လည်း သူမသည် အလွန်ကြင်နာတတ်နေဆဲဖြစ်သည်။ သူမသည် ကောင်းမင်အား အတိတ်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြခဲ့ပြီး အိပ်မက်ဆိုးအကြောင်း အရာများစွာကို ထုတ်ဖော်ပြောပြခဲ့သည်။

ကမ္ဘာပေါ်ရှိ အိပ်မက်ဆိုးတိုင်းသည် ထူးခြားသည်။ ၎င်းတို့ကို အိပ်မက်မက်သူ၏ဘဝကို အသုံးပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်။ သူတို့၏ စိတ်ပျက်အားငယ်မှုအရှိဆုံး အခိုက်အတန့်ကို ပေါင်းစည်းထားပြီး လက်တွေ့ဘဝကို ပုံရိပ်ယောင်ထဲတွင် ထွင်းထုထားပေသည်။

ဖြစ်နိုင်သည်မှာ ယင်းသည် နာကျင်မှု၏အနည်အနှစ်များ ဖြစ်ဟန်ရှိသည်။ ပုံရိပ်ယောင် စိတ်ပျက်အားငယ်မှုသည် သိသာထင်ရှားသော အမှန်တရားတစ်ခုအဖြစ် စုပုံလာပြီး မမြင်ရသော်လည်း တည်ရှိနေသည့် နက်ရှိုင်းသောပင်လယ် ဖြစ်လာလိမ့်မည်။

ကောင်မလေးသည် အိပ်မက်ဆိုးကို ယေဘုယျအားဖြင့် အလွှာသုံးလွှာ ခွဲခြားထားကြောင်း ပြောပြသည်။ ပထမအလွှာသည် အဖြစ်အများဆုံးဖြစ်ပြီး အပေါ်ယံအလွှာဟုလည်း သိကြသည်။ ၎င်းသည် လက်တွေ့ဘဝ၏ ပုံရိပ်ပြသမှု ဖြစ်သည်။ ထိုအလွှာထဲတွင် ကိစ္စများမည်မျှပင် ဆန်းကြယ်သော်လည်း သူတို့ရဲ့ လက်တွေ့ကမ္ဘာတွင် ကိုက်ညီမှုများကို ရှာတွေ့နိုင်မည်ဖြစ်သည်။

စမ်းသပ်သူများ ရောက်ရှိနေသည့် အဆောက်အဦးသည် အပေါ်ယံအလွှာဖြစ်သည်။ မီးလောင်ထားသော အိမ်၊ သန္ဓေပြောင်းသွားသော မွေးစားသားသမီးများနှင့် သူ့ညီမလေးကို အကာအကွယ်ပေးရန် အတင်းအကျပ် ဆန္ဒရှိနေသော ဉာဏ်မကောင်းသည့်အစ်ကို... ၎င်းတို့အားလုံးသည် အစစ်အမှန်ဖြစ်သည်။

အပေါ်ယံအလွှာတွင် အဆိုးမြင်ခံစားချက်များသည် အဆင့်တစ်ခုထိ စုပုံမိလာသောအချိန်တွင် အရိပ်ထွက်ပေါ်လာမည်ဖြစ်သည်။အရိပ်များသည် သူတို့ကို မသတ်ဖြတ်နိုင်သော်လည်း သူတို့အား ဦးစွာကန့်သတ်လာလိမ့်မည်ဖြစ်သည်။

ကောင်မလေးသည် အရိပ်က ဘာကိုကိုယ်စားပြုသည်ကို မသိပေ။ သူမ၏အစ်ကိုဖြစ်သူအား ထိခိုက်စေမည်ကို စိုးရိမ်သဖြင့် ကောင်မလေးသည် အရိပ်ကို သူမ၏ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ထားခဲ့သည်။ နောက်ဆုံးတွင် သူမသည် သူမ၏အိပ်မက်ဆိုးထဲတွင် အိပ်ပျော်သွားပြီး ဒုတိယအလွှာထဲသို့ ကျရောက်သွားသည်။

ဒုတိယအလွှာသည် အရိပ်များဖြင့် ဖုံးလွှမ်းခံထားရသည်။ ဒုတိယအလွှာသည် သူမအား အကြောက်ရွံ့ဆုံးဖြစ်စေသည့် အရာများဖြင့် ပြည့်နှက်နေသည်။ သူမ မွေးစားခံရပြီးနောက် သူမ၏ အကြီးမားဆုံး ဆန္ဒမှာ ထွက်ပြေးရန်ဖြစ်သည်။ ထို့ကြောင့် အိပ်မက်ဆိုးသည် သူမ၏လှောင်အိမ် ဖြစ်လာခဲ့သည်။ သူမသည် အိမ်အတွင်းရှိ တစ်စုံတစ်ရာကို အသုံးပြုတိုင်း တန်ကြေးတစ်ခု ပေးဆပ်ရသည်။ ၎င်းသည် ကောင်မလေး ရင်ဆိုင်နေရသော ပဟေဋိဖြစ်သည်။ သူမ၏ မွေးစားမိသားစုသည် သူမအား လူတစ်ယောက်ကဲ့သို့ မဆက်ဆံကြပေ။ သူတို့၏ မွေးစားခြင်းနောက်ကွယ်၌ ရည်ရွယ်ချက်များ ရှိသည်။

“လူသားတွေရဲ့ အကြောက်တရား အမျိုးမျိုးကွဲပြားမှုကြောင့် အိပ်မက်ဆိုးတိုင်းက မတူကြဘူး ၊ ရှင် ကျွန်မနဲ့ တွေ့ရတာ ကံမကောင်းဘူး ၊ ကျွန်မအိပ်မက်ဆိုးရဲ့ သဘောသဘာဝက ထောင်ချောက်ဆင်ခြင်း ဖြစ်တယ်”

ကောင်မလေးက ကြင်နာစွာ ရှင်းပြသည်။ သူမ၏ရှုထောင့်မှကြည့်လျှင် ကောင်းမင်နှင့် သူမ၏ အစ်ကိုတို့သည် နောက်ဆုံးတွင် သူမနှင့်ပူးပေါင်းလာလိမ့်မည်ဖြစ်သည်။

ကောင်းမင်သည် သူ့အပေါ်ရှိ ချည်မျှင်များကို စစ်ဆေးလိုက်သည်။ သူသည် ပင့်ကူအိမ်ထဲ ကျသွားသကဲ့သို့ ခံစားရသည်။ သူ ရုန်းကန်လေလေ ချည်နှောင်မှုက ပိုတင်းကျပ်လေလေ ဖြစ်သည်။

“ထွက်သွားဖို့ လုံးဝနည်းလမ်းမရှိဘူးလား”

“အိပ်မက်ဆိုးတိုင်းမှာ တံခါးနှစ်ချပ်ရှိတယ် ၊ တံခါးတစ်ချပ်က လွတ်မြောက်ခြင်းကို ကိုယ်စားပြုပြီး ကျန်တံခါးတစ်ချပ်က ကယ်တင်ခြင်းကို ကိုယ်စားပြုတယ် ၊ ‘လွတ်မြောက်ခြင်း’ တံခါးက အပေါ်ယံအဆင့်မှာ တည်ရှိတယ် ၊ ရှင် ကျွန်မအစ်ကိုရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး သူ့နဲ့ ဂိမ်းအားလုံးကစားလိုက်တာနဲ့ သူက ရှင့်ကို လက်တွေ့ကမ္ဘာဆီ ပြန်သွားခွင့်ပြုလိမ့်မယ်”

ကောင်မလေးသည် ကောင်းမင်ကို စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်လိုက်သည်။

“ရှင် ဒီလိုလုပ်လိမ့်မယ်လို့ ဘယ်သူ သိမှာလဲ”

“ကယ်တင်ခြင်း တံခါးက ဘယ်မှာလဲ”

ကောင်းမင်မှာ ပို၍ သိချင်စိတ် ပြင်းပြလာနေသည်။

ကောင်မလေး ကြမ်းပြင်ပေါ် ခေါက်၍ အောက်သို့ လက်ညှိုးထိုးပြသည်။ “

အိပ်မက်ဆိုးရဲ့ ဒုတိယအလွှာက အလယ်အလွှာပဲ ၊ စိတ်ပျက်အားငယ်မှုတွေ ပိုဆိုးလာတာနဲ့အမျှ အလယ်အလွှာက ပိုမိုနက်ရှိုင်းတဲ့ အိပ်မက်လောကထဲကို နစ်မြုပ်သွားလိမ့်မယ် ၊ ရှင် အဲဒီကို ရောက်သွားတာနဲ့ လက်တွေ့ကမ္ဘာကို ပြန်လာနိုင်တော့မှာ မဟုတ်ဘူး ၊ ကယ်တင်ခြင်းကို ကိုယ်စားပြုတဲ့ တံခါးက တခြားကမ္ဘာကို ဦးတည်နေတာ”

ကောင်မလေး သူ့အစ်ကိုကို ဖက်ထားလိုက်ပြီး ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

“ကျွန်မ အိပ်ချင်လာပြီ ၊ ကျွန်မ အလယ်အလွှာမှာ အိပ်ပျော်သွားရင် နှလုံးသားထဲက အနက်ရှိုင်းဆုံး အိပ်မက်ဆိုးကို ရောက်ချင်ရောက်သွားလိမ့်မယ်”

ကောင်မလေး၏ စကားများသည် ကောင်းမင်အား အကြီးအကျယ်လှုံ့ဆော်ပေးခဲ့သည်။ သူသည် သူ၏ သတိလစ်နေမှု အခြေအနေကို သတိရသွားသည်။

“ငါ သေလုနီးပါးဖြစ်တုန်းက မတော်တဆနဲ့ အနက်ရှိုင်းဆုံး အိပ်မက်လောကထဲ ဝင်သွားခဲ့တာလား ၊ ဒါပေမဲ့ ငါဘယ်လို နိုးလာတာလဲ ၊ ဆေးရုံက ငါ့ကို ကယ်ဖို့ နောက်ဆုံးပေါ် နည်းပညာကို သုံးခဲ့တယ်လို့ ပြောတယ် ၊ အဲဒီမှာ ဆက်စပ်မှုတစ်ခု ရှိနေတာလား”

“ရှင် စိတ်ပူနေပုံ မရဘူးနော်”

ကောင်မလေးသည် ကောင်းမင်ကို မထိခိုက်စေချင်ပေ။ သူမသည် ကောင်းမင်က သူမအစ်ကိုကို အလယ်အလွှာသို့ ခေါ်လာသောကြောင့်သာ သူမစိတ်အနှောင့်အယှက် ဖြစ်နေခြင်းဖြစ်သည်။

“စိတ်ပူနေလို့ အဓိပ္ပာယ်မရှိဘူးလေ”

ကောင်းမင်က ကောင်မလေးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

“ငါ အရင်က အနက်ရှိုင်းဆုံး အိပ်မက်လောကကို သွားဖူးတယ်လို့ မင်းထင်လား ၊ ငါအဲဒီကို သွားခဲ့ဖူးတယ်ဆိုတာ ပြသနေတဲ့ တစ်စုံတစ်ခု ငါ့မှာရှိနေသလား”

ကောင်မလေးက ယင်းကို မမျှော်လင့်ထားပေ။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းမင်ကို စစ်ဆေးလိုက်သည်။ သူမ ဘာကိုမှ သတိမထားမိပေ။ သူမသည် ကောင်းမင် နေမကောင်းဖြစ်နေသည်ဟုသာ ထင်လိုက်မိသည်။

ကောင်မလေးသည် သူ့ကို လျစ်လျူရှုပြီး အခြားဘက်သို့ လှည့်လိုက်သည်။

“ရှင် အခု ထွက်လာလို့ ရပါပြီ ၊ ပုန်းနေဖို့ မလိုတော့ဘူး”

တိုးတိုးကြိတ်ကြိတ် အသံများ ထွက်လာသည်။ မကြာမီတွင် ဝမ်းနည်းနေသော ရှုတိရီက ကုတင်အောက်မှ တွားထွက်လာလေသည်။ ထန်ချင်းက သူ့ကို မသတ်ခဲ့ခြင်းအတွက် သူ နောင်တရနေမိသည်။

“မင်း ပြောပုံအရ ငါတို့အားလုံး မသေဆေးရဲ့ လှည့်စားခြင်းကို ခံခဲ့ရတာပေါ့ ၊ စမ်းသပ်မှုက အချိန်အကြာကြီးကတည်းက စတင်နေခဲ့တာပေါ့ ၊ ငါတို့ကို လာခေါ်မယ့်သူ တစ်ယောက်မှ မရှိဘူးလား”

သူသည် ကုတင်အောက်တွင် ပုန်းအောင်းနေခဲ့သောကြောင့် ရှုတိရီမှာ ကောင်းမင်ထက် ချည်မျှင်များ ပိုများနေလေသည်။

“သူတို့က တခြားသူတွေရဲ့ အသက်တွေကို ခိုးယူတဲ့ ဓားပြတွေပဲ ၊ ပြီးတော့ ရှင်တို့က သူတို့ရဲ့ ပူးပေါင်းကြံစည်သူတွေပဲ”

ကောင်မလေး ရယ်မောလိုက်သည်။

“အခုမှ နောင်တရဖို့ နောက်ကျနေပြီ မဟုတ်လား”

“မင်း ငါ့ကို အဖြေမပေးရသေးဘူးနော်”

ကောင်းမင်က နောက်ထပ် ခြေနှစ်လှမ်း ရှေ့တိုးလိုက်သည်။ သူသည် ဉာဏ်မကောင်းသူကို တိုက်မိလုနီးပါး ဖြစ်သွားသည်။

“မင်းက အိပ်မက်ဆိုးထဲမှာ နေထိုင်သူပဲ ၊ ငါက တခြားစမ်းသပ်သူတွေနဲ့ မတူဘူးဆိုတာ မင်းပြောနိုင်သင့်တယ် ၊ ငါ့ဆီမှာ တခြားအိပ်မက်ဆိုးတွေနဲ့ သက်ဆိုင်တဲ့ သဲလွန်စတွေကို မင်းရှာတွေ့ချင် ရှာတွေ့နိုင်လိမ့်မယ်”

ကောင်းမင်သည် သူ့ကျောပိုးအိတ်ကို ချွတ်၍ အရာအားလုံးကို ထုတ်ယူလိုက်သည်။

“ဒါတွေက ငါသတိလစ်သွားတုန်းက ငါ့ပေါ်မှာ ရှိနေခဲ့တဲ့ အရာတွေ အကုန်လုံးပဲ ၊ ဆေးရုံက ငါ့အတွက် သိမ်းထားပေးခဲ့တာ ၊ ငါဒါတွေကို အိပ်မက်ဆိုးထဲမှာ သုံးခဲ့ဖူးတယ်လို့ ယုံကြည်တယ်”

ကောင်းမင်သည် လက်ပတ်ကိုပင် ကောင်မလေးရှေ့တွင် ထားလိုက်သည်။

“ရှင်က တခြားစမ်းသပ်သူတွေနဲ့ မတူရုံသာမက ပုံမှန်လူတစ်ယောက်နဲ့လည်း အရမ်းကွာခြားတယ်”

ကောင်းမင်တို့အဖွဲ့ ရောက်ရှိလာခြင်းက ကောင်မလေးပေါ်ရှိ စိတ်ပျက်အားငယ်မှု ဖိအားကို လျော့ကျစေခဲ့သည်။ ထို့ကြောင့် သူမသည် သူတို့နှင့် စကားပြောချင်ခဲ့ခြင်းဖြစ်သည်။

“ရှင်က ဓားပြတွေရဲ့ မြှူဆွယ်ခြင်းကို ခံရပြီး ရှင့်အသိတ်စိတ်ကို ကျွန်မရဲ့ အိပ်မက်ဆိုးထဲ အတင်းအကျပ် ထည့်သွင်းခံလိုက်ရတာ ၊ ရှင့်အဝတ်တွေနဲ့ ကျောပိုးအိတ်တွေက အတုအယောင် နည်းပညာနဲ့ လုပ်ထားတာပဲ ၊ ရှင် လက်တွေ့ကမ္ဘာက ဘာကိုမှ အိပ်မက်ဆိုးထဲ ယူလာလို့ မရဘူး”

“ဒါဆို ဒါတွေအားလုံးက အတုတွေလား”

ကောင်းမင်သည် သူ့အိတ်ကို ပို၍ ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်သည်။ ပစ္စည်းများ ပြုတ်ကျလာပြီး အရိပ်ထဲသို့ ကွဲကြေသွားလေသည်။

“ဟုတ်တယ် ၊ လက်လျှော့လိုက်ပါတော့”

ကောင်မလေးက အတည်ပြုပေးလိုက်သည်။

“လက်တွေ့ကမ္ဘာက ဘယ်အရာမှ အိပ်မက်ဆိုးကို မထိခိုက်နိုင်ဘူး”

သူမ ထိုသို့ပြောလိုက်စဉ် တိုးလျသော ကလစ်ဟူသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။ လူတိုင်း အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ကောင်းမင်၏ကျောပိုးအိတ်ထဲမှ ထူးဆန်းသော အစေ့ သုံးစေ့ ပြုတ်ကျလာလေသည်။ ထိုအစေ့ သုံးစေ့သည် အရိပ်ထဲသို့ ပျောက်ကွယ်မသွားပေ။ အစေံများသည် အရိပ်ကို ထိတွေ့မိပြီးနောက် သူတို့၏ခြောက်သွေ့နေသော အခွံများသည် ပတ်ဝန်းကျင်ရှိ အရိပ်များကို စတင်စုပ်ယူတော့သည်။

“ဒါတွေက ဘာတွေလဲ”

ကောင်မလေးသည် အိပ်မက်ဆိုးကို ကောင်းကောင်းသိသည်ဟု ယုံကြည်သော်လည်း အကြောက်တရားကို စုပ်ယူနိုင်သော အစေ့များကိုမူ သူမ မမြင်ဖူးခဲ့ပေ။

ကောင်းမင်လည်း စိတ်ရှုပ်ထွေးသွားသည်။ သူ ဒူးထောက်လိုက်ပြီး အစေ့နှစ်စေ့ကို ကောက်ယူလိုက်သည်။ သူ တတိယမြောက် အစေ့ကို ဆွဲယူရန် လှုပ်ရှားလိုက်ချိန်တွင် အစေ့ထဲတွင် အက်ကြောင်းတစ်ခု ပြန့်နှံ့သွားသည်။ အခွံထဲမှ အနီရောင်အမြစ်ငယ်လေးတစ်ခု ထိုးထွက်လာပြီး ကြမ်းပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

All Chapters