← Chapters

ဝိညာဉ်၏ပန်းတိုင်

Vol. 32 Ch. 480

ဝိညာဉ်၏ပန်းတိုင်

Vol. 32 Ch. 480

“ဝမ်ကျားလား”

ကောင်းမင်သည် ထိုနာမည်ကို သူ့နှလုံးသားထဲတွင် ရွတ်ဆိုလိုက်သည်။ သူသည် ထိုလူကို လက်တွေ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ကြောင်း သေချာသည်။ သို့သော်လည်း ဝမ်ကျား၏ အသွင်အပြင်သည် သူ့စိတ်ထဲတွင် မှုန်ဝါးနေသည်။

“ငါတို့က လက်တွေ့ဘဝမှာ မတွေ့ဆုံခဲ့ဖူးတာကြောင့် အိပ်မက်ဆိုးထဲမှာ တွေ့ခဲ့ကြရမှာတော့ သေချာတယ် ၊ ဝမ်ကျားက ဘယ်အိပ်မက်ဆိုးထဲကို ဝင်ခဲ့လဲဆိုတာ ငါသိရင် ငါဘာဖြစ်ခဲ့လဲဆိုတာ ရှာဖွေနိုင်လိမ့်မယ်”

ကောင်းမင်သည် ဤအရာများကို အပြင်လူများကို ထုတ်ဖော်မပြောခဲ့ပေ။

“ဦးနှောက်နယ်ပယ် ဂိမ်းမှာ ပထမဆုံးအကြိမ်နဲ့ အိပ်မက်ဆိုးအလယ်အလွှာကနေ လွတ်မြောက်နိုင်တာ မဆိုးပါဘူး ၊ အနာဂတ်မှာ မင်း အဆင့် ၅ လျှို့ဝှက်စမ်းသပ်ခန်းကို ဝင်ရောက်ခွင့်ရနိုင်ပါတယ်”

လူအိုကြီး၏မျက်နှာက မပြောင်းလဲပေ။ သို့သော်လည်း သူသည် ကောင်းမင်အား အနည်းငယ်မျှော်လင့်၍ ကြည့်နေခဲ့သည်။ (မှတ်ချက် - Brain realm ကို ဦးနှောက်လောကကနေ ဦးနှောက်နယ်ပယ်လို့ ပြောင်းရေးပါမယ်)

“အဆင့် ၅ စမ်းသပ်မှုထဲကို ဝင်ရောက်ဖို့ ဘာလိုအပ်လဲ”

ကောင်းမင်၏မေးခွန်းက လူအိုကြီးကို ပို၍ပင်လေးစားစေခဲ့သည်။ လူအများစုသည် ဂိမ်းမှ ထွက်ခွာပြီးသည်နှင့် ကြောက်ရွံ့နေကြလိမ့်မည်ဖြစ်သည်။ ကောင်းမင်ကဲ့သို့ လူမျိုးသည် အလွန်ရှားပါးသည်။

“အလယ်အလွှာစမ်းသပ်မှု ဆယ်ခုကို ရှင်သန်နိုင်ပြီးရင် ဒါမှမဟုတ် အိပ်မက်ဆိုးအနက်ရှိုင်းဆုံး အလွှာကနေ အောင်အောင်မြင်မြင်လွတ်မြောက်နိုင်ပြီးရင်ပေါ့”

လူအိုကြီးက ရှင်းပြသည်။

“ငါတို့မှာ အပေါ်ယံအလွှာနဲ့ အလယ်အလွှာစမ်းသပ်သူတွေ အများကြီး ရှိတယ် ၊ ဒါပေမယ့် အနက်ရှိုင်းဆုံးအလွှာကို ဝင်ရောက်နိုင်တဲ့ စမ်းသပ်သူတိုင်းဟာ ကုမ္ပဏီရဲ့ တန်ဖိုးရှိတဲ့ ရတနာတွေပဲ ၊ သူတို့မှာ အဆင့် ၅ကို ဝင်ရောက်ခွင့် အဆင့် ရှိပါတယ်”

“ကောင်းမင်၊ မင်းဘာလို့ ဒီကို ရောက်နေတာလဲ”

ထန်ချင်း အပြေးအလွှား ရောက်လာသည်။ သူ လူအိုကြီးကို မြင်သောအခါ လျင်မြန်စွာ တောင်းပန်လိုက်သည်။

“နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ဒါရိုက်တာလီ”

“ရပါတယ် ၊ ငါတို့ စကားကောင်းပြောခဲ့ကြတာပါ”

ဒါရိုက်တာလီသည် သူ၏ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ သူသည် ကောင်းမင်၏ ဦးနှောက် စစ်ဆေးချက်များကို ကိုင်ထားသည်။

“ဒါဆိုရင် ကျွန်တော်တို့ အခုသွားပါဦးမယ်”

ထန်ချင်းက ကောင်းမင်ကို လျင်မြန်စွာ ဆွဲခေါ်သွားသည်။ သူတို့ ဒါရိုက်တာလီ မကြားနိုင်သော အကွာအဝေးကို ရောက်သောအခါ သူက ကောင်းမင်ကို တိုးတိုးလေး ပြောလိုက်သည်။

“အဲဒီ အဖိုးကြီးက ဒီဓာတ်ခွဲခန်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ ၊ သူ ငယ်ငယ်တုန်းက သူ့ခံစားချက်တွေကို ဖယ်ရှားဖို့ မသေဆေးရဲ့ စမ်းသပ်မှုတွေမှာ ပါဝင်ခဲ့ဖူးတယ် ၊ သူ့နှလုံးသားထဲမှာ ကုမ္ပဏီပဲ ရှိတယ် ၊မင်း သူ့နဲ့ ဝေးဝေးနေတာ ပိုကောင်းတယ်”

သူတို့သည် အရူးလေးနှင့်အတူ အခန်းသို့ ပြန်လာကြသည်။ အရူးလေးသည် နိုးလာပြီးနောက် ရန်လိုနေခဲ့သည်။ သူသည် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းကို တိုက်ခိုက်နေသည်။ သို့သော် သူ ကောင်းမင်ကို မြင်သောအခါ ကောင်းမင်အား မေးခွန်းထုတ်နေသကဲ့သို့ 'အာ'ဟူသော အသံများစွာ ပြုလုပ်နေလေသည်။

“ခင်ဗျား အိပ်မက်ထဲမှာ အရူးလေးကို ဘာလုပ်ခဲ့တာလဲ ၊ သူ ဘာလို့ ခင်ဗျားကို ကြောက်နေပုံရတာလဲ”

အလုပ်သမားက ကောင်းမင်ကို မေးလိုက်သည်။ ထန်ချင်းလည်း စိတ်ရှုပ်ထွေးနေသည်။ ကောင်းမင်သည် အရူးလေးကို ချိန်းဆောဖြင့် သတိလစ်သွားအောင် လုပ်ခဲ့သည်ကိုသာ သူသိသည်။ သူတို့ အလယ်အလွှာထဲသို့ ကျသွားပြီးနောက် ဘာဖြစ်ခဲ့သည်ကို သူမသိပေ။

ကောင်းမင်သည် ကုတင်ဆီသို့ လျှောက်သွားလိုက်ပြီး ထိုလူကို ကြည့်လိုက်သည်။ အရူးလေး၏ လက်ကောက်ဝတ်များတွင် အပ်ပေါက်ရာများဖြင့် ပြည့်နေလေသည်။ သူသည် အလွန်ပိန်ချုံးနေသည်။ သူ၏မျက်လုံးများသည် လက်တွေ့ဘဝအပေါ် ကြောက်ရွံ့မှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေသည်။ ဖြစ်နိုင်လျှင် သူသည် သူ့ညီမလေးနှင့် အိပ်မက်ထဲတွင် ထာဝရနေချင်သည်။

ကောင်းမင် ဒူးညွှတ်လိုက်ပြီး သူ့နားနား ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။

“ငါ မင်းကို မင်းညီမနဲ့တွေ့အောင် ခေါ်သွားပေးနိုင်တယ် ၊ ဒါပေမဲ့ အဓိကက မင်း ငါ့စကားကို နာခံရမယ် ၊ မင်း လုပ်နိုင်မလား”

အရူးလေးသည် သူ့ညီမအကြောင်း ကြားသောအခါ သူ့မျက်လုံးများ ကြည်လင်သွားသည်။ သူ အပြင်းအထန် ခေါင်းညိတ်လိုက်သည်။ သူသည် ကြိုးများဖြင့် ချည်နှောင်ခံမထားလျှင် ကောင်းမင်ကို ထဖက်ပေလိမ့်မည်။

“ဒါက မင်းညီမနဲ့ ငါတို့ရဲ့ လျှို့ဝှက်ချက်ပဲ ၊ တခြားဘယ်သူ့ကိုမှ မပြောနဲ့”

ကောင်းမင် မလိမ်ညာခဲ့ပေ။ သွေးသစ်ပင်သည် ကောင်မလေးအား အနက်ရှိုင်းဆုံး အိပ်မက်ဆိုးထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းသည် ကောင်းမင်၏ ပန်းတိုင်ဖြစ်သည်။ သူသည် ထိုလူကို ကူညီနိုင်မည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

“ထန်ချင်း ၊ နောက်ဂိမ်းက ဘယ်တော့စမှာလဲ”

ကောင်းမင်သည် အရူးလေးကို ငြိမ်ငြိမ်နေရန် ပြောပြီးနောက် ထန်ချင်းဘက် လှည့်လိုက်သည်။

“ဘယ်စမ်းသပ်မှုကိုမှ အတင်းအကျပ် မလုပ်ခိုင်းဘူး ၊ စမ်းသပ်မှုအသစ်ကို အချိန်မရွေး စတင်နိုင်တယ် ၊ ဒါပေမယ့် မင်းခန္ဓာကိုယ်နဲ့ စိတ်ကို လုံလောက်တဲ့ အနားယူချိန်ပေးဖို့ စမ်းသပ်မှုတစ်ခုနဲ့ တစ်ခုကြား သုံးရက်နားဖို့ ငါတို့ အကြံပြုချင်တယ်”

“အနက်ရှိုင်းဆုံးအလွှာနဲ့ သက်ဆိုင်တဲ့ စမ်းသပ်မှုတွေ ရှိလား”

ကောင်းမင် မေးလိုက်သည်။ ထန်ချင်းက ခေါင်းခါလိုက်သည်။

“ငါ ဒီဓာတ်ခွဲခန်းကိုပဲ ဝင်ခွင့်ရှိတယ် ၊ အများဆုံး အလယ်အလွှာစမ်းသပ်မှုတွေမှာ ပါဝင်ဖို့ပဲ ကူညီပေးနိုင်ပါတယ် ၊ ဒါက မင်းအတွက် လုံလောက်တာထက်တောင် ပိုသေးတယ်”

ထန်ချင်းသည် ကောင်းမင် စိတ်အေးအေးထားနိုင်မည်ဟု မျှော်လင့်ထားသည်။

“အနက်ရှိုင်းဆုံး အိပ်မက်ဆိုးနဲ့ အလယ်အလွှာ အိပ်မက်ဆိုးက လုံးဝမတူညီတဲ့ အရာနှစ်ခုပဲ ၊ ဦးနှောက်နယ်ပယ် ဂိမ်းတွေအကြောင်း မင်း အလုံအလောက်မသိသေးဘူး ၊ မင်း အခု အနက်ရှိုင်းဆုံး အိပ်မက်ဆိုးထဲ ဝင်သွားရင် သေလမ်းရှာနေတာနဲ့ မကွာခြားဘူး ၊ မင်း ဒီလောက်မြန်မြန်ကြီး ကိုမာမဝင်ချင်ပါဘူး ဟုတ်တယ်မလား”

“ကျုပ်မှာ ကျုပ်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိပါတယ်”

“မင်းမိသားစုအကြောင်း စဉ်းစားပါ ၊ သူတို့ကို ဆုံးရှုံးပြီးသွားမှ နောင်တမရပါနဲ့”

ထန်ချင်းသည် ကောင်းမင်၏ဖိုင်ကို ဖတ်ထားခဲ့သည်။ သူ သက်ပြင်းချလိုက်သည်။

“ငါနဲ့ ဒါရိုက်တာလီကြားက အကြီးမားဆုံး ခြားနားချက်က ငါက မင်းကို အန္တရာယ်ရှိတဲ့ တစ်ခုခုလုပ်ဖို့ တိုက်တွန်းမှာမဟုတ်ဘူး ၊ ပြန်ပြီး နားလိုက်ပါ ၊ မင်းအတွက် အကောင်းဆုံး အလယ်အလွှာ စမ်းသပ်မှုကို အမြန်ဆုံးရွေးချယ်ပေးဖို့ ငါအကောင်းဆုံး ကြိုးစားပါ့မယ် ၊ ငါ မင်းကို ဆက်သွယ်လိုက်မယ်”

“ကျုပ်က အမြဲတမ်း တခြားစမ်းသပ်သူတွေနဲ့ စမ်းသပ်မှုမှာ ပါဝင်ရမှာလား”

“ဟုတ်တယ် ၊ ငါတို့ စမ်းသပ်မှုတစ်ခု စတင်တိုင်း ပစ္စည်းတွေအများကြီး အသုံးပြုရတယ်”

ထန်ချင်းသည် ကောင်းမင် ဘယ်အရာကို အသုံးပြုချင်သည်ကို သိသည်။ သူက ရှုတိရီနှင့် အရူးလေးကို လက်ညှိုးထိုးပြသည်။

“တခြား စမ်းသပ်သူတွေက အတည်တကျအဖွဲ့တွေ ဖွဲ့ထားပြီးသား ၊ မင်းတို့ထဲက ဘယ်သူမှ ကန့်ကွက်စရာမရှိရင် မင်းတို့သုံးယောက်ကို နောက်စမ်းသပ်မှုမှာ အတူတူပါဖို့ ငါစီစဉ်ပေးနိုင်တယ်”

“အာ ၊ခင်ဗျားက ကျွန်တော့်ဆီက ပိုလိုအပ်သေးတာလား”

ရှုတိရီသည် ပိုများသော စမ်းသပ်မှုများတွင် ပါဝင်ချင်ခြင်း မရှိပေ။

“မင်းကို အဲဒီလိုလုပ်ဖို့တော့ ငါအတင်းအကျပ် မလုပ်ပါဘူး ၊ ဒါပေမဲ့...”

ထန်ချင်းက ညစ်ပတ်စွာ ပြုံးလိုက်သည်။ “မင်း ဒီလောက် လွယ်လွယ်နဲ့ လက်မလျှော့သင့်ဘူး ၊ ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ”

သူလိုအပ်သည့် အရာအားလုံးကို ပြောပြပြီးနောက် ထန်ချင်းသည် နောက်ဆုံးတွင် သူတို့ကို လွှတ်ပေးလိုက်သည်။

သူတို့သည် ဓာတ်ခွဲခန်းမှ မီတာ ၅၀၀ အကွာအဝေးသို့ ပို့ဆောင်ခံရပြီးနောက် ကောင်းမင်၏ဖုန်းက စတင် တုန်ခါလာလေသည်။ သူသည် မက်ဆေ့ချ်များစွာ လက်ခံရရှိလိုက်သည်။

“ကျုပ်တို့ရဲ့ လိုင်းတွေက အစောပိုင်းက ပိတ်ခံထားရတာလား ၊ မသေဆေးက တကယ် ဂရုစိုက်တာပဲ”

ကောင်းမင်သည် လျိုယီက သူ့အား အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ထားပြီး မက်ဆေ့ချ်ပို့ထားသည်ကို သတိထားမိသည်။ သူ ခဏတာ ပျောက်သွားခြင်းက သူမကို စိတ်ပူစေခဲ့မည်မှာ သေချာသည်။

စကားလုံးများထဲရှိ စိုးရိမ်ပူပန်မှုကို မြင်သောအခါ ကောင်းမင်သည် လျင်မြန်စွာဖြင့် အဖြေတစ်ခုကို မူကြမ်းရေးလိုက်သည်။ သို့သော်လည်း မူကြမ်းပြီးသွားပြီးနောက် သူဖျက်ပစ်လိုက်သည်။ သူသည် လက်တွေ့ဘဝကို စွန့်လွှတ်နိုင်ခြင်း မရှိသော်လည်း အိပ်မက်ဆိုးက သူ့ကို လွှမ်းမိုးနေသည်။ သူ တစ်ခုကို ကျန်တစ်ခုထက် ရွေးချယ်လိုက်လျှင် သူ၏အခြားကိုယ်ပွားသည် အခွံတစ်ခုနှင့် ကျန်ရစ်နေပေလိမ့်မည်။

ကောင်းမင် လျိုယီ၏နံပါတ်ကို ဖုန်းခေါ်လိုက်သည်။ ချက်ချင်း ပြန်ဖြေလာသည်။

“ကောင်းမင် ၊ ရှင် ဘယ်မှာလဲ ၊ ရှင် ဒဏ်ရာရထားလား ၊ ကျွန်မ အခု ရှင့်ကိုလာခေါ်လိုက်မယ်”

လျိုယီက လျင်မြန်စွာ ပြောလိုက်သည်။

“ငါ အင်တာဗျူး သွားဖြေတာပါ ၊ မကြာခင် အိမ်ရောက်လာတော့မှာပါ”

ကောင်းမင်သည် သူ၏အကောင့်ထဲသို့ အခုမှ ထည့်လိုက်သော ယွမ် ၂၀၀၀ ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ အပင်လေး ကြားဝင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ၎င်းက သူတို့၏ဆုလာဘ်များ အလွန်နည်းသွားစေခဲ့သည်။

လျိုယီ၏ ကြင်နာသော ညည်းညူသံများကြားတွင် ကောင်းမင်သည် တိုက်ခန်းဟောင်းလေးသို့ ပြန်ရောက်လာခဲ့သည်။ သူသည် ထိုနေရာနှင့် အသားကျနေပြီဖြစ်သည်။ နွေးထွေးသော အပြင်အဆင်များသည် သူ့စိတ်ကူးထဲမှ အိမ်တစ်လုံး၏ပုံရိပ်နှင့် တဖြည်းဖြည်း ထပ်တူကျလာသည်။

ကောင်းမင် သော့ကို ထုတ်လိုက်သည်။ သူ တံခါး မဖွင့်ရသေးသော်လည်း လျိုယီသည် သူ့ခြေသံများကို ကြားသောအခါ အပြေးအလွှား ရောက်လာခဲ့သည်။ နွေးထွေးသော အလင်းရောင်သည် ကောင်းမင်ပတ်လည်ရှိ အရိပ်ကို မောင်းထုတ်ရန် မှောင်မိုက်နေသော ကော်ရစ်ဒါထဲသို့ ဖြာကျလာတော့သည်။

All Chapters