← Chapters

အခန်း (၆၂၃-၆၂၄)

Vol. 41 Ch. 623-624

အခန်း (၆၂၃-၆၂၄)

Vol. 41 Ch. 623-624

အပိုင်း (၆၂၃)

ရှမ့်လန်က သူမကို ပွေ့ချီပြီး ရေချိုးကန်ထဲတွင် ရေချိုးပေးချင်၏။ သို့မဟုတ် သူ မချီနိုင်ခဲ့ချေ။ “ဟွန်း.. မဟုတ်သေးပါဘူး’

အရင်တုန်းကတော့ သူ ချီနိုင်ခဲ့၏။ မူလန်က ယခင်ကထက် ပိုပိန်သွားသည်မှာ ထင်ရှား၏။ သို့သော်ငြား မက်မောလောက်စရာ ခန္ဓာကိုယ်မျိုးပြောင်းလဲသွားပြီးနောက် အလေးချိန် ၁၂၀ ကီလိုဂရမ်၊ ၂၆၀ ပေါင်ခန့် ပိုမို များပြား၏။

ဝူတူကျိက ရှေ့ကို လှမ်းတက်၏။ မူလန်ကို ရေချိုးကန်ထဲသို့ ပွေ့ချီသွားသည်။ “အင်း.. သူ့ရဲ့ အရိုး သိပ်သည်းဆက တိုးလာတယ်။ ပိန်တယ်ထင်ရပေမယ့် ပေါ့တာမျိုး မဟုတ်ဘူး။ နောက်ပြီး မင်းတို့နှစ်ယောက် အကြည်စိုက်တဲ့အခါလည်း သတိထားအုံး။ သူက ခွန်အားတွေ အရမ်းကြီးတိုးလာခဲ့ပြီ။ ပြီးတော့ သူကိုယ်တိုင် ဒီကိစ္စနဲ့ပတ်သက်ပြီး အသားကျသေးမှာ မဟုတ်ဘူး။ မတော်တဆ အားသုံးမိရင် မင်းတစ်ကိုယ်လုံး ကျိုးပဲ့ကုန်လိမ့်မယ်။ မင်းရဲ့ တင်ပါးဆုံရိုးကလည်း သိပ်ပြီး အားကောင်းတဲ့ပုံလည်း မပေါ်ဘူး”

ရှမ့်လန်က စကားမပြောနိုင်တော့ဘဲ ကြောက်လန့်တကြားနှင့် အံ့အားသင့်မိသွား၏။ ‘ဆရာ.. ယောက်ျားတစ်ယောက်ရဲ့ လက်ဖျားကိုတောင် မထိဖူးဘဲနဲ့ ဘယ်လိုဖြစ်ပြီး အကုန်သိနေရတာလဲ။’

ရေချိုးပြီးနောက် ရှမ့်လန်က မူလန်ကို အဝတ်အစား ဝတ်ပေး၏။ အင်္ကျီများက အနည်းငယ် တိုနေ၏။ မူလန်က ၆ စင်တီမီတာ၊ ၇ စင်တီမီတာခန့် အရပ်ရှည်လာ၏။ ခြေတံရှည်များ ပေါ်နေ၏။ ဘောင်းဘီဝတ်၍ မရတော့ပေ။

ဤအချိန်မှာတော့ ယောက္ခမဖြစ်သူနှင့် ရှမ့်လန်၏မိခင်တို့က ခြံဝင်း၏ အပြင်ဘက်ဆီမှာ ဘုရားဝတ်ပြု ဆုတောင်းနေဆဲဖြစ်၏။ ပင်းအာက တိတ်တဆိတ်နှင့် ဆုတောင်းနေ၏။

တံခါးဖွင့်လိုက်ပြီးနောက် ရှမ့်လန်က အပြင်သို့ ထွက်လာသည်။

“လန်အာ.. ဘယ်လိုလဲ အဆင်ပြေရဲ့လား”

ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ “အောင်မြင်ပါတယ်။ မူလန် ဘေးကင်းသွားပြီ။ ဒါပေမဲ့ နောက်ထပ် နှစ်ရက်လောက်တော့ အိပ်နေအုံးမယ်ထင်တယ်။ အခု ဝင်ပြီးကြည့်လို့ရပြီ။။”

အမျိုးသမီးများက မူလန်၏အခန်းထဲသို့ အလုအယက်ဝင်သွား၏။ ပြီးနောက် ယောက္ခမဖြစ်သူ စုဖေ့ဖေ့၏ အာမေဋိတ်သံက ထွက်ပေါ်လာသည်။ “ဒါ ငါ့ရဲ့သမီး မူလန်လား။ ဘာလို့ ဒီလောက်ကြီး ပြောင်းလဲသွားရတာလဲ”

ရှောင်ပင်းက ငိုမဲ့မဲ့နှင့် ပြောလိုက်၏။ “ကောင်းကင်ဘုံ.. သခင်မလေးက အရမ်းလှသွားတာပဲ။ ကျွန်မ.. ကျွန်မ ဘယ်လိုလုပ် အသက်ဆက်ရှင်ရတော့မှာလဲ”

ရှမ့်လန်က စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်မိသည်။ “ပင်းအာ.. စိတ်မပူနဲ့။ မင်းက မူလန်လောက် မလှပေမဲ့ မင်းက ပိုပြီး ချွဲနွဲ့တတ်ပါတယ်”

ညသို့ရောက်သည့် အချိန်မှာတော့ ရှမ့်လန်က ရေချိုးပြီး အဝတ်အစား လဲလိုက်၏။ သူက ကုတင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေ၏။ တစ်လအတွင်း မိုင်ပေါင်း သောင်းကျော်ခရီး နှင်ခဲ့ရသောကြောင့် အားအင်ကလည်း ကုန်ခမ်းနေပြီ ဖြစ်လ။ ပေါင်ချိန်ဝက်ကိုပင် မ,မနိုင်တော့ချေ။ ပေါင်မှာလည်း ဒဏ်ရာများ ရရှိထား၏။

ပင်းအာက သူ့ကို ဆေးလိမ်းပေးနေ၏။ ဆေးလိမ်းပြီးနောက် သူမက ပွပွချောင်ချောင် ဝတ်စုံကို ပြောင်းလဲဝတ်စေ၏။ ချစ်စရာကောင်းသည့် ကလေးငယ်နှစ်ယောက်က ဘေးနှစ်ဖက်တွင် လေးဘက်သွားကာ လျှောက်သွားနေ၏။ ရှမ့်မီက တစ်နှစ်နီးပါး ရှိပြီးဖြစ်၏။ ရှမ့်ယီက နှစ်လသားအရွယ်သာ ရှိသေး၏။ သာမန်ကလေးငယ်များက လေးဘက်ထောက်ရန် ခြောက်လခန့် ကြာ၏။ ရှမ့်ယီကတော့ နှစ်လမပြည့်ခင်မှာဘဲ လေးဘက်ထောက်ကာ သွားနေ၏။ အံ့မခန်း ထူးဆန်းလှသည်။

ရှမ့်လန်က အားနည်းနေသော်လည်း ချစ်စရာကောင်းသည့် သမီးလေး ရှမ့်မီကို မြင်ရသည့်အချိန်ပင် မည်သို့မှ မနေနိုင်ဘဲ ကောက်ချီမိ၏။ “ဖေဖေ့သမီးလေး... ဖေဖေသမီးလေးကို ပွေ့မချီရတာတောင်မှ ခြောက်လလောက် ရှိနေပြီ”

နန်းမြို့တော်မှာဆိုလျှင် ရှမ့်လန်က အမြဲတမ်း ပွေ့ချီထားပြီး အောက်သို့ မချခဲ့ချေ။ ရှမ့်မီက မျက်လုံး ဝိုင်းကြီးများဖြင့် ရှမ့်လန်ကို လေးလေးနက်နက်ဖြင့် ကြည့်သည်။

“ဖေဖေ.. ဖေဖေ..။။” အော်ခေါ်လျက် ရှိနေ၏။ သူမ၏ လက်ကလေးများကို အသာပင် လှုပ်ခါလိုက်၏။ သူမတွင် သွားရှစ်ချောင်းခန့် ပေါက်နေပြီ ဖြစ်၏။

လူတစ်ယောက် မိသားစု ရှိလာသည့်အခါတွင် နှလုံးသားကို အပိုင်းပိုင်းခွဲရ၏။ မိဘအတွက်တစ်ပုံ၊ မိန်းမအတွက်တစ်ပုံ၊ ကလေးများအတွက်တစ်ပုံ စသဖြင့်ပင်။

သားကလေး ရှမ့်ယီက အားအင်အပြည့်ရှိ၏။ မူလက ကုတင်ကြီးပေါ်တွင် တွားသွားနေရသည်ကို ပျော်၏။ သို့သော် မော့ကြည့်ချိန်မှာတော့ ဖခင်ဖြစ်သူက သူ့ကိုမချီဘဲ အစ်မဖြစ်သူကို ချီထားသည်ကို တွေ့၏။ သူက ကိုယ်ကိုလှန်ပြီး နှုတ်ခမ်းကိုစူ၍ အော်ငို၏။ ဤကောင်လေးက နှစ်လသားသာ ရှိသေးသော်လည်း ကိုယ်တိုင်လှန်နိုင်၊ ထိုင်နိုင်ပြီ ဖြစ်၏။ အစ်မကို ချီထားသည်ကို မြင်သည့်အချိန်မှာတော့ အားရပါးရ ငို၏။

ရှမ့်မီက သူ၏ လက်ဖောင်းဖောင်းလေးနှင့် ညွှန်ပြကာပြောသည်။ “မောင်မောင်.. မောင်မောင်လေး..”

ရှမ့်လန်က သမီးငယ်၏ ပါးပြင်ကို နမ်းလိုက်၏။ “အင်း.. သမီးလေးက တော်လိုက်တာ”

ရှမ့်မီက လက်ခုပ်တီး၏။ ဤသည်ကိုမြင်လျှင် ရှမ့်ယီက ထပ်ကာ အော်ငို၏။ အသက်ရှူမဝချင်ဟန်ပင် ဆောင်သည်။

ပင်းအာက ရှမ့်လန်ကို မျက်စောင်းထိုးပြီး ရှမ့်ယီကို သွားချီလိုက်၏။ “အဖေဆိုးကို ဂရုစိုက်မနေနဲ့တော့။ မေမေက သားကိုချစ်တယ်။။”

သို့သော်ငြား ပင်းအာက မည်သို့ပင်ချော့ချော့ ရှမ့်ယီက တောက်လျှောက်ငိုနေ၏။ ပင်းအာလည်း ရွေးချယ်စရာ မရှိတော့ချေ။ ရှမ့်ယီကို ရှမ့်လန်၏ တခြားလက်တစ်ဖက်ထဲသို့ တွန်းထည့်ပေးလိုက်၏။ ရှမ့်လန်က ဘယ်ဘက်လက်ဖြင့် လှမ်းချီ၏။ ထိုခဏအတွင်းမှာပဲ ရှမ့်ယီ၏ငိုသံက ရုတ်တရက် တိတ်ဆိတ်သွား၏။ ပြီးတော့ သူ၏ လက်သေးသေးလေးဖြင့် အစ်မဖြစ်သူကို တွန်းထုတ်နေသည်။

…………

နောက်တစ်ရက်မှာတော့ ယောက္ခထီးဖြစ်သူ နယ်စားကြီး ကျင်းကျိုးက ပျော်ရွှင်နေသော်လည်း မျက်မှောင် ကြုတ်ထား၏။ မူလန် ပြန်လည်သက်သာလာ၍ ပျော်ရွှင်ရသော်လည်း သူ့လက်ထဲတွင် ရှိနေသည့် ရုံးစာများကြောင့် စိတ်ညစ်နေရ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ရုံးစာသုံးစောင် ရှိ၏။ အတွင်းဝန်ရုံး၊ စစ်ရေးဗြူရိုနှင့် ထျန်းနန်စီရင်စု အုပ်ချုပ်ရေးရုံးတို့မှ ဖြစ်၏။

စစ်ရေးဗြူရိုမှ စာကို နင်ချီက ကိုယ်တိုင်ရေးသားထား၏။ အုပ်ချုပ်ရေးရုံးက စာကို ကျူးကျွင်းက ရေးသားထား၏။ အကြောင်းအရင်းက တူညီ၏။ ရွှမ်ဝူနယ်စားကြီးက မှူးမတ်များကို စံပြအနေဖြင့် ဦးဆောင်ပြီး တပ်များစေလွှတ်ရန်လိုကြောင်း ရေးသားထား၏။ နန်အိုက ပထမစစ်မြေပြင်ဖြစ်ပြီး ထျန်းနန်က ဒုတိယစစ်မြေပြင် ဖြစ်သည်။

ယခင် နန်အိုစစ်ပွဲက ပုန်ကုန်မှုအသေးစားသာ ဖြစ်ပြီး ကျင်းမိသားစုက မူဝါဒသစ်နှင့် ရင်ဆိုင်နေရ သောကြောင့် တပ်လွှတ်နိုင်ခြင်း မရှိသည်ကို နားလည်ပေးနိုင်၏။ သို့သော်ငြား ယခု နိုင်ငံ၏ကံကြမ္မာနှင့် သက်ဆိုင်နေသော စစ်ပွဲဖြစ်သောကြောင့် ကျင်းကျိုးအနေနှင့် တာဝန်မကင်းသလို ခံစားရ၏။

ရှမ့်လန်က မြေပုံကြီး၏ရှေ့ဆီသို့ ရောက်လာသည်။ “အဖေ့အနေနဲ့ ဒါကို လျစ်လျူရှုထားလို့ ရပါတယ်။ ဒီစစ်ပွဲက အိမ်ရှေ့စံမင်းသား ဦးဆောင်နေတာ။ ကျုပ်တို့ ဝင်ပါစရာ မလိုပါဘူး”

နယ်စားကြီး ကျင်းကျိုးက ပြော၏။ “လန်အာ... ငါတို့ ဒီစစ်ပွဲမှာ ရှုံးမယ်လို့ မင်း ထင်နေတာလား။။”

ရှမ့်လန်က သုံးသပ်လိုက်သည်။ “ဒီစစ်ပွဲအတွက် ကျူးမိသားစုက ငွေကြေး၊ ပစ္စည်းနဲ့ နိုင်ငံရေး အရင်းအမြစ်တွေကို မရေတွက်နိုင်အောင် ရင်းနှီးမြှုပ်နှံထားတယ်။ နန်အိုစစ်မြေပြင်မှာ တပ်သားပေါင်း တစ်သိန်းခွဲနဲ့ ထျန်းနန်စစ်မြေပြင်ဆီမှာ တပ်သား တစ်သိန်း၊ စုစုပေါင်း နှစ်သိန်းခွဲကို စုစည်းထားတယ်။ ဒါ တကယ်ကို ဖြုန်းတီးမှုပဲ။ ရွှဲ့ပြည်နယ်က ခံစစ်ကိုပဲ ဦးတည်ပြီး အချိန်ဆွဲတိုက်ခိုက်မယ်ဆိုရင် ရှုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ရှေ့စံနဲ့ ကျူးမိသားစုက မစောင့်နိုင်ဘူး။ သူတို့က သရေကျရုံလောက် မလိုချင်ဘူး။ ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲကို လိုချင်တာ။”

စစ်ပွဲက နိုင်ငံရေးကို ဆုံးဖြတ်၏။ ယခု အိမ်ရှေ့စံ၏ အခြေအနေက အကြပ်အတည်း ဖြစ်လို့နေ၏။ အကယ်၍ အိမ်ရှေ့စံက ကြီးမားသည့် အောင်မြင်မှုကိုသာ မရယူနိုင်ပါက သူ၏နေရာအတွက် အန္တရာယ်ရှိလာ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်ပေါင်း တစ်သိန်းကို မိမိတို့၏ စစ်သည် နှစ်သိန်းခွဲဖြင့် မချေမှုန်းနိုင်လျှင် အိမ်ရှေ့စံကို အရည်အချင်းမရှိဟု အများက သတ်မှတ်ပေလိမ့်မည်။

“ဒီစစ်ပွဲမှာ အဓိကတစ်ချက်ပဲ ရှိတယ်။ ရွှဲ့ပြည်နယ်က ခံစစ်ပဲ ဆော့လို့ရတယ်။ တိုက်စစ်ဆော့လို့ မရဘူး။။”

ရှမ့်လန်က ဆက်ပြော၏။ “ကျင်းမင်းသားရဲ့တပ်ဖွဲ့ကို ကျုပ် အနီးကပ် လေ့လာကြည့်ခဲ့တယ်။ သူတို့က စည်းကမ်းသေဝပ်မှု အားနည်းတယ်ဆိုပေမဲ့ တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းက ရွှဲ့ပြည်နယ်က စစ်သည်တွေထက် အများကြီးသာတယ်။ မြို့သိမ်း၊ မြို့စောင့် တိုက်ပွဲတွေမှာဆိုရင် ကျင်းမင်းသားရဲ့တပ်က အားနည်းချက် ရှိနိုင်တယ်။ ဒါပေမဲ့ တောတောင်ထဲကိုဝင်ပြီး သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရဲ့ ပိုင်နက်ထဲကို ဝင်သွားမယ်ဆိုရင်တော့ ရွှဲ့ပြည်နယ်ရဲ့ စစ်သည်တွေ အကုန်လုံး အသတ်ခံရမှာပဲ။”

ကျင်းကျိုးက ပြောလိုက်သည်။ “ဒီလောက်တောင် ဆိုးရွားတာလား။ ရွှဲ့ပြည်နယ်မှာ စစ်သည်ပေါင်း နှစ်သိန်းခွဲတောင် ရှိတယ်လေ။”

ရှမ့်လန်က ပြန်လည်သုံးသပ်ပြလိုက်၏။ “ဒီတိုက်ပွဲရဲ့ ပထဝီအနေအထားက ရွှဲ့စစ်သည်တွေအတွက် အသုံးမဝင်ဘူး။ ဘယ်နေရာ ကြည့်ကြည့် တောင်တွေ၊ တောတွေနဲ့ ပြည့်နှက်နေတာပဲ။ နှစ်သိန်းခွဲ မပြောနဲ့။ သုံးသိန်းဆိုရင်တောင် တိုက်လို့မရဘူး။ တောထဲကို ရောက်သွားရင် ကျင်းမင်းသားရဲ့ ထောင်ချောက်ထဲ ရောက်သွားသလိုပဲ။ သူတို့က ကျားသစ်တွေ၊ အဆိပ်ပြင်းမြွေတွေလိုပဲ ကြမ်းတမ်းတယ်။ ရွှဲ့ပြည်နယ်က ဘယ်လောက်ပဲ စစ်သည်တွေကို လွှတ်လွှတ် အသတ်ခံရမှာပဲ”

“ကျင်းမင်းသားက သူ့ရဲ့တပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲမတိုက်ခိုက်နိုင်တာ သိတယ်။ ဘာလို့ နန်အိုနိုင်ငံရဲ့ မြို့သုံးမြို့ကို တိုက်ခိုက်ခဲ့တာလဲ။”

ရှမ့်လန်က ဖြေလိုက်သည်။ “အင်း.. ဒါက အသိုက်ထဲကမြွေကို မျှားခေါ်ထုတ်တာပေါ့။ သူတို့က ရွှဲ့ပြည်နယ်ရဲ့ စစ်သည်တွေကို တောထဲရောက်အောင် မျှားခေါ်နေတာပဲ။။”

“ကျူလင်းနဲ့ နန်းကုန်းအို ဆိုတာက တကယ့်ဝါရင့်စစ်သူကြီးတွေပဲ။ သူတို့က မြို့ကို လိပ်ခွံတစ်ခုလိုမျိုး ခံစစ်ပြင်ထားခဲ့တယ်။ ဒါကြောင့်မို့လို့ ကျင်းမင်းသားက သူ့ရဲ့စစ်သည်ပေါင်း တစ်သိန်းနဲ့ မြို့ကိုလာပြီး တိုက်ခိုက်တာပေါ့။ သူက သူ့ကိုယ်သူနဲ့ သူ့ရဲ့စစ်သည်ပေါင်း တစ်သိန်းကို ငါးစာအဖြစ် အသုံးချလိုက်တာပဲ။”

ကျင်းကျိုးက မေးမြန်းလိုက်၏။ “ကျူလင်းနဲ့ နန်းကုန်းအိုက အဲဒီအကွက်ထဲကို ဝင်ပါ့မလား”

ရှမ့်လန်က ဖြေသည်။ “သူတို့သာ အကြွင်းမဲ့အာဏာပိုင်တဲ့ စစ်သေနာပတိတွေဆိုရင်တော့ ဒီအကွက်ထဲကို ဝင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်စလုံးက စစ်တပ်ကို အသုံးပြုတဲ့နေရာမှာ အရမ်းကို သတိကြီးကြတယ်။ သူတို့က ကျရှုံးတာထက်စာရင် အမှားမလုပ်မိဖို့ကိုပဲ ရွေးချယ်ကြမယ့် လူတွေပဲ။

ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက နန်အိုစစ်မြေပြင်ကို ရောက်နေတယ်ဆိုတော့ အရာအားလုံး ပြောင်းလဲ သွားလိမ့်မယ်။ အင်အားသာ လုံလောက်မယ်ဆိုရင် ရွှဲ့ပြည်နယ်ရဲ့ စစ်တပ်က အလုံးအရင်းနဲ့ ထွက်လာပြီး ကျင်းမင်းသားနဲ့ သူ့ရဲ့စစ်သည်တွေကို ချေမှုန်းဖို့ ကြိုးစားရင်း ရွှဲ့ပြည်နယ်ရဲ့စစ်တပ်က နေဝင်ချိန်ကို ရောက်လာလိမ့်မယ်”

ကျင်းကျိုးက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ မေး၏။ “ရှမ့်လန်.. အရှင်မင်းကြီးဆီကို သ၀ဏ်လွှာ ဆက်သဖို့ လိုမလား။”

ရှမ့်လန်က ပြော၏။ “လိုတာပေါ့။ သေချာပေါက် လိုတယ်။ ကျုပ်တင်မကဘူး။ မင်းသားနင်ကျန်းကိုလည်း နန်းတော်ထဲမှာ အသံကို လူကြားအောင် လုပ်ပေးဖို့ လိုသေးတယ်”

ရက်ပေါင်း နှစ်ရက်ခန့် ကုန်လွန်သွား၏။ မူလန်က နိုးမလာသေးချေ။ ယခုအချိန်မှာတော့ သူမက ပြိုင်ဘက်ကင်း လှပလျက်ရှိသည့် နတ်သမီးလေးတစ်ပါးကဲ့သို့ပင်။ သူမက အိပ်ပျော်နေ၏။ သူမက ကျန်းမာရုံသာမက တက်ကြွလန်းဆန်းနေ၏။ သူမက ငြိမ်သက်စွာ လဲလျောင်းနေသည် ဆိုသော်လည်း အချိန်မရွေး ထခုန်ကာ ဓားကိုဆွဲထုတ်၍ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေသူ တစ်ယောက်ကဲ့သို့ပင်။

ထို့ပြင် သူမ၏ ကိုယ်သင်းရနံ့က ရွှယ်ရင်ထက်ပင် ပိုမိုကာ မွှေးပျ၏။ ရွှယ်ရင်၏ရနံ့က သူမ၏ ခန္ဓာကိုယ်ထဲရှိ စေတီတောင်မှ ကူပိုးကောင်ကြောင့်ဖြစ်၏။ မူလန်၏ ရနံ့ကတော့ ဒုတိယအကြိမ် သွေးမျိုးဆက် ပြောင်းလဲခြင်းမှ ရရှိခဲ့သည့် ရနံ့ပင်။ ရှမ့်လန်က သူမ၏ဘေးတွင် အသာဝင်လှဲ၏။ “အင်း.. သည်းခံထားရမယ်။ သည်းခံထားရမယ်”

နောက်ဆုံးမှာတော့ ရှမ့်လန်က မည်သို့မှ မထိန်းချုပ်နိုင်တော့ချေ။ သူက မူလန်၏ ခြေဖျားလေးမှစတင်ကာ အထက်သို့ တဖြည်းဖြည်း နမ်းရှိုက်လိုက်မိသည်။

“ယောက်ျား.. ထမင်းစားရအောင်။။” ပင်းအာက အခန်းထဲသို့ ဝင်လာ၏။ သူမ ရှေ့ရှိမြင်ကွင်းကို ကြည့်မိချိန်မှာတော့ မယုံနိုင်အောင် ဖြစ်သွား၏။ သူမ၏ ယောက်ျားက သတိလစ်နေသည့် သခင်မလေးအား နမ်းရှိုက်လျက်ရှိသည်။ မစောင့်နိုင်ပေဘူးလား။

ပင်းအာက အမြန်လှည့်ထွက်သွား၏။ ခဏအကြာမှာတော့ သူမ၏ မျက်နှာလေးက ပြန်ပြူထွက်လာပြီး မေးလာ၏။ “ယောက်ျား.. ပင်းအာ လာကူညီပေးရမလား”

ယခင်ကဆိုလျှင် ရှမ့်လန်က စိတ်လှုပ်ရှားမည် ဆိုသော်လည်း ယခုအချိန်မှာတော့ စိတ်မပါတော့ချေ။ “ပင်းအာ ... သွားစားနှင့်တော့”

ပင်းအာက ခြေဆောင့်ကာ ထွက်ခွာသွား၏။

ရှမ့်လန်က မူလန်ကို ရေချိုးပေးရန် ထလိုက်၏။ ထိုအချိန်မှာပဲ မူလန်၏ မျက်လုံးများက ပွင့်လာသည်။ သို့ပေမည့် မူလန်၏ မျက်ဝန်းက တစ်မျိုးဖြစ်နေသည်။

“သွားပြီ.. သူ အတိတ်များ မေ့သွားတာလား။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့တော့။ မိန်းမ.. ဒါ.. လက်ဘယ်နှစ်ချောင်းလဲ”

ရှမ့်လန်က လက်သုံးချောင်း ထောင်ပြ၏။ မူလန်က မျက်လုံးဝိုင်းသားဖြင့် ရှမ့်လန်ကို စိုက်ကြည့်နေ၏။

ရှမ့်လန်၏ ဦးရေပြားတွေက ထုံကျင်နေသည်။ “မိန်းမ.. ငါ ဘယ်သူလဲဆိုတာ သိရဲ့လား။ ငါက မင်းရဲ့ယောက်ျားနော်။”

မူလန်က ဘာမှမပြောချေ။ ရှမ့်လန်က ကျောချမ်းသွား၏။ “မိန်းမ.. မင်းဘယ်သူလဲဆိုတာ သိရဲ့လား။ ဒါဘယ်နေရာလဲဆိုတာ သိလား။”

မူလန်ဆီမှ တုံ့ပြန်မှု မရသေးချေ။ ရှမ့်လန်က တစ်ကိုယ်လုံး အေးစက်နေသည်။ “သွားပြီ.. သွားပြီ။။” သူ တကယ်ပဲ မှတ်ဉာဏ်ပျောက်ဆုံးသွားခြင်း ဖြစ်နေသည်လား။

ရှမ့်လန်က အဝတ်အစားဝတ်ဖို့ အချိန်မရတော့ချေ။ ချက်ချင်းလှည့်ပြီး အမြန်ကုန်းရုန်းကာ ထွက်ပြေး၏။ မူလန်၏ ခန္ဓာကိုယ်က လျှပ်စီးလက်သကဲ့သို့ပင် လှုပ်ရှားလိုက်၏။ မျက်စိတစ်မှိတ်အတွင်း ၁၀မီတာ ကျော်ဆီသို့ ရွေ့လျားလိုက်ပြီး ရှမ့်လန်၏ ရှေ့တည့်တည့်ဆီသို့ ရောက်ရှိလာသည်။

“မိန်းမ.. ငါ့ကို အသက် ချမ်းသာပေးပါ။ ငါ မှားသွားတာကို သိပါတယ်။ မင်း အိပ်ပျော်နေတုန်း အခွင့်အရေး မယူသင့်ပါဘူး”

နောက်တစ်စက္ကန့်မှာပဲ ရှမ့်လန်က မြေကြီးပေါ်သို့ ဖိချခံရ၏။ မူလန်က သူ့ကို နမ်းလိုက်၏။ “ယောက်ျား.. ကျွန်မတို့ နောက်ထပ် ကလေးတစ်ယောက်လောက် ထပ်ယူရအောင်။ ယောက်ျား.. ကျွန်မဆီမှာ အရမ်းထူးခြားတဲ့ စွမ်းအင်တစ်ခု သက်ဝင်နိုးထလာသလိုပဲ။”

“မိန်းမ.. မင်း ငါ တကယ်မရတော့ဘူး။ ဒီနေ့တော့ လွှတ်ပေးလိုက်ပါ။ ညကျမှ ဆက်ကြမယ်။ ငါတို့မှာ ချစ်စရာကလေး ရှမ့်ယီ ရှိနေပြီးတာပဲ။ ဒီကောင်လေးတစ်ယောက်တည်းနဲ့ တော်တော်စိတ်ညစ်ဖို့ ကောင်းနေပြီ။ နောက်ထပ် မယူရတော့နော်။။”

ရှမ့်လန်က ထပ်တလဲလဲ အသနားခံ၏။ နောက်ဆုံးမှာတော့ ထွက်ပြေးလွတ်မြောက်ခဲ့၏။

“အင်း.. ဒီနေ့တော့ ငါ အခြေအနေ မကောင်းဘူး။ ထိုင်ထလေ့ကျင့်ခန်းတွေ လုပ်ရမယ်။ ပြီးတော့ အပြေး လေ့ကျင့်ခန်းတွေ လုပ်ရမယ်။ အခုမှစပြီး လေ့ကျင့်ရင် အချိန်မီပါအုံးမလား။

ဆရာ.. ဆရာဝူတူကျိ .. ခင်ဗျား ဘာလို့ ဒီလောက်အလျင်စလို ထွက်သွားရတာလဲ။ ကျုပ် မမေးရသေးတဲ့ မေးခွန်းတွေ ကျန်နေသေးတယ်။ စေတီတောင်မှာ အိပ်ခန်းဆောင် လျှို့ဝှက်နည်းလမ်း ကျင့်ကြံခြင်း ရှေးဟောင်းကျမ်းစာတွေ၊ ဘာတွေများ မရှိဘူးလား။ ဆေးလုံးတွေ ဘာတွေများ မရှိဘူးလား။ စားလိုက်တာနဲ့ အမျိုးသမီး အယောက်တစ်ရာကို စစ်မရှုံးအောင် တိုက်ခိုက်နိုင်မယ့် အထူး ဆေးလုံးမျိုးတွေများ မရှိဘူးလား။”

မူလန် ရေချိုးပြီးချိန်မှာတော့ ရှမ့်လန်က သူမနောက်သို့ လှမ်းဝင်သွား၏။ နာရီဝက်အကြာမှာတော့ ရှမ့်လန်က ထွက်ပြေးမလွတ်တော့ချေ။ မူလန်က တကယ်ကို စွဲလမ်းရူးသွပ်လွန်းနေ၏။ သို့သော်ငြား ဤအချိန်မှာတော့ ရှမ့်လန်၏ စွမ်းဆောင်ရည်မှာ မဆိုးလှချေ။ သူက ချက်ချင်းပဲ ဂုဏ်ယူဝင့်ကြွားနေမိ၏။ ကြည့်ရသည်မှာ သူ့မှာ အရည်အချင်း ရှိ၏။ တစ်ခါတစ်ရံတော့ သိပ်မစွမ်းဆောင်နိုင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

မူလန်က သူမ၏ယောက်ျား၏ ယုံကြည်မှု ပြန်လည်ရရှိစေရန် ဘယ်လောက်ထိ ကြိုးစားခဲ့ရကြောင်း ထုတ်ပြောလိမ့်မည် မဟုတ်ချေ။ သူမက အမှားအယွင်း မရှိစေရန်နှင့် အကြွင်းမဲ့ စည်းချက်ညီစေရန် ထိန်းကျောင်းပေးခဲ့ရ၏။ သို့မဟုတ်ပါက သူမ၏ ဤလူဆိုးက ချက်ချင်းပြိုလဲတတ်သည့် စိတ်အခံ ရှိ၏။

အမှန်တကယ်တော့ ဤတစ်ကြိမ်တွင် ရှမ့်လန်ကို အပြစ်တင်၍ မရချေ။ မူလန်၏ ပြောင်းလဲမှုက အားကောင်းလွန်းလှ၏။ အားနည်းသည့် ရှမ့်လန်အနေနှင့် ခုခံနိုင်စွမ်း မရှိသည့်အရာမျိုး ဖြစ်သည်။

ရှမ့်လန်က ကုတင်ပေါ်တွင် မှောက်လျက် ငြီးညူနေ၏။ မူလန်က သူ၏ကျောပြင်ကို နှိပ်ပေးနေ၏။

“သမက်တော်.. ထမင်းစားဖို့ ထွက်လာတော့မလား။။” ပင်းအာက အပြင်မှ လှမ်းအော်၏။ သူမက သူမ၏ယောက်ျား၏ စွမ်းဆောင်ရည်ကို ကောင်းကောင်းသိ၏။ နှစ်နာရီကျော်မှ လာခေါ်ခြင်းကပင်လျှင် မျက်နှာသာတစ်ခု ပေးထားခြင်းဖြစ်၏။ သို့သော်ငြား အခန်းထဲသို့ ဝင်ချိန်မှာတော့ မူလန်က နိုးနေသည်ကို မြင်ရသည်။

“သခင်မလေး.. သခင်မလေး နိုးလာပြီလား။။” ပြီးနောက် သူမက အားရပါးရ ပြေးထွက်သွားမလို ပြု၏။

“ပင်းအာ.. ထားလိုက်။ ငါ့ယောက်ျားနဲ့ နှစ်ယောက်တည်း ခဏလောက် နေချင်သေးတယ်။။” မူလန်က လှမ်းတားလိုက်သည်။

အပိုင်း (၆၂၄)

ဤစကားက အနည်းငယ် ရက်စက်လွန်းရာ ကျနိုင်၏။ သို့သော်ငြား ပင်းအာသာ အပြင်ထွက်ကာ အော်လိုက်ပြီဆိုပါက လူပေါင်းများစွာတို့ အခန်းထဲကို ပြေးဝင်လာပြီး မူလန်ကို လာကြည့်ကြမှာ သေချာသည်။ မူလန်က လူတိုင်း၏စေတနာကို စိတ်ထဲက ကျေးဇူးတင်သော်လည်း ယခုအချိန်တွင် သူမက ယောက်ျားနှင့် နှစ်ယောက်တည်းသာ နေချင်သေး၏။ လောကကြီးတွင် သူတို့နှစ်ဦးတည်းသာ ရှိချင်၏။

“ကောင်းပါပြီ။ သိပါပြီ သခင်မလေး။ သခင်မလေး အရပ် နှစ်လက်မလောက် ပိုရှည်လာတယ်။ ဒီရက်ပိုင်း သခင်မလေးရဲ့ အဝတ်အစားတွေကို ပြင်ထားတာတွေ ရှိပါတယ်။ သွားယူပေးမယ်။။”

ပင်းအာက ပြောလိုက်သည်။ “ဒါနဲ့ ရှမ့်ယီလေးကိုရော ခေါ်လာပေးရမလား”

“မခေါ်နဲ့။။” ရှမ့်လန်နှင့် မူလန်တို့က ပြိုင်တူ အော်လိုက်၏။ သနားစရာ ကလေးလေးပင်။ အဖေနှင့်အမေက သူတို့၏ အချစ်ရေးကိုသာ ဂရုစိုက်ပြီး သားကို ဂရုမစိုက်ကြချေ။

ခဏကြာမှာပဲ ပင်းအာက ပြင်ဆင်ထားသည့် အဝတ်အစားများကို ယူလာ၏။ ပထမဦးဆုံး ဝတ်စုံက မြွေရေခွံ တိုက်ပွဲဝင်ဝတ်စုံဖြစ်၏။ သူမ၏ယောက်ျားတစ်ဖြစ်လဲ သမက်တော် ဘာကြိုက်သည်ကို သူမက ကောင်းကောင်းသိ၏။ ထို့ကြောင့် သခင်မလေးကို ကြပ်နေသည့် အဝတ်အစားများကို ဝတ်စေချင်ခြင်းပင်။

ထင်မှတ်ထားသည့်အတိုင်းပင် မူလန်က ကြပ်နေသည့် အဝတ်အစားများ ဝတ်ဆင်ပြီးသည့်အချိန်မှာတော့ ရှမ့်လန်က မျက်လုံးများ ပြူးကျယ်သွား၏။ ဤခန္ဓာကိုယ်အချိုးအစားက လူသားတစ်ယောက်နှင့်ပင် မတူတော့ချေ။ ရှည်လျားလွန်းတတ်သည့် ခြေတံနှစ်ဖက်က ဝိညာဉ်ကိုပင် နှုတ်ယူနိုင်စွမ်း ရှိနေလောက်၏။

ခေတ်သစ်ကမ္ဘာ၌ အမျိုးသမီး အနုပညာရှင်များက ကင်မရာထဲတွင် ကြည့်ကောင်းစေရန် တုတ်ချောင်းကဲ့သို့ ပိန်အောင်နေကြ၏။ ခြေထောက်နှစ်ဖက်က ရှည်လျားသော်လည်း ခြေထောက်ပုံစံက မကောင်းကြချေ။

ယခု မူလန်၏ ခြေထောက်များက ပြည့်စုံလွန်း၏။ အလွန်ရှည်လျား၏။ ပြည့်ဖြိုး၏။ အားအင်ကလည်း အပြည့်ရှိ၏။ အကြွင်းမဲ့ ခွန်အားနှင့် အလှတရားတို့ ပေါင်းစပ်ထား၏။ ဤအရာက ဆွဲဆောင်မှု ရှိလွန်းသည့် အထူးခြေတံရှည်များပင် ဖြစ်သည်။

“ရင်ဘတ်က နည်းနည်းကျပ်တယ်။ တင်နားက နည်းနည်းကျပ်တယ်။ ခါးကတော့ နည်းနည်းချောင်နေတယ်”

ထိုအရာကို ကြားတော့ ပင်းအာက မနာလိုစိတ်ဖြင့် သွေးအန်လုမတတ်ဖြစ်နေ၏။ သခင်မလေး၏ ခန္ဓာကိုယ်က မူလတည်းက အလွန်ကြည့်ကောင်းနေပြီ ဖြစ်သည်။ ယခု သာမန်လူသားထက်ပင် ပို၍ ကြည့်ကောင်းလွန်းလို့နေ၏။ သူမက သွယ်လျပြီး ကောက်ကြောင်းအပြည့်၏။ လူကို အားငယ်စိတ် ဝင်သွားစေ၏။

“အင်း.. ငါတို့လို အမှတ် ၉၀ လောက် ရနိုင်တဲ့ အလှအပတွေ ဆက်ပြီး အသက် မရှင်သင့်တော့ဘူးလား။”

ပင်းအာက ရှမ့်လန်ကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ ‘ယောက်ျား နောက်ဆို ငါ့အခန်းထဲကို ဝင်လာတော့မှာ မဟုတ်လောက်ဘူး”

ပင်းအာက စိတ်ပူတာ များလွန်းနေ၏။ ရှမ့်လန်က သူ့အခန်းထဲကို မဝင်လျှင် မည်ကဲ့သို့ ကြွားလုံးထုတ်၍ ရမည်နည်း။

..............

နောက်ဆုံးမှာတော့ နှစ်ဦးသား ချစ်စခန်းဖွင့်၍ ဝသွား၏။ မူလန်က လူများ၏ ရှေ့မှောက်ဆီသို့ ထွက်လာခဲ့၏။ ရွှမ်ဝူနယ်စားအိမ်တော် တစ်ခုလုံးက နှစ်သစ်ကူးပွဲ ရောက်သကဲ့သို့ပင် ပျော်ရွှင် မြူးထူးနေ၏။

လူတိုင်းက မူလန်ကို ဝိုင်းကြည့်ကာ မယုံကြည်နိုင်သလို တောက်ခေါက်၍ အံ့အားသင့်နေ၏။ အကြာကြီး အိပ်ပျော်ပြီးနောက် ဤမျှလောက် လှသွားသည်လား။ ရွှဲ့ပြည်နယ်တစ်ခုလုံး၌ မူလန်ထက် ပိုမိုကာလှပသည့် အမျိုးသမီး ရှိပါဦးမည်လား။ ရှိနိုင်မည် မထင်ချေ။

ကျင်းဟွေ့၏မိန်းမ ကျန့်ဟုန်ရှန်းက ပြောသည်။ “ဘာပဲဖြစ်ဖြစ် နောက်ဆိုရင် ကျွန်မ မူလန်ဘေးနားကို သွားမရပ်တော့ဘူး။ ကျွန်မ အရုပ်ဆိုးတဲ့ ဘဲလေးလို ဖြစ်သွားလိမ့်မယ်”

အရုပ်ဆိုးသည့် ဘဲလေးပုံပြင်ကို ပင်းအာက ရှမ့်မီကို ပြောပြ၏။ ကျန့်ဟုန်ရှန်း ကြားသွားခြင်း ဖြစ်၏။

ကျင်းဟွေ့က အလျင်အမြန် ပြောလိုက်၏။ “အင်း.. ငါ့ရဲ့စိတ်ထဲမှာတော့ မင်းက အလှဆုံးပါပဲ။ တစ်ဦးတည်းသော အလှဆုံး မိန်းကလေးပဲ။”

ကျန့်ဟုန်ရှန်းက ပြောလိုက်သည်။ “ကျင်းဟွေ့.. လက်တွေ့ဆန်စမ်းပါ။ အရှိတရားကို လက်ခံရမယ်။”

ကျင်းဟွေ့က ပြန်ပြော၏။ “ဒါဆိုရင် မင်းက ဒုတိယအလှဆုံးပေါ့။”

“ဘာရှင့်”

ကျန့်ဟုန်ရှန်းက မျက်ခုံးကို ပင့်ပြီး အေးစက်စက်ဖြင့် မေးလိုက်သည်။ “ကြည့်ရတာ ရှင် ကျွန်မကို မကြိုက်တော့ဘူးလား။”

ကျင်းဟွေ့ “....”

..........

မိခင်ဖြစ်သူ စုဖေ့ဖေ့က မူလန်ကို ခေါင်းအစခြေအဆုံး ကြည့်၏။ “မူလန်.. ငါ့သမီးရော ဟုတ်ရဲ့လား။ ငါ့သမီးက ဘယ်လိုလုပ် ဒီလောက် လှနေရတာလဲ။ မင်းက အများဆုံး ငါ့သမီးတစ်ဝက်ပဲ ဖြစ်မယ်။ နောက်တစ်ဝက်ကို လန်အာ ပေးလိုက်တာပဲ။ အင်း.. အသားအရည်ကလည်း ကျောက်စိမ်းလိုပဲ။ ဒီ တင်ပါးကောက်ကြောင်းကလည်း လှလွန်းတယ်။”

စုဖေ့ဖေ့က စကားတစ်ဝက်နှင့် ရပ်လိုက်မိ၏။ ရှမ့်လန် ရှိနေ၏။ လူကြီးတစ်ယောက်အနေနှင့် ဤကဲ့သို့သော စကားများကို ပြောရန် မသင့်ချေ။

ခဏကြာမှာတော့ စုဖေ့ဖေ့က ရှမ့်လန်ကို ပြောသည်။ “လန်အာ.. အဲဒီ ခြင်ဆီဆေးကြောခြင်း အမတေ ဒုတိယတစ်လုံးလောက် မရှိတော့ဘူးလား။”

တကယ်ကို မရှိတော့ချေ။ ရှိလျှင်တောင် သူ သုံး၍ မဖြစ်ပေ။ ဤအရာက အလှကုန်ပစ္စည်း မဟုတ်သောကြောင့်ပင်။

..................

“မိန်းမ.. အဆင်သင့်ပြင်၊ ပြေးတော့။။” ရှမ့်လန်က အော်လိုက်၏။

မူလန်၏ မိစ္ဆာကဲ့သို့သော ခန္ဓာကိုယ်က ချက်ချင်းပဲ ဒုန်းဆိုင်းထွက်ခွာသွား၏။ သူမ၏ ရှည်လျားသည့် ခြေတံရှည်များက ရှေ့သို့ ပြေးထွက်သွား၏။ အမြန်နှုန်းကလည်း အလွန်မြန်ဆန်၏။ မီတာ ၁၀၀ ကို ၆ စက္ကန့်၊ မီတာ ၂၀၀ ကို ၁၂ စက္ကန့်၊ မီတာ ၃၀၀ ကို ၁၉ စက္ကန့်။

ရှမ့်လန်က လုံးဝ မှင်သက်သွား၏။ “ဒါ.. ဒါ ငါ့မိန်းမက သာမန်လူသားရော ဟုတ်ရဲ့လား။။”

ဤလောကကြီးတွင် ကိုယ်ဖော့ပညာဆိုသည်မှာ ရှိသော်လည်း ကိုယ်ဖော့ပညာဆိုသည်မှာ ကားတစ်စီးထက် ပိုမိုမြန်ဆန်သည်ဟု မဆိုလိုချေ။ ဤကဲ့သို့သော အခြေအနေမျိုး မရှိချေ။ ကိုယ်ဖော့ပညာဆိုသည်က ခံနိုင်ရည်နှင့် ပိုမိုသက်ဆိုင်၏။ မြန်နှုန်းမြင့်မြင့်နှင့် အချိန်ကြာကြာ ပြေးနိုင်ခြင်းမျိုးပင်။

ဓားဘုရင် လီချင်းချိုးက အလွန်စွမ်းတယ်ဆိုလျှင်တောင် သူ၏အမြန်နှုန်းက အရူးကြီးထက် ပိုမြန်ချင်မှလည်း မြန်ပေလိမ့်မည်။ ချောင်ယောင်းအာက ရှမ့်လန် မြင်ဖူးသမျှထဲ အမြန်ဆုံးလူသား ဖြစ်၏။ သူမ၏ အမြန်နှုန်းက လူသားတစ်ယောက်၏ အမြန်နှုန်းမျိုး မဟုတ်ချေ။ ယခု မူလန်၏ အမြန်နှုန်းက မည်မျှနည်း။ ဓားဘုရင် လီချင်းချိုးလောက်တော့ ရှိ၏။

သို့သော်ငြား ဓားဘုရင် လီချင်းချိုးက အတွင်းအားနှင့် ကိုယ်ဖော့ပညာကို ပေါင်းစပ်ကာ အားကိုးရ၏။ မူလန်ကတော့ သူမ၏ ခန္ဓာကိုယ် ပေါက်ကွဲအားကိုသာ အသုံးပြုကာ အားကိုးရခြင်း ဖြစ်၏။ အပြေးနှုန်းက မြန်လာရုံသာမက တုံ့ပြန်နိုင်စွမ်းနှင့် လျှင်မြန်ဖျတ်လတ်မှုကလည်း အကြီးအကျယ် တိုးတက်လာ၏။ အံ့ဩစရာ အကောင်းဆုံးက သူမ၏ ခုန်နိုင်စွမ်းပင်။

“မိန်းမ.. သွားရအောင်။။” ရှမ့်လန်က ကျယ်လောင်စွာ အော်သည်။

မူလန်က ၅ မီတာနီးပါးခန့်ရှိသော အိမ်ခေါင်မိုးပေါ်သို့ တန်းကနဲ ခုန်တက်၏။ အရှိန်ယူခြင်းမရှိဘဲ တည့်တည့် ခုန်တက်လိုက်ခြင်းပင်။ သဘာဝလွန် ဖြစ်နေ၏။ ဤလောကရှိ လူသားက သိုင်းပညာ မည်မျှကျွမ်းကျင်ပါစေ ပျံသန်းနိုင်ခြင်း မရှိကြချေ။

မူလန်ကလည်း မပျံသန်းနိုင်ချေ။ သို့ပေမည့် သူမခန္ဓာကိုယ်၏ အံ့မခန်း ကျုံ့နိုင် ဆန့်နိုင်စွမ်းကို အားကိုးပြီး ခုန်လိုက်ခြင်းပင်။ “ဒါကို မဟာပညာရှင်တွေတောင် လုပ်နိုင်မှာ မဟုတ်ဘူး၊ အတွင်းအား ဘယ်လောက် ကောင်းကောင်း ခန္ဓာကိုယ်ကို ဒီလောက်ထိ ကျုံ့နိုင်ဆန့်နိုင်စွမ်း မရှိကြဘူး။ ဒါက ခန္ဓာကိုယ်ရဲ့ အကောင်းဆုံး အခြေအနေတစ်ခုပဲ။”

ပြီးနောက် မူလန်က သူမ၏ ဓားမော့ကို ထုတ်ယူပြီး ကစားပြ၏။ အလွန်မြန်၏။ ဓားချင်း တူတူဖြစ်သော်လည်း ဖျက်ဆီးနိုင်စွမ်းက ယခင်ကထက် ပိုမိုသာလွန်ပြင်းထန်၏။ ခွန်အား တိုးတက်မှုကတော့ သိပ်မများလှချေ။

ရှမ့်လန်က နားလည်လိုက်ပြီ ဖြစ်၏။ ဤခြင်ဆီဆေးကြောခြင်း အမတေက မူလန်၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံကို အကြီးအကျယ် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်၏။ ခွန်အားတိုးတက်မှုက အားကောင်းသော်လည်း အတွင်းအားတိုးတက်မှုကတော့ ပျမ်းမျှသာ ဖြစ်၏။ သို့သော်ငြား တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းက ယခင်ကထက် နှစ်ဆကျော် တိုးလာ၏။

အတွင်းအားကို အားကိုးသည့် သိုင်းပညာရှင်များက ကျားကဲ့သို့ ကြမ်းကြုတ်သည် ဆိုသော်လည်း အတွင်းအား ကုန်သွားသည်နှင့် ချက်ချင်း အားနည်းတတ်သည်။

ခန္ဓာကိုယ်အသွင်သဏ္ဍာန် ပြောင်းလဲသွားခဲ့သည့် မူလန်က အရုပ်သစ်ရရှိသည့် ကလေးတစ်ယောက်လိုပင် အလွန်ပင် စိတ်လှုပ်ရှားနေ၏။ သူမက နယ်စားအိမ်တော်ရှိ အမြင့်ဆုံး အဆောက်အအုံများပေါ်သို့ တက်ရောက်၏။ မြို့ရိုးပေါ်ကို တက်၏။ ထိုမှတဆင့် အနောက်ဘက်ရှိ တောင်ပေါ်သို့ တက်၏။

ရွှမ်ဝူနယ်စားအိမ်တော်၏ အနောက်ဘက်ရှိတောင်က မီတာ ၂၀၀၀ ကျော် မြင့်မား၏။ ချောက်ကမ်းပါးယံ များသာ ရှိ၏။ ယခင်က မည်သူမှ မတက်ရောက်ခဲ့ချေ။ ယခု မူလန်က တက်ရောက်သွားနိုင်ရုံသာမက ရှမ့်လန်ကိုပါ ခေါ်ဆောင်သွားခဲ့၏။ သူတို့နှစ်ယောက်က ထိုနေရာတွင် ထိုင်နေ၏။ နေဝင်ဆည်းဆာကို ကြည့်ရှုနေ၏။ ဤအမြင်က ပင်လယ်ပြင်ကိုပင် လှမ်းကာ မြင်နိုင်၏။ ပင်လယ်ပြင်ထဲသို့ နေလုံးကြီး ဝင်ရောက်သွားသည်ကို ကြည့်ရှုရသည်မှာ တကယ်ပဲ စိတ်ကူးယဉ်စရာ ကောင်းလွန်းသည်။

မူလန်က အလွန်အမင်း ပျော်ရွှင်နေခဲ့၏။ နောက်ဆုံးမှာတော့ သူမက သန်မာလာခဲ့ပြီဖြစ်ပြီး သူမ၏ ယောက်ျားကို ကာကွယ်ပေးနိုင်၏။ သို့ပေမည့် မလုံလောက်သေးချေ။ ထိုအရာက အစသာရှိသေး၏။

“လူဆိုးလေး.. ရှေးခေတ်ရဲ့လူသားတွေက ကျွန်မလိုပဲလား။။” မူလန်က ခပ်တိုးတိုး မေး၏။ သူမက လူဆိုးလေးဟူသည့်စကားကို အလွန်ချိုသာပြီး ချစ်စဖွယ်ကောင်းသည့် ပုံစံမျိုးနှင့် ခေါ်လိုက်သောကြောင့် ရှမ့်လန်က စိတ်လှုပ်ရှားသွားမိသည်။

“အင်း.. ငါ့ခွန်အားတွေကို ကြိုပြီး မသုံးထားရင်တော့ ဒီတောင်ထိပ်ပေါ်မှာပဲ မင်းကို...”

သို့သော်ငြား မူလန်က စွဲလမ်းလွန်းအားကြီးသည့် မျက်ဝန်းများဖြင့် ကြည့်၏။ သခင်ကြီးလန်က ချက်ချင်းပဲ ကျုံ့ဝင်သွား၏။

“မိန်းမ.. မလုပ်နဲ့အုံး။ ဒီနေ့ကတော့ မရတော့ဘူး။ မနက်ဖြန်လောက်ထိ အနားယူမှ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ငါ့မိန်းမက အမြဲတမ်း ပြိုင်ဘက်ကင်းပါပဲ။။” ရှမ့်လန်က ပြောသည်။

မူလန်က ရှမ့်လန်၏ နှုတ်ခမ်းကို နမ်းလိုက်၏။

“လူဆိုး.. ရှင်က ဒီလောကကြီးထဲမှာ အံ့ဩစရာအကောင်းဆုံး လူသားပဲ။ ရှင်က ကျွန်မရဲ့ နေမင်းကြီးလိုပဲ။။” မူလန်က လေးလေးနက်နက် ပြောလိုက်သည်။

ဟုတ်ပေ၏။ ရှမ့်လန်က မူလန် အိပ်ပျော်နေစဉ် အချိန်အတွင်း ကီလိုမီတာ တစ်သောင်းကျော်ကို ခရီးနှင်ခဲ့၏။ စေတီတောင်ကို သွားခဲ့၏။ နိုင်ငံပေါင်းများစွာကို ဖြတ်ကျော်ခဲ့၏။ နောက်ဆုံး တောင်ပင်လယ်ဓားဂိုဏ်း၏ တည်နေရာအနီးရှိ ရှေးဟောင်းအမွေအနှစ်နယ်မြေသို့ပင် သွားရောက်ခဲ့၏။

အရေးကြီးဆုံးက ရှေးဟောင်းအမွေအနှစ် နယ်မြေကို ဖွင့်လှစ်သူက သူဖြစ်သော်လည်း ဝင်ရောက်ကြည့်ရှုရန် စိတ်မဝင်စားခဲ့ချေ။ ရှေးဟောင်းနယ်မြေ ဆိုသည်က မည်သူတို့အတွက်မဆို ဆွဲဆောင်မှုရှိသည် ဆိုသော်လည်း ရှမ့်လန်အတွက် မဟုတ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူက သူမကို ကယ်တင်ရန် ခြင်ဆီဆေးကြောခြင်း အမတေကို ယူဆောင်ပြီး ပြန်လာချင်နေသောကြောင့်ပင်။

ထိုအရာကို ဆရာဝူတူကျိက သူမပါး ပြောပြခဲ့ခြင်း ဖြစ်၏။ ထိုအချိန်က မူလန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်လည်း ကြားနိုင်၊ ခံစားနိုင်၏။ သို့သော်ငြား ဝူတူကျိပြောသည့် စကားတချို့ကိုတော့ သူမက သိပ်မကျေနပ်ပေ။

ဥပမာ - “နင့်ယောက်ျားက လူဆိုးကောင်။ ငါက သူ့ဆရာ ဖြစ်နေတာတောင်မှ ငါ့ကို ပြစ်မှားချင်နေသေးတယ်။ နောက်ပြီး ကျင်းမူလန်... ငါမင်းကို ကုသပေးတုန်း မင်းယောက်ျား ငါ့ရင်ဘတ်ကို ခိုးကြည့်တာ ဆယ့်ကိုးခါတောင်။။”

ဆရာက ထိုကဲ့သို့ ပြောဆိုလေ့ ရှိ၏။

နောက်ဆုံးမှာတော့ ဆရာဝူတူကျိက ကောက်ချက်ချခဲ့သေးသည်။ “နင့်ယောက်ျားက လူဆိုးကောင် ဖြစ်ရင်တောင်မှ နင့်ကိုအချစ်ဆုံး လူဆိုးကောင်ပဲ။ သူက နင်တစ်ယောက်တည်း ပိုင်ဆိုင်တဲ့ လူဆိုးကောင်ပဲ။”

“ယောက်ျား.. ကျွန်မ စွမ်းအင်သစ်တစ်ခု နိုးထထားတယ်လို့ မပြောရသေးဘူး မဟုတ်လား”

ရှမ့်လန်က လန့်သွား၏။ ပြီးနောက် သတိထားကာ မေးမြန်းလိုက်၏။ “မိန်းမ.. မင်းရဲ့ စွမ်းအင်သစ်က အားကြီးပြီး စွမ်းဆောင်ရည်မြင့်တာ ငါ သိပြီးသားပါ။ ဒါပေမဲ့ ယောက်ျား ဒီနေ့တော့ တကယ်လက်မြှောက်ပြီ။ ငါရဲ့ သံမဏိခန္ဓာကိုယ်ကို မနှိပ်စက်ပါနဲ့တော့။”

မူလန်က စိတ်ပျက်သွားသည်။ “ထားပါတော့။ အဲတာမဟုတ်ပါဘူး။ ကျွန်မမှာ အထူးစွမ်းအင်တစ်ခု ရှိနေတယ်”

ရှမ့်လန်က အံ့အားသင့်သွား၏။ “အထူးစွမ်းအင်။။”

သူက မျက်လုံးထဲတွင် Marvel ရုပ်ရှင်ထဲက စူပါဟီးရိုးများကို သွားကာမြင်မိသည်။

“ကျွန်မက လောကကြီးတစ်ခုလုံးကို ခံစားလို့ရတယ်။” မူလန်က ပြောလိုက်၏။

မူလန်က ဆက်ပြောသည်။ “အင်း.. ဘယ်လိုပြောရမလဲ မသိဘူး။ သစ်ပင်တွေ ကြီးထွားလာတာ၊ မြေပြင်ရဲ့ တီးတိုးသံတွေ၊ တောင်တန်းတွေရဲ့ ညည်းညူသံတွေ၊ သမုဒ္ဒရာကြီးရဲ့ ဟိန်းဟောက်သံတွေ အကုန်လုံးကို ကျွန်မ ခံစားလို့ရတယ်။”

ရှမ့်လန်က စိတ်ဝင်စားသွား၏။ ဤအရာက အထူးစွမ်းအင်နှင့် တူပေမယ့် တကယ့်ကို ထိရောက်သည့် စွမ်းအင်တစ်ခု ဖြစ်၏။

“နောက် ၆ နာရီကျရင် မိုးရွာလိမ့်မယ်။။”

မူလန်က ပြောလိုက်သည်။ “လေထုထဲမှာ ရေငွေ့တွေ ဖွဲ့စည်းနေတာတောင် ကျွန်မ အာရုံခံလို့ရတယ်။”

ရှမ့်လန်က မော့ကြည့်လိုက်၏။ လမင်းကြီးက သာယာလျက်ရှိနေ၏။ ကြယ်ရောင်တွေကလည်း လင်းလက်နေ၏။ မိုးရွာမည့်ပုံ လုံးဝမပေါ်ချေ။

မူလန်က ဆက်ပြော၏။ “နောက်နှစ်ရက်နေရင် အရှေ့ဘက်ပင်လယ်ပြင်မှာ မုန်တိုင်းကြီး တိုက်လိမ့်မယ်။ မုန်တိုင်းက စတင်ပြီး အစပျိုးနေပြီ။”

ဤအချိန်က အောက်တိုဘာလသို့ ရောက်နေ၏။ ဆောင်းတွင်းနီးနေပြီဖြစ်ရာ မုန်တိုင်း တိုက်ခိုက်ဖို့ ဆိုသည်က ဖြစ်ခဲသည်။

“ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့။။”

ပြီးနောက် ရှမ့်လန်က မူလန်၏ပေါင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေပြီး သူမက ရှမ့်လန်၏ပါးကို ပွတ်သပ်လျက်ရှိနေ၏။

တကယ်ပင် လေးနာရီကြာပြီးနောက် ကြယ်တွေလတွေ ပျောက်ခဲ့ပြီး မဲမှောင်သည့် တိမ်တိုက်များက ဖုံးလွှမ်းလာခဲ့၏။ မကြာမီ မိုးရွာတော့မည်။ မူလန်က ရှမ့်လန်ကိုခေါ်ပြီး တောင်အောက်သို့ ဆင်း၏။ ရွှမ်ဝူနယ်စားအိမ်တော်သို့ ပြန်လာခဲ့သည်။

ခြံဝင်းထဲဝင်သည်နှင့် ရှမ့်ယီငိုသံကို ကြားရ၏။ ကလေးခမျာ ဝမ်းနည်းနေရှာ၏။ အမေက နိုးထလာပြီးနောက် သူ့ကို နှစ်ခါပဲကြည့်၏။ အဖေနှင့်အတူ အပြင်ထွက်ကာ ဆော့ကစားနေ၏။ ကလေးကို အိမ်မှာပဲ ပစ်ထားခဲ့၏။

မူလန်က ကလေးကိုချီသည်။ ရှမ့်ယီ၏ငိုသံက ချက်ချင်းပင် တိတ်ဆိတ်သွား၏။ သူက မူလန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

“သား... မင်းက စိတ်ပျက်ရဖို့ ကံပါလာတာပဲ။”

မူလန်၏ ခန္ဓာကိုယ်က ပြောင်းလဲ သွားခဲ့ပြီးနောက် နို့ရည်များအားလုံးက ပျောက်ကွယ်သွား၏။

ရှမ့်လန်က ရှမ့်မီလေးကို ချီထားပြီး မူလန်က ရှမ့်ယီကို ချီထား၏။ သူတို့နှစ်ဦးက ပြတင်းပေါက်ရှေ့တွင် ရပ်လျက် အပြင်ဘက်တွင် သည်းထန်စွာ ရွာသွန်းလျက်ရှိနေသည့် မိုးကိုကြည့်၏။ သူတို့က နတ်ဖက်သည့် စုံတွဲတစ်ခုကဲ့သို့ပဲ။

နှစ်နာရီခန့်ကြာချိန်မှာတော့ အရှေ့ဘက်ပင်လယ်ပြင်၌ ဟာရီကိန်းမုန်တိုင်းက တကယ်ပင် တိုက်ခိုက်၏။

ရှမ့်လန်က အံ့အားသင့်သောကြောင့် အံ့ချီးနပမ်း ဖြစ်နေ၏။ မူလန်၏ အထူးစွမ်းအင်က တကယ်ကို တိကျလွန်း၏။ မိုးလေဝသဌာနထက်ပင် ပိုမိုကာ တိကျနေ၏။ ဤအရာက ရှေးခေတ်လူသားများ၏ အထူး စွမ်းအင်တစ်ခုများလား။ လောကကြီး၏ ပြောင်းလဲမှုကို ကြိုတင်အာရုံခံနိုင်ခြင်းလား။

All Chapters