အခန်း (၆၂၇-၆၂၈)
Vol. 41 Ch. 627-628
အပိုင်း (၆၂၇)
ချင်ဘုရင်မ အာယုနာနာက သူမ၏ရှေ့ရှိ သဲကန္တာရလူရိုင်းစစ်သည်များကို ကြည့်လိုက်၏။ သူမက နှလုံးသားကို ဓားနှင့် မွှန်းနေသကဲ့သို့ပင် ခံစားနာကျင်ရ၏။ စစ်သည်ပေါင်း ၂၀၀၀ က သူမရှေ့တွင် ဒူးထောက်နေ၏။
“ဘုရင်မက ကောင်းကင်ရဲ့ လမင်းကြီးနဲ့ တူပါတယ်။ အလုပ်အကျွေး ပြုခွင့်ရတာကလည်း ကျုပ်တို့ရဲ့ ဂုဏ်ယူမှုပါပဲ။ ဒါပေမဲ့ အခု သဲကန္တာရလူရိုင်း မျိုးနွယ်စုတွေမှာ ကိုယ်ပိုင်နယ်မြေ ရှိနေပါပြီ။ ကျုပ်တို့ရဲ့ နယ်မြေ၊ ကျုပ်တို့ရဲ့ကျင်းမင်းသားက ကျုပ်တို့ကို လိုအပ်နေပါတယ်။ သဲကန္တာရလူရိုင်း မျိုးနွယ်စုမှာ ကိုယ်ပိုင်နိုင်ငံတော် ရှိနေပါပြီ။ တာ့နန်နိုင်ငံက ကျုပ်တို့ကို လိုအပ်နေပါတယ်။ ကျုပ်တို့ရဲ့ မိခင်မြေက ကျုပ်တို့ကို လိုအပ်နေပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျုပ်တို့ဘုရင်မကို ဆက်ပြီး အလုပ်အကျွေး မပြုနိုင်တော့ပါဘူး။”
ဤလူအားလုံးတို့က သဲကန္တာရလူရိုင်းစစ်သည်များ ဖြစ်ကြပြီး တစ်ချိန်က အာယုနာနာအပေါ် သစ္စာစောင့် ခဲ့သည့် ကြေးစားစစ်သည်များ ဖြစ်၏။ သူမ နန်းတက်ခဲ့ပြီးနောက် ကြေးစားစစ်သည် ၈၀၀၀ တို့က လာရောက်အမှုထမ်းခဲ့ပြီး အများစုက သဲကန္တာရလူရိုင်းစစ်သည်များ ဖြစ်သည်။
“အကယ်၍ ဘုရင်မ ဒေါသထွက်တယ်ဆိုရင် ကျုပ်တို့ကို သတ်ပစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အမိန့်ပေးနိုင်ပါတယ်။ အမိန့်ပေးလိုက်တာနဲ့ ကျုပ်တို့ ချက်ချင်းပဲ အသေခံပါမယ်။။” သဲကန္တာရလူရိုင်းစစ်သည်တစ်ဦးက သူ၏လည်ပင်းပေါ်သို့ ဓားကောက်တစ်လက်ကို တင်၏။ အာယုနာနာ အမိန့်ပေးလိုက်သည်နှင့် သူက တွန့်ဆုတ်မှုမရှိဘဲ လည်ပင်းကို လှီးဖြတ်လိမ့်မည်။
အာယုနာနာက သက်ပြင်းရှည်ကြီးကို ချလိုက်၏။ “သွားကြတော့၊ သွားကြတော့။။”
“ကျေးဇူးတင်ပါတယ် ဘုရင်မ။”
သဲကန္တာရလူရိုင်းစစ်သည် ၂၀၀၀ ကျော်တို့က မတ်တပ်ထရပ်လိုက်ပြီး သံချပ်ကာများ၊ ဓားကောက်များနှင့် လေးများ အားလုံးကို ချွတ်လိုက်ကြ၏။ ပြီးနောက် သူတို့က ကိုယ်လုံးတီးဖြင့် ထွက်ခွာသွားခဲ့ကြ၏။ သူတို့က မည်သည့်အရာကိုမှ ယူဆောင်မသွားဘဲ ကျင်းမင်းသားကို အလုပ်အကျွေးပြုရန် သဲကန္တာရလူရိုင်းမျိုးနွယ်စုထံ ပြန်သွားကြသည်။
သူတို့က ကျင်းမင်းသားကို အလုပ်အကျွေးပြုရန် အရာအားလုံးကို စွန့်လွှတ်ရန်နှင့် ဆုံးရှုံးခံရလျှင်လည်း ဝန်မလေးကြချေ။ ဤအချက်ကို ကြည့်ရှုခြင်းအားဖြင့် ကျင်းမင်းသားက သဲကန္တာရလူရိုင်းစစ်သည်များ၏ နှလုံးသားထဲတွင် မည်သည့်နေရာ၌ ရောက်ရှိနေကြောင်း သိမြင်နိုင်၏။
“စိတ်မကောင်းပါဘူး ဘုရင်မ။ ကျုပ် သူတို့ကို မတားဆီးနိုင်ပါဘူး။ တားလို့လည်း မရပါဘူး။။” လင်းယုန်ရမ် က ပြောလိုက်သည်။
ဘုရင်မက ခေါင်းကို ခါယမ်းလိုက်၏။ “တချို့အရာတွေက ဖြစ်ကို ဖြစ်လာရမယ့် ကိစ္စတွေပါပဲ”
.............
နိဗ္ဗာနကျွန်း
ရှမ့်လန်က သူ၏ရှေ့ရှိ နိဗ္ဗာနတပ်သား ၃၈၀၀ ကို ကြည့်ပြီး တကယ်ပင် စိတ်လှုပ်ရှားနေ၏။ ဤနိဗ္ဗာန စစ်သည်များက စစ်မြေပြင်တွင် မည်မျှ အံ့အားသင့်ဖွယ်ကောင်းမည်နည်း။ ရှမ့်လန်က လုံးဝစိတ်ကူး၍ပင် မရနိုင်သလို ဖြစ်နေ၏။ သို့သော်ငြား ဒုတိယနိဗ္ဗာနတပ်တော်၏ ပစ္စည်းကိရိယာများက ကောင်းမွန် လုံလောက်ခြင်း မရှိသေးချေ။ ပထမအားဖြင့် ခံစစ် အလွန်အားနည်းသည်။
“လက်နက်ကိရိယာတွေ လဲလိုက်။” ရှမ့်လန်က အမိန့်ပေးလိုက်၏။
ပစ္စည်းကိရိယာအသစ်များကို တင်ဆောင်ထားသည့် လှည်းများက အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ ဖွင့်ကြည့်လိုက်ချိန်မှာတော့ သံချပ်ကာအသစ်များပင်။ တကယ်တော့ ဤသံချပ်ကာများက ပထမ နိဗ္ဗာန တပ်တော်နှင့် နှိုင်းယှဉ်၍ မရချေ။ သူတို့က ပေါင် ၄၀ သာ လေးပြီး အကောင်းဆုံးသံမဏိဖြင့် တည်ဆောက်ထား၏။ ပေါ့ပါးသော်လည်း သာမန်သံချပ်ကာများထက် များစွာ ပိုမိုကာ ခိုင်ခံ့၏။ ရန်သူ၏ ဓားနှင့် လှံများကို ကာကွယ်ရန် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ရန်သူ၏ မြားများကိုမူ ကာကွယ်နိုင်သည်။
ထို့ပြင် ဤသံချပ်ကာ၏ လက်ရာက အလွန်ပင် သေးသပ်လွန်း၏။ အဘယ်ကြောင့်ဆိုသော် ဤသည်က တောင်ပေါ်တပ်ဖွဲ့ဖြစ်ပြီး ချောက်ကမ်းပါးများ၊ တောင်များ၊ တောအုပ်များကို တက်ရောက်ရန် လိုအပ် သောကြောင့်ပင်။ ထို့ကြောင့် သံချပ်ကာများက ပျော့ပျောင်းပြီး ပေါ့ပါးရမည်။ ပုံစံက လူ့ခန္ဓာကိုယ်သဘာဝနှင့် ကိုက်ညီရမည်။ ထို့ကြောင့် သူတို့က သံကွင်းဆက်များနှင့် သားရေချပ်ဝတ်များကို အသုံးပြုထားရ၏။ ထို့ပြင် နန်အိုနိုင်ငံက ရာသီဥတုပူပြင်းသောကြောင့် ခမောက်များပေါ်တွင် အပေါက်များစွာ ပါရှိ၏။
သံချပ်ကာအသစ်ကို ဝတ်ဆင်ပြီးနောက် ဒုတိယနိဗ္ဗာနတပ်တော်၏ အသွင်အပြင်က သိသိသာသာပင် ပြောင်းလဲသွားခဲ့၏။ အထူးသဖြင့် ရဲရင့်ပြီး တက်ကြွလန်းဆန်းနေကြပုံ ပေါ်သည်။
“လေးနဲ့ မြားတွေကို လဲလိုက်။။”
ဒုတိယ နိဗ္ဗာနတပ်တော်တွင် လုံလောက်သည့် ခွန်အားနှင့် ခံနိုင်ရည် ရှိသော်လည်း သာမန်ပေါင် ၂၀၀ လေးသည့် ပစ္စည်းပစ္စယများက အလုံးစုံ ဖိအားတစ်ခု ဖြစ်စေခဲ့၏။
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ဒုတိယနိဗ္ဗာနတပ်သားများက ခေတ်မီနည်းပညာဖြင့် ပြုလုပ်ထားသည့် ဓာတ်ပေါင်း (compound) လေးများကို ပြောင်းလဲကာ ကိုင်ဆောင်မှာ ဖြစ်၏။ ဤသည်က မြားပစ်ခြင်းတွင် ခေတ်သစ်ကြီးတစ်ခုကို ပြောင်းလဲလိုက်ခြင်းပင်။ လူတိုင်းက အနည်းငယ် အံ့အားသင့် မင်သက် သွားခဲ့ကြ၏။ ဤလေးက ပျော့ပျောင်းပြီး စွမ်းအားကြီးမားပုံ မပေါ်ချေ။
အမှန်ပင် ဖြစ်၏။ သို့ပေမည့် လေးကြိုးကို ဆွဲလိုက်သည့်အချိန်မှာတော့ ဒုတိယနိဗ္ဗာနတပ်တော်မှ စစ်သည် အားလုံးတို့က ကွာခြားချက်ကို ချက်ချင်း ခံစားလိုက်မိ၏။
“ဒါက အရမ်းကို သက်သာပါလား။”
အထူးသဖြင့် လေးကို အဆုံးထိ ဆွဲတင်လိုက်ပြီးသည်နှင့် လိုအပ်သော ခွန်အားက အနည်းဆုံးသို့ လျှော့ကျ သွားခဲ့သောကြောင့်ပင်။ ချိန်ရွယ်ရန်နှင့် လေးကို အာရုံစူးစိုက်ရန် ပိုမိုကာ အာရုံစိုက်နိုင်ပေလိမ့်မည်။
“စမ်းသပ်မှု စတင်မယ်။။”
ဒုတိယနိဗ္ဗာနတပ်တော်က လေးကို စတင်ကာ စမ်းသပ်ကြ၏။ အံ့မခန်းပင် ဖြစ်၏။ ဤလေးအသစ်က ရိုးရှင်းစွာပင် ကောင်းလွန်း၏။ စွမ်းအားများ ကျဆင်းမသွားသည့်အပြင် ပိုမိုကာ အားကောင်းလာခဲ့၏။ အားအင်ဖြုန်းတီးရ သက်သာသောကြောင့် ပစ်ခတ်မှုနှုန်းက ပိုမိုမြန်ဆန်ပြီး တိကျ၏။ လေးနှင့်မြား အမျိုးအစားသစ်နှင့်ဆိုလျှင် စစ်မြေပြင်တွင် ရန်သူကို သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။
လန်တိုက ချက်ချင်း အမိန့်ပေးလိုက်၏။ “အဝေးပစ်။”
ဒုတိယနိဗ္ဗာနတပ်သား ၃၈၀၀ တို့က မြားများကို ဆွဲတင်ပြီး ကောင်းကင်ပေါ်သို့ ချိန်ရွယ်လိုက်၏။ သူတို့က မီတာ ၂၅၀ အကွာရှိ တောအုပ်ကို ချိန်ရွယ်ထားကြသည်။
“ပစ်ကြစမ်း။”
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မြားများက မိုးရွာသလို ကျဆင်းလာခဲ့၏။ နောက်တစ်ကြိမ် မုန်တိုင်းတိုက်သကဲ့သို့သော လွှမ်းမိုးပစ်ခတ်မှုကြီးက ဖြစ်တည်လာခဲ့၏။ ဤကဲ့သို့သော အရူးအမူး ပစ်ခတ်မှုကြီးက နောက်ထပ် ၃ မိနစ်ခန့် ကြာမြင့်ခဲ့၏။ မြားပေါင်း တစ်သိန်းခန့်ကို ပစ်ခတ်လိုက်ခြင်းပင် ဖြစ်၏။
မီတာ ၂၀၀ ကျော်ရှိ တောအုပ်ကြီးတစ်ခုလုံးက ချက်ချင်းပဲ ဖျက်ဆီးခံလိုက်ရ၏။ ဧရာမသားရဲကြီး တစ်ကောင် ဝင်ရောက်ကာ မွှေနောက်ထားသကဲ့သို့ပင် အကုန်လုံးက ပျက်စီးကုန်သည်။
ရှမ့်လန်၊ မူလန်နှင့် မဟာပညာရှင် လန်တိုတို့က အခြေအနေကို ကြည့်ရှုရန် တောအုပ်ထဲသို့ ဝင်လိုက်ကြ၏။ ဤလေးတပ်ဖွဲ့များ၏ စွမ်းရည်က တကယ်ပင် ကြီးမားပြင်းထန်လွန်းလှချေ၏။ ဝေးကွာလွန်းသော အကွာအဝေးဖြစ်နေသည်ဆိုသော်လည်း သေစေနိုင်လောက်သည့် စွမ်းအင်များကို ပိုင်ဆိုင်ထားဆဲပင်။
သစ်ပင်ပင်စည်များနှင့် မြေပေါ်တွင် မြားများက ပိတုန်းအုပ်များကဲ့သို့ပင် ပြည့်နှက်နေ၏။ တချို့သော သစ်ကိုင်းငယ်များဆိုလျှင် ပြတ်ထွက်ကုန်၏။ သို့သော်ငြား ဤအကွာအဝေးမှာ ပစ်ခတ်ခြင်းက တိကျမှုထက် ကံတရားပေါ်တွင်သာ မူတည်၏။ ရန်သူကို တိကျစွာ ပစ်ခတ်သတ်ဖြတ်ရန်ဆိုသည်မှာ မဖြစ်နိုင်သော်လည်း ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းကာ လွှမ်းခြုံပစ်ခတ်ရန်တော့ ဖြစ်နိုင်၏။
သို့သော်ငြား ဤအရာက ကြီးမားသည့် ခေတ်၏ အလှည့်အပြောင်းဖြစ်နေပြီး လောကတွင် မည်သည့် လေးတပ်ဖွဲ့ကမှ ခြေလှမ်း ၁၀၀ အကွာအဝေးထက် ကျော်လွန်၍ ရန်သူကို သတ်ဖြတ်နိုင်ခြင်း မရှိပေ။ ဤအကွာအဝေးထက် ကျော်လွန်သည်ဆိုပါက မြားပစ်ခြင်းက အလဟသသာ ဖြစ်သည်။
သို့သော်ငြား ရှမ့်လန်၏ ဒုတိယမြောက် နိဗ္ဗာနတပ်သားများက ရန်သူကို အနည်းဆုံး မီတာ ၂၀၀ အကွာမှ လှမ်းကာ သတ်ဖြတ်နိုင်၏။ ဤသည်က ကြီးမားသည့် အားသာချက်တစ်ခုပင်။
“မြားတွေ ပြန်ကောက်ကြ။။” မဟာပညာရှင် လန်တိုက အမိန့်ပေးလိုက်၏။
စစ်သည်ပေါင်း ၃၈၀၀ တို့က တောအုပ်ထဲသို့ ဝင်ရောက်ပြီး မြားများကို ပြန်လည်ကောက်ယူကြ၏။ ဤမြားများနှင့် မြားခေါင်းများကို အကောင်းဆုံးသံမဏိဖြင့် ပြုလုပ်ထား၏။ ဤမျှ များပြားသည့် ပမာဏကို ပန်းပဲဆရာများ အားကိုး၍ ပြုလုပ်မည်ဆိုပါက အလွန်ပင် နှောင့်နှေးကြန့်ကြာမှာ ဖြစ်၏။
သို့သော်ငြား ကျင်းချန်ကျွန်းရှိ သံမဏိစက်ရုံတွင် ခေတ်မီသော ကုန်ထုတ်လုပ်မှု ပုံစံကို အသုံးပြုထားသည်။ ဥပမာအားဖြင့် မြားတစ်စင်းစီအတွက် သံရည်ပူများကို ပုံစံခွက်ထဲသို့ လောင်းထည့်ပြီး အအေးခံကာဖြင့် တစ်ခါတည်း သပ်ဖြုတ်လိုက်၏။ ပြီးနောက် ရရှိခဲ့သည့် မြားခေါင်းချပ်များကို အရောင်တင်ရာဆီသို့ ပို့ဆောင်ကာ ချောမွတ်အောင် ပြုလုပ်သည်။
ထိုသို့ အရောင်တင်ရာတွင်လည်း လူအင်အားကို မသုံးဘဲ ရေရဟတ်များကို လည်ပတ်စေကာဖြင့် ကျောက်သွေးသလိုပင် ပွတ်တိုက် ချောမွတ်စေ၏။ အနည်းဆုံးတော့ ထိုကဲ့သို့ ရေရဟတ်များကို လည်ပတ်စေရန် လူအင်အားကိုတော့ အသုံးပြုရ၏။ သို့သော်ငြား သိသိသာသာ နည်းပါးသွားသည်။ ယခုအချိန်မတိုင်ခင် နှစ်ဝက်ခန့်တည်းက သူတို့က မြားအမြောက်အများကို ကြိုတင်ကာ ထုတ်လုပ်ထားခဲ့ပြီး ဖြစ်၏။
မြားခေါင်းများက သံမဏိအကောင်းစားကို အသုံးပြုထားသောကြောင့် မာကြောမှု၊ ကြံ့ခိုင်မှုနှင့် ထက်မြက်မှုတို့က သာမန်မြားများထက် နှစ်ဆ ပို၏။ သံချပ်ကာများကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိ၏။ သို့သော်ငြား နိဗ္ဗာနစစ်သည်များက မြားတစ်ချောင်းချင်းစီကို ပြန်လည်ကောက်ယူပြီး သေချာစွာ စစ်ဆေးကြ၏။ အကယ်၍ မြားတွင် ချို့ယွင်းချက်များရှိပါက ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် အသစ် လဲလှယ်ခြင်းကို ပြုလုပ်၏။ မြားခေါင်းများ ထက်မြက်နေစေရန် သူတို့က ကျောက်များနှင့် ပြန်လည်ကာ သွေးယူကြသည်။
“ဆရာကြီး၊ ဒုတိယမြောက် နိဗ္ဗာနတပ်တော်ကို ဦးဆောင်ဖို့ ဘယ်သူက အသင့်တော်ဆုံးလို့ ထင်တယ်။။” ရှမ့်လန်က မေးမြန်းလိုက်၏။
မဟာပညာရှင် လန်တိုက မူလန်ကို လက်ညိုးထိုးလိုက်သည်။ “အရင်ကတော့ ဒီတပ်ဖွဲ့ကို ဦးဆောင်ဖို့ ဘယ်သူကမှ အရည်အချင်း မမီဘူးလို့ ငါ ထင်ခဲ့တာ။ နာကျည်းမှုတောင်မှ မထိုက်တန်ဘူး။ သူက တပ်မှူးကောင်း တစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ လေးသည်တော်ကောင်း တစ်ယောက်တော့ မဟုတ်ဘူး။”
မဟာပညာရှင် လန်တိုက ပြောလိုက်၏။ “ဒါပေမဲ့ မူလန်ကို တွေ့ပြီးနောက်မှာတော့ ဒီတပ်ဖွဲ့က သူမအတွက် သီးသန့်ဖန်တီးထားသလိုပဲ ခံစားရတယ်။”
ရှမ့်လန်က အံ့အားသင့်သွား၏။ မူလန်က လေးသည်တော်တစ်ယောက် မဟုတ်ချေ။ မူလန်၏ မြားပစ်စွမ်းရည်က ကောင်းမွန်သော်လည်း သူမက မြင်းစီးတိုက်ခိုက်ရာတွင်သာကျွမ်းကျင်သည်။
“လေးကို ယူခဲ့။ တကယ့်ကို အားကောင်းလွန်းတဲ့ လေးတစ်လက်ကို ယူခဲ့။”
ခဏအကြာတွင် လူတစ်ယောက်က အလွန်အားကောင်းသည့် လေးတစ်လက်ကို ယူဆောင်လာခဲ့၏။ ၁.၆ မီတာခန့် ရှည်လျားကာ ကွန်ပေါင်းလေးအမျိုးအစား ဖြစ်၏။ လေးကိုင်းက တကယ်ပင် ထူထဲပြီး လေးကြိုးများ ကလည်း တစ်ခါမှ မမြင်ဖူးလောက်အောင် တုတ်ခိုင်၏။
“ဒီလေးရဲ့ ဆွဲအားက ပိသာချိန် ၃၀၀ ကျော်တယ်။ မြားတွေကိုလည်း အထူးပြုလုပ်ထားရတယ်။။”
လူတစ်ယောက်က မြားတစ်ထောင်ကို ချပေး၏။ မြားက သာမန်မဟုတ်ပဲ ၁.၃ မီတာကျော် ရှည်ပြီး အလေးချိန်ကလည်း သာမန်မြားများထက် နှစ်ဆ ပိုသည်။
ဤအချိန်မှာတော့ လေတိုက်နှုန်းများက ပိုမိုကာ ပြင်းထန်လာခဲ့၏။ မူလန်က လေးကို ကောက်ကိုင်လိုက်၏။
ရုတ်တရက် ရှမ့်လန်၏ စိတ်အာရုံတို့က လှုပ်ရှားသွားခဲ့၏။ ဤအချိန်မှာတော့ မူလန်၏ ကိုယ်နေဟန်ထားက တကယ်ကို လှပပြီး ဆွဲဆောင်မှုရှိ၏။ ပိသာချိန် ၃၀၀ ကျော်လေးသော ဤလေးကို မူလန်က လွယ်လွယ်ကူကူဖြင့် ဆွဲတင်၏။ သူမက ချိန်ရွယ်ခြင်းပင် မရှိချေ။
“ရွှမ်း။”
ချက်ချင်းပဲ မြားတစ်စင်းက ပြေးထွက်သွား၏။ မြားက ဥက္ကာခဲ ကျဆင်းလာသကဲ့သို လျှင်မြန်၏။ အားစိုက်ထုတ်စရာ မလိုဘဲ မီတာ ၂၆၀ အကွာအဝေးမှ သစ်ကိုင်းများကို ထွင်းဖောက်သွားခဲ့၏။ တိုက်ဆိုင်မှုလား၊ မတော်တဆလား။
မူလန်က ဒုတိယမြား၊ တတိယမြား၊ စတုတ္ထမြား၊ ဆက်တိုက်ပစ်ခတ်၏။ မြားတိုင်းလိုတို့က သစ်ကိုင်းများကို ထိမှန်၏။ သိပ်ကို စွမ်းအားကြီးလွန်း၏။ ရာနှုန်းပြည့် ထိမှန်သည်ဆိုသည်က ဒါမျိုးကို ခေါ်ခြင်းပင်။
ဤမျှ ဝေးကွာသော အခြေအနေမှ လှမ်းကာ ပစ်ခတ်နေသည်ဆိုလျှင်တောင် စနိုက်ပါ သေနတ်ပစ်သမား တစ်ယောက်ကဲ့သို့ပင် တိကျနေ၏။ အဓိကအချက်အားဖြင့် မူလန်က လုံးဝချိန်ရွယ်ခြင်း မရှိချေ။
သွေးမျိုးဆက်ပြောင်းလဲသွားခဲ့ပြီးနောက် သူမက ဤမျှ စွမ်းအားကြီးသွားလေသည်လား။ မူလန် နိုးထလာသည့် စွမ်းရည်က အာရုံခံနိုင်စွမ်းပင် ဖြစ်၏။ သဘာဝတရားကို အာရုံခံနိုင်စွမ်းပင်။ တိုက်ပွဲတွင် သူမ၏ အာရုံခံနိုင်စွမ်းက ဦးစွာပထမ အန္တရာယ်ကို သိရှိနိုင်သည်။ ပြီးနောက် လေးပစ်ခြင်း၏ စွမ်းအင်က ပိုမိုကာ တိုးတက်လာစေ၏။ သူမက အမှန်တကယ်ပင် ချိန်ရွယ်ရန် မလိုအပ်ချေ။ အဆင့်မြင့် သွေးမျိုးဆက် စွမ်းရည်က သူမကို ပေးသနားလိုက်သည့် ပါရမီမျိုး ဖြစ်၏။ သူမက စစ်မှန်သော ထိပ်တန်း လေးသည်တော် တစ်ဦး ဖြစ်ခဲ့၏။
“မူလန်။”
ရှမ့်လန်က မူလန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “မိန်းမ... ဒီဒုတိယမြောက် နိဗ္ဗာနတပ်တော်က ဒီနေ့ကစပြီး မင်းပိုင်တဲ့အရာ ဖြစ်သွားပြီ။”
နောက်တစ်ရက်မှာတော့ ရှမ့်လန်က ဒုတိယမြောက် နိဗ္ဗာနတပ်တော်ကို ဦးဆောင်ပြီး သင်္ဘော ဒါဇင်ပေါင်း များစွာနှင့် နိဗ္ဗာနကျွန်းမှ ထွက်ခွာပြီး ရွှမ်ဝူမြို့ကို ပြန်လာခဲ့၏။
နန်အိုနိုင်ငံ၌ စစ်ပွဲစတင်နေခဲ့သည်မှာ ၇ ရက်ကြာမြင့်ပြီဖြစ်၏။ ရွှဲ့ပြည်နယ်တစ်ခုလုံးက စိုးရိမ်ပူပန်မှုများနှင့် ဖုံးလွှမ်းနေ၏။ စစ်ပွဲ၏အခြေအနေက မည်သို့ရှိမည်နည်း။ နိုင်မည်လား။ ရှုံးမည်လား။ ၇ ရက်ကြာသည်ထိ မည်သည့်သတင်းအစအနမှ မရခဲ့ချေ။ သို့သော်ငြား ကောလဟာလများကတော့ နေရာအနှံ့ကို ပြန့်နှံ့နေသည်။
“ကြားပြီးပြီလား။ ငါတို့ နန်အိုနိုင်ငံမှာ စစ်ရှုံးခဲ့တယ်တဲ့။ စစ်သူကြီး ကျူးလင်းက ကျဆုံးသွားခဲ့ပြီ။ စစ်သူကြီး နန်းကုန်းအိုကလည်း အညံ့ခံလိုက်ပြီတဲ့။ မင်းသမီး နင်လော့က အဖမ်းခံရုံလည်း မကဘူး။ သူမကို မြွေတွင်းထဲ ပစ်ချပြီး အဆိပ်မြွေတွေ ကိုက်သတ်ခိုင်းတယ်လို့တောင် ကြားတယ်။”
“ငါတို့ ရွှဲ့ပြည်နယ်က စစ်သည်တွေ သေတာ သိပ်ကို သနားစရာကောင်းတာပဲတဲ့။ အလောင်းတွေတောင်လို့ ပေါ်နေပြီ။ သွေးပင်လယ်တွေတောင် ဝေနေပြီတဲ့။ မြေပြင်တစ်ခုလုံးက အလောင်းတွေနဲ့ ပြည့်နှက် နေတာပဲတဲ့။။”
ထိုအရာက ကောလဟာလများထဲမှ တစ်ခုမျှသာ ရှိ၏။ ရွှဲ့ပြည်နယ် စစ်နိုင်သည်ဟူသည့် ကောလဟာလ များလည်း ရှိ၏။ “ကျင်းမင်းသား အညံ့ခံလိုက်ရပြီ။”
“ကျင်းမင်းသား အသတ်ခံလိုက်ရပြီ။”
“ကျင်းမင်းသား အဖမ်းခံရပြီး နန်းမြို့တော်သို့ ခေါ်ဆောင်လာခံရပြီ။”
အပိုင်း (၆၂၈)
သို့သော်ငြား စစ်နိုင်သည်ထက် ရွှဲ့ပြည်နယ် စစ်ရှုံးသည်ဟူသည့် သတင်းက ပိုမိုကာ ပျံ့နှံ့ပြီး လက်တွေ့ကျ၏။ ထိုအရာအားလုံးက ချောင်ပြည်နယ်သူလျှိုများ၏ လက်ချက်ဖြစ်သော်လည်း အဓိကအားဖြင့် ရွှဲ့ပြည်နယ်သား တို့၏ စိတ်ထဲတွင် ရှိနေသည့် ကြောက်ရွံ့မှုနှင့် မကျေနပ်ချက်များကြောင့်သာ ဖြစ်၏။
ရွှဲ့ပြည်နယ်တစ်ခုလုံး၌ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထား၏။ အစိုးရ ခွင့်ပြုချက်မရှိဘဲ လူ ၃၀ ထက်ပို၍ စုဝေးခြင်း မပြုလုပ်ရချေ။ အဘယ်ကြောင့်ဆိုသော် ဤလူစုလူဝေးများက ကောလဟာလများ ပေါက်ဖွားရာ နေရာများ ဖြစ်တတ်သောကြောင့်ပင်။ သို့သော်ငြား ထိုသို့ ပြင်းထန်စွာ ဖိနှိပ်ထားသည်ကြားမှပဲ ကောလဟာလ၏ ပျံ့နှံ့မှုကို တားဆီး၍ မရနိုင်သလိုပင်။ အခြေအနေက ပိုမိုကာ ဆိုးရွားလာခဲ့သည်။
ရွှဲ့ပြည်နယ်တစ်ခုလုံးကလည်း ထိတ်လန့်နေ၏။ အထူးသဖြင့် နန်အိုနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထျန်းနန်ပြည်နယ် ဖြစ်၏။ ပြည်သူအချို့က ပစ္စည်းများကို သိမ်းဆည်းပြီး အချိန်မရွေး ထွက်ပြေးရန် ပြင်ဆင်ထားခဲ့ကြ၏။ အင်အားကြီးမားသော လူချမ်းသာများဆိုလျှင် အိမ်တံခါးများကို ပိတ်ပြီး လက်နက်ကိုင် အစောင့်များကိုပင် နေ့ညမပြတ် စောင့်ရှောက်ခိုင်းထား၏။
ဤအချိန် သောကရောက်ဆုံးသူကတော့ ထျန်းနန်အုပ်ချုပ်ရေးမှူး ကျူးကျွင်းပင် ဖြစ်၏။ ၉ ရက် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် သူက စစ်ပွဲသတင်းပို့ချက်အစောင်ပေါင်း ရာနှင့်ချီ၍ လက်ခံရရှိ၏။ ပါဝင်သည့် အကြောင်းအရာများက တူတူပင်။
ကျင်းမင်းသား၏ စစ်သည်များက တကယ်ကို ရူးသွပ်ပြီး သေမင်းကို မကြောက်လန့်ကြချေ။ သူတို့၌ အကြီးစား စစ်လက်နက်ပစ္စည်းများ မရှိသော်လည်း တောရိုင်းတိရစ္ဆာန်များကဲ့သို့ပင် ရဲရင့်ပြီး ကြမ်းကြုတ် ကြ၏။ သူတို့က မီးပုံထဲသို့ တိုးဝင်နေသည့် ပိုးဖလံများကဲ့သို့ပင် မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။
စစ်ပွဲသတင်း ရောက်ရှိလာတိုင်း အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ထိတ်လန့်တုန်လှုပ်နေခဲ့၏။ သတင်း အများစုက တူညီသော်လည်း အခြေအနေက ပိုမိုကာ အန္တရာယ်များ၏။ ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သူ မြင်တွေ့နေရ၏။
နန်အိုစစ်မြေပြင်မှ သတင်းများက တစ်နာရီခြားတစ်ခါ ရောက်ရှိလာ၏။ ထို့ကြောင့် အုပ်ချုပ်ရေးမှူး ကျူးကျွင်း က အိပ်စက်ရန် အချိန်မရှိသလောက်ပင်။ တစ်ရေးအိပ်ရဖို့ဆိုသည်ကပင် သူ့အတွက် ဇိမ်ခံအရာ တစ်ခု ဖြစ်ခဲ့သည်။
“အုပ်ချုပ်ရေးမှူး အိပ်လိုက်ပါအုံး။ ကိစ္စကြီးကြီးမားမား ဖြစ်လာရင် ကျုပ် လာနှိုးပါ့မယ်။” ယန်ဝူကျိက မနေနိုင်ဘဲ ဝင်ပြော၏။
“မဖြစ်သေးဘူး။ ငါ အိပ်လို့ မဖြစ်သေးဘူး။။”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောသည် “အမှားတစ်ခုခု လုပ်မိရင် ထာဝရ အပြစ်သင့်သွားလိမ့်မယ်။။”
ယန်ဝူကျိက ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူးက အရမ်းကို တင်းမာနေတယ်။ ဒါက အခြေအနေကို ပိုဆိုးစေတယ်။ အုပ်ချုပ်ရေးမှူးရုံးတစ်ခုလုံးကလည်း အခြေအနေတင်းမာပြီး အသက်ရှူဖို့တောင် ခက်နေပြီ။
ထျန်းနန်မြို့ ပြည်သူတွေက ထိတ်လန့်နေကြတယ်။ စစ်ပွဲသတင်းမှန်သမျှ အရှင့်ဆီ အရင်ရောက်တယ်။ အရှင့် အခြေအနေကိုကြည့်ပြီး စစ်ပွဲအခြေအနေကို ခန့်မှန်းကြတယ်။ အစေခံတွေက အရှင့်ရဲ့မျက်နှာ အရမ်းပျက်ယွင်းပြီး တည်ငြိမ်မှု မရှိဘူးဆိုရင် စစ်ပွဲအခြေအနေ မကောင်းဘူးလို့ ထင်ကြတယ်။
ပြီးတော့ သူတို့က မိသားစုကို ပြန်ပြောမယ်။ ကောလဟလ အဆင့်ဆင့်ချဲ့ပြီး ပြန်ပြောမယ်ဆိုရင် နန်းမြို့တော်မရောက်ခင် စစ်ရှုံးပြီဆိုတဲ့ သတင်းကြီးက ပျံ့နှံ့နေလောက်ပြီပေါ့။ အုပ်ချုပ်ရေးမှူး တစ်ယောက် အနေနဲ့ တည်ငြိမ်ပြီး ယုံကြည်မှုရှိဖို့ လိုအပ်တယ်။ ဒါမှ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို မြင့်မားစေမှာပေါ့။ ထျန်းနန်မြို့က ပြည်သူအများစုက ပစ္စည်းတွေ သိမ်းပြီး ထွက်ပြေးဖို့ ပြင်နေကြတာ အရှင် မသိဘူးလား။”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ရုတ်တရက် သတိဝင်သွားပြီး ပြီးနောက် ခါးကိုင်းကာ အရိုအသေပြုလိုက်သည်။ “သတိပေးတာ ကျေးဇူးပါပဲ ဆရာကြီး။ ကျုပ်မှားပါတယ်။ ကျုပ် အရမ်း အစိုးရိမ်လွန် သွားတာ။”
ယန်ဝူကျိက ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူး သွားအိပ်လိုက်ပါ။ မနက်ကျရင် မြို့ရိုးပေါ်ကိုတတ် စစ်သည်တွေရှေ့မှာ တက်ကြွလန်းဆန်စွာနဲ့ ကိုယ်ထင်ပြရမယ်။ စစ်ရှုံးတယ်ဆိုတဲ့ ကောလဟာလတွေကို ချေမှုန်းပစ်ရမယ်။”
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်သည်။ “ကောင်းပြီ။ ဆရာကြီးပြောတဲ့အတိုင်း လုပ်ပါမယ်။”
ပြီးနောက် သူက အသက်ကို ပြင်းပြင်းရှူပြီး အခန်းထဲသို့ ဝင်ကာ အိပ်ရာပေါ် လှဲချ၏။ သို့သော်ငြား စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည့် နှလုံးသားဖြင့် သူက အဘယ်သို့ အိပ်ပျော်မည်နည်း။ ယန်ဝူကျိက အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိလိုက်၏။ ခဏကြာမှာပဲ အုပ်ချုပ်ရေးမှူး ကျူးကျွင်းက အိပ်မောကျသွားခဲ့၏။
သို့သော်ငြား အုပ်ချုပ်ရေးမှူး ကျူးကျွင်း အိပ်ပျော်သွားခဲ့သည်မှာ နှစ်နာရီကျော်သာ ရှိသေး၏။ ရုတ်တရက် လန့်နိုးခဲ့၏။ သူက အိပ်ရာမှ ထတိုင်ပြီး အလန့်တကြားဖြင့် မေးမြန်းလိုက်၏။ “ဘာဖြစ်တာလဲ။ ဘာဖြစ်သွားတာလဲ။။”
ယန်ဝူကျိက ပြောလိုက်၏။ “နန်အိုနိုင်ငံရဲ့ အနောက်ဘက်မြို့ရိုး ကျိုးပေါက်သွားခဲ့ပြီတဲ့။ ကျင်းမင်းသားရဲ့ တပ်တွေက နန်းမြို့ရိုးအပေါ် တက်လာပါပြီ။”
ကျူးကျွင်းက ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ ဦးခေါင်းတစ်ခုလုံး ကွဲအက်သွားမတတ် ခံစား လိုက်ရ၏။ စစ်မြေပြင်၏ အပြောင်းအလဲများက နောက်ဆုံးတွင်တော့ ကြီးမားသည့် ရလဒ်ဆိုးကို ဖြစ်ပေါ်စေခဲ့၏။ ဆိုးရွားလွန်းသည့် သတင်းဆိုးကြီးက ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
…
နန်အိုနိုင်ငံ၏ မြို့တော်အခြေအနေက သတင်းပို့ခဲ့သည့်အတိုင်း အန္တရာယ် များနေသည်လား။ မဟုတ်ပေ။ အချက်အလက်အားဖြင့် ပိုမို၍ပင် အန္တရာယ် များနေသေး၏။ ရွှဲ့ပြည်နယ်၏ စစ်တပ်ကြီးက ယခင်က ဤကဲ့သို့ ရူးရူးမူးမူး တိုက်ခိုက်ခြင်းကို မခံယူခဲ့ရဖူးချေ။ ယခုအချိန်မှာတော့ သွေး၊ အသက် ၊ အရာအားလုံးနှင့် လဲလှယ်ကာ တိုက်ခိုက်နေရသည်။
ကျန်းချုံးက စစ်သည်ပေါင်း ငါးထောင်ကို ဦးဆောင်ပြီး ပိုင်ရီမြို့ကို ခုခံကာကွယ်ခဲ့၏။ ကျင်းမင်းသား၏ စစ်တပ်က စစ်သည်ပေါင်း သုံးသောင်းကျော် ပါဝင်သည် ဆိုသော်လည်း မြို့ကို သိမ်းပိုက်နိုင်စွမ်း မရှိခဲ့ချေ။ လဝက် နီးပါးခန့် တိုက်ခိုက်ခဲ့ပြီးနောက် ကျင်းမင်းသားတို့ ဘက်မှ ကျဆုံးခဲ့၏။
တိုက်ပွဲက တကယ်ကို ဆိုးဝါးသည်ဟု ပြောဆိုရမှာ ဖြစ်၏။ သို့ပေမည့် လက်ရှိ နန်အိုမြို့ကို ကာကွယ်နေသည့် အခြေအနေနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကျန်းချုံးတို့ တိုက်ခိုက်ခဲ့သည့် ပထမတိုက်ပွဲက ကလေးကစားစရာ ကဲ့သို့ပင်။
နန်အိုပြည်နယ်၏ တိုက်ပွဲက တကယ့်ကို အခြေအနေ ဆိုးဝါး၏။ ပထမနေ့မှာတင် ကြောက်မက်ဖွယ်ရာ ကောင်း၏။ သဲကန္တာရ လူရိုင်းများက တကယ့်ကို ရဲရင့်လွန်းကြောင်း အားလုံးသော သူတို့က သိရှိပြီး ဖြစ်၏။ သို့ပေမည့် ဤမျှ ရူးသွပ်နေလိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။ အားလုံးတို့က အကြောက်အလန့် ကင်းမဲ့သည်ထက်ပင် ပို၏။ သူတို့ကို ကြည့်ရသည်မှာ သေတွင်းထဲသို့ ခုန်ချနေသကဲ့သို့ပင်။
ကျူးလင်းက စစ်သည်ပေါင်း တစ်သိန်းကို ဦးဆောင်ပြီး မြို့ကို ကာကွယ်နေ၏။ မင်းသားကျင်း၏ စစ်သည်ပေါင်း တစ်သိန်းတို့ကလည်း မြို့ကို တိုက်ခိုက်နေခဲ့၏။ မူလအားဖြင့် တိုက်ခိုက်သည့်ဘက်ခြမ်းက အနည်းဆုံး စစ်သည်အရေအတွက် နှစ်ဆ၊ သုံးဆခန့် ပိုမိုကာ များရပေလိမ့်မည်။ တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ မင်းသားကျင်း၌ ကြီးမားသည့် အခြားသော မြို့ဖျက်လက်နက်များလည်း ပါဝင်ခဲ့ခြင်း မရှိချေ။
သို့ပေမည့် တိုက်ပွဲ၏ ပထမဦးဆုံးသောနေ့မှာပဲ သူတို့အားလုံးက မြို့ရိုး၏ နံရံပေါ်သို့ တွယ်တက်ရန် ကြိုးစားခဲ့ကြပြီး ထိပ်ဆီသို့လည်း ရောက်ရှိလာခဲ့၏။ ၁၅ မီတာ နီးပါးခန့် မြင့်မားလှသည့် မြို့၏ နံရံကြီးက သဲကန္တာရ လူရိုင်းစစ်သည်တို့အတွက် အံ့အားသင့်စရာ အမြင့်မျိုးမဟုတ်ခဲ့ချေ။
ဤလူအားလုံးက ရွှဲ့စောင်းလျက် ရှိနေသည့် လှေကားများကို ယူလာကာ ရှေ့ကို တက်၏။ သူတို့က ထိုလှေကားများ သို့မဟုတ် လှေကားမပါလျှင်လည်း တက်ကြ၏။ လက်တွင် သံလက်သည်းများကို တပ်ဆင်ပြီး တောက်တဲ့၊ အိမ်မြှောင်များ ကဲ့သို့ပင် တွယ်တက်လာခဲ့ကြသည်။
ရွှဲ့ပြည်နယ်၏ စစ်တပ်က ထိုကဲ့သို့ ရူးသွပ်သည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ရဖူးချေ။ အစပိုင်းတုန်းက သူတို့အားလုံးက တွေဝေငေးငိုင် နေခဲ့၏။ ထို့ကြောင့် တစ်ဖက်လူများ၏ ရိုက်နှက် ဖမ်းဆီးခြင်းကိုပင် ခံရလုနီးပါးပင်။
သို့ပေမည့် ကျူးလင်း၏ စစ်တပ်က ရွှဲ့ပြည်နယ်၏ ထိပ်တန်း လက်ရွေးစင် စစ်သည်များထဲမှ တစ်စု ဖြစ်၏။ ထို့ကြောင့် ပထမဦးဆုံး အလစ်အငိုက် ခံရသည်ဆိုသော်လည်း ချက်ချင်းပဲ စည်းလုံးညီညွတ်စွာဖြင့် ပြန်လှန် တိုက်ခိုက်မှုကို ပြုလုပ်ကြ၏။ သူတို့က သဲကန္တာရ လူရိုင်းမျိုးနွယ်များအား ခံစစ်စည်းအခြေအနေဆီသို့ ရောက်အောင် တွန်းထုတ်နိုင်ခဲ့၏။
ပြီးနောက် နှစ်ဖက်ခြမ်းက ကြီးမားသည့် တိုက်ပွဲကြီး တစ်ခုကို ဖြစ်တည်ခဲ့၏။ ယေဘူယျအရ ပြောရမည် ဆိုလျှင် ပထမဦးဆုံးသော ငါးရက်တွင် ရွှဲ့ပြည်နယ်၏ စစ်တပ်က အထက်စီးကို ရရှိခဲ့၏။ သို့ပေမည့် ခုခံသည့် ဘက်ခြမ်း၌သာလျှင် ရှိ၏။ ရေတွက်၍မရအောင် များပြားသည့် သစ်တုံးကြီးများ၊ ကျောက်တုံးများ၊ ဆီပူများ စသဖြင့် အရာအားလုံးတို့အား အောက်သို့ ပစ်ချနေသည်။
သို့ပေမည့် မင်းသားကျင်း၏ စစ်သည်များကတော့ ဝှက်ဖဲဟူ၍ ရှိ၏။ ထိုအရာက လေးနှင့်မြားပင် ဖြစ်၏။ သဲကန္တာရ လူရိုင်းစစ်သည်များ၏ စစ်သည်တစ်ယောက်ချင်းစီတိုင်းက လေးမြားပစ်ခတ်ရာတွင် တော်လွန်း၏။ တစ်ယောက်ချင်းစီတိုင်းက အလွန် ခပ်ဝေးဝေး တည်နေရာကို လှမ်းကာ ပစ်နိုင်၏။
မြေပြင်မှ လှမ်းကာ ပစ်ခတ်ရသည့် အားနည်းချက် တည်ရှိနေသည် ဆိုလျှင်တောင်မှ ယခု နှစ်ဖက်ခြမ်းမှ ပစ်ခတ်ရသည့် မြားသမားများ၏ ကွာခြားချက်က ကြီးကြီးမားမား ကွာခြားလျက် ရှိနေတုန်းပင်။ သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်များက တစ်နှစ်ပတ်လုံး တောတောင်များ ကြားထဲတွင် အမဲလိုက်ခဲ့ခြင်းကြောင့် သူတို့အားလုံးက အလုံးစုံ ကျွမ်းကျင်သော လေးသမားများ ကဲ့သို့ပင် ဖြစ်နေသည်။
အခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ရွှဲ့ပြည်နယ်၏ စစ်သည်များကတော့ လေးမြားများကို အဆင်တန်ဆာအဖြစ်သာ တပ်ဆင်းထားခဲ့ကြသည့် လူများဖြစ်ပြီး သူတို့၏ လေးမြားပစ်ခတ်ခြင်း အတတ်ပညာက အနောက်တွင် နောက်ကောက်ကျ ကျန်ရစ်လို့နေခဲ့၏။
ထို့ကြောင့် သဲကန္တာရ လူရိုင်းမျိုးနွယ်တို့၏ လေးသမားများက ရွှဲ့ပြည်နယ်၏ စစ်တပ်များကို ကြီးကြီးမားမား ဒုက္ခရောက်စေခဲ့သည်။
၇ ရက်မြောက် နေ့မှာတော့ တိုက်ပွဲ၏ အခြေအနေက ထပ်မံကာ ပြောင်းလဲ သွားခဲ့၏။ အောင်မြင်မှု လမ်းစက မင်းသားကျင်း၏ ဘက်ဆီသို့ ရောက်ရှိသွား၏။
ရွှဲ့ပြည်နယ်၏ စစ်တပ်ကြီးက သဲကန္တာရ လူရိုင်းမျိုးနွယ်များလောက် ဇွဲမကောင်းသလို ကြံ့ခိုင်ခြင်းလည်း မရှိချေ။ ကြမ်းတမ်းသည့် တိုက်ပွဲ၏ ၇ ရက်မြောက်ပြီး နောက်နေ့မှာတော့ ရွှဲ့ပြည်နယ်၏ ခုခံ ကာကွယ်သူများက တဖြည်းဖြည်း ပိုမိုကာ ပင်ပန်းနွမ်းနယ် လာခဲ့ကြ၏။ သူတို့၏ စိတ်ဓာတ်များကလည်း ကျဆင်းလာခဲ့သည်။
တိုက်ပွဲ၏ ကြမ်းတမ်းမှုက ထင်မှတ်ထားသည်ထက် သာလွန်းလှချေပြီး ရှိရှိသမျှ အရင်းအမြစ်ပေါင်း များစွာ ကုန်ဆုံးခဲ့၏။ လက်နက်ရိက္ခာများက ထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ မြန်ဆန်စွာ ကုန်ဆုံး၏။ တဖြည်းဖြည်း နှင့် မြို့ရိုးအောက်သို့ ပစ်ချမည့် ကျောက်တုံး၊ ကျောက်ခဲများ နည်းပါးလာခဲ့၏။ သစ်တုံးများ လည်း နည်းပါးလာခဲ့၏။ ဆီများ လောင်းချနေခြင်းကလည်း နည်းပါးလာခဲ့၏။
ပထမဦးဆုံး တိုက်ပွဲ အနည်းငယ် တိုက်ခိုက်ခဲ့ပြီးနောက် သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ တိုက်ခိုက်မှုက တဖြည်းဖြည်းနှင့် ပိုမိုကာ အသားကျလာခဲ့ပြီး မြို့ကို အပိုင်စီး တိုက်ခိုက်ရင်း ပိုမိုကာ ကျွမ်းကျင်လာခဲ့၏။ ဤကဲ့သို့ ကြီးမားလှသည့် ကပ်ဘေးကြီးကို ပေးစွမ်းနိုင်ရခြင်း၏ အဓိကသော့ချက်က သူတို့၏ စိတ်ပိုင်း ဆိုင်ရာက အလွန်တရာ မြင့်မားနေခြင်းကြောင့်သာ ဖြစ်သည်။
တိုက်ပွဲက ၇ ရက်ကျော် ကြာမြင့်ပြီးသည့်နောက်တွင်တောင်မှ သဲကန္တာရ လူရိုင်းများက စိတ်အားတက်ကြွ စွာဖြင့် တိုက်ခိုက်လျက် ရှိနေပြီး သူတို့၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်း ဆန္ဒများကလည်း အပြည့်အဝ ထွက်ပေါ်နေ၏။ ထိုအရာက သူတို့၏ ပြိုင်ဘက်ကင်းသည့် ပတ်ဝန်းကျင် တည်နေရာတွင် နေထိုင်ခဲ့ရသည့် ရလဒ်ပင် ဖြစ်၏။
သဲကန္တာရ လူရိုင်းမျိုးနွယ် တော်တော်များများတို့က လူရိုင်းမျိုးနွယ် ကြားထဲတွင် နေထိုင်ခဲ့ကြပြီး သူတို့က အသက်ရှင်ရန် အမဲလိုက်ခြင်းကို မှီခို အားထားခဲ့ရ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များက သစ်တောထဲသို့ ဝင်ရောက်ကာ အမဲလိုက်ပြီး သူတို့က ၁၀ ရက်၊ လဝက် နီးပါးလောက် အိမ်သို့ မပြန်ဘဲ နေထိုင်တတ်ကြ၏။ ထို့ကြောင့်ပင်လျှင် သူတို့အတွက် ၇ ရက် နေ့နေ့ညည မအိပ်ဘဲ တိုက်ခိုက်ရခြင်း ဆိုသည်က သာမန် အရာသာလျှင် ဖြစ်သည်။
သူတို့၏ နေထိုင်မှု အခြေအနေက ဤကဲ့သို့ပင် ဖြစ်သောကြောင့် သူတို့က လက်ရှိ အခြေအနေတွင် အံ့အားသင့်စရာ ကောင်းလောက်အောင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ ဤအချိန်မှာတော့ မင်းသားကျင်းက သဲကန္တာရ လူရိုင်းမျိုးနွယ် တစ်ခုလုံးကို စုစည်းနိုင်ခဲ့ပြီး တာ့နန်နိုင်ငံတော်ကြီးတစ်ခုလုံးကို အခြေအနေတစ်ခုဆီ ဆွဲတင်နိုင်ခဲ့၏။
ဤကဲ့သို့ ကြီးမားသည့် အရှိန်အဝါက သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ ဂုဏ်ယူလောက်စရာပင်။ သဲကန္တာရ လူရိုင်းမျိုးနွယ် အားလုံးတို့က အနယ်နယ် ၊ အရပ်ရပ်ဆီမှ ရောက်ရှိလာပြီး သူနှင့်အတူ ပူးပေါင်းလာခဲ့သည်။
ထို့အပြင် သဲကန္တာရ လူရိုင်းများထဲတွင် ကုန်သည်များလည်း အပါအဝင်ပင်။ ထိုသူတို့က အနောက်တိုင်း ဒေသများတွင် မွေးဖွားလာခဲ့ကြသူ ဖြစ်၏။ သို့သော်ငြား သူတို့က တိုက်ခိုက်ရန် မွေးဖွားလာခဲ့သည့် လူများပင်။ သူတို့က လူသားများကို တိုက်ခိုက်ရန် မဆိုနှင့် ကြီးမားသည့် သားရဲတိရစ္ဆာန်များနှင့်ပင် တစ်ချက်မတွန့်ကြသူများပင်။
အချက်အလက်အားဖြင့် တိုက်ခိုက်နိုင်မှုစွမ်းရည်က တကယ့်ကို ကြီးမားလွန်းလှပြီး သဲကန္တာရ လူရိုင်းမျိုးနွယ် တစ်ယောက်ချင်းစီတိုင်းက ရွှဲ့ပြည်နယ်၏ စစ်သည်တစ်ယောက်ချင်းစီတိုင်းထက် အဆပေါင်းများစွာ ပိုမိုကာ သာလွန်၏။
နောက်ဆုံးမှာတော့ သူတို့က နှစ်ဖက် တည်ရှိနေသည့် မျှခြေကို ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်သည်။
သဲကန္တာရ လူရိုင်းမျိုးနွယ်များက နောက်တစ်ကြိမ် မြို့၏ နံရံပေါ်ဆီသို့ လှမ်းတက်လာခဲ့၏။ ဤတစ်ကြိမ်မှာတော့ သူတို့က အောက်သို့ တွန်းချခြင်း မခံရချေ။ လူများက တဖြည်းဖြည်းနှင့် တဖြည်းဖြည်း အပေါ်ဘက်သို့ ရောက်ရှိလာခဲ့၏။ အကာအကွယ်စည်းမျဉ်းတစ်ခုလုံးက ပြိုလဲလုမတတ်ပင် အားလုံးက အောက်သို့ ကျဆင်းလုနီးပါး ဖြစ်၏။
စစ်သူကြီးကျူးလင်း၏ မျက်လုံးများက မျက်လုံးမျက်စိသူငယ်အိမ်ထဲမှ ကျွတ်ထွက်လုမတတ် ဖြစ်နေ၏။ ဖြစ်နိုင်မည်ဆိုပါက အချိန်အတိုင်းတိုအတွင်း သူက တိုက်ပွဲအစီရင်ခံစာများကို ရေးသားပြီး မင်းသမီး နင်လော့ဆီသို့ အလျင်မြန်ဆုံး ပေးအပ်၏။ မင်းသမီးနင်လော့၊ နန်းကုန်းအို နှင့် အုပ်ချုပ်ရေးမှုး ကျူးကျွင်းတို့ဆီသို့ ပေးပို့သည်။
၃ ရက် ကြာခဲ့သည် ဆိုသော်လည်း သူတို့၏ အခြေအနေက ကောင်းမွန်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် နန်းကုန်းအိုနှင့် မင်းသမီးနင်လော့တို့ကို ကြိုတင်ကာ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်၏။
“သွားပြီ၊ အားလုံး ပြီးပြီပဲ။။” စစ်သူကြီးကျူးလင်း၏ ခန္ဓာကိုယ်က ရေခဲသမျှ အေးစက်နေခဲ့၏။ ပြီးနောက် သူက ကျူးကလန်၏ လက်ရွေးစင် စစ်သည်များကို ဦးဆောင်ပြီး တိုက်သည်။
ကျူးလင်းက ရှေ့မှ ဦးဆောင်၏။ သူ့၏ နောက်ဘက်တွင် ကျူးကလန်၏ စစ်သည်ပေါင်း ထောင်ချီတို့က ရူးရူးမူးမူး တိုက်ခိုက်၏။ သို့သော်ငြား ထိုသို့ဆိုလျှင်တောင်မှ သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ တိုက်ခိုက်မှုကို သူတို့က မတားဆီးနိုင်ခဲ့ချေ။ သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ အရေအတွက်က တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့၏။
ကျူးလင်းက အလုံးစုံ စိတ်ဓာတ်ကျနေ၏။ နန်အိုနိုင်ငံ၏ နန်းမြို့တော်တစ်ခု ဖြစ်၏။ ထိုအရာ ကျရှုံးသွားသည်နှင့် တပြိုင်နက် သဲမြို့နှင့် လောင်ရီမြို့တို့ကလည်း အသာစီးရယူနိုင်တော့မည် မဟုတ်ချေ။ မင်းသားကျင်းက ဤမြို့ကို အပိုင်သိမ်းနိုင်သည် ဆိုသည်နှင့် သဲကန္တာရလူရိုင်းစစ်သည်တို့၏ စိတ်ပိုင်းဆိုင်ရာက တကယ့်ကို ထိုးတက်သွားပေမည်။
ထိုအချိန်မှာတော့ ကျူးလင်းက သူ့အဖေ၏ အကြည့်ကို သတိရမိ၏။ အိမ်ရှေ့စံမင်းသား၏ မျှော်လင့်ချက်များ အကြောင်းကိုလည်း စဉ်းစားမိ၏။ တကယ်တမ်းသာ ကျရှုံးသွားခဲ့ပါက သူ ကျူးလင်း အနေနှင့် နန်းမြို့တော် သို့ မည်ကဲ့သို့သော မျက်နှာမျိုးနှင့် ပြန်ရမည်နည်း။ တိုက်ပွဲတွင် သေဆုံးသွားသည်က ပိုမို၍ ကောင်းပေလိမ့်မည်။ သို့ပေမည့် ကျူးလင်း၏ အသက်က ဤနေရာတွင် စတေးမခံသေးချေ။
ထိုအချိန်မှာပင် မြောက်ဘက် အရပ်ဆီမှ ဖုန်များက တလိပ်လိပ် တက်လာ၏။ မြေပြင် တည်နေရာ တစ်ခုလုံးက တုန်ခါလာခဲ့၏။ မင်းသမီးနင်လော့က စစ်သည်များကို ဦးဆောင်ကာ လာရောက် ကူညီ၏။ နန်းကုန်းအိုကလည်း စစ်သည်များကို ဦးဆောင်ကာ လာရောက် ကူညီခြင်းပင်။