← Chapters

ပါရမီရှင်

Vol. 8 Ch. 90

ပါရမီရှင်

Vol. 8 Ch. 90

ထိုနေ့က...

ခုန်အိမ်တော်က ခွန်းကာမြို့တစ်မြို့လုံးအား စားသောက်ပွဲကြီးဖြင့် တည်ခင်းဧည့်ခံနေသည်ဖြစ်ရာ...

ချောင်အိမ်တော်နှင့် ချန်အိမ်တော် ပူးပေါင်းပြီး ခုန်အိမ်တော်တံခါးဝအထိ လာရောက်အနိုင်ကျင့်ခဲ့သော်လည်း ရှက်ရွံ့ဖွယ်ရှုံးနိမ့်ခဲ့ရသည့်သတင်းက တစ်မြို့လုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သတင်းများပျံ့နှံ့သွားပြီးနောက် ခုန်အိမ်တော်မှ ဒုတိယသခင်လေး’ခုန်မင်’ မှာ ကောင်းကင်ဘုံမှဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးပမာ ဖြစ်သည်ဟု ကောလဟလများ ထွက်ပေါ်လာသည်။

သူက ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ မကြာသေးမီကမှ တက်ရောက်ခဲ့သော်လည်း လူတိုင်းကြက်သီးထစေနိုင်သည့် နတ်ဘုရားစွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်ဟူ၏။

ချောင်အိမ်တော်မှ တတိယသခင်လေးမှာ ကျင့်ကြံခြင်းအဆင့် ကွာခြားသည်ကိုပင် မထောက်ရှုဘဲ ခုန်ဒုတိယသခင်လေးကို စိန်ခေါ်ခဲ့သည်။

ရလဒ်အနေဖြင့် ခုန်ဒုတိယသခင်လေးက ဘယ်လက်ဖြင့် တောင်တန်းများကိုရွှေ့ပြောင်း ပင်လယ်များကိုမှောက်လှန်ပြီး ညာလက်ဖြင့် အနီရောင်မီးနဂါး လျှပ်စီးမုန်တိုင်းများ ထုတ်လွှတ်လိုက်လေရာ ချောင်တတိယသခင်လေးမှာ ကြောက်လန့်တကြား ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးသွားသည် ဟူ၏။

ချန်အိမ်တော်က ချောင်အိမ်တော်နှင့် လက်ထပ်မင်္ဂလာပွဲစီစဉ်ပြီး အင်အားကြီးနောက်ခံ ရရှိထားပြီဟု ထင်မှတ်ခဲ့သည်။

သို့သော် ချောင်တတိယသခင်လေးက ဤမျှအသုံးမကျသူဖြစ်မည်ဟု မည်သူထင်မှတ်ပါမည်နည်း။

ချန်အိမ်တော်မှလူများက ချောင်အိမ်တော်၏အင်အားကို ကြောက်ရွံ့နိုင်သော်လည်း ခုန်အိမ်တော်ကတော့ ချောင်အိမ်တော်ကို ဘယ်တော့မှ မျက်လုံးထဲမထားခဲ့ပေ။

အထူးသဖြင့် ခုန်အိမ်တော်မှ ဒုတိယသခင်လေးကဲ့သို့ ပါရမီရှင်တစ်ယောက်ဆိုလျှင် အနာဂတ်တွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဘောက် သေချာပေါက် ဖြစ်လာမည့်သူပင်။

သူက ခွန်းကာမြို့အတွက် ဂုဏ်ယူစရာ လူငယ်တစ်ယောက် ဖြစ်သည်။

ခွန်းကာမြို့တွင် ခုန်အိမ်တော်ကို လူမိုက်လုပ်ကာ ဆန့်ကျင်ရဲသူဆို၍ ချန်အိမ်တော်တစ်ခုတည်းသာ ရှိပေသည်။

ထိုစကားများက လူအများကြားပြောဆိုနေကြသည့် ကောလဟလများပင် ဖြစ်တော့သည်။

“လူထုအင်အားထက် ကြီးမားသောအရာမရှိ” ဟု ဆိုရိုးစကားရှိသည်။

ယခုဆိုလျှင် လူအများ၏ ရှုတ်ချသံများအောက်တွင် ချန်အိမ်တော်မှာ ယခင်ကထက်ပိုပြီး တိတ်ဆိတ်သွားခဲ့သည်။ ခွန်းကာမြို့၌ သူတို့ကို ရှိသည်ဟုပင်မထင်ရတော့ပေ။

ယခုအခါ ကျင့်ကြံသူများစွာ၏မျက်စိထဲတွင် အထင်ရှားဆုံးပုဂ္ဂိုလ်က ခုန်မင်တစ်ယောက်သာ ဖြစ်နေခဲ့သည်။

ယခင်က ခုန်မင် ပါရမီရှင်ဟု ကျော်ကြာခဲ့ခြင်းမှာ သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။

သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူမှာ သာမန်လူများထက် ကျင့်ကြံမှု ပိုမိုမြန်ဆန်သည်ဟု လူအများက နားလည်ထားကြသည်။

ထို့ကြောင့် ခုန်မင်က အသက်(၁၄)နှစ်ဖြင့် ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်ရောက်နိုင်ခြင်းမှာ သူ၏ထူးခြားသော ဝိညာဉ်ခန္ဓာကြောင့်ဖြစ်ပြီး လက်မခံနိုင်စရာ မရှိခဲ့ပေ။

သို့သော် ခုန်မင်နှင့် ချောင်သခင်လေးတို့ တိုက်ပွဲအပြီးမှာတော့ ခုန်မင်က သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာပိုင်ရှင်မဟုတ်ဘဲ ဒြပ်စင်စွမ်းအား(၃)မျိုး ကျင့်ကြံနိုင်သူဖြစ်ကြောင်း သိရှိသွားကြသည်။

ချောင်တတိယသခင်လေးနှင့် ရင်ဆိုင်တိုက်ခိုက်ချိန်တွင် ခုန်မင်က မြေဒြပ်စင်စွမ်းအားနှင့် သစ်သားဒြပ်စင်စွမ်းအားတို့ကို ဆက်တိုက်ထုတ်ဖော်ပြသခဲ့သည်။

နောက်ပိုင်း ယွမ်ရုန်ဒူးလေးဖြင့် တိုက်ခိုက်ချိန်တွင် မြားတံများအတွင်းသို့ မီးဒြပ်စင်စွမ်းအားထည့်သွင်းပြီး ကြောက်မက်ဖွယ်ရာ အစွမ်းပြခဲ့သည်။

ဝိညာဉ်ခန္ဓာပိုင်ဆိုင်သူများက ဒြပ်စင်စွမ်းအားတစ်မျိုးသာ ကျင့်ကြံနိုင်ပြီး ကျန်ဒြပ်စင်စွမ်းအားများကို ကျင့်ကြံနိုင်ခြင်း မရှိပေ။

သို့သော် ခုန်မင်ကတော့ လူအများရှေ့တွင် ဒြပ်စင်စွမ်းအား သုံးမျိုးကို ဆက်တိုက် အသုံးပြုခဲ့သည်။

ခုန်မင်က မယုံကြည်နိုင်စရာ သစ်သား-မီး-မြေ ဒြပ်စင်သုံးပါး ဝိညာဉ်ခန္ဓာပိုင်ဆိုင်ထားသူဟု မည်သူမှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် လူအများက သူ့ကို သစ်သား ၊ မီး ၊ မြေ ဒြပ်စင်စွမ်းအား(၃)မျိုး ကျင့်ကြံထားသူဟုသာ ထင်မှတ်ခဲ့ကြသည်။

ခုန်အိမ်တော်၏ လျှို့ဝှက်ချက်ထိန်းသိမ်းနိုင်စွမ်းကတော့ အမှန်တကယ် အံ့သြစရာကောင်းလှသည်ပင်။

အသက်(၁၄)နှစ်တွင် ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ ရောက်ရှိနိုင်သူမှာ ပါရမီရှင်ဟု ခေါ်ဆိုရန် လုံလောက်ပြီဖြစ်ကြောင်း လူတိုင်း သိရှိထားသည်။

သို့သော် ဒြပ်စင်(၃)မျိုး ကျင့်ကြံသူတစ်ယောက်က အသက်(၁၄)နှစ်ဖြင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါက ထျန်းယွမ်ကုန်းမြေတစ်ခွင်လုံးတွင်ပင် အလွန်ရှားပါးလှသော ဖြစ်ရပ်တစ်ခုဟု ခေါ်ဆိုနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ဒြပ်စင်စွမ်းအားမျိုးစုံကို ကျင့်ကြံသူများမှာ ဒြပ်စင်စွမ်းအားတစ်မျိုးတည်းကျင့်ကြံသူများထက် အစပိုင်းတွင် ကျင့်ကြံခြင်းအဆင့်တက်ရောက်ခြင်း နှေးကွေးတတ်ကြသည်။

နောက်ပိုင်းအဆင့်များသို့ရောက်ရှိမှသာ သူတို့၏စွမ်းအားကြီးမှုက တဖြည်းဖြည်းထင်ရှားလာတတ်သည်။

ခုန်မင်ကတော့ ဒြပ်စင်စွမ်းအားမျိုးစုံကျင့်ကြံပြီး ကျင့်ကြံခြင်းအဆင့်တက်သည်မှာလည်း အလွန်လျှင်မြန်သည်ဖြစ်ရာ အနာဂတ်တွင် အဆုံးမဲ့အလားအလာများဖြင့် ထူးကဲလွန်းသည့် ပါရမီရှင်ဖြစ်ကြောင်း သက်သေပြနေပေသည်။

ပင်မခုန်အိမ်တော်ကို ဥပမာကြည့်မည်ဆိုလျှင် ဘိုဘေး’ခုန်ရှို့’ ခုန်အိမ်တော်ကို တည်ထောင်ပြီးနောက် နှစ်ပေါင်း(၅၀၀)ကျော် ကာလအတွင်း ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့် ထိပ်တန်းစွမ်းအားရှင်များ (၃)ဦးသာ ပေါ်ထွက်ခဲ့ဖူးသည်။

ထို(၃)ဦးအနက် တစ်ယောက်က ဒြပ်စင်စွမ်းအား(၄)မျိုး ကျင့်ကြံသူဖြစ်ပြီး ကျန်နှစ်ယောက်က ဒြပ်စင်စွမ်းအား(၃)မျိုး ကျင့်ကြံသူများ ဖြစ်သည်။

ဘိုးဘေး”ခုန်ရှို့” ကတော့ ဒြပ်စင်(၅)မျိုးကို တပြိုင်တည်းကျင့်ကြံနိုင်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်သော “ဒြပ်စင်ငါးပါးရုပ်ခန္ဓာ” ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

နောက်ပိုင်း ပင်မခုန်အိမ်တော်မှ ဘိုးဘေးများအနက် ဒြပ်စင်(၄)မျိုး ကျင့်ကြံခဲ့သည့် ဘိုးဘေးကို ဖယ်ထားမည်ဆိုလျှင် ကျန်ရှိသည့် ဒြပ်စင်စွမ်းအား(၃)မျိုးကျင့်ကြံခဲ့သည့် ဘိုးဘေး(၂)ပါးသည်ပင်လျှင် ခုန်မင်၏အသက်အရွယ်တွင် ခုန်မင်သို့သော ကျင့်ကြံခြင်းအဆင့်မျိုး မပိုင်ဆိုင်ခဲ့ကြပေ။

အဓိပ္ပါယ်ကတော့ ခုန်မင်က ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့်သို့ တက်ရောက်ခဲ့သည့် ပင်မခုန်အိမ်တော်မှ ဘိုးဘေး(၂)ပါးထက်ပင် သာလွန်နေပြီဟု ဆိုလိုခြင်းဖြစ်၏။

ထျန်းယွမ်ကုန်းမြေတွင် ငယ်စဉ်က ပါရမီရှင်ဟုထင်ရှးပြီး အသက်ကြီးလာမှ အောင်မြင်မှုမရရှိသူများလည်း ရှိခဲ့ဖူးသည်။

သို့သော် ခုန်မင်၏အရည်အချင်းဖြင့်ဆိုလျှင်တော့ အနည်းဆုံး ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်မည့် အလားအလာ ရှိကြောင်း ညွှန်ပြနေသည်ပင်။

ပင်မခုန်အိမ်တော်ကဲ့သို့ ထင်ရှားပြီး အင်အားကြီးသော မျိုးနွယ်တွင် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူများ အလွန်ပင်များပြားသည်။

သို့သော် ဒြပ်စင်စွမ်းအားဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်သူများကတော့ ဇာမဏီအတောင်နှင့် ယူနီကွန်းဦးချိုပမာ အလွန်ရှားပါးလှ၏။

နောက်တစ်ချက်မှာ ထိုဧကရာဇ်အဆင့် ကျင့်ကြံသူများကသာလျှင် မျိုးနွယ်တစ်ခုလုံးအတွက် အင်အားကြီးမားသော ခြိမ်းခြောက်နိုင်စွမ်းမြင့်မားသည့် အရံအတားကိုပေးစွမ်းနိုင်သည်။

အကယ်၍ ခုန်မင်က သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူဖြစ်ပါက ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်ထိ တက်ရောက်နိုင်သော ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်ပြီး ပင်မခုန်အိမ်တော်၏ အာရုံစိုက်မှုကို ခံရပေမည်။

သို့ပေသိ ဒြပ်စင်စွမ်းအား(၃)မျိုး တပြိုင်တည်းကျင့်ကြံနေသည်ဆိုပါက ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင် ဖြစ်လာနိုင်ခြေ ရှိသည်။

ထို့ကြောင့် ပင်မခုန်အိမ်တော်အနေဖြင့် ခုန်မင်ကို အဖိုးတန်ရတနာတစ်ပါးပမာ သေချာပေါက် ကာကွယ်စောင့်ရှောက်ပေးကြပေလိမ့်မည်။

ချောင်အိမ်တော်မှ တတိယသခင်လေးနှင့် တိုက်ခိုက်ပြီးသည့်နောက် ခုန်မင်က သူ၏အံ့သြဖွယ်ရာပါရမီကို ထုတ်ဖော်ပြသခဲ့ပြီး တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကြီးသွားခဲ့သည်။

ခွန်းကာမြို့ ၊ ခုန်အိမ်တော်မှ ဤသို့သောပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်ဖြစ်ရာ အိမ်တော်သည်လည်း မလွဲဧကန် အခြေအနေမြင့်တက်လာပေမည်။

မည်သို့ပင်ဖြစ်စေ လက်ရှိမှာတော့ ခုန်အိမ်တော်မှ ဒုတိယသခင်လေး မည်မျှစွမ်းအားကြီးမားသည်ဆိုသော ဇာတ်လမ်းများက ခွန်းကာမြို့တစ်ခုလုံးတွင် ပျံ့နှံ့သွားရုံသာမက ချန်နန်အင်ပါယာတစ်ခွင်သို့ပင် ရောက်ရှိသွားလေတော့သည်။

***

ကောင်းကင်ပြာမြို့တော်။

ကောင်းကင်ပြာမြို့တော်ဆိုသည်က ချန်နန်အင်ပါယာ၏မြို့တော်ဖြစ်ပြီး ၊ အင်ပါယာ၏ဗဟိုချက်ဖြစ်သော ‘ချန်ကျွင့်စီရင်စု” တွင် တည်ရှိသည်။

အင်ပါယာမြို့တော်ဖြစ်သည့်အလျှောက် ‘ကောင်းကင်ပြာမြို့တော်’ က ချန်နန်အင်ပါယာတွင် အခမ်းနားဆုံးနှင့် အင်အားအကြီးဆုံးမြို့တော်ဖြစ်ပြီး ဧရိယာ ကီလိုမီတာတစ်သိန်းနီးပါးကျယ်ပြန့်ကာ လူဦးရေ (၁)ဘီလီယံကျော် နေတိုင်သည်။

ချန်နန်အင်ပါယာ၏ စီရင်စု(၅)ခုအနက် တော်ဝင်မျိုးနွယ်ဖြစ်သည့် “ဟူ” မျိုးနွယ်များက ချန်ကျွင့်စီရင်စုနှင့် နန်ကျွင့်စီရင်စုများတွင် အမြစ်တွယ်နေထိုင်ကြသည်။

ကောင်းကင်ပြာမြို့တော်ကို ဗဟိုချက်ထားပြီး အင်ပါယာ၏အာဏာစက်က စီရင်စု(၅)ခုလုံးသို့ ပျံ့နှံ့လွှမ်းမိုးသွားသည်။

နှစ်ပေါင်း(၅၀၀)ကျော် တည်တံ့ခဲ့သော ချန်နန်အင်ပါယာက လျန်ကျိုးနယ်တွင် အင်အားအကြီးဆုံး အချုပ်အချာအာဏာပိုင် ဖြစ်သည်။

စစ်ပွဲတိုင်းတွင် ရှုံးပွဲမရှိအနိုင်ရခဲ့ပြီး ပတ်ဝန်းကျင်တိုင်းပြည်ငယ်များက ချန်နန်အင်ပါယာသို့ နှစ်စဉ်အခွန်ဆက်သကြရသည်။

ချန်နန်အင်ပါယာ၏ အထက်တန်းလွှာ မျိုးနွယ်ကြီးနှစ်ခုဖြစ်သော ခုန်မျိုးနွယ်နှင့် ချောင်မျိုးနွယ်တွင် ချောင်မျိုးနွယ်က ဝူဝမ်စီရင်စုအား အပိုင်စားရထားသည်။

ခုန်မျိုးနွယ်ကတော့ ဘုရင့်နေပြည်တော်မှာပင် နှစ်ပေါင်း(၅၀၀)ကျော်တိုင် အခြေချနေထိုင်ခဲ့ပြီး ဧကရာဇ်မင်း၏ဘေးတွင် သစ္စာရှိအမတ်မင်းများအဖြစ် ရပ်တည်ခဲ့ကြသည်။

ပင်မခုန်အိမ်တော်၏ အခြေခံအုတ်မြစ်က ချောင်အိမ်တော်နှင့် မတူကွဲပြားသည်။

ခုန်အိမ်တော် အဓိကလုပ်ဆောင်ရသည်များက အင်ပါယာ၏ ပညာရေး ၊ စက်မှုလုပ်ငန်း ကုန်သွယ်ရေးနှင့် အခြားသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နယ်ပယ်များတွင် တာဝန်ယူရခြင်း ဖြစ်၏။

ချောင်အိမ်တော်ကတော့ စစ်ရေးနောက်ခံမှဆင်းသက်လာပြီး တိုင်းပြည်၏စစ်အင်အားကိုသာ အဓိကအားဖြည့်ပေးထားသည်။

ချောင်အိမ်တော်၏အင်အားက ဝူဝမ်စီရင်စုတစ်ခုတည်းတွင်သာ စုစည်းတည်ရှိသည်။

ခုန်အိမ်တော်ကတော့ ချန်နန်အင်ပါယာတစ်ခုလုံးတွင် ခုန်အိမ်တော်အခွဲများစွာရှိပြီး နေရာအနှံ့အပြားတွင် သြဇာလွှမ်းမိုးမှု မြင့်မားသည်။

ခွန်းကာမြို့ရှိ ခုန်အိမ်တော်သည်လည်း ခုန်မျိုးနွယ်များ၏ မရေမတွက်နိုင်သော အိမ်တော်အခွဲများထဲမှ တစ်ခုသာ ဖြစ်၏။

ဤသည်က တိုင်းပြည်တစ်ခွင် အာဏာဖြန့်ကျက်နိုင်ရန်အတွက် ခုန်အိမ်တော်၏ဘိုးဘေး ‘ခုန်ရှို့’ ကိုယ်တိုင်ချမှတ်ခဲ့သော မဟာဗျူဟာမြောက် စီမံကိန်းပင် ဖြစ်သည်။

ဟုတ်ပေ၏။

ဘိုးဘေးများ၏ဉာဏ်ရည်ဉာဏ်သွေးကြောင့် နောက်ပိုင်းမျိုးဆက်များ အကျိုးခံစားကြရခြင်းပင် ဖြစ်သည်။

ထို့ကြောင့်ပင် နှစ်ပေါင်း(၅၀၀)အတွင်း ခုန်အိမ်တော်က ချောင်အိမ်တော်ကဲ့သို့ ကြီးမားသောစစ်အင်အားကို ပိုင်ဆိုင်ခြင်းမရှိသည့်တိုင် နယ်မြေအသီးသီးတွင် နက်ရှိုင်းစွာအမြစ်တွယ်လျှက် လူတန်းစားအလွှာအသီးသီးနှင့် လုပ်ငန်းနယ်ပယ်များစွာ၏ ထောက်ခံမှုကိုရရှိခဲ့ကာ သြဇာလွှမ်းမိုးမှုတွင် ချောင်အိမ်တော်အောက် နိမ့်ကျခဲ့ခြင်း မရှိပေ။

All Chapters