← Chapters

ယင်နှင့်ယန်၊ ကြီးမြတ်သော တောက် ဓမ္မ(တာအို)လမ်းစဉ်ဖြင့် နတ်ဘုရားစွမ်းအင်ကို ဖော်ပြခြင်း

Vol. 1 Ch. 1

ယင်နှင့်ယန်၊ ကြီးမြတ်သော တောက် ဓမ္မ(တာအို)လမ်းစဉ်ဖြင့် နတ်ဘုရားစွမ်းအင်ကို ဖော်ပြခြင်း

Vol. 1 Ch. 1

"ဘာတွေဖြစ်နေတာလဲ?"

"ငါ ဝူတန်ဂိုဏ်းမှာ နွားကျောင်းသား ဖြစ်လာရတယ်လို့?"

လင်ချွမ်သည် သူ၏အောက်ရှိ နွားသိုးကြီးကို တွေတွေကြီး စိုက်ကြည့်နေသည်။

သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ဟာ နွားသိုးရဲ့ ဆယ်ပုံတစ်ပုံပင် မရှိပေ။

သူ့ရဲ့ ဖောင်းဖောင်းကားကား လက်ကလေးများဖြင့် သားရေကြိုးကို ဆုပ်ကိုင်ထားပြီး နွားသိုးကြီးကို တောင်တံခါးဝသို့ ရောက်အောင် ဦးဆောင်နေသည်။

ဤ ရှစ်နှစ်သားအရွယ် ခန္ဓာကိုယ်အတွင်း၌မူ နှစ်ဆယ်ကျော်အရွယ် ဝိညာဉ်တစ်ခု နေထိုင်

လျက်ရှိနေခဲ့သည်။

လင်ချွမ်သည် မူလအစပထမက ကမ္ဘာမြေမှ လာသူဖြစ်သည်။

တစ်နေ့ သူနိုးလာသောအခါ ဝူတန်ဂိုဏ်းအား နွားကျောင်းပေးရသည့် ရှစ်နှစ်သားအရွယ် ကလေးတစ်ဦးအဖြစ် ဘဝကူးပြောင်းလာခဲ့ကြောင်း သိရှိခဲ့ရသည်။

သူသည် လစဉ် ဝူတန်တောင်မှ သူ့အတွက် စားဝတ်နေရေးဖြေရှင်းရန် ငွေစအချို့ ရရှိပြီး ချမ်းသာသည် မဟုတ်သော်လည်း အငတ်ဘေးနှင့် ရင်ဆိုင်နေရခြင်းတော့ မရှိပေ။

ဘဝကို အပူပင်မရှိ ဖြတ်သန်းနေရသော်လည်း ၊ ဤ ကျင့် ကြံရေးအဆင့်မြင့်မားသောလောကတွင်၊ တစ်စုံတစ်ယောက်သည် ကျင့်ကြံရေးအဆင့်မြင့်မားသူ မဖြစ်လာပါက၊ ၎င်းတို့သည် နောက်ဆုံးတွင် သာမန်လူတန်းစား (အောက်တန်းစား) များအဖြစ်သာ သတ်မှတ်ခံရမည်ဖြစ်သည်။

“ဟာ့ ဟား"

တောင်တံခါးဝသို့ ဝင်လိုက်သည်နှင့် လင်ချွမ်သည် ကျင့်ကြံရေးသမားများ လေ့ကျင့်နေသည့်အသံကို ချက်ချင်းကြားလိုက်ရသည်။

နှစ်ထောင်ချီ သက်တမ်းရှိ ရှေးဟောင်းထင်းရှူးပင်ကြီးအောက်တွင် ဝူတန်ဂိုဏ်းတပည့် ရာပေါင်းများစွာသည် ဝူတန်လက်သီးသိုင်းကို လေ့ကျင့်နေကြသည်။

လက်သီးဖြင့် ထိုးသတ်နေသည့် အသံသည် ကျင့်ကြံသူများ၏ သန်မာသော အတွင်းအားများကို ဖော်ပြနေသကဲ့သို့၊ လေထုထဲတွင် ပျံ့နှံ့လာသောအသံများကို ကြားလိုက်ရခြင်းသည် လင်ချွမ်ကို အမှန်တကယ် မနာလိုဖြစ်စေသည်။

"ခဏလေးစောင့်ဦး"

"ရှောင်းချွမ်၊ မကြာခင်မှာ ညစာ အဆင်သင့်ဖြစ်လိမ့်မယ်"

"နွားကို နွားတင်းကုပ်ဆီ ပြန်သွားပို့ပြီး ထမင်းစားခန်းမှာ သွားစားလိုက်ပါ"

ယဉ်ကျေးပျူငှာစွာဖြင့် လူငယ်တပည့်တစ်ဦးက လင်ချွမ်ကို ကြင်နာစွာ ပြုံးပြပြီးနောက် လှည့်၍ လေ့ကျင့်ရန် ပြန်သွားသည်။

"အမ်"

လင်ချွမ်က ရိုးရိုးရှင်းရှင်း ခေါင်းညိတ်လိုက်သည်။

သူ့မှတ်ဉာဏ်ထဲမှာတော့ ခုနက တပည့်ကို ဝမ်ချဲ လို့ ခေါ်တယ်။

သူသည် လင်ချွမ်နှင့် တစ်ရွာတည်းသားဖြစ်သည်။ သူသည် တစ်ချိန်က သူနှင့်အတူ ဂိုဏ်းထဲဝင်ရန် ကြိုးစားခဲ့ဖူးသည်။

ဝမ်ချဲက သူ့ထက် ပိုကံကောင်းသည်။ကောင်းမွန်သော အရည်အချင်းကို အားကိုး၍ ဂိုဏ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

လင်ချွမ်မှာတော့ ဝင်ခွင့်မအောင်မြင်ခဲ့ပဲ နွားကျောင်းသားသာ ဖြစ်လာခဲ့သည်။

ဘဝ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့သည် တူညီကြသည်မဟုတ်!

ဤအရာကို တွေးမိသောအခါ လင်ချွမ်က ခါးသက်သက်ပြုံးလိုက်ပြီး နွားသိုးကို နွားတင်းကုပ်ဆီသို့ ဆက်လက်ခေါ်သွားလိုက်သည်။

လမ်းတစ်လျှောက် နွားတင်းကုပ်ရှိရာသို့ သွားရန် တာယွဲ့ထိုက်ဟယ် နန်းတော်ကို ဖြတ်သွားရန် လိုအပ်သည်။

အမှန်တကယ်တော့ တာယွဲ့ထိုက်ဟယ် နန်းတော်သည် ဝူတန်ဂိုဏ်း၏ ပင်မခန်းမဖြစ်သောကြောင့် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းကို ဖြတ်သန်းသွားရမည် ဖြစ်သည်။

လင်ချွမ်သည် သူ့၏ မှတ်ဉာဏ်ကို အားကိုးပြီး အကျွမ်းတဝင် လျှောက်ဝင်သွားခဲ့သည်။

သို့သော်လည်း သူသည် တာယွဲ့ထိုက်ဟယ် နန်းတော် တံခါးဝရှေ့မှ ဖြတ်သွားစဉ် စပ်စုစွာဖြင့် အတွင်းကို ကြည့်လိုက်သည်။

“Ding!!! လက်ခံသူ ဝင်ရောက်ခြင်း system (စနစ်) ကို အောင်မြင်စွာ အသက်သွင်းနိုင်သည့်အတွက် ဂုဏ်ယူပါတယ်"

“စနစ် သည် ချိတ်ဆက်နေပါတယ်..."

“ချိတ်ဆက်မှု အောင်မြင်ပါတယ်"

စိတ်ခံစားမှုမရှိသော စက်သံတစ်သံက လင်ချွမ်၏ နားထဲတွင် ထွက်ပေါ်လာသည်။

"စနစ်?"

"စနစ် ဝင်ရောက်ခြင်း?"

လင်ချွမ် လန့်သွားသည်။

ဘဝကူးပြောင်းခြင်းအတွက် သတ်မှတ်ထားသောစံနှုန်းဖြစ်သည်။ နောက်ကျသော်လည်း ရောက်ရှိလာခြင်း!

“ကျေးဇူးပြုပြီး စနစ် ဝင်ရောက်ရန် နေရာကို ကိုယ်တိုင်ရွေးချယ်ပါ၊

စနစ်သည် ဝင်ရောက်ခြင်း အတွက် ဆုလာဘ်များကို ကျပန်းထုတ်ပေးမည် ဖြစ်တယ်"

“တူညီသောနေရာကို ထပ်ခါတလဲလဲ စနစ် ဝင်ရောက်နိုင်ပါတယ်!

သင့်ရဲ့ တောက် ကျင့်ကြံခြင်းအဆင့် မြင့်လာလေ၊

ဆုလာဘ် ပိုမိုရလေ ဖြစ်မယ်"

"တောက် ကျင့်ကြံခြင်းအဆင့်?"

လင်ချွမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စနစ် ကတော့ ထပ်မရှင်းပြတော့ပေ။

ဒါဆို တောက် ကျင့်ကြံခြင်းအဆင့် ဆိုသည်မှာ ဖုံးကွယ်ထားသော အစိတ်အပိုင်းတစ်ခု ဖြစ်ရမည်။

သူ ဒီထက်ပိုပြီး လေ့လာဆန်းစစ်ရန် လိုအပ်သည်ဟု တွေးမိလိုက်သည်။

တာယွဲ့ထိုက်ဟယ် နန်းတော်သည် သူနှင့် ဆက်စပ်မှုရှိသွားသလို ခံစားလိုက်ရပြီး ၎င်းသည် ပင်မခန်းမဖြစ်နေသည့်အပြင့် ကျင့်ဝူ ဂိုဏ်းချုပ်ကြီးအား ကိုးကွယ်ရာနေရာလည်း ဖြစ်နေပြန်သည်။

တောက် ကျင့်ကြံခြင်းအဆင့်ဆိုသည်မှာ သေချာပေါက် လွယ်ကူစွာ ရလာမည့် အရာမဟုတ်မှန်း သူသိလိုက်သည်။

ထိုအချိန်တွင် စနစ် မှ "ထိုက်ဟယ် နန်းတော်မှာ စနစ်ဝင်ရောက်လိုက်ပါ" ဆိုသော အသံကို ကြားလိုက်ရသည်။

လင်ချွမ်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

“Ding! လက်ခံသူ စနစ် ကို အောင်မြင်စွာ ဝင်ရောက်ခဲ့ပါပြီ"

"အရေးပါသော ဆုလာဘ်တစ်ခုကို လက်ခံလိုက်ပါ"

“ဆုလာဘ် : ကျန်းစန်းဖုန်း၏ နှစ် ၂၀၀ အတွင်းအား စွမ်းအင်"

စနစ် ပြောပြီးသည်နှင့်တပြိုင်နက် အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် လင်ချွမ်၏ ခန္ဓာကိုယ်ထဲသို့ တရစပ် စီးဝင်လာသည်။

နှစ် ၂၀၀ အတွင်းစွမ်းအား။

ထိုအရာသည် ဝူတန်ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘွား ဆရာများထဲမှ တစ်ဦးဖြစ်သည့် ကျန်းစန်းဖုန်း၏ အတွင်းအား စွမ်းအင် ဖြစ်သည်။

ဘုရားရေ!!! လင်ချွမ် လုံးဝ အံ့အားသင့်သွားခဲ့သည်!

လင်ချွမ် မတုံ့ပြန်နိုင်ခင်မှာပင် စနစ် ၏ဆုလာဘ်သည် သူ့၏ ရှစ်နှစ်သား ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးဖြစ်သည်။

အားကောင်းသော အတွင်းအားစွမ်းအင်များသည် တစ်ခါတည်း ဝင်ရောက်လာပြီး သူ၏ Dantian (ခန္ဓာကိုယ်ရဲ့ ပင်မ အတွင်းအား အမြုတေ)

နှင့် တခါတည်း ချိတ်ဆက်သွားပြီး ဖြစ်သည်။

(TN Note : ဒီနေရာမှာ ပြောချင်တာကလေ dantian ဆိုတာ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အတွင်းအားတွေစုနေတဲ့ ပင်မ အမြုတေ လို့ ပြောချင်တာပါ။ နောက်အပိုင်းတွေမှာ ပင်မ အမြုတေ လို့ပဲ ဆက်သုံးသွားပါမယ်နော် ^^)

လင်ချွမ်သည် သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် နွေးထွေးမှုကိုသာ ခံစားရပြီး အခြားဘာမျှ မခံစားရပေ။

စနစ် မှ ပေးသော ဆုလာဘ်သည် "ဒီလောက်ပဲ" ဟု သူတွေးလိုက်ချိန်တွင်…

“ဗုံး!”

ကျယ်လောင်သောအသံတစ်သံ။

နန်းတော်ရဲ့ အထက်မှ လာသောအသံဖြစ်သည်။

အဖြူရောင်တိမ်တိုက်များနှင့် အနက်ရောင်တိမ်တိုက်များ ပေါင်းစည်းလည်ပတ်ကာ ယင်-ယန် ငါးနှစ်ကောင် ပုံသဏ္ဌာန်တစ်ခု ပေါ်လာခဲ့သည်။

ရုတ်တရက်ဆိုသလို ပေသောင်းပေါင်းများစွာ မြင့်သော ဧရာမ ပုံသဏ္ဌာန်တစ်ခုသည် တိမ်တိုက်များထဲမှ ပေါ်ထွက်လာပြီး ဝူတန်တောင်ကို ငုံ့ကြည့်နေသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ထို နတ်ဘီလူးနှင့်တူသော ပုံသဏ္ဌာန်သည် အလွန်အကျွမ်းတဝင်ရှိနေသည်။

၎င်းသည် ထိုက်ဟယ် နန်းတော်တွင် ကိုးကွယ်ထားသည့် ကျင့်ဝူ ဂိုဏ်းချုပ်ကြီးနှင့် အတိအကျ တူညီနေသည်!

“အဲဒါ ဂိုဏ်းချုပ်ကြီးပဲ!”

"ဂိုဏ်းချုပ်ကြီး ပေါ်လာပြီ!"

ဝူတန်တပည့်များအားလုံး တောက် ကျင့်စဉ်ဘုရားကျောင်းမှ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်ကြသည်။

သူတို့၏ မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လွင်နေသည်။

ထိုသူများအထဲမှ လူအုပ်ရှေ့ဆုံးတွင် နုပျိုသောမျက်နှာနှင့် ဆံပင်၊ မုတ်ဆိတ်တို့ဖြူနေသော အကြီးအကဲတစ်ဦးသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။

သူ့ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေပြီး မျက်နှာပေါ်တွင် မျက်ရည်စက်များပင် စွန်းထင်းနေသည်။

“ယင်နှင့်ယန် အတူတကွ ပေါ်လာတယ်၊ ဂိုဏ်းချုပ်ကြီးက သူ့ကိုယ်တိုင် ပေါ်ထွက်လာတယ်!”

"တကယ်ကို ဂိုဏ်းချုပ်ကြီး ထင်ရှားပြသခြင်းပဲ!"

စကားပြောပြီးနောက် အကြီးအကဲသည် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးခေါင်းနှင့် နဖူးကို မြေကြီးပေါ်ထိအောင် တိုက်ကာ ရှိခိုးနေသည်။

ဝူတန်တပည့် အများအပြားသည် ကျောင်းထိုင်ဆရာတော်ကို ချက်ချင်း လိုက်နာကာ ဒူးထောက်၍ တိမ်တိုက်များဆီသို့ လေးလေးနက်နက် ကိုးကွယ်ပူဇော်ကြသည်။

“ဗုံး!”

တိမ်တိုက်များအထက်တွင် ကျင့်ဝူ ဂိုဏ်းချုပ်ကြီးသည် အသက်ဝင်လာသကဲ့သို့ ဖြစ်နေပြီး သူ၏နှုတ်ခမ်းများ ပွင့်ဟလိုက်သည်နှင့် မှုန်ဝါးပြီး အရှင်းသားမဟုတ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒါက… တောက် ကျင့်ကြံရေးလမ်းစဉ်ရဲ့ ကိုးပါးသော စစ်မှန်တဲ့ မန္တန် ပဲ!”

"ဂိုဏ်းချုပ်ကြီးဟာ တောက် လမ်းစဉ်ကို သင်ကြားပေးနေတာ သေချာတယ်!"

ကျောင်းထိုင်ဆရာတော်၏ မျက်နှာတွင် ကြီးစွာသော ဝမ်းမြောက်မှု ပေါ်လွင်နေသည်။

သူသည် ချက်ချင်း မြေပေါ်တွင် ဝပ်ဆင်းပြီး ပို၍ပင် လေးလေးနက်နက် ကိုးကွယ်ပူဇော်နေသည်။

ကောင်းကင်မှ မှုန်ဝါးသော အသံထွက်ပေါ်လာသည်နှင့်အမျှ အနက်နှင့်အဖြူရောင် တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသော ယင်ယန်ငါးစုံသည် ထိုက်ဟယ်နန်းတော်ဆီသို့ စုစည်းလာခဲ့သည်။

၎င်းတို့သည် မိုင်ပေါင်း ထောင်ချီ ကွာဝေးနေသော်လည်း ဝူတန်တပည့်များသည် ခိုင်မာသော တောက်ကျင့်စဉ် ကောင်းချီးပေးခြင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သေးသည်။

“မြန်မြန်!”

"ဒါဟာ ဂိုဏ်းချုပ်ကြီးဆီက ကောင်းချီးပဲ

သီလရှိသူတွေက အဆုံးမရှိ အကျိုးကျေးဇူးတွေ ရရှိကြမှာ သေချာတယ်!"

ကျောင်းထိုင်ဆရာတော်က အော်ဟစ်ပြီး အလျင်အမြန် ခွေထိုင်လိုက်သည်။

ချက်ချင်းပင် တပည့်များအားလုံး သူ့ကိုတုပကာ ခွေထိုင်ပြီး တရားထိုင်ခြင်းအမှုကို စတင်လိုက်ကြသည်။

သူတို့သည် မည်သည့်အဆင့် ကျင့်ကြံရေးသမား ဖြစ်ပါစေ၊ ကြီးမားသော လက်မှ လာသော စစ်မှန်တဲ့ စွမ်းအင်အနှစ်သာရကို လောဘတကြီး စုပ်ယူကြသည်။

သူတို့သည် ဂိုဏ်းချုပ်ကြီး၏ နှစ်သက်မှုကို ရရှိရန်နှင့် နှစ်တစ်သောင်းတွင် တစ်ကြိမ်သာ မြင်ရသော တောက် လမ်းစဉ်၏ ရှားပါးထင်ရှားပြသမှုဆီမှ တစ်ခုခု ဖြစ်လာရန် မျှော်လင့်နေကြသည်။

“တောက်!"

ရုတ်တရက် ကမ္ဘာကြီး တိတ်ဆိတ်သွားသည်။

ကျင့်ဝူ ဂိုဏ်းချုပ်ကြီး၏ မှုန်ဝါးသောအသံသည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။

ကျောင်းထိုင်ဆရာတော်နှင့် တပည့်အများအပြား မတုံ့ပြန်နိုင်မီ လည်ပတ်နေသော အနက်နှင့်အဖြူရောင် တိမ်တိုက်များလည်း ပျောက်ကွယ်သွားသည်။

ကျောင်းထိုင်ဆရာတော်က ရည်ညွှန်းပြောဆိုသည့် ဂိုဏ်းချုပ်ကြီးပင်လျှင် ၎င်းတို့နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

"ဒါ!"

ကျောင်းထိုင်ဆရာတော် အံ့အားသင့်သွားသည်။

သူက အလျင်အမြန်ဆုံး တုံ့ပြန်ခဲ့သော်လည်း ဂိုဏ်းချုပ်ကြီး၏ အမွေအနှစ် စွမ်းအင်ကို စုပ်ယူဖို့ အချိန်ပင် မရခဲ့ချေ။

အခြားတပည့်များက မည်သို့လျှင် တောက် ကျင့်စဉ်၏ အံ့ဖွယ်စွမ်းအင်စုပ်ယူနိုင်ဖို့ အခွင့်အရေး အဘယ်မျှရနိုင်မည်နည်း။

“တစ်ခုခု မှားနေပြီ!”

"ဒါက အရမ်း ထူးဆန်းတယ်"

"ဂိုဏ်းချုပ်ကြီးက ဘာအကြောင်းပြချက်မှ မရှိဘဲ ဘယ်လိုလုပ် ပေါ်ထွက်လာနိုင်မှာလဲ"

"သူဟာ တောက် လမ်းစဉ်ရဲ့ အမွေကို ဆက်ခံသူရွေးချယ်ပြီး ဖြစ်ရမယ်။"

ကျောင်းထိုင်ဆရာတော်က ထပ်ခါတလဲလဲ စဉ်းစားပြီး နောက်ဆုံးတွင် သူ၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။

“နန်းတော်တစ်ခုစီက အကြီးအကဲများ၊ ငါ့ရဲ့ အမိန့်ကို နားထောင်ကြ!

"မင်းတို့ လက်အောက်က တပည့်တွေကို ချက်ချင်း စစ်ဆေးကြပါ"

"ဂိုဏ်းချုပ်ကြီးရဲ့ အမွေအနှစ်ကို ဆက်ခံသူကို တွေ့ရှိရင် ချက်ချင်း အစီရင်ခံပါ"

"ဒီကလေးဟာ နှစ်တစ်သောင်းမှာ တစ်ကြိမ်သာ မြင်ရတဲ့ တောက် လမ်းစဉ်ရဲ့ ရှားပါးထင်ရှားပြသမှုတစ်ခု ဖြစ်လာပြီး ငါတို့ဂိုဏ်းကို ပြန်လည်အသက်သွင်းဖို့ ကံပါလာတာဖြစ်လို့၊ သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်ရမယ်!"

ကျောင်းထိုင်ဆရာတော်၏ အမိန့်သည် ဂိုဏ်းတစ်ခုစီတွင် ချက်ချင်း ဆူညံသံများ ဖြစ်ပေါ်စေခဲ့သည်။

တောက် လမ်းစဉ်ရဲ့ ထင်ရှားပြသမှု!

ဘယ်သူကများ ဂိုဏ်းချုပ်ကြီးရဲ့ နှစ်သက်မှုကို ရဖို့ ဒီလို ကံကောင်းခြင်းမျိုးကို ပိုင်ဆိုင်ထားတာလဲ။

“ကျောင်းထိုင်ဆရာတော်!”

"ကျွန်တော်တို့ လက်အောက်က ကျင့်ကြံသူတပည့်တွေကိုပဲ စစ်ဆေးရမှာလား"

"ကျင့်ကြံမှု အရည်အချင်းမရှိတဲ့ တပည့်တွေကိုလည်း စစ်ဆေးသင့်သလား"

ချင်းဝေနန်းတော်မှ အကြီးအကဲက သတိထားပြီး မေးလိုက်သည်။

"တပည့်တွေလား?"

ကျောင်းထိုင်ဆရာတော်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ညင်သာစွာ နှာမှုတ်လိုက်ကာ ပြောလိုက်သည်

"မေ့လိုက်ပါတော့။"

"ကျင့်ကြံရေး ပါရမီမရှိ၊ အရည်အချင်းမရှိတဲ့ သာမန်လူအုပ်စုတစ်စုက ဂိုဏ်းချုပ်ကြီးရဲ့ နှစ်သက်မှုကို ဘယ်လိုလုပ် ရနိုင်မှာလဲ"

သူက ဒီလိုပြောရင်း ကျောင်းထိုင်ဆရာတော်သည် ထိုက်ဟယ် နန်းတော်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် ရှစ်နှစ်သားအရွယ် ကလေးတစ်ဦးသည် ထိုနေရာတွင် ရပ်နေပြီး နွားသိုးကို ဦးဆောင်ကာ သန်းဝါးရင်း ဖြတ်လျှောက်သွားသည်။

သူ့ရဲ့ ပေါ့ပေါ့ပါးပါး အပြုအမူက ထိုက်ဟယ်နန်းတော်အထက်မှာ ခုနကမှ ဖြစ်သွားတဲ့ အရေးကြီးတဲ့ကိစ္စကြီးက သူ့နဲ့ လုံးဝ မသက်ဆိုင်သလို ထင်ရစေတယ်။

“သူက… သူ အဲဒီနေရာမှာ ရှိနေပြီးသားလား၊ ဒါမှမဟုတ် ခုမှ ဖြတ်သွားတာလား”

ကျောင်းထိုင်ဆရာတော်က လင်ချွမ်ကို အံ့အားသင့်စွာ ကြည့်ရင်း ကိုယ့်ဘာသာ တီးတိုးရေရွတ်သည်။

လင်ချွမ်သည် နွားသိုးကို ဦးဆောင်ပြီး ထိုက်ဟော်နန်းတော်ရှေ့မှ ပျောက်ကွယ်သွားသည်အထိ ကျောင်းထိုင်ဆရာတော်သည် သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ပေ။

All Chapters