← Chapters

ဘယ်တိရစ္ဆာန်က ဒီလိုထောင်ချောက်တွေကို ဒီဇိုင်းဆွဲထားတာလဲ

Vol. 77 Ch. 1506

ဘယ်တိရစ္ဆာန်က ဒီလိုထောင်ချောက်တွေကို ဒီဇိုင်းဆွဲထားတာလဲ

Vol. 77 Ch. 1506

~"ဒီဥမင်ထဲမှာ ထောင်ချောက်တွေ မရှိလောက်တော့ပါဘူးနော်..."

"ပါးစပ်ပိတ်ထား..."

အားချန် စကားစပြောလိုက်သည်နှင့် တပြိုင်နက် ယဲ့ဖန်က ဖြတ်ပြောလိုက်၏။

"ခင်ဗျားက ပါးစပ်သရမ်းတယ်... နောက်ထပ် တစ်ခွန်းထပ်ပြောရဲရင် ကျုပ် ခင်ဗျားကို ပစ်ထည့်ပြီး ထောင်ချောက် စမ်းခိုင်းလိုက်မယ်..."

ပထမနှစ်ခါတုန်းကလည်း ဒီလူက ထောင်ချောက်မရှိဘူး ပြောလိုက်တိုင်း တစ်ခုခု ဖြစ်ခဲ့တာချည်းပဲ။ တကယ့်ကို ပါးစပ်သရမ်းတဲ့လူဗျာ။

ကျန်သည့် လူတွေကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြပြီး အားချန်ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြ၏။

အားချန် ကပျာကယာ ခေါင်းပုဝင်သွားပြီး ဘာမှဆက်မပြောရဲတော့။

ယဲ့ဖန်က ခဏလောက် အကဲခတ်ကြည့်ပြီးနောက် သေနေသော ကြက်ကို လမ်းကြောင်းထဲသို့ ရုတ်တရက် ပစ်ထည့်လိုက်၏။

"ဖပ်... ဖပ်... ဖပ်..."

ကြက်သေကောင် မြေပြင်ပေါ်ကျသည်နှင့် တပြိုင်နက် နံရံနှစ်ဖက်မှ မြှားပေါင်းများစွာ တရစပ် ပစ်ခတ်လာကြ၏။ တစ်ခဏအတွင်းမှာပင် ကြက်သေကောင်၏ ခန္ဓာကိုယ်တစ်ခုလုံး မြှားများဖြင့် ပြည့်နှက်သွားလေသည်။

လူတိုင်း ထိတ်လန့်သွားပြီး အနောက်သို့ ကပျာကယာ ဆုတ်လိုက်ကြ၏။

"သောက်ကျိုးနည်း... ဒီလောက်တောင် ကြောက်စရာကောင်းဖို့ လိုလို့လား..."

အားချန်တစ်ယောက် မြေပြင်ပေါ်ရှိ မြှားများကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ ကြောက်လန့်လွန်းသဖြင့် သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေ‌ပြီ ဖြစ်၏။

ကျန်လူတွေလည်း သိပ်မထူးလှ။ ဒီတတိယအဆင့်က အရင်နှစ်ဆင့်ထက် ပိုကြောက်စရာကောင်းနေသည်။ သတိမထားမိလျှင် မြှားတစ်ထောင်လောက်နှင့် အပစ်ခံရပြီး သေသွားနိုင်သည် မဟုတ်ပါလား။

"ဒီတစ်ခါတော့ ငါတို့ တကယ် လမ်းဆုံးပြီ... ဒါကို ဘယ်လိုလုပ် ဖြတ်ကျော်မလဲ..."

လန်ရှင်းယွဲ့၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။ အကယ်၍ စောစောက သူမသာ ဇွတ်တိုးဝင်သွားခဲ့လျှင် ယခုလောက်ဆို ထိုကြက်သေကောင်လို အဖြစ်ဆိုးမျိုး ကြုံတွေ့နေရလောက်ပြီ။

"ဒီတစ်ခါတော့ တကယ် ရွေးချယ်စရာ မရှိတော့ဘူး... ယဲ့ဖန်... ပြန်လှည့်ကြရအောင်..."

ကျူးရှောင်ကျောင်း (ဖူမာကျန်းဝူ) က ရင်ဘတ်ကို ဖိကာ နောက်ဆုတ်ရန် တောင်းဆိုလိုက်၏။

ရွှီကျင်းရှင်းက ဘာမှမပြောသော်လည်း မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်ထားသည်။ သူမ ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ... လက်ရှိအခြေအနေမှာတော့ အခြားရွေးချယ်စရာ မရှိတော့။

သို့သော် ယဲ့ဖန်ကတော့ နှုတ်ဆိတ်နေဆဲ။ သူသည် လမ်းကြောင်းကိုသာ ဂရုတစိုက် လေ့လာနေသည်။ ခဏအကြာတွင် သူသည် ကျောပိုးအိတ်ကို ဖွင့်ပြီး အသုံးမလိုတော့သော 'နဂါးရှာဖွေရေးပေတံ' ကို ထုတ်ကာ လမ်းကြောင်းထဲသို့ ပစ်ထည့်လိုက်၏။

"ဝှီး... ဝှီး... ဝှီး..."

မြှားမိုးရွာသည့် မြင်ကွင်းက နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်လာပြန်သည်။ လှုပ်ရှားသံများကြောင့် လူတိုင်း၏ ဦးရေပြားများ ထုံကျဉ်သွားရသည်။

ဒါပေမဲ့ ဒါတင် မကသေး။

'နဂါးရှာဖွေရေးပေတံ' က ကြမ်းခင်းပြားပေါ် ကျရောက်သွားသော အခါ ကြမ်းခင်းပြားက လည်ထွက်သွားပြီး ပေတံကို အောက်ဖက်ရှိ တွင်းထဲသို့ မျိုချလိုက်လေသည်။

"သောက်ကျိုးနည်း... မြှားတွေတင် မကဘူး... လည်ထွက်သွားတဲ့ ကြမ်းခင်းပြားတွေလည်း ရှိသေးတာလား... ဒါကို ဘယ်သူ ဝင်လို့ ရမှာလဲ..."

အားချန်မှာ ထိတ်လန့်လွန်းသဖြင့် ဆဲဆို ကြိမ်းမောင်းမိသည်အထိပင်။

ကျန်လူများ၏ မျက်နှာတွင်လည်း ထိတ်လန့်မှုများ အထင်းသား ပေါ်နေကြ၏။

ဒီမြှားတွေ တစ်ခုတည်းနှင့်တင် သူတို့ကို ခေါင်းကိုက်နေ‌ပြီ ဖြစ်၏။ ယခု ကြမ်းပြင်ပေါ်က ထောင်ချောက်တွေနှင့်ပါ ပေါင်းလိုက်တော့ ငရဲခန်းလို ခက်ခဲသွားပြီ။

"ဘယ်တိရစ္ဆာန်က ဒီလို ထောင်ချောက်တွေကို ဒီဇိုင်းဆွဲထားတာလဲ မသိဘူး... သိလို့ကတော့ အဲဒီကောင်ရဲ့ အုတ်ဂူကို အရင်တူးပစ်မယ်..."

ဖူမာကျန်းဝူက ကျူးရှောင်ကျောင်းပုံစံကို အတုခိုးပြီး ဒေါသထွက်စွာ လက်သီးဆုပ်ကာ လေထဲ ဝှေ့ယမ်းလိုက်၏။

ယဲ့ဖန်ပင် အတော်လေး ပြဿနာတက်နေပြီဟု ခံစားလိုက်ရသည်။ မြှားများနှင့် လည်ထွက်သွားသော ကြမ်းခင်းပြား... ဒီနှစ်ခု ပေါင်းလိုက်တော့ ဒီလမ်းကြောင်းကို ဖြတ်ကျော်ဖို့ ခက်ခဲမှုက ဆယ်ဆမက မြင့်တက်သွားပြီ။

သို့သော် သူ လက်မလျှော့သေး။ သူသည် ကိရိယာအချို့ကို ဆက်တိုက် ပစ်ထည့်လိုက်၏။ တစ်ခါပစ်ထည့်လိုက်တိုင်း မြှားယန္တရားများ ပွင့်လာပြီး ရံဖန်ရံခါ ကြမ်းခင်းပြားအချို့လည်း လည်ထွက်သွားတတ်သည်။

"ဘုရားရေ... ဒီမြှားတွေက ဘာလို့ ကုန်မသွားတာလဲ..."

ဖူမာကျန်းဝူက နောက်တစ်ကြိမ် တအံ့တဩ အော်လိုက်ပြန်သည်။

"အနောက်မှာ အလိုအလျောက် မြှားပြန်ဖြည့်တဲ့ စက်ရှိလောက်တယ်... တစ်ခါပစ်ပြီးတိုင်း မြှားတွေကို အလိုလို ပြန်တပ်ဆင်ပေးနေတာ ဖြစ်မယ်... ကြည့်ရတာ ဒီမြှားတွေက ခဏအတွင်း ကုန်သွားမှာ မဟုတ်ဘူး..."

ရွှီကျင်းရှင်းက ယန္တရား၏ သဘောတရားကို အကြမ်းဖျင်း ခန့်မှန်းနိုင်သော်လည်း သူမလည်း ဘာမှမတတ်နိုင်။

"သောက်ကျိုးနည်း... နှစ်ပေါင်းနှစ်ထောင်ကျော်နေပြီကို ယန္တရားတွေက မပျက်သေးဘူးလား... ဒါ ယုံနိုင်စရာတောင် မရှိဘူး..."

အားချန်ကတော့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ပိုစိတ်ဝင်စားနေသည်။ ခေတ်မီ လက်နက်တွေတောင် နှစ်ပေါင်းနှစ်ထောင်လောက်ကြာရင် ဆွေးမြေ့ပျက်စီးသွားမှာ မဟုတ်ဘူးလား။

သို့သော် ယဲ့ဖန်မှာ ဒါတွေကို ဂရုစိုက်ဖို့ အချိန်မရှိ။ သူစောစောက ကိရိယာတွေကို ပစ်ထည့်လိုက်ခြင်းမှာ မြှားလက်ကျန်ကို စမ်းသပ်ရန် မဟုတ်ဘဲ ထိုဒူးလေးများ၏ တည်နေရာကို လေ့လာရန်ဖြစ်သည်။

ခဏကြာအောင် လေ့လာပြီးနောက် နောက်ဆုံးတွင် သူရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤလမ်းကြောင်းထဲတွင် စုစုပေါင်း ဒူးလေးရှစ်လက်ရှိပြီး အားလုံးကို ယန္တရားငယ်လေးများထဲတွင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။

ပြဿနာက ဒီဒူးလေးတွေကို မဖျက်ဆီးသရွေ့ မြှားတွေက ဆက်ပြီး ပစ်ခတ်နေဦးမည်။

သို့သော်လည်း၊ ဤဒူးလေးတွေကို ဖျက်ဆီးချင်ရင် လမ်းကြောင်းထဲ ဝင်မှဖြစ်မည်။

လမ်းကြောင်းထဲ ဝင်တာက အလွန်အမင်း အန္တရာယ်များသည်။

အခက်အခဲတွေ ရှေ့ရောက်မှ နောက်ဆုတ်မလား... ဒါမှမဟုတ် ရင်ဆိုင်မလား...

ဒါက သေချာပေါက် ခက်ခဲသည့် ရွေးချယ်မှု တစ်ခုပါပဲ။

စူးစမ်းလေ့လာရေးအဖွဲ့လည်း နှစ်ဖက်ကွဲနေသည်။ အားချန်နှင့် ဖူမာကျန်းဝူတို့က ချက်ချင်း ပြန်ဆုတ်သင့်သည်ဟု ယူဆကြ၏။

"ဒီလမ်းကြောင်းက အရမ်း အန္တရာယ်များတယ်... မြှားတွေနဲ့ ကြမ်းခင်းပြားတွေ ပေါင်းထားမှတော့ ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူး..."

"ဟုတ်တယ်... အတင်း ဝင်တိုးရင် သေချာပေါက် အထိအခိုက် အကျအဆုံး ရှိလိမ့်မယ်... တကယ်လို့ အထဲမှာ ဘာမှမရှိရင် ငါတို့ အလကား အသက်ပေးလိုက်ရမှာ မဟုတ်ဘူးလား..."

နှစ်ယောက်စလုံးက ကိုယ့်အကြောင်းပြချက်နှင့်ကိုယ် ပြောဆိုနေကြ၏။

သို့သော် လန်ရှင်းယွဲ့နှင့် ရွှီကျင်းရှင်းတို့ကတော့ ဆက်သွားရန် တောင်းဆိုကြ၏။

"ကျွန်မတို့ ဒီအထိ ရောက်နေပြီပဲ... အခုမှ ပြန်လှည့်သွားရင် အရင်ကြိုးစားခဲ့တာတွေ အလကား ဖြစ်ကုန်မှာပေါ့... ငါ လက်မခံနိုင်ဘူး..."

"အခက်အခဲတွေ့ရင် ဖြေရှင်းရမှာလေ... ထွက်ပြေးရမှာ မဟုတ်ဘူး... ဘယ်လောက် ခက်ခဲတဲ့ ပုစ္ဆာပဲဖြစ်ဖြစ် အကောင်းဆုံး အဖြေရှိတယ်လို့ ကျွန်မ ယုံကြည်တယ်..."

ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်ကတော့ ဘာမှဝင်မပြော။ သူတို့အတွက်ကတော့ ယဲ့ဖန်၏ ဆုံးဖြတ်ချက်က သူတို့ ဆုံးဖြတ်ချက်ပဲ။

အခုတော့ ပြန်ဆုတ်ဖို့ မဲနှစ်မဲ၊ ဆက်သွားဖို့ မဲနှစ်မဲနှင့် မဲမပေးသူ လေးဦး ဖြစ်နေ‌ပြီ ဖြစ်၏။

ဆုံးဖြတ်ချက်က ယဲ့ဖန်လက်ထဲ ပြန်ရောက်လာသည်။

လူတိုင်း၏ မျက်လုံးများက သူ့မျက်နှာပေါ်တွင် စုဝေးနေပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြ၏။

ယဲ့ဖန် ခဏမျှ တွေးတောနေမိသည်။

သူတို့ပြောတာတွေလည်း အကြောင်းပြချက် ခိုင်လုံသည်ကို ဝန်ခံရမည်။ ရှန်ဘုရင်၏ လျှို့ဝှက်ရတနာသိုက်ထဲတွင် ဘာရှိမှန်း သူတို့ မသိကြ။

‘တကယ်လို့ ရတနာရှိရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဘာမှမရှိခဲ့ရင်ကော... သူတို့ ဒီလောက် ပေးဆပ်ပြီး ဝင်ရတာ တန်ပါ့မလား။’

သို့သော်လည်း၊ ဒီအတိုင်း ပြန်လှည့်သွားဖို့ကျတော့ သူ မလိုလားပေ။

ရှန်ဘုရင်၏ လျှို့ဝှက်ရတနာသိုက် မြေပုံရဖို့ သူအများကြီး ကြိုးစားခဲ့ရသည်။ အခု ရတနာသိုက် ၏ အနက်ရှိုင်းဆုံးနေရာကို ရောက်နေပြီလေ၊ နောက်ဆုံးအဖြေကို သိရတော့မည်။

ဒီလောက် အခက်အခဲလေးကို ကြောက်ပြီး အမြီးကုပ် ပြေးသွားလျှင် ရယ်စရာကောင်းလွန်းမနေဘူးလား။

"ကျွန်တော် ဆုံးဖြတ်လိုက်ပြီ... ဆက်သွားမယ်..."

ယဲ့ဖန် ခဏစဉ်းစားပြီးနောက် နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်၏။

ယဲ့ဖန်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ ရွှီကျင်းရှင်းနှင့် လန်ရှင်းယွဲ့တို့က ဝမ်းသာသွားကြ၏။ အားချန်နှင့် ကျူးရှောင်ကျောင်းတို့ကတော့ သက်ပြင်းချလိုက်ရုံကလွဲပြီး ဘာမှဆက်မပြောတော့ပေ။

ယဲ့ဖန်က သူတို့ကို လှည့်ကြည့်လိုက်၏။

" ကျွန်တော် ဆက်သွားမယ်လို့ ရွေးချယ်လိုက်တာက ကျွန်တော့်ရဲ့ စူးစမ်းချင်စိတ်ကို ဖြည့်ဆည်းဖို့ သက်သက်ပဲ... ခင်ဗျားတို့.. ကျွန်တော်နဲ့အတူ စွန့်စားစရာ မလိုပါဘူး... ပြန်ချင်တဲ့လူ ရှိရင် လာလမ်းအတိုင်း ပြန်လို့ ရတယ်..."

သူ့စကားကို ကြားသောအခါ "ကျူးရှောင်ကျောင်း" က မကျေမနပ် ဖြစ်သွားသည်။

"သခင်... ယဲ့ဖန်... ရှင် ကျွန်မ ကျူးရှောင်ကျောင်းကို လျှော့တွက်လွန်းနေပြီ... ကျွန်မက သစ္စာမရှိတဲ့လူလို့ ထင်နေတာလား..."

အားချန်ကလည်း ခေါင်းညိတ်ထောက်ခံသည်။

"မစ္စတာယဲ့... ကျွန်တော်တို့ အတူတူ လာမှတော့ အတူတူပဲ ပြန်ရမှာပေါ့... ခင်ဗျားက ရှေ့ဆက်မယ်လို့ ဆုံးဖြတ်မှတော့ ကျွန်တော် အားချန်ကလည်း အသင်းသားကို ပစ်ထားခဲ့မယ့်ကောင် မဟုတ်ဘူးဗျ... ကျွန်တော်လည်း ဆက်လိုက်မယ်..."

သူတို့၏ တုံ့ပြန်မှုကို ကြားရသောအခါ ယဲ့ဖန် ကျေနပ်သွားသည်။

"ကံဆိုးတာက..."

ထိုအချိန်တွင် အားချန်က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်၏။

"ဘာ ကံဆိုးတာလဲ..."

ယဲ့ဖန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ကျွန်တော် အားချန်က လောင်းကစားလောကရဲ့ သူခိုးဘုရင်လေ... ဒီလိုနေရာမျိုးမှာ တိတ်တဆိတ် သေသွားရမယ်ဆိုရင် အရမ်း နစ်နာလွန်းတယ်ဗျ... မစ္စတာယဲ့မှာက အနည်းဆုံး သရဲမလေး သုံးကောင်လောက် အဖော်ရဦးမယ်... ကျွန်တော်ကတော့ အထီးကျန် သရဲကောင် ဖြစ်တော့မှာ..."

အားချန်၏ စကားကြောင့် ရွှီကျင်းရှင်း၊ လန်ရှင်းယွဲ့နှင့် ကျူးရှောင်ကျောင်းတို့က သူ့ကို ဒေါသတကြီး ဝိုင်းကြည့်လိုက်ကြတော့သည်။

All Chapters