← Chapters

အသုံးချခံလူ

Vol. 3 Ch. 26

အသုံးချခံလူ

Vol. 3 Ch. 26

“ကြိုးကိုင်နေတဲ့သူကတော့ အကြီးအကဲ ယင်ဟွိုက်ယွီ ကိုယ်တိုင်ပဲမလား"

ရူယိက တာယွဲ့ထိုက်ဟဲနန်းတော်ပေါ်တွင် ရှိနေသော ယင်ဟွိုက်ယွီကို တိုက်ရိုက် လက်ညှိုးထိုးပြလိုက်သည်။

သူ၏ မယုံနိုင်စရာကောင်းသော စကားများကြောင့် စိတ်ဓာတ်ကျနေသော ရှောင်လင်တပည့်များမှာ ချက်ချင်းပင် နိုးကြားလာကြသည်။

"ရုပ်သေးအတတ်လား"

၎င်းမှာ အိပ်ရာဝင်ပုံပြင် မဟုတ်ဘဲ အမှန်တကယ် တည်ရှိသော ထူးဆန်းသည့် ကိုယ်ခံပညာရပ်တစ်ခု ဖြစ်သည်။

၁။မြောင်ဒေသ၏ ရုပ်သေးအတတ်။

၂။ဟူနန်အနောက်ပိုင်း၏ အလောင်းကောင်များ အသက်သွင်းခြင်းဖြင့် ခိုင်းစေသည့် အတတ်။

၃။ရင်းကျိုး ဒေသမှ နင်ဂျာရုပ်သေးအတတ်။

ဟူသမျှဖြင့်။

အနောက်တိုင်းမှ နတ်ဆိုးဂိုဏ်းများပင်လျှင် အခြားသူများကို ထိန်းချုပ်ရန် ရုပ်သေးအတတ်ကို အသုံးပြုကြသည်။

သာမန်လူများအတွက် ဆန်းကြယ်နေသော်လည်း သိုင်းပညာရှင်များအတွက်မူ ရုပ်သေးအတတ်မှာ အထူးအဆန်း မဟုတ်တော့ပေ။

“ဟုတ်ပြီလေ"

“ဒီပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် အကြီးအကဲယင်က ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကိုတောင် သုံးခဲ့တာပေါ့"

“ဂုဏ်သိက္ခာ မရှိလိုက်တာ!”

ကျန့်ရှင်းက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ရူယိက အချိန်မီ သိလိုက်၍သာ တော်တော့သည်၊ မဟုတ်လျှင် ယင်ဟွိုက်ယွီ၏ လှည့်ကွက်ထဲတွင် သူတို့ အမှန်တကယ် ခံလိုက်ရတော့မည် ဖြစ်သည်။

ဤအခြေအနေကြောင့် ပျော်ရွှင်နေသော ဝူတန်တပည့်များမှာ ပြန်လည် တိတ်ဆိတ်သွားကြသည်။ ၎

င်းတို့အားလုံးက ချန်အာကောကို ကြည့်ကာ အော်ဟစ်လိုက်ကြသည်-

“အာကော၊ တစ်ခုခု ပြောလိုက်စမ်းပါ"

“ဒီရှောင်လင် ဘုန်းကြီးရဲ့ ပါးကို ရိုက်လိုက်စမ်း!”

“မင်းက ရုပ်သေးရုပ် မဟုတ်ဘူးဆိုတာ သက်သေပြလိုက်!”

အခြားတစ်ဖက်တွင်မူ ရူယိက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

လူသားအားလုံးအပေါ် ကရုဏာသက်နေသည့် အမူအရာဖြင့် သူက တည်ငြိမ်စွာ ပြောသည်-

“အပိုပါပဲ"

“ရုပ်သေးအတတ်က ခန္ဓာကိုယ် လှုပ်ရှားမှုကိုပဲ ထိန်းချုပ်နိုင်တာ၊ လူတစ်ယောက်ရဲ့ စကားပြောသံကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ?”

သူ၏ စကားပင် မဆုံးသေးမီမှာပင်။

ခေါင်းငုံ့ထားသော ချန်အာကော ရုတ်တရက် မော့လိုက်သည်။

သူသည် ရူယိကို စိုက်ကြည့်ကာ ဆဲဆိုလိုက်သည်-

“မင်းလို မိန်းမလျာရုပ်နဲ့ကောင်ကမှ ရုပ်သေးရုပ်ကွ"

“မင်းတို့ မိသားစုတစ်စုလုံးကမှ ရုပ်သေးရုပ်တွေ!”

ဤစကားကို ကြားသောအခါ ဝူတန်တပည့်များမှာ တစ်ခဲနက် အောင်ပွဲခံလိုက်ကြသည်။

အချိန်တိုအတွင်း၌ သူတို့၏ စိတ်ခံစားချက်မှာ အနိမ့်အမြင့် ရိုလာကိုစတာ စီးနေရသကဲ့သို့ပင်။

ဒါဟာ တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းလှသည်။

ယခုတစ်ကြိမ်တွင် ရှောင်လင်ဂိုဏ်းဘက်မှ ဆွံ့အသွားရပြန်သည်။

အကယ်၍ ချန်အာကောကို ရုပ်သေးအတတ်ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ပါက ထိုအတတ်မှာ အလွန်ပင် မြင့်မားလှပေမည်။

“ငါ မယုံဘူး!”

ရူယိက ဒေါသတကြီး အော်လိုက်သည်။

မည်မျှပင် စိတ်ရှည်သည့်သူ ဖြစ်ပါစေ၊ ဤကဲ့သို့ အတက်အကျများစွာကို မခံစားနိုင်ပေ။

ကျန့်ရှင်း တားဆီးသည်ကိုပင် ဂရုမစိုက်ဘဲ ရူယိသည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ချန်အာကောကထံသို့ တိုက်ရိုက် ပစ်ဝင်သွားသည်။

ထိုအခိုက်အတန့်တွင် ချန်အာကော၏ မျက်လုံးထဲ၌ ထိတ်လန့်မှု အရိပ်အယောင်လေး ဖြတ်ပြေးသွားသော်လည်း ခဏချင်းပင် ပျောက်ကွယ်သွားကာ ပြတ်သားသော အမူအရာ ဖြစ်သွားသည်။

သူသည် လက်သီးနှစ်ဖက်ကို မြှောက်ကာ ဝူတန်တပည့်အားလုံး ရင်းနှီးနေသော အနေအထားတစ်ခုကို ပြုလုပ်လိုက်သည်။

“ဝူတန် လက်သီးရှည်"

ကျောင်းထိုင်ဆရာတော်က မယုံကြည်နိုင်သလို မျက်ခုံးပင့်လိုက်သည်။

ပထမအဆင့် သိုင်းပညာရှင်တစ်ယောက်က အနိမ့်ဆုံးအဆင့် ကိုယ်ခံပညာကို အသုံးပြုနေခြင်းမှာ ပြိုင်ဘက်ကို အထင်သေးလွန်း၍လား?

“မင်း ငါ့ကို ဒီလောက်တောင် အထင်သေးရဲတယ်ပေါ့! ဒါကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး!”

ရူယိ အမှန်တကယ်ပင် ဒေါသထွက်သွားသည်။

သို့သော် အမှန်စင်စစ် သူသည် ချန်အာကောကို အထင်လွဲနေခြင်း ဖြစ်သည်။

ချန်အာကောက မြင့်မားသော သိုင်းပညာများကို မသုံးချင်၍ မဟုတ်ဘဲ၊ သူသည် ဤလက်သီးရှည်ကိုသာ သိသောကြောင့် ဖြစ်သည်။

ကံကောင်းသည်မှာ သူ၏ အတွင်းအားမှာ အလွန်ပင် နက်နဲလှသည်။

အဆင့်နိမ့် ကိုယ်ခံပညာဆိုစေကာမူ သူ၏ လက်သီးတစ်ချက်သည် ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးကို ချေမှုန်းရန် လုံလောက်လှသည်။

“မဟာကရုဏာလက်ဝါး"

ဒေါသထွက်နေသော ရူယိသည် ၃ ကျန့်ခန့် မြင့်အောင် ခုန်တက်လိုက်ပြီး ကြီးမားသော ရွှေရောင်လက်ဝါးကြီးတစ်ခုအဖြစ် အောက်သို့ ရိုက်ချလိုက်သည်။

(TN note - ၃ ကျန့် ဆိုတာ တရုတ်ပြည်မကြီးရဲ့ လက်ရှိစံနှုန်းအရ ၁ ကျန့်မှာ ၃.၃၃ မီတာခန့် ရှိပါတယ်။ အဲ့တော့ သူက ၁၀ မီတာ (ပေ နဲ့ ဆိုရင် ၃၃ပေ) အမြင့်လောက် ခုန်လိုက်တဲ့ သဘောပါ)

လေထုမှာ တဝီဝီ မြည်ဟိန်းသွားပြီး တိုက်ပွဲစင်မြင့်တစ်ခုလုံး အက်ကွဲသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာသည်။

ပင့်ကူအိမ်သဏ္ဌာန် အက်ကွဲကြောင်းများမှာ စင်မြင့်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဒုတိယအဆင့် အထက်ပိုင်း ပညာရှင်တစ်ဦး၏ အတွင်းအားကို ရူယိက အပြည့်အဝ ပြသလိုက်ခြင်းဖြစ်သည်။

ဘေးပတ်ဝန်းကျင်မှ တပည့်များမှာ ထိတ်လန့်နေကြသော်လည်း၊ ချန်အာကောကမူ တည်ငြိမ်နေဆဲပင်။

သူသည် ဝူတန်လက်သီးရှည် အနေအထားကိုသာ ယူထားပြီး မဟာကရုဏာလက်ဝါး ကျရောက်ခါနီး အချိန်အထိ မလှုပ်မယှက် စောင့်နေသည်။

နောက်ဆုံး အချိန်ရောက်မှသာ သူက ရုတ်တရက် ခုန်တက်ကာ ထိုရွှေရောင်လက်ဝါးကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ဗုန်း!”

အားကောင်းသော လေစီးကြောင်းသည် လေထဲတွင် အချင်းဝက်ပုံစံ ကြီးမားသော လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။

၎င်းသည် ရွှေရောင်လက်ဝါးကြီးကို ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေပြီး ရူယိကို တိုက်ရိုက် ထိမှန်သွားသည်။

“အား...!”

နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ရူယိသည် ဆယ်ကျန့်ခန့် အမြင့်သို့ လွင့်ထွက်သွားပြီးမှ အရှိန်သေသွားသည်။

ကောင်းကင်မှ လူရိပ်မှာ ကျလာရာ ကျန့်ရှင်းက အမြန်ခုန်တက်၍ ရူယိကို ဖမ်းလိုက်ရသည်။

ရူယိ အသက်ရှိသေးကြောင်း အတည်ပြုပြီးမှ ကျန့်ရှင်း သက်ပြင်းချနိုင်တော့သည်။

သို့သော်လည်း ဒဏ်ရာမှာ မနည်းလှပေ။

အထူးသဖြင့် အတွင်းဒဏ်ရာကြောင့် ရူယိ၏ စိတ်ထဲတွင် နက်ရှိုင်းသော စိတ်အညစ်အကြေး များ ဖြစ်ပေါ်လာနိုင်သည်။

ရူယိသည် ပါရမီရှင်တစ်ဦးဖြစ်သဖြင့် အရာရာမှာ အဆင်ပြေချောမွေ့ခဲ့သည်။

ယခုမူ အမည်မသိ ချန်အာကော ဆိုသော တပည့်လေး၏ လက်သီးတစ်ချက်တည်းနှင့် ရှုံးနိမ့်သွားရခြင်းမှာ သူ၏ စိတ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီ ဖြစ်သည်။

၎င်းကြောင့် ကျန့်ရှင်းသည် ဒေါသအမျက် ချောင်းချောင်းထွက်သွားကာ ရူယိကို ချထားပြီး ချန်အာကောထံသို့ ပြေးဝင်တိုက်ခိုက်တော့သည်။

“ခင်ဗျား ရူးနေတာလား?”

ကျောင်းထိုင်ဆရာတော်က လန့်သွားသည်။

သူသည် ချန်အာကောအတွက် စိုးရိမ်ခြင်း မဟုတ်ဘဲ ကျန့်ရှင်းသာ သေတွင်းထဲ ဆင်းသွားမှာကို စိုးရိမ်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ချန်အာကောမှာ ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။

“ကောင်းကင်... ပိုးချည်... အတတ်"

ချန်အာကောက စကားသုံးလုံးကို တစ်လုံးချင်း ပြောလိုက်သည်။

သူသည် ဤကိစ္စကို ကြိုတင်မျှော်လင့်ထားပုံရသည်။

သူ လှည့်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ လက်ဖဝါးမှ ပိုးချည်မျှင်များစွာ ထွက်ပေါ်လာပြီး ကျန့်ရှင်းကို ကြီးမားသော ပိုးအိမ်ကြီးတစ်ခုအတွင်းသို့ ခဏချင်းအတွင်း ပတ်ပတ်လည် ပတ်လိုက်တော့သည်။

လူတိုင်း၏ အာရုံမှာ ထိုပိုးအိမ်ကြီးပေါ်သို့ ရောက်နေချိန်တွင် ချန်အာကော၏

အားအင်များ ဆုတ်ယုတ်သွားသည်ကို မည်သူမျှ သတိမထားမိကြပေ။

ကံကောင်းသည်မှာ ယင်ဟွိုက်ယွီက ချန်အာကောကို စောင့်ကြည့်နေပြီး သူ့ကို ခေါ်ဆောင်ကာ ရွှေတောင်ထိပ်မှ ထွက်ခွာသွားခဲ့သည်။

၎င်းတို့နှစ်ဦး တောင်ခြေသို့ ရောက်သောအခါ အေးအေးဆေးဆေး နွားကျောင်းနေသော လင်ချွမ်နှင့် တွေ့ဆုံခဲ့သည်။

“အကြီးအကဲရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်!”

ယင်ဟွိုက်ယွီက အကျယ်ကြီး ရယ်မောလိုက်သည်။

ယခုတစ်ကြိမ်တွင် ရှောင်လင်ဘုန်းကြီးကျောင်းက အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး ဝူတန်၏ စိတ်ဓာတ် နှင့် အားအင်တို့မှာလည်း မြင့်တက်လာခဲ့သည်။

ဒါဟာ လင်ချွမ်၏ အကူအညီကြောင့်သာ ဖြစ်သည်။

“ရပါတယ်"

လင်ချွမ်က ချန်အာကောကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်-

“မင်းက အဆင့် ၈ ခန္ဓာကိုယ်နဲ့ ပထမအဆင့် အတွင်းအားကို ထမ်းထားရတာ"

“ဒါဟာ မင်းရဲ့ ခန္ဓာကိုယ်ကို ပျက်စီးစေလိမ့်မယ်"

“ဒါပေမဲ့ ငါက ပိုးချည်မျှင်တွေကို သုံးပြီး အတွင်းအားတွေကို စုပ်ယူခိုင်းထားလို့ မင်းကို တိုက်ရိုက် မထိခိုက်တာ"

“ဒါပေမဲ့ ပိုးချည်မျှင်တွေ အများကြီး ထုတ်လိုက်တာက ဘေးထွက်ဆိုးကျိုးတော့ အနည်းငယ် ရှိလိမ့်မယ်"

အဖြေမှာ ရှင်းပါသည်။

ချန်အာကော၏ ခန္ဓာကိုယ်မှာ အဆင့် ၈ သာ ရှိသေးသဖြင့် ပြင်းထန်သော အတွင်းအားကို မခံနိုင်ပေ။

လင်ချွမ်က အတွင်းအားများကို ပိုးချည်မျှင်များထဲတွင် သိုလှောင်ထားပေးခြင်းဖြင့် ချန်အာကော၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။

“ဒါပေမဲ့ ဒီကိစ္စပြီးရင် ချန်အာကောရဲ့ နာမည်က သိုင်းလောက တစ်ခုလုံးမှာ ဟိုးဟိုးကျော်သွားလိမ့်မယ်"

“အဲဒီအခါကျရင် သိုင်းပညာရှင်တွေ အများကြီးက သူ့ကို လာပြီး စိန်ခေါ်ကြလိမ့်မယ်"

“ကံမကောင်းတာက သူ့ရဲ့ အင်အားဟာ အတုအယောင်ပဲ ဖြစ်နေပြီး သူနဲ့ မထိုက်တန်တဲ့ ဂုဏ်သိက္ခာကို သူ ထမ်းထားနိုင်မှာ မဟုတ်ဘူး"

လင်ချွမ်က ယင်ဟွိုက်ယွီကို လေးနက်သော မျက်နှာဖြင့် ကြည့်လိုက်သည်။

သူသည် ကရုဏာရှင် တစ်ဦးမဟုတ်နေသည့်အပြင် ချန်အာကောမှာ သူတို့အသုံးချခဲ့သည့် အသုံးချခံ ကိရိယာတစ်ခုလိုသာ ဖြစ်ခဲ့သည်။

“အကြီးအကဲ ပြောတာကို ကျွန်တော် နားလည်ပါပြီ"

“ကျွန်တော်ဟာ တစ်သက်လုံး တပည့်တစ်ယောက်မှ မမွေးခဲ့ဖူးဘူး"

“ချန်အာကောက ကျွန်တော့်တပည့်ပါလို့ ရှောင်လင်ကို ပြောခဲ့ပြီးပြီဆိုတော့...”

“ကျွန်တော် သူ့ကို တပည့်အဖြစ် တရားဝင် လက်ခံလိုက်ပါ့မယ်!”

All Chapters