သံသယတစ်စုံတစ်ရာ ရှိသည်နှင့် လင်ချွမ် ကို တိုင်ပင်ခြင်း
Vol. 3 Ch. 23
ရှောင်လင် ဘုန်းကြီးကျောင်း၏ ရန်စမှုကို ရင်ဆိုင်ရသောအခါ ဝူတန်ဂိုဏ်းသည် လိပ်တစ်ကောင်ကဲ့သို့သာ ခေါင်းလျှိုနေခဲ့ရသည်။
ဝူတန်ဂိုဏ်းသည် ၎င်း၏ ဂုဏ်သိက္ခာကို မထိန်းသိမ်းချင်၍ မဟုတ်ဘဲ၊ ရူယိ၏ အရည်အချင်းကို ယှဉ်နိုင်မည့် ပါရမီရှင် တပည့်တစ်ဦးမျှ သူတို့ဂိုဏ်းတွင် မရှိသောကြောင့်သာ ဖြစ်သည်။
မူလက အစွမ်းအစ အရှိဆုံးဖြစ်သည့် ဝမ်ချဲသည်လည်း နတ်ဆိုးဂိုဏ်းသို့ ကူးပြောင်းသွားခဲ့ပြီး နောက်ဆုံးတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူ အသက်ရှင်နေဦးတော့၊ ကောင်းကင်ကို အန်တုနိုင်သည့် ဒီနတ်ဆိုးလို ကိုရင်လေး ရူယိနှင့် နှိုင်းယှဉ်လိုက်ပါက သူသည် အမှိုက်ကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
အသက် တစ်ဆယ့်ငါးနှစ်အရွယ်နှင့် ဒုတိယအဆင့် အထက်ပိုင်းသို့ ရောက်ရှိခဲ့သော ပါရမီရှင် ရူယိသည် လုံးဝ ရှားပါးလှသည့် ရတနာတစ်ပါး ဖြစ်သည်ဟု ဆိုနိုင်သည်။
ရှောင်လင် ဘုန်းကြီးကျောင်းက ဤမျှ ယုံကြည်မှု ရှိနေသည်မှာလည်း မဆန်းပေ။
ရှောင်လင် ဘုန်းကြီးကျောင်းမှ လူများ အောင်ပွဲခံ၍ ကျေနပ်နေချိန်မှာပင်။
ယင်ဟွိုက်ယွီ ထွက်ပေါ်လာခဲ့သည်။
သူ၏ စကားလုံးများသည် ဝူတန်တပည့်များ၏ ယုံကြည်မှုကို ပြန်လည် ရှင်သန်လာစေခဲ့သလို ရှောင်လင် ဘုန်းကြီးကျောင်း၏ မာန်မာနကိုလည်း များစွာ လျှော့ချပစ်လိုက်နိုင်သည်။
ယင်ဟွိုက်ယွီသည် ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူ၏ စကားများသည် အလေးအနက် ထားရမည့် အနေအထားတွင် ရှိသည်။
“အကြီးအကဲ ပြောတဲ့ ပါရမီရှင်လေးကသာ ရူယိကို ယှဉ်ပြိုင် နိုင်ခဲ့မယ်ဆိုရင်"
“ကိုယ်တော်တို့ဟာ ရှောင်လင်ကို ချက်ချင်း ပြန်သွားပြီး နတ်ဆိုးဂိုဏ်းကို နှိမ်နင်းမယ့် အခမ်းအနားကို စီစဉ်ပေးပါ့မယ်!”
ကျန့်ရှင်းက အေးစက်စွာ ရယ်မောလိုက်သည်။
သူသည် ရူယိအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်။
အနည်းဆုံးတော့ သူ၏ အမြင်အရ အသက် တစ်ဆယ့်ငါးနှစ်နှင့် ဒုတိယအဆင့် အထက်ပိုင်း ကိုယ်ခံပညာရှင် ဖြစ်လာဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ကျန်းစန်းဖုန်းပင်လျှင် ရူယိ၏ အသက်အရွယ်တုန်းက ဤအဆင့်သို့ မရောက်ရှိခဲ့ပေ။
ရူယိ၏ ပါရမီသည် ကိုယ်ခံပညာ သိုင်းလောက၏ အမြင့်ဆုံး အထွတ်အထိပ် ဖြစ်သည်ဟု ဆိုနိုင်သည်။
သူ့ကို ကျော်ဖြတ်နိုင်မည့်သူ လုံးဝ မရှိနိုင်ပေ။
သို့သော် ကျန့်ရှင်း၏ စိတ်ထဲတွင် အနည်းငယ်တော့ စိုးရိမ်မိသည်။
၎င်းမှာ ယင်ဟွိုက်ယွီ၏ အာမခံချက်ကြောင့် ဖြစ်သည်။
ဤယင်ဟွိုက်ယွီသည် ဝူတန်ဂိုဏ်း၏ သာမန် အဖွဲ့ဝင်တစ်ဦး မဟုတ်ပေ။
သူသည် ဝူတန်သူရဲကောင်း ခုနစ်ဦး၏ မျိုးဆက် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က နတ်ဆိုးဂိုဏ်းနှင့်တိုက်ပွဲအတွင်း ဝူတန်ဂိုဏ်း၏ ကျွမ်းကျင်သူများထဲမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။
သူ၏ အတွေ့အကြုံနှင့် စွမ်းဆောင်ရည် နှစ်ခုစလုံးသည် လူတို့ကို အထင်ကြီးစေရန် လုံလောက်သည်။
ဤကဲ့သို့ လေးစားဖွယ်ကောင်းသော အကြီးအကဲတစ်ဦးသည် ဒေါသအလျောက် မိမိ၏ ဂုဏ်သိက္ခာကို အလောင်းအစား လုပ်လိမ့်မည် မဟုတ်ပေ။
ဝူတန်ဂိုဏ်းအတွင်း၌ အမှန်တကယ်ပင် ထူးခြားသော ပါရမီရှင်တစ်ဦး ရှိနေနိုင်ပေသည်။
“ငါတို့ သတိထားရမယ်!”
ကျန့်ရှင်းက သူ့ဘာသာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ယခုအထိ စကားတစ်လုံးမျှ မပြောသေးသော ရူယိသည် ရုတ်တရက် ရှေ့သို့ တက်လာသည်။
သူသည် လက်နှစ်ဖက်ကို စုစည်းကာ မေးစေ့ကို အနည်းငယ် မော့လျက် ယင်ဟွိုက်ယွီကို ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်မှ ထွက်ပေါ်လာသော အပြုံးမှာ အလွန်ပင် ညှို့ယူဖမ်းစားနိုင်လှပြီး ယောက်ျားများပင် ငေးမောသွားရလောက်သည်။
ဤကိုရင်လေးသည် မွေးရာပါ ညှို့ဓာတ်ပါလာသူနှင့် တူလှသည်။
“အကြီးအကဲ ယင်ပြောတဲ့ ပါရမီရှင်ဟာ ရူယိအနေနဲ့ အားစိုက်ပြီး တိုက်ခိုက်ရလောက်တဲ့သူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။”
“သူက အကြီးအကဲ ပြောသလို လုပ်နိုင်ပြီး ဒီကိုရင်ငယ်လေးကို သူ့ရဲ့ စွမ်းရည်တွေ ပြသပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်!”
ရူယိ၏ မျက်နှာတွင် မျှော်လင့်ချက်များ ရှိနေသည်။
လူအများက သူ၏ စကားကို တင်စီးလွန်းသည်ဟု ထင်ကြသော်လည်း။
အမှန်တကယ်ပင် လူငယ်မျိုးဆက် တပည့်များထဲတွင် သူ့ကို ယှဉ်နိုင်သူ လုံးဝ မရှိပေ။
ဤသို့ တွေးကြည့်လျှင် ရူယိအတွက် အမြဲတမ်း အနိုင်ရနေရခြင်းမှာ အလွန်ပင် ပျင်းရိ ငြီးငွေ့စရာ ကောင်းနေပေလိမ့်မည်။
ထို့ကြောင့် သူသည် မိမိကိုယ်ကို သက်သေပြနိုင်မည့် ပြိုင်ဘက်ကောင်း တစ်ဦးကို ရှာဖွေနေခြင်း ဖြစ်သည်။
“ဟား"
“ကိုရင်လေး၊ မင်းက တော်တော် မာန်တက်နေတာပဲ"
ယင်ဟွိုက်ယွီက ခေါင်းကို မော့ကာ အကျယ်ကြီး ရယ်မောလိုက်သည်။
ရုတ်တရက် ရယ်သံ ရပ်သွားသည်။
ယင်ဟွိုက်ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မထီမဲ့မြင် ပြောလိုက်သည်-
“လောကမှာ မင်းထက်သာတဲ့သူ အမြဲ ရှိနေတတ်တယ် ဆိုတာကို မမေ့နဲ့"
“ငိုပြီး ပြန်မသွားရဖို့ပဲ ငါ မျှော်လင့်ပါတယ်!”
ထိုသို့ ပြောပြီးနောက် ယင်ဟွိုက်ယွီသည် ခြေတစ်ချက် ဆောင့်ကာ လေထဲသို့ ပျံတက်သွားခဲ့သည်။
“ငါတို့လည်း သွားကြစို့!”
ကျန့်ရှင်းက မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
ရှောင်လင်တပည့်များသည် အနားယူရန် ပြန်သွားကြသည်။
ကျောင်းထိုင်ဆရာတော်နှင့် အကြီးအကဲများသည်လည်း ဝူတန်တပည့်များကို ကျင့်ကြံရန် စေလွှတ်လိုက်ကြသည်။
ကျန်ရှိနေသော ဝူတန်ခေါင်းဆောင်များသည် ယင်ဟွိုက်ယွီ ပြောသွားသည့် ပါရမီရှင်ဆိုသည်မှာ အမှန်လား၊ အလိမ်လား ဆိုသည်ကို မဝေခွဲနိုင်ဘဲ စိတ်ပူနေကြသည်။
ဝူတန်မှာ တကယ်ပဲ ထူးခြားတဲ့ ပါရမီရှင် ရှိနေရင် ဒီနှစ်တွေတစ်လျှောက် ဘာလို့ တစ်ခါမှ မကြားမိရတာလဲ?
“ဒါဟာ အကြီးအကဲ ယင်က တိတ်တဆိတ် လေ့ကျင့်ပေးထားတဲ့ တပည့်ဖြစ်နိုင်တယ်"
“ဘာပဲဖြစ်ဖြစ်၊ အကြီးအကဲ ယင်က ဝူတန်ဂိုဏ်းအတွက် ဂုဏ်သိက္ခာအချို့ကိုတော့ ဆယ်တင်ပေးခဲ့တာပဲ"
“ငါတို့ လုပ်နိုင်တာကတော့ အဲဒီပါရမီရှင်က ရူယိကို တကယ် အနိုင်ယူနိုင်ဖို့ ဆုတောင်းရုံပဲ"
“နည်းနည်းတော့ စွန့်စားရာ ရောက်နေပေမဲ့ပေါ့"
ကျောင်းထိုင်ဆရာတော်က စိတ်မသက်မသာ ပြုံးလိုက်သည်။
ဤ ဝူတန်ဂိုဏ်း တွင် ပါရမီပိုင်း၌ ရူယိကို ကျော်ဖြတ်နိုင်သူ ရှိလိမ့်မည်ဟု သူကိုယ်တိုင်ပင် အပြည့်အဝ မယုံကြည်နိုင်ပေ။
ဘာပဲဖြစ်ဖြစ် ၁၅ နှစ်နဲ့ ဒုတိယအဆင့် အထက်ပိုင်း ဆိုတာကတော့ မယုံနိုင်စရာ ပါရမီပဲလေ!
အခြားတစ်ဖက်တွင်။
ယင်ဟွိုက်ယွီသည် တာယွဲ့ ထိုက်ဟယ် နန်းတော်မှ ထွက်ခွာလာပြီးနောက် ရှောင်းယောက် တောင်ထိပ်သို့ ပြန်မသွားခဲ့ပေ။
အဲ့အစား တောင်အောက်သို့ တိုက်ရိုက် ဆင်းသွားခဲ့သည်။
လင်ချွမ်ကို မြင်သောအခါ ယင်ဟွိုက်ယွီသည် ကျားတစ်ကောင်ကဲ့သို့ အတင်း ပြေးသွားခဲ့သည်။
သူသည် လင်ချွမ်ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။
“အကြီးအကဲ၊ ဒီတစ်ခါတော့ ဝူတန်ကို မဖြစ်မနေ ကယ်တင်ပေးပါ"
ယင်ဟွိုယွီသည် မြေပြင်ပေါ်တွင် ဝပ်စင်းကာ ခေါင်းကို ဦးညွှတ်ထားသည်။
“နောက်တစ်ခါလား?”
လင်ချွမ်က အလွန် မကျေမနပ် ဖြစ်စွာဖြင့် ပြောလိုက်သည်-
“အရင်က ကျွန်တော့်ကို ဘာကတိပေးခဲ့လဲ?”
“နောက်တစ်ခါ လာမနှောင့်ယှက်တော့ဘူးလို့ အကြီးအကဲ ဘက်ကတိပေးခဲ့တယ်လေ"
သူသည် အလွန် စိတ်ပျက်နေသည်။
ဒီအဖိုးကြီးက သူ့ကတိကို သူ ဖျက်ပြန်ပြီ!
“ဒီတစ်ကြိမ်က မတူဘူးလေ!”
ယင်ဟွိုယွီက အလျင်အမြန် ခေါင်းမော့ကာ ရှင်းပြသည်-
“ဒီတစ်ခါ ဝူတန်ဂိုဏ်းက ကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ"
“ရှောင်လင် ဘုန်းကြီးကျောင်းက နတ်ဆိုးဂိုဏ်း ဗဟိုလွင်ပြင်ကို ကျူးကျော်နေတာကို ငြင်းပယ်နေရုံတင် မကဘူး"
“သူတို့က ၁၅ နှစ်အရွယ် ဒုတိယအဆင့် အထက်ပိုင်း ကိုယ်ခံပညာရှင်လေးကို လွှတ်ပြီး ဝူတန်ကို ရန်စသွားတာ"
“ဒါဟာ ဝူတန်ကို နှိပ်ကွပ်ဖို့ အခွင့်အရေးကို အသုံးချနေတာ သိသာပါတယ်"
“ဝူတန်ရဲ့ ဂုဏ်သိက္ခာက အသေးအဖွဲပါ။ ရှောင်လင် ဘုန်းကြီးကျောင်းကသာ တခြားဂိုဏ်းတွေနဲ့ ပူးပေါင်းဖို့ အခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် နတ်ဆိုးဂိုဏ်းအတွက် အသက်ရှူပေါက် ရသွားစေလိမ့်မယ်"
“အကြီးအကဲလည်း ဗဟိုလွင်ပြင် ပျက်စီးသွားတာကို မြင်ချင်မှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား?”
သူ စကားပြောပြီးနောက် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
၎င်းမှာ လင်ချွမ်သာ မကူညီလျှင် သူသည် ဗဟိုလွင်ပြင် ပျက်စီးသွားမည်ကို သူနှင့် မသက်ဆိုင်သလို နေနိုင်ကြောင်းဟု အဓိပ္ပာယ်သက်ရောက်နေသည်။
ဒါက ပြောင်ပြောင်တင်းတင်း အကျပ်ကိုင်တာပဲ!
လင်ချွမ်းက ယင်ဟွိုက်ယွီကို စိုက်ကြည့်လိုက်သည်။
ယင်ဟွိုက်ယွီသည် ကြောက်လန့်သွားပြီး ချက်ချင်းပင် ခေါင်းကို ကျုံ့ထားလိုက်သည်။
လင်ချွမ်ကို ဤကဲ့သို့ အကျပ်ကိုင်ခြင်းက သူ၏ အမြင်မကြည်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း သူ သိသော်လည်း။
ဝူတန်ဂိုဏ်း၏ ဘေးကင်းရေးနှင့် ယှဉ်လာလျှင် သူ၏ ထိခိုက်မှုမှာ ဘာမှ မဟုတ်ပေ။
“နတ်ဆိုးဂိုဏ်း ကိစ္စကိုတော့ လောလောဆယ် စိတ်မဝင်စားသေးဘူး"
“ဒါပေမဲ့ အသက် ၁၅ နှစ်နဲ့ ဒုတိယအဆင့် အထက်ပိုင်း ကိုယ်ခံပညာရှင် ဆိုတာကတော့ စိတ်ဝင်စားစရာပဲ"
လင်ချွမ်က သူ၏ မေးစေ့ကို ပွတ်ကာ ခဏတာ စဉ်းစားနေသည်။
“နေဦး၊ အကြီးအကဲ ကျွန်တော့်ကို ကိုယ်တိုင် ထွက်တိုက်ခိုင်းဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်?!”
လင်ချွမ်သည် ရုတ်တရက် သဘောပေါက်သွားပြီး ယင်ဟွိုက်ယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ယင်ဟွိုက်ယွီက အသာအယာ ရယ်မောလိုက်ပြီး လင်ချွမ်၏ ခန့်မှန်းချက်ကို ဝန်ခံသည့် သဘော ပြုလုပ်လိုက်သည်။
“ထွက်သွားစမ်း!"
လင်ချွမ်းက အသံနက်ဖြင့် ပြောလိုက်သည်-
“ဒါကို စိတ်တောင်မကူးနဲ့"
“ဝူတန်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက်နဲ့ ငါ့ရဲ့အေးချမ်းမှုကို စတေးရမယ် ဟုတ်လား?”
“ဘာလို့ လုပ်ပေးရမှာလဲ?!”
(TN note - ကိုယ်တွေ ကလေးက အရမ်းဒေါသထွက်သွားလို့ ဒီနေရာမှာ "ငါ" ဆိုတဲ့ အသုံးအနှုန်းကို သုံးလိုက်တာပါ 😣)
အသက် တစ်ဆယ့်ရှစ်နှစ်အရွယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဝူတန်က ထွက်ပေါ်လာတယ်ဆိုတာကို သိုင်းလောကက သိသွားရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပါ။
ဒါဟာ ရူယိ ပေါ်လာတာထက် ပိုပြီး ဟိုးလေးတကျော် ဖြစ်သွားလိမ့်မယ်။
သူ၏ပါရမီ မဆိုးဘူးဆိုရင်တောင် ဒုတိယအဆင့်ကို ရောက်ဖို့က မျှော်လင့်ချက် ရှိပါသေးတယ်။
ဒါပေမဲ့ ပထမအဆင့် ကျင့်ကြံသူ ဖြစ်ဖို့ကတော့ မလွယ်ကူပါဘူး။
အထင်ရှားဆုံး ဥပမာကတော့ ယင်ဟွိုက်ယွီပါပဲ။
သူ့ရဲ့ ပါရမီက ကိုယ်ခံပညာရှင်တွေထဲမှာ ထိပ်တန်းကပဲ။
သူ တစ်သက်လုံး ကြိုးစားခဲ့ပေမဲ့ သေခါနီးအထိ ဒီအတားအဆီးကို မကျော်လွှားနိုင်ခဲ့ပါပေ။
ပထမအဆင့် ကျင့်ကြံသူ ဖြစ်ဖို့ အဆင့်ကိုတောင် မအောင်မြင်နိုင်ခဲ့ချေ။
ပွင့်ပွင့်လင်းလင်း ပြောရရင် ပထမအဆင့် နဲ့ ဒုတိယအဆင့် အထက်ပိုင်းကြားက ခြားနားချက်ဟာ မိုးနဲ့မြေလို ဖြစ်သည်။
ရူယိ ပေါ်လာတာက သိုင်းလောကကို အမြင်ကြည်စေနိုင်ပြီး အားကျစေနိုင်သည်။
ဒါပေမဲ့ လင်ချွမ်သာ လူသိရှင်ကြား ဖြစ်သွားရင် သိုင်းလောက တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလိမ့်မည်။
အဲဒီကျရင် သူ အေးအေးဆေးဆေး ကျင့်ကြံနိုင်တော့မှာ မဟုတ်ပေ။
“အကြီးအကဲ!”
ယင်ဟွိုက်ယွီက မျက်နှာငယ်လေးဖြင့် တောင်းပန်ရှာသည်။
သူကတော့ အားလုံးရှေ့မှာ ကြွားလုံးထုတ်ခဲ့ပြီးပြီ။
လင်ချွမ်သာ သဘောမတူရင် သူ သေခြင်းနဲ့ပဲ အပြစ်ပေးခံရဖို့ ရှိတော့တယ်။
“ဟွန့်!”
“ခင်ဗျား ဘာပဲပြောပြော ကျွန်တော် ကိုယ်တိုင်တော့ ထွက်မတိုက်ဘူး"
လင်ချွမ်က အေးစက်စွာ ပြောလိုက်သည်-
“ဒါပေမဲ့ ပါရမီရှင်တစ်ယောက်ရဲ့ မာန်မာနကို နှိမ်နင်းရတာကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းပုံရတယ်"
“ကျွန်တော် ကိုယ်တိုင် မတိုက်နိုင်ပေမဲ့ ရူယိကို လုံးဝ အနိုင်ယူနိုင်မယ့် ကျွမ်းကျင်သူတစ်ယောက်ကိုတော့ လေ့ကျင့်ပေးနိုင်ပါတယ်"
“သူ့ကို ကျွန်တော့်အစား ရှောင်လင် ပါရမီရှင် တပည့်နဲ့ ရင်ဆိုင်ခိုင်းလိုက်မယ်"