← Chapters

သူ ပြန်ရှင်လာတော့ကော ဘာဖြစ်လဲ

Vol. 77 Ch. 1519

သူ ပြန်ရှင်လာတော့ကော ဘာဖြစ်လဲ

Vol. 77 Ch. 1519

~ရွှီကျင်းရှင်းနှင့် ကျန်သူများသည် သူ့၏ မြှောက်ပင့်စကားကို ဂရုမစိုက်ကြသော်လည်း သူ့စကားထဲတွင် အမှန်တရား အချို့ ပါဝင်နေကြောင်း ဝန်ခံရပေမည်။

ဤနေရာကြီးမှာ ဤမျှ ကျယ်ဝန်းလှသော်လည်း ယဲ့ဖန်သည် သဲလွန်စကို လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ သူ၏ အကဲခတ်စွမ်းရည်မှာ သာမန်ထက် လွန်ကဲလွန်းလှပေသည်။

ဤကဲ့သို့သော ခေါင်းဆောင်မျိုး ရှိနေသမျှ ကာလပတ်လုံး မည်သည့်အန္တရာယ်မျိုးနှင့် ကြုံတွေ့ရစေကာမူ ကြောက်ရွံ့စရာ မလိုတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူ ရှိနေသရွေ့ မမျှော်လင့်ထားသော အမှားအယွင်းများ ဖြစ်ပေါ်လာမည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။

ယဲ့ဖန်က ဒီကိစ္စအတွက် အချိန် ထပ်မဖြုန်းတော့ဘဲ ဖုန်းရှောက်ခွန်ကို ဖုန်းဆက်ပြီး ဂိုဒေါင်တစ်ခု ရှာခိုင်းကာ ကုန်တင်ကားနှစ်စီး လွှတ်ပေးရန် မှာလိုက်၏။

ရတနာသိုက်ထဲမှာ လက်နက်တွေ၊ ချပ်ဝတ်တွေ အများကြီး ရှိနေ၏။ ဒါတွေက ရှားပါးလှသော ရှေးဟောင်းပစ္စည်းတွေ ဖြစ်ပြီး အရေအတွက်လည်း မနည်းလှပါချေ။

မူလက သူသည် ဤပစ္စည်းများကို ခဏထားခဲ့ပြီး အချိန်ရမှ သယ်ထုတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ယခုမူ အစီအစဉ် ပြောင်းလဲသွားချေပြီ။... ရတနာများကို ကြိုတင် ရွှေ့ပြောင်းထားမှသာ ဖြစ်ချေမည်။

လန်ရှင်းယွဲ့ ပြန်သွားပြီး လျှို့ဝှက်ဂိုဏ်းအား သတင်းပေးပို့လိုက်ပါက သူတို့ ကြားဖြတ် လုယူသွားမည်ကို စိုးရိမ်ရပေသည်။

ဖုန်းရှောက်ခွန်၏ စွမ်းဆောင်ရည်က အလွန် စိတ်ချရသည်။ နာရီဝက်မပြည့်မီမှာပင် ကုန်တင်ကားကြီး နှစ်စီး ရောက်ရှိလာ၏။

ယဲ့ဖန်က ဖူမာနင်ဂျာ ဆယ်ဦးကို သူတို့ စီးလာသော ကားတွေမောင်းပြီး ဂိုဒေါင်ကို သွားစောင့်ခိုင်းလိုက်၏။ ပြီးနောက် ကောင်းကင်ဝံပုလွေအဖွဲ့ကို ခေါ်ပြီး ရတနာသိုက်ထဲ ဝင်ကာ လက်နက်တွေ၊ ချပ်ဝတ်တွေကို သယ်ထုတ်ပြီး ကားပေါ် တင်ခိုင်းလိုက်၏။

သေမင်းတမန်တွေ၏ အလောင်းတွေကိုတော့ နောက်ထပ် ကုန်တင်ကားတစ်စီးပေါ် ပစ်တင်လိုက်ကြ၏။

အလုပ်အားလုံး ပြီးစီးသွားချိန်တွင် မိုးလင်းစပြုနေ‌ပြီ ဖြစ်လေ၏။

ယဲ့ဖန် သမ်းဝေလိုက်မိရာ ကျန်သူများပါ လိုက်သမ်းမိကုန်ကြ၏။

တစ်ညလုံး အလုပ်ရှုပ်ခဲ့ရပြီးနောက် အခုမှပဲ ပြီးစီးသွားတော့သည်။

“ကဲ... အိမ်ပြန်ကြစို့...”

ယဲ့ဖန်က လက်ဝှေ့ယမ်းပြလိုက်ပြီး လက်နက်များ တင်ဆောင်ထားသော ကုန်တင်ကားပေါ်သို့ ဦးဆောင် တက်လိုက်၏။

ယာဉ်မောင်းအပါအဝင် ဆိုလျှင် ကားခေါင်းခန်းတွင် လူသုံးယောက် ထိုင်လို့ရသည်။

ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့က အရင်ဆုံး တက်ထိုင်လိုက်ကြ၏။ သူမတို့တွေက အလောင်းတွေ တင်ထားသော ကားပေါ် မလိုက်ချင်ကြဘူး ဖြစ်သည်ကိုး။

ထိုင်ခုံမရလိုက်သည့် အားချန်ခမျာ ဝမ်းနည်းပက်လက် မျက်နှာပေးနှင့် အာသာတို့နောက် လိုက်ပြီး ဟိုဘက်ကားပေါ် တက်လိုက်ရရှာသည်။

ယာဉ်တန်းကြီးက ခမ်းနားစွာ စတင်ထွက်ခွာလာပြီး မြို့ထဲသို့ ဦးတည် မောင်းနှင်လာကြ၏။

“ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ... ဒီည ကြုံခဲ့ရတာတွေက လွန်ခဲ့တဲ့ အနှစ် (၂၀) လုံး ကြုံခဲ့ရတာတွေ ပေါင်းထားတာထက်တောင် ပိုများနေသေးတယ်...”

ဖူမာကျန်းဝူက ကားခန်းအလယ်တွင် ထိုင်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့

ပေ။

ပြတင်းပေါက်ဘေးတွင် ထိုင်နေသော ရွှီကျင်းရှင်းကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ဟုတ်တယ်... ဒီည ကြုံခဲ့ရတာတွေက ဝတ္ထုတစ်ပုဒ် ရေးလို့ ရလောက်တယ်...”

သူမက ငယ်ငယ်ကတည်းက စူးစမ်းလေ့လာရတာကို ဝါသနာပါခဲ့သော်လည်း မိသားစုက စည်းကမ်းကြီးလွန်း၍ အခွင့်အရေး မရခဲ့ပေ။

ဒီတစ်ခါမှသာ သူမ၏ ဆန္ဒတွေ တကယ် ပြည့်ဝသွားခဲ့ရလေသည်။

အပြင်ပန်းမှာ တည်ငြိမ်နေသယောင် ရှိသော်လည်း တကယ်တမ်းကျတော့ သူမ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်အကြောင်း မှတ်တမ်းတင်ထားချင်မိသည်။

နောင်တစ်ချိန် အသက်ကြီးသွားလျှင် ဒါက လှပသော အမှတ်တရ တစ်ခု ဖြစ်လာပါမည်။

ယဲ့ဖန်ကတော့ သူတို့လောက် ခံစားချက် မပြင်းထန်ပါ။ သူက ဒီပစ္စည်းတွေကို ဂိုဒေါင် မြန်မြန်ပို့ပြီး အိမ်ပြန် အိပ်ချင်နေ‌ပြီ ဖြစ်၏။

ကံဆိုးတာက ကိစ္စ တော်တော်များများက ကိုယ် ဖြစ်ချင်တိုင်း ဖြစ်မလာတတ်ပေ။

စွန့်စားခန်း တစ်ခု၊ ပြီးတော့ တိုက်ပွဲကြီး တစ်ခု ဆင်နွှဲခဲ့ရပြီးပြီ ဖြစ်၍၊ ယဲ့ဖန်နှင့် ကျန်သည့် လူတွေ အတော်လေး ပင်ပန်းနွမ်းနယ်နေကြလေပြီ။

နောက်ထပ် အခက်အခဲတွေ မရှိလောက်တော့ဘူးဟု သူ ထင်ခဲ့မိသည်။

သို့သော် ကားမောင်းလာပြီး ခဏအကြာတွင် တစ်စုံတစ်ခု ထပ်ဖြစ်လာပြန်သည်။

ယဲ့ဖန် ကားမောင်းနေရင်း လမ်းဘေးတစ်ဖက်စီတွင် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ထိုင်နေသည်ကို လှမ်းမြင်လိုက်ရသည်။

သူတို့ကားကို မြင်လိုက်ရသောအခါ ထိုလူများက စီးကရက်တိုများကို ပစ်ချလိုက်ပြီး မတ်တပ်ရပ်ကာ လမ်းလယ်ခေါင်သို့ လျှောက်လာပြီး လမ်းပိတ်လိုက်ကြ၏။

ငိုက်မြည်းနေကြသော ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ ချက်ချင်း နိုးလာကြ၏။

“ဘာဖြစ်တာလဲ...”

ဖူမာကျန်းဝူက အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း အပြင်ကို ဇဝေဇဝါ လှမ်းကြည့်လိုက်၏။

“ဓားပြတိုက်ခံရတာ...”

ရွှီကျင်းရှင်း၏ မျက်နှာထားက အလွန် တည်ငြိမ်နေသည်။ သူမက အဖွဲ့ထဲမှာ အားအနည်းဆုံး ဖြစ်သော်လည်း စိတ်ဓာတ် ကြံ့ခိုင်မှုကတော့ အကောင်းဆုံးပါပဲ။

အနက်ရောင်ဝတ် သေမင်းတမန်တွေ ဝိုင်းထားတုန်းကတောင် သူမ တည်ငြိမ်နေနိုင်ခဲ့သည်။

ဒါကို ယဲ့ဖန်တောင် လေးစားမိသည်။

သူက အစွမ်းထက်နေပြီ ဆိုသော်လည်း တစ်ခါတလေကျလျှင် တုန်လှုပ်မိတတ်သေးသည်။

သူမလို ဘာအင်အားမှ မရှိဘဲနှင့် ဒီလောက် တည်ငြိမ်ဿာ နှလုံးသားမျိုး ပိုင်ဆိုင်ထားတာကိုတော့ လေးစားရမည်ပါပင်။

“ထပ်ပြီးတော့လား...”

ဖူမာကျန်းဝူ ပြောစရာစကားမဲ့သွားသည်။

ဒီဓားပြတွေက သူတို့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိသော်လည်း ယင်ကောင်အုပ်ကြီးလိုပင်။ ကိုက်တော့ မကိုက်၊... သို့သော်၊ ရွံစရာ ကောင်းသည်။

ဂျပန်မှာသာ ဆိုလျှင် သူမ ဓားဆွဲပြီး ဒီလူတွေကို သတ်ပစ်လိုက်မိလိမ့်မည်။

သို့သော်၊ ဒီနေရာက တရုတ်ပြည် ဖြစ်နေတော့ သခင့်ကို ဒုက္ခမပေးချင်ပါ။

ယဲ့ဖန်က ထိုလူများနှင့် သုံးလေးမီတာအကွာသို့ ရောက်သောအခါ ကားကို ဖြည်းညင်းစွာ ရပ်လိုက်၏။

“ကားပေါ်က ဆင်းခဲ့...”

ပါးသိုင်းမွေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက ကားတံခါးကို ခေါက်ပြီး ဆင်းလာရန် အချက်ပြလိုက်၏။

ယဲ့ဖန်က မိန်းကလေးနှစ်ယောက်ကို မျက်ရိပ်ပြပြီး စိတ်လိုက်မာန်ပါ မလုပ်ကြရန် သတိပေးလိုက်၏။ ပြီးမှ သူအရင် ကားပေါ်က ဆင်းလိုက်၏။

ဓားပြများက ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်လာကြ၏။ သူတို့ဘဝမှာ သည်လောက် လှသော မိန်းမတွေကို အပြင်မှာ တစ်ခါမှ မမြင်ဖူးကြတာ သေချာသည်။

“ဟေ့ကောင်လေး... မင်းက မိန်းမကံ ကောင်းသားပဲ... ဘာလို့ အလှပဂေး နှစ်ယောက်ကို ခေါ်လာရတာလဲ...”

ပါးသိုင်းမွေးနှင့်လူကလည်း မိန်းကလေး နှစ်ယောက်ကို တပ်မက်စွာ ကြည့်လိုက်သော်လည်း ချက်ချင်း အကြည့် ပြန်ရုပ်လိုက်ပြီး နောက်မှ လက်အောက်ငယ်သားများကို အော်ဟစ်လိုက်၏။

“ဘာတွေ ကြည့်နေကြတာလဲ... မိန်းမ မမြင်ဖူးဘူးလား...”

“ဟဲဟဲ... အစ်ကိုကြီး... ကျွန်တော်တို့ မိန်းမတွေ အများကြီး မြင်ဖူးပါတယ်... ဒါပေမဲ့ ဒီလောက်လှတဲ့ မိန်းမမျိုး တစ်ခါမှ မမြင်ဖူးဘူးဗျ... အလုပ်မစခင် ဒီကောင်မလေးနှစ်ယောက်ကို တောထဲ ဆွဲခေါ်သွားပြီး ပွဲကြမ်းလိုက်ရမလား...”

နောက်လိုက်တစ်ယောက်က ချက်ချင်း အကြံပေးလိုက်၏။

ကျန်သော နောက်လိုက်တွေကလည်း ပါးသိုင်းမွေးကို မျှော်လင့်တကြီး ကြည့်နေကြ၏။ သူတို့မှာလည်း တူညီသော အတွေးတွေ ရှိနေတာ သေချာသည်။

ပါးသိုင်းမွေးက သူတို့ကို မျက်စောင်းထိုးလိုက်၏။

“ငါ့ကောင်ပဲ ငါ့ကောင်... ဦးနှောက် မရှိတဲ့ ကောင်တွေ... ရည်မှန်းချက်ကြီးကြီး ထားကြစမ်းပါကွာ... ငါတို့က ပိုက်ဆံပဲ လုတာ... မိန်းမ မလုဘူး... ဒါ ငါတို့ရဲ့ မူဝါဒပဲ...”

သူ့ဆူပူမှုကို ခံလိုက်ရပြီးနောက် နောက်လိုက်များက ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့ကို စိုက်ကြည့်နေကြဆဲ ဖြစ်သော်လည်း သူတို့၏ ယုတ်ညံ့သော အတွေးများကို ခေတ္တ ဖိနှိပ်ထားလိုက်ကြ၏။

ကြည့်ရတာ ဒီပါးသိုင်းမွေးက ဓားပြတွေကြားမှာ ဩဇာအာဏာ ကြီးမားပုံရသည်။

“အစ်ကိုကြီး... ခင်ဗျားက တကယ့် လူကြီးလူကောင်းပဲဗျာ...”

ယဲ့ဖန်က ပါးသိုင်းမွေးကို လက်မထောင်ပြလိုက်ပြီး အိတ်ကပ်ထဲမှ 'ဟွားဇီ' စီးကရက်တစ်ဘူးကို ထုတ်ကာ ဓားပြတစ်ယောက်ချင်းစီကို ဝေပေးလိုက်၏။

ဓားပြများက ဟွားဇီ စီးကရက်ကို မြင်သောအခါ မျက်လုံးများ ထပ်မံ အရောင်တောက်လာကြပြန်သည်။

“မဆိုးဘူး... မင်း စီးပွားရေးက တော်တော် ဖြစ်ထွန်းနေပုံရတယ်... ဒီလို စီးကရက်မျိုးတောင် သောက်နိုင်တယ်ပေါ့...”

ပါးသိုင်းမွေးက စီးကရက်ကို နှာခေါင်းနား တေ့ပြီး ရှူရှိုက်လိုက်ရာ မျက်နှာပေါ်တွင် ကျေနပ်မှုများ ပေါ်လွင်နေသည်။

ယဲ့ဖန်က သူ့အတွက် မီးခြစ် ခြစ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

“ဟား... ကျွန်တော်က ဝမ်းရေးအတွက် ရုန်းကန်နေရတာပါဗျာ... ပုံမှန်ဆို ဒီလို စီးကရက်မျိုး မသောက်နိုင်ပါဘူး... အစ်ကိုကြီးတို့ကို ဂါရဝပြုတဲ့အနေနဲ့ ထုတ်ပေးလိုက်တာပါ...”

ပါးသိုင်းမွေးက သူ့စကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့။

“မင်းက ပါးစပ်ချိုသားပဲ... ကားပေါ်မှာ ဘာတွေ ပါလဲ...”

“ဘာမှ မပါပါဘူး... ပရိဘောဂ အစုတ်တွေပါ...”

ယဲ့ဖန်က လိမ်ပြောလိုက်၏။

“ဖွင့်ပြစမ်း...”

ပါးသိုင်းမွေးက စီးကရက်ကို ဖွာရှိုက်လိုက်၏။ ဒီလူ၏ အဆုတ်အားက တော်တော်ကောင်းသည်။ တစ်ချက် ရှိုက်လိုက်သည်နှင့်၊ စီးကရက် တစ်ဝက်လောက် ကုန်သွားသည်။

ယဲ့ဖန်က တောင်းပန်သလို ပြုံးပြလိုက်၏။

“အစ်ကိုကြီး... ကျွန်တော်တို့က အလုပ်အပ်ဖို့ အလျင်လိုနေလို့ပါ... မကြည့်လို့ မရဘူးလားဗျာ...”

သူက ပြောပြောဆိုဆို အိတ်ကပ်ထဲမှ ငွေစက္ကူ တစ်ထပ်ကို ထုတ်ယူလိုက်၏။ ယွမ်နှစ်ထောင်ခန့် ရှိမည်။

“ဒီပိုက်ဆံလေး ယူပြီး ညီအစ်ကိုတွေအတွက် စီးကရက်ဖိုး လုပ်လိုက်ပါဗျာ... ကျွန်တော်တို့ကို လွှတ်ပေးလိုက်ပါနော်...”

သူ တကယ် ပြဿနာ မတက်ချင်ပါ။ ပိုက်ဆံနှင့် ရှင်းလို့ ရလျှင် အကောင်းဆုံးပါပင်။

All Chapters