မစ္စတာယဲ့ရဲ့ ရန်သူဟာ ကျွန်မရဲ့ ရန်သူပဲ...
Vol. 78 Ch. 1532
~သို့သော်... လျိုရှင်းကျိုးလို ငှက်မွှေး၊ ကြက်မွှေး လူက ထိုကဲ့သို့ ဩဇာ ကြီးမားသော ပုဂ္ဂိုလ်နှင့် မည်သို့ အဆက်အသွယ် ရှိနိုင်မည်နည်း။
သူသည် မြေအောက် ကာစီနိုဝိုင်း တစ်ခုတွင် ကစားနေတုန်းက သူမကို အဝေးကနေ တစ်ချက်သာ လှမ်းမြင်ဖူးခြင်း ဖြစ်၏။ ထိုစဉ်က သူမ၏ ကျက်သရေ ရှိမှုနှင့် ထက်မြက်မှုတို့ကြောင့် သူ မျက်စိကျိန်းမတတ် ဖြစ်ခဲ့ရဖူးသည်။
သူမ၏ ခြေလှမ်းတိုင်းတွင် ပါဝင်သော ရဲရင့်ပြတ်သားမှုက ယောကျာ်းသားတိုင်းကို ဒူးထောက် အညံ့ခံချင်စိတ် ပေါက်သွားစေနိုင်လောက်သည်။
'မဖြစ်နိုင်ပါဘူးကွာ...'
'ဒီကောင်လေးက အဲဒီလိုလူမျိုးကို ဘယ်လိုလုပ် သိနိုင်မှာလဲ...'
လျိုရှင်းကျိုး စိတ်ထဲတွင် ချက်ချင်း ငြင်းပယ်လိုက်၏။ နားကြားမှားတာပဲ ဖြစ်ရမည်။
ထိုအချိန်တွင် ယဲ့ဖန်က ဖြည်းညင်းစွာ စကားဆိုလိုက်လေ၏။
"သူဌေးယွီ... ကျွန်တော့်မှာ ပြဿနာလေး တစ်ခု ဖြစ်နေလို့... ခင်ဗျားအကူအညီ လိုနေတယ်..."
ထိုစကားကို ကြားလိုက်သောအခါ လျိုရှင်းကျိုး ခြေထောက်များ ပျော့ခွေသွားပြီး ဒူးထောက်မတတ် ဖြစ်သွားရလေ၏။
တိုက်ဆိုင်မှု ဆိုတာ ဒီလောက်ထိ ဖြစ်နိုင်ပါ့မလား။ ဖုန်းထဲက အမျိုးသမီးရဲ့ မျိုးရိုးနာမည်ကလည်း 'ယွီ' တဲ့လား။
တကယ်ပဲ... ဟိုမိန်းမများလား။
ထိုစဉ် တစ်ဖက်မှ အမျိုးသမီးက ပြန်ပြောလိုက်သည်။
"မစ္စတာယဲ့ရယ်... ရှင် ကျွန်မကို ဆဲနေတာလား... ရှင့်ကိစ္စက ကျွန်မကိစ္စပါပဲ... အားနာစရာ စကားတွေ ပြောမနေပါနဲ့..."
ယဲ့ဖန် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ အားမနာတော့ဘူးဗျာ... ကျွန်တော် အခု တုန်ကျန်းဆိပ်ကမ်းက စားသောက်ဆိုင်တန်းမှာ ရောက်နေတယ်... ပြဿနာ နည်းနည်း တက်နေလို့ လူအချို့ လွှတ်ပေးပါလား..."
"ကိစ္စမရှိပါဘူး... ဘယ်နှစ်ယောက်လောက် လိုချင်လဲ..."
"သိပ်အများကြီး မလိုပါဘူး... ဟိုဘက်က လူ (၁၀၀) ကျော်လောက်ပဲ ရှိတာ... (၂၀၀) လောက် လွှတ်လိုက်ရင် ရပြီ..."
"ကောင်းပါပြီ... အခုချက်ချင်း စီစဉ်ပေးလိုက်မယ်... ဘယ်ကောင်ကများ ပြဿနာ လာရှာရဲလဲ ကြည့်ချင်သေးတယ်... မစ္စတာယဲ့နဲ့ ရန်သူဖြစ်တာက ကျွန်မတို့ ဇာမဏီသုံးကောင်ဂိုဏ်း ရန်သူဖြစ်တာပဲ... သူ ပေးဆပ်ရမယ့် တန်ဖိုးက ကြီးမားစေရမယ်..."
လျိုရှင်းကျိုးသည် နားစွင့်နေခဲ့ရာမှ ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားတော့သည်။
တစ်ဖက်လူက တကယ်ပဲ ယွီဖုန်းရှန်း ဖြစ်နေသည် မဟုတ်ပါလော။
ကျန်းကော မြေအောက်လောက၏ ငြင်းမရသော ဘုရင်မ။
ဇာမဏီသုံးကောင်ဂိုဏ်းကို ပြစ်မှားမိခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို တွေးမိလိုက်သောအခါ သူ တစ်ကိုယ်လုံး တုန်ရီသွားပြီး ဘောင်းဘီထဲတွင်ပင် ဆီးထွက်ကျသွားတော့သည်။
သူတင်မက၊ လျိုခွမ်းဟိုင်နှင့် သူ့လူများလည်း ကြောက်လွန်း၍ သွေးပျက်မတတ် ဖြစ်ကုန်ကြသည်။
ဒါက ယွီဖုန်းရှန်းလေ။ ကျန်းကောမှာ အကြီးဆုံး ဂိုဏ်းဖြစ်တဲ့ ဇာမဏီသုံးကောင်ဂိုဏ်းရဲ့ ခေါင်းဆောင်။
ကျန်းကောရဲ့ မြေအောက် ဘုရင်မကြီး။
သူမကို လူချင်း မမြင်ဖူးလျှင်တောင်မှ သူမ၏ ဒဏ္ဍာရီများကိုတော့ အားလုံး ကြားဖူးကြသည်။
သူမကို ပြစ်မှားမိလျှင် ဘာဖြစ်သွားမလဲ ဆိုတာကိုလည်း ကောင်းကောင်း သိကြသည်။
ယဲ့ဖန်သည် ဖုန်းကို သိမ်းလိုက်ပြီး လျိုရှင်းကျိုးကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်လိုက်လေ၏။
"ဪ... နေပါဦး... ခင်ဗျား နာမည်က ဘယ်သူပါလိမ့်..."
"ကျွန်... ကျွန်တော်... ကျွန်တော်က လျိုခွမ်းဟိုင် ဆိုတဲ့ကောင် လိမ်တာ ခံလိုက်ရတာပါဗျာ... ဒီကောင်စုတ် ကျွန်တော့်ကို လိမ်တာပါ..."
လျိုရှင်းကျိုးသည် ဗြုန်းစားကြီး.. ထရပ်လိုက်ပြီး လျိုခွမ်းဟိုင်ကို ခြေထောက်ဖြင့် ကန်ချလိုက်လေ၏။ ထို့နောက် အပေါ်မှ ခွကာ လက်သီးဖြင့် ထိုး၊ ခြေထောက်ဖြင့် ကန် လုပ်တော့သည်။
ဒါနှင့်တင် အားမရသေးဘဲ နောက်မှ သူ့တပည့်များကိုပါ လှမ်းအော်လိုက်၏။
"ရိုက်ကြစမ်း... ဝိုင်းရိုက်ကြ... မစ္စတာယဲ့ကိုတောင် ပြစ်မှားရဲတယ်... မင်း သေချင်နေတာလား..."
သူ့တပည့်များက ချက်ချင်းပင် လျိုခွမ်းဟိုင်နှင့် သူ့လူများကို ဝိုင်းရံပြီး ထုနှက်ကြတော့သည်။
လျိုခွမ်းဟိုင်တို့ အုပ်စုခမျာ အသေအလဲ အရိုက်ခံရပြီး အော်ဟစ် ငိုယိုနေကြရှာသည်။
လျိုရှင်းကျိုးသည် ခွေးလိမ္မာလေးတစ်ကောင်လို ယဲ့ဖန်အနားသို့ ပြေးသွားလိုက်၏။
"မစ်.. မစ္စတာယဲ့... ဒီကောင်တွေကို ဘယ်လို စီရင်ချင်လဲ ခင်ဗျာ... အမိန့်သာ ရှိပါ... ကျွန်တော် သေသေချာချာ လုပ်ပေးပါ့မယ်..."
ယဲ့ဖန် ပြုံးစစဖြင့် ကြည့်လိုက်သည်။
"ဒါ ခင်ဗျားတူလေ... ခင်ဗျား တကယ် လုပ်ရက်လို့လား..."
လျိုရှင်းကျိုးသည် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ တောင်းပန်တိုးလျှိုးစွာ ပြုံးပြလိုက်သည်။
"ဘယ်သူက သူ့ကို မစ္စတာယဲ့ကို စော်ကားခိုင်းလို့လဲဗျာ... တူမပြောနဲ့... ကျွန်တော့် အဖေအရင်း ဖြစ်နေရင်တောင် မစ္စတာယဲ့ကို စော်ကားရင် ကျွန်တော့် ရန်သူပဲ..."
ယဲ့ဖန် မထီမဲ့မြင် ပြုလိုက်မိ၏။
ကိုယ့်အသက်ရှင်ဖို့အတွက် ကိုယ့်သွေးသားရင်းကိုတောင် ပြန်ကိုက်ရဲတဲ့ လူ။
ယဲ့ဖန်၏ ရွံရှာသော မျက်နှာထားကို မြင်သောအခါ လျိုရှင်းကျိုး ရင်ထိတ်သွားသည်။ သူသည် အလျင်အမြန်ပင် ထပ်မံ မျက်နှာလုပ်လိုက်သည်။
"မစ္စတာယဲ့... အမိန့်သာ ပေးလိုက်ပါ... ဒီကောင့်ကို အပိုင်းပိုင်းခုတ်ပြီး ခွေးကျွေးပစ်လိုက်မယ်..."
ယဲ့ဖန် လက်ကာပြလိုက်သည်။
"မလိုပါဘူး... ကျွန်တော်က ဥပဒေလိုက်နာတဲ့ နိုင်ငံသားကောင်း တစ်ယောက်ပါ... သူတို့က ဥပဒေနဲ့ မလွတ်ကင်းတာတွေ အများကြီး လုပ်ထားမှာပဲ... ရဲစခန်းကို ပို့လိုက်... အပြစ်ရှိရင် ဥပဒေအတိုင်း အရေးယူခံရမှာပေါ့..."
"မစ္စတာယဲ့က တကယ့်ကို ဉာဏ်ပညာ ကြီးမားပါပေတယ်... ဒီကောင်က မကောင်းမှုတွေ အများကြီး လုပ်ထားတာ... ထောင်ဒဏ် (၈) နှစ်၊ (၁၀) နှစ်လောက်တော့ အနည်းဆုံး ကျမှာပါ..."
လျိုရှင်းကျိုး အလျင်အမြန် ထောက်ခံလိုက်သည်။
ယဲ့ဖန် စိတ်ကျေနပ်သွားဖို့သာ အဓိက။ လျိုခွမ်းဟိုင် ဘာမှ မလုပ်ထားရင်တောင်မှ အမှုတစ်ခုခု ဆင်ပြီး ထောင်ထဲပို့လို့ ရသည်ပဲလေ။ ဒီကောင်က မစင်မကင်းတာတော့ သေချာသည်။
သဘောတူပြီးနောက် သူသည် အခွင့်ကောင်းယူကာ လစ်ပြေးရန် ပြင်လိုက်သည်။
"နေပါဦး..."
ယဲ့ဖန် ရုတ်တရက် တားလိုက်သည်။
"မစ္စတာယဲ့... ဘာများ ထပ်ခိုင်းစရာ ရှိလို့လဲ ခင်ဗျ..."
လျိုရှင်းကျိုး စိုးရိမ်တကြီး မေးလိုက်သည်။
"ခင်ဗျား ခုနက ပြောသွားတာလေ... ဒီနေ့ ကျွန်တော့်ကို ပညာမပေးနိုင်ရင် မစင်စားပြမယ် ဆို... မှတ်မိသေးလား..."
ယဲ့ဖန် ပြုံးစစဖြင့် ကြည့်လိုက်သည်။
လျိုရှင်းကျိုး ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။
"မစ္စတာယဲ့... အဲ... အဲ..."
"ဘာလဲ... ယောက်ျားကောင်း တစ်ယောက်က ကတိတည်ရတယ်လေ... ကိုယ့်ဘာသာ စားမလား... ဒါမှမဟုတ် ကျွန်တော် ကိုယ်တိုင် ခွံ့ကျွေးရမလား..."
ယဲ့ဖန်၏ အကြည့်များ စူးရှထက်မြက်လာသည်။
လျိုရှင်းကျိုး တစ်ကိုယ်လုံး တုန်ရီသွားသည်။
"စား... စားပါ့မယ်... ကျွန်တော်... အခုပဲ စားပြပါ့မယ်..."
ပြောပြီးသည်နှင့် သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ အများသုံးအိမ်သာ တစ်လုံးကို တွေ့လိုက်ရသည်။ သူသည် စိတ်ကို တင်းကာ ထိုအထဲသို့ ဝင်သွားတော့သည်။
(၅) မိနစ်ခန့်အကြာတွင် ပြန်ထွက်လာသည်။
သူ့နှုတ်ခမ်းထောင့်စွန်းတွင် အဝါရောင် အရာဝတ္ထုအချို့ ပေကျံနေလေ၏။
ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ ရုတ်တရက် အန်ချင်စိတ် ပေါက်သွားကြသည်။
လျိုရှင်းကျိုးက သူတို့ဆီ လျှောက်လာနေသည်ကို တွေ့သောအခါ ယဲ့ဖန် အမြန် တားလိုက်ရသည်။
"ရပြီ... ရပြီ... ဒီဘက် မလာနဲ့တော့... သူ့ကို ရဲစခန်း မြန်မြန် ပို့လိုက်တော့..."
လျိုရှင်းကျိုးသည် မြေကြီးပေါ်တွင် ဝပ်တွားကာ အော့အန်လိုက်ပြီးနောက် ယဲ့ဖန်ကို ဦးညွှတ်အရိုအသေပေးကာ၊ သူ့တပည့်များကို လျိုခွမ်းဟိုင်တို့ အုပ်စုအား ရဲစခန်းသို့ ခေါ်သွားရန် အမိန့်ပေးလိုက်လေ၏။
ထိုလူအုပ်ကြီး အဝေးသို့ ရောက်သွားမှသာ ပုန်းအောင်းနေကြသော ဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် ပြန်ထွက်လာရဲကြတော့သည်။
အားလုံးက ယဲ့ဖန်ကို တိတ်တဆိတ် အကဲခတ်နေကြသည်။
အရင်တုန်းကတော့ အားလုံး၏ အကြည့်က ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့အပေါ်တွင် ရှိနေခဲ့၏။
သို့သော် ယခုအချိန်တွင်တော့ အားလုံး၏ အာရုံစိုက်မှုက ယဲ့ဖန် တစ်ယောက်တည်း အပေါ်တွင်သာ ကျရောက်နေတော့သည်။
ဓားကိုင်ထားသော လူမိုက် (၁၀၀) ကျော် ဝိုင်းရံထားသည့်ကြားမှ အေးဆေး တည်ငြိမ်စွာ ရင်ဆိုင်ရဲသည့် သူ၏ သတ္တိနှင့် ကျက်သရေကို သူတို့ လေးစားသွားကြ၏။
အထူးသဖြင့် နောက်ဆုံး ဖုန်းခေါ်ဆိုမှုက လျိုရှင်းကျိုးကို ကြောက်လွန်း၍ မစင်စားပြရသည်အထိ ဖြစ်သွားစေခဲ့သည် မဟုတ်ပါလော။
ဒီလို အင်အားမျိုးကလည်း တုန်လှုပ်စရာ ကောင်းလှသည်။
သူ ဒီလောက် တည်ငြိမ်နေနိုင်တာ အံ့သြစရာ မဟုတ်တော့ပေ။ သူ့မှာ ကျောထောက်နောက်ခံ ကောင်းကောင်း ရှိနေတာကိုး။
ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ကတော့ မအံ့သြကြပေ။ သို့သော် လျိုခွမ်းဟိုင်နှင့် လျိုရှင်းကျိုးတို့ကို တွေးမိတိုင်း ရယ်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်နေကြသည်။
ပထမလူက ယဲ့ဖန်လက်ချက်နှင့် (၃) ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရတာတောင် မှတ်ဉာဏ် မကောင်းရှာပေ။
နောက်ဆုံးကျတော့ ကိုယ့်ဦးလေးအရင်းက ကိုယ့်ကို ရဲစခန်းပို့ပြီး ထောင်နန်းစံရမည့် ကိန်း ဆိုက်သွားရသည်။
ဒုတိယလူကတော့ ပိုရယ်ရသည်။ အသက်ရှင်ဖို့အတွက် တူအရင်းကို သစ္စာဖောက်ရုံတင်မကဘူး၊ နောက်ဆုံး မစင်ပါ စားပြလိုက်ရ၏။
ဒီလူ နောက်နောင် သူ့အသိုင်းအဝိုင်းကြားမှာ ခေါင်းမဖော်ရဲတော့မှာ သေချာသည်။
ယဲ့ဖန်နှင့် လိုက်သွားတိုင်း ကျေနပ်စရာ ကောင်းတာချည်းပါပင်။
ထိုသို့၊ လျိုခွမ်းဟိုင်တို့ အဖွဲ့ နှောင့်ယှက်လိုက်သဖြင့် ယဲ့ဖန်တို့ သုံးယောက် ဗိုက်မဝလိုက်ကြပေ။
ထို့အပြင် ယဲ့ဖန်၏ အစွမ်းပြမှုကြောင့် သူသည် ဤအစားအသောက်တန်းတွင် အထင်ရှားဆုံး လူသား ဖြစ်သွားခဲ့၏။
ဘေးပတ်ဝန်းကျင်မှ လူအများအပြားက သူတို့ကို လက်ညှိုးထိုးကာ ပြောဆိုနေကြသည်။ ဒီနေရာမှာ ဆက်စားဖို့ မဖြစ်နိုင်တော့ကြောင်း သိသာလှသည်။
ယဲ့ဖန်သည် မိန်းကလေးနှစ်ယောက်ကို ခေါ်ပြီး အခြားနေရာ တစ်ခုသို့ ပြောင်းရွှေ့လိုက်ရသည်။ ထိုအခါမှ နားအေးပါးအေး ရှိသွားတော့သည်။
ဤလမ်းသည် စားသောက်ဆိုင်တန်းနှင့် မဝေးလှပေ။ မီးပွိုင့်တစ်ခုသာ ခြားသော်လည်း ဟိုဘက်လောက် လူမရှုပ်ပေ။
သူတို့သုံးယောက်သည် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ပြီး ခေါက်ဆွဲ (၃) ပွဲ မှာလိုက်ကြသည်။
ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့သည် ယဲ့ဖန်ကို ကပ်စေးနည်းသည်ဟု ပွစိပွစိ ပြောနေကြသည်။
ဒီလူက ခုနလေးတင် ငွေ (၅) သန်း ခြိမ်းခြောက် ယူထားပြီးတော့၊ သူတို့ကိုကျတော့ ခေါက်ဆွဲပဲ တိုက်တယ်တဲ့။ တကယ့် ကပ်စေးနဲကောင် ဟူ၍ပင်။
ယဲ့ဖန်ကတော့ သူတို့ ပြောတာကို ဂရုမစိုက်ဘဲ ခေါက်ဆွဲကိုသာ အရသာခံပြီး စားနေလိုက်ပါသည်။