← Chapters

မင်း ပုန်ကန်ချင်တာလား

Vol. 12 Ch. 142

မင်း ပုန်ကန်ချင်တာလား

Vol. 12 Ch. 142

ယွင်လီ၊ “နန်ဟန်က ငါ မော့ယွင်ဖုန့်ကို ထိန်းချုပ်နေတာကို မတော်တဆ တွေ့သွားတယ်။ သူက မော့ယွင်ဖုန့်ကို သူ့အတွက် အလုပ်လုပ်ပေးဖို့ ဆားအိတ်တစ်ရာနဲ့ လဲလှယ်ခဲ့တယ်။”

မော့ကျိုးယွီ၊ “နန်ဟန်က မော့ယွင်ဖုန့်ကို ဘာလုပ်ခိုင်းတာလဲ။”

ယွင်လီ၊ “သူ နှစ်ပေါင်းများစွာ အားထုတ်ကြိုပမ်းခဲ့တဲ့ ဆားဂိုဏ်းကို မော့ယွင်ဖုန့်က အမြစ်ဖြတ် သုတ်သင်ဖို့ ဦးဆောင်ခဲ့တယ်လို့ပြောတယ်။ အခု သူ့ပတ်ဝန်းကျင်မှာ သိုင်းပညာမြင့်မားပြီး နာခံတတ်တဲ့သူမျိုး မရှိတော့ဘူး။ ဆားဂိုဏ်းမှာ ခေါင်းဆောင် လိုနေတယ်။ သူက မော့ယွင်ဖုန့်ကို ဒီနေရာအတွက် အသင့်တော်ဆုံးသူပဲလို့ထင်တယ်။ သူ့စိတ်စွမ်းအားကို ငါက ထိန်းချုပ်နိုင်တဲ့အပြင် ငါ လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ သူက လူတစ်ရာကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိတယ်။”

မော့ကျိုးယွီ၊ “ခင်ဗျား ဒီနေ့ နန်ဟန်နဲ့ ဘာဖြစ်လို့ တွေ့တာလဲ။”

ယွင်လီ၊ “မော့ယွင်ဖုန့်က ငါ့ရဲ့ ရုပ်သေးကူထိန်းချုပ်မှုအောက်ကနေ မကြာခဏဆိုသလို လွတ်မြောက်လာတယ်။ နောက်ဆုံးနည်းလမ်းအနေနဲ့ သူ့ကို ခဏလောက် သတိမေ့သွားအောင် ငါ့ဆီက မိခင်ကူကို အသုံးပြုပြီး ထိန်းချုပ်နိုင်ခဲ့တယ်။

ဒီအတောအတွင်း ငါက မော့ယွင်ဖုန့်အနားကို အမြန်ပြေးသွားပြီး သူ့ကို မိခင်ကူရဲ့ အနီးကပ် ထိန်းချုပ်ခွင့်ပေးလိုက်တယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က မိခင်ကူဆီမှာ တစ်ခုခု မှားယွင်းနေတာကို ငါတွေ့ခဲ့တယ်။ ဒါနဲ့ မော့ယွင်ဖုန့်ဆီမှာ ပြဿနာရှိနေမှန်းသိလို့ ငါ ဒီကို အကူအညီပေးဖို့ အပြေးရောက်လာခဲ့တာပဲ။”

မော့ကျိုးယွီသည် သူ သိချင်တာတွေ အကုန်နီးပါး သိသွားပြီလို့ ခံစားရပြီး နောက်တစ်ဆင့်ကတော့ သူ နှစ်ပေါင်းများစွာ မုန်းတီးခဲ့တဲ့ ဒီရန်သူကို သတ်ပစ်ဖို့ပါပဲ။

သို့သော် ထိုမတိုင်ခင် ယွင်လီအား သူ့သခင်က ဘယ်သူဟု ထပ်မေးချင်သေးသည်။ ဟဲကျစ်ယန်က သူ့သခင်က ဘယ်သူလဲဟု မေးသောအခါတွင် ယွင်လီထံမှာ ပုံမှန်မဟုတ်သော တုံ့ပြန်မှုတစ်ခု ရှိနေတာကို တွေ့လိုက်မိသည်။

ထို့ကြောင့် မော့ကျိုးယွီသည် ယွင်လီအား အခြားနည်းဖြင့် မေးကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။

“ခင်ဗျားရဲ့ သခင်က အခု ဘယ်မှာလဲ။”

ဟုတ်ပါတယ်၊ သူ့သခင်က ဘယ်သူလို့ မမေးမြန်းသရွေ့ ယွင်လီက အရမ်းစိတ်လှုပ်ရှားနေမှာ မဟုတ်ဘူး။

“ငါ့သခင်က တစ်နှစ်ပတ်လုံး လှည့်ပတ်သွားနေတာ၊ သူ ဘယ်မှာ ရှိနေမှန်း ခန့်မှန်းလို့ မရဘူး။ ငါ သူနဲ့ မတွေ့တာ သုံးနှစ်လောက် ရှိပြီ။”

မော့ကျိုးယွီ မျက်မှောင်ကြုတ်သွားသည်၊ “ခင်ဗျားသခင်ရဲ့ ပုံပန်းသွင်ပြင်က ဘယ်လိုရှိလဲ။”

ယွင်လီ၊ “ငါ့သခင်က ဆံပင်ဖြူရှိပေမယ့် ငယ်ရွယ်နုပျိုပုံပေါ်တယ်။ အပြင်ထွက်ရင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်လေ့ ရှိတယ်။ နောက်ပြီး သူက မိန်းမလို ဝတ်ရတာ ကြိုက်တယ်။ ငါသိတာ ဒါအကုန်ပဲ။”

မော့ကျိုးယွီ၊ “ခင်ဗျားသခင်က ဘယ်သူလဲ။”

သူ ထိုသို့ မေးမြန်းပြီးသည်နှင့် ယွင်လီက သူမ၏ ခေါင်းကို ပွေ့ဖက်ပြီး ငိုကြွေးမြည်တမ်းပြန်သည်။

“ငါ မပြောနိုင်ဘူး… ငါ မပြောနိုင်ဘူး…”

ဟဲကျစ်ယန်သည် အိတ်ဆောင်နာရီ၏ လွှဲနှုန်းကို ပြန်လည်ချိန်ညှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သက်ရောက်မှု လုံးဝ မရှိခဲ့ပေ။

ယွင်လီသည် အကြိမ် အနည်းငယ် ငိုကြွေးပြီးနောက် သူ့မျက်လုံးများ ပိုမိုရှင်းလင်းလာခဲ့သည်။

ယွင်လီထံတွင် သူမ၏ အိပ်မွေ့ချခြင်း မအောင်မြင်တော့ကြောင်း ဟဲကျစ်ယန် ရှင်းရှင်းလင်းလင်း သိသည်။

ယွင်လီ သတိပြန်လည်လာပြီးနောက်တွင် ဖြစ်ပျက်ခဲ့သမျှကို မသိလိုက်ဘဲ သူမက မော့ကျိုးယွီကို လှောင်သလို ပြောင်သလို စိုက်ကြည့်နေသေးသည်။

“မော့ယွင်ဖုန့်က ငါ့ရုပ်သေးကူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်ဆိုတာ ငါ ပွင့်ပွင့်လင်းလင်း ပြောပြပေးနိုင်တယ်။ ငါ သေသွားရင် ငါ မွေးထားတဲ့ မိခင်ကူက ငါနဲ့ အတူ သေသွားလိမ့်မယ်။

နင်က ဗဟုသုတပြည့်စုံတဲ့သူတစ်ယောက်ပဲ။ နောက်ထပ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ငါ မရှင်းပြရင်လည်း နင် နားလည်နိုင်လိမ့်မယ်လို့ ငါထင်တယ်။”

ယွင်လီ သေဆုံးသွားပြီးနောက် ဘာဖြစ်သွားမယ်ဆိုတာကို မော့ကျိုးယွီက သေချာပေါက် သိတာပေါ့။

ယွင်လီနှင့် မိခင်ကူတို့ တစ်ချိန်တည်းမှာ သေဆုံးသွားတာထက် ဘာမှ မပိုပါဘူး၊ ကလေးကူက မိခင်ကူနှင့် အတူ သေဆုံးသွားမှာဖြစ်ပြီး ကလေးကူ ကူးစက်ခံထားရသော လက်ခံကိုယ်သည်လည်း အတူသေဆုံးသွားပေလိမ့်မည်။

သို့သော်လည်း ယွင်လီ မသိသေးသည်မှာ ကလေးကူကို မော့ယွင်ဖုန့်၏ ခန္ဓာကိုယ်မှ အောင်မြင်စွာ ဖယ်ရှားထားနိုင်ခဲ့ပြီဖြစ်ကြောင်းကိုပင်။ သူမ သေဆုံးသွားခဲ့မယ်ဆိုရင်တောင် သူမ မွေးမြူထားသော ရုပ်သေးမိခင်ကူနဲ့ အတူ သေဆုံးသွားမှာဖြစ်ပြီး မော့ယွင်ဖုန့်ကို လုံးဝ ထိခိုက်မှာ မဟုတ်ဘူး။

မော့ကျိုးယွီက အချိန်အတော်ကြာ စကားမပြောတာကိုမြင်တော့ သူမက လှောင်ရယ်ရယ်လေ၏၊ “ဟီးဟီး… ဘယ်လိုလဲ၊ မော့ကျိုးယွီ။ နင် ကြောက်နေပြီလား။ အခု နင်ငါ့ကို လွှတ်ပေးလိုက်မယ်ဆိုရင် ဘယ်လိုလဲ၊ ငါ စိတ်ပျော်ပြီး မော့ယွင်ဖုန့်ကို လွှတ်ပေးလိုက်ဖို့ စဉ်းစားရင် စဉ်းစားမိမှာပေါ့။ တကယ်လို့ နင် ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်…”

ယွင်လီက သူမ၏ ပြတ်သွားသော လက်မောင်းကို ငုံ့ကြည့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါက အခု မသန်မစွမ်းဖြစ်သွားပြီဆိုတော့ သေခြင်းတရားကို ဘာဖြစ်လို့ ကြောက်နေရဦးမှာလဲ။”

မော့ကျိုးယွီသည် သူမနှင့် စကားဆက်ပြောဖို့ ပျင်းလွန်းသဖြင့် ဓားကိုမြှောက်ပြီး သူမ၏ အခြားလက်တစ်ဖက်ကို ပိုင်းဖြတ်လိုက်သည်။

သွေးစွန်းနေသော ချောမွေ့သည့် ကျောက်စိမ်းလက်တစ်ဖက်သည် မြေပြင်ပေါ်သို့ ပြတ်ကျသွားခဲ့သည်။ ဟဲကျစ်ယန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် ချွေးများစိမ့်ထွက်နေသည့် မော့ကျိုးယွီထံ သာမန်အတိုင်း လျှောက်သွားပြီး သူ့နဖူးမှ ချွေးများကို သုတ်ပေးလိုက်သည်။

မော့ကျိုးယွီ၏ နှလုံးသားထဲက အမုန်းတရားကို သူမ နားလည်ပေးနိုင်သည်။

တကယ်လို့ သူမသာဆိုရင် သူ့လက်ကို ဓားနဲ့ တစ်ချက်တည်း ဖြတ်ဖို့ နေနေသာသာ ယွင်လီကို ဓားနဲ့ အစိတ်စိတ်အမြွှာမြွှာ ထောင်ပေါင်များစွာ ဖြတ်တောက်လိုက်လျှင်ပင် သူမရင်ထဲက အမုန်းတရားကို ဖြေဖျောက်ဖို့ ခက်ခဲပါလိမ့်မယ်။

ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်သော ရုပ်သေးကူကို လူတို့အား အန္တရာယ်ပြုရန် မွေးမြူခြင်းကို သူမ လက်သင့်မခံနိုင်ပါ။

ဒါကိုတွေးပြီး ဟဲကျစ်ယန်သည် ဆေးကုခန်းဆီ လှည့်ထွက်သွားခဲ့သည်။

သူမထံတွင် စစ်သုံ့ပန်းများကို ညှဉ်းပန်းနှိပ်စက်ရန် အထူးပြုလုပ်ထားသည့် ဓာတုဆေးဝါး တစ်မျိုး ရှိသည်။

ယွင်လီလိုလူမျိုးတွေအတွက် ဒီဓာတုဆေးဝါးက ပြီးပြည့်စုံတယ်။

ဟဲကျစ်ယန်သည် ဓာတုဆေးရည် ပါရှိသည့် ပုလင်းလေးဖြင့် ပြန်လာပြီး ယွင်လီရှေ့မှာ ပုလင်းကို အဖုံးဖွင့်ကာ ပုလင်းထဲက အရည်အားလုံးကို သူ့မျက်နှာပေါ် လောင်းချလိုက်သည်။

ပထမတော့ ယွင်လီသည် ဘာမှ မခံစားရဘဲ မော့ကျိုးယွီကို မော့ယွင်ဖုန့်၏ အသက်နှင့် ဆက်လက် ခြိမ်းခြောက်နေခဲ့သည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူမ၏ မျက်နှာသည် စတင်ပူလောင်လာခဲ့သည်။

ယွင်လီသည် သူ့အလိုလို သူမ၏ လက်ဖြင့် မျက်နှာကို ဆုပ်ကိုင်ချင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမ၏ လက်နှစ်ဖက်စလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း အမှတ်ရလိုက်မိသည်။

“မော့ကျိုးယွီ နင်ငါ့ကို ဘာလုပ်လိုက်တာလဲ။ အား…. ဒါက အရမ်းနာလွန်းတယ်…”

ယွင်လီသည် အသည်းအူကြွေလုမတတ် အော်ဟစ်လိုက်သည်။

မော့ကျိုးယွီသည် ယွင်လီ၏ မျက်နှာပေါ် ဟဲကျစ်ယန်က ဘာကို လောင်းချလိုက်မှန်း မသိသော်လည်း သူမ ထုတ်ယူလိုက်သမျှ ပစ္စည်းတိုင်းသည် ပစ္စည်းကောင်းလေးများဖြစ်မှန်း သူ ရှင်းရှင်းလင်းလင်း သိနေသည်။

ထို့ကြောင့် သူသည် ယွင်လီကို ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ အဝေးတွင်ရပ်ကာ သူမအား အေးဆေးတည်ငြိမ်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

ယွင်လီ၏ မျက်နှာသည် တဖြည်းဖြည်း နီမြန်းလာပြီး သူမ၏ မူလက လှပသော မျက်နှာသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

ယခု သူမ မည်သူဖြစ်သည်ကို ဖော်ထုတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူမ၏ အသံသာဖြစ်ပြီး စူးရှကျယ်လောင်လာခဲ့သည်။

မနီးမဝေးတွင် ကြိုးများဖြင့် တုပ်နှောင်ခံထားရသော နန်ဟန်သည် ကျယ်လောင်သော အော်သံကြောင့် နိုးလာပုံရသည်။

အသံကြားရာဆီ လှမ်းကြည့်လိုက်တော့ သွေးတွေ ရွှဲနစ်နေတဲ့ အမျိုးသမီးတစ်ဦး မြေပြင်ပေါ်မှာ လူးလိမ့်နေသည်ကို တွေ့လိုက်ရပြီး သူမကိုကြည့်ရတာ အရမ်းနာကျင်နေပုံရသည်။

ထိုအမျိုးသမီး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် နန်ဟန်တစ်ယောက် သေလုမတတ် ကြောက်လန့်သွားခဲ့သည်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ နာကျင်တဲ့ အော်သံတွေနှင့် အဝတ်အစားတွေကြောင့် အဲဒီအမျိုးသမီးဟာ ယွင်လီဖြစ်ကြောင်း လုံးဝ သေချာသွားခဲ့သည်။

“တော်ဝင်နည်းပြဆရာ ခင်ဗျား ဘာဖြစ်သွားတာလဲ။”

ထိုသို့ မေးမြန်းနေစဉ် နန်ဟန်သည် မတ်တပ်ထပြီး ထွက်ပြေးချင်ခဲ့သော်လည်း သူ့လက်နှင့်ခြေများကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည်။

သူသည် ပတ်ဝန်းကျင်ကို မသိစိတ်ဖြင့် စစ်ဆေးကြည့်ရှုမိသည်။

ယခုအချိန်တွင် မော့ကျိုးယွီသည် ပြည်နှင်ဒဏ်အပေးခံရစဉ်က ဝတ်ဆင်ခဲ့သော ပိတ်ကြမ်းထည်များကို ပြောင်းလဲဝတ်ဆင်ထားပြီးပြီဖြစ်သည်။

နန်ဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသည်။

“မော့ကျိုးယွီ၊ မင်း ပုန်ကန်ချင်နေတာလား။ မင်း ဒီမင်းသားကို ဘယ်လိုလုပ်ပြီး ပြန်ပေးဆွဲဝံ့တာလဲ။”

မော့ကျိုးယွီက အေးစက်စွာ လှောင်ရယ်ရယ်လိုက်သည်၊ “မင်းနဲ့ မင်းအဖေက ငါ့ကို ပြည်ပရန်သူတွေနဲ့ ပူးပေါင်းပြီး ပုန်ကန်တယ်လို့ ဆုံးဖြတ်ပြီးသားပဲ မဟုတ်ဘူးလား။”

ဒါကိုကြား‌တော့ နန်ဟန် အနည်းငယ် ထိတ်လန့်သွားသည်။

မော့ကျိုးယွီ၏ စကားများသည် ပုန်ကန်မှုကို ဂရုမစိုက်တော့ကြောင်း သိသာထင်ရှားသည်။ သို့ဆိုလျှင် သူ့ကို ခြိမ်းခြောက်ရန် ဘာကျန်ပါတော့မည်နည်း။

“မော့ကျိုးယွီ၊ မင်း… မင်းက အရမ်းသတ္တိကောင်းနေတယ်ပေါ့လေ… ဒီမင်းသားကို မြန်မြန်လွှတ်ပေးစမ်း။ ဒါဆို ဒီမင်းသားက မင်းရဲ့ ပြစ်မှုတွေကို ခွင့်လွှတ်ပေးနိုင်တယ်။”

မော့ကျိုးယွီသည် ဤအခိုက်အတန့်တွင် သူနှင့်စကားပြောရန် ပျင်းလွန်းနေသဖြင့် သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ကြက်တစ်ကောင်ကဲ့သို့ နန်ဟန်ကို ကောက်မလိုက်ပြီး ယွင်လီနှင့် ငါးမီတာခန့်အကွာကို တိုက်ရိုက် ပစ်ချလိုက်သည်။

ဟဲကျစ်ယန်သည် ရှေ့ကို လှမ်းတက်ပြီး နန်ဟန်ကို အကြိမ်ပေါင်းများစွာ ကန်ကျောက်ခဲ့သည်။

“ရှင် သေချာကြည့်စမ်းပါဦး။ ရှင် သူမလိုမျိုး မဖြစ်သွားချင်ဘူးဆိုရင် မော့မိသားစုအပေါ် ရှင်လုပ်ခဲ့တဲ့ မကောင်းမှုမှန်သမျှကို ဝန်ခံလိုက်ပါ။”

ဤအခိုက်အတန့်တွင် ယွင်လီ၏ ခန္ဓာကိုယ်သည် သူ့ရှေ့တွင် ပက်လက်လှန်လျက်သား ဖြစ်သွားခဲ့သည်။ နန်ဟန်သည် ယွင်လီရဲ့ မျက်နှာကနေ အဆီတွေ အဆက်မပြတ်ထွက်နေတာကို အနီးကပ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဒဏ်ရာတွေက ပြင်းထန်လွန်းလို့ အရိုးတွေကို မြင်နေရတဲ့နေရာတွေတောင် ရှိနေခဲ့တယ်။

နန်ဟန်သည် အလွန်ထိတ်လန့်သွားပြီး သူ့မျက်နှာ ဖြူဖျော့သွားလေ၏။ တစ်ချိန်တည်းမှာပင် သူ့ပေါင်ရင်းမှ စီးကျလာသော အပူလှိုင်းကို ခံစားလိုက်ရသည်…။

***

All Chapters