အရမ်းရွံဖို့ကောင်းတယ်
Vol. 12 Ch. 143
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ထိုအခြေအနေကို မြင်လိုက်ရပြီး နှစ်ယောက်သား သူ့ကို တိုက်ရိုက်မကြည့်ချင်သဖြင့် ခေါင်းလှည့်သွားကြသည်။
ဟဲကျစ်ယန်က မနေနိုင်ဘဲ ပြောလိုက်မိသည်၊ “ဒါက တကယ့်ကို သေလောက်အောင် ရွံဖို့ကောင်းတယ်၊ ရွံဖို့ကောင်းတဲ့တံခါးချပ်ကို ရွံဖို့ကောင်းတာက ဖွင့်လှစ်လိုက်သလိုပဲ၊ အရမ်းရွံဖို့ကောင်းတယ်။”
ဒီလူနှစ်ယောက်နှင့် ဖြေရှင်းစရာရှိသည်များကို ဖြေရှင်းပြီးလျှင် သူမဟာ ဒီနေရာကို ဂရုတစိုက် သန့်ရှင်းရေး လုပ်ရပါလိမ့်မည်…။
မော့ကျိုးယွီက အေးစက်စွာ ရယ်မောပြီး လှောင်ပြောင်ပြောဆိုခဲ့သည်၊ “တိုင်းပြည်ရဲ့ မင်းသားတစ်ပါးလုပ်နေပြီး ဒီလောက် သူရဲဘောကြောင်နေတာ အရမ်းရှက်ဖို့ကောင်းတယ်။”
နန်ဟန်ကိုယ်တိုင်က ဒီလို ရှက်စရာကောင်းတဲ့ အဖြစ်မျိုးကို မဖြစ်ချင်ပေမယ့် အခု မြင်တွေ့နေရတဲ့ မြင်ကွင်းက သူ့ကို လုံးဝ မထိန်းနိုင်လောက်အောင် ကြောက်လန့်စေခဲ့တယ်။
ယခုအခါမှာ ဤကဲ့သို့ လူနှစ်ယောက်၏ လှောင်ပြောင်ခြင်းကို ခံရသဖြင့် သူသည် တွင်းတစ်တွင်းရှာပြီး တစ်သက်လုံး ပုန်းအောင်းနေချင်မိသည်။
ထိုအချိန်တွင် ယွင်လီသည် သူမ၏ ခွန်အားအားလုံးကို အသုံးပြု၍ ဟိန်းဟောက်လိုက်သည်၊ “မော့ကျိုးယွီ၊ ငါသေသွားရင်တောင် မော့ယွင်ဖုန့်ကို ငါနဲ့အတူ ဆွဲခေါ်သွားမယ်၊ နင် သေချာပေါက် နောင်တရလိမ့်မယ်။”
နန်ဟန်သည် ယွင်လီ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိနားလည်ခဲ့သည်။
သူ့အမြင်အရ မော့ညီအစ်ကိုများကြားက ဆက်ဆံရေးသည် ဖျက်ဆီး၍ မရဘူးဟု ဆိုနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် မော့ကျိုးယွီ၏ လုပ်ဆောင်ချက်အရ မော့ယွင်ဖုန့်၏ အသက်နှင့် သေဆုံးခြင်းကို သူ လုံးဝ ဂရုမစိုက်သလို ဖြစ်နေသည်။
ဒါကိုတွေးပြီး နန်ဟန်ရဲ့ နှလုံးသားထဲမှ ကြောက်ရွံ့စိတ်က ပိုပြင်းထန်လာတယ်။
သူ့အစ်ကိုရဲ့ ဘဝကိုတောင် ဂရုမစိုက်တဲ့သူက ဘယ်လောက်တောင် ရက်စက်တယ်ဆိုတာကို ပြသနေသည်။
ဒီနေ့ သူ ဘယ်လောက်ပဲ တောင်းပန်နေပါစေ မော့ကျိုးယွီက သူ့ကို လွှတ်မပေးမှာ စိုးရွံ့မိသည်။
သို့သော် ယခုအချိန်တွင် နန်ဟန်သည် အဖြစ်မှန်ကို ရင်ဆိုင်ရန်ထက် သူ့ကိုယ်သူ လှည်စားချင်နေသည်။
“မော့… မော့ကျိုးယွီ၊ မင်း ဒီမင်းသားကို လွှတ်ပေးဖို့ ဆန္ဒရှိနေသရွေ့ အနာဂတ်မှာ ဒီမင်းသား နန်းတက်တဲ့အခါ မင်းတို့မော့မိသားစုအတွက် မတရားမှုတွေကို သေချာဖြေရှင်းပေးမယ်လို့ ဒီမင်းသား မင်းကို ကတိပေးတယ်၊ မင်းရဲ့ ကာကွယ်ရေးအမတ်မင်းရာထူးကိုလည်း ပြန်ပေးမယ်… မဟုတ်ဘူး… ဒီမင်းသားက မင်းကို ဘုရင်ခံဘွဲ့ကိုတောင် ပေးနိုင်ပါတယ်…”
မော့ကျိုးယွီက သူ့အလိမ်အညာတွေကို ယုံမိမယ်ဆိုလျှင် ထူးဆန်းနေလိမ့်မည်။
မော့မိသားစုသည် သူတို့၏ မကျေနပ်ချက်များကို ရှင်းလင်းရန် လိုအပ်သော်လည်း ဘောင်းဘီထဲ သေးထွက်ကျသော သူရဲဘောကြောင်သူထံမှ အကူအညီ မလိုအပ်ပါ။
ထို့အပြင် သူသည် တော်ဝင်တရားရုံးနှင့် ပတ်သက်၍ လုံးဝ စိတ်ပျက်သွားပြီဖြစ်ကာ နန်ဟန်၏ သွေးဆောင်မှုများသည် မော့ကျိုးယွီအတွက် လုံးဝ ဆွဲဆောင်မှု မရှိခဲ့ပေ။
သူက နန်ဟန်ကို အေးစက်စွာကြည့်ပြီး ဘာမှ မပြောပေ။
ဤအခိုက်အတန့်တွင် သူနှင့် ဟဲကျစ်ယန်တို့သည် တူညီသော ရည်ရွယ်ချက်ရှိခဲ့ပြီး ယင်းမှာ ယွင်လီ၏ ဝမ်းနည်းဖွယ် အခြေအနေသည် နန်ဟန်၏ ကျန်ရှိနေသည့် စိတ်ဆန္ဒကို လုံးဝ ဖျက်ဆီးပစ်ရန် ဖြစ်သည်။
မော့ကျိုးယွီက ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ နန်ဟန်သည် မော့ကျိုးယွီက သူ့သွေးဆောင်မှုကြောင့် စိတ်လှုပ်ရှားသွားသည်ဟု ထင်ကာ သူ့အား ဆက်လက်သွေးဆောင်ရန် ကြံစည်ခဲ့သည်။
နန်ဟန် ပါးစပ်ထပ်ဖွင့်ခါနီးမှပင် ယွင်လီရဲ့ အဆက်မပြတ် ရုန်းကန်တွန့်လိမ်နေသော ခန္ဓာကိုယ်က သူ့အနီးနားသို့ လှိမ့်ဝင်လာခဲ့သည်။
နန်ဟန်သည် အချိန်မီ မရှောင်နိုင်ဘဲ ယွင်လီ၏ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို မြင်လိုက်ရုံဖြင့် အန်ထွက်ချင်လာခဲ့သည်။
“ယွင်လီ၊ ငါ့အနားက ထွက်သွား၊ ငါ့ကို မထိနဲ့။”
နန်ဟန်၏ အသံကိုကြားတော့ ယွင်လီသည် သူ့ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်မှုကို ထိန်းချုပ်ရန် ပြင်းပြင်းထန်ထန် ကြိုးစားပြီး ဟိန်းဟောက်လိုက်သည်၊ “နန်ဟန်၊ နင်လည်း မော့ကျိုးယွီလက်ထဲကို ရောက်နေတာ၊ နင့်မှာ ငါ့ကို လှောင်ပြောင်ဖို့ ဘာအရည်အချင်းရှိလို့လဲ။ ငါ အခု ညှင်းပန်းနှိပ်စက်ခံနေရတယ်၊ သိပ်မကြာခင် နင့်အလှည့်ရောက်မယ်လို့ ငါယုံကြည်တယ်။”
ဒါကိုကြားတော့ နန်ဟန်က သူ့အလိုလို တုန်လှုပ်သွားသည်။
သူသည် တာ့ရွှင်းတိုင်းပြည်၏ မင်းသာားတစ်ပါးဖြစ်ပြီး မော့ကျိုးယွီက သူ့ကို ထိုကဲ့သို့ ဆက်ဆံဝံ့မည်ဟု သူ မယုံခဲ့ပေ။
“ဟင့်အင်း… မဖြစ်နိုင်ဘူး၊ ငါတို့ အထောက်အထားက ကွာခြားတယ်၊ မော့ကျိုးယွီက ငါ့ကို ဘာမှ မလုပ်ရဲဘူး။”
နန်ဟန်သည် သေခါနီးမှာတောင် အဖြစ်မှန်ကို လက်မခံနိုင်သေးတာကိုမြင်တော့ ယွင်လီက လှောင်ပြောင်ပြောဆိုလိုက်သည်၊ “ဒါဆို စောင့်ကြည့်ကြတာပေါ့။”
စကားတွေ အများကြီးပြောပြီးတာနဲ့ ယွင်လီရဲ့ အခြေအနေက ပိုမိုဆိုးရွားသွားပြန်သည်။
သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် တရွေ့ရွေ့ လှုပ်ခါသွားကာ မကြာမီ အသံမထွက်တော့ပေ။
နန်ဟန်ရှေ့မှာ ဟဲကျစ်ယန်က ယွင်လီရဲ့ ရုပ်အလောင်းကို မထင်ရှားတဲ့ ထောင့်တစ်နေရာဆီ ပို့ဖို့ သူမ၏ အသိစိတ်ကို တမင်တကာ အသုံးပြုခဲ့သည်။
နန်ဟန်သည် ရင်းနှီးကျွမ်းဝင်မှုမရှိသော အမျိုးသမီးက သူမလက်ကို ဝှေ့ယမ်းလိုက်ချိန်တွင် ယွင်လီ၏ ခန္ဓာကိုယ်က လျင်မြန်စွာ မြောက်တက်ရွေ့လျားသွားကာ ထောင့်နေရာရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားစေသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းသည် နန်ဟန်၏ မျက်လုံးထဲတွင် အလွန်ထူးဆန်းပြီး စုန်းအတတ်ပညာကိုပင် သတိရသွားစေသည်။
မော့ကျိုးယွီဘေးက လှပတဲ့ အမျိုးသမီးဟာ ဘယ်သူလဲဆိုတာကို သူ မသိဘူး၊ ဒီလို ထူးခြားတဲ့ အခြေအနေမျိုးမှာ သူ့မှာ ဒါကို ဖော်ထုတ်ဖို့ ခွန်အားတွေ အများကြီး မရှိဘူး။
သူ လျစ်လျူရှုထားခဲ့သော ထိုအမျိုးသမီးသည် စုန်းအတတ်ကို အမှန်တကယ် သိနေလိမ့်မည်ဟု မည်သူထင်မည်နည်း။
သူ့မျက်လုံးများက ဟဲကျစ်ယန်ကို ထိတ်လန့်စွာ စိုက်ကြည့်နေပြီး သူ့ခန္ဓာကိုယ်က သူ့အလိုလို နောက်ယို့သွားခဲ့သည်။
“မင်း… မင်း ဘယ်သူလဲ။”
ဟဲကျစ်ယန်သည် သူမ၏ ဘဝသက်တမ်း နှစ်ခုစလုံးတွင် ထိုကဲ့သို့သော သူရဲဘောကြောင်သည့်လူမျိုးကို ပထမဆုံး မြင်တွေ့ဖူးတာ ဖြစ်လေ၏။
“ရှင့်မှာ ကျွန်မ ဘယ်သူလဲဆိုတာကို သိဖို့ အရည်အချင်း မပြည့်မီဘူး။ ရှင် ယွင်လီလိုမျိုး အဆုံးမသတ်သွားချင်ဘူးဆိုရင် ကျွန်မတို့မေးတဲ့ မေးခွန်းတွေကို ရှင် ရိုးရိုးသားသား ဖြေပေးပါ။”
တစ်ချိန်တည်းမှာပင် မော့ကျိုးယွီက ရှေ့သို့ လှမ်းတက်ကာ နန်ဟန်၏ ဆံပင်ကို ဆုပ်ကိုင်ပြီး ခေါင်းကို မော့စေလိုက်သည်။
“ဒါကို မင်းကြားတယ်မလား။ မင်း ဒီလို စိတ်ဆင်းရဲစရာကောင်းတဲ့ ပုံစံမျိုးနဲ့ မသေချင်ဘူးဆိုရင် မော့မိသားစုအပေါ် မင်းလုပ်ခဲ့သမျှ ငါ့ကို အမှန်အတိုင်း ပြောပြရမယ်။”
မော့ကျိုးယွီ၏ အမေးကို ရင်ဆိုင်ရင်း နန်ဟန်၏ အနည်းငယ် ရှောင်ဖယ်သွားကာ ဦးစွာ ဟဲကျစ်ယန်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် အဝေးတစ်နေရာမှာ စွန့်ပစ်ထားသော အလောင်းကို ကြည့်ပြီး နောက်ဆုံးတွင် မော့မိသားစုအပေါ် သူ ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြန်တွေးလိုက်မိသည်။
ထိုအချိန်တွင် နန်ဟန်၏ နဖူးသည် ချွေးများ ရွှဲနစ်နေပြီဖြစ်သည်။
မော့ကျိုးယွီက သူ့ကို အေးစက်စွာ သတိပေးလိုက်ပြန်သည်၊ “မင်း ဘာပြောရမလဲဆိုတာကို စဉ်းစားပြီးပြီလား။”
နန်ဟန်က သူ လဲပြိုကျလုနီးပါးဖြစ်နေပြီလို့ ခံစားရပြီး အော်ဟစ်လိုက်သည်၊ “မဟုတ်ဘူး… မော့ကျိုးယွီ၊ ငါက တာ့ရွှင်းတိုင်းပြည်ရဲ့ မင်းသားတစ်ပါးပဲ၊ ဒီမင်းသားကို မင်း ဒီလိုလုပ်လို့မရဘူး…”
မော့ကျိုးယွီသည် နန်ဟန်ကို ဆက်လက် သည်းမခံနိုင်တော့ပေ။
နန်ဟန်၏ ခြေဖမိုးဆီသို့ စစ်တပ်သုံးဓားဦးထိပ်ဖျားကို စိုက်ချလိုက်သည်။
“မင်း ပြောမှာလား။ မပြောဘူးလား။”
နန်ဟန်သည် နာကျင်လွန်းသဖြင့် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။
“အား… မော့ကျိုးယွီ၊ ဒီမင်းသားကို မင်း ဒီလိုလုပ်လို့မရဘူး…”
ဟဲကျစ်ယန်သည် ဆေးကုသခန်းရှိ နာရီကို တစ်ချက်ကြည့်လိုက်သည်။ သူမနှင့် မော့ကျိုးယွီတို့ ဒီနေရာကို ရောက်နေတာ နှစ်နာရီကျော်ကြာနေခဲ့ပြီ။
ဒီအတိုင်းဆက်သွားရင် အပြင်မှာ သိပ်မကြာခင် မိုးလင်းသွားတော့မည်။
နန်ဟန်၏ သူရဲဘောကြောင်သော အသွင်အပြင်ကို ကြည့်ပြီး အခြေအနေကို မေးမြန်းရန် အိပ်မွေ့ချခြင်းကို အသုံးပြုရန် မစဉ်းစားခဲ့ပေ။
နောက်ဆုံးတွင်၊ သူမ ကျွမ်းကျင်သော အိပ်မွေ့ချစွမ်းရည်သည် အပေါ်ယံမျှသာဖြစ်ပြီး ၎င်းကို အသုံးပြုတိုင်း သူမ အောင်မြင်လိမ့်မည်ဟု အာမခံချက် မရှိပေ။
ထို့အပြင် ယွင်လီကို အစောပိုင်းက အိပ်မွေ့ချသောအခါတွင် သူမသည် စွမ်းအင်အများစုကို အသုံးပြုထားခဲ့ပြီဖြစ်ကာ နန်ဟန်ထံတွင် ၎င်းကို ထပ်မံ အသုံးပြုပါက အောင်မြင်မှုမှုန်းမှာ အလွန်မြင့်မားလိမ့်မည် မဟုတ်ပေ။
ဒါပေမယ့် လက်ရှိအခြေအနေက သူတို့ကို အချိန်ဖြုန်းဖို့ ခွင့်မပြုဘူး။
ထို့ကြောင့် ဟဲကျစ်ယန်သည် နန်ဟန်အား အိပ်မွေ့ချကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
သူမ လှုပ်ရှားဖို့လုပ်တော့မှ မော့ကျိုးယွီက နန်ဟန်အား အတင်းပါးစပ်ဖွင့်စေခဲ့ပြီးဖြစ်တာကို တွေ့လိုက်ရသည်။
“ငါပြောပါ့မယ်၊ မင်းငါ့ကို လွှတ်ပေးဖို့ ဆန္ဒရှိသရွေ့ ငါသိသမျှအကုန် ငါပြောပြမယ်” သူသည် မော့ကျိုးယွီအား အရမ်းကြောက်သွားသဖြင့် “ဒီမင်းသား” ဟု ရည်ညွှန်းနေရာမှ “ငါ” လို့တောင် ပြောင်းလဲသွားခဲ့သည်။
မော့ကျိုးယွီက မည်သည့် ကတိကိုမျှ မပေးခဲ့ပါ။ သူက နန်ဟန်၏ ရှေ့တွင် ဓားကို ဝှေ့ယမ်းပြလိုက်သည်။
“ပြော”
ဒါကိုမြင်တော့ ဟဲကျစ်ယန်က အကြံတစ်ခုရပြီး တာ့ပေါင်မောလ်မှ အသံဖမ်းစက်တစ်ခုကို အမြန်ဝယ်လိုက်သည်။
နန်ဟန် ပါးစပ်မဖွင့်ခင်မှာ သူမသည် အသံဖမ်းစက်ခလုတ်ကိုဖွင့်ပြီး အသံသွင်းသည့် လုပ်ဆောင်ချက်ကို နှိပ်လိုက်ပြီးနောက် မော့ကျိုးယွီ၏ ဘေးတွင် ရပ်လိုက်သည်။
ဤအသံဖမ်းစက်သည် အနာဂတ်တင် အသုံးဝင်ကောင်းဝင်လာနိုင်သည်၊ မည်သို့ပင်ဆိုစေကာမူ အတိုချုပ်ပြောရလျှင် ပြင်ဆင်ထားသည်က မမှားယွင်းပေ။
နန်ဟန်ည် သူတို့နှစ်ယောက်ကို မဝံ့မရဲ စိုက်ကြည့်ပြီး ပြောလာခဲ့သည်၊ “မော့မိသားစုရဲ့ ပုန်ကန်မှုဆိုင်ရာ အထောက်အထားအချို့ကို တောင်ပိုင်းရှင်းကျန်းရဲ့ တော်ဝင်နည်းပြဆရာကို လုပ်ကြံဖန်တီးပေးဖို့ ငါတောင်းဆိုခဲ့တယ်၊ ပြီးတော့ ရှိသေးတယ်… ပြီးတော့ ရှိသေးတယ်…”
နန်ဟန် တုံ့ဆိုင်းနေတာကိုမြင်တော့ မော့ကျိုးယွီက စူးစူးဝါးဝါး မေးလိုက်သည်၊ “ဘာတွေ ရှိသေးတာလဲ။”
“ပြီးတော့ ရှိသေးတယ်… မော့ရှိုးယန်းရဲ့ သေဆုံးမှုကလည်း…”
မော့ရှိုးယန်း၏ နာမည်ကိုကြားတော့ မော့ကျိုးယွီ၏ မျက်လုံးထဲတွင် နန်ဟန်အား အရိုးတခြား အသားတခြားဖြစ်အောင် သတ်ပစ်ချင်စိတ် ဖြတ်ပြေးသွားခဲ့သည်။
မော့ကျိုးယွီက နန်ဟန်၏ အင်္ကျီကော်လာကိုဆွဲပြီး စစ်ဆေးမေးမြန်းသည်၊ “မင်း ငါ့စတုတ္ထအစ်ကိုကို သတ်လိုက်တာလား။”
ထိုအချိန်တုန်းက အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့ဟာ စစ်မြေပြင်တွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သဖြင့် စတုတ္ထအစ်ကိုဖြစ်သူ မော့ရှိုးယန်းက အရေးကြီးသော နယ်စပ်လုံခြုံရေးကို ပြတ်ပြတ်သားသား တာဝန်ယူခဲ့သည်။
***