← Chapters

လူမှုရေးအရ အကြီးအကျယ် အရှက်ကွဲခြင်း

Vol. 78 Ch. 1528

လူမှုရေးအရ အကြီးအကျယ် အရှက်ကွဲခြင်း

Vol. 78 Ch. 1528

~တစ်ခဏအတွင်းမှာပင် ယဲ့ဖန်သည် အရပ်မျက်နှာ ပေါင်းစုံမှ ရန်လိုသော အကြည့်များဖြင့် ဝိုင်းရံ ပိတ်ဆို့ခံလိုက်ရလေ၏။

သတ္တိခဲအချို့ဆိုလျှင် ရှေ့ထွက်ပြီး ဒုက္ခရောက်နေသော မင်းသမီးလေးကို ကယ်တင်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေကြသည်မှာ သိသာလှသည်။

သို့သော် ယဲ့ဖန်သည် ထိုလူများကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ သူသည် ဘီယာသောက်၊ အမြည်းစားရင်း ဖူမာကျန်းဝူနှင့်သာ ရယ်မောပြောဆိုနေလိုက်သည်။

ကျူးရှောင်ကျောင်းခမျာ ငိုမဲ့မဲ့ ဖြစ်နေပြီး သွားရေများပင် ထောင့်စွန်းမှ စီးကျလာမတတ် ဖြစ်နေရှာသည်။

သူမ၏ ရင်ထဲတွင် ယဲ့ဖန်အပေါ် ထားရှိသော အငြိုးအတေးများ ပိုမို ကြီးထွားလာရချေပြီ။

'ဘုရားသခင်... ဒီငမိုက်သားကို မိုးကြိုးပစ်မသတ်ဘဲ ဘာလုပ်နေတာလဲဘုရား...'

'ကျွန်မကိုမှ ဘာလို့ ဒီလို နှိပ်စက်ရတာလဲ...'

ထိုအချိန်တွင် ဘေးစားပွဲဝိုင်းသို့ ဧည့်သည်အသစ် တစ်သုတ် ရောက်ရှိလာလေ၏။

ဧည့်သည် (၅) ယောက်၊ (၆) ယောက်ခန့် ရှိမည်။ အားလုံးက စွပ်ကျယ်အင်္ကျီနှင့် ညှပ်ဖိနပ်များကို စီးထားကြပြီး၊ လက်မောင်းများတွင်လည်း တက်တူးမျိုးစုံ ထိုးထားကြသည်။ သူတို့ တစ်ယောက်ချင်းစီ၏ ပုံစံသည် လူမိုက်ဆန်နေပြီး သာမန်လူများ မဟုတ်ကြောင်း သိသာလှသည်။

ထိုလူများ ဝင်ထိုင်လိုက်ကြစဉ်မှာပင် တစ်ယောက်က အနက်ရောင်စွပ်ကျယ် ဝတ်ထားသော အမျိုးသားကို ပုတ်လိုက်ပြီး ယဲ့ဖန်တို့ စားပွဲဝိုင်းဘက်သို့ မေးငေါ့ပြလိုက်သည်။

အနက်ရောင် စွပ်ကျယ်နှင့် လူသည် ချက်ချင်း လှည့်ကြည့်လိုက်လေ၏။

ထိုလူ၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ် ကောင်းသော အမာရွတ်ကြီး တစ်ခု ရှိနေသည်။ နှုတ်ခမ်းထောင့်စွန်းမှ ပါးစပ်နားရွက်အထိ ရှည်လျားသော အမာရွတ်ကြီး ဖြစ်၏။

ထိုအမာရွတ်ကို ကြည့်ခြင်းအားဖြင့် ထိုစဉ်က ဒဏ်ရာ မည်မျှ ပြင်းထန်ခဲ့မည်ကို မှန်းဆကြည့်နိုင်သည်။

လိုလီတာ ဂါဝန်ဖွာဖွာလေး ဝတ်ထားသော ဖူမာကျန်းဝူနှင့် Maid ဝတ်စုံ ဝတ်ထားသော ကျူးရှောင်ကျောင်းတို့ကို မြင်လိုက်ရသောအခါ ထိုလူ၏ မျက်လုံးများ အရောင်

တောက်သွားလေ၏။

"အို... Maid ဝတ်စုံကြီးနဲ့ပါလား... ကစားကွက်က တော်တော် ဆန်းတာပဲ..."

ထိုလူက အားမနာတမ်း လှောင်ပြောင်လိုက်သည်။

သူနှင့် ပါလာသော လူများကလည်း ရိုင်းစိုင်းစွာ ဝိုင်းရယ်လိုက်ကြသည်။

ကျူးရှောင်ကျောင်းသည် ရွံရှာသော အကြည့်ဖြင့် ပြန်ကြည့်လိုက်၏။

သူမသည် ယဲ့ဖန်၏ စကားကို နားထောင်သည် ဆိုသော်လည်း အခြားလူများကိုတော့ အဖက်လုပ်စရာ မလိုပေ။

ဆန့်ကျင်ဘက်အားဖြင့် သူမသည် အခြားယောကျာ်းများကို ရင်ဆိုင်ရသည့်အခါ အမြဲတမ်း ရွံရှာပြီး အထင်သေးတတ်သူ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူမ ငယ်ငယ်ကတည်းက တွေ့ခဲ့ဖူးသမျှ ယောကျာ်းအားလုံး (သူမ၏ မိသားစုဝင်များမှလွဲ၍) သည် သူမအပေါ်တွင် မရိုးသားသော ရည်ရွယ်ချက်များ ရှိခဲ့ကြသောကြောင့် ဖြစ်၏။

သူမ၏ မိသားစု နောက်ခံကြောင့် ကပ်ဖားယပ်ဖား လုပ်ချင်သူများ ရှိသလို၊ သူမကို မဖွယ်မရာ ကြံစည်လိုသူများလည်း ရှိခဲ့သည်။

ထို့ကြောင့် သူမသည် ယောကျာ်းများကို အလွန် ရွံမုန်းတတ်သည်။

ယဲ့ဖန်နှင့် တွေ့ဆုံပြီးမှသာ ဤကမ္ဘာပေါ်တွင် သူမအပေါ် မည်သည့် ရည်ရွယ်ချက်မှ မရှိဘဲ သာမန်လူတစ်ယောက်လို ဆက်ဆံတတ်သော ယောကျာ်းမျိုး ရှိသေးကြောင်း သိရှိခဲ့ရခြင်း ဖြစ်၏။

သို့သော် သူမ၏ အပြောင်းအလဲသည် ယဲ့ဖန် တစ်ယောက်တည်း အတွက်သာ ဖြစ်၏။

အခြား ယောကျာ်းများအတွက်တော့ သူမ၏ ရင်ထဲတွင် အထင်သေးမှုများသာ ပြည့်နှက်နေဆဲပင်။

အထူးသဖြင့် ဤကဲ့သို့သော လူမိုက်ရုပ်ပေါက်နေသည့် လူများကို သူမ ပို၍ပင် မုန်းတီးသည်။

သို့သော် သူမက ရွံရှာသော အမူအရာ ပြလေလေ၊ ဟိုလူများက ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာကြသည်။

"ဟေး... တွေ့လား... သူက ငါ့ကို ပြန်တောင် ကြည့်လိုက်သေးတယ်ကွ... ဒီကောင်မလေးကို သင်ခန်းစာလေး ဘာလေး ပေးမှ ရတော့မယ်..."

အနက်ရောင်စွပ်ကျယ်နှင့် လူသည် ဘေးမှ လူများကို ဂုဏ်ယူစွာ လှမ်းပြောလိုက်ခြင်း ဖြစ်ပါ၏။

ထိုလူများက ထပ်မံ ရယ်မောလိုက်ကြပြန်သည်။

"အစ်ကိုဟိုင်... အစ်ကိုက သူတို့ အာရုံစိုက်တာ ခံလိုက်ရပြီပဲ..."

"ဒီကောင်မလေးက အလုပ် ဖြစ်မယ့် ပုံစံမျိုးနော်... အစ်ကိုဟိုင် ယူလိုက်ပါလား..."

"အစ်ကိုဟိုင်ရဲ့ ဟိုဒင်းက ကြီးလွန်းတယ်... ကောင်မလေး ခံနိုင်ပါ့မလားလို့ စိုးရိမ်ရတယ်..."

"မပူပါနဲ့ကွာ... လယ်ကွင်းပျက်တယ်လို့သာ မကြားဖူးတာ... ကျွဲကတော့ မောသွားနိုင်တယ်..."

"ဟားဟားဟား..."

"ဖြောင်း..."

ကျူးရှောင်ကျောင်း၏ စိတ်ကြီးပုံနှင့်ဆိုလျှင် ဤလူများ၏ ညစ်ညမ်းသော စကားများကို မည်သို့ သည်းခံနိုင်မည်နည်း။

သူမသည် ယဲ့ဖန်ရှေ့မှ ဘီယာခွက်ကို လှမ်းဆွဲယူလိုက်ပြီး အနက်ရောင်စွပ်ကျယ်နှင့်လူကို လှမ်းပက်လိုက်လေ၏။

ကောင်မလေးက တော်တော်လေး လက်တည့်သည်။ ဘီယာတစ်ခွက်လုံး ထိုလူ၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။

ကျူးရှောင်ကျောင်း၏ အလှကို ငေးမောနေကြသော လမ်းသွားလမ်းလာများသည် သူမ၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားကြလေ၏။

ဒီလူတွေက သာမန်လူတွေ မဟုတ်ကြောင်း သိသာနေသည်။ ပုံမှန်ဆိုလျှင် ဒီလို အခြေအနေမျိုး ကြုံရပါက ဒေါသကို မြိုသိပ်လိုက်ကြမည် သို့မဟုတ် ဆိုင်ပြောင်းထိုင်လိုက်ကြမည်သာ ဖြစ်၏။

ကျူးရှောင်ကျောင်းက ဤမျှ ဒေါသကြီးပြီး ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။

"သေစမ်း... ကောင်မစုတ်လေး... နင် သေချင်နေတာလား..."

ထိုလူစုသည် ရန်စရန် အခွင့်အရေး ချောင်းနေကြခြင်း ဖြစ်ရာ၊ ကျူးရှောင်ကျောင်း၏ ဘီယာခွက်သည် သူတို့အတွက် အကွက်ဝင်သွားစေသည်။

အနက်ရောင်စွပ်ကျယ်နှင့် လူသည် ရှေ့ဆုံးမှ လျှောက်လာပြီး၊ ကျန်လူများက နောက်မှ လိုက်ပါလာကြသည်။

"နင်တို့ကမှ ခွေးမျိုးတွေ... နင်တို့ တစ်ဆွေလုံး တစ်မျိုးလုံး ခွေးမျိုးတွေ..."

ကျူးရှောင်ကျောင်းသည် ကြောက်ရွံ့ခြင်း အလျဉ်း မရှိဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။

"သေစမ်း... ငါက မျက်နှာသာပေးနေလို့ နင်က ရောင့်တက်လာတာလား..."

အနက်ရောင်စွပ်ကျယ်နှင့် လူသည် ဘီယာဖြင့် အပက်ခံထားရသည့်အပြင် ဆဲပါ ဆဲခံလိုက်ရသဖြင့် ဒေါသအကြီးအကျယ် ထွက်သွားပြီး ကျူးရှောင်ကျောင်း၏ ပါးကို ရိုက်ရန် လက်ရွယ်လိုက်လေ၏။

သို့သော် ရိုက်ချက်က လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းထားလိုက်သောကြောင့် ဖြစ်၏။ တစ်ဖက်လူ၏ အားက ကြီးမားလွန်းသဖြင့် သူ မည်မျှပင် ရုန်းသော်လည်း လက်ကို ပြန်ဆွဲထုတ်၍ မရတော့ပေ။

"ဟေ့ကောင်... မင်း သေချင်နေတာလား..."

ထိုလူသည် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ယဲ့ဖန်ကတော့ ထိုင်ခုံပေါ်တွင် ထိုင်နေဆဲ။ ဘယ်လက်က ထိုလူ၏ လက်ကို ဖမ်းထားပြီး၊ ညာလက်က ပဲပြုတ်ကို ပါးစပ်ထဲ ကောက်ထည့်နေသည်။

"ယောကျာ်းဖြစ်ပြီး မိန်းကလေးကို လက်ပါတာ... ရှက်ဖို့ မကောင်းဘူးလား..."

"ကောင်းပြီလေ... ငါ မိန်းကလေးကို မရိုက်တော့ဘူး... ယောကျာ်းလေးကို ရိုက်မယ်... ဘယ်လိုလဲ..."

အနက်ရောင်စွပ်ကျယ်နှင့် လူသည် ကျန်လက်သီး တစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ယဲ့ဖန်၏ နားထင်ကို ချိန်ရွယ်ကာ ထိုးချလိုက်တော့သည်။

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။ သူသည် ညာလက်ဖြင့် တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး နားထင်နားသို့ မြှောက်တင်လိုက်လေ၏။

ထိုလူ၏ လက်သီးချက်သည် တူနှင့် သွားရောက် ထိတွေ့သွားတော့၏။

"ဖောက်..."

တူသည် မည်သည့် အတားအဆီးမျှ မရှိသကဲ့သို့ လက်ဖဝါးကို ဖောက်ထွက်သွားလေ၏။ ထိုလူ မအော်နိုင်သေးခင်မှာပင် ယဲ့ဖန်သည် တူကို ဆွဲကိုင်လိုက်ပြီး ထိုလူ၏ လက်ကို စားပွဲခုံပေါ်သို့ ရိုက်ချကာ သံမှိုစွဲသလို စွဲထားလိုက်တော့သည်။

ထို့နောက် ယဲ့ဖန်သည် အလားတူ နည်းလမ်းဖြင့်ပင် ထိုလူ၏ နောက်ထပ် လက်တစ်ဖက်ကိုလည်း သစ်သားစားပွဲပေါ်တွင် ရိုက်သွင်းလိုက်ပြန်သည်။

"အ... အား..."

ထိုလူသည် အသည်းခိုက်မတတ် နာကျင်မှုကို ခံစားလိုက်ရပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ အော်ဟစ်နေရှာသည်။

သူ့နောက်မှ လူများက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အပြေးအလွှား ဝင်ရောက်လာပြီး သူ့ကို ကယ်တင်ရန် ကြိုးစားကြလေ၏။

ယဲ့ဖန်သည် ငြင်းဆန်ခြင်း မပြုပေ။ သူ၏ လက်များက လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။ ဝင်လာသမျှ လူတိုင်း၏ လက်များကို ဖမ်းဆုပ်လိုက်ပြီး တူများဖြင့် စားပွဲပေါ်တွင် ရိုက်သွင်းလိုက်လေ၏။

ခဏအကြာတွင် လူ (၅) ယောက်သည် စားပွဲကို ဝိုင်းရံလျက်သား ဖြစ်နေကြသည်။ သူတို့၏ လက်များအားလုံးကို တူများဖြင့် စွဲထားခြင်း ခံလိုက်ရပြီ ဖြစ်၏။ အနည်းငယ် လှုပ်လိုက်သည်နှင့် အရိုးထဲထိ စိမ့်ဝင်သွားအောင် နာကျင်ရလေ၏။

တစ်ခဏအတွင်းမှာပင် ဆိုင်ထဲ၌ ငိုယိုအော်ဟစ်သံများဖြင့် ဆူညံသွားတော့သည်။

ဘေးမှ ကြည့်နေကြသူများမှာ ကြက်သီးမွေးညှင်းများ ထကုန်ကြသည်။

သူတို့က ဇာတ်သိမ်းခန်း အမျိုးမျိုးကို စိတ်ကူးကြည့်ခဲ့ကြသည်။

ကျူးရှောင်ကျောင်းက တောင်းပန်လိုက်ရမလား၊ ဒါမှမဟုတ် သူမ အနိုင်ကျင့်ခံလိုက်ရမလား။

သို့မဟုတ် ယဲ့ဖန်တို့ ဝိုင်းရိုက်ခံလိုက်ရမလား။

သို့သော် ဒီလောက် ထွားကျိုင်းသော လူမိုက်ကြီးများကို လူတစ်ယောက်တည်းက ဤကဲ့သို့ ရယ်စရာကောင်းသော နည်းလမ်းဖြင့် နှိမ်နင်းလိုက်လိမ့်မည်ဟုတော့ ဘယ်သူမှ ထင်မထားခဲ့ကြပေ။

စားပွဲပေါ်တွင် လက်များ စွဲထားခံရပြီး ငိုယိုနေကြသော လူ (၅) ယောက်ကို ကြည့်ရင်း၊ လူတိုင်း မိမိတို့၏ လက်ကို အလိုလို ပွတ်သပ်ကြည့်မိကြသည်။ လက်တွေပါ နာလာသလို ခံစားလိုက်ရသောကြောင့် ဖြစ်၏။

ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ပင်လျှင် ယဲ့ဖန်၏ လက်စွမ်းကို အထင်ကြီးသွားကြသည်။

"ပျော်စရာကြီး... ကျွန်မလည်း ဆော့ချင်တယ်..."

ဖူမာကျန်းဝူလည်း ဝင်ကစားချင်သော်လည်း ကံဆိုးစွာဖြင့် ထို (၅) ယောက်စလုံးကို ယဲ့ဖန်က စားပွဲပေါ်တွင် ရိုက်သွင်းထားပြီး ဖြစ်သဖြင့် သူမအတွက် တစ်ယောက်မှ ကျန်မနေတော့ပေ။ သူမ စိတ်ပျက်သွားမိ၏။

ကျူးရှောင်ကျောင်းကမူ စောစောက ရမ်းကားနေကြသော လူများ ငိုပွဲကျနေသည်ကို မြင်ရသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

"ဘာဖြစ်လို့ မဟောင်တော့တာလဲ... မေးနေတယ်လေ... ဘယ်သူက ကောင်မစုတ်လေးလဲလို့..."

သူမသည် အနက်ရောင်စွပ်ကျယ်နှင့် လူရှေ့သို့ လျှောက်သွားပြီး ပြုံးစစဖြင့် မေးလိုက်လေ၏။

ထိုလူက သူမကို မျက်စောင်းထိုးကြည့်လိုက်သည်။

"ကောင်မစုတ်လေး... နင် သိပ်မတက်နဲ့ဦး... ဒီနေ့ နင့်ကို မသတ်ရရင် ငါ လျိုခွမ်းဟိုင်ဆိုတဲ့ နာမည်ကို ပြောင်းပြန် ရေးပြမယ်..."

ကျူးရှောင်ကျောင်းသည် သူ၏ မာကျောသော လေသံကို ကြားရသောအခါ ချက်ချင်းပင် ဉာဏ်ဆိုးလေး ဝင်လာတော့သည်။ သူမသည် စားပွဲပေါ်မှ အသားကင်တုတ်ချောင်း တစ်ချောင်းကို ယူလိုက်ပြီး သူ၏ လက်သည်းခွံကြားထဲသို့ ထိုးသွင်းလိုက်တော့သည်။

All Chapters