← Chapters

အခန်း (၁၄၆)

Vol. 12 Ch. 146

အခန်း (၁၄၆)

Vol. 12 Ch. 146

ကျွန်မမှာလည်း ယောကျာ်းရှိတယ်။

မော့ယွင်ဖုန့်သည် သူ့ပတ်ပတ်လည်ကို စစ်ဆေးကြည့်ရှုပြီးနောက် ဟဲကျစ်ယန်အား တွေဝေနေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

“ဒါ ဘယ်သူလဲ။ နဝမညီလေး၊ မင်း ဘာဖြစ်လို့ ဒီလိုဝတ်ထားတာလဲ။”

မော့ယွင်ဖုန့်၏ အထင်အမြင်တွင် သူ့နဝမညီလေးသည် သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူဖြစ်သည်။

သို့သော်လည်း မော့ကျိုးယွီသည် လက်ရှိတွင် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည့် ပိတ်ကြမ်းထည်ကို ဝတ်ဆင်ထားသည်။

ထို့အပြင် နဝမညီလေးသည် သူ့ဘေးတွင် အိမ်အကူတစ်ယောက်မှ မထားရှိခဲ့သဖြင့် ဤအမျိုးသမီးက ဘာကြောင့် သူ့ညီလေးနောက်သို့ လိုက်နေရသနည်း။

“တတိယအစ်ကို၊ ဒါက ကျွန်တော့်ဇနီး ဟဲကျစ်ယန်ပါ။ အခု ကျွန်တော်တို့ မော့မိသားစုက နိုင်ငံသစ္စာဖောက်တွေလို့ ယိုးစွပ်ခံရတယ်။ ဘုရင်မင်းမြတ်ရဲ့ အမိန့်အရ ပိုင်ဆိုင်မှုအကုန် သိမ်းယူခံရပြီး ပြည်နှင်ဒဏ်ပေးခံလိုက်ရတယ်။ အခု ပြည်နှင်ဒဏ်ပေးခံရတဲ့ နေရာကို သွားနေတဲ့ လမ်းခရီးမှာပါ။ အခု ကျွန်တော်တို့ လက်ရှိရောက်နေတဲ့ နေရာက ဆားကန်ဒေသပါ။” မော့ကျိုးယွီက စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးသည်။

ဒါကိုကြားတော့ မော့ယွင်ဖုန့်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

ဤအရာအားလုံးသည် သူ့အတွက် အစစ်အမှန် မဟုတ်သလိုပင်။

သူ အိမ်မှ ထွက်လာသောအခါတွင် သူ့နဝမညီလေးမှာ အသက် ၁၇ နှစ်သာရှိသေးပြီး သူ့အမေကလည်း မော့မိသားစုတွင် ကလေးတစ်ဦးလောက် ထပ်တိုးဖို့ သူ့ကို အမြန်ဆုံး လက်ထပ်ရန် တိုက်တွန်းနေခဲ့သည်။

သို့သော် နဝမညီလေးသည် သူ့ငယ်ရွယ်မှုကို အကြောင်းပြကာ အကြိမ်ကြိမ် အခါခါ ငြင်းဆိုခဲ့သည်။

သို့သော် ယခုအချိန်တွင် နဝမညီလေးက ဟဲမိသားစု၏ သမီးနှင့် လက်ထပ်ခဲ့ပြီးလေပြီ။

မော့ယွင်ဖုန့်သည် လုံးဝ စိတ်ရှုပ်ထွေးသွားသည်။

မော့ကျိုးယွီသည် အချိန်ကြာလာသည်နှင့်အမျှ မော့ယွင်ဖုန့်၏ ဇဝေဇဝါဖြစ်နေမှုကို သိနားလည်ခဲ့သည်။

သူက မော့ယွင်ဖုန့်ကို ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အစကနေ တိတိကျကျ ပြန်ပြောပြခဲ့သည်။

မော့ယွင်ဖုန့်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မော့မိသားစုတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို နဝမညီလေး ပြန်ပြောသည်ကို နားထောင်ပြီးနောက် မြေကြီးပေါ် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ဤအချက်အားလုံးကို ချက်ချင်းလက်ခံရန် ခက်ခဲမည်ကို သိရှိထားသည်။ ငိုကြွေးခြင်းသည် သူ့စိတ်ခံစားချက်များကို ထွက်ပေါက်ပေးသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးက သူ့အပြုအမူကို ရပ်တန့်ရန် မလုပ်ခဲ့ကြပေ။

မော့ယွင်ဖုန့်သည် အားရအောင် ငိုကြွေးပြီးနောက် မော့ကျိုးယွီကို ကြည့်လိုက်သည်။

“နဝမညီလေး၊ အခုလောလောဆယ်တော့ တတိယအစ်ကို လူရှေ့သူရှေ့ မထွက်ချင်သေးဘူး။”

“တတိယအစ်ကို၊ အစ်ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ…” မော့ကျိုးယွီ စကားမဆုံးခင်မှာပင် မော့ယွင်ဖုန့်က ကြားဖြတ်ပြောသည်။

“ဘာပဲဖြစ်ဖြစ် လူတိုင်းက ငါသေသွားပြီလို့ထင်နေကြတာ၊ မော့မိသားစုအတွက် ပြည်နှင်ဒဏ်အပေးခံရတဲ့စာရင်းထဲမှာလည်း ငါ မပါဘူး။ ဒါကြောင့် ငါ အပြင်ထွက်ပြီး အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ကို ရှာဖို့ ဒီအခွင့်အရေးကို ငါအသုံးချမယ်။”

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် မော့ယွင်ဖုန့်၏ ပြောစကားက အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။

သူတို့ရဲ့ လက်ရှိအနေအထားက အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ကို လိုက်ရှာဖို့ အခွင့်အရေးမရှိဘဲ အနောက်မြောက်ဘက်သို့ ရောက်ရှိပြီးသည့်တိုင် ဒေသဆိုင်ရာ အစိုးရရုံးတွင် ဦးစွာ စာရင်းသွင်းရပေဦးမည်။ ထို့အပြင် ပြည်နှင်ဒဏ်ပေးခံရသည့် ရာဇဝတ်သားများသည် ဘုရင်မင်းမြတ်၏ ကင်းလွတ်ခွင့်အမိန့်မပါရှိဘဲ ပြည်နှင်ဒဏ်ပေးခံရသည့် နယ်မြေမှ ခြေတစ်လှမ်းမျှပင် ထွက်ခွာခွင့်မရှိကြောင်း တရားရုံးက ပြဋ္ဌာန်းထားသည်။

နယ်မြေခံ တာဝန်ရှိသူများက ပြည်နှင်ဒဏ်ပေးခံရသည့် မိသားစုများကို အခါအားလျော်စွာ လာရောက်စစ်ဆေးတတ်သည်။ အကယ်၍ တစ်စုံတစ်ဦး ထွက်ခွာသွားကြောင်း တွေ့ရှိပါက တရားရုံးသို့ အစီရင်ခံတိုင်ကြားလိမ့်မည်။

ဒါက မိသားစုကို မလိုလားအပ်တဲ့ ဒုက္ခတွေဖြစ်စေလိမ့်မယ်။

ထို့ကြောင့် မော့ယွင်ဖုန့်သည် ယခု ပြည်နှင်ဒဏ်ပေးခံရသည့်အဖွဲ့တွင် မပါဝင်ရန်နှင့် မိသားစုဝင်များကို ရှာဖွေရန် တိုက်ရိုက်ထွက်သွားသည်က အကောင်းဆုံးနည်းလမ်းဖြစ်သည်။

မော့ကျိုးယွီက ခေါင်းညိတ်ထောက်ခံသည်၊ “ဒါက ကျိုးကြောင်းဆီလျော်တယ်။ အမေနဲ့ တတိယမရီးတို့ တတိယအစ်ကိုနဲ့ တိတ်တိတ်လေး တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခု ကျွန်တော် ရှာထားလိုက်မယ်။”

“ကောင်းပြီ၊ မင်းအဆင်ပြေသလို ကြည့်စီစဉ်ပေးလေ။”

မော့ယွင်ဖုန့်သည် အပေါ်ယံတွင် စိတ်အေးပြီး တည်ငြိမ်နေပုံရသော်လည်း နဝမညီလေးက သူ့အမေနှင့် သူ့ဇနီးကို ပြောသောအခါတွင် သူသည် သူတို့ကို မြင်တွေ့ဖို့ မစောင့်နိုင်တော့ပေ။

မော့ကျိုးယွီက ကောင်းကင်ကို ခေါင်းမော့ပြီး စစ်ဆေးကြည့်ရှုသည်၊ “တတိယအစ်ကို၊ အချိန်လင့်နေပြီ။ ကျွန်တော့်ကို ဒီမှာ စောင့်နေ။ ကျွန်တော် စခန်းကိုပြန်သွားပြီး တတိယမရီးကို ဒီခေါ်လာဖို့ နည်းလမ်းရှာလိုက်မယ်။”

ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ အစာခြောက်အချို့ကို တိတ်တဆိတ် ထုတ်ယူကာ မော့ကျိုးယွီနှင့် စခန်းကို ပြန်မလိုက်ခင် မော့ယွင်ဖုန့်အား ပေးခဲ့လိုက်သည်။

မော့ချူဟန်၏ မြင့်မားသော ကိုယ်ခံပညာအရ နဝမညီလေးတို့လင်မယား စခန်းမှ ထွက်သွားသည်ကို သတိပြုမိပြီးဖြစ်သည်။

နဝမညီလေးတို့လင်မယားသည် တတိယအစ်ကို၏ ကိစ္စကြောင့် ထွက်သွားသည်ကို သူသိပြီး တစ်ခုခု အမှားအယွင်းဖြစ်မှာကို စိတ်ပူသောကြောင့် သူတို့ထွက်သွားရာလမ်းကြောင်းအတိုင်း စောင့်ဆိုင်းရင်း အချိန်မရွေး တွေ့ဆုံဖို့ အသင့်ပြင်ထားသည်။

အဝေးကနေ နဝမညီလေးတို့လင်မယား ပြန်လာတာကိုမြင်တော့ မော့ချူဟန်က သူတို့ကို နှုတ်ဆက်ဖို့ အလျင်အမြန် ရှေ့တက်သွားသည်။

“နဝမညီလေး၊ နဝမခယ်မလေး၊ တတိယအစ်ကို ဘယ်မှာလဲ။”

“အဋ္ဌမအစ်ကို ကျွန်တော်နဲ့ ယန်ယန်တို့ သတင်းအသစ်တချို့ ရထားတယ်။ ဒီကိစ္စကို နောက်မှ ဖြည်းဖြည်းချင်း ပြောရအောင်။ အခု ကျွန်တော် အမေနဲ့ တတိယမရီးတို့ကို တတိယအစ်ကိုနဲ့တွေ့ဖို့ သွားခေါ်လိုက်ဦးမယ်။ တကယ်လို့ လိုရမယ်ရ အဋ္ဌမအစ်ကိုက အစ်ကိုကြီးဖမ်းကို ဒီမှာ အချိန်လေး ဆွဲပေးထားပါဦး။”

မော့ချူဟန်က စိတ်ရှုပ်ထွေးနေသော်လည်း နဝမညီလေးသည် အလွန်စိတ်ပူပန်နေကြောင်း သူမြင်နေရသည်။

“ကောင်းပြီ၊ မင်း အမေနဲ့ တတိယမရီးကို လွတ်လွတ်လပ်လပ် ခေါ်ထုတ်သွားချေ။ ဒီက ကိစ္စတွေကို ငါ့လက်ထဲ အပ်ခဲ့လိုက်။”

သခင်မကြီးမော့နှင့် တတိယမရီးတို့နေထိုင်သည့် တဲတွင် အမျိုးသမီးများ နေထိုင်တာ ဖြစ်သောကြောင့် မော့ကျိုးယွီ ဝင်ထွက်သွားလာဖို့ အဆင်မပြေပေ။ ဟဲကျစ်ယန်က သူတို့ကို သွားခေါ်ဖို့ အစပြုခဲ့သည်။

များမကြာမီ ဟဲကျစ်ယန်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေသော အမျိုးသမီးနှစ်ဦးကို အရာရှိများ၏ အမြင်မှ ရှောင်ရှားကာ မော့ကျိုးယွီနှင့် တွေ့ဖို့ ခေါ်သွားပေးခဲ့သည်။

အချိန်တွေကုန်လွန်သွားသည်နှင့်အမျှ မော့ကျိုးယွီက သခင်မကြီးမော့ကို တွဲခေါ်ပြီး ဟဲကျစ်ယန်က တတိယမရီးကို တွဲခေါ်လာခဲ့သည်။

လမ်းခရီးတွင် မော့ယွင်ဖုန့် အသက်ရှင်နေသေးသည့် သတင်းကို ပြောပြခဲ့ပြီး မော့ယွင်ဖုန့်ကို သိပ်မကြာခင် တွေ့ရလိမ့်မည်ဟု အမျိုးသမီးနှစ်ဦးကို ရှင်းပြခဲ့သည်။

အကယ်၍ မော့ချူဟန် သေရွာမှ ပြန်လာခြင်းကိုသာ မျက်မြင်မတွေ့ထားခဲ့ပါက အမျိုးသမီးနှစ်ဦးသည် သူတို့ နားကြားမှားနေတာလို့ ထင်မိလိမ့်မည်။

အထူးသဖြင့် တတိယမရီးသည် လွန်ခဲ့သည့် ရက်အနည်းငယ်က မော့ချူဟန် အသက်ရှင်လျက် ပြန်လာသည်ကို မြင်သောအခါ သူမ၏ အဋ္ဌမခယ်မလေးအား ဘယ်လောက်တောင် မနာလိုဖြစ်မိမှန်း မသိပေ။

သူမ၏ အမျိုးသားသည်လည်း သေရွာမှ ပြန်လာနိုင်လိမ့်မည်ဟု သူမ မမျှော်လင်ခဲ့ပေ…။

တတိယမရီးသည် ဤအရာအားလုံးသည် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုရန်အတွက် ဟဲကျစ်ယန်၏ လက်ကို တင်းတင်းဆွဲကာ မေးခွန်းများ ဆက်လက် မေးမြန်းခဲ့သည်။

“နဝမညီမလေး၊ ငါ့အမျိုးသား အရမ်းပိန်သွားလား။”

“နဝမညီမလေး၊ ငါ့အမျိုးသားက ငါ့ကို မှတ်မိနေဦးမယ်လို့ထင်လား။”

“နဝမညီမလေး၊ ငါ့ဆံပင်တွေ အရမ်းရှုပ်နေလားလို့ ကူကြည့်ပေးပါဦး။”

“နဝမညီမလေး…”

ဟဲကျစ်ယန်သည် တတိယမရီး၏ စိတ်ခံစားချက်ကို နားလည်ပေးနိုင်ပြီး သူမ မေးသမျှ မေးခွန်းအားလုံးကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးသည်။

သခင်မကြီးမော့မှာလည်း အလားတူ အလွန်စိတ်လှုပ်ရှားကာ သူမ၏ တတိယသားဖြစ်သူ အသက်ရှင်နေသေးကြောင်းကို ကြားလိုက်ရသောအခါတွင် ဝမ်းသာမျက်ရည်ကျခဲ့ရသည်။

သူမက တိုးတိုးလေး ရေရွတ်မြည်တမ်းသည်၊ “မိုးကောင်ကင်က ကြည့်ရှုစောင်မတာပဲ၊ ငါတို့မော့မိသားစုးရဲ့ ဘိုးဘေးတွေက ကြည့်ရှုစောင်မတာပဲ… ဘုရား… ဘုရား…”

နောက်ထပ်လူနှစ်ယောက်နှင့်အတူ မော့ကျိုးယွီသည် လမ်းခရီးတွင် အရှိန်မြှင့်ရန် သူ၏ ကိုယ်ဖော့ပညာကို အသုံးမပြုနိုင်သောကြောင့် သူတို့၏ အမြန်နှုန်းသည် သဘာဝအတိုင်း ပို၍ပင် နှေးကွေးသွားသည်။

နာရီဝက်နီးပါး လမ်းလျှောက်လိုက်ရပြီးနောက် နောက်ဆုံးတွင် သူတို့ရှေ့မှာ အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

မော့ယွင်ဖုန့်သည် လူအနည်းငယ်ကို မြင်ပြီး သူတို့ကို နှုတ်ဆက်ရန် ရှေ့တက်လာခဲ့သည်။

သူသည် သခင်မကြီးမော့၏ ရှေ့တွင် ဒူးထောက်အရိုသေပေးခဲ့သည်။

“ယွင်ဖုန့်က ဝတ္တရားပျက်ကွက်ပြီး အမေ့ကို စိုးရိမ်ပူပန်စေခဲ့တယ်။”

အကျွမ်းတဝင်ရှိသော အသံကြောင့်သာ မဟုတ်ပါက၊ သခင်မကြီးမော့သည် သူမရှေ့မှောက်တွင် ရှိသော မျက်နှာတစ်ဝက်လုံးကို ဖုံးလွှမ်းနေသော ဆံပင်များနှင့် မုတ်ဆိတ်မွှေးများကြောင့် သူမ၏ တတိယသား မော့ယွင်ဖုန့်ကို မှတ်မိလိမ့်မည်မဟုတ်ပါ။

သခင်မကြီးမော့သည် သူမ၏ လက်ကို တုန်တုန်ရီရီ ဆန့်ထုတ်လိုက်ပြီး မော့ယွင်ဖုန့်ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်များကို အသာအယာ ထိတွေ့လိုက်သည်။

“တကယ်ပဲ ငါ့ယွင်ဖုန့်လေးလား။”

မော့ယွင်ဖုန့်သည် သူ့ရဲ့ ရှုပ်ပွနေသော ဆံပင်များကို နောက်သို့ ပြန်သပ်တင်ပြီး ခေါင်းမော့ပေးလိုက်သည်။

“အမေ၊ အမေ့ရဲ့ တာဝန်မကျေတဲ့သား ယွင်ဖုန့်က ဒီမှာပါ။”

ယခုအခါတွင် သူ့မျက်နှာကို ဖုံးအုပ်ထားသော ဆံပင်တွေ မရှိတော့သဖြင့် မုတ်ဆိတ်မွေးတွေ ဖုံးလွှမ်းနေသော်လည်း သခင်မကြီးမော့သည် သူ့သားကို တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိပေသည်။

“ယွင်ဖုန့်… တကယ် ယွင်ဖုန့်ပဲ… အမေ့ရဲ့ ယွင်ဖုန့်လေး မသေသေးဘူး… အရမ်းကောင်းတယ်…”

သခင်မကြီးမော့သည် မော့ယွင်ဖုန့်အား အလွန်စိတ်လှုပ်ရှားစွာ ပွေ့ဖက်ပြီး အော်ဟစ်ငိုကြွေးခဲ့သည်။

တတိယမရီးသည် ခင်ပွန်းဖြစ်သူအား အခြေအနေ အကျိုးအကြောင်းကို မေးမြန်းချင်သော်လည်း သူမ၏ ယောက္ခမနှင့် ခင်ပွန်းကြားက အပြန်အလှန် ဆက်ဆံမှုကို မြင်တော့ ချက်ချင်း ရှေ့မတိုးဘဲ နောက်ဆုတ်လိုက်သည်။

သူမသည် ဟဲကျစ်ယန်၏ လက်ကို ဆုပ်ကိုင်ထားပြီး နေရာ၌ မတ်တပ်ရပ်ကာ မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။

သခင်မကြီးမော့သည် ခဏလောက် ငိုကြွေးပြီးနောက် မော့ယွင်ဖုန့်၏ ပခုံးကို ပုတ်ပြီး သူ့ကို ဆွဲထူပေးခဲ့သည်။

“မင်းအိမ်ကနေ ထွက်သွားပြီးကတည်းက မင်းမိန်းမ ဖုန့်ရှီက မင်းအတွက် ဘယ်လောက်တောင် မျက်ရည်ကျခဲ့ရသလဲ။”

သခင်မကြီးမော့က ထိုသို့ပြောရင်း မော့ယွင်ဖုန့်၏ လက်ကို ဆွဲကာ တတိယမရီးဆီသို့ ခေါ်ဆောင်လာပေးသည်။

တတိယမရီး၏ မျက်လုံးများသည် မျက်ရည်များဖြင့် မှုန်ဝါးသွားသည်။

“ယောကျာ်း၊ အခု ကျွန်မ အဋ္ဌမခယ်မလေးကို မနာလိုဖြစ်စရာ မလိုတော့ဘူး… အဟင့် အဟင့်… အခု ကျွန်မမှာလည်း ယောကျာ်းရှိတယ်… အဟင့် အဟင့်…”

မော့ယွင်ဖုန့်သည် တတိယမရီးထံသို့ လျှောက်သွားပြီး သူမကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။

“စွေ့လျန် ကိုယ်တောင်းပန်ပါတယ်။ မင်းကို နှစ်အတော်ကြာအောင် ဝမ်းနည်းအောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါတွေအားလုံး ကိုယ့်အမှားပါပဲ။

***

All Chapters