လက်စွပ်ကို ပြန်ပေးမယ်
Vol. 12 Ch. 149
သူမ တွေးနေရင်းနဲ့ ဟဲကျစ်ယန်သည် သူမ၏ အသိစိတ်ကို နေရာလွတ်ထဲ ပို့ဆောင်လိုက်သည်။
အမျိုးသမီးကျောက်၏ လက်စွပ်တန်ဖိုးကို သူမ စစ်ဆေးချင်ခဲ့သည်။
လက်စွပ်သေးသေးလေး တစ်ကွင်းအတွက် တာ့ပေါင်ပေါ်ရှိ တန်ဖိုးသည် ငွေဆံထိုးများနှင့် အလားတူတန်ဖိုးရှိမည်ဟု သူမ ထင်ခဲ့သည်။
မမျှော်လင့်ဘဲ၊ ထိုလက်စွပ်အတွက် တန်ဖိုးဖြတ်ထားသော နှုန်းထားပမာဏသည် ယွမ် ရှစ်သိန်း ဖြစ်သည်။
ဟဲကျစ်ယန်သည် လက်ဝတ်ရတနာများအကြောင်းကို များများစားစား မသိသော်လည်း တာ့ပေါင်၏ ရာဖြတ်နှုန်းထားသည် မှန်ကန်လိမ့်မည်ဟု သူမ ယုံကြည်ခဲ့သည်။
သူမတို့ အိမ်ကို စစ်ဆေးသိမ်းဆည်းခံရချိန်တွင် အမျိုးသမီးကျောက်က ဒီလက်စွပ်ကို ဘယ်လိုသိမ်းထားခဲ့လဲဆိုတာကို သူမ မသိပေမယ့် သူ့တန်ဖိုးကိုကြည့်ရင် ဒီလက်စွပ်ဟာ အမျိုးသမီးကျောက်အတွက် ထူးခြားတဲ့ အဓိပ္ပါယ်ရှိနေလိမ့်မည်။
ဟဲကျစ်ယန်က ဒီလက်စွပ်ကို အမျိုးသမီးကျောက်ကို အရင်ပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
နေရာလွတ်ထဲကနေ သူမ၏ အသိစိတ်ကို ပြန်ထုတ်လိုက်စဉ် ဒုတိယမရီးက သူမကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
“ဒုတိယမရီး၊ ညီမ တောထဲကို ဟိုဟိုဒီဒီ သွားကြည့်တုန်းက ဟင်းသီးဟင်းရွက်တွေ အများကြီး တွေ့ခဲ့တယ်။ အစ်မလည်း သူတို့ကို မြင်ရင် မှတ်မိနိုင်လောက်တယ်။ ညီမတို့ မနက်ဖြန်ကျရင် လူတိုင်း ဟင်းသီးဟင်းရွက်တွေ သွားရှာဖွေဖို့ အစ်ကိုကြီးဖမ်းနဲ့ ဆွေးနွေးကြည့်ကြတာပေါ့။ ဒီလိုသာဆိုရင် ငွေလေးနည်းနည်းပါးပါးလောက်တော့ ရှာလို့ ရလိမ့်မယ်။”
ငွေရှာဖို့ နည်းလမ်း တွေ့တဲ့အခါ ဒုတိယမရီး အရမ်းပျော်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲ ဒုတိယမရီးက ညှိုးငယ်တဲ့ မျက်နှာအမူအရာလေး ရှိနေဆဲပင်။
“နဝမခယ်မလေး၊ ဒါက တကယ်ကောင်းတဲ့ အကြံပဲ။ ဒါပေမယ့် အရာရှိတွေက ငါတို့ကို ဒီကနေ လုံးဝ ထွက်သွားခွင့် မပေးဘူး။ ဒါဆိုရင် ငါတို့ ဟင်းသီးဟင်းရွက်တွေကို ဘယ်လို စုဆောင်းကြမလဲ။”
ဟဲကျစ်ယန်သည် သူမ၏ စိတ်ကူးက ရိုးရှင်းလွန်းကြောင်း ဝန်ခံရပေမည်။
ဖမ်းဝမ်က သူမနှင့် မော့ကျိုးယွီကို ယုံကြည်မှုရှိသည်။ ဤယုံကြည်မှုကို အချို့အရာများကို ဖြတ်သန်းပြီးမှ ရရှိလာခဲ့တာဖြစ်သည်။
အကြောင်းပြချက်မရှိဘဲ သူ့အား မျက်နှာသာပေးဖို့ သူမ မတောင်းဆိုသင့်ပါ။
ထိုအကြောင်းကိုတွေးပြီးနောက် ဟဲကျစ်ယန်သည် အချိန်အတော်ကြာအောင် အတွေးများသွားခဲ့သည်။
ဟဲကျစ်ယန်ရဲ့ အခက်အခဲကိုမြင်တော့ ဒုတိယမရီးက ပြောလာခဲ့သည်၊ “နဝမခယ်မလေး၊ ငါတို့ထဲက တစ်ယောက်မှ ဒီကိစ္စကို မကူညီပေးနိုင်ဘူး။ ဒါကြောင့် ငါတို့တွေ ကိုယ့်ဒုက္ခကိုယ်မရှာသင့်ဘူး။
“ဒုတိယမရီး ပြောတာ မှန်တယ်။ အဆုံးမှာတော့ ညီမတို့တွေမှာ ထူးခြားတဲ့ အထောက်အထားတွေ ရှိနေကြတာပဲ။ ကိုယ့်အတိုင်းအတာကို ကိုယ်သိတာ အကောင်းဆုံးပဲ။”
နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောဆိုပြီးနောက် ဒုတိယမရီးသည် သမ်းဝေကာ အနားယူဖို့ ပြန်သွားသည်။
ဖန့်မိသားစုတွေ မအိပ်သေးတာကိုတွေ့တော့ ဟဲကျစ်ယန်က နေရာလွတ်ထဲမှ လက်စွပ်ကို ထုတ်ယူပြီး အမျိုးသမီးကျောက်ကို ပြန်ပေးလိုက်သည်။
“အဒေါ် ဒီလက်စွပ်က အဒေါ့်အတွက် အရမ်းအရေးကြီးမယ့်ပုံပဲ။ ကျွန်မ အဒေါ်ကို ပြန်ပေးဖို့ စဉ်းစားထားတယ်။”
အမျိုးသမီးကျောက်က လက်စွပ်ကိုမြင်သောအခါတွင် သူမ၏ မျက်လုံးများ ချက်ချင်း နီရဲသွားသော်လည်း ၎င်းကိုယူရန် လက်မလှမ်းခဲ့ပေ။
“ဟင့်အင်း၊ ငါ ငါးနဲ့ ဖလှယ်ဖို့ ဒီလက်စွပ်ကို သုံးခဲ့တာ၊ ငါ ပြန်မယူနိုင်ဘူး။”
ဟဲကျစ်ယန်က လက်စွပ်ကို အမျိုးသမီးကျောက်၏ လက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။
“အဒေါ်၊ အဒေါ့်ရဲ့ လက်စွပ်က တစ်ချက်ကြည့်လိုက်တာနဲ့တင် အဖိုးတန်မှန်း သိသာတယ်။ ကျွန်မဆီက ငါးအနည်းငယ်က ဒါနဲ့ မယှဉ်နိုင်ဘူး။”
အမျိုးသီးကျောက်က လက်စွပ်ကို ယူပြီး ဆို့နင့်သွားသည်၊ “အဒေါ် ငါ့တူမဆီကနေ မဝှက်ထားနိုင်ဘူးပဲ။ ဒီလက်စွပ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ငါ့အမေ့ဆီကနေ လက်ဆင့်ကမ်း ရရှိခဲ့တာလေ။ ငါတို့အိမ်တွေကို ရှာဖွေသိမ်းဆည်းခံရစဉ်က သူမနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ တစ်ခုလောက် ချန်ထားချင်ခဲ့တာကြောင့် ဒီလက်စွပ်လေးကို ငါ့ဆံထုံးထဲ ဝှက်ထားခဲ့တယ်။ ကလေးတွေ အရမ်းသနားစရာကောင်းလောက်အောင် ဗိုက်ဆာမနေခဲ့ရင် ဘာပဲဖြစ်ဖြစ် ငါ ဘယ်တော့မှ ဒီလက်စွပ်ကို ထုတ်သုံးမှာ မဟုတ်ဘူး။”
“အဒေါ်၊ ဒီလက်စွပ်က အဒေါ့်အတွက် အရမ်းတန်ဖိုးရှိလို့ အခုကတည်းက လုံခြုံအောင် သိမ်းထားလိုက်ပါ။ မလိုအပ်ဘဲ လဲလှယ်ဖို့ မထုတ်ယူပါနဲ့။”
ဟဲကျစ်ယန်သည် လူတွေကို ဆွဲဆောင်သည့် စကားမျိုး ကောင်းကောင်း မပြောနိုင်တဲ့အတွက် စကားနည်းနည်းပြောပြီးတာနဲ့ သူထွက်လာခဲ့သည်။
အန္တရာယ်ကို ကြိုမသိတာကြောင့် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို အနားယူရန် နေရာလွတ်ထဲသို့ ခေါ်ဆောင်သွားသည်။
သူတို့နှစ်ဦးသည် နေ့ခင်းဘက်တွင် အလွန်အကျွံ အိပ်စက်အနားယူခဲ့ကြပြီးဖြစ်သဖြင့် ယခုအချိန်မှာ အိပ်မပျော်ကြပေ။
ဟဲကျစ်ယန်သည် နေရာလွတ်ထဲတွင် ရိတ်သိမ်းထားသော ကောက်ပဲသီးနှံများကို မမြည်းစမ်းကြည့်ရသေးဘူးဟု တွေးနေမိသည်။ သူတို့ကို ညနှောင်းပိုင်း အဆာပြေစားတာက အကောင်းဆုံးပါပဲ။
ညနှောင်းပိုင်း သရေစာများသည် အဓိကအားဖြင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များဖြစ်သော်လည်း ဟဲကျစ်ယန်သည် နေရာလွတ်အတွင်းမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များသည် ကြည့်ကောင်းရုံသာမက အရသာလည်း ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်ခဲ့ရသည်။
ဥပမာအားဖြင့် ခရမ်းချဉ်သီးများသည် ချိုချိုချဉ်ချဉ်အရသာလေးရှိကာ အသီးအနှံများထက် ပိုအရသာရှိသည်။
သခွားသီးတွေကလည်း ချိုပြီး ကြွပ်ရွကာ၊ နံနံပင်လေးတွေကလည်း အရင်က စားဖူးတာတွေထက် ပိုအရသာရှိတယ်…။
အတိုချုပ်ပြောရလျှင် နေရာလွတ်မှ ထုတ်လုပ်သော ထုတ်ကုန်များသည် ကောင်းမွန်သော အရာများ ဖြစ်သည်။
နှစ်ယောက်သား အိပ်ယာပေါ်လှဲပြီး စိတ်ကျေနပ်စွာ အနားယူနေကြသည်မှာ ညဉ့်နက်သည်အထိပင်။
နောက်တစ်နေ့ မနက်စောစောတွင် မော့ကျိုးယွီသည် ဖမ်းဝမ်အား နှုတ်ဆက်ပြီးနောက် ဟဲကျစ်ယန်ကို ခေါ်သွားခဲ့သည်။
သူ မူလက တောထဲသွားဖို့ စီစဉ်ခဲ့ပေမယ့် ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ရိတ်သိမ်းရရှိသော ရိက္ခာတွေက အဓိကစားသောက်ကုန် ကောက်နှံများနှင့် ဟင်းသီးဟင်းရွက်တွေလို့ ယူဆရတယ်လို့ဆိုသောကြောင့် နှစ်ယောက်သား မြို့ထဲကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
ကောက်နှံများကို ဈေးမှ ဝယ်ယူခဲ့တယ်လို့ တိုက်ရိုက်ပြောနိုင်ပြီး ဟင်းသီးဟင်းရွက်တွေကမူ ပြန်သယ်သွားဖို့ သင့်တော်တဲ့ ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပြီး ပြန်ယူသွားလျှင် ရသည်။
နန်ဟန်ကို တစ်မြို့လုံး လိုက်ရှာနေတာကြောင့် လမ်းပေါ်မှာ လမ်းသွားလမ်းလာ သိပ်မရှိဘူး။
လမ်းဘေးနှစ်ဘက်ရှိ ဆိုင်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားသော်လည်း အသွားအလာ နည်းပါးသည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် သွားလိုရာ ပန်းတိုင်မရှိဘဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေခဲ့ကြသည်။
နှစ်ယောက်သား ဟိုဟိုဒီဒီ လျှောက်လာရင်း ပန်းထိုးအိမ်ရှေ့သို့ ရောက်လာစဉ် ရှေ့ဆုံးမှာ အသက် ၁၃၊ ၁၄ နှစ်အရွယ် မိန်းကလေး လမ်းလျှောက်ထွက်လာပြီး သူ့နောက်မှာ အစေခံဖြစ်ဟန်တူသည့် ကောင်မလေး နှစ်ယောက် လိုက်ပါလာသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် သူတို့နောက်မှ ပြေးထွက်လာခဲ့သည်။
အမျိုးသမီးသည် သူမလက်ထဲတွင် အရုပ်နှင့်တူသော အရာများစွာ ကိုင်ဆောင်ထားသည်။
“မိန်းကလေးလီ၊ ကျွန်မက ဒီမှာ စီးပွားရေး အသေးလေး လုပ်ကိုင်နေတာပါ။ မိန်းကလေးက မိန်းကလေး မှာထားတဲ့ အရုပ်ကို မလိုချင်တော့ဘူးဆိုရင် ကျွန်မက ဒီအရုပ်ကို ဘယ်သူ့ကို သွားရောင်းနိုင်မှာလဲ။”
မိန်းကလေးလီက ဒေါသတကြီး လှည့်ကြည့်သည်၊ “ရှင်လုပ်ထားတဲ့အရုပ်တွေက ဒီမိန်းကလေးရဲ့ အကြိုက်နဲ့ မကိုက်ညီဘူး၊ ဒါကြောင့် ဒီမိန်းကလေးက ဒါတွေကို လက်မခံနိုင်ဘူး။”
“ဒါပေမယ့် မိန်းကလေးလီ၊ ဒီအရုပ်တွေအားလုံးကို မိန်းကလေး ပေးခဲ့တဲ့ နမူနာအတိုင်း ပြုလုပ်ထားတာပါ။ ဒါကို မိန်းကလေးအကြိုက်နဲ့ မကိုက်ညီဘူးလို့ ဘယ်လိုပြောနိုင်ရတာလဲ။
ကြည့်ပါဦး၊ ဒီအရုပ်တွေကို အရည်အသွေးမြင့် ပစ္စည်းတွေနဲ့ ပြုလုပ်ပေးထားတာပါ။ ဒီပစ္စည်းတွေကို ဝယ်ယူတာနဲ့တင် ပိုက်ဆံ အများကြီး ကုန်ကျခဲ့တဲ့အပြင် ပန်းထိုးလုပ်အားခကိုလည်း ကျွန်မ ကြိုပေးခဲ့ရသေးတယ်။ တကယ်လို့ မိန်းကလေးသာ မယူဘူးဆိုရင် ကျွန်မ အရင်းပြုတ်လိမ့်မယ်…”
မိန်းကလေးလီသည် အမျိုးသမီး၏ လက်ထဲမှ အရုပ်ကို မထီမဲ့မြင် စိုက်ကြည့်ကာ လှည့်ထွက်သွားသည်။
ဟဲကျစ်ယန်သည် အမျိုးသမီး၏ လက်တွင် ကိုင်ဆောင်ထားသော အရုပ်ကို အနီးကပ် ကြည့်ရှုခဲ့သည်။
ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ရင် မိန်းကလေးလီ ဝတ်ဆင်ထားတဲ့ အဝတ်အစားနီးပါး တန်ဖိုးကြီးပုံရသည်။
ဒါပေမယ့် ဒီကိစ္စမှာ…
မိန်းကလေးလီက သူတို့ကို ဝယ်ဖို့ ငြင်းခဲ့တာ မဆန်းပါဘူး။ အမှန်တော့ သူတို့က တကယ့်ကို ကြည့်ရဆိုးနေခဲ့တာပင်။
အရုပ်တွေက စတုရန်းပုံ၊ အဝိုင်း သို့မဟုတ် အပြားပုံသဏ္ဍာန်များရှိကာ အချိန်အတော်ကြာအောင် ကြည့်နေသော်လည်း ၎င်းတို့သည် မည်သည့်အရာဖြစ်သည်ကို သူမ မမှန်းဆနိုင်ပေ။
ဟဲကျစ်ယန်သည် ရုတ်တရက် အကြံတစ်ခု ရလာခဲ့သည်။
သူမ အရင်ဘဝတုန်းက လက်လုပ်အရုပ်တွေနှင့် လက်မှုပညာကို နှစ်သက်တဲ့ သူငယ်ချင်းကောင်း တစ်ယောက် သူမမှာ ရှိခဲ့သည်။
၎င်းတို့ကို ပြုလုပ်ပြီးနောက် သူမ၏ သူငယ်ချင်းက သူမကို လက်ဆောင်အဖြစ် အနည်းငယ် ပေးခဲ့ဖူးကာ ယခု သူတို့ဟာ သူမ၏ နေရာလွတ်ရှိ အိပ်ယာဘေး စားပွဲပေါ်တွင် ရှိနေလေ၏။
ဟဲကျစ်ယန်သည် မော့ကျိုးယွီအနားကို တိုးသွားပြီး သူ့ရှေ့တွင် ဝင်ရပ်လိုက်သည်။
ပထမတော့ မော့ကျိုးယွီသည် သူမ၏ ရင်းနှီးသော လုပ်ရပ်ကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
သို့သော် မကြာခင်မှာပင် သူ့ရှေ့က လက်သေးသေးလေးထဲတွင် အရာဝတ္ထုတစ်ခုကို ခံစားလိုက်ရသည်။
သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ ကုတင်ဘေးတွင် ထားရှိသည့် အရုပ်လေးကို တွေ့လိုက်ရသည်။
သူ နားလည်မှုလွဲသွားတာပဲ၊ သူမက ငါ့ကို အကာအဖြစ် အသုံးချလိုက်တာပဲ…။
ဟဲကျစ်ယန်သည် ခြေလှမ်းအနည်းငယ်လှမ်းပြီး မိန်းကလေးလီ ရှိရာဆီသို့ လက်လုပ် အဖြူရောင် နားရွက်ရှည်ယုန်ရုပ်လေးကို ပြသပြီး လျှောက်သွားလိုက်သည်။
“မိန်းကလေး၊ ဒီအရုပ်ကိုရော ဘယ်လိုထင်လဲ။”
တစ်စုံတစ်ယောက် ရုတ်တရက် သူမ သွားရာလမ်းကို ပိတ်ဆို့လိုက်သောအခါ မိန်းကလေးလီသည် သူ့အလိုလို ဒေါသထွက်ချင်လာခဲ့သည်။ သို့သော် နားရွက်ရှည် ဖြူဖွေးနေသော ယုန်ရုပ်လေးကို မြင်လိုက်ရသောအခါတွင် သူမ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
ဒေါသကနေ အံ့အားသင့်သွားသည့် အမူအရာကို ပြောင်းလဲဖို့ တစ်စက္ကန့်လောက်တောင် မကြာမြင့်ခဲ့ဘူး။
“ဒီယုန်ရုပ်ကို ရောင်းမလား။ ငါ ဒါကို ဈေးကြီးပေးဝယ်လို့ရတယ်။”
နားရွက်ရှည် ယုန်ရုပ်ကို မြင်လိုက်ရသည့် ပန်းထိုးအိမ်ပိုင်ရှင်သည် မိန်းကလေးလီကို သူ့အရုပ်တွေ ဝယ်ဖို့ ဆက်လက်ဆွဲဆောင်ဖို့ မေ့လျော့သွားခဲ့ပြီဖြစ်ကာ ခပ်မြန်မြန် ဖြတ်လျှောက်လာကာ သူ့မျက်လုံးတွေက အံ့ဩမှုတွေ ပြည့်နှက်နေသည်။
“ကောင်မလေး၊ ဒီအရုပ်ကို နင်ကိုယ်တိုင် လုပ်ထားတာလား။”
ဟဲကျစ်ယန်က သူတို့နှစ်ယောက်ကိုကြည့်ပြီး သူတို့ပြဿနာကို စာကြောင်း တစ်ကြောင်းတည်းနဲ့ ဖြေရှင်းပေးလိုက်သည်။
“ဒီယုန်ရုပ်ကို ကျွန်မကိုယ်တိုင် လုပ်ထားတာ၊ ဒါက ရောင်းဖို့မဟုတ်ဘူး။”
ဒါကိုကြားတော့ မိန်းကလေးလီက စိုးရိမ်တကြီး ဖြစ်သွားသည်၊ “နင် ဒီအရုပ်ကို ငါ့ဆီ ရောင်းဖို့ သဘောတူရင် ငွေဆယ်လျန်းပေးမယ်လေ။ ဘယ်လိုလဲ။”
ဟဲကျစ်ယန်က အေးအေးဆေးဆေး ခေါင်းခါနေတုန်းပါပဲ။
ငွေဆယ်လျန်းနှင့် လဲလှယ်ဖို့ရန်အတွက် ဒီယုန်ရုပ်ကို ထုတ်ယူခဲ့တာ မဟုတ်ပါ။
မိန်းကလေးလီကို ဖြတ်ကျော်သွားကာ ဟဲကျစ်ယန်သည် ပန်းထိုးအိမ်ပိုင်ရှင်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
“ဆိုင်ရှင်၊ ဒီလိုအရည်အသွေးမျိုး ကျွန်မ ထုတ်လုပ်နိုင်မယ်ဆိုရင် ရှင့်ပန်းထိုးအိမ်က ကျွန်မ ပစ္စည်းတွေကို ဝယ်ဖို့ ဆန္ဒရှိမှာလား။”
***