ဘာသောက်နေရာကြီးလဲကွ
Vol. 78 Ch. 1535
~ယဲ့ဖန်သည် မျက်လုံးများ စင်းနေပြီ ဖြစ်သော်လည်း၊ ထိုအသံကို ကြားလိုက်ရသည့်အခါ ချက်ချင်း လန်းဆန်းသွားလေ၏။
သန်းခေါင်ယံကြီးမှာ ရတနာ လမ်းညွှန်စနစ် ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဒီတစ်ခေါက် ငါ့ကို ဘယ်နေရာ ခေါ်သွားမလဲ မသိဘူး။
ယဲ့ဖန်သည် စပ်စုချင်စိတ်ဖြင့် စနစ်၏ လမ်းညွှန်မှုကို အလျင်အမြန် လိုက်သွားလိုက်သည်။
(၁၀) မိနစ်ကျော်ခန့် လမ်းလျှောက်ပြီးနောက် မြစ်ကမ်းနားရှိ စွန့်ပစ်ထားသော ဂိုဒေါင်ဟောင်းတစ်ခု ရှေ့သို့ ရောက်ရှိသွားလေ၏။
ဂိုဒေါင်၏ ပတ်ဝန်းကျင်သည် အလွန် ယိုယွင်းပျက်စီးနေပြီး လူ မနေသည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှသည်။
သို့သော် ဂိုဒေါင်ထဲတွင်တော့ မီးရောင်များ လင်းထိန်နေသည်။ အတွင်းထဲတွင် ဘာတွေ ဖြစ်ပျက်နေမှန်း မသိရပေ။
ထို့အပြင် ဂိုဒေါင်တံခါးဝတွင် လူနှစ်ယောက် စောင့်ကြပ်နေသဖြင့် ပို၍ ထူးဆန်းနေသည်။
သူသည် အဝေးမှ လှမ်း၍ အကဲခတ်ကြည့်လိုက်ရာ လူအချို့ ဂိုဒေါင်ထဲသို့ ဝင်သွားကြသည်ကို တွေ့လိုက်ရသည်။
စောင့်ကြပ်နေသူ နှစ်ယောက်ကလည်း တားဆီးခြင်း မရှိပေ။
ထိုအခါမှ ယဲ့ဖန် စိတ်အေးသွားပြီး ဂိုဒေါင်ဘက်သို့ လျှောက်သွားလိုက်သည်။
သို့သော် သူ တံခါးဝသို့ ရောက်သောအခါ၊ ထိုလူနှစ်ယောက်က သူ့ကို တားဆီးလိုက်ကြသည်။
"ဆောရီးပါ... ဒါ ပုဂ္ဂလိကပိုင် နေရာပါ... ပြင်ပလူ ဝင်ခွင့်မရှိပါဘူး..."
အရပ်ရှည်ရှည် လူတစ်ယောက်က ယဲ့ဖန်ကို သူခိုး တစ်ယောက်လို မယုံသက်ာကြည့်ရင်း ပြောလိုက်သည်။
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို ဟိုလူတွေကျတော့ ဘယ်လို ဝင်သွားကြတာလဲ..."
"မင်းနဲ့ ဘာဆိုင်လို့လဲ... သူများဝင်တာ သူများကိစ္စလေ... အတိုချုပ်ပြောရရင် မင်း ဝင်လို့ မရဘူး..."
ထိုလူ၏ လေသံမှာ အလွန် မာကျောနေပြီး လက်ပါ ပါတော့မည့်ဟန် ရှိသည်။
ယဲ့ဖန် မထီမဲ့မြင် ပြုံးလိုက်သည်။
"ငါ ဝင်ချင်တဲ့နေရာ ဆိုရင်... မဝင်နိုင်တဲ့နေရာ ဆိုတာ မရှိဘူး..."
"ဟား... မင်းလေသံကို ကြည့်ရတာ အတင်းဝင်ချင်နေပုံပဲ... ရဲရင် စမ်းကြည့်လိုက်လေ..."
ထိုလူသည် သူ့လက်သီးကို ဝှေ့ယမ်းပြရင်း ခြိမ်းခြောက်လိုက်သည်။
နှစ်ဖက်စလုံး တင်းမာနေကြပြီး ပဋိပက္ခ ဖြစ်ပွားတော့မည့် ဆဲဆဲတွင်...
နောက်ကျောဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာလေ၏။
"ဒါ အစ်ကိုလေးဖန် မဟုတ်လား... ဒီနေ့ မပျင်းမရိ မှောင်ခိုဈေး (Black Market) ကို လာလည်တာလား..."
[- မှောင်ခိုဈေး (Black Market) ဆိုတာ - သာမန်ဈေးတွေမှာ ဝယ်မရတဲ့ တားမြစ်ပစ္စည်းတွေ၊ လူသတ်လက်နက်တွေနဲ့ ရတနာတွေကို ရောင်းချတဲ့ ဥပဒေမဲ့ဇုန် ဖြစ်ပါတယ်။ ]
ယဲ့ဖန် လှည့်ကြည့်လိုက်သောအခါ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် မှတ်မိသွားသည်။
လျှောက်လာသူ နှစ်ယောက်မှာ ယွီဖုန်းရှန်းနှင့် လိုက်ကျီချန်းတို့ ဖြစ်ကြသည်။
သို့သော် နှစ်ယောက်စလုံး ရုပ်ဖျက်ထားကြသဖြင့် လူအများ သတိမထားမိစေရန် ကြိုးစားထားကြောင်း သိသာသည်။
"ဪ... အစ်မလေးယွီနဲ့ အစ်ကိုချန်း ပါလား... ဒီမှာ လာတွေ့ရမယ်လို့ ထင်မထားဘူး... ရေစက်ပဲနော်..."
ယဲ့ဖန်သည် ယွီဖုန်းရှန်း၏ လေသံကို အတုခိုးပြီး ပြန်လည် နှုတ်ဆက်လိုက်သည်။
ယွီဖုန်းရှန်းသည် လျှောက်လာပြီး အိတ်ကပ်ထဲမှ ရွှေရောင်အနားကွပ်ထားသော အနက်ရောင်ကတ် (Black Gold Card) တစ်ကတ်ကို ထုတ်ကာ တံခါးစောင့်နှစ်ယောက်ကို ပြလိုက်သည်။
"သူက ငါ့သူငယ်ချင်းပဲ... ငါနဲ့အတူ ခေါ်သွားလို့ ရမလား..."
တံခါးစောင့် နှစ်ယောက်သည် အနက်ရောင်ကတ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ရိုသေသွားကြသည်။
"ရပါတယ် ခင်ဗျာ... Black Gold Card ပိုင်ရှင် VIP ကြီးအတွက် ပြဿနာ မရှိပါဘူး..."
ယွီဖုန်းရှန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဂိုဒေါင်ထဲသို့ ဦးဆောင်ဝင်သွားလေ၏။ လိုင်ကျစ်ချန်က နောက်မှ လိုက်ပါသွားသည်။
ယဲ့ဖန်သည် တံခါးစောင့်ရှေ့မှ ဖြတ်သွားသောအခါ တမင်သက်သက် ရန်စလိုက်သေးသည်။
"ငါ ပြောသားပဲ... ငါ ဝင်ချင်တဲ့နေရာ ဆိုရင်... မဝင်နိုင်တဲ့နေရာ ဆိုတာ မရှိဘူးလို့..."
ထိုလူ၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း နောက်ဆုံးတွင် ဒေါသကို မြိုသိပ်လိုက်ရသည်။
Black Gold Card ကိုင်ဆောင်ထားသူများသည် သူတို့၏ အထူးဧည့်သည်တော်ကြီးများ ဖြစ်၏။
အထူးဧည့်သည်တော်ကြီးများကို ရိုင်းစိုင်းမိလျှင် အထက်လူကြီးများ၏ ပြင်းထန်စွာ အပြစ်ပေးခြင်းကို ခံရပေလိမ့်မည်။
[Black Gold Card ဆိုတာကတော့ ရှယ်ပဲ... သာမန် သူဌေးလောက်နဲ့ မရဘူး၊ ပါဝါပါ ရှိမှ ကိုင်နိုင်တာပါ။ ဒီကတ်ပြလိုက်တာနဲ့ တစ်ဖက်လူက ပြားပြားဝပ်သွားရော... ဘယ်နေရာသွားသွား VIP အခွင့်အရေး အပြည့်အဝရပြီး လုပ်ချင်တာ လုပ်လို့ရတဲ့ "VVIP Pass" တစ်ခုပါပဲနော်။]
ယဲ့ဖန်သည် တံခါးစောင့်ခွေးနှစ်ကောင်ကို ဆက်ပြီး အရေးမလုပ်တော့ဘဲ ဂိုဒေါင်ထဲသို့ ဝင်သွားလိုက်သည်။
ဂိုဒေါင်ထဲသို့ ရောက်သည်နှင့် သူ့မျက်စိရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။
ဂိုဒေါင်ကြီးသည် အလွန် ကျယ်ဝန်းလှသည်။ အနည်းဆုံး စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းမည်။
အတွင်းထဲတွင် ဆိုင်ခန်းပေါင်းစုံ ဖွင့်လှစ်ထားကြသည်။ ရှေးဟောင်းပစ္စည်း ဆိုင်ခန်းများသာမက၊ သေနတ်ကဲ့သို့သော ထိန်းချုပ်ပစ္စည်းများကို ရောင်းချသည့် ဆိုင်ခန်းများပင် ရှိနေသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ သင်္ဘောကွန်တိန်နာ အချို့ကို လူအများ ဝိုင်းရံကြည့်ရှုနေကြခြင်း ဖြစ်၏။
"ဒါ ဘယ်လို အကျိုးနည်းနေရာကြီးလဲ..."
ယဲ့ဖန်သည် ယွီဖုန်းရှန်းဘက်သို့ လှည့်မေးလိုက်သည်။
"မှောင်ခိုဈေး (Black Market) လေ... ဒီမှာ ရှင် စိတ်ကူးလို့ မရတာတွေသာ ရှိမယ်... ဝယ်လို့မရတဲ့ ပစ္စည်းဆိုတာ မရှိဘူး... ရှင့်ဆီမှာ ပိုက်ဆံသာ ရှိရင် လေယာဉ်ပျံတွေ၊ အမြောက်တွေတောင် ဝယ်ပေးလို့ ရတယ်..."
"နည်းနည်းတော့ လေကြီးလွန်းမနေဘူးလား..."
"ရှင် မယုံဘူးလား..."
ယွီဖုန်းရှန်းသည် ထောင့်တစ်နေရာတွင် ထိုင်နေသော လူတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုလူ၏ ဘေးနားတွင် ဘာပစ္စည်းမှ မရှိ၊ သူထိုင်နေသော ခုံပုလေး တစ်လုံးသာ ရှိပြီး ငိုက်မြည်းနေလေ၏။
"ဟိုလူကို မြင်လား... သူ့နာမည်ပြောင်က ဆံပင်သုံးပင်တဲ့... သူက လက်နက်မှောင်ခို ကျွမ်းကျင်သူပဲ... ရှင့်ဆီမှာ ပိုက်ဆံသာ ရှိရင် F35 တိုက်လေယာဉ်တောင် သူ ဝယ်ပေးနိုင်တယ်..."
ယဲ့ဖန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ကျန်းကောမှာ ဒီလို လျှို့ဝှက် ဆန်းကြယ်သော နေရာမျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
‘ထင်ထားတဲ့အတိုင်းပဲ... ဘယ်သူ့ကိုမှ လျှော့တွက်လို့ မရပါလား။’
ယဲ့ဖန်နှင့် ယွီဖုန်းရှန်းတို့သည် မှောင်ခိုဈေးထဲတွင် ခဏလောက် လျှောက်ကြည့်ကြရာ၊ ပြင်ပဈေးကွက်တွင် ရှာမရနိုင်သော ပစ္စည်းကောင်းများကို အမှန်တကယ်ပင် တွေ့ရှိခဲ့ရသည်။
သေနတ်အမျိုးမျိုး၊ လက်ပစ်ဗုံးများနှင့် မူးယစ်ဆေးဝါးများပင် ရှိနေသည်။
တကယ့်ကို မျက်စိပွင့်စရာပါပင်။
သူတို့သုံးယောက် လျှောက်ကြည့်နေစဉ်မှာပင်၊ ရုတ်တရက် အရပ်မျက်နှာ အသီးသီးမှ လူ (၇) ယောက်၊ (၈) ယောက်ခန့် သူတို့ဆီသို့ စုရုံးရောက်ရှိလာကြလေ၏။
ယဲ့ဖန်သည် ပြဿနာ လာရှာသည်ဟု ထင်မှတ်ပြီး တိတ်တဆိတ် သတိထားလိုက်သည်။
သို့သော် မကြာမီမှာပင် သူ စိုးရိမ်လွန်နေမှန်း သိလိုက်ရ၏။ ထိုလူများသည် ယွီဖုန်းရှန်း၏ ရှေ့သို့ ရောက်လာကြပြီး အလွန် ရိုသေသော ပုံစံဖြင့် ရပ်လိုက်ကြသည်။
"ဘယ်လိုလဲ... တွေ့ပြီလား..."
ယွီဖုန်းရှန်းသည် မျှော်လင့်ချက် မျက်လုံးများဖြင့် မေးလိုက်သည်။
ထိုလူများအားလုံး ရှက်ရွံ့စွာ ခေါင်းခါပြလိုက်ကြ၏။
"နင်တို့ ဘာလုပ်နေကြတာလဲ... ငါက ပိုက်ဆံတွေ အများကြီးပေးပြီး ငှားထားတာ... နင်တို့က ငါ့ကို ဒီလိုပဲ ပြန်ပေးဆပ်ကြတာလား..."
ယွီဖုန်းရှန်း ဒေါသထွက်သွားသည်။
"သူဌေးယွီ... ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားရှာပါတယ်... ဒါပေမဲ့ သူဌေး လိုချင်တဲ့ ပစ္စည်းကို တကယ် ရှာမတွေ့ဘူး ဖြစ်နေတယ်..."
"သတင်းအချက်အလက် မှားနေတာများလား... အဲဒီပစ္စည်းက ဒီမှာ မရှိတာကော မဖြစ်နိုင်ဘူးလား..."
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော်တို့ ဆိုင်တိုင်းကို ဝင်မွှေပြီးပြီ... တစ်ဆိုင်မှ မကျန်အောင် ရှာတာတောင် သူဌေး ပြောတဲ့ ပစ္စည်းကို မတွေ့ဘူး..."
လူတိုင်းက တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြသည်။
ယွီဖုန်းရှန်း နားထောင်လေ ဒေါသထွက်လေ ဖြစ်လာသည်။
"နင်တို့ အသုံးမကျတာကို ဆင်ခြေလာမပေးနဲ့..."
သူမ၏ အသံက အနည်းငယ် ကျယ်လောင်သွားသဖြင့် လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
အခင်းဖြစ်ပွားရာ နေရာတွင် လုံခြုံရေးယူနေသော လူအချို့လည်း သူတို့ဘက်သို့ လှည့်ကြည့်လာကြသည်။ သူမအပေါ် သံသယ ဝင်သွားပုံရသည်။
ယွီဖုန်းရှန်းသည် ဒေါသကို မနည်း ပြန်မြိုသိပ်လိုက်ရသည်။
"သွား... ပြန်ရှာကြ... ဒီနေ့ အဲဒီပစ္စည်းကို ရှာမတွေ့ရင်... ငါ နင်တို့ကို အားနာမှာ မဟုတ်ဘူးနော်..."
ထိုလူများသည် ဝမ်းနည်းပက်လက် မျက်နှာများဖြင့် ပြန်လည် ထွက်ခွာသွားကြရှာသည်။
"ဒီလူတွေက ဘယ်သူတွေလဲ..."
ယဲ့ဖန်သည် ထိုလူများ ထွက်သွားသည်အထိ စောင့်ပြီးမှ စပ်စုလိုက်သည်။
"သူတို့က ကျန်းကောမှာ နာမည်ကြီးတဲ့ ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူတွေလေ..."
ယွီဖုန်းရှန်းက မဖုံးကွယ်ဘဲ ပြောပြလိုက်သည်။
"ခင်ဗျားက သူတို့ကို ဘာရှာခိုင်းနေတာလဲ..."
ယွီဖုန်းရှန်း တွန့်ဆုတ်နေသည်ကို မြင်သောအခါ ယဲ့ဖန် အမြန် ပြန်ပြောလိုက်သည်။
"ပြောရခက်ရင်လည်း မပြောနဲ့လေ... ကျွန်တော် မမေးဘူးလို့သာ သဘောထားလိုက်..."
ယွီဖုန်းရှန်း ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"တကယ်တော့ ပြောရခက်စရာ မရှိပါဘူး... ကျွန်မက လက်ရေးမူ တစ်ခုကို ရှာခိုင်းနေတာ..."
"လက်ရေးမူ..."
"ဟုတ်တယ်... အဲဒီစာအုပ် နာမည်က 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' (Mantra of the Three Virtues of the Great Qin Dynasty) တဲ့... မစ္စတာယဲ့က ရှေးဟောင်းပစ္စည်း ဆရာကြီးတစ်ဆူပဲ... ကြားဖူးမှာပေါ့..."
ယွီဖုန်းရှန်းသည် သူ့ကို စမ်းသပ်လိုသော သဘောဖြင့် မေးလိုက်သည်။
ယဲ့ဖန် ချွေးစေးများ ပြန်လာသည်။ သူက ဘယ်ကသာ ရှေးဟောင်းပစ္စည်း ဆရာကြီး ဖြစ်ရမှာလဲ။
ကံကောင်းသည်မှာ သူသည် ရှေးဟောင်းပစ္စည်းများအကြောင်း အတော်လေး လေ့လာထားပြီး ဖြစ်၍ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' အကြောင်းကို ကြားဖူးနားဝ ရှိထားသည်။ ထိုစာအုပ်က နာမည်ကြီးလွန်းသည် မဟုတ်ပါလော။
မူလက သွမ့်ဟွမ် ရှိ မင်ရှတောင် ကျောက်ဂူထဲမှ ရတနာတစ်ပါး ဖြစ်၏။ ၁၉၀၈ ခုနှစ်တွင် 'နေမဝင်အင်ပါယာ' (ဗြိတိသျှ) မှ ဓားပြပညာရှင် တစ်ဦး ခိုးယူသွားခဲ့ခြင်း ဖြစ်၏။
ထိုသတင်း အချက်အလက်ကို စတင် တွေ့ရှိစဉ်က သူ ဒေါသထွက်လွန်း၍ အံကို ကြိတ်ခဲ့မိဖူးသည်။
ထို့ကြောင့် ဤလက်ရေးမူကို ယဲ့ဖန် အတော်လေး မှတ်မိနေ၏။
သူ ရှင်းပြလိုက်သည်ကို နားထောင်ပြီးနောက် ယွီဖုန်းရှန်းသည် လက်မထောင်ပြလိုက်လေ၏။
"မစ္စတာယဲ့က တကယ့် ဆရာကြီးပဲ... ဒီလက်ရေးမူ အကြောင်းကို ကျွန်မထက်တောင် ပိုသိနေပါလား..."
ယဲ့ဖန် ရုတ်တရက် သဘောပေါက်သွားသည်။
“ခင်ဗျား ဆိုလိုတာက... အဲဒီ လက်ရေးမူက ဒီ မှောင်ခိုဈေးထဲမှာ ရှိနေတယ် ဆိုတဲ့ သဘောလား…”