← Chapters

ရှန့်ရှန်းတောင်

Vol. 14 Ch. 131

ရှန့်ရှန်းတောင်

Vol. 14 Ch. 131

အခြေအနေများ၏ဖြစ်ပျက်ပြောင်းလဲမှုမှာ လူတိုင်း၏တွေးတောနိုင်စွမ်းများကို ကျော်လွန်သွားခဲ့သည်။

ဤအရာက မည်သို့ဖြစ်လာသနည်း။

၁၀ ယောက်မြောက် နတ်ဘုရားတမန်တော်မှာ ၈ ယောက်မြောက် တမန်တော်ကို နတ်ဘုရားချောက်နက်အတွင်းမှပရမ်းပတာအခြေအနေအား ကူညီဖိနှိပ်နေသည်လော။

ကျန်းထုံနှင့် အဖွဲ့သားများမှာ အခြေအနေအရပ်ရပ်ကို သိရှိသွားကြပြီး မျက်နှာများပျက်ယွင်းသွားကြသည်။

ထိုဓားချက်မှာ...

တမန်တော်များ၏နေထိုင်ရာတစ်ခုလုံးကို ခဏချင်းအတွင်းပင် လွှမ်းမိုးသွားလေ၏။

"ဒါက..." ထိုကြောက်မက်ဖွယ်ကောင်းသော ဓားချက်မှာ အမှန်တကယ်ပင် သတ်ဖြတ်ခြင်းနည်းစနစ် တစ်ခုဖြစ်လေ၏။

နတ်ဘုရားတမန်တော် အရှင်သခင်...

အဆင်ပြေမည်လော...

၈ ယောက်မြောက် တမန်တော်၏အသံကို ကြားလိုက်ရချိန်တွင် သူသည် ဒဏ်ရာမရရှိခဲ့လျှင်ပင် ဒေါသကြောင့် အတွင်းကြေကြေသွားနိုင်သည်ကို လူတိုင်းစိုးရိမ်နေကြသည်။

ဤလူငယ်ရှန်းချန်ကောသည် ခေါင်းမာသူတစ်ဦးဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ဒီ ၁၀ ယောက်မြောက် နတ်ဘုရားတမန်တော်ကတော့...တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။

ဤအခိုက်အတန့်မှာတော့ လူတိုင်းတုန်လှုပ်နေကြသည်။

အစပိုင်းတွင် သူတို့က ရှန်းချန်ကောကို အထင်သေးခဲ့ကြသော်လည်း သူ၏ဓားချက် ကျဆင်းလာပြီးနောက်တွင်မူ မည်သူမျှ မထီမဲ့မြင် မပြုရဲတော့ပေ။

သတ်ဖြတ်ခြင်းနည်းစနစ်

သူသည် တကယ်ပင် သတ်ဖြတ်ခြင်းနည်းစနစ်ကို တတ်မြောက်ထားတာလေ၏။ ထို့အပြင် ယခုလေးတင် သူထုတ်လွှတ်လိုက်သော စွမ်းအားမှာ ထိုနေရာရှိနေသည့် အနန္တအမှောင်ထုအဆင့် ကျွမ်းကျင်သူများကိုပင် ကြီးမားသော အန္တရာယ်အငွေ့အသက်ကို ခံစားရစေသည်။

အနည်းဆုံးတော့ ထိုဓားချက်အောက်တွင် သူတို့ လွတ်မြောက်နိုင်စွမ်း မရှိကြပေ။

ဤတမန်တော်က...သူတို့ ဘယ်လိုမှ သွားထိ၍မရသည့် ပုဂ္ဂိုလ်တစ်ယောက်ပင်။

"တောက်..."

ဤအချိန်မှာတော့ ၈ ယောက်မြောက် တမန်တော်၏စခန်းမှာ အပျက်အစီးများ ဖြစ်နေချေပြီ။

သူ၏တောင်ကြီးမှာလည်း ပြိုကျလုနီးပါး ဖြစ်သွားသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏အင်းအားကို အသုံးပြုကာ တောင်ကြီးကို အချိန်မီ ထိန်းထားနိုင်ခဲ့ပြီး သူကိုယ်တိုင်မှာတော့ ဒဏ်ရာရရှိသွားခဲ့သည်။

ထိုဓားချက်တွင် ပါဝင်သော အင်းအားမှာ...

နတ်ဘုရားတမန်တော်အဆင့် တိုက်ခိုက်ရေးအင်အားဟု ခေါ်ဆိုရန် လုံလောက်လှသည်။

ထို့အတူ အရေးကြီးဆုံးအချက်မှာ ဤကောင်လေးသည် လုံးဝအလျှော့ပေးမည်သူ ဟုတ်မနေခြင်းပင်။

၈ ယောက်မြောက်တမန်တော်၏ပုံမှန်တွေးခေါ်ပုံအရဆိုလျှင် သူသည်နှစ်ဖက်စလုံးအတွက် အရှက်တကွဲမရှိစေရန် လမ်းကြောင်းတစ်ခုပေးထားခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားချောက်နက်ပွင့်သွားပြီး သူက မတားဆီးနိုင်သယောင် ဟန်ဆောင်ကာ အချင်းချင်းရှောင်လွဲရန် ဖန်တီးချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ၏အကွက်မှာ တစ်ဖက်လူ၏ဓားချက်ဖြင့် ပြန်လည်တွန်းပို့ခြင်း ခံလိုက်ရသည်။

'ဟုတ်ပြီ... ခင်ဗျားရဲ့နတ်ဘုရားချောက်နက်က ပရမ်းပတာဖြစ်တာကို ငြိမ်အောင် ကျုပ်ဓားနဲ့ ကူညီပေးလိုက်မယ်' ဆိုသည့်သဘောပင်။

သို့သော် ၈ ယောက်မြောက်တမန်တော်ကိုယ်တိုင်က နတ်ဘုရားချောက်နက်ထဲတွင် ပြဿနာတက်နေသည်ဟု အစပျိုးပြောထားခဲ့မိသဖြင့် ရှန်းချန်ကောကို မည်သို့မျှ အပြစ်တင်၍ မရတော့ပေ။

"ငါက စေတနာနဲ့ လုပ်ပေးတာပါ" ဟု ရှန်းချန်ကောက ဆိုလိုနေသကဲ့သို့ပင်။

သူ့မှာ ရွေးချယ်စရာ မရှိတော့ချေ။

ထိုကောင်လေးကို လုံးဝသွားမစသင့်ပေ။

နတ်ဘုရားတမန်တော်အဆင့် တိုက်ခိုက်ခြင်းအင်အားရှိသည့် လူငယ်တစ်ယောက်ဟာ လူရမ်းကားတစ်ယောက်ထက် ပိုကြောက်စရာကောင်းလေ၏။

ထိုအချိန်တွင်...

သူ့မျက်နှာမှာ မဲမှောင်နေခဲ့လေသည်။

"နတ်ဘုရားတမန်တော်အရှင်... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ..." ကျွမ်းကျင်သူများက အပြေးအလွှား ရောက်ရှိလာကြသည်။

ပျက်စီးနေသော စခန်းကို မြင်လိုက်ရသည့်အခါ သူတို့မှာ ဒေါသတကြီးဖြင့် အေးစက်စွာ မေးမြန်း

လိုက်ကြသည်။

ပြန်တိုက်မလား

"မတိုက်နဲ့... စိတ်မလောနဲ့အုန်း" ၈ ယောက်မြောက် တမန်တော်က ခေါင်းခါပြကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

ဓားချက်ကြောင့် ကမောက်ကမ ဖြစ်သွားသော သူ၏အသက်ရှူနှုန်းနှင့် ကျင့်စဉ်များကို ပြန်လည် တည်ငြိမ်အောင် ကြိုးစားနေရသည်။

"သည်းခံလိုက်ပါ" သူက 'သည်းခံပါ' ဆိုသည့် စကားတစ်ခွန်းတည်းကိုသာ ပြောလိုက်သည်။

ဘေးမှ လူများ၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ၈ ယောက်မြောက် တမန်တော်မှာ ဒဏ်ရာရရှိနေပြီး ထိုဒဏ်ရာမှာ အတော်လေး ပြင်းထန်ပုံရသောကြောင့် ဖြစ်သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။တကယ်ပဲ အဲ့ဒီကောင်လေးကြောင့်လား။

ဤအခိုက်အတန့်မှာတော့ လူတိုင်းဟာ ရွှေရောင်အလင်းတန်းများ တောက်ပနေသည့် ဝတ်စုံဖြူနှင့် လူငယ်ကို လှမ်းကြည့်လိုက်ကြသည်။

သူသည် ကောင်းကင်ယံတွင် ရပ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားနတ်ဘုရားတစ်ပါးအလားပင်။

သူ၏အရှိန်အဝါမှာ ကျယ်ပြောပြီး ခမ်းနားလှပေသည်။

"ဒါကတော့..."

လူတိုင်းမှာ မသိမသာ ခေါင်းငုံ့သွားကြရသည်။

ဤတမန်တော်အသစ်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

ထိုအချိန်တွင်...

ကြေးမှုံအလင်းတောင်၏နက်ရှိုင်းရာ လျှို့ဝှက်တောင်တစ်ခုထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူကား ချင်းရွှမ် ဖြစ်လေ၏။

"ငွေရောင်သင်္ကေတ တမန်တော်ပဲ" လူအများအပြားက တအံ့တဩ ရေရွတ်လိုက်ကြသည်။

ငွေရောင်သင်္ကေတ တမန်တော်များသည် မြူခိုးနေထိုင်သူများအဖွဲ့၏စစ်မှန်သော အရှင်သခင်များ ဖြစ်ကြသည်။

သူတို့၏အဆင့်အတန်းမှာ နတ်ဘုရားတမန်တော်များထက် တစ်ဆင့် ပိုမြင့်သည်။

အရေးကြီးဆုံးအချက်မှာ ငွေရောင်တမန်တော်မျညားသည် များသောအားဖြင့် မဟာအပျက်စီးနယ်မြေကြီးမှ လာကြသူများဖြစ်ပြီး မယုံနိုင်လောက်အောင် စွမ်းအားကြီးကြသည်။

ချင်းရွှမ်၏ပိန်ပါးသောမျက်နှာမှာ...ယခုတွင် သူက ပြုံးနေသည်။

သူ၏လက်သီးကို တင်းတင်းဆုပ်ထားပြီး လက်ဖဝါးထဲမှ အနက်ရောင် အလင်းစအနများ အမြဲမပြတ် ထွက်ပေါ်နေသည်။

"ကဲ... တောင်ကြားတစ်ခု ရွေးချယ်လိုက်ပါ"

ကောင်းကင်ယံမှနေ၍ ကြေးမှုံအလင်းတောင်ကို ငုံ့ကြည့်လိုက်လျှင် နဂါးတစ်ကောင် ဝပ်နေသကဲ့သို့ ကြီးငယ်သော တောင်တန်းများကို မြင်တွေ့ရမည် ဖြစ်သည်။

တစ်ခုချင်းစီမှာ ခမ်းနားထည်ဝါပြီး ဖိအားများကို ထုတ်လွှတ်နေသည်။

ရှန်းချန်ကော မျက်စိလည်သွားသည်။

"ကျွန်တော် အမြင့်ဆုံးတစ်ခုကို လိုချင်တယ်" ရှန်းချန်ကောက လက်ညှိုးညွှန်ပြလိုက်သည်။

ဗဟိုတည့်တည့်ရှိ...အမြင့်ဆုံးနှင့် အကြီးဆုံး...

အထည်ဝါဆုံး တောင်ထိပ်ကြီးပင်။

"အဟမ်း... အဲ့ဒါက မြူခိုးနေထိုင်သူတွေရဲ့ ဌာနချုပ်လေ..." ချင်းရွှမ် ပါးပြင်များရွဲ့စောင်းမတတ် ဖြစ်သွားရသည်။

ဒီကောင်လေးကတော့... နတ်ဘုရားအဆင့်ကို အနက်ရောင်ကျောက်တိုင်မှာ မှတ်တမ်းတင်နိုင်တဲ့ ဖြစ်တည်မှုဆိုတော့လည်း မထူးဆန်းပါဘူးလေ...။

နေစရာနေရာ ရွေးတာကိုတောင် အလှဆုံးနဲ့ အမြင့်ဆုံးကို ရွေးချယ်ချင်နေတာလား။

ရှန်းချန်ကော အခက်တွေ့သွားသည်။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်းမသိ ချင်းရွှမ်က ရှန်းချန်ကောသည် မြူခိုးနေထိုင်သူများ၏ဌာနချုပ်ကို သိမ်းပိုက်ပြီး ရှန့်ရှန်းတောင် ဆိုသည့် ဆိုင်းဘုတ် ချိတ်ဆွဲချင်နေသည်ဟု ခံစားလိုက်ရသည်။

ချင်းရွှမ်က သူ၏နဖူးမှ ချွေးအေးများကို သုတ်လိုက်သည်။

သူ၏ ခန့်မှန်းချက်မှာ အကြောင်းမဲ့ မဟုတ်ဟု သူ ခံစားနေရသည်။

သို့သော် ရှန်းချန်ကော၏ ပါရမီမှာ အလွန် ကြောက်စရာကောင်းသဖြင့် ချင်းရွှမ်အနေဖြင့် သူ့ကို အထူးဂရုစိုက်ရသည်။

အကယ်၍သာ တခြားသူဆိုလျှင် ငွေရောင်တမန်တော်တစ်ဦးအနေဖြင့် ဤကဲ့သို့ ရိုင်းစိုင်းသော လုပ်ရပ်အတွက် ဒေါသထွက်မိမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင်...

ချင်းရွှမ်က ရွှေရောင်သင်္ကေတ တမန်တော်နေထိုင်သည့် တောင်ထိပ်ကို ပြုံးလျက် ညွှန်ပြလိုက်သည်။

"အဲ့ဒီတစ်ခုကို ဘယ်လိုသဘောရလဲ။ အတော်လေးလည်း ကြီးပါတယ်"

ရှန်းချန်ကောက ခေါင်းခါပြကာ မျက်မှောင်ကြုတ်လိုက်သည်။

ထိုတောင်က ကြီးလည်းကြီး၊ မြင့်လည်း မြင့်သော်လည်း ဌာနချုပ်တောင်ကြီးက ဘေးနားမှာ ကပ်နေသည်။

မဖြစ်သေးပေ... ထိုအရာမှာ ဖိနှိပ်ခံထားရသလိုပင်။

သူ့အတွက် ဟန်ထုတ်ရန် မလုံလောက်ပေ။

နောက်ဆုံးတွင် သူသည် လှပသော ရှုခင်းရှိသည့် တောင်ထိပ်တစ်ခုကို ရွေးချယ်လိုက်သည်။

အနည်းဆုံးတော့ ထိုတောင်မှာ ဘေးပတ်ဝန်းကျင် တောင်များ၏ဖိနှိပ်မှုကို မခံရပေ။

တခြားတောင်များမှာ သေးငယ်ပြီး သူရွေးလိုက်သည့် တောင်ထိပ်မှာ အလွန်လှပကာ ထင်ရှားနေသည်။

"အဲ့ဒီနေရာက..." ချင်းရွှမ် ခဏမျှ ကြောင်သွားပြီး မျက်နှာထားက ရှုပ်ထွေးသွားသည်။

"မင်း အဲ့ဒီနေရာကိုပဲ တကယ် ရွေးမှာလား"

ထိုနေရာရှိ ရှုခင်းမှာ လှပပြီး တာအိုလမ်းစဉ်နှင့် ကိုက်ညီနေပုံရသည်။

တောင်ထိပ်တစ်ခုမှာ ကောင်းကင်သို့ ထိုးထွက်နေပြီး လျှို့ဝှက်ဆန်းပြားသော လှိုင်းလုံးများ ဝန်းရံနေသည်။

၎င်းတို့ ပေါင်းစပ်လိုက်သည့်အခါ ဖော်ပြ၍မရသော တာအိုစည်းချက် တစ်ခု ဖြစ်ပေါ်နေသည်။

"ဘာ... သူက အဲ့ဒီနေရာကို ရွေးလိုက်တာလား"

"သူ ရူးနေတာလား"

"ဘုရားရေ... မြူခိုးနေထိုင်သူတွေအကြားမှာ ပရမ်းပတာတွေ ဖြစ်တော့မှာပဲ"

ချင်းရွှမ်က ခဏမျှ ဝေခွဲမရဖြစ်နေပြီးနောက် ထူးဆန်းသော အပြုံးတစ်ခုကို ပြသလိုက်သည်။

"မင်း ဆန္ဒအတိုင်း ဖြစ်စေရမယ်"

သူက လက်ဖဝါးကို ဖြည်းညှင်းစွာ ဖြန့်လိုက်ရာ စွမ်းအားလှိုင်းများ စတင် ပြန့်နှံ့သွားသည်။

သူ၏လက်ထဲတွင် ထူးဆန်းသော အပိုင်းအစလေးတစ်ခု ရှိနေပုံရသည်။

ထိုအပိုင်းအစမှာ ဟင်းလင်းပြင်ထဲတွင် မြုပ်ဝင်နေသကဲ့သို့ ရှိပြီး စွမ်းအားတစ်မျိုးဖြင့် ဖိနှိပ်ခံထားရပုံရသည်။

ထို့နောက် ဟင်းလင်းပြင်ကြီးမှာ စတင် အက်ကွဲလာပြီး အက်ကြောင်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

၎င်းမှာ အလွန်ထူးဆန်းပြီး လူများကို ရင်တုန်သွားစေသည်။

ထိုအခိုက်အတန့်တွင်...

ဝုန်း

ထိုအပိုင်းအစမှာ ရှန်းချန်ကော ရွေးချယ်လိုက်သည့် တောင်ပေါ်သို့ ရုတ်တရက် ပျံသန်းသွားပြီး ချက်ချင်းပင် ထိုတောင်ပေါ်တွင် ပေါင်းစပ်သွားတော့သည်။

ဂျွတ်...

ဂျွတ်...

ဂျွတ်

ဟင်းလင်းပြင်ကွဲအက်သံများ ထွက်ပေါ်လာပြီး ခမ်းနားထည်ဝါလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

"ဒီတောင်ထိပ်က အခု မင်းပိုင်ပြီ"

ရှန်းချန်ကော ခေါင်းတစ်ချက် ငြိမ့်လိုက်သည်။

သူက တောင်ထိပ်ကို လှမ်းကြည့်လိုက်ရာ 'ဝူတောက်' ဆိုသည့် စာလုံးနှစ်လုံး ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။

သူက ဓားချီတစ်ချက်ဖြင့် ရှေ့သို့ အရှိန်ပြင်းပြင်း စွာစေလွတ်လိုက်သည်။

ဝုန်း

'ဝူတောက်' ဆိုသည့် စာလုံးနှစ်လုံးမှာ ဖျက်ဆီးခံလိုက်ရသည်။

၎င်းအစား စာလုံးအသစ်များ ထွင်းထုလိုက်သည်။

"ရှန့်ရှန်းတောင်"

[ ဝူတောက်/ထိုသွင်းသိမြင်ခြင်း... သင်သည် ရှန့်ရှန်းတောင်တွင် ချက်အင်ဝင်ခြင်း အောင်မြင်ပါသည်။သင်သည် 'တာအိုကျမ်း' ကို ရရှိပါသည်။ ]

[ အလိုအလျောက်ဆင့်ကဲပြောင်းလဲခြင်း အောင်မြင်သည် - 'တာအိုဓားကျမ်း' ]

စနစ်မှာ တစ်နေ့ထက်တစ်နေ့ပိုပြီး လူသားဆန်လာသလိုပင်။

သူသည် သူ၏ဓားချီဖြင့် 'ရှန့်ရှန်း' ဟု ထွင်းထုထားသော တောင်ထိပ်ကို ကြည့်ကာ ကျေနပ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

"မင်း အရင်ဆုံး နတ်ဘုရားချောက်နက်ကို ရှင်းလင်းရလိမ့်မယ်။ မဟုတ်ရင် အထဲက အရာတွေက ပြဿနာရှာနိုင်တယ်။ ဒီတာဝန်ကို မင်း သေချာနားလည်ထားရမယ်။ ပေါ့ပေါ့တန်တန် သဘောမထားနဲ့" ဟု ချင်းရွှမ်က လေးနက်သော လေသံဖြင့် သတိပေးလိုက်သည်။

ရှန်းချန်ကောကမူ ဤအချက်ကို သဘာဝကျကျပင် နားလည်ထားပြီးသား ဖြစ်သည်။

All Chapters