← Chapters

အရာအားလုံးမှ ဓားဖြစ်လာခြင်း

Vol. 14 Ch. 132

အရာအားလုံးမှ ဓားဖြစ်လာခြင်း

Vol. 14 Ch. 132

တာအိုသည် အရာခပ်သိမ်းသောအရာတို့ကို ပုံဖော်‌စေ၏။

သို့သော် သက်ရှိတစ်ဦးအနေဖြင့် အထွတ်အထိပ်တာအိုကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

ရှေးဟောင်းနတ်ဘုရားများ၏ကြောက်မက်ဖွယ်ကောင်းသော သက်ရှိအဆင့်အတန်းမျိုးသာလျှင် တာအို၏စစ်မှန်သော သယ်ဆောင်ရာ ယာဉ်ဖြစ်လာနိုင်ပေလိမ့်မည်။

"ဟားဟားဟား... တာအိုကို သယ်ဆောင်ခြင်း၊ တာအိုကို ရွေးချယ်ခြင်း။ မင်းနဲ့ငါက မြူခိုးသမုဒ္ဒရာရဲ့ ညစ်ညမ်းတဲ့လောကထဲမှာ ရှင်သန်နေတဲ့ သာမန်ဝိညာဉ်တွေပဲ၊ ငါတို့မှာ ဘာရည်ရွယ်ချက် ရှိနိုင်မှာလဲ"

ထိုအခိုက်အတန့်တွင် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုနှစ်ဦးသည် သူတို့မှတ်ဉာဏ်ထဲရှိ 'ဝူတောက်တောင်' ၏ အလယ်ဗဟိုတွင် ရပ်နေကြသည်။

သူတို့သည် လက်တစ်ဖက်ကိုနောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူတို့၏မုတ်ဆိတ်များကို ပွတ်သပ်နေကြသည်။

သူတို့၏မျက်ဝန်းများတွင် ဖော်ပြ၍မရသော အလင်းတန်းများ ရှိနေ၏။

"ကျယ်ပြောလှတဲ့ ကြေးမှုံအလင်းတောင်ပေါ်မှာ မင်းနဲ့ငါ ဒီဝူတောက်တောင်မှာ တာအိုအကြောင်း ဆွေးနွေးခွင့်ရတာနဲ့တင် လုံလောက်ပါပြီ။ ကမ္ဘာကြီးမှာ အတက်အကျတွေ ဘယ်လောက်ပဲရှိရှိ၊ ဒီလို ရင်ဖွင့်ဖော် မိတ်ဆွေတစ်ယောက် ရှိနေတာနဲ့တင် ငါ့မှာ နောင်တမရှိတော့ဘူး"

သူတို့နှစ်ဦး အချင်းချင်း ကြည့်ကာ ရယ်မောလိုက်ကြသည်။

သူတို့၏ဝတ်ရုံလက်စကများမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး ယုံကြည်ချက်များ ပြည့်နှက်နေပုံရသည်။

သူတို့သည် ကျန်းမာသန်စွမ်းသော ပုံစံရှိပြီး နှစ်ပေါင်းမည်မျှကြာအောင် နေထိုင်ခဲ့ကြသည်ကို မည်သူမျှ မသိနိုင်ပေ။

လောကကို ထိုးထွင်းသိမြင်နေသည့် အသွင်လည်း ဆောင်သည်။

သူတို့နှစ်ဦးသည် ဝူတောက်တောင်ပေါ်တွင် ရပ်လျက် ပုံမှန်အတိုင်း တာအိုအကြောင်းကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။

သူတို့၏ပုံစံမှာ လောကီရေးရာများနှင့် ကင်းကွာနေသော ရသေ့ရဟန်းများအလားပင်။

စမ်းချောင်းလေးက မြည်သံပေးနေပြီး တာအိုအရှိန်အဝါများကလည်း ပတ်ဝန်းကျင်မှာ ပြည့်နှက်နေသည်။

သို့သော် ထိုအချိန်တွင်... ရုတ်တရက်...။

အဘိုးအိုနှစ်ဦးမှာ မြေပြင်မှ ကြွတက်သွားသည်။

"မင်းတို့ ဘာလုပ်ကြတာလဲ" အဘိုးအိုနှစ်ဦးမှာ ဝူတောက်တောင်ပေါ်မှ အရှင်လတ်လတ် မပြီး ထုတ်ပယ်ခြင်း ခံလိုက်ရသည်။

"တောက်... ဘယ်တုန်းကများ ဝူတောက်တောင်က လူတွေကို တာအိုကျင့်ကြံခွင့် မပေးတော့တာလဲ။ အဲ့ဒီလိုဆိုရင်လည်း နာမည်ပဲ ပြောင်းလိုက်တော့လေ"

"ငါ့ကို လွှတ်စမ်း ငါ ရွှေရောင်သင်္ကေတတမန်တော်ကို တွေ့ချင်တယ်၊ ငါ ငွေရောင်သင်္ကေတတမန်တော်ကို တွေ့ချင်တယ်" အဘိုးအိုနှစ်ဦး ဒေါသတကြီး အော်ဟစ်နေသော်လည်း အနန္တအမှောင်ထုနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးက သူတို့ကို အပြင်သို့ ဆွဲထုတ်သွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။

"ငါ့ကို တရားမျှတမှုရှာပေးကြပါ"

"ငါက ငါ့မိတ်ဆွေနဲ့ ဒီမှာ တာအိုအကြောင်း ဆွေးနွေးနေတာပဲ၊ မင်းတို့ကို ဘာအနှောင့်အယှက် ပေးလို့လဲ"

"ဒီနေရာက အခု ဝူတောက်တောင် မဟုတ်တော့ဘူး" ဟု အနန္တအမှောင်ထုနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ပြောလိုက်သည်။

"ဟားဟား... ရယ်စရာပဲ။ ဒါ ဝူတောက်တောင် မဟုတ်ရင် ဘာတောင်လဲ။ ဖြစ်နိုင်တာက..."

"သောက်ကျိုးနည်း ရှန့်ရှန်းတောင် ဟုတ်လား"

အဘိုးအိုနှစ်ဦး တောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ ဝူတောက်တောင်တွင် မူလက ထွင်းထုထားသော စာလုံးများမှာ ပြောင်းလဲသွားချေပြီ။

ရှန့်ရှန်းတောင်

ဤအရာက မည်သို့ဖြစ်ရသနည်း၊မည်သည့်အချိန်ပြောင်းသွားသနည်း။

"ငါတို့ တာအိုအကြောင်း ဆွေးနွေးနေတုန်းမှာ အချိန်နဲ့ဟင်းလင်းပြင်တွေ ပြောင်းလဲသွားတာလား။အချိန်တွေ ပြောင်းလဲသွားပြီး ငါတို့ ခေတ်တစ်ခုကို ကူးပြောင်းလာတာလား။ တောင်ထဲမှာ လက်ဖက်ရည်တစ်ခွက် သောက်နေတုန်း အပြင်မှာ နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသွားတာမျိုးလား"

"ဝူတောက်တောင်က တကယ်ပဲ အံ့ဩစရာ ကောင်းတာပဲ" သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့ဩနေကြသည်။

"အဟမ်း... အခု ဝူတောက်တောင်က ၁၀ ယောက်မြောက် နတ်ဘုရားတမန်တော်နေထိုင်ရာ နေရာ ဖြစ်သွားပြီ။ ၁၀ ယောက်မြောက်တမန်တော်က သူ့ရဲ့ နတ်ဘုရားချောက်နက်ကို ဒီတောင်မှာပဲ အခြေချလိုက်ပြီ"

ဘာ

ဝူတောက်တောင်က ၁၀ ယောက်မြောက် တမန်တော်ရဲ့နေရာ ဖြစ်သွားပြီ ဟုတ်လား။

ထို ရသေ့ကဲ့သို့အဘိုးအိုနှစ်ဦးမှာ ကြောင်အမ်းသွားကြသည်။

သူတို့မှာ ဆံပင်ဖရိုဖရဲဖြင့် အပြင်သို့ မထုတ်ခံလိုက်ရသည်။

"လူတွေ အားလုံး လူစုခွဲကြပါ ဒီနေ့ကစပြီး ဝူတောက်တောင်ကို ရှန့်ရှန်းတောင်လို့ ခေါ်ရတော့မယ်"

"လူစုခွဲကြ၊ လူစုခွဲကြ နက်ရှိုင်းတဲ့တာအိုကျင့်ကြံနေရာကနေ အခုတော့ ရှန့်ရှန်းတောင် ဖြစ်သွားပြီ။ ကြွားလုံးထုတ်တဲ့နေရာက အစွမ်းပြတဲ့နေရာ ဖြစ်သွားပြီ" ထိုအချိန်တွင် အလွန်နားငြီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါတို့က ကောင်းကင်တာအိုအကြောင်းကို ဆွေးနွေးပြီး လျှို့ဝှက်ချက်တွေကို ရှာဖွေနေတာ။ အဲ့ဒါက ငါတို့ရဲ့ အနာဂတ်လမ်းပဲ။ မင်းတို့ ဒီလိုပြောတာက ရှက်စရာကောင်းတယ်"

"တာအိုကနေ တစ်၊ တစ်ကနေ နှစ်၊ နှစ်ကနေ သုံး၊ သုံးကနေ အရာခပ်သိမ်းသောအရာတွေ ဖြစ်လာတယ်..."

"ငါက ဝူတောက်တောင်မှာ ကောင်းကင်နဲ့ မြေပြင်ရဲ့တီးတိုးစကားသံတွေကို ကြားနေရတာ၊ ဘာလို့ ငါတို့ကို နှင်ထုတ်တာလဲ။ မင်းတို့က လူသားနဲ့ တာအိုကြားက ဆက်သွယ်မှုကို ဖျက်ဆီးနေတာပဲ"

လူအများအပြားမှာ အပြင်သို့ မောင်းထုတ်ခံလိုက်ရသည်။

"ဒီ ကြွားလုံးဘုရင်တွေတစ်သိုက်ကတော့..."

ခဏချင်းအတွင်းမှာပင် ထိုကျွမ်းကျင်သူများမှာ အေးစက်သောချွေးများ ထွက်လာကြသည်။

ဝူတောက်တောင်၏ရှုခင်းမှာ လှပသဖြင့် အလုပ်မရှိ အားနေသူများစွာ ရှိနေတတ်သည်။

အမှန်အတိုင်းပြောရလျှင် ထိုကျင့်ကြံသူ အများစုမှာ ကူးပြောင်းခြင်းနယ်ပယ်ထက်ပင် မသန်မာကြပေ။

ကောင်းကင်နဲ့မြေပြင်ရဲ့ တီးတိုးစကားသံကို ကြားရတယ် ဟုတ်လား။ငါ အိပ်မက်မက်နေတာဖြစ်မှာ သူတို့က ဟန်လုပ်ကြွားလုံးထုတ်နေကြတာ သက်သက်ပဲ။

သို့သော်လည်း ယခု အသစ်အမည်ပြောင်းလိုက်သည့် 'ရှန့်ရှန်းတောင်' ပေါ်တွင်မူ စစ်မှန်သော 'ဟန်ထုတ်ဘုရင်' တစ်ပါး ပေါ်ထွက်လာတော့မည့်ပုံ ရှိနေသည်။

ရှန့်ရှန်းဆိုသည့် နာမည်ကတင် အရာအားလုံးကို သက်သေပြနေပြီ ဖြစ်သည်။

"ဒါပေမဲ့ ၁၀ ယောက်မြောက် တမန်တော်က ကြောက်စရာကောင်းတဲ့ အစွမ်းရှိတယ်လို့ ငါကြားတယ်" ထိုနေရာရှိ လူများမှာ အပြင်းအထန် ဆွေးနွေးနေကြသည်။

တစ်ချိန်တည်းမှာပင် အပြင်လောကတွင်လည်း ပွက်လောရိုက်နေချေပြီ။

"၁၀ ယောက်မြောက် တမန်တော်က ဓားသမားတစ်ယောက်လား၊ သူက ဘာအရည်အချင်း ရှိလို့လဲ"

"ငါက မိုးမြေရဲ့အသံတွေကို နားထောင်ပြီး တာအိုရဲ့အလိုတော်ကို ဆောင်ရွက်နေတာ။ ဒီဝူတောက်တောင်ရဲ့ နာမည်ကို ဘယ်သူမှ ပြောင်းခွင့်မရှိဘူး"

"ဓားသမားတစ်ယောက်က မြူခိုးနေထိုင်သူတွေကြားမှာ ဒီလောက် ရိုင်းစိုင်းရတာလား။ ငါတို့မှာ လူမရှိဘူး ထင်လို့လား"

ဝူတောက်တောင်မှ နှင်ထုတ်ခံလိုက်ရသည့် အလုပ်မရှိ အားယားနေသူများမှာ ဒေါသထွက်နေကြသည်။

သူတို့သည် တောင်အနီးတွင် ဆန္ဒပြနေကြ၏။

"လူငယ်လေး... တာအိုကနေ အရာခပ်သိမ်းတဲ့အရာတွေ ဖြစ်လာတယ်ဆိုတာ မင်းကြားဖူးလား။ ဒါကို အင်မော်တယ်ဧကရာဇ် က ငါ့ကို ပြောပြခဲ့တာ။သူက ငါ့ကို ပိုပြီး ကြောက်စရာကောင်းတဲ့ တာအိုနိယာမတွေကို ပြောပြတော့မလို့ပဲ။ ဒါပေမဲ့ အခု ဝူတောက်တောင်ကို တစ်ယောက်ယောက်က ပြောင်းလဲလိုက်ပြီ။ လာ... ငါနဲ့အတူ ရှန့်ရှန်းတောင်ကို လိုက်ခဲ့။ အချိန်ကြရင် ငါ မင်းကို မသေမျိုးလမ်းစဉ်မှာ ကာကွယ်ပေးမယ်"

"လူငယ်လေး... ဒါက ငါနားလည်ခဲ့တဲ့ တာအိုကျမ်းပဲ။ အကယ်လို့ မင်းသာ ၁၀ ယောက်မြောက်တမန်တော်ရဲ့ ခေါင်းကို ဖြတ်ပေးနိုင်ရင် ငါ ဒါကို မင်းကို ပေးမယ်။ ဘယ်လိုလဲ"

"အဟမ်း... တောင်းပန်ပါတယ် ဦးလေးတို့၊ အဒေါ်တို့။ ကျွန်တော်က ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ကိုပဲ ယုံကြည်တာပါ၊ မသေမျိုးလမ်းစဉ်ကို မယုံကြည်ပါဘူး..."

"တာအိုရဲ့ဝမ်းနည်းမှု၊ခေတ်ကာလရဲ့ကံဆိုးမှုပဲ... တာအိုငိုကြွေးနေတာကို ငါကြားနေရတယ်၊ အချိန်တွေရဲ့ ဝမ်းနည်းစရာ သီချင်းသံကို ငါကြားနေရတယ်..."

ကြေးမှုံအလင်းတောင်ပေါ်ရှိ ဝူတောက်တောင် အောက်ခြေတွင် ထို ကြွားလုံးအဘိုးကြီးတစ်သိုက်မှာ သက်ပြင်းချနေကြသည်။

"အဟမ်း... ငွေရောင်တမန်တော်အရှင်... ဒါက တကယ်ပဲ အဆင်ပြေရဲ့လား။ ဒီလူအုပ်စုက မြူခိုးနေထိုင်သူတွေကို ပရမ်းပတာ ဖြစ်အောင် လုပ်တော့မယ်"

ထိုအချိန်တွင် ချင်းရွှမ် သည် အဝေးတစ်နေရာတွင် ရပ်နေသည်။

သူက လှမ်းကြည့်ရင်း မပြုံးဘဲ မနေနိုင်ပေ။

"ငါတို့ အဖွဲ့အစည်းက အလုပ်မရှိ အားနေသူတွေကို အလကား မကျွေးဘူး။ အခုက ဘယ်ခေတ်ရောက်နေပြီလဲ။ဒီလူတွေက ဝူတောက်တောင်မှာ တစ်နေကုန် အိပ်နေကြပြီး အပြင်လည်း မထွက်ကြဘူး။ ရန်သူတွေ တိုက်ခိုက်လာရင်လည်း သူတို့ကို မတွေ့ရဘူး။ တစ်ခုခုမေးလိုက်ရင် တာအိုလျှို့ဝှက်ချက်ကို ရှာဖွေနေတယ်ပဲ ပြောနေကြတာ။ ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ"

"လူယုတ်မာကိုဖိနှိပ်ဖို့ဆိုရင် လူယုတ်မာပဲ လိုအပ်တယ်၊ သေချာကြည့်ထားလိုက်"

ဘေးက ကျွမ်းကျင်သူမှာ ကြောင်အသွားကြ၏။

"လူယုတ်မာ ဟုတ်လား။ အရှင်ဆိုလိုတာက..."

ချင်းရွှမ်က ဆက်ကြည့်ရန်သာ လက်ဟန်ပြလိုက်သည်။

ထိုအခိုက်အတန့်တွင်... ရှန့်ရှန်းတောင်ပေါ်၌...

ခမ်းနားထည်ဝါသော အလင်းတန်းများမှာ တာအိုတရားနိုးထလာသကဲ့သို့ တဖြည်းဖြည်း မြင့်တက်လာသည်။

ကမ္ဘာကြီး တုန်ခါသွားပြီး ဝတ်စုံဖြူနှင့် ဓားတစ်လက်ကဲ့သို့ မတ်မတ်ရပ်နေသော ပုံရိပ်တစ်ခု တောင်ထိပ်ပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

ထိုသူ၏မျက်ဝန်းများမှာ တောက်ပနေပြီး ဖော်ပြ၍မရသော အရှိန်အဝါများကို သယ်ဆောင်ထားသည်။

သူ၏ပုံသဏ္ဍာန်မှာ မြင့်မားပြီး ခန့်ညားကာ ကျောဘက်တွင် ဓားသုံးလက် လွင့်မျောနေသည်။

သူသည် ဓားများပေါ်တွင် ရပ်နေသကဲ့သို့ရှိပြီး သူ့ပတ်ဝန်းကျင်တွင် ကြွယ်ဝလှသော တာအိုစည်းချက်များ ဝန်းရံနေသည်။

"တာအိုဓားကျမ်း"

"တာအိုကနေ တစ်၊ တစ်ကနေ နှစ်၊ နှစ်ကနေ သုံး၊ သုံးကနေ အရာခပ်သိမ်းသောအရာတွေ ဖြစ်လာတယ်။ အရာခပ်သိမ်းသောအရာတို့ဟာ ဓားတစ်လက် ဖြစ်လာတယ်"

ဝုန်း

သူ၏ဦးခေါင်းထက်တွင် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခု ပေါ်လာသကဲ့သို့ ရှိပြီး အပြာရောင်အလင်းစက်များမှာ တဖျတ်ဖျတ် တောက်နေကာ နတ်ဘုရားဓားများမှာ သူ့ပတ်ဝန်းကျင်တွင် မျောလွင့်နေသည်။

သူသည် ရှန့်ရှန်းတောင်ထိပ်တွင် ရပ်နေသော ဓားနတ်ဘုရားတစ်ပါးအလားပင်။

၎င်းက ကြည့်နေသူ အပေါင်းကို ကြီးမားသော ထိတ်လန့်မှုကို ပေးစွမ်းလိုက်သည်။

"ဒီနေ့ကစပြီး ဝူတောက်တောင်ကို ရှန့်ရှန်းတောင်လို့ အမည်ပြောင်းလိုက်ပြီ"

"လူတိုင်းမှာ ဘာပြဿနာမှ မရှိကြဘူး မဟုတ်လား"

ဝုန်း

ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဓားတာအို၏သမုဒ္ဒရာကြီးတစ်ခုအလား ပြောင်းလဲသွားတော့သည်။

သန်မာလှသောကြွက်သားများဖြင့် ခန္ဓာကိုယ်ကျင့်ကြံသူများမှာ သူတို့၏အသားမည်းမည်း ကြွက်သားကြီးများကို ကြည့်ကာ ရှန်းချန်ကောကို မနာလိုဒေါသဖြင့် စိုက်ကြည့်နေကြသည်။

"သောက်ကျိုးနည်း"

"ငါ တကယ် မနာလိုတာမဟုတ်ဘူးနော်၊ ဒါပေမဲ့ သူ... သူက တကယ်ကို သောက်ခြောက်ကြီးကျနေတာပဲ၊ဟုတ်တယ် ဒါ သေချာတယ် ငါ တကယ် မနာလိုတာ မဟုတ်ဘူး"

"တောက်... မင်းသားလေး ပုံစံနဲ့"

"ငါ တကယ် မနာလိုတာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ... သူက တကယ်ကို မိန်းမကြီးကျနေတာပဲ ဟုတ်တယ် ငါ တကယ် မနာလိုတာ မဟုတ်ဘူး တောက်... သူ့ကို သတ်ပစ်ချင်လိုက်တာ"

All Chapters