← Chapters

ဘုရင်အဆင့် နတ်ဆိုးသားရဲလှိုင်း

Vol. 14 Ch. 134

ဘုရင်အဆင့် နတ်ဆိုးသားရဲလှိုင်း

Vol. 14 Ch. 134

နတ်ဘုရားချောက်နက်

အက်ကွဲကြောင်းကြီးအတွင်း၌ ကောင်းကင်ကြီးမှာ ပြောင်းပြန်လှန်ထားသကဲ့သို့ ဖြစ်နေပြီး ပျက်စီးနေသော ကျောက်တုံးများက ကောင်းကင်တွင် ပြည့်နှက်နေသည်။

၎င်းသည် ရှေးဟောင်းနတ်ဘုရားချောက်နက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရပြီး ပင်လယ်၏ ခွဲထွက်နေသော မြစ်လက်တက်တစ်ခုနှင့် တူလှသည်။

အနက်ရောင်မြူခိုးများ ကင်းစင်သွားသည့်အခါ နေရာတိုင်းတွင် ငရဲဘုံ၏ အရောင်အသွေးများ ဖုံးလွှမ်းနေသည်။

ထူးဆန်းပြီး အေးစက်သော အရှိန်အဝါများက ထွက်ပေါ်နေသည်။

"ဒါ နတ်ဘုရားချောက်နက်လား"

ဤနေရာရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သဖြင့် သူတို့ အလွန်သိချင်စိတ် ပြင်းပြနေကြသည်။

သို့သော် နတ်ဘုရားချောက်နက်သည် အလွန်အန္တရာယ်များကြောင်း သူတို့အားလုံး ကြားဖူးထားကြသည်။

"သတိထားကြ"

သူတို့နောက်မှ ချင်းရွှမ် က ဖြည်းည်းချင်း ပြောလိုက်သည်။ငွေရောင်တံဆိပ်တမန်တော် က သူတို့နောက်သို့ တကယ်လိုက်လာခဲ့သည်။

ကျန်းထုံနှင့် အခြားသူများ အံ့သြတုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ပုံမှန်အားဖြင့် နတ်ဘုရားချောက်နက်သည် နတ်ဘုရားတမန်တော်၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည်။

နတ်ဘုရားတမန်တော် တစ်ယောက် ချောက်နက်ထဲတွင် သေဆုံးသွားလျှင်ပင် ၎င်းမှာ ကိုယ်ပိုင်ပြဿနာသာ ဖြစ်ပြီး ရွှေရောင်နှင့် ငွေရောင်တမန်များအတွက် မည်သည့်အကျိုးကျေးဇူးမှ မရှိသလို သူတို့နှင့်လည်း မသက်ဆိုင်ပေ။

သို့သော် ရှန်းချန်ကော ချောက်နက်ထဲသို့ ဝင်သည့်အခါ ချင်းရွှမ်က တကယ့်ကို လိုက်ပါလာခဲ့သည်။

၎င်းက ချင်းရွှမ်သည် ရှန်းချန်ကောကို မည်မျှအထိ အလေးထားကြောင်း ပြသနေခြင်းပင်။

"ဒါက တကယ် အဆင်ပြေရဲ့လား"

"မင်း အဆင်ပြေရဲ့လား"

"လူ ၁၃ ယောက်လုံးကို လွှမ်းခြုံထားရတာ မင်းအတွက် အရမ်းခက်ခဲမနေဘူးလား... ငါတို့ ပြန်ဆုတ်ရင်ရော..."

ချင်းရွှမ်က ယခင်ကကဲ့သို့ တင်းမာခက်ထန်နေသူ မဟုတ်တော့ဘဲ ကြင်နာတတ်သော အဘိုးအိုတစ်ဦးကဲ့သို့ ပြုမူနေသည်ကို ဓားသမားများ အံ့အားသင့်စွာ ကြည့်နေကြသည်။

'ရာသီဥတုပြောင်းနေသလိုပဲ၊ အိမ်ပြန်ကြမလား' လို့ မေးနေသလိုမျိုး ခံစားချက်ပင် ပေးနေသည်။

ရှန်းချန်ကောကတော့ သူ့ကို လျစ်လျူရှုထားသည်။

သူ၏မဟာပျက်သုဉ်းခြင်းကျမ်း၏ အဆင့်မြင့်မားမှုကြောင့် လူ ၁၃ ယောက်ကို လွှမ်းခြုံထားရခြင်းမှာ ဘာမှမခက်ခဲပေ။ ၎င်းမှာ မိုးဖွဲဖွဲရွာသလောက်သာ ရှိသည်။

ထိုအခိုက်အတန့်တွင်...

ဟူးလာလာ

ရုတ်တရက် ကမ္ဘာကြီး တုန်ခါသွားပြီး လေထုကြီးတစ်ခု ဝေါခနဲ တိုက်ခတ်လာသည်။

လမ်းလျှောက်သံများ ကမ္ဘာမြေအနှံ့ ပဲ့တင်ထပ်လာပြီး မြေကြီး တုန်ခါကာ ကျောက်စရစ်ခဲများ လှုပ်ခါလာသည်။

အနက်ရောင်မြူခိုးများလည်း ဆက်တိုက် ပြန့်နှံ့လာသည်။

"နတ်ဆိုးလှိုင်း လာနေပြီ"

လူတိုင်း၏ မျက်နှာပျက်သွားသည်။ ချင်းရွှမ်ပင်လျှင် အနည်းငယ် တုန်လှုပ်သွားသည်။

"ဒါက ဘယ်အဆင့် နတ်ဆိုးအုပ်စုလဲ"

တစ်စုံတစ်ယောက်က မေးလိုက်သည်။ နတ်ဆိုးလှိုင်းများတွင်လည်း အဆင့်အမျိုးမျိုး ရှိသည်။

ထိုအခိုက်အတန့်တွင် ချင်းရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘုရင်အဆင့်..."

ဘုရင်အဆင့် နတ်ဆိုးသားရဲလှိုင်းလုံး

ခမ်းနားလှသော အနက်ရောင်မြူခိုးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမျိုးစုံ ရှိနေပြီး ၎င်းတို့အားလုံးမှာ ကူးပြောင်းခြင်းအဆင့် ရှိသော နတ်ဆိုးဘုရင်များ ဖြစ်ကြသည်။

ထိုထဲတွင် အနန္တအမှောင်ထုနယ်ပယ် မှ နတ်ဆိုးကြီးများပင် ပါဝင်နေသည်။

ကောင်းကင်နှင့်မြေပြင်အပြည့် ရောက်လာသော နတ်ဆိုးအုပ်ကြီးကို မြင်လိုက်ရသည့်အခါ လူတိုင်း၏မျက်နှာ အိုစာသွားသည်။

"မကောင်းတော့ဘူး ဆုတ်ကြ"

ချင်းရွှမ်က အော်လိုက်သည်။ ဤမျှ ကြီးမားလှသော နတ်ဆိုးလှိုင်းကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။

ကူးပြောင်းခြင်းအဆင့် နတ်ဆိုးများ ထောင်နှင့်ချီ ရှိနေခြင်းမှာ ကြီးမားသော ကပ်ဘေးတစ်ခုပင်။

သို့သော် ထိုအချိန်တွင်...

ဖော်ပြ၍မရသော လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။

ခမ်းနားလှသော ဓားဆန္ဒ ကြောင့် လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားသည်။

"နတ်ဘုရားတမန်တော်"

"နတ်ဘုရားတမန်တော်... ခင်ဗျား ဘာလုပ်မလို့လဲ..."

နတ်ဆိုးအုပ်ကြီးက နီးကပ်လာနေသော်လည်း ရှန်းချန်ကောမှာမူ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။

"ဟမ်၊ မင်းတို့ ဝင်မလို့ မဟုတ်ဘူးလား" ရှန်းချန်ကောက သူတို့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဒီလူတွေက တကယ်ကို ထူးဆန်းတယ်။ နတ်ဘုရားချောက်နက်ထဲ ဝင်ချင်တယ်ဆိုပြီး အခု နတ်ဆိုးတွေလာတာကို ဘာဖြစ်လို့လဲ။

"မြန်မြန်သွားရအောင် အဲဒီမှာ အနန္တမှောင်ထုနယ်ပယ်က နတ်ဆိုးဘုရင်ကြီးတွေနဲ့ ကူးပြောင်းခြင်းအဆင့် နတ်ဆိုး ထောင်ပေါင်းများစွာ ရှိနေတာ။ငါတို့သာ အဲဒီထဲ ပိတ်မိသွားရင် သေမှာ သေချာတယ်" ချင်းရွှမ်က စိုးရိမ်တကြီး ပြောလိုက်သည်။

ရှန်းချန်ကောမှာ ကြောက်ရွံ့မှု မရှိသော်လည်း ချင်းရွှမ်ကတော့ ရှန်းချန်ကော၏ နတ်ဘုရားချောက်နက်ထဲတွင် ဤမျှ အဆင့်မြင့်သော နတ်ဆိုးလှိုင်း ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခင်ကဆိုလျှင် နတ်ဆိုးအသေးအမွှားများသာ ရှိတတ်သော်လည်း ယခုမှာမူ နတ်ဆိုးဘုရင်အဆင့် ဖြစ်နေသည်။

ပုံမှန် နတ်ဘုရားတမန်တော်တစ်ဦးပင်လျှင် ဤမျှ များပြားသော နတ်ဆိုးလှိုင်းကို ခုခံနိုင်ရန် မလွယ်ကူပေ။

သို့သော် ရှန်းချန်ကောကတော့ ထွက်မပြေးခဲ့ပါ။

ဝုန်း

ဝုန်း

ဝုန်း

ဟင်းလင်းပြင်ကြီးမှာ ဖြည်းည်းချင်း ကွဲအက်သွားသကဲ့သို့ပင်။

ရွှေရောင်မျက်လုံးကြီး တစ်လုံး ဖြည်းည်းချင်း ပွင့်လာသည်။

နှိုင်းယှဉ်၍မရသော ခမ်းနားထည်ဝါသည့် အရှိန်အဝါတစ်ခု ရုတ်တရက် ပွင့်လန်းလာသည်။

"ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အရှိန်အဝါ"

လူတိုင်း၏နှလုံးသား တုန်ခါသွားသည်။ ထို့နောက် သူတို့ တစ်သက်မေ့နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

(ရှန်းချန်ကော၏ စိတ်ထဲမှ စကားသံ)

"မင်း သူတို့ကို ခြိမ်းခြောက်ပြီး ငါ့ကို နတ်ဘုရားတစ်ပါးလို ရိုသေအောင် လုပ်ပြလိုက်စမ်း။"

"မလုပ်ဘူး ငါ မလုပ်နိုင်ဘူး၊ငါ့ကို လွှတ်ပေး ငါက အပြစ်ကင်းတဲ့သူ"

မျက်လုံးကြီးက ဒေါသတကြီး ပြန်ပြောနေသော်လည်း ရှေးဟောင်းခန်းမကြီး ပွင့်လာပြီး သူသည် ထိုနတ်ဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

နတ်ဆိုးအုပ်ကြီးသည် သူတို့ကို တုန်ရီစေသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရပုံရသည်။

မျက်လုံးကြီးက ရှန်းချန်ကောကို မကူညီချင်ပေ။ရှန်းချန်ကောက သူ့ကို တစ်ခါတလေ လူလိုမဆက်ဆံဘဲ ခိုင်းချင်သလို ခိုင်းနေသည်ဟု သူ ခံစားရသည်။

ငါ မလုပ်ဘူး ငါ့မှာလည်း ငါ့သိက္ခာနဲ့ ငါပဲ

"လူတွေ အများကြီး မင်းကို ကြည့်နေတယ်၊ မြန်မြန်လုပ်။" ရှန်းချန်ကောက စိတ်ထဲမှ ထပ်ပြောလိုက်သည်။

ဟူးလာလာ

ရှန်းချန်ကော၏နဖူးရှိ မျက်လုံး ပွင့်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

၎င်းသည် လူတိုင်းအပေါ် ကြီးမားသော ဖိအားကို ပေးလိုက်ပြီး ကောင်းကင်ကိုးထပ်ပေါ်မှ အရာအားလုံးကို ငုံ့ကြည့်နေသည့်အလား ခံစားရစေသည်။

နတ်ဆိုးသားရဲများ ချက်ချင်း အော်ဟစ်မြည်တမ်းကုန်ကြသည်။ သူတို့ ချက်ချင်းပင် ရူးသွပ်သွားကြသလို ဖြစ်သွားသည်။

အဝေးက နတ်ဆိုးများက လှည့်ပြေးကြပြီး၊ အနီးက နတ်ဆိုးများမှာမူ သူတို့၏ သွေးသားထဲမှ သိသာထင်ရှားသော ဖိနှိပ်မှုကို ခံစားလိုက်ရသဖြင့် မြေကြီးပေါ်တွင် ပြားပြားဝပ် ဝပ်စင်းသွားကြသည်။

ဒူးထောက်ကာ အရှုံးပေးခြင်း

"ဒါ... ဒါ မဖြစ်နိုင်တာ..." ချင်းရွှမ်၏ မျက်နှာ ဖြူလျော်သွားသည်။

သူ တကယ်ကို ကြောက်လန့်သွားလေပြီ။

ထိုအရှိန်အဝါ...

"လွန်ခဲ့တဲ့ အချိန်အနည်းငယ်က အရမ်းလျှို့ဝှက်တဲ့ မှတ်တမ်းတစ်ခုထဲမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုအကြောင်း ရေးထားတယ်။ အဲဒါက အပြင်နယ်မြေမှာ ပေါ်လာနိုင်တယ်လို့ ဆိုထားတာ... ဒါဆိုရင်..."

ချင်းရွှမ်သည် ရှန်းချန်ကော၏ ရွှေရောင်မျက်လုံးကို ကြည့်ပြီး ထိတ်လန့်သွားသည်။

ဒါ ဖြစ်နိုင်မလား...

သူတို့က ထိုကိစ္စကို အလေးမထားခဲ့ကြပေ။

ထိုကဲ့သို့သော အရာမျိုးက မြူသမုဒ္ဒရာ၏ အပြင်နယ်မြေတွင် ဘယ်လိုလုပ် ပေါ်လာနိုင်မည်နည်း။

ထိုအရာက တကယ်ပင် ပေါ်လာပြီး ရှန်းချန်ကောက ရယူလိုက်သည်လော။

၎င်းမှာ ခန့်မှန်းချက်သာ ဖြစ်သော်လည်း၊ အလွန်ကြောက်စရာကောင်းသော သက်ရှိတစ်ခု အပြင်ဘက်တွင် ပေါ်လာမည်ကို သူ သိထားသည်။

သို့သော် ယခုအခါတွင်မူ...

နတ်ဆိုးအားလုံး မြေကြီးပေါ် ဒူးထောက်နေကြပြီ။

အညံ့ခံကြောင်း ပြသနေကြသည်။

ဘုရင်အဆင့် နတ်ဆိုးလှိုင်းကြီးက... အညံ့ခံလိုက်ပြီလား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဤကဲ့သို့သော အရာမျိုး လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ဝင်သွားခြင်းမှာ ကောင်းချီးလော၊ ကျိန်စာလော...

All Chapters