← Chapters

နတ်ဘုရားစိတ်အာရုံကို ရွေးချယ်ခြင်း

Vol. 14 Ch. 135

နတ်ဘုရားစိတ်အာရုံကို ရွေးချယ်ခြင်း

Vol. 14 Ch. 135

ယခုမြင်ကွင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

နတ်ဆိုးစစ်တပ်ကြီးတစ်ခုလုံးသည် (၁၀) ယောက်မြောက် နတ်ဘုရားတမန်တော်၏ခြေဖဝါးအောက်တွင် ဒူးထောက်ဝပ်စင်းနေကြရသည်။

အဝေးကနတ်ဆိုးများသည် ခေါင်းကိုအုပ်၍ ထွက်ပြေးကြပြီး၊ အနီးကနတ်ဆိုးများမှာမူ မြေကြီးပေါ်တွင် ပြားပြားဝပ်နေကြသည်။

ထိုအခိုက်အတန့်မှာ အလွန်ပင် ထိတ်လန့်စရာကောင်းလှပေသည်။

'ဒါက...ဘာတွေဖြစ်ကုန်တာလဲ'

တစ်ခဏချင်းတွင် ရှိနေသူအားလုံး တုန်လှုပ်သွားကြသည်။

ရှန်းချန်ကော၏နဖူးပေါ်တွင် ဒေါင်လိုက်မျက်လုံးတစ်လုံး တိတ်တဆိတ် ပွင့်လန်းလာပြီး၊ ထိုနေရာမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပျံ့နှံ့နေသည်ကို သူတို့ မြင်လိုက်ရသည်။

ဤအရာက တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။

ရှန်းချန်ကော၏ခန္ဓာကိုယ်ထက်တွင် ခမ်းနားသော ရှေးဟောင်းနန်းတော်ကြီးတစ်ခုကို သူတို့ ဝေဝါးစွာ မြင်နေရသည်။

ထိုရှေးဟောင်းနန်းတော်ခန်းမ ပွင့်လာပြီးနောက် အတွင်း၌ ပုံရိပ်တစ်ခု ထိုင်နေသည်။

ထိုပုံရိပ်မှာ သူတို့ကို ကျောခိုင်းထားသော်လည်း ကောင်းကင်နှင့် မြေပြင်ကို ဖိနှိပ်ထားသော ဘုရင်တစ်ပါးကဲ့သို့ပင်။

သူသည် နန်းဆောင်၏အထက်ဆုံးတွင် ထိုင်နေပြီး လောကရှိ သက်ရှိအားလုံးကို ဖိနှိပ်ချုပ်ကိုင်ထားသည်။

ဒါ နတ်ဘုရားတမန်တော်ရဲ့ စွမ်းအားလား

ရှန်းချန်ကော သက်ပြင်းချလိုက်သည်။

(ရှန်းချန်ကော၏စိတ်ထဲမှ စကားသံ)

"ဒီနတ်ဆိုးအုပ်ကြီးကို ငါ့ရဲ့ နတ်ဘုရားချောက်နက်ထဲမှာ ထားပြီး ငါ့အတွက် အသုံးချလို့ရမယ့် နည်းလမ်းရှိလား"

ရှန်းချန်ကောက မျက်လုံးကြီးကို မေးလိုက်သည်။

"မင်း အိပ်မက်မက်နေတာပဲ။" မျက်လုံးကြီးက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။

ထိုအခိုက်အတန့်တွင် ရှန်းချန်ကောသည် ဤကောင်ကို အားကိုး၍မရမှန်း သိလိုက်သည်။

သို့သော် နတ်ဆိုးအုပ်ကြီးကို ထိန်းချုပ်ရန်သာ ဖြစ်သဖြင့် ကြီးမားသော ပြဿနာရှိမည်မဟုတ်ဟု သူ ယူဆသည်။

အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကော၏ အတွေးအရ သူသည် နတ်ဘုရားအဆင့်ရှိသော နတ်ဆိုးသားရဲများကိုပင် ထိန်းချုပ်နိုင်သေးရာ၊ ဤနတ်ဆိုးအုပ်စုကို ထိန်းချုပ်ရန်မှာ အသေးအမွှားကိစ္စသာ ဖြစ်သည်။

၎င်းတို့မှာ အဆင့်ချင်း လုံးဝ မတူညီပေ။

ထို့ကြောင့် ကောင်းကင်နှင့် မြေပြင်ကို အားကိုးသည်ထက် စနစ် ကို အားကိုးခြင်းက ပိုကောင်းသည်။

အခြားသူများနှင့် မိမိကိုယ်ကို အားကိုးခြင်းထက် ပြင်ပအကူအညီများကို အားကိုးခြင်းက ပိုကောင်းပေသည်။

သူသည် ကူးပြောင်းခြင်းအဆင့် နတ်ဆိုးတစ်ကောင်၏အနီးသို့ သွားကာ နတ်ဆိုးလှိုင်း၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်သည်။

"နတ်ဘုရားတမန်တော် ဘာလုပ်မလို့လဲ"

"သူ... ငါက နတ်ဘုရားချောက်နက်ထဲကို ပထမဆုံးအကြိမ် ဝင်ဖူးတာဆိုပေမဲ့ ဒါနဲ့ပတ်သက်ပြီး ကြားဖူးတာ ကြာပါပြီ။ နတ်ဆိုးလှိုင်းဆိုတာ နတ်ဘုရားတမန်တော်တွေအတွက် အမြဲတမ်း ခေါင်းခဲစရာ ကိစ္စပဲလေ။ ဒါပေမဲ့ အခုတော့ ဒါက ဒီလောက်လွယ်လွယ်ကူကူနဲ့ ပြီးသွားတာလား"

လူအုပ်ကြီးမှာ ပြောစရာစကားမရှိဘဲကြောင်အမ်းအမ်း ဖြစ်နေကြရပြီး ဖော်ပြ၍မရသော ထိတ်လန့်မှုကို ခံစားနေရသည်။

ဤခန့်အပ်ခံရခါစ နတ်ဘုရားတမန်တော်သည် အစွမ်းထက်လွန်းလှသည်။

သို့သော် သူတို့ ပြန်စဉ်းစားကြည့်ကြသည်။ဓားသမားတစ်ယောက်အနေဖြင့် မြူခိုးလူသားများ အဖွဲ့အစည်းတွင် နတ်ဘုရားတမန်တော် ဖြစ်လာနိုင်ခြင်းမှာ ရှန်းချန်ကောသည် ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်သောကြောင့်သာ ဖြစ်သည်ဟု သူတို့ ယူဆလိုက်ကြသည်။

ဒီနတ်ဘုရားတမန်တော်ကတော့...

သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။ နတ်ဘုရားတမန်တော် ပို၍ အစွမ်းထက်လေ၊ မြူခိုးလူသားများ အဖွဲ့အစည်းအတွင်း သူတို့၏ အဆင့်အတန်း ပိုမြင့်လေ ဖြစ်မည်။

မြူခိုးထဲမှလူသန်ကြီးများက သူတို့ကို အထင်သေးကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ထိုလူများကို သူတို့အပေါ် ကြောက်ရွံ့လာအောင်နှင့် ထပ်ပြီး အနိုင်မကျင့်ရဲအောင် လုပ်နိုင်ကြတော့မည်။

မူလက သူတို့တွင် ယုံကြည်မှုမရှိခဲ့ပေ။

သို့သော် ယခုအခါ ကြောက်မက်ဖွယ်ကောင်းပြီး မယုံနိုင်လောက်အောင် အစွမ်းထက်သော နတ်ဘုရားတမန်တော်ကို မြင်လိုက်ရသည့်အခါ သူတို့တွင် ယုံကြည်မှုများ ရုတ်တရက် ပေါ်ပေါက်လာသည်။

သူရှိနေသရွေ့ အရာအားလုံးက ဖြစ်နိုင်သည်။

"ချက်အင်" ရှန်းချန်ကောက စိတ်ထဲမှ ရေရွတ်လိုက်သည်။

[ နတ်ဆိုးလှိုင်း၏ဗဟိုချက်တွင် ချက်အင်ဝင်ခြင်း အောင်မြင်သည် - "ရှေးဟောင်းဝိညာဉ် နတ်ဆိုးပျိုးထောင်ခြင်းကျမ်း - နတ်‌ဆိုးမွေးမြူရေး လက်စွဲစာအုပ်" ကို ရရှိသည် ]

ရှန်းချန်ကော ပြုံးလိုက်သည်။ ဒါဆိုရင် ပြဿနာပြေလည်သွားပြီ မဟုတ်ပါလား။

ရှေးဟောင်းဝိညာဉ် နတ်ဆိုးပျိုးထောင်ခြင်းကျမ်းကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံခဲ့သည့် အတွေ့အကြုံကြောင့် ရှန်းချန်ကော၏သက်ရှိအဆင့်အတန်းမှာ ရှေးဟောင်းနတ်ဘုရားအဆင့်နှင့် နီးစပ်နေပြီဖြစ်ကာ 'နတ်ဘုရားတစ်ပိုင်း' ဟုပင် ခေါ်ဆိုနိုင်သည်။

သူ၏စိတ်ထဲသို့ ရောက်လာသော သတင်းအချက်အလက်များကို စုပ်ယူလိုက်ရုံဖြင့် အသစ်ရရှိသော နတ်ဆိုးမွေးမြူရေး လက်စွဲစာအုပ်ကို ချက်ချင်းပင် အဆင့်မြင့်ဆုံးအထိ ကျွမ်းကျင်သွားခဲ့သည်။

သူသည် ရှေးဟောင်းဝိညာဉ် နဝ်ဆိုးပျိုးထောင်ခြင်းကျမ်းကို ဖြည်းည်းချင်း လည်ပတ်စေလိုက်ရာ၊ များမကြာမီမှာပင် အလွန်စင်ကြယ်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

၎င်းသည် ယခင်က မျက်လုံးကြီးထဲသို့ သူ ထည့်ပေးခဲ့သော စွမ်းအင်နှင့် ဆင်တူသော်လည်း အခြေခံကျသောကွဲပြားခြားနားမှု အနည်းငယ် ရှိနေသည်။

ဟူးလာလာ

စွမ်းအင်များ ဖြည်းည်းချင်း ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ နတ်ဆိုးများက ဦးခေါင်းများကို တဖြည်းဖြည်း မော့လာကြသည်။

သူတို့ အလွန်စိတ်လှုပ်ရှားနေပုံရသည်။

ထိုခံစားချက်မှာ ကြက်မွေးမြူရေးခြံထဲသို့ သွားပြီး ပြောင်းဖူးစေ့တစ်ဆုပ် ကျွေးလိုက်သကဲ့သို့ပင်။

"မလုပ်နဲ့" ရှေးဟောင်းနန်းတော်ထဲမှ မျက်လုံးကြီးက နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

သူ့နှလုံးသားထဲမှ အစိတ်အပိုင်းတစ်ခုကို အစုတ်ခံလိုက်ရသလို သူ ခံစားလိုက်ရသည်။

နတ်ဘုရားတစ်ပါးအဖြစ် သူ မွေးဖွားလာကတည်းက ဤမျှ ပြင်းထန်သော နာကျင်မှုကို ခံစားရဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။

"မင်း ဒါမျိုး မလုပ်သင့်ဘူး"

သို့သော် ရှန်းချန်ကောက သူ့ကို လျစ်လျူရှုလိုက်ပြီး မျက်လုံးကြီးဆီသို့ ပို့ပေးရမည့် စွမ်းအင်အားလုံးကို နတ်ဆိုးများဆီသို့ လွှဲပြောင်းပေးလိုက်သည်။

နတ်ဆိုးများသည် မြေကြီးပေါ်တွင် ဝပ်စင်းနေကြဆဲဖြစ်သော်လည်း၊ ရှေးဟောင်းဝိညာဉ် နတ်ဆိုးပျိုးထောင်ခြင်းကျမ်း၏ အာနိသင်ကြောင့် သူတို့သည် ရှန်းချန်ကောအပေါ် ပိုမို စိတ်ရင်းမှန်ဖြင့် သစ္စာရှိလာကြသည်။

ဤနတ်ဆိုးများသည် ဉာဏ်ရည်မမြင့်မားကြပေ။ သူတို့သည် သူတို့၏သဘာဝ ဗီဇအတိုင်းသာ တွေးခေါ်လှုပ်ရှားကြသူများ ဖြစ်သည်။

ရှေးဟောင်းဝိညာဉ် နတ်တိုးပျိုးထောင်ခြင်းကျမ်းတွင် ထူးဆန်းသော နတ်ဆိုးစွမ်းအားတစ်ခု ပါဝင်နေသည်။

၎င်းက ဤနတ်ဆိုးများကို ရှန်းချန်ကောအပေါ် သံယောဇဉ်တွယ်စေသည်။

ထိုအခိုက်အတန့်တွင် နတ်ဆိုးလှိုင်းကြီးမှာ တဖြည်းည်းချင်း ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ရှန်းချန်ကောသည် ချင်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

ချင်းရွှမ်မှာမူ အဝေးဆုံးနေရာတွင် ရပ်နေပြီး ရှေးဟောင်းနတ်ဘုရားချောက်နက်ထဲမှ ထွက်ပြေးရန် အသင့်ဖြစ်နေသည်။

သူသည် ရှန်းချန်ကော၏ထူးဆန်းသော အကြည့်ကို ခံစားမိသည့်အခါ အနည်းငယ် အရှက်ရသွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။

"ပထမအဆင့် စမ်းသပ်မှုကို မင်း အောင်မြင်သွားပြီ။" သူက တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။

ရှန်းချန်ကောကတော့ သူ့ကို ဂရုမစိုက်ပါ။ ဤလူသည် အားကိုး၍မရဟု သူ ခံစားရသည်။

ချင်းရွှမ်သည် တစ်စုံတစ်ယောက်က စွမ်းအင်တွေကို ညှစ်ထုတ်ထားသလို ပိန်လိန်နေပြီး တကယ့်ကို အားကိုးရမည့်ပုံ မရှိပေ။

ထိုအချိန်တွင် နတ်ဘုရားချောက်နက်၏ မြင်ကွင်းမှာ တဖြည်းည်းချင်း ပေါ်လွင်လာသည်။

၎င်းမှာ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုနှင့် တူသော်လည်း ထိုအပျက်အစီးများကြားတွင် အတိတ်က ခမ်းနားထည်ဝါမှုများကို မြင်တွေ့နိုင်သေးသည်။

၎င်းသည် လူများကို အထီးကျန်သလို ခံစားရစေသော်လည်း အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။

လောကတွင် မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများ လှိုင်းထနေသည်။

ထိုစိတ်ဆန္ဒများ၏ရွှေရောင်အလင်းတန်းများက စကြဝဠာထဲတွင် တောက်ပနေပြီး ခမ်းနားသော ပုံရိပ်များကို ဖြစ်ပေါ်စေသည်။

ဤအရာများသည် ရှေးဟောင်းနတ်ဘုရားများ ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သော အရာများ ဖြစ်သည်။

ရှန်းချန်ကောသည် ထိုခမ်းနားသော နတ်ဘုရားစိတ်အာရုံ များကို ကြည့်လိုက်သည်။သူ၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေသည်။

ချင်းရွှမ်သည် ရှန်းချန်ကော၏ ဘေးသို့ လာရပ်လိုက်သည်။

"အဲဒါတွေအားလုံးက ရှေးဟောင်းနတ်ဘုရားစိတ်အာရုံတွေပဲ၊ ဒါပေမဲ့ အစွမ်းကတော့ သိပ်မကြီးလှဘူး။ဒီအသိစိတ်တွေရဲ့ တည်ရှိမှုက အရမ်းထူးခြားတယ်။ အခု မင်းလုပ်ရမှာက မင်းရဲ့ အမှတ်စဉ်က အဖွဲ့သားတွေ နားလည်သဘောပေါက်နိုင်အောင် အဲဒီအထဲက တစ်ခုကို ဆွဲယူပေးရမှာပဲ။ ဒါမှ သူတို့တွေလည်း နတ်ဘုရားချောက်နက်ကို စောင့်ရှောက်နိုင်မှာပါ။" ချင်းရွှမ်က ဖြည်းည်းချင်း ရှင်းပြလိုက်သည်။

"ဒါကြောင့် ဓားသမားတွေနဲ့ သင့်တော်မယ့် နတ်ဘုရားစိတ်အာရုံတစ်ခုကို ရွေးချယ်ပြီး မင်းလက်အောက်က လူတွေကို ကျင့်ကြံခိုင်းလိုက်ပါ။ ဒါပေမဲ့ နတ်ဘုရားစိတ်အာရုံကို လမ်းညွှန်ပေးဖို့က အရမ်းခက်ခဲတယ်နော်။"

ရှန်းချန်ကော ရှေ့သို့ အနည်းငယ် တိုးလိုက်သည်။ ဓားသမားများမှာမူ အလွန်စိတ်လှုပ်ရှားနေကြသည်။

နတ်ဘုရားစိတ်အာရုံကို နားလည်သဘောပေါက်ခွင့် ရရှိခြင်းမှာ သူတို့အတွက် ကြီးမားသော ကံကြမ္မာတစ်ခုပင်။

သူတို့၏တိုက်ခိုက်မှုများသည် နတ်ဘုရားချောက်နက်ထဲတွင် ထိရောက်လာမည့်အပြင်၊ မြူသမုဒ္ဒရာထဲတွင်ပင် နတ်ဘုရားစိတ်အာရုံ အနည်းငယ် တတ်မြောက်ထားသူများသည် အခြားသော တူညီသည့်အဆင့်ရှိသူများထက် တိုက်ခိုက်ရေးစွမ်းအား သိသိသာသာ ပိုမို သန်မာလာမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှန်းချန်ကောသည် တစ်စုံတစ်ခုကို ရွေးချယ်နေသကဲ့သို့ ဖြည်းည်းချင်း ရှေ့သို့ လျှောက်သွားသည်။

သို့သော် သေချာကြည့်လျှင် သူသည် နားလည်သဘောပေါက်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

လူတိုင်းက ထိုနတ်ဘုရားစိတ်အာရုံများကို အသည်းအသန် လိုချင်တပ်မက်နေကြသော်လည်း၊ သူကတော့ မသိစိတ်ထဲမှ အထင်သေးသော အရိပ်အယောင်တစ်ခုကို ပြသနေသည်။

ထိုအထင်သေးမှုမှာ သူ၏အသိစိတ်ပင်လယ်ထဲမှ ထွက်ပေါ်လာပုံရသည်။

"ငါ... ငါ သူတို့ကို ဖိနှိပ်နိုင်ပုံရတယ်" သူက ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

ချင်းရွှမ်က သက်ပြင်းချရင်း သူ၏ မုတ်ဆိတ်ကို ပွတ်လိုက်သည်။

နတ်ဆိုးလှိုင်းကြီးက ဤမျှလွယ်လွယ်နှင့် ပြီးသွားလိမ့်မည်ဟု မည်သူက ထင်ထားပါ့မည်နည်း။

ယခုတော့ ရှန်းချန်ကောက သူတို့အတွက် နတ်ဘုရားစိတ်အာရုံကိုပင် စတင် ရွေးချယ်ပေးနေပြီ။

နောက်တစ်ခဏတွင်

ဘုန်း

ချင်းရွှမ်၏မုတ်ဆိတ်ကို ဆွဲနေသော လက်များမှာ ရုတ်တရက် တုန်ခါသွားပြီး မုတ်ဆိတ်များကိုပင် ဆွဲနုတ်မိတော့မတတ် ဖြစ်သွားသည်။

ဘာတွေဖြစ်ကုန်တာလဲ

သူ့နောက်ကွယ်မှ အလွန်စင်ကြယ်သော နတ်ဘုရားစိတ်ဆန္ဒတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

၎င်းသည် ဦးညွှတ်ချင်စိတ်၊ စင်ကြယ်ခြင်း၊ အစွမ်းထက်ခြင်း၊ထို့နောက် အလွန်ပင် ခမ်းနားထည်ဝါလှသည်။

ရှန်းချန်ကောက မည်သို့သော အစွမ်းထက်သည့် နတ်ဘုရားစိတ်အာရုံကို ရွေးချယ်လိုက်သနည်း။

All Chapters