မင်း ဟက်လုပ်နေတာလား
Vol. 14 Ch. 136
ရှေးဟောင်းနတ်ဘုရားစိတ်အာရုံ များသည် ကောင်းကင်ယံတွင် လွင့်ပျံနေကြသည်။
ရှန်းချန်ကောက တစ်ချက်ကြည့်လိုက်ရာ စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်သည့် အရာမျိုး မတွေ့ရပေ။
အများစုမှာ ရှေးခေတ်မှ ယနေ့တိုင် လက်ဆင့်ကမ်းလာခဲ့သည့် အသိစိတ်များဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်လာနေကြသည်။
ထို့ကြောင့် ရှန်းချန်ကော၏စိတ်ဝိညာဉ်အာရုံနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့မှာ ဘာမှမဟုတ်ပေ။
သူတို့သည် အဆင့်အတန်းချင်း လုံးဝမတူကြချေ။
ရှန်းချန်ကော၏စိတ်ဝိညာဉ်အာရုံပေါ်တွင် အမှတ်အသားပုံစံတစ်ခုပင် ပေါ်ပေါက်နေပြီ ဖြစ်သည်မဟုတ်ပါလော။
အမှန်ပင် ရှန်းချန်ကောတွင် နတ်ဘုရားစိတ်အာရုံ ရှိနေပြီဖြစ်သည်။
နတ်ဘုရားစိတ်အာရုံ ပေါ်ပေါက်လာခြင်းမှာ အလွန်ရှားပါးလွန်းလှသည်။
ချင်းရွှမ်သည် ရှန်းချန်ကော၏နတ်ဘုရားစိတ်အာရုံအကြောင်းကို ယခင်က သိခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မေ့လျော့နေခဲ့သည်။
သို့မဟုတ်လျှင်လည်း ပစ္စုပ္ပန်လောက၏နတ်ဘုရားစိတ်အာရုံက ရှေးဟောင်းစိတ်အာရုံများကို ဖိနှိပ်လိုက်သည့် ကြောက်မက်ဖွယ် မြင်ကွင်းမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူသည် ဤအချက်ကို ထည့်ပင်မစဉ်းစားမိခဲ့ပေ။ ယခုမူ ရှန်းချန်ကောသည် သူ၏ နတ်ဘုရားစိတ်အာရုံကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီဖြစ်သည်။
နတ်ဘုရားစိတ်အာရုံ... ၎င်းသည် သာမန်လူသားများ နားမလည်နိုင်သော အဆင့်မြင့်သက်ရှိတစ်ဦး၏ကြောက်မက်ဖွယ် အရှိန်အဝါပင်။
ဝုန်း
သူ၏နတ်ဘုရားစိတ်အာရုံ ပေါက်ကွဲထွက်လာသည်နှင့် ကောင်းကင်ယံမှာ လက်ကြီးတစ်ဖက်ဖြင့် ဆွဲမလိုက်သကဲ့သို့ တုန်ခါသွားသည်။
ထိုမြင်ကွင်းမှာ ကြောက်စရာကောင်းလှပြီး လူတိုင်း၏နှလုံးသားမှာ ရူးသွပ်မတတ် ခုန်လာကြသည်။
၎င်းမှာ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းကပါ ထိတ်လန့်သွားရသည့် ပြင်းထန်သော ဖိအားကြီးပင်။
ကောင်းကင်ယံရှိ အရွယ်အစားမျိုးစုံသော ရှေးဟောင်းစိတ်အာရုံများသည် ရန်စခံလိုက်ရသကဲ့သို့ အလင်းများ တောက်ပလာကြသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင်
ဖိနှိပ်ခြင်း
မည်သည့်ငြင်းဆန်နိုင်ခြင်းမှမရှိဘဲ ဖိနှိပ်ခံလိုက်ရတော့သည်။
"ဒါက အမှတ်အသားတစ်ခုပါတဲ့ နတ်ဘုရားစိတ်အာရုံ လား" ချင်းရွှမ်မှာ ကြောင်အသွားသည်။
သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
ဤအစွမ်းမှာ တကယ်ပင် ကြောက်စရာကောင်းလွန်းလှသည်။
ရှန်းချန်ကောသည် ရှေးဟောင်းစိတ်အာရုံ အားလုံးကို ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။
ထိုခိုက်တွင် ရှေးဟောင်းစိတ်အာရုံများသည် အိမ်မွေးတိရစ္ဆာန်လေးများကဲ့သို့ ရှန်းချန်ကော၏ ဘေးနားတွင် ငြိမ်သက်စွာ လာရောက် လွင့်ပျံနေကြတော့သည်။
"ကဲ... စပြီး ကျင့်ကြံကြတော့" ရှန်းချန်ကောက အေးဆေးစွာ ပြောလိုက်သည်။
ဤရှေးဟောင်းစိတ်အာရုံများသည် သူ့အတွက်တော့ အဓိပ္ပာယ်မရှိပေ။
သူ၏နတ်ဘုရားစိတ်အာရုံက ဤအရာများထက် ပို၍ အစွမ်းထက်သည်။
ရှန်းချန်ကော၏မျက်လုံးများတွင် အလင်းများ တောက်ပနေသည်ကို မြင်ရသောအခါ ဓားသမားများမှာ တုန်လှုပ်သွားကြသည်။
၎င်းမှာ အလွန်ပင် လွန်ကဲလွန်းလှသည်။ ရှေးဟောင်းစိတ်အာရုံပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်။
ဓားသမား (၁၃) ယောက်စလုံးမှာ မိမိတို့နှင့် အသင့်တော်ဆုံး စိတ်အာရုံကို စိတ်ကြိုက် ရွေးချယ်ခွင့် ရနေကြခြင်း ဖြစ်သည်။
ဒါက... ဒါက... တကယ့်ကို ချိလုပ်နေတာ မဟုတ်လား။
အခြားသော နတ်ဘုရားချောက်နက်များကို နေထိုင်သူများသည် ရှေးဟောင်းစိတ်အာရုံတစ်ခုတည်းကိုပင် မျိုးဆက်ပေါင်းများစွာ ခက်ခဲစွာ အသုံးပြုနေကြရခြင်း ဖြစ်သည်။
အချို့မှာ မိမိတို့နှင့် မကိုက်ညီသော်လည်း အတင်းအကျပ် ကျင့်ကြံနေကြရသဖြင့် အကျိုးကျေးဇူး များများစားစား မရကြပေ။
သို့သော် ယခုမူ ဓားသမား (၁၃) ယောက်သည် နတ်ဘုရားချောက်နက်ထဲသို့ တစ်ပြိုင်နက် ဝင်ခွင့်ရရုံသာမက မိမိတို့နှင့် အသင့်တော်ဆုံး စိတ်ဝိညာဉ်အာရုံကိုပါ စိတ်ကြိုက်ရွေးချယ်ခွင့် ရနေကြသည်။
သူတို့အားလုံး ရှန်းချန်ကောကို ကြောင်ကြည့်နေမိကြသည်။
အတန်ကြာမှ သူတို့သည် မိမိတို့နှစ်သက်ရာကို ရွေးချယ်ပြီး ကျင့်ကြံခြင်းကို စတင်ကြသည်။
သူတို့၏ဘေးတွင် ဓားသုံးစင်းသည် လွင့်ပျံနေသည်။ သမိုင်းတစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် "မြူခိုးနေထိုင်သူ" အတွက် ဓားသုံးစင်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ပေ။
ချင်းရွှမ်သည် ရှန်းချန်ကော၏ ဘေးသို့ လာရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ခင်ဗျား ဘာကြည့်နေတာလဲ"
"မင်းက လူရော ဟုတ်ရဲ့လား"
"ဒါပေါ့... မဟုတ်ဘူးလေ"
ချင်းရွှမ်၏နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားသည်။
သူ ထင်ထားတာ မှန်နေပြီလော၊ဤလူသည် အလွန်ကြောက်စရာကောင်းလှသည်။
သူသည် ရှေးဟောင်းနတ်ဘုရားများနှင့် ပတ်သက်နေမည်လော၊ သို့မဟုတ် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဝင်စားလာသည်လော။
၎င်းမှာ သူ နားမလည်နိုင်သော အခြေအနေပင်။
ရှန်းချန်ကောက သူ့ကို အထင်သေးသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း "ခင်ဗျား ဒီလောက် ချောမောညန့်ညားတဲ့လူမျိုးကို မြင်ဖူးလို့လား"
"ငါက နတ်ဘုရားလေ"
ချင်းရွှမ် ထွက်သွားတော့သည်။ သူ တစ်ခွန်းမှ မပြောဘဲ ထွက်သွားခြင်း ဖြစ်သည်။
ဤနေရာတွင် နောက်ထပ် တစ်စက္ကန့်မျှ ဆက်နေပါက ထိုရိုက်နှက်ချင်စရာကောင်းသော မျက်နှာကို ဆွဲဖြဲပစ်မိမည်ကို သူ စိုးရိမ်နေသည်။
"ရှန်းချန်ကောရဲ့အခြေအနေက ပုံမှန်ဘဲ" ချင်းရွှမ်သည် ရွှေဝတ်ရုံတမန် ရှိရာသို့ ရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မင်းလို လူအိုကြီးက ဒီလောက် စိတ်လှုပ်ရှားနေတာ ရှားသားပဲ။ ရှန်းချန်ကောက မင်းအတွက် တကယ်ပဲ မျှော်လင့်ချက်ဖြစ်လာမှာလား" ဟု တစ်ကိုယ်လုံးတွင် ရွှေရောင်အမှတ်အသားများ ရှိနေသည့် အဘိုးအိုတစ်ဦးက ပြုံးပြီး ပြောလိုက်သည်။
ချင်းရွှမ် သက်ပြင်းချလိုက်သည်။ "ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ သူက သိပ်ကို အစွမ်းထက်လွန်းတယ်"
"လျှို့ဝှက်ချက်တွေ ရှိနေလို့လား"
"လျှို့ဝှက်ချက်တွေကတော့ အများကြီးပဲ။ ဒါပေမဲ့ သူသာ ငါတို့ မြူခိုးသမုဒ္ဒရာကမ္ဘာကို ဒီကပ်ဘေးကြီးကနေ ကယ်တင်နိုင်မယ်ဆိုရင် သူ့မှာ လျှို့ဝှက်ချက်ရှိနေတာက ဘာအရေးလဲ၊ သူ့လျှို့ဝှက်ချက်တွေကို ငါတို့ မြူခိုးသမုဒ္ဒရာက မဖော်နိုင်ဘူး။ အဲဒီအစား သူ့ကို အမဟာအပျက်စီးနယ်မြေကြီး ဆီ လွှတ်ပြီး သောင်းကျန်းခိုင်းလိုက်ရမှာ။ ဟားဟား... အဲဒီက ခေါင်းမာတဲ့ လူအိုကြီးတွေ သူ့ရဲ့ ကြောက်စရာကောင်းမှုကို ခံစားစေရမယ်"
"သူက တကယ်ပဲ အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ရှန့်ဝမ်မင်းဆက် မှာတော့ အမှတ်အသားတစ်ခုပါတဲ့ နတ်ဘုရားစိတ်အာရုံက..." ရွှေဝတ်ရုံတမန်တော် စကားကို ရပ်လိုက်သည်။
"အချိန်တန်ရင် မင်း သိလာမှာပါ" ချင်းရွှမ်က လျှို့ဝှက်ဆန်းကြယ်စွာ ခေါင်းယမ်းလိုက်သည်။
ရှန်းချန်ကော၏ခန္ဓာကိုယ်ပေါ်တွင် မြူခိုးသုမုဒ္ဒရာကမ္ဘာ၌ မရှိသင့်သော အရာများစွာ ရှိနေသည်။
"မင်းနဲ့ ငါလည်း နောက်ဆုံးမှာတော့ ပြန်သွားရမှာပဲ"
"ဒါပေမဲ့ ငါ မြူသမုဒ္ဒရာကမ္ဘာကို လက်မလွှတ်နိုင်ဘူး။ ဒါက ဖိနှိပ်ခံထားရတာသိပ်ကို ကြာရှည်နေပြီ လေ"
ရွှေဝတ်ရုံတမန်တော် သက်ပြင်းချလိုက်သည်။
ထိုနေ့တွင် ရှန်းချန်ကောနှင့်သူ့အဖွဲ့သည် နတ်ဘုရားချောက်နက်မှ ပြန်ထွက်လာကြသည်။ဓားသမားများ အားလုံးမှာ ပြုံးရွှင်နေကြသည်။
"အရှင်တမန်တော်... ကျွန်တော်တို့ အခု မစ်ရှင် တွေကို စတင်သင့်ပြီ။ အနည်းဆုံးတော့ အမှန်စဉ်(၁၀)က မြူခိုးနေထိုင်သူတွေရဲ့ အစွမ်းကို ပြသရမယ်" ဟု ရှန်းချန်ကော၏ ဘေးရှိ ကျန်းထုံက အကြံပေးလိုက်သည်။
"မစ်ရှင် ဟုတ်လား"
"ဟုတ်ကဲ့။ အဆင့်မြင့် ဂိုဏ်းကြီးတွေက မစ်ရှင်တွေ ထုတ်ပြန်ပြီး ကျွန်တော်တို့ အဖွဲ့အစည်းကို အကူအညီ တောင်းလေ့ရှိပါတယ်။ အဲဒါက အကူအညီတောင်းတာထက် ကျွန်တော်တို့ရဲ့ အကာအကွယ်ကို ရယူချင်ကြတာပါ။ မြူခိုးနေထိုင်သူတွေ ဒါမှမဟုတ် ဝတ်ရုံနက်အဖွဲ့ရဲ့ အကာအကွယ်ကို ဂိုဏ်းတိုင်းက လိုချင်ကြတယ်"
"မြူခိုးနေထိုင်သူများ" အဖွဲ့အစည်းမှာ နာမည်တစ်ခုတည်းအောက်တွင် ရှိသော်လည်း ကျင့်ကြံသူများသည် အရပ်ရပ်တွင် ပျံ့နှံ့နေပြီး ဂိုဏ်းများစွာကို အကာအကွယ် ပေးထားကြသည်။
ထိုဂိုဏ်းများမှ အရည်အချင်းရှိသူများကိုလည်း ပြန်လည် စုဆောင်းနိုင်သဖြင့် ၎င်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကိစ္စဖြစ်သည်။
ကျန်းထုံက သူတို့၏ နာမည်ဂုဏ်သတင်း ကျော်ကြားလာစေရန် မစ်ရှင်များကို လက်ခံဆောင်ရွက်ရန် အကြံပြုခြင်း ဖြစ်သည်။
"မစ်ရှင်တွေ လုပ်ရတာ ပင်ပန်းပေမဲ့ နာမည်ကြီးလာမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး"
ခဏမျှ စဉ်းစားပြီးနောက် ရှန်းချန်ကောသည် အခြားနေရာများသို့ သွားရောက်ပြီး ကြွားဝါရန်...မဟုတ်ပေ၊ မစ်ရှင်များကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။
"မစ်ရှင်နဲ့ ပတ်သက်ရင်တော့... ငါတို့က 'မြူခိုးနေထိုင်သူ ဓားသမားတွေ' ဆိုတာ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ ဒါကြောင့် ဓားနဲ့ ပတ်သက်တဲ့ မစ်ရှင်တွေကိုပဲ ယူရအောင်။ ဒါပေမဲ့ အဲဒီမှာ 'ဝတ်ရုံနက်' အဖွဲ့နဲ့ ထိပ်တိုက်တွေ့နိုင်တယ်"
"ဒါပေမဲ့ ဝတ်ရုံနက်အဖွဲ့ကလည်း ဓားအတတ်မှာ ကျွမ်းကျင်ကြတာပဲ။ အကယ်၍ ငါတို့က သူတို့ကို သူတို့ကျွမ်းကျင်တဲ့ နေရာမှာပဲ ဓားနဲ့ အနိုင်ယူပြလိုက်မယ်ဆိုရင် လူတိုင်း တုန်လှုပ်သွားလိမ့်မယ်။ အထိရောက်ဆုံး နည်းလမ်းက ရန်သူကျွမ်းကျင်တဲ့ အရာနဲ့ပဲ သူ့ကို အလဲထိုးပြလိုက်တာပဲ"
မူလက သူတို့တွင် ယုံကြည်ချက် သိပ်မရှိသော်လည်း ရှေးဟောင်းစိတ်ဝိညာဉ်အာရုံကို ကျင့်ကြံပြီးနောက်တွင်မူ သူတို့၏ယုံကြည်ချက်မှာ အပြည့်အဝ ရှိနေပြီဖြစ်သည်။
ထို့ထက်မက... နတ်ဘုရားတမန်တော် ရှန်းချန်ကော ကိုယ်တိုင်လည်း ဤနေရာတွင် ရှိနေသည်မဟုတ်ပါလား။
သူတို့သည် ရှန်းချန်ကောအပေါ်တွင် အပြည့်အဝ ယုံကြည်နေကြတော့သည်။