အမှတ်(၁၀)မှ မြူခိုးနေထိုင်သူများရောက်လာခြင်း
Vol. 14 Ch. 138
နတ်ဆိုးဘုရင်သည် အလွန်ယုတ်မာထူးဆန်းသော မျက်နှာထားဖြင့် ရှိနေသည်။
သူသည် လှောင်ပြောင်သော အပြုံးဖြင့် ထိုနေရာရှိ လူအားလုံးကို အေးစက်စွာ စိုက်ကြည့်နေသည်။
ဝတ်ရုံနက် ကျွမ်းကျင်သူသုံးဦးစလုံး ကျောချမ်းသွားကြသည်။
ထိုအအေးဓာတ်မှာ အရိုးထဲထိ စိမ့်ဝင်သွားလောက်အောင် ကြောက်စရာကောင်းလှသည်။
ဒါက ဘာတွေဖြစ်နေတာလဲ
"တောက်... ဒီနတ်ဆိုးဘုရင်က အတော်လေး ဉာဏ်ကောင်းတာပဲ။ ငါတို့ကို သတိလက်လွတ်ဖြစ်သွားအောင် တမင်တကာ ဂိုဏ်းထဲဝင်ပေးလိုက်တာပဲ။ တကယ်တော့ ခုနက ဓားဖွဲ့စည်းပုံက မင်းကြောင့် ပျက်စီးသွားတာမဟုတ်ဘူး။ ငါတို့ ဓားဖွဲ့စည်းပုံထဲကို ခြေချလိုက်တာနဲ့ ပြည့်စုံလုနီးပါးဖြစ်နေတဲ့ 'မြင့်မြတ်တဲ့ဓားဖွဲ့စည်းပုံ' က ငါတို့ကို ပိတ်လှောင်လိုက်တာပဲ။ အခုတော့ ပြန်ထွက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ၊ ကူးပြောင်းခြင်းအဆင့် ထိပ်ဆုံးက နတ်ဆိုးတစ်ကောင်က ငါတို့ကို စောင့်ကြည့်နေတာလေ..."
ထိုခိုက်တွင် လူတိုင်း၏မျက်နှာများ ပျက်သွားကြသည်။
ဖော်ပြ၍မရသော ထိတ်လန့်မှုကို အားလုံး ခံစားလိုက်ရသည်။
ဤနတ်ဆိုးဘုရင်သည် အလွန်ဉာဏ်နီဉာဏ်နက် များလွန်းလှသည်။ သူသည် ရန်သူကို အားနည်းသယောင် အရင်ပြခဲ့ခြင်းပင်။
သူတို့အားလုံးကို ထောင်ချောက်ထဲ ဆွဲသွင်းလိုက်ပြီ။
ဓားဖွဲ့စည်းပုံကို အသုံးပြုခြင်းဖြင့် သူသည် အပြင်ဘက်မှ အနှောင့်အယှက်များကို ဂရုစိုက်စရာမလိုတော့ဘဲ အတွင်းရှိလူများကို တစ်ပြိုင်နက် အင်အားအပြည့်ဖြင့် တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။
"ငါတို့ ဘာလုပ်ကြမလဲ" ထျန်းရှင်းဓားဂိုဏ်းချုပ်မှာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
သူ၏နောက်မှ ဒု-ဂိုဏ်းချုပ်မှာလည်း ထပ်တူပင်။ သူ၏မျက်လုံးများ တုန်ရင်နေပြီး မျှော်လင့်ချက်မဲ့စပြုနေပြီဖြစ်သည်။
ဝတ်ရုံနက်ကျွမ်းကျင်သူသုံးဦးမှာလည်း သူတို့နှင့် အခြေအနေ တူညီနေပါသည်။
"ငါ နောက်တစ်ခါ ထပ်ကြိုးစားကြည့်မယ်"
ထိုခိုက်တွင် ယင်ဒြပ်စင်ငါးမျိုးကို တတ်မြောက်ထားသည့် ဝတ်ရုံနက်ကျွမ်းကျင်သူက အသက်ကို ပြင်းပြင်းရှူကာ ရှေ့သို့ တိတ်ဆိတ်စွာ ထွက်လာသည်။
"အဘိုးကျန်း... မင်း..."
"ငါ့ရဲ့ ဓားထိန်းချုပ်မှုအတတ်က ဒီလောက်နဲ့တင် အချည်းနှီးဖြစ်သွားမယ်လို့ ငါမယုံဘူး" သူ၏ မျက်လုံးများမှာ အေးစက်နေသည်။
ဝုန်း
ရုတ်တရက် သူ၏ဓားပေါ်တွင် အေးစက်မှောက်မှိုင်းသော မီးလျှံများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေထုပင် အရည်ပျော်တော့မတတ် ခံစားရသည်။
ဓားကိုယ်ထည်တွင် မနှိုင်းယှဉ်နိုင်သော ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားများ ပြည့်နှက်နေသည်။
သူသည် ဓားကို ခုတ်ပိုင်းလိုက်သည်။
"ကောင်းကင်ယံ ဖြိုခွဲသတ်ဖြတ်ခြင်း"
ကောင်းကင်ယံတွင် လျှပ်စီးတစ်ခု လက်သွားပြီး အလွန်ခမ်းနားသော ဓားအလင်းတန်းတစ်ခု ရှေ့သို့ ပြေးဝင်သွားသည်။
တကယ်ကို ကြောက်စရာကောင်းသော ဓားချက်ပင်။
ထိုခိုက်တွင် ထျန်းရှင်းဓားဂိုဏ်းချုပ်နှင့် ဒု-ဂိုဏ်းချုပ်တို့မှာ ထိုဓားအလင်းတန်းကို ကြည့်ရင်း အသက်ရှူချောင်သွားကြသည်။
ဤအရာက ယင်ဒြပ်စင်ငါးမျိုး ဓားထိန်းချုပ်မှုအဆင့်ပင် သူ၏ဓားလမ်းစဉ်အပေါ် ကျွမ်းကျင်မှုမှာ အလွန်မြင့်မားလှသည်။
သို့သော် ရုတ်တရက်
"ဟီး... ဟီး... ဟီး..." ချွန်ထက်အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
ဂျိန်း...
ဂျိန်း...
ဂျိန်း
လေထဲရှိ အနက်ရောင်ဓားများသည် အလွန်ရှုပ်ထွေးသော ဖွဲ့စည်းပုံတစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။
ထိုဖွဲ့စည်းပုံ လည်ပတ်လိုက်သည်နှင့် ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
အနက်ရောင်ဓားများသည် ဟာကွက်မရှိအောင် စည်းချက်ညီညီ လှုပ်ရှားနေကြပြီး ကြည့်ရသူကို အသက်ရှူကျပ်စေသည်။
ဝတ်ရုံနက်ကျွမ်းကျင်သူ၏တောက်ပသော ဓားအလင်းတန်းသည် ထိုအနက်ရောင်ဓားများကြားတွင် ခဏချင်းပင် ချေမှုန်းခံလိုက်ရသည်။
၎င်းမှာ ရူးသွပ်စွာ လည်ပတ်နေသော ကြိတ်စက်တစ်ခုထဲသို့ တိုးဝင်သွားသကဲ့သို့ပင်။
ဓားအလင်းတန်းများ ကြေမွသွားပြီး ဝတ်ရုံနက်ကျွမ်းကျင်သူ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
"ဒါ... ငါ ဒီဓားဖွဲ့စည်းပုံကို လုံးဝ ထိုးဖောက်လို့မရဘူး။ ဒီနတ်ဆိုးက ဖွဲ့စည်းပုံကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တာပဲ။ ငါ့ဓားက သံမဏိပြားကို သွားထိုးသလိုပဲ၊ ချိုးဖျက်ဖို့ လမ်းမရှိဘူး"
သူ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေတော့သည်။
သူ၏စကားကြောင့် ထိုနေရာရှိ လူအားလုံးမှာ မျှော်လင့်ချက် ကုန်ဆုံးသွားကြရသည်။ ယင်ဒြပ်စင်ငါးမျိုး ဓားသိုင်းပညာရှင်ပင် ရှုံးနိမ့်သွားပြီ မဟုတ်လော။
"ငါ... ငါ..."
ထျန်းရှင်းဓားဂိုဏ်းချုပ်မှာ မိမိတို့ နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သော ဓားဖွဲ့စည်းပုံသည် ယခုအခါ မိမိတို့ဂိုဏ်းကို ဖျက်ဆီးမည့် တရားခံဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
"အကူအညီ ထပ်တောင်းကြ..." ထိုစဉ် ဝတ်ရုံနက်ကျွမ်းကျင်သူ သုံးဦးစလုံးလည်း ထိတ်လန့်နေကြပြီဖြစ်သည်။
ထိုယုတ်မာလှသော ဓားဖွဲ့စည်းပုံသည် နောက်တစ်စက္ကန့်တွင် သူတို့ကို သတ်ဖြတ်တော့မည်ဟု ခံစားနေရသည်။
"အကူအညီတောင်းဖို့ဆိုတာ သိပ်နောက်ကျသွားပြီ... ဒါပေမဲ့ ငါတို့ မစ်ရှင်ကို 'မြူခိုးနေထိုင်သူတွေ' အဖွဲ့ကလည်း လက်ခံထားတယ်..."
"မြူခိုးနေထိုင် ဟုတ်လား ထျန်းရှင်းဓားဖွဲ့စည်းပုံက အခုတော့ အပြည့်စုံဆုံးဖြစ်နေပြီ။ ဖွဲ့စည်းပုံရဲ့ ဟာကွက်ကို ရှာမတွေ့ရင် ဒါကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး။ အနန္တအမှောင်ထုနယ်ပယ် က ကျွမ်းကျင်သူတစ်ယောက် အင်အားသုံးပြီး ဖြိုခွဲမှရမယ်၊ ဒါတောင် အောင်မြင်မယ်လို့ မသေချာဘူး..."
"မြူခိုးနေဖိုင်သူတွေဆိုတာ ကြွက်သားပဲရှိတဲ့ လူရိုင်းတွေပါ၊ သူတို့ ဘာလုပ်နိုင်မှာလဲ သူတို့ဆီက အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက် လာရင်တောင် အနည်းဆုံး အလယ်အလတ်အဆင့် ရှိမှ ဖြစ်မှာ"
မြူခိုးနေထိုင်သူများ အဖွဲ့အစည်းနှင့် ပတ်သက်လျှင် ဝတ်ရုံနက်သုံးဦးစလုံးက အထင်သေးနေကြသည်။
ဓားလမ်းစဉ်ကို အထူးပြုသည့် သူတို့ပင် မအောင်မြင်လျှင် ကြွက်သားအားကိုးသည့် ထိုသူများမှာ ပို၍ပင် မဖြစ်နိုင်ဟု သူတို့ တွေးနေကြသည်။
ထိုစဉ် ဂိုဏ်းချုပ်၏ဝိညာဉ်ကျောက်စိမ်း ပေါ်တွင် အလင်းများ တောက်ပလာပြီး စာတန်းလေးများ ပေါ်လာသည်။
"မြူခိုးနေထိုင်သူများ၏ အမှတ် (၁၀) ရောက်ရှိလာပါပြီ"
သူ၏မျက်လုံးများ ပြူးသွားသည်။
"မြူခိုးနေထိုင်သူက ကျွမ်းကျင်သူတွေ ရောက်လာပြီ"
"ဟမ်... အဲ့ဒါဆိုလည်း ဘာဖြစ်လဲ"
ဝတ်ရုံနက်သုံးဦးမှာ ဂရုမစိုက်နိုင်တော့ပေ။သူတို့သည် ဓားကို ဆွဲထုတ်ကာ နောက်ဆုံးအဆင့် တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
သူတို့သည် မြူခိုးနေထိုင်သူများအပေါ် မျှော်လင့်ချက် မထားပေ။ကြွက်သားနှင့်သာ စကားပြောတတ်သည့် လူများအပေါ် မိမိတို့ အသက်ကို ပုံအပ်ရန် မတန်ဟု သူတို့ ယူဆကြသည်။
"စရအောင်"
သူတို့ အသက်ကို ပြင်းပြင်းရှူလိုက်ကြသည်။
"အဘိုးကျန်းကို အဓိကနေရာထားမယ်၊ သူက ဓားဖွဲ့စည်းပုံရဲ့ဟာကွက်ကို ရှာဖွေပြီး ငါတို့က ကျန်တဲ့စွမ်းအားကို ဖြည့်ဆည်းပေးမယ်..."
အဘိုးကျန်း၏နဖူးတွင် ချွေးစေးများ ပျံနေသည်။
သူသည် တွန့်ဆုတ်နေသော်လည်း ယခုအခါ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် ပေါ့ဆ၍မရတော့ပေ။ "ငါ အစွမ်းကုန် ကြိုးစားပါ့မယ်"
သူသည် သူ၏ဓားထိန်းချုပ်မှုအတတ်ကို ရူးသွပ်စွာ လည်ပတ်စေလိုက်သည်။
ယင်မီးတောက်များ ဖြည်းဖြည်းချင်း ပွင့်ကားလာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သိုလှောင်ထားသည်။
အလွန်အမင်း အန္တရာယ်များသည့် ဤအချိန်တွင် သူ၏နားလည်နိုင်စွမ်းမှာ ပုံမှန်ထက် ပို၍ပွင့်လင်းလာသည်။
"ရတော့မယ်"
"ငါ ရှာတွေ့တော့မယ်"
သူသည် အနည်းငယ် ဝမ်းသာသွားသည်။
ထိုခိုက်တွင် ခမ်းနားလှသော ဓားဖွဲ့စည်းပုံကြီးမှာ တုန်ခါနေပြီး အနက်ရောင်မြူများ ဖွဲ့စည်းပုံထဲသို့ ဆက်တိုက် စီးဝင်နေသဖြင့် ပို၍ ကြောက်စရာကောင်းလာသည်။
"ယင်မီးလျှံ ပွင့်စေ" အဘိုးကျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော် ရုတ်တရက်
သူ၏ဓားထိန်းချုပ်မှုအတတ်မှာ ရုတ်ချည်း ရပ်တန့်သွားသည်။
ဘာဖြစ်တာလဲ
သူ၏နှလုံးခုန်သံမှာပင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
"ဘာဖြစ်တာလဲ အဘိုးကျန်း ဘာလို့ ရပ်လိုက်တာလဲ?"
ကျန်သည့် ဝတ်ရုံနက်နှစ်ဦးမှာ အံ့သြတကြီး မေးလိုက်ကြသည်။
အဘိုးကျန်း၏မျက်နှာမှာ ဖြူလျော်နေပြီး တစ်ဖက်သို့ စိုက်ကြည့်နေသည်။
"ငါ... ငါ တကယ်ကို ကြောက်စရာကောင်းတဲ့ ဓားသိုင်းအငွေ့အသက်ကို ခံစားလိုက်ရတယ်။ အဲဒီ အငွေ့အသက်ရဲ့ ဘေးမှာ... ငါ့ရဲ့ ဓားကျင့်စဉ်ကို... ငါ လည်ပတ်လို့ မရတော့ဘူး။ အတိအကျ ပြောရရင်... ငါ မလည်ပတ်ရဲတော့တာ..."
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထိုနေရာရှိ လူအားလုံး၏မျက်နှာများ ပြောင်းလဲသွားကြသည်။
ထိုခိုက်တွင် အဘိုးကျန်း ကြည့်နေသည့် နေရာမှာ စက္ကူတစ်ချပ်ကဲ့သို့ ရုတ်တရက် ဆွဲဖြဲခံလိုက်ရသည်။
အလင်းတန်းများ အထဲသို့ တိုးဝင်လာပြီး အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုမှာ လက်ကို နောက်ပစ်ကာ အေးအေးဆေးဆေး လျှောက်လှမ်းဝင်လာသည်။
သူသည် ဝတ်စုံဖြူကို သန့်ရှင်းစင်ကြယ်စွာ ဝတ်ဆင်ထားပြီး ခြောက်ပြစ်ကင်းစင်နေသည်။
ပြည့်စုံလုနီးပါးဖြစ်နေသည့် မြင့်မြတ်သောဓားဖွဲ့စည်းပုံကို သူသည် အလွယ်တကူ ဖြတ်တောက်ဝင်ရောက်လာခြင်း ဖြစ်သည်။
သူ အသုံးပြုလိုက်သည်မှာ လက်ချောင်းနှစ်ချောင်းသာ ဖြစ်သည်။
သူသည် လက်ချောင်းကို ဓားအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဒါက... တကယ်ပဲ ဖြစ်နိုင်လို့လား။