အမှတ်စဉ်(၁၀)
Vol. 14 Ch. 140
ပြုပြင်ပြီး၍ ပြည့်စုံသွားသော မြင့်မြတ်သော ဓာဓားဖွဲ့စည်းပုံ ကြီးသည် ဖန်ခွက်တစ်ခုကဲ့သို့ အစိတ်စိတ်အမွှာမွှာ စတင်ကြေမွလာတော့သည်။
ရှန်းချန်ကောသည် သူမြင်နိုင်သည့် ဟာကွက်အားလုံးကို နတ်ဆိုးအား အတင်းအကျပ် ပြင်ဆင်ခိုင်းခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ ထိုဓားဖွဲ့စည်းပုံကြီးသည် ရှန်းချန်ကော၏ ရှေ့မှောက်တွင် ရွှံ့ရုပ်တစ်ခုကဲ့သို့ လွယ်ကူစွာ ပျက်စီးနေရသည်။
ဒါက ဘာကြောင့်လဲ
ရှန်းချန်ကောကိုယ်တိုင်ပင် ဓားဖွဲ့စည်းပုံကြီး ဤမျှလောက် ပျော့ညံ့နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အမှန်စင်စစ် သူ၏နတ်ဘုရားနယ်ပယ်မှ ဓားထိန်းချုပ်မှုအတတ်နှင့် ဓားစိတ်ဝိညာဉ်အသိစိတ်တို့မှာ ဓားလမ်းစဉ်အတွင်းရှိ ဓားနှင့်ပတ်သက်သော အရာမှန်သမျှကို အစွမ်းကုန် ဖိနှိပ်နိုင်စွမ်း ရှိနေခြင်းကြောင့်ပင်။
ဂျိန်း...
ဂျိန်း...
ဂျိန်း...
ဓားဖွဲ့စည်းပုံကြီးမှာ ကြွေထည်တစ်ခုကဲ့သို့ အပိုင်းပိုင်းကွဲအက်သွားပြီး လေထဲရှိ အနက်ရောင်ဓားများလည်း ကြေမွကုန်သည်။
အတွင်းသို့ စီးဝင်နေသော အနက်ရောင်မြူများလည်း တဖြည်းဖြည်း ကင်းစင်သွားတော့သည်။
ရှန်းချန်ကော မတ်တပ်ရပ်နေသည့် ပုံစံမှာ ထိုနေရာရှိ ဓားသမားအားလုံးအတွက် နတ်ဘုရားတစ်ပါးကို ဖူးမြော်နေရသကဲ့သို့ပင်။
ဝတ်စုံဖြူလူငယ်၏ဓားလမ်းစဉ် မှာ တကယ်ပင် ကြောက်စရာကောင်းလွန်းလှသည်။
ဝုန်း
ဓားဖွဲ့စည်းပုံပျက်စီးသွားပြီးနောက် နတ်ဆိုးဘုရင်မှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်မှာ အလောင်းကဲ့သို့ ပုပ်ပွလာသည်။
သူ၏ကိုယ်ပေါ်တွင် အလွန်အစွမ်းထက်သော ဓားချက်များကြောင့် ဖြစ်ပေါ်လာသည့် ထူးဆန်းသော အမှတ်အသားများ ပေါ်လာသည်။
ကူးပြောင်းခြင်းအဆင့် ထိပ်ဆုံးရှိ နတ်ဆိုးတစ်ကောင်သည် ဝတ်စုံဖြူလူငယ်ရှေ့တွင် တုန်တုန်ရင်ရင်ဖြင့် ဒူးထောက်နေရခြင်းမှာ ထူးခြားသောမြင်ကွင်းတစ်ခုပင်။
ရှန်းချန်ကောက ထိုနတ်ဆိုးကို ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်သည်။
ဓားအလင်းတန်း ပွင့်ထွက်သွားပြီးနောက် နတ်ဆိုးမှာ ဘာမှမတတ်နိုင်ဘဲ သေဆုံးသွားတော့သည်။
ထိုခိုက်တွင် ထျန်းရှင်းဓားဂိုဏ်းမှ လူအားလုံးမှာ ဘေးအန္တရာယ်မှ လွတ်မြောက်သွားသဖြင့် ဝမ်းသာနေကြသော်လည်း ရှန်းချန်ကော၏အစွမ်းကြောင့် ထိတ်လန့်နေကြရဆဲဖြစ်သည်။
သူတို့သည် ထျန်းရှင်းဓားဖွဲ့စည်းပုံ မည်မျှကြောက်စရာကောင်းကြောင်း ကောင်းကောင်းသိသည်။
သို့သော် ထိုဖွဲ့စည်းပုံကြီးကို ရှန်းချန်ကောက ဟာကွက်အနည်းငယ် ပြင်ခိုင်းပြီးနောက် အလွယ်တကူ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
ဤဓားချက်... သူသည် ဓားကွက်များပင် မထုတ်ရသေးပေ။
ဓားစိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်လိုက်ရုံဖြင့် ဓားဖွဲ့စည်းပုံကြီး ပြိုလဲသွားခြင်း ဖြစ်သည်။
"မစ်ရှင်ကို မှတ်တမ်းတင်လိုက်ပါ။အမှန်(၁၀) မြူခိုးနေထိုင်သူများ လို့ ရေးလိုက်"
သူ၏အသံတွင် မကျေနပ်မှုအချို့ ပါဝင်နေသည်။
ဘေးမှလူများမှာ ကြောက်လန့်တကြားဖြင့် အလျင်အမြန် မှတ်တမ်းတင်လိုက်ကြသည်။
"အဆင့် (၁၀)..."
ဝတ်ရုံနက် ပညာရှင်သုံးဦး၏ မျက်နှာများ ပျက်သွားသည်။
ဤ "အဆင့် ၁၀" ဆိုသည်မှာ မည်သည့်အချိန်က ထွက်ပေါ်လာခြင်းနည်း။
သူတို့သည် ရှန်းချန်ကောနှင့်အတူ ပါလာသော ပညာရှင်များကို ကြည့်လိုက်သည်။
အားလုံးမှာ အနန္တအမှောင်ထုအဆင့်တွင် ရှိနေကြသော်လည်း ဓားများကို ကျောပိုးထားကြသည်။ အ
အားလုံးမှာ ဓားသမားများ ဖြစ်နေကြသည်လော။မြူခိုးနေထိုင်သူများ အဖွဲ့အစည်းတွင် ဓားသမားများကို အနှိမ်ခံရသည်ဟု သူတို့ သိထားသော်လည်း ယခုမူ ဓားသမားများဖြင့် ဖွဲ့စည်းထားသော အမှတ်စဉ် တစ်ခု ပေါ်လာလေပြီ။
ထိုအရာသာမက အားလုံးမှာ ရှေးဟောင်းစိတ်ဝိညာဉ်အာရုံ အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။
သူတို့သည် အမှတ် (၈) ကျွမ်းကျင်သူများ ဖြစ်သော်လည်း ရှေးဟောင်းစိတ်ဝိညာဉ်အာရုံကို ကျင့်ကြံခွင့် မရရှိကြသေးပေ။
"ကျွန်တော် မျိုး မေးပါရစေ... သခင်က ဘယ်သူပါလဲ..." ထျန်းရှင်းဓားဂိုဏ်းချုပ်သည် ရှန်းချန်ကော၏အနားသို့ ဂါရဝပြုလျက် ချဉ်းကပ်လာသည်။
"ငါက အမှတ် (၁၀) ရဲ့ နတ်ဘုရားတမန်တော် ပါ"
နတ်ဘုရားတမန်တော် ဒါကြောင့်မို့လည်း ဒီလောက် ကြောက်စရာကောင်းနေတာပဲ။
ရှန်းချန်ကော၏ဓားချက်မှာ သူ၏ အစွမ်းကို သက်သေပြနေပြီး ဖြစ်သည်။
နတ်ဘုရားတမန်တော်ကိုယ်တိုင် မစ်ရှင်ကို လာရောက်ဆောင်ရွက်ခြင်း ဖြစ်သည်။
"အရှင်တမန်တော်... အကယ်၍ အရှင်က လက်ခံမယ်ဆိုရင် ထျန်းရှင်းဓားဂိုဏ်းဟာ မြူခိုးနေထိုင်သူတွေရဲ့ အမှတ် (၁၀) အောက်မှာ ခိုလှုံချင်ပါတယ်။ ကျွန်တော်တို့ အရှင့်ရဲ့ အကာအကွယ်ကို ယူပြီး နှစ်စဉ် အရိုအသေပြုပစ္စည်းတွေ ဆက်သပါ့မယ်"
ဂိုဏ်းချုပ်က တိုက်ရိုက်ပင် လက်အောက်ခံရန် တောင်းဆိုလိုက်သည်။
ရှန်းချန်ကောကဲ့သို့ လူငယ်ဖြစ်သော်လည်း အစွမ်းထက်သည့် ပါရမီရှင်တစ်ဦး၏ လက်အောက်တွင် နေခြင်းက သူတို့အတွက် အခွင့်အလမ်းကြီးပင်။
ရှန်းချန်ကောက ခေါင်းညိတ်လက်ခံလိုက်ပြီး ကျန်သည့် ကိစ္စရပ်များကို သူ၏နောက်မှ ကျန်းထုံအား စီမံခိုင်းလိုက်သည်။
ထိုနေ့မှစ၍ ထျန်းရှင်းဓားဂိုဏ်းသည် အမှတ် (၁၀) ၏ လက်အောက်ခံ ဂိုဏ်းဖြစ်လာသည်။
မကြာခင်မှာပင် ကျောက်စာတိုင်တစ်ခုပေါ်တွင် စာလုံးများ ပေါ်လာတော့သည်။
"မြူခိုးနေထိုင်သူများ၏ လက်အောက်ခံဂိုဏ်း - ထျန်းရှင်းဓားဂိုဏ်း"
ဤသတင်းသည် မြူခိုးသမုဒ္ဒရာတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
ဓားသမားများကို အထင်သေးသည့် "မြူခိုးနေထိုင်သူများ" အဖွဲ့ထဲတွင် ဓားသမားများနှင့် ဖွဲ့စည်းထားသော အမှတ်စဉ်တစ်ခု ပေါ်လာခြင်းမှာ အံ့သြစရာပင်။
"ကြားတာတော့ အမှတ် (၁၀) ဆိုတာ အသစ်ဖွဲ့စည်းလိုက်တာတဲ့၊ အားလုံးက ဓားသမားတွေချည်းပဲ" ဟု အတွင်းသတင်း သိသူတစ်ဦးက ပြောလိုက်သည်။
"မင်း နောက်နေတာလား"
"နောက်နေတာ မဟုတ်ဘူး။ အဲဒီ အမှတ် (၁၀) ရဲ့ နတ်ဘုရားတမန်တော်က ဘယ်သူလဲ သိလား၊ သူက ဒီတစ်ကြိမ် အနက်ရောင်နတ်ဘုရားကျောက်တိုင်ရဲ့ တစ်ဦးတည်းသော အနိုင်ရရှိသူပဲ"
"သမိုင်းတစ်လျှောက် နံပါတ် (၁) ဓားအလင်းတန်း ပိုင်ရှင်"
"ဒီမျိုးဆက်ရဲ့ အနက်ရောင်ဘုရင်"
"အနက်ရောင်ဘုရင်"
ထိုနေရာရှိ လူအားလုံး အသက်ရှူမှားသွားကြသည်။
သမိုင်းဝင် စံချိန်များကို ချိုးဖျက်ခဲ့သည့် အနက်ရောင်ဘုရင် ရှန်းချန်ကော။
ဤအမှတ် (၁၀) သည် အနာဂတ်တွင် အလွန်ကြောက်စရာကောင်းသော အဖွဲ့အစည်းတစ်ခု ဖြစ်လာတော့မည်မှာ သေချာလှသည်။
ထိုအချိန်တွင် ရှန်းချန်ကော မသိသေးသည်မှာ ဝတ်ရုံနက်အဖွဲ့အစည်းမှ ရွှေဝတ်ရုံနှင့် ငွေဝတ်ရုံ တမန်တော်များမှာ "မြူခိုးနေထိုင်သူများ" အဖွဲ့ဆီသို့ အလောတကြီး ရောက်ရှိလာနေကြခြင်းပင်။
တစ်ခုခု ကြီးကြီးမားမား ဖြစ်တော့မည့်ပုံ ရှိနေသည်။