← Chapters

အခန်း (၁၆၃၉)

Vol. 118 Ch. 1639

အခန်း (၁၆၃၉)

Vol. 118 Ch. 1639

ဓား… ။

ရွှေရောင်မီးတောက်ဂိတ်တံခါး၏ အရှေ့၌ ဟန်မူယဲ့၏ လက်ထဲမှာ မူလဝိညာဉ်ဓားက ထွက်ပေါ်လာသည်။

ထိုဓား ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ မီးတောက်များက ငြိမ်းသတ်သွားကြသည်။

ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်ပြီး ဓားအလင်းသန်းပေါင်းများစွာကို ဆွဲဆောင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ မရေမတွက်နိုင်သော ဓားအလင်းများက သူ့အရှေ့မှ ပုံရိပ်ကို လွှမ်းခြုံသွားကြသည်။ ထိုပုံရိပ်က မည်သို့ရုန်းကန်ပါစေ ဓားအလင်းများ၏ ဖိနှိပ်မှုကို မချိုးဖြတ်နိုင်ပေ။

“ မဖြစ်နိုင်တာ… ဘာလို့ ဒီလူရဲ့ ဓားနည်းစနစ်က အဲ့လောက် ခမ်းနားထည်ဝါပြီး မြန်ဆန်နေရတာလဲ ”

“ မဟုတ်ဘူး… ဒီဓားနည်းစနစ်က မှားနေတယ်… အဲ့ဒါကို ငါမချိုးဖြတ်နိုင်ဘူးဆိုတာ မယုံဘူး ”

“ မင်း… မင်းက ဘယ်သူလဲ… ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက ယုရှောက်တန်တောင် ငါ့ကို ဓားတစ်ချက်နဲ့ အနိုင်မယူနိုင်ဘူး… မင်းက တကယ်ပဲ ဘယ်သူလဲ… ”

ဟန်မူယဲ့၏ အရှေ့၌ ဓားကိုင်ထားသော ပုံရိပ်သည် သူ့ထံမှ ဓားတစ်ချက်ကိုပင် မတောင့်ခံနိုင်ပေ။ သူက မည်သို့ကြိုးစားပါစေ ဓားအလင်း၏ ဖိနှိပ်မှုကို မချိုးဖြတ်နိုင်ပေ။

ဓားကိုင်ထားသော ပုံရိပ်က အစတွင် မောက်မာထောင်လွှားခဲ့သည်။ ထို့နောက် သူက မထူးမခြားနား အမူအရာကို ထုတ်ဖော်လိုက်ပြီး တဖြည်းဖြည်း လေးနက်သွားသည်။ နောက်ဆုံးမှာတော့ သူက နောက်ထပ် မချုပ်တည်းနိုင်ဘဲ ရူးသွပ်သွားသည်။

“ ထန် ”

“ ထန် ”

ဓားအလင်းဖြင့် ထိတွေ့သွားသည့်အခါတိုင်း ဓားကိုင်ထားသော ပုံရိပ်က အနောက်ဆုတ်သွားရန် ဖိအားပေးခံလိုက်ရသည်။

ဓားအလင်းတစ်ရာဖြင့် ရင်ဆိုင်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ဂိတ်တံခါးပေါ်မှာ ဖိကပ်သွားသည်။

“ ငါရှုံးတယ်… ငါအရှုံးဝန်ခံတယ် ”

ပုံရိပ်က အံကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။ ထို့နောက် သူက ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။

သူ၏ ပုံရိပ်က အသင်္ချေဓားအလင်းအောက်မှာ အက်ကွဲသွားသည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုပုံရိပ်ထံမှ အပိုင်းအစများက အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲသွားသည်။

အစက်အပြောက်တစ်ခုစီက မြင်ကွင်းတစ်ခု ဖြစ်သည်။

ထိုမြင်ကွင်းများထဲတွင် ရွှေကျီးကန်းအဖွဲ့ဝင်တစ်ယောက်က ဓားတစ်လက်နှင့်အတူ ခရီးထွက်နေသည်။

ထိုမြင်ကွင်းများထဲတွင် ရွှေကျီးကန်းအဖွဲ့ဝင်တစ်ယောက်က ဒေသကြီးတစ်ခုကို ဖြတ်ကျော်ပြီးနောက် အာဏာရှင်အဆင့်သို့ တတ်လှမ်းသွားသည်။

ထိုမြင်ကွင်းများထဲတွင် ရွှေကျီးကန်းအဖွဲ့ဝင်တစ်ယောက်က သူ့ကိုယ်ပိုင်မီးစွမ်းအားကို အသုံးပြု၍ လောကတစ်ခု ဖန်တီးလိုက်သည်။ နောက်ပိုင်းမှာ ထိုလောကက တဖြည်းဖြည်း ကြီးမားလာပြီး ဘုံတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

ထိုမြင်ကွင်းများထဲတွင် မီးတောက်လောကက သက်ရှိများကို မွေးဖွားပေးခဲ့သည်။ ထို့နောက် မီးတောက်လောကက မဟာမူလဘုံအတွင်းမှ မိုးမြေအစိတ်အပိုင်းများကို ဝါးမျိုလိုက်သည်။ ယင်းက ဘုံ၏ အခြေခံအုတ်မြစ်နှင့် တဖြည်းဖြည်း ပေါင်းစည်းသွားသည်။

ယင်းက မဟာမူလဘုံမှ မီးတောက်သားရဲများ၏ ဇစ်မြစ်ဖြစ်သည်။

အာဏာရှင်အဆင့် ကျွမ်းကျင်ပညာရှင်များသည် ဘုံ၏ မူလစွမ်းအားကို ထိုနည်းဖြင့် ထိန်းချုပ်နိုင်ကြသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် မီးနတ်ဘုရားရုံးတော်ကို တည်ဆောက်ခဲ့သည်။

အာဏာရှင်အဆင့် ထိုရွှေကျီးကန်းအဖွဲ့သားကို ကျင်းဟုန်ဟု ခေါ်သည်။

ကျင်းဟုန်သည် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်ရန် မီးနတ်ဘုရားရုံးတော်၏ စွမ်းအားကို ငှားယူအသုံးပြုခဲ့သည်။

သူက မဟာမူလဘုံထဲမှ အင်အားစုအများအပြားကိုလည်း ထိန်းချုပ်ခဲ့သည်။ ထို့ပြင် သူက မီးတောက်မျိုးနွယ်ကို အင်အားကြီးမားသော တခြားမျိုးနွယ်စုတစ်စုဖြင့် တိုက်ခိုက်ရန် ဦးဆောင်ခဲ့သည်။

“ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်… မဟာပန်သွန်ဘုံရဲ့ အမြစ်ဖြတ်ဖျက်ဆီးခံလိုက်ရတဲ့ ဟင်းလင်းပြင်ဝိညာဉ်ဘုံက အကြွင်းအကျန်တွေက ဒီနေရာမှာ ရှိနေတာပဲ ”

ဖိနှိပ်ခံထားရသော ဝိညာဉ်ပုံရိပ်များကို ဟန်မူယဲ့မြင်သွားသောအခါ အနည်းငယ် သူအံ့ဩသွားသည်။

သူက အတိတ်မှာ သံသယဝင်ခဲ့သည်။ မည်သို့သော မျိုးနွယ်စုက နတ်ဆိုးမီးတောက်ဖြင့် နှိမ်နင်းရန် လိုအပ်ရသနည်း။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှာ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပညာရှင်များ ရှိကြသည်။ အတိတ်မှာ ၎င်းတို့၏ ဟင်းဟင်းပြင်ဝိညာဉ်ဘုံက မဟာပန်သွန်ဘုံကြောင့် ဖျက်ဆီးမခံခဲ့ရလျှင် ၎င်းတို့၏ အစွမ်းထက်ပညာရှင်များက မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများကြောင့် အသတ်မခံခဲ့ရလျှင် မဟာမူလဘုံ၏ မီးတောက်မျိုးနွယ်က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်အကြောင်းကို ဓားပျိုးထောင်ခြင်းတဲအိမ်မှ ရှေးဟောင်းဓားတစ်လက်၏ မှတ်ဉာဏ်များထဲမှ သိရှိခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ကျန်းကောင်းကင်ဘုံဓားဂိုဏ်းသည် ဟင်းလင်းပြင်ဝိညာဉ်ဘုံကို ဖျက်ဆီးခဲ့သော စစ်ပွဲမှာ ပါဝင်ခဲ့သည်။

ဟန်မူယဲ့၏ မျက်စိအရှေ့မှ အလင်းနှင့် အမှောင်က ယှက်ထွေသွားသည့်အခါ ဓားကိုင်ထားသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ သူက ဓားတစ်လက်နှင့်အတူ မိုင်သန်းပေါင်းများစွာအဝေးသို့ ခရီးထွက်သွားသည်။

ဓားအလင်းက စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားပြီး မိုးမြေမူလစွမ်းအားက ဓားသွားပေါ်မှာ စုစည်းသွားသည်။ ထိုဓားနည်းစနစ်က ဟန်မူယဲ့ကိုပင် နှလုံးတုန်သွားစေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ဓားစွမ်းအားကို ထိုမျှအတိုင်းအတာအထိ သိပ်သည်းနိုင်သော ဓားပညာရှင်တစ်ယောက်ကို နောက်ဆုံးမှာ သူမြင်တွေ့သွားသည်။

ထိုပုံရိပ်က ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ယုရှောက်တန် ဖြစ်သည်။

ယုရှောက်တန်သည် ဓားစွမ်းအားကို အသုံးပြု၍ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ တတ်လှမ်းခဲ့သော အစွမ်းထက် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက နတ်ဘုရားအဆင့်သို့ တတ်လှမ်းနိုင်မည့် အခွင့်အရေးအား ရှာဖွေရန် မဟာပန်သွန်ဘုံ၏ အပြင်ဘက်သို့ ခရီးထွက်သွားခဲ့သည်။

ယုရှောက်တန်က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ရွှေကျီးကန်းကို ဓားကွက်တစ်ရာအတွင်း အနိုင်ယူခဲ့ကြောင်း ဟန်မူယဲ့ မြင်သွားသည်။

“ ဓားတာအိုက အချုပ်အနှောင်တွေကို ဖြတ်တောက်နိုင်တယ်… ဒါတောင် နတ်ဘုရားအဆင့်ကို ငါမတတ်လှမ်းနိုင်သေးဘူး… ငါဘယ်နေရာမှာ မှားနေတာလဲ ”

ဓားကိုင်ထားသော ယုရှောက်တန်က မကြည်မသာသော မျက်နှာဖြင့် ထွက်သွားသည်။

“ ကျင်းဟုန်… တကယ်လို့ အနာဂတ်မှာ ငါ့ထက် ဓားတာအို ပိုထူးချွန်တဲ့ တစ်စုံတစ်ယောက်နဲ့တွေ့ရင် သူ့ကို ငါ့ရဲ့ ကျန်းကောင်းကင်ဘုံတံဆိပ် လွှဲပြောင်းပေးလိုက်ပါ ”

“ ဒီနေ့ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကနေ ငါထွက်သွားရမယ်… အဲ့ဒီအတွက် ဂိုဏ်းအပေါ် ငါစိတ်မကောင်းဖြစ်မိတယ် ”

“ ပြီးတော့ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ရဲ့ အနောက်မှာ နတ်ဘုရားအဆင့် ပညာရှင်တွေရှိတယ်… နတ်ဘုရားအဆင့်ကို မင်းမရောက်သေးရင် သူတို့တွေနဲ့ ထိပ်တိုက် မရင်ဆိုင်ပါနဲ့ ”

ယင်းက ယုရှောက်တန် ထွက်မသွားခင် ပြောခဲ့သော စကားများ ဖြစ်သည်။

ယုရှောက်တန် ထွက်သွားပြီးနောက် မဟာမူလဘုံ၏ မီးတောက်စွမ်းအားကို ထိန်းချုပ်ထားသော ကျင်းဟုန်သည် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်စုနှင့် မတိုက်ခိုက်ရန် မှာကြားခဲ့သော ယုရှောက်တန်၏ စကားကို နားမထောင်ခဲ့ပေ။

သူက နေရာဒေသအသီးသီးမှ မျိုးနွယ်စုအသီးသီးကို ချိပ်ပိတ်ခဲ့သည်။

တစ်ချိန်တည်းမှာ သူက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်စု၏ လျှို့ဝှက်ချက်များကို ရှာတွေ့သွားခဲ့သည်။

အာဏာရှင်အဆင့်သို့ ဝင်ရောက်တော့မည့် ကျင့်ကြံသူများနှင့် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ တတ်လှမ်းတော့မည့် ကျင့်ကြံသူများသည် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်စု၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ကျင့်ကြံခြင်းအရင်းအမြစ်များအဖြစ် အသုံးပြုနိုင်ကြသည်။

ဟင်းလင်းပြင်ဝိညာဉ်၏ စွမ်းအားကို ဝါးမျိုခြင်းဖြင့် တစ်စုံတစ်ယောက်သည် သူ့ကိုယ်ပိုင် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မည်။ စွမ်းအားအလုံအလောက် စုဆောင်းမိသည့်အခါ သူက နတ်ဘုရားအဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည်။

ထိုလျှို့ဝှက်ချက်ကို ကျင်းဟုန် ရှာတွေ့သွားသည့်အခါ အလွန်စိတ်လှုပ်ရှားသွားသည်။ ထိုလျှို့ဝှက်ချက်ကို ယုရှောက်တန် ရှာမတွေ့သွားသည့်အတွက် သူစိတ်မကောင်းဖြစ်ခဲ့သည်။ သို့မဟုတ်လျှင် ယုရှောက်တန်က သေချာပေါက် နတ်ဘုရားအဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို ချိပ်ပိတ်ပြီးနောက် ကျင်းဟုန်၏ ကျင့်ကြံခြင်းစွမ်းအားက မြန်ဆန်စွာ တိုးတတ်သွားသည်။

နှစ်တစ်သောင်းကြာပြီးနောက် သူက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး နတ်ဘုရားအဆင့်၏ ကပ်ဘေးဒုက္ခဖြင့် ရင်ဆိုင်လိုက်ရသည်။ ထိုကပ်ဘေးဒုက္ခကို သူကျော်ဖြတ်နိုင်မည်ဆိုလျှင် သူက မဟာမူလဘုံ၏ ပထမဆုံးသော နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မည်။

အကယ်၍ ကျင်းဟုန်က မဟာမူလဘုံထဲမှာ နတ်ဘုရားအဆင့်သို့ တတ်လှမ်းသွားနိုင်မည်ဆိုလျှင် သူက ဤဘုံ၏ စစ်မှန်သော အရှင်သခင်တစ်ပါး ဖြစ်လာလိမ့်မည်။ ဘုံတစ်ခုလုံး၏ စွမ်းအားကို ထိန်းချုပ်နိုင်သွားမည်ဆိုလျှင် ကျင်းဟုန်က မဟာမူလဘုံထဲမှာ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်။

“ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က ဘာအစီအစဉ်မှမရှိဘဲ ဘာလို့ သူ့ကို အဲ့လောက်အများကြီး ကူညီပေးခဲ့မှာလဲ ”

ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။

ဤလောကတွင် အလကားရနိုင်သောအရာဟူ၍ မရှိပေ။ အရာအားလုံးတွင် အပေးအယူရှိသည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အစေတေးခံ၍ နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်ကို ဖန်တီးချင်နေကြောင်း ထင်ရှားပေသည်။

ရွှေရောင်ထွန်းလင်းတောက်ပသော မြင်ကွင်းတစ်ခုတွင် ကျင်းဟုန်က ကောင်းကင်ဘုံမီးတောက်များကြားထဲမှ ထွက်လျှောက်လာသည်။ သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းက ဖိနှိပ်ထားသည်။

နတ်ဘုရားအဆင့်သို့ တတ်လှမ်းနိုင်တော့မည့် အစွမ်းထက်ပညာရှင်တစ်ယောက်က ဖိနှိပ်ခံထားရသည်။

သူ့ကို ဖိနှိပ်ထားသည်မှာ ပုံရိပ်ယောင်မျက်နှာတစ်ခု ဖြစ်သည်။

“ ငါ့စွမ်းအား… အမိန့်နာခံမှာလား ”

အသံတစ်သံက ပုံရိပ်ယောင်မျက်နှာထံမှ ထွက်ပေါ်လာသည်။

မျက်နှာက ပါးစပ်ဟလိုက်ပြီး ကျင်းဟုန်၏ ခန္ဓာကိုယ်ကို ဝါးမျိုရန် ကြိုးစားလိုက်သည်။

ကျင်းဟုန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သို့သော်လည်း သူက မလှုပ်ရှားနိုင်ပေ။

အတိတ်မှာ သူသန့်စင်ထားခဲ့သော ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားက သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားသည်။ ထို့ပြင် ထိုဟင်းလင်းပြင်ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ မီးတောက်များကို စတင်ဝါးမျိုနေသည်။

ပုံရိပ်ယောင်မျက်နှာက ကျင်းဟုန်ကို ဝါးမျိုပြီး သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြံစည်နေသည်။ ၎င်းက ကျင်းဟုန်ကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲချင်နေသည်။

“ ငါသေသွားမယ်ဆိုရင်တောင် မင်းရဲ့ ထိန်းချုပ်တာကို မခံဘူး ”

ကျင်းဟုန်က အော်ပြောလိုက်လေရာ မီးတောက်များက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

သူ၏ လက်ထဲတွင် ရွှေရောင်တုံကင်တစ်ခု ထွက်ပေါ်လာပြီး အကာအကွယ်အလွှာအဖြစ် ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အကာအကွယ်အလွှာက မိုးမြေကို ဖုံးလွှမ်းသွားသည်။

“ မဟာပန်သွန်ဘုံရဲ့ အင်မော်တယ်မင်းဆက် ”

ပုံရိပ်ယောင်မျက်နှာက ရွှေရောင်တုံကင်ကို မြင်သွားသောအခါ ဒေါသထွက်သွားသည်။ ကြောက်လန့်မှုနှင့် မကျေမချမ်းအရိပ်အယောင်က ၎င်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး အနက်ရောင်မြူခိုးထုကို မှုတ်ထုတ်လိုက်သည်။ မြူခိုးထုက ရွှေရောင်တုံကင်နှင့် ကျင်းဟုန်ကို ဖုံးလွှမ်းသွားသည်။

ကျင်းဟုန်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို ဆင့်ခေါ်လိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်ကို မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲလိုက်သည်။

အဆုံးမဲ့သော နတ်ဆိုးမီးတောက်များကြားတွင် ရှည်လျားသော ယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာသည်။

ကျင်းဟုန်၏ ခန္ဓာကိုယ်က ဓားတစ်လက်အသွင်သို့ ပြောင်းလဲသွားပြီး ယဇ်ပလ္လင်ပေါ်မှာ စိုက်ဝင်သွားသည်။

“ ဟွန့်… မဟာပန်သွန်ဘုံရဲ့ တုံကင်တစ်ခုလေးပဲကို… ငါမကြောက်ပါဘူး ”

ပုံရိပ်ယောင်မျက်နှာက ပြောသည်။

“ မင်းရဲ့ စွမ်းအား ကုန်ခမ်းသွားတဲ့အခါ အဲ့ဒီတုန်ကင်ကို ငါယူပြီး မဟာပန်သွန်ဘုံဆီ ကိုယ်ပွားတစ်ခု စေလွှတ်လိုက်မယ် ”

ပုံရိပ်ယောင်မျက်နှာက စကားဆုံးသွားသည်နှင့် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

ထိုမျက်နှာပျောက်ကွယ်သွားသည့်အခါ ကျင်းဟုန်၏ မှတ်ဉာဏ်ပုံရိပ်များသည်လည်း ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့၏ အရှေ့တွင် ရွှေရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုသူက ခမ်းနားထည်ဝါသော ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်သရဖူကို ဆောင်းထားသည်။ နီညိုရောင်အလင်းက သူ၏ မျက်လုံးထဲမှ ထွက်ပေါ်နေသည်။

ထိုသူက ကျင်းဟုန်ဖြစ်ပြီး မဟာမူလဘုံ၏ မီးတောက်စွမ်းအားကို ထိန်းချုပ်ထားသော နတ်ဘုရားအဆင့် ပညာရှင်ဖြစ်သည်။

“ မင်းမြင်ခဲ့သလိုပဲ ငါ့ရဲ့ အခြေအနေက ဆိုးဝါးတယ် ”

ကျင်းဟုန်က ပြောသည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ မင်း အဲ့ဒီလူရဲ့ တုံကင်ကို လိုချင်လား ”

“ သူပြောတာက ဒီတုံကင်နဲ့ဆိုရင် တစ်ယောက်ယောက်က ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်လာနိုင်တယ်… ပြီးတော့ သူတို့ရဲ့ ကောင်းကင်ဘုံအစောင့်တပ်ကိုတောင် ထိန်းချုပ်နိုင်လိမ့်မယ် ”

“ ကောင်းကင်ဘုံအစောင့်တပ်က အရမ်းသန်မာတယ် မဟုတ်လား ”

ကျင်းဟုန်က သူ့အနောက်မှ ရွှေရောင်ဂိတ်တံခါးကို ညွှန်ပြလိုက်သည်။

“ ယဇ်ပလ္လင်ကို ဖြတ်ကျော်ပြီး အဲ့ဒီဟင်းလင်းပြင်ဝိညာဉ်တွေကို သတ်ဖြတ်ပါ… ဒါဆိုရင် တုံကင်ကို မင်းရလိမ့်မယ် ”

All Chapters