← Chapters

အခန်း (၁၆၄၀)

Vol. 118 Ch. 1640

အခန်း (၁၆၄၀)

Vol. 118 Ch. 1640

ရွှေရောင်ဂိတ်တံခါးကို ဖြတ်ကျော်နိုင်လျှင် ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်နိုင်မည့် တုံကင်ကို ပိုင်ဆိုင်နိုင်လိမ့်မည်။

ထိုတုံကင်သည် အတိတ်၌ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကို ထိန်းချုပ်ခဲ့သော အမွေအနှစ်ပစ္စည်းတစ်ခု ဖြစ်သည်။

ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက အတိတ်မှာ ဖျက်ဆီးခံလိုက်ရပြီး ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲမှ ဂိုဏ်းအများစုက ဆက်လက် မတည်ရှိကြတော့သော်လည်း ၎င်း၏ အမွေအနှစ်က ဆက်လက် ကျန်ရှိနေဆဲပင်။

ဤတုံကင် ကိုယ်စားပြုသော စွမ်းအားသည် မယုံကြည်နိုင်စရာကောင်းလှ၏။

“ ဒီတော့ ဂိတ်တံခါးထဲက တည်ရှိမှုက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မဟုတ်လား ”

ဟန်မူယဲ့၏ အမူအရာက တည်ငြိမ်သည်။ သူစကားပြောလိုက်သည့်အခါ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တကယ်လို့ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ် အမြစ်ဖြတ်သုတ်သင်ခံရမယ်ဆိုရင် ခင်ဗျားက အချုပ်အနှောင်ကနေ လွတ်မြောက်သွားလိမ့်မယ်မလား ”

ဟန်မူယဲ့က ကျင်းဟုန်ကို ကြည့်လိုက်ပြီး မထူးမခြားနား‌ ပြောသည်။

“ တကယ်လို့ ခင်ဗျားက နတ်ဘုရားအဆင့်ဆီ မတတ်ရောက်နိုင်တော့ဘူးဆိုရင်တောင် အနည်းဆုံး ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”

ဟန်မူယဲ့အား ဂိတ်တံခါးဖြတ်ကျော်ရန် သွေးဆောင်နေသော ကျင်းဟုန်ဆီမှာ ကောင်းမွန်သော ရည်ရွယ်ချက်မရှိပေ။

ဖြစ်နိုင်သည်မှာ သူက ဟန်မူယဲ့ထံမှ စွမ်းအားကို ချေးငှား၍ သူ့ကိုယ်ပိုင်ပြဿနာကို ဖြေရှင်းချင်နေသည်။

ဟန်မူယဲ့က သူ၏ အတွင်းစိတ်ကို ထွင်းဖောက်မြင်နိုင်ကြောင်း သိသွားသောအခါ ကျင်းဟုန်က ရယ်လိုက်သည်။

“ တကယ်လို့ မင်းဆန္ဒမရှိဘူးဆိုရင်လည်း ထားလိုက်ပါ… ဒါပေမဲ့ တုံကင်က ချိပ်ပိတ်နယ်မြေထဲမှာ တကယ်ရှိတယ် ”

ထိုသို့ပြောပြီးနောက် ကျင်းဟုန်၏ ပုံရိပ်က ဝေဝါးသွားသည်။ ဤသည်မှာ သူ၏ ဝိညာဉ်စွမ်းအားက ကုန်ခမ်းသွားတော့မည့်အလားပင်။ သူ၏ ပုံရိပ်က လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ လှုပ်ယမ်းနေသည်။ ထို့အတူ သူ့အနောက်မှ ရွှေရောင်ဂိတ်တံခါးသည်လည်း ဖြည်းညင်းစွာ မှေးမှိန်သွားနေသည်။

ဟန်မူယဲ့၏ အသိစိတ်ထဲမှ မြင်ကွင်းများက ပျောက်ကွယ်သွားသည်။

သူက ရွှေရောင်ဓားရှည်၏ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ ရွှေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ယဇ်ပလ္လင်အောက်တွင် မီးတောက်မျိုးနွယ်မှ သက်ရှိအားလုံးက ဝပ်တွားလိုက်ကြပြီး အော်ပြောလိုက်ကြသည်။

“ ဝီး ”

ဟန်မူယဲ့၏ ရောက်ရှိလာမှုကို အာရုံခံမိသွားသောအခါ ယဇ်ပလ္လင်တစ်ခုလုံးက စတင်တုန်ယင်သွားသည်။ ရွှေရောင်မီးတောက်များက ယဇ်ပလ္လင်ပေါ်တွင် စီးဆင်းသွားပြီး ပွက်ပွက်ဆူလာသည်။

ဤသည်မှာ မီးတောက်များက ယဇ်ပလ္လင်အောက်မှ စွမ်းအားကို ဆက်လက် မဖိနှိပ်နိုင်တော့သည့်အလားပင်။

“ ယဇ်ပလ္လင်က ပျက်စီးတော့မယ် ”

“ ဖိနှိပ်ခံထားရတဲ့ မိစ္ဆာက ယဇ်ပလ္လင်ကို ဖျက်ဆီးပြီး အပြင်ထွက်လာတော့မယ် ”

ယဇ်ပလ္လင်၏ အပြင်မှာ ဒူးထောက်နေကြသော မီးတောက်မျိုးနွယ်မှ သက်ရှိများက အလန့်တကြား အော်ပြောလိုက်ကြသည်။

ဟန်မူယဲ့က သူ့အရှေ့မှ မူလဝိညာဉ်ဓားကို ဆုပ်ကိုင်လိုက်ပြီး သူ၏ သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အဆုံးမဲ့သော မီးတောက်မီးလျှံများက မိုးမြေတစ်လျှောက် ပျံ့နှံ့သွားသည်။

“ ဗုန်း ”

ဓားက အပြင်သို့ တစ်ချက်တည်း ဆွဲထုတ်ခံလိုက်ရသည်။

ယခု သူ၏ ဘက်လက်ထဲတွင် တခြားမူလဝိညာဉ်ဓားတစ်လက် ရှိသွားသည်။

ရွှေရောင်မီးတောက်များက မူလဝိညာဉ်ဓားနှစ်လက်ကို ရစ်ပတ်သွားသည်။ နောက်အခိုက်အတန့်မှာ ဓားနှစ်လက်ပေါ်မှ မီးတောက်များက ရွှေကျီးကန်းနှစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားကြပြီး ကျယ်လောင်စွာ အော်မြည်လိုက်ကြသည်။

ယဇ်ပလ္လင်ပေါ်မှ ဓားက ဆွဲထုတ်ခံလိုက်ရသည့်အခါ တိမ်မြူအလင်းလွှာများက ယဇ်ပလ္လင်ပေါ်မှာ စတင်လွင့်မျောသွားသည်။ ထို့နောက် ဟင်းလင်းပြင်က အနက်ရောင်အက်ကွဲကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ ဝူးဝါး ”

“ ဝူးဝါး ”

အက်ကွဲကြောင်း၏ အခြားတစ်ဖက်တွင် ကလေးငိုသံကဲ့သို့ ထူးထူးဆန်းဆန်း အသံများ ထွက်ပေါ်လာသည်။

ဧရာမပုံရိပ်တစ်ခုက အက်ကွဲကြောင်းထဲမှ ထွက်လာသည်။ ၎င်းက ပျော့ပျောင်းဟန်ရပြီး မာကျောသည်။ ဤသည်မှာ ၎င်းကို ရွှံ့ဖြင့် ဖွဲ့စည်းထားသည့်အလားပင်။ ၎င်းက အက်ကွဲကြောင်းကို ဖြတ်ကျော်သွားပြီး လေထဲမှာ ထွက်ပေါ်လာသည်။

၎င်းက ပုံသဏ္ဍာန်မဲ့သော၊ မျက်နှာမရှိသော၊ ဒြပ်ထည်မရှိသော ထူးထူးဆန်းဆန်း ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

“ ဝူးဝါး ”

“ ဟီး ဟီး ”

“ သေ… သေ… ”

ထူးဆန်းသော ပုံရိပ်က ဝိညာဉ်လှုပ်ခတ်သွားစေမည့် ကျောချမ်းဖွယ် အက်ရှရှအသံကို ထုတ်လွှတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ၎င်းက လေထဲမှာ ပုံပျက်တွန့်လိမ်သွားပြီး အစိမ်းရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ထိုကျင့်ကြံသူက ဟန်မူယဲ့နှင့် လုံးဝခွဲခြားမရအောင် ဆင်တူသည်။

“ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ် ”

ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ဓားနှစ်လက်ပေါ်မှ မီးတောက်များက မြန်ဆန်စွာ စီးဆင်းသွားကြပြီး မီးတောက်အင်းကွက်များကို ဖွဲ့စည်းလိုက်ကြသည်။

“ ငါ့ရဲ့ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်အကြောင်း မင်းသိတယ်ပေါ့… ဒါဆိုရင် မင်းက… ”

အစိမ်းရောင်ဝတ်စုံဝတ် ဟန်မူယဲ့ပုံရိပ်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။ သူ၏ အပြာရောင်မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။

“ မဟာပန်သွန်ဘုံက ကျင့်ကြံသူပဲ ”

ပုံရိပ်ယောင်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

ထိုစွမ်းအားက အာဏာရှင်အဆင့်ထက် ကျော်လွန်နေလေရာ ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားသည်။ ဤသည်မှာ အရာအားလုံးက ဗလာနတ္ထိကုန်းမြေထဲသို့ ကျရောက်သွားတော့မည့်အလားပင်။

ထိုပုံရိပ်ယောင်စွမ်းအား၏ တည်ရှိမှုကြောင့် မူလစွမ်းအားသည်ပင် မသိပ်သည်းနိုင်တော့ပေ။

“ ဒီစွမ်းအားက အရမ်းသန်မာတယ် ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ငါ့ကိုယ်ထဲက မီးတောက်သွေးမျိုးဆက်က ပြောနေတယ်… အပေါ်ကို ငါမော့ကြည့်ရင် သေသွားလိမ့်မယ်တဲ့ ”

ယဇ်ပလ္လင်အောက်မှာ ဝမ်းလျားမှောက်နေကြသော မီးတောက်သက်ရှိများက အံ့ဩထိတ်လန့်စွာ ရေရွတ်လိုက်ကြသည်။

ဟင်းလင်းပြင်ဝိညာဉ်စွမ်းအား… ။

ယင်းက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်၏ စွမ်းအား ဖြစ်သည်။

ထိုစွမ်းအားက အာဏာရှင်အဆင့်ထက် အများကြီး ပိုအားကောင်းသည်။

ထိုသို့စွမ်းအားအောက်မှာ သေခြင်းရှင်ခြင်းအဆင့်အောက်မှ ကျင့်ကြံသူများက အကြည့်တစ်ချက်ဖြင့် ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။

“ ငါ့ကို အညံ့ခံပါ… ငါမင်းကို အကန့်အသတ်မဲ့တဲ့ ဂုဏ်ကျက်သရေ ပေးမယ် ”

“ မင်းမြင်တယ်မလား… အဲ့ဒါက အာဏာရှင်အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအား ”

အစိမ်းရောင်ဝတ်စုံဝတ် ဟန်မူယဲ့ပုံရိပ်က ပြောသည်။ ထို့နောက် အစိမ်းရောင်ဓားတစ်လက်က သူ၏ လက်ဖဝါးပေါ်မှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ သူ့အရှေ့မှ မိုးမြေက နှစ်ခြမ်းကွဲထွက်သွားသည်။ မိုးမြေက နောက်တစ်ခါ ပြန်မပေါင်းစည်းနိုင်တော့ပေ။

ဓားတစ်ချက်ဖြင့် မိုးမြေကို ပိုင်းဖြတ်ခြင်း… ။

ထိုသို့စွမ်းအားသာလျှင် အာဏာရှင်အဆင့်ကို ကျော်လွန်နိုင်ပေသည်။

“ သွားပြီ ”

ထိုဓားချက်ကို မြင်သွားသောအခါ နတ်ဆိုးမီးတောက်ပင်လယ်ထဲမှ ပုံရိပ်များက ကြောက်လန့်တကြား ရေရွတ်လိုက်ကြသည်။

ဤမဟာမူလဘုံတွင် မည်သူက ထိုဓားချက်ကို တားဆီးနိုင်မည်နည်း။

“ ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားလား ”

ဟန်မူယဲ့က ပြန်မပေါင်းစည်းနိုင်တော့သော ဓားအက်ကွဲကြောင်းကို ကြည့်လိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်သည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှ အလင်းရောင်က ပိုပြီးထွန်းလင်းတောက်ပလာသည်။

“ အဲ့ဒီစွမ်းအားကို နည်းနည်း ငါစိတ်ဝင်စားတယ် ”

သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း သူ၏ လက်ထဲမှ ဓားနှစ်လက်ပေါ်တွင် မီးတောက်များက တဟုန်းဟုန်း လောင်ကျွမ်းသွားသည်။

မီးတောက်များက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။

အဆုံးမဲ့သော မိုးမြေစွမ်းအားက မီးတောက်များနှင့် ပေါင်းစပ်သွားပြီး ဤလောက၏ မူလစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် မူလစွမ်းအားက မီးတောက်ဓားနှစ်လက်ပေါ်မှာ သိပ်သည်းသွားသည်။

ဟန်မူယဲ့က ဓားနှစ်လက်ကို အရှေ့သို့ ခုတ်ပိုင်းလိုက်သည့်အခါ မိုးခြိမ်းသံတမျှ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။

“ ဝုန်း ”

သူ့အရှေ့မှ မိုးမြေက မီးတောက်ဓားနှစ်လက်ကြောင့် ကွဲထွက်သွားသည်။

ဓားသွားပေါ်မှ မီးတောက်မီးလျှံများက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ဗလာနတ္ထိကုန်းမြေပေါ်မှာ ပျောက်ကွယ်သွားသည်။

“ ဗုန်း ”

ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ဓားအက်ကွဲကြောင်း၏ အပေါ်တွင် မီးတောက်များက ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာ မီးတောက်များက ဟန်မူယဲ့အသွင် ပြောင်းလဲထားသော ဟင်းလင်းပြင်ဝိညာဉ်ကို လွှမ်းခြုံသွားသည်။

၎င်း၏ ခန္ဓာကိုယ်က တရှဲရှဲ လောင်ကျွမ်းသွားပြီး စက္ကန့်ပိုင်းအတွင်း ပြာဖြစ်သွားသည်။

အစိမ်းရောင်ပုတီးစေ့တစ်လုံးက ဟန်မူယဲ့၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့… ။

ယင်းက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်၏ စွမ်းအားမှ သိပ်သည်းသွားသော ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ ဖြစ်သည်။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားသည် စကြာဝဠာကပ်ဘေးဒုက္ခစွမ်းအား ဖြစ်သည်။

ယခု ဟန်မူယဲ့က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့အများကြီးကို ပိုင်ဆိုင်သွားသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှာလည်း ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက ကိန်းအောင်းနေသည်။

ဟန်မူယဲ့က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ကို ဖမ်းဆုပ်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။

ယခင်တစ်ခေါက်တွင် သူက မီးနတ်ဘုရားရုံးတော်၏ အပြင်ဘက်မှာ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များကို ရရှိခဲ့သည်။

အတိတ်မှာ မီးနတ်ဘုရားရုံးတော်သည် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ အစွမ်းထက်သက်ရှိများကြောင့် ဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ၎င်းတို့က ချိပ်တံဆိပ်တစ်ခုကိုလည်း ချန်ထားခဲ့ကြသည်။

သို့သော်လည်း ထိုချိပ်တံဆိပ်မှ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက နတ်ဆိုးမီးတောက်ပင်လယ်အောက်မှာ ဖိနှိပ်ခံထားရသော ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို မယှဉ်နိုင်ပေ။ ယင်းတို့ကြားမှ ကွာခြားမှုက ကောင်းကင်နှင့် မြေကြီးပမာ ကြီးမားလှ၏။

မည်သို့ဖြစ်ပါစေ ဤနေရာမှာ ဖိနှိပ်ထားသူက နတ်ဘုရားအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

“ ဝီး ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ အစွမ်းထက်ပုဂ္ဂိုလ်က ဟန်မူယဲ့၏ ဓားချက်ကြောင့် အသတ်ခံလိုက်ရသည့်အခါ အပြင်းအထန် တုန်ယင်နေသော ယဇ်ပလ္လင်က ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ ဤသည်မှာ ယင်းက ဟန်မူယဲ့၏ ဓားချက်ကို ကြောက်ရွံ့သွားသည့်အလားပင်။

ယဇ်ပလ္လင်အောက်တွင် အရိုအသေပေးနေကြသော မီးတောက်သက်ရှိများသည်လည်း အလန့်တကြား အော်လိုက်ကြသည်။

ဟန်မူယဲ့က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု ၎င်းတို့မမျှော်လင့်ထားကြချေ။

အမှန်မှာ ၎င်းတို့က အထင်မှားနေကြခြင်း ဖြစ်သည်။ ထိုဟင်းလင်းပြင်ဝိညာဉ်က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားရုံမျှသာ ဖြစ်သည်။ ၎င်းက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ အမှန်တကယ် တတ်လှမ်းထားနိုင်သူ မဟုတ်ပေ။

ထို့ကြောင့် ၎င်း၏ တိုက်ပွဲစွမ်းအားက စကြာဝဠာအဆင့် ကျင့်ကြံသူများထက် အများကြီး ပိုမသန်မာချေ။

ထူးခြားချက်မှာ ၎င်းတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံက အလွန်ထူးဆန်းသောကြောင့် ၎င်းတို့ကို သတ်ပစ်ရန် မလွယ်ကူပေ။

သို့သော်လည်း ယင်းက ၎င်းတို့ကို လုံးဝ မသတ်နိုင်ကြောင်း မဆိုလိုပေ။

ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ ရွှေရောင်မီးတောက်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

အဝေးတွင် မိစ္ဆာပုံရိပ်အများအပြားကို သတ်ဖြတ်နေကြသော ဟွမ်ချန်းမင်နှင့် တခြားလူများက ခေါင်းမော့လိုက်ကြသည်။ သူတို့၏ မျက်နှာက တည်ကြည်သွားသည်။

“ စစ်ဦးစီးချုပ်က ဆင့်ခေါ်နေပြီ… စစ်သည်တော်တွေ အမြန်စုဝေးကြမယ် ”

“ မြန်မြန် လူစုကြ… စစ်ဦးစီးချုပ်ဆီ သွားကြမယ် ”

စစ်သည်တော်နှစ်သန်းပါဝင်သော စစ်တပ်က တုံ့ဆိုင်းမနေဘဲ မြေအောက်ထဲမှ ထွက်သွားသည်။ မြေအောက်ထဲတွင် မိစ္ဆာပုံရိပ်တချို့က ဇဝေဇဝါဖြစ်သွားကြသည်။

ဘေးပတ်ဝန်းကျင်တွင် လက်သည်းရှည်သားရဲကလန်မှ အစွမ်းထက်ပုဂ္ဂိုလ်များက ခေါင်းမော့လိုက်ကြသည်။

ထို့နောက် ၎င်းတို့က ကောင်းကင်ပေါ်သို့ ဟန်မူယဲ့ပစ်လွှတ်လိုက်သော မီးတောက်၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ပိုပြီးဝေးသော နေရာတွင် စစ်တပ်များကို ဦးဆောင်ပြီး သန္ဓေပြောင်းသားရဲများကို လိုက်လံသတ်ဖြတ်နေသော တန်ကိုင်က ခေါင်းမော့လိုက်သည်။ ဇဝေဇဝါဖြစ်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဟန်မူယဲ့က သူ့ရဲ့ တည်နေရာကို တကယ်ကြီး ထုတ်ဖော်လိုက်တယ်လား… သူဘာလုပ်ချင်နေတာလဲ ”

“ သူက ငါ့ဆီကနေ အကူအညီတောင်းနေတာလား ”

All Chapters