← Chapters

အခန်း (၁၆၄၁)

Vol. 118 Ch. 1641

အခန်း (၁၆၄၁)

Vol. 118 Ch. 1641

ဟန်မူယဲ့၏ နေရာကို မဟာမူလဘုံမှ လက်သည်းရှည်သားရဲကလန်က အစကတည်းက ဝိုင်းရံထားသည်။ ယခု ဟန်မူယဲ့က သူ၏ တည်နေရာကို ထုတ်ဖော်လိုက်လေရာ သူတို့က သေချာပေါက် ဝိုင်းရံတိုက်ခိုက်ခံရတော့မည်။

“ စစ်ဦးစီးချုပ်… အဲ့ဒါ သူတို့ဘာသာ သေလမ်းရှာနေတာပဲ… ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး ”

တန်ကိုင်၏ ဘေးမှာ မတ်တတ်ရပ်နေသော အနက်ရောင်သံချပ်ကာဝတ် လူသန်ကြီးတစ်ယောက်က ပြောသည်။

“ ဟုတ်တယ် စစ်ဦးစီးချုပ်… ကျုပ်တို့တွေ အဲ့ဒီကို ချီတတ်သွားမယ်ဆိုရင်တောင် သူတို့ရဲ့ ထောက်ချောက်ထဲမှာ ချောင်ပိတ်တိုက်ခိုက်ခံရလိမ့်မယ် ”

တခြားအကြီးအကဲတစ်ယောက်က အလွန်အားကောင်းသော သွေးချီစွမ်းအားကို ထုတ်လွှတ်နေရင်း ပြောသည်။

“ စစ်ဦးစီးချုပ် ဒီလိုအခြေအနေမျိုးမှာ ကျုပ်တို့က မိန်းမတွေလို စိတ်ပျော့နေလို့ မရဘူး ”

တန်ကိုင်က သူ၏ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ သူ့ဘေးမှ ကျင့်ကြံသူများက စိုးရိမ်ကြောင့်ကြနေကြောင်း သူမြင်သွားသည်။

တန်ကိုင်၏ ကျင့်ကြံခြင်းအဆင့်နှင့် သူ၏ သရုပ်အဆင့်အတန်းကြောင့် သူ၏ စိုးရိမ်ကြောင့်ကြစိတ်က တခြားလူများနှင့် ခြားနားသည်။

တန်ကိုင်အတွက်တော့ ဟန်မူယဲ့ကို ကယ်ဆယ်ခြင်းက အမှန်တကယ် အကျိုးရှိသည်။

သူက ထိုသို့လုပ်ဆောင်လိုက်မည်ဆိုလျှင် သူ့လက်အောက်မှ စစ်သည်တော်များ၏ သစ္စာရှိမှုနှင့် ယုံကြည်မှုကို သိမ်းပိုက်နိုင်သွားလိမ့်မည်။ ထို့ပြင် သူက ဟန်မူယဲ့ဘက်မှ အသက်ရှင်ကျန်ရစ်သော စစ်သည်တော်များကို သူ၏ လက်အောက်သို့ သိမ်းသွင်းနိုင်လိမ့်မည်။

သို့သော် ထိုသို့အကျိုးအမြတ်များကို သူရရှိရန် သူ့လက်အောက်မှ စစ်ဗိုလ်ချုပ်များ၏ စိတ်အားထက်သန်မှုကို လိုအပ်သည်။

“ ဟား ဟား… သူက ငါ့ကို အကူအညီတောင်းရင်တောင် ငါ့ညီအကိုတွေရဲ့ အသက်ကို အဲ့ဒီအတွက် မစတေးခိုင်းပါဘူး ”

သူ့လက်အောက်မှ ဗိုလ်ချုပ်များက လူသွားကယ်ရန် ဆန္ဒမရှိကြောင်း တန်ကိုင် သတိထားမိသောအခါ သူက ရယ်လိုက်သည်။

သူ့စကားက ဘေးပတ်ဝန်းကျင်မှ လူများကို စိတ်သက်သာရာရစွာ သက်ပြင်းချသွားစေသည်။

“ စစ်ဦးစီးချုပ်… ဟန်မူယဲ့နဲ့ တခြားလူတွေက ဝိုင်းရံတိုက်ခိုက်ခံနေရတယ်ဆိုတော့ ကျုပ်တို့တွေ ဒီအခွင့်အရေးကို အသုံးချပြီး တိုက်ပွဲအကျိုးပြုအမှတ်တွေ လိုက်စုဆောင်းကြမလား ”

“ ဟုတ်တယ်… ဒီလိုအခွင့်အရေးက ရှားတယ် ”

တိုင်ကန်က လူသွားမကယ်ရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း သူတို့မြင်သောအခါ တိုက်ပွဲအကျိုးပြုအမှတ်များကို ထပ်မံ စုဆောင်းရန် အကြံဉာဏ်ပေးလိုက်ကြသည်။

မည်သို့ဖြစ်ပါစေ ယခု ဟန်မူယဲ့က လက်သည်းရှည်သားရဲကလန်မှ စစ်တပ်များ၏ ဝိုင်းရံခံထားရသည်။ သို့ဖြစ်၍ သူ၏ သေခြင်းရှင်ခြင်းက မသေချာပေ။ သူက အမိန့်အာဏာအတွက် ယှဉ်ပြိုင်ပွဲကို နောက်ထပ် တွေးနိုင်တော့မည် မဟုတ်ချေ။

တန်ကိုင်က တစ်ခဏ စဉ်းစားလိုက်ပြီး အဝေးမှ ရွှေရောင်အလင်းထောင့်တိုင်ကို လှမ်းကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ဟန်မူယဲ့က လက်သည်းရှည်သားရဲကလန်၏ စိတ်အာရုံကို ဆွဲဆောင်ထားသည့်အချိန် သူက တိုက်ပွဲအကျိုးပြုအမှတ်များကို ရနိုင်သမျှ များများရှာဖွေရမည်။ ဤသို့အခွင့်အရေးက အလွန်ရှားပါးသည်။

“ ကောင်းပြီ ”

တန်ကိုင်က ခေါင်းညိတ်လိုက်သည်။

အဝေးမှ ရွှေရောင်အလင်းထောင့်တိုင်၏ အောက်တွင် ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ရွှေရောင်အလင်းလှိုင်းများ ထွက်ပေါ်လာသည်။

သန္ဓေပြောင်းသားရဲများနှင့် ကျင့်ကြံသူများက သူ၏ စကြာဝဠာနယ်မြေထဲမှ ထွက်လျှောက်လာကြပြီး အပြင်ဘက်မှာ စီတန်းရပ်လိုက်ကြသည်။

ဟန်မူယဲ့က သူ့ကိုယ်ပိုင်စကြာဝဠာထဲမှာ စုစည်းထားသော သက်ရှိများကို ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်နှင့် တိုက်ခိုက်ခိုင်းရန် အပြင်သို့ ထုတ်လွှတ်လိုက်သည်။

သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်ဂိတ်တံခါးတစ်ခုက သူ့အရှေ့မှ ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ထိုဂိတ်တံခါးက ကျင်းဟုန်ဖွင့်လှစ်ခဲ့သော ဂိတ်တံခါးနှင့် မတူပေ။ ဟန်မူယဲ့က ထိုဂိတ်တံခါးကို ကျင်းဟုန်၏ ရွှေကျီးကန်းမူလဝိညာဉ်ဓားမှ ဓားချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ မီးတောက်မီးလျှံများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည့်အခါ ဂိတ်တံခါးက ဖွင့်လှစ်သွားသည်။

မူလက ကျင်းဟုန်၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် ဆက်သွယ်နေသော ဤချိပ်ပိတ်နယ်မြေက ယခု ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ် စုဝေးနေသော တည်နေရာနှင့် ချိတ်ဆက်သွားသည်။

စကြာဝဠာထဲမှ သက်ရှိများသည် အပြင်ထွက်လာသည်နှင့်ချက်ချင်း ဂိတ်တံခါးဆီသို့ ချီတတ်သွားကြသည်။ အရှေ့သို့ ချီတတ်သွားနေကြစဉ် မီးတောက်များက ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

ချိပ်ပိတ်နယ်မြေထဲသို့ ၎င်းတို့ဝင်ရောက်သွားသည်နှင့် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်နှင့် ထိပ်တိုက် တိုက်ခိုက်လိုက်ကြသည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ၎င်းတို့၏ တိုက်ခိုက်ရေးနည်းစနစ်များက အလွန်ထူးဆန်းသည်။ ထို့ကြောင့် အဆင့်တူတွင် ရန်သူများက ၎င်းတို့ကို အနိုင်မတိုက်ခိုက်နိုင်ကြချေ။

သို့တိုင် ဟန်မူယဲ့၏ စကြာဝဠာနယ်မြေထဲမှ ထွက်လာကြသော သန္ဓေပြောင်းသားရဲများကို ရွှေရောင်မီးတောက်များက ဖုံးလွှမ်းထားသည်။ ထိုမီးတောက်များက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို တန်ပြန်နိုင်သည့်အပြင် ၎င်းတို့၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကိုလည်း လောင်ကျွမ်းပစ်နိုင်သည်။

“ ဗုန်း ”

ဟင်းလင်းပြင်ဝိညာဉ်တစ်ကောင်၏ ခန္ဓာကိုယ်က အက်ကွဲသွားပြီး အစိမ်းရောင်ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့က ဂိတ်တံခါးအပြင်သို့ ပျံသန်းထွက်လာသည်။ ထို့နောက် ပုတီးစေ့က ဟန်မူယဲ့၏ လက်ထဲသို့ ကျဆင်းသွားသည်။

ထိုဟင်းလင်းပြင်ဝိညာဉ်၏ အကြွင်းအကျန်ပုံရိပ်က ဦးချိုတစ်ချောင်း သန္ဓေပြောင်းသားရဲတစ်ကောင်၏ ဝါးမျိုခံလိုက်ရသည်။

အကြွင်းအကျန် ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကြောင့် ဦးချိုတစ်ချောင်း ထိုသန္ဓေပြောင်းသားရဲ၏ သွေးချီစွမ်းအားက ကြောက်မခန်းလိလိ မြင့်တတ်သွားသည်။ ထို့နောက် အဆင့်ချိုးဖြတ်တော့မည့် လက္ခဏာများ ထွက်ပေါ်လာသည်။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ဝါးမျိုခြင်းဖြင့် တစ်စုံတစ်ယောက်က သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်နိုင်သည်။

ယင်းကို မြင်သွားသောအခါ တခြားသန္ဓေပြောင်းသားရဲများက မျက်လုံးဝင်းလက်သွားကြသည်။

ယဇ်ပလ္လင်၏ အပြင်ဘက်တွင် မီးတောက်မျိုးနွယ်မှ သက်ရှိများက ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးကျယ်သွားကြသည်။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက မည်မျှရှားပါးကြောင်း ၎င်းတို့အားလုံး သိထားကြသည်။ ယင်းက မဟာပန်သွန်ကျောက်တုံးထက် အများကြီး ပိုအဖိုးတန်သော ရတနာဖြစ်သည်။ ထိုရတနာကို သာမန်ကျင့်ကြံသူများက မပိုင်ဆိုင်နိုင်ကြပေ။

“ မင်းတို့လည်း ချိပ်ပိတ်နယ်မြေထဲ ဝင်ရောက်ပြီး ဟင်းလင်းပြင်ဝိညာဉ်တွေကို အမဲလိုက်နိုင်တယ်… မင်းတို့က အလုံအလောက် သန်မာတယ်ဆိုရင် ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မယ် ”

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ယဇ်ပလ္လင်အောက်မှ မီးတောက်သက်ရှိများကို ကြည့်လိုက်သည်။

နောက်အခိုက်အတန့်မှာ နတ်ဆိုးမီးတောက်များမှ အသွင်ပြောင်းလဲထားကြသော မီးတောက်သက်ရှိများက ဂိတ်တံခါးထဲသို့ ပြေးဝင်သွားကြသည်။

ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်နှင့် ရွှေရောင်မီးတောက်များက ၎င်းတို့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး ၎င်းတို့ကို ရစ်ပတ်လွှမ်းခြုံလိုက်သည်။

“ စစ်ဦးစီးချုပ် ”

“ စစ်ဦးစီးချုပ်ကို နှုတ်ဆက်ပါတယ် ”

ပုံရိပ်အများအပြားက ငရဲချောက်နက်ပင်လယ်ဆီသို့ အမြန်ရောက်ရှိလာကြသည်။ သူတို့ထံမှ ထုတ်လွှတ်နေသော သွေးချီစွမ်းအားက အနီရောင်အလင်းထောင့်တိုင်များအဖြစ် ပြောင်းလဲသွားကြပြီး ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားကြသည်။

ဟွမ်ချန်းမင်နှင့် တခြားဗိုလ်ချုပ်များသည် စစ်သည်တော်နှစ်သန်းကို ဦးဆောင်လျက် အမြန်ချဉ်းကပ်လာနေကြသည်။

သူတို့က မြေအောက်ထဲမှ မိစ္ဆာပုံရိပ်အများအပြားကို သုတ်သင်ရှင်းလင်းခဲ့လေရာ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်သိုင်းနေသည်။ သူတို့၏ သွေးချီစွမ်းအားက လေထဲမှာ မရေမတွက်နိုင်သော သွေးနဂါးများအဖြစ် ဒြပ်ထည်ဖွဲ့စည်းနေဟန် ရ၏။

“ စစ်ဦးစီးချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း ကျုပ်တို့တွေ စစ်တပ်ကို ဦးဆောင်လာပါတယ် ”

စစ်တပ်၏ အရှေ့မှာ မတ်တတ်ရပ်နေကြသော ဗိုလ်ချုပ်များက တလေးတစား အရိုအသေပေးလိုက်ကြသည်။

ဤအခိုက်အတန့်မှာ သူတို့က ဟန်မူယဲ့အပေါ် သူတို့၏ နှလုံးသားထဲမှ ရိုသေလေးစားသွားကြသည်။

ယင်းက ဟန်မူယဲ့၏ ရှိန်လောက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းကြောင့်ဖြစ်သလို သူတို့အား နတ်ဆိုးကုန်းမြေဆီသို့ ခေါ်ဆောင်သွားခဲ့သော ဟန်မူယဲ့၏ လုပ်ရပ်ကြောင့်လည်း ဖြစ်၏။ နတ်ဆိုးကုန်းမြေမှာ သူတို့က တိုက်ပွဲအကျိုးပြုအမှတ်အများကြီးကို ရှာဖွေနိုင်ခဲ့ကြသည်။

တန်ကိုင်နောက်သို့ လိုက်သွားကြသော ဗိုလ်ချုပ်များက မည်သို့ကြောင့် သူတို့ကို ယှဉ်နိုင်လိမ့်မည်နည်း။ သူတို့က နတ်ဆိုးကုန်းမြေတွင် အားနည်းသော မိစ္ဆာပုံရိပ်များကို ထပ်ခါထပ်ခါ သတ်ဖြတ်ခြင်းဖြင့် တိုက်ပွဲအကျိုးပြုအမှတ်အများကြီးကို စုဆောင်းနိုင်ခဲ့ကြသည်။

စစ်သည်တော်နှစ်သန်းပါဝင်သော စစ်တပ်၏ အရှိန်အဝါက အလွန်ကြီးမားလေရာ မိုးမြေသည်ပင် တုန်ယင်သွားဟန် ရ၏။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ အဆုံးမဲ့သော မီးတောက်များက ကောင်းကင်မှ ဆင်းသက်လာကြသည်။

“ တိုက်ပွဲပုံစံခင်းကျင်းမယ်… ဟင်းလင်းပြင်ဝိညာဉ်ကုန်းမြေထဲ ဝင်ရောက်ပြီး ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို သတ်ပစ်… ပြီးတော့ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို စုဆောင်းကြ ”

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို စုဆောင်းရမည်လော။

ဟန်မူယဲ့ထံမှ စကားက စစ်သည်တော်အားလုံးကို မျက်လုံးပြူးကျယ်သွားစေသည်။

ဘုံတစ်ခု၏ အထွတ်အထိပ် ပုဂ္ဂိုလ်များသာလျှင် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်မှာ ဖြစ်ကြသည်။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက အာဏာရှင်အဆင့်ထက် ကျော်လွန်သွားသော စွမ်းအားဖြစ်သည်။

ယင်းက မဟာပန်သွန်ဘုံ၏ အထွတ်အထိပ်စွမ်းအား ဖြစ်သည်။

ထိုသို့စွမ်းအားကို သာမန်ကျင့်ကြံသူများအား မဆိုထားနှင့် သေခြင်းရှင်ခြင်းအဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်များသည်ပင် ကြားရုံသာ ကြားဖူးကြသည်။ သူတို့က ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို တစ်ခါမှ မမြင်ဖူးကြချေ။

မဟာပန်သွန်ဘုံတွင် အာဏာရှင်အဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်များသာလျှင် ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားနှင့် ထိတွေ့နိုင်ကြသည်။

“ အမိန့်တော်အတိုင်းပါ ”

ဟွမ်ချန်းမင်နှင့် တခြားလူများက စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်ကြပြီး ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို စုဆောင်းနိုင်မည့် အခွင့်အရေးက တစ်သက်မှာတစ်ခါသာလျှင် ရရှိနိုင်သောအရာ ဖြစ်သည်။

ယင်းက ပမာဏသေးသေးလေးဆိုလျှင်ပင် ထိုအတွက် သူတို့၏ အသက်ကို စတေးပြီး တိုက်ခိုက်ရန် ဆန္ဒရှိကြသည်။

“ ဗုန်း ”

ရွှေရောင်မီးတောက်များက ထိုစစ်သည်တော်များကို လွှမ်းခြုံသွားသည့်အခါ မီးတောက်အကာအကွယ်အလွှာတစ်ခုက သူတို့၏ အနက်ရောင်သံချပ်ကာပေါ်မှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ မီးတောက်များက သူတို့၏ ဓားများနှင့် လက်နက်များပေါ်မှာ စီးဆင်းသွားသည်။

ထိုမီးတောက်စွမ်းအားဖြင့်သာ သူတို့က ဟင်းလင်းပြင်ဝိညာဉ်များကို အမှန်တကယ် သတ်ပစ်နိုင်ကြလိမ့်မည်။

ဟန်မူယဲ့၏ မီးတောက်စွမ်းအားမရှိလျှင် သူတို့က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ကြရလိမ့်မည်။

ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားကို ငြိမ်းသတ်ရန်အလို့ငှာ လုံလောက်သော စွမ်းအားရှိရန် လိုအပ်သည်။

“ တိုက်ကြ ”

“ သတ်ပစ် ”

စစ်သည်တော်များ၏ အော်သံများက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ စစ်တပ်များက ရွှေရောင်ဂိတ်တံခါးထဲသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်သွားကြသည်။ ထို့နောက် ရွှေရောင်အလင်းက သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

စစ်သည်တော်နှစ်သန်းက ချိပ်ပိတ်နယ်မြေထဲသို့ ဝင်ရောက်သွားသည်နှင့် ဟန်မူယဲ့ထံမှ သွေးချီနှင့် ရွှေရောင်မီးတောက်က ပိုပြီးကြမ်းကြုတ်လာသည်။

သူ၏ လက်နှစ်ဖက်ထဲတွင် ရွှေကျီးကန်းမူလဝိညာဉ်ဓားနှစ်လက်မှ မီးတောက်များက အသက်ဝင်လာဟန် ရ၏။

ဟင်းလင်းပြင်ဝိညာဉ်များကို အမဲလိုက်ရန် ချိပ်ပိတ်နယ်မြေထဲသို့ ဝင်ရောက်သွားကြသော အင်အားစုအသီးသီးသည် သူ၏ မီးတောက်မူလစွမ်းအားအပေါ် မှီခိုးအားထားကြရသည်။ ယင်းက ဟင်းလင်းပြင်ဝိညာဉ်များကို ဖိနှိပ်ရန် သူ့အား ကူညီပေးသည်။

မူလက ယိုယွင်းပျက်စီးနေသော ယဇ်ပလ္လင်ပေါ်တွင် ယခု မီးတောက်များက တဟုန်းဟုန်း တောက်လောင်လာသည်။

“ ဝီး ဝီး ”

အစိမ်းရောင်ပုတီးစေ့တစ်လုံးက သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့… ။

နောက်အခိုက်အတန့်မှာ ပိုမိုများပြားသော ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များက ဂိတ်တံခါးကို ဖြတ်ကျော်၍ သူ့ဆီသို့ ပျံသန်းလာကြသည်။

ဟင်းလင်းပြင်ဝိညာဉ်များ သေဆုံးသွားသည့်အခါ ၎င်းတို့၏ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များက သိမ်းဆည်းခံလိုက်ရပြီး ၎င်းတို့၏ အကြွင်းအကျန် ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက ကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

အကြွင်းအကျန် ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

အစွမ်းထက်သွေးချီစွမ်းအားက စစ်သည်တော်များ၏ ဦးခေါင်းထိပ်မှ မြှောက်တတ်လာသည်။

ယင်းက သူတို့၏ ကျင့်ကြံခြင်းစွမ်းအား မြင့်တတ်သွားသော လက္ခဏာဖြစ်သည်။ သူတို့ထဲမှ အများစုက ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်တော့မည့် လက္ခဏာများကို ဖော်ပြလာသည်။

ဟန်မူယဲ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

မဟော်ဂနီရောင် မဟာပန်သွန်ကျောက်တုံးများက ချိပ်ပိတ်နယ်မြေထဲသို့ အစုလိုက်အပြုံလိုက် ပျံသန်းသွားကြသည်။

“ တိုက်ပွဲအကျိုးပြုအမှတ်တွေကို မဟာပန်သွန်ကျောက်တုံးတွေနဲ့ လဲလှယ်နိုင်တယ် ”

“ အဆင့်ချိုးဖြတ်ဖို့ မဟာပန်သွန်ကျောက်တုံးတွေ အရေးတကြီး လိုအပ်နေတဲ့လူတွေက အဲ့ဒါတွေကို အရင်အသုံးပြုနိုင်တယ် ”

သူ့စကားဆုံးသွားသည်နှင့် မဟာပန်သွန်ကျောက်တုံးများက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားကြသည်။

ဟန်မူယဲ့က ချိပ်ပိတ်နယ်မြေထံမှ အကြည့်ကို ပြန်ရုပ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် ပုံရိပ်တစ်ခုက ပြေးလာနေသည်။

“ ဗုန်း ”

ပေတစ်ထောင်ရှည်လျားသော ဧရာမလက်သည်းက သူ့အပေါ်သို့ ကျဆင်းလာသည်။

ထိုပုံရိပ်၏ အနောက်တွင် လက်သည်းရှည်သားရဲကလန်မှ စစ်တပ်များက အရှေ့သို့ ချီတတ်လာနေကြသည်။

၎င်းတို့၏ သွေးချီစွမ်းအားက အလွန်အားကောင်းလေရာ ကောင်းကင်သည်ပင် အနီရောင်ပြောင်းသွားသည်။

အနက်ရောင်မူလစွမ်းအားက အရှေ့သို့ ပျံ့နှံ့လာသည်။ ငရဲချောက်နက်မီးပင်လယ်ထဲမှ အဆုံးမဲ့သော နတ်ဆိုးမီးတောက်သည်ပင် ၎င်းတို့ကို မဖိနှိပ်နိုင်ပေ။

ထိုသို့စွမ်းအားက မဟာမူလဘုံ၏ အထွတ်အထိပ် သံသရာစက်ဝန်းအဆင့်ထက်ပင် ကျော်လွန်သွားသည်။ ယင်းက အာဏာရှင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် အစိမ်းရောင်ပုတီးစေ့များက တစ်လုံးပြီးတစ်လုံး ထွန်းလင်းသွားသည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့… ။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက အာဏာရှင်အဆင့်ကို ကျော်လွန်နိုင်ပေသည်။

All Chapters