← Chapters

အခန်း (၁၆၄၂)

Vol. 118 Ch. 1642

အခန်း (၁၆၄၂)

Vol. 118 Ch. 1642

“ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ ”

“ အဲ့ဒါ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား ”

ဟန်မူယဲ့၏ လက်ထဲမှ ပုတီးစေ့ကို မြင်သောအခါ အရှေ့သို့ ချီတတ်လာနေကြသော လက်သည်းရှည်သားရဲကလန်မှ အဖွဲ့သားများက ရုတ်ချည်း ရပ်တန့်သွားကြသည်။ ၎င်းတို့က မျက်လုံးပြူးကျယ်သွားကြပြီး ထိတ်လန့်သွားကြသည်။

ဟန်မူယဲ့အပေါ်သို့ ကျဆင်းလာနေသော စွမ်းအားက ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့မှ ပုံရိပ်ယောင်အကာအကွယ်အလွှာကို ထိုးဖောက်နိုင်တော့မည့်ဟန် ရ၏။ သို့တိုင် နောက်အခိုက်အတန့်မှာ ယင်းက ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားသည်။

လက်သည်းရှည်ကို ထုတ်လွှတ်လိုက်သော တိုက်တန်က ထိတ်လန့်သွားပြီး ၎င်း၏ လက်ကို အမြန်ပြန်ရုပ်လိုက်သည်။ သို့သော် အလွန်နောက်ကျသွားချေ၏။ ထို့ကြောင့် ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားက ၎င်း၏ လက်ကို ရစ်ပတ်လွှမ်းခြုံသွားနေကြောင်း ၎င်းက အကူအညီမဲ့စွာ ကြည့်နေရသည်။

တိုက်တန်က အံတင်းတင်းကြိတ်လိုက်ပြီး ၎င်း၏ လက်ကို လက်မောင်းအရင်းမှ ဖြတ်တောက်ပစ်လိုက်သည်။ ၎င်းက ဒယိမ်းဒယိုင် အနောက်ဆုတ်သွားပြီး ဟန်မူယဲ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

လက်သည်းရှည်သားရဲကလန်မှ အဖွဲ့သားများက ဟန်မူယဲ့ကို ဝိုင်းရံလိုက်ကြပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

“ သူက တစ်ယောက်တည်း… ပြီးတော့ သူက အာဏာရှင်အဆင့်မှာ မဟုတ်ဘူး… သူက ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ပိုင်ဆိုင်ထားရုံပဲ ”

“ သူ့ကို ဝိုင်းထိန်းထားကြ… သူ့ရဲ့ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား ကုန်ခမ်းသွားပါစေ ”

လက်သည်းရှည်သားရဲကလန်မှ သံသရာစက်ဝန်းအဆင့် တိုက်တန်များက ဟန်မူယဲ့ကို လေးနက်စွာ စိုက်ကြည့်လိုက်ကြသည်။ သို့သော်လည်း ၎င်းတို့ထဲမှ မည်သူမှ အရှေ့မတတ်ဝံ့ကြချေ။ မူလစွမ်းအားက ၎င်းတို့၏ ဘေးပတ်ဝန်းကျင်၌ တစ်ဟုန်ထိုး မြှောက်တတ်လာပြီး မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ မီးတောက်မီးလျှံများက ဟန်မူယဲ့ကို အပေါ်မှ ဖိချလိုက်သည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့မှ ပုံရိပ်ယောင်အကာအကွယ်အလွှာက ထိုမီးတောက်များကို ခုခံတားဆီးလိုက်သည်။ သို့သော် ယင်းက ပုတီးစေ့ထဲမှ စွမ်းအားကို မြန်ဆန်စွာ ကုန်ဆုံးသွားစေသည်။

ဟန်မူယဲ့၏ အရှေ့မှ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ထဲမှ စွမ်းအားက အမြန်ကုန်ခမ်းသွားသည်။

“ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား ကုန်ခမ်းသွားတာနဲ့ မင်းဘယ်လိုသေမလဲ ငါကြည့်မယ် ”

လက်တစ်ဖက်ဆုံးရှုံးသွားသော တိုက်တန်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး အော်ပြောသည်။

လက်သည်းရှည်သားရဲကလန်မှ တခြားအဖွဲ့သားများက ဟန်မူယဲ့ ထွက်ပြေးနိုင်သော လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့လိုက်ကြသည်။

အဝေးတွင် လက်သည်းရှည်သားရဲကလန်မှ စစ်တပ်များက စီတန်းရပ်နေကြသည်။ ၎င်းတို့က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ထဲမှ စွမ်းအား ကုန်ဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

“ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ကုန်ခမ်းသွားစေချင်တာလား ”

ဟန်မူယဲ့က သူ့အား လွှမ်းခြုံထားသော ပုံရိပ်ယောင်အလင်းအကာအကွယ်ကို ကြည့်လိုက်ပြီး မထူးမခြားနားပုံစံဖြင့် ပြောသည်။ နောက်အခိုက်အတန့်မှာ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေများက သူ၏ ဘေးပတ်ဝန်းကျင်မှာ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာကြသည်။

ပုတီးစေ့တစ်လုံး… ။

ပုတီးစေ့ဆယ်လုံး… ။

ပုတီးစေ့တစ်ရာ… ။

ပုတီးစေ့တစ်ရာက အတူတကွ ယှက်ထွေသွားကြပြီး ရုတ်တရက် အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကြက်သွားကြသည်။ ဤသည်မှာ ပုတီးစေ့များက အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့်အလားပင်။

ဘေးပတ်ဝန်းကျင်မှ လက်သည်းရှည်ကလန်သားများက ကြောက်လန့်သွားကြပြီး ချက်ချင်း အနောက်ဆုတ်သွားကြသည်။

အကယ်၍ ထိုဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တစ်ရာက ပေါက်ကွဲသွားမည်ဆိုလျှင် အချင်းမိုင်တစ်ထောင်အတွင်းမှ မည်သည့်သက်ရှိမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့အပါအဝင် ဤလောကမှ သက်ရှိအားလုံးက ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြလိမ့်မည်။

၎င်းတို့က မိုင်တစ်ထောင်အဝေးသို့ ဆုတ်ခွာသွားကြသည်။

မိုင်တစ်ထောင်အဝေးသို့ ဆုတ်ခွာပြီးမှသာ လက်သည်းရှည်သားရဲကလန်သားများက ရပ်လိုက်ကြပြီး ဟန်မူယဲ့၏ ဦးတည်ရာကို လှည့်ကြည့်လိုက်ကြသည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များကို မဖောက်ခွဲပစ်ခဲ့ပေ။ ယင်းအစား သူက နေရာမှာ မတ်တတ်ရပ်နေပြီး မထူးမခြားနား အမူအရာဖြင့် ကြည့်နေသည်။

“ ဒီနေရာမှာ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို ဖိနှိပ်ထားတဲ့ ချိပ်ပိတ်နယ်မြေရှိတယ်… ချိပ်တံဆိပ်ကို ငါချိုးဖြတ်နိုင်တယ်… မင်းတို့တွေ ချိပ်ပိတ်နယ်မြေထဲ ဝင်ပြီး ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို အမဲလိုက်ချင်လား… အဲ့ဒါဆို ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တွေကို မင်းတို့ရရှိနိုင်လိမ့်မယ် ”

ဟန်မူယဲ့၏ စကားသံက လက်သည်းရှည်သားရဲကလန်မှ အဖွဲ့သားများကို ကျောက်ရုပ်ဖြစ်သွားစေသည်။

လက်သည်းရှည်သားရဲကလန်မှ သံသရာစက်ဝန်းအဆင့် အဖွဲ့သားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မယုံကြည်နိုင်သော အရိပ်အမြွက်နှင့်အတူ ၎င်းတို့၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့… ။

ထိုမျှကောင်းမွန်သော ကံကြမ္မာကို တစ်ဖက်လူက အမှန်တကယ် မျှဝေပေးချင်သည်လော။

မဟာပန်သွန်ဘုံမှ ထိုလူက အရူးလော သို့မဟုတ် သူ့မှာ တခြားအကြံအစည်များ ရှိနေသည်လော။

၎င်းတို့ထံမှ အကြည့်များက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ ပျံဝဲနေသော ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် ၎င်းတို့၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။

ထိုလူ့ဆီမှာ မည်သည့်အကြံအစည်ရှိပါစေ အကယ်၍ ၎င်းတို့က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တစ်လုံးကို ရရှိနိုင်မည်ဆိုလျှင် ယင်းက မဟာအခွင့်အရေး ဖြစ်သည်။

သံသရာစက်ဝန်းအဆင့်မှ ကျင့်ကြံသူများအတွက် ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များက အလွန်တန်ဖိုးကြီးမားသည်။ အကယ်၍ ၎င်းတို့မှာ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များ အလုံအလောက်ရှိမည်ဆိုလျှင် အာဏာရှင်အဆင့်သို့ မည်သည့်အတားအဆီးမှမရှိဘဲ တတ်လှမ်းနိုင်လိမ့်မည်။

ယင်းက ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား၏ အံ့ဖွယ်အချင်းအရာ ဖြစ်သည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့က ကျင့်ကြံခြင်းအဆင့်၏ အတားအဆီးများကို အလွယ်တကူ ချိုးဖြတ်နိုင်စေရန် ကူညီပေးနိုင်သည်။ ထို့ကြောင့် ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များက အလွန်တန်ဖိုးကြီးမားသည်။

“ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့ တကယ်ရှိတာလား ”

လက်သည်းရှည်သားရဲကလန်မှ အဖွဲ့ခေါင်းဆောင်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်လေရာ မျက်လုံးဝင်းလက်သွားသည်။

“ တကယ်လို့ မင်းငါတို့ကို ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တွေ ပေးမယ်ဆိုရင် မင်းရဲ့ အသက်ကို ငါတို့ချမ်းသာပေးမယ် ”

ဟန်မူယဲ့၏ အကြည့်က လက်သည်းရှည်သားရဲကလန်မှ သံသရာစက်ဝန်းအဆင့် တိုက်တန်ပေါ်သို့ ကျရောက်သွားသည်။

သူ၏ လက်ထဲမှ ရွှေရောင်ဓားရှည်က ရုတ်တရက် အရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

“ ဗုန်း ”

ရွှေရောင်နတ်ဘုရားအလင်းက ထွန်းလင်းတောက်ပသွားပြီး အချင်းမိုင်တစ်ထောင်အတွင်းမှ အရာအားလုံးက ဓားတစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည်။

မိုးမြေစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားပြီး အချင်းမိုင်တစ်သောင်းဧရိယာထဲမှ လေနှင့် တိမ်တိုက်များက တဟုန်းဟုန်း လောင်ကျွမ်းနေသော မီးတောက်တံတိုင်းအဖြစ် ပြောင်းလဲသွားသည်။

“ မီးတောက်မူလစွမ်းအား ”

“ အဲ့ဒါ အာဏာရှင်အဆင့် စွမ်းအားပဲ ”

လက်သည်းရှည်သားရဲကလန်၏ အဖွဲ့ခေါင်းဆောင်သည် ၎င်း၏ လက်ထဲမှ လှံကို ကိုင်မြှောက်လိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ အစွမ်းထက်သွေးချီစွမ်းအားက ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။

လှံရှည်က မီးခိုးရောင်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ ဓားချက်မှ ထွက်ပေါ်လာသော မီးတောက်တံတိုင်းဖြင့် တွေ့ဆုံသွားသည်။

“ ဗုန်း ”

မီးခိုးရောင်နဂါးက မီးတောက်တံတိုင်းကို ဝင်ဆောင့်သွားသည်နှင့် နဂါးခန္ဓာကိုယ်က ချက်ချင်း အက်ကွဲသွားသည်။

အဖွဲ့ခေါင်းဆောင်၏ အနောက်မှာ ရပ်နေကြသော လက်သည်းရှည်သားရဲကလန်မှ တခြားအဖွဲ့သားများက အမူအရာပျက်ယွင်းသွားကြသည်။ ၎င်းတို့က အလျှင်အမြန် အရှေ့သို့ ချီတတ်သွားကြသည်။

သံသရာစက်ဝန်းအဆင့် စစ်သည်တော်ငါးယောက်က စွမ်းအားစုပေါင်းလိုက်ကြပြီး မီးတောက်တံတိုင်းကို ခုခံတားဆီးလိုက်ကြသည်။

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ ဓားနှစ်လက်ကို နောက်တစ်ကြိမ် လွှဲခုတ်လိုက်သည်။

ပေတစ်သောင်းရှည်လျားသော ရွှေကျီးကန်းတစ်ကောင်က သံသရာစက်ဝန်းအဆင့် စစ်သည်တော်ငါးယောက်၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာပြီး ပြင်းထန်ကြမ်းကြုတ်စွာ အတောင်ပံခတ်လိုက်သည်။

ရွှေကျီးကန်း၏ တိုက်ခိုက်မှုအောက်မှာ သံသရာစက်ဝန်းအဆင့် စစ်သည်တော်ငါးယောက်၏ ခုခံကာကွယ်မှုက အလွယ်တကူ ကျိုးပျက်သွားသည်။

အဖွဲ့ခေါင်းဆောင်အပါအဝင် သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ခြောက်ယောက်က ဟန်ချက်မထိန်းနိုင်ကြတော့ဘဲ အနောက်သို့ လွင့်စင်သွားကြသည်။

ဟန်မူယဲ့က ဓားကိုင်လျက် အရှေ့သို့ တစ်လှမ်းချင်း လျှောက်လာသည်။

“ ဒီအင်မော်တယ်ဘုရင်က သနားကြင်နာလို့ မင်းတို့ကို ချိပ်ပိတ်နယ်မြေဆီ သွားရောက်နိုင်ဖို့ အခွင့်အရေးပေးနေတာ ”

“ ဒီအင်မော်တယ်ဘုရင်ရဲ့ မျက်လုံးထဲမှာ မင်းတို့က ပုရွက်ဆိတ်တွေထက် မပိုဘူး ”

သူ၏ မူလဝိညာဉ်ဓားနှစ်လက်ပေါ်မှ နတ်ဘုရားမီးတောက်စွမ်းအားနှင့် သူ့အနောက်မှ ရွှေကျီးကန်းပုံရိပ်ကြောင့် ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ အရှိန်အဝါက လက်သည်းရှည်သားရဲကလန်မှ လူတိုင်းထက် သာလွန်သွားပြီး အာဏာရှင်အဆင့်သို့ ရောက်ရှိသွားသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက တစ်ဟုန်ထိုး မြှောက်တတ်လာပြီး သူ၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်သွားသည်။ ယင်းက သူ့အား ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားမှာ တည်ရှိသွားစေသည်။

အာဏာရှင်အဆင့်… ။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား… ။

အထွတ်အထိပ် ဓားတာအို… ။

နတ်ဘုရားမီးတောက်… ။

ဟန်မူယဲ့ ထုတ်ဖော်ပြလိုက်သော စွမ်းအားက လက်သည်းရှည်သားရဲကလန်မှ စစ်သည်တော်ဆယ်သန်းကို ကြောက်လန့်တုန်လှုပ်သွားစေသည်။

အစောနက ဓားချက်က လက်သည်းရှည်သားရဲကလန်မှ သံသရာစက်ဝန်းအဆင့် စစ်သည်တော်များကို နှလုံးခုန်မြန်သွားစေသည်။ ၎င်းတို့က အလွန်ကြောက်လန့်နေလေရာ စကားပင် မပြောနိုင်ကြပေ။

ဟန်မူယဲ့၏ စွမ်းအားက ၎င်းတို့မျှော်လင့်ထားသည်ထက် အများကြီး ကျော်လွန်နေသည်။

အကယ်၍ ယနေ့ ၎င်းတို့၏ စစ်တပ်က ဟန်မူယဲ့ကို အနိုင်ယူနိုင်မည်ဆိုလျှင်ပင် ၎င်းတို့ဘက်က ကြီးမားသော တန်ကြေးကို ပြန်ပေးဆပ်ရလိမ့်မည်။

ဤအဆင့်သို့ ရောက်ရန် ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရသော ၎င်းတို့အတွက် ထိုသို့တန်ကြေးကို မလိုအပ်ဘဲ မပေးချင်ကြပေ။

“ ငါမင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်… ချိပ်ပိတ်နယ်မြေထဲ ဝင်ရောက်ပြီး ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တွေကို အမဲလိုက်ကြ ”

ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ သူက အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူ၏ ဓားနှစ်လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှေရောင်ဂိတ်တံခါးက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာပြီး ထွန်းလင်းတောက်ပသော အလင်းကို ထုတ်လွှတ်လိုက်သည်။

ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များက ရွှေရောင်ဂိတ်တံခါးထဲမှ အဆက်မပြတ် ထွက်ပေါ်လာကြပြီး ဟန်မူယဲ့ဆီသို့ ပျံသန်းလာနေကြသည်။

စက္ကန့်အနည်းငယ်အတွင်းမှာ မဟာပန်သွန်ဘုံမှ စစ်သည်တော်နှစ်သန်းက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ အဖွဲ့သားအများအပြားကို သတ်ဖြတ်နိုင်ခဲ့သည်။

ယခု ၎င်းတို့က ဂိတ်တံခါးကို ကြည့်လိုက်သည့်အခါ လက်သည်းရှည်သားရဲကလန်မှ အဖွဲ့သားအားလုံးက မတူညီသောအရာကို အာရုံခံမိသွားကြသည်။

ဟန်မူယဲ့က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို မဖိနှိပ်နိုင်သောကြောင့် ၎င်းတို့ထံမှ အကူအညီကို လိုအပ်နေခြင်း မဟုတ်ပေ။ ယင်းအစား သူက ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များကို မျှဝေပေးရန် ဆန္ဒရှိသောကြောင့် ထိုသို့အခွင့်အရေးပေးနေခြင်း ဖြစ်သည်။

ယခု ဟန်မူယဲ့ထုတ်ဖော်ထားသော တိုက်ပွဲစွမ်းအားအရ အကယ်၍ ဟန်မူယဲ့သာ ဆန္ဒရှိမည်ဆိုလျှင် ၎င်းတို့အားလုံးကို တိုက်ရိုက် သတ်ဖြတ်နိုင်ပေသည်။ ထို့ကြောင့် သူ့ဆီမှာ တခြားအကြံအစည်များမရှိနိုင်ပေ။

“ ကောင်းပြီ… ကျုပ်က ချိပ်ပိတ်နယ်မြေထဲ ဝင်ရောက်ပြီး ကံစမ်းကြည့်ပါမယ် ”

သံသရာစက်ဝန်းအဆင့် တိုက်တန်တစ်ကောင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ရွှေရောင်ဂိတ်တံခါးဆီသို့ တန်းမတ်စွာ ပြေးသွားသည်။

သံသရာစက်ဝန်းအဆင့် တခြားစစ်သည်တော်များသည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဂိတ်တံခါးဆီသို့ ပြေးသွားကြသည်။

၎င်းတို့က ဂိတ်တံခါးကို ဖြတ်သန်း၍ ချိပ်ပိတ်နယ်မြေထဲသို့ ဝင်ရောက်သွားကြသည့်အခါ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က ၎င်းတို့ထင်မှတ်ထားသကဲ့သို့ မသန်မာကြောင်း ရှာတွေ့သွားကြသည်။ သို့သော်လည်း ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်များ၏ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက အတော်လေး ရှိန်လောက်ဖွယ်ကောင်း၏။

ယင်းက လက်သည်းရှည်သားရဲကလန်ကို တိုက်ခိုက်ခြင်းတွင်ဖြစ်စေ ခုခံခြင်းတွင်ဖြစ်စေ အခက်တွေ့စေသည်။

သံသရာစက်ဝန်းအဆင့် စစ်သည်တော်များသည်ပင် ဟင်းလင်းပြင်ဝိညာဉ်တစ်ကောင်ကို သတ်ဖြတ်ရန် မနည်းအားစိုက်နေရသည်။

“ ဒီတော့ အဲ့ဒါက ဟင်းလင်းပြင်ဝိညာဉ်တွေရဲ့ ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားပေါ့… မထူးဆန်းတော့ပါဘူး ”

လက်သည်းရှည်သားရဲကလန်မှ သံသရာစက်ဝန်းအဆင့် စစ်သည်တော်တစ်ယောက်က အံ့ဩစွာ ရေရွတ်လိုက်သည်။ ၎င်းသတ်ဖြတ်လိုက်သော ဟင်းလင်းပြင်ဝိညာဉ်တစ်ကောင်ထံမှ အကြွင်းအကျန် ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ ၎င်းက စိတ်လှုပ်ရှားသွားပြီး မျက်လုံးဝင်းလက်သွားသည်။

ထို့နောက် ၎င်းက နောက်ထပ် ဟင်းလင်းပြင်ဝိညာဉ်များကို လိုက်လံသတ်ဖြတ်သည်။

ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား အများစုသည်တော့ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များအဖြစ် သိပ်သည်းသွားကြပြီး ဂိတ်တံခါးကို ဖြတ်ကျော်၍ ဟန်မူယဲ့ဆီသို့ ပျံသန်းသွားကြသည်။ ယင်းက ၎င်းတို့မယှဉ်ပြိုင်နိုင်သောအရာ ဖြစ်သည်။

၎င်းတို့က ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအား အနည်းငယ်ကို စုပ်ယူနိုင်သရွေ့ ကျန်ကိစ္စများက အရေးမကြီးပေ။

“ သူ ငါတို့ကို ဒီလာဖို့ မျှားခေါ်ခဲ့တာ မထူးဆန်းတော့ပါဘူး… ဒီဟင်းလင်းပြင်ဝိညာဉ်တွေက ရင်ဆိုင်ဖို့ မလွယ်ကူဘူး ”

လက်သည်းရှည်သားရဲကလန်မှ တစ်စုံတစ်ယောက်က ပြောသည်။

“ စစ်တပ်တွေ စုစည်းကြမယ်… ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က လူတိုင်းကို သတ်ပစ်ကြ… ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို စုဆောင်းနိုင်မယ်ဆိုရင် စစ်တပ်တစ်ခုလုံး စတေးရမယ်ဆိုရင်တောင် ထိုက်တန်ပါတယ် ”

သံသရာစက်ဝန်းအဆင့် စစ်သည်တော်များက စိတ်လှုပ်ရှားသွားကြပြီး မျက်လုံးဝင်းလက်သွားကြသည်။

“ အရှေ့တတ်ကြ ”

အမိန့်ထုတ်ပြန်လိုက်သည့်အခါ လက်သည်းရှည်သားရဲကလန်မှ စစ်တပ်များက ဂိတ်တံခါးထဲသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်သွားကြသည်။

All Chapters