← Chapters

အခန်း (၁၆၄၈)

Vol. 118 Ch. 1648

အခန်း (၁၆၄၈)

Vol. 118 Ch. 1648

ကျင်းဟုန်… ။

သူက ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားကို အထောက်အပံ့အဖြစ် အသုံးပြု၍ နတ်ဘုရားအဆင့်သို့ တတ်လှမ်းခဲ့သည်။ သို့သော်လည်း သူက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ် ဆင်ထားသော ထောက်ချောက်ထဲသို့ ကျရောက်သွားကြောင်း သတိမထားမိခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးမှာ သူက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို ဖိနှိပ်ရန် သူ၏ စွမ်းအားအကုန်ကို စတေးခဲ့သည်။

သူက ရွှေကျီးကန်းကလန်၏ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော ကျင်းဟုန်ဖြစ်သည်။ သူက မဟာမူလဘုံ၌ ပထမဆုံး နတ်ဘုရားအဆင့်သို့ တတ်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။

ဤအခိုက်အတန့်မှာ ထိုပုဂ္ဂိုလ်က ပြန်လည်မွေးဖွားရန် ဟန်မူယဲ့၏ စွမ်းအားကို အသုံးပြုရန် ကြံစည်နေသည်။

ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က သူ့လက်ထဲမှ ဓားပေါ်သို့ ကျရောက်သွားသည်။

“ မင်းက ငါမြင်ဖူးသမျှ မျိုးဆက်တွေထဲမှာ အသန်မာဆုံးနဲ့ ပါရမီအမြင့်ဆုံးလူပဲ ”

သူက ပြောသည်။

“ မင်းရဲ့ မီးတောက်မူလစွမ်းအားနဲ့ဆိုရင် မင်းက ဟင်းလင်းပြင်ချိုးဖြတ်အဆင့်ကို ဝင်ရောက်နိုင်လိမ့်မယ်… ဒါ့အပြင် နတ်ဘုရားစွမ်းအားကို ထိန်းချုပ်ဖို့ မင်းမှာ အခွင့်အရေးတစ်ခု ရှိလိမ့်မယ် ”

“ မိုးကြိုးမူလစွမ်းအားကိုတော့ ငါနားမလည်ဘူး… ဒါပေမဲ့ ဓားတာအိုမှာဆိုရင် မင်းရဲ့ ပါရမီက ယုရှောက်တန်ထက် အားမနည်းဘူး ”

ကျင်းဟုန်က သူ့လက်ထဲမှ သုံးပေရှည်လျားသော ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ ပုံရိပ်ယောင်စွမ်းအားက တုန်ခါသွားသည်။

ထိုတုန်ခါမှုက ကျင်းဟုန်၏ မျက်နှာကို နာကျင်မှုဖြင့် ပြည့်နှက်သွားစေသည်။

စူးရှသော အလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ကျေးဇူးပြုပြီး ငါ့ကို သတ်ပေးပါ… ”

ကျင်းဟုန်က အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။

သူ၏ မျက်လုံးထဲမှာ ပုံရိပ်ယောင်အလွှာများ ထွက်ပေါ်လာသည်။

ပုံရိပ်ယောင်အလွှာတွေကို ဖြတ်ကျော်ပြီး ဒီကို လာချင်တာလား… ။

ထိုသူက ကျင်းဟုန် မဟုတ်ပေ။ ယင်းအစား ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ နတ်ဘုရားသခင် ဖြစ်သည်။

အတိတ်မှာ ကျင်းဟုန်က ထောင်ချောက်ဆင်ခံခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်ဘုရားသခင်၏ သန့်စင်ခံရလုနီးပါးဖြစ်ခဲ့သည်။ ဤအခိုက်အတန့်မှာ ထိုနတ်ဘုရားသခင်က ဘီလီယံနှင့်ချီသော ဘုံများကို ဖြတ်ကျော်၍ ကျင်းဟုန်၏ ဝိညာဉ်တံဆိပ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသည်။

“ မြန်မြန်… ငါ့ရဲ့ ဝိညာဉ်ကို မြန်မြန် ဖျက်ဆီးပစ်ပါ… မဟုတ်ရင် သူရောက်လာလိမ့်မယ်… ”

ကျင်းဟုန်က နာကျင်စွာ အော်ပြောလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ယင်နေသည်။

သူ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်ပြီး သူ၏ ဝိညာဉ်ထဲမှ အမှတ်အသားကို ဆွဲထုတ်ပစ်မှသာလျှင် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်ဘုရားသခင်၏ ရောက်လာမှုကို တားဆီးနိုင်လိမ့်မည်။

ဟန်မူယဲ့က သူ့အရှေ့မှ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ထိုခန္ဓာကိုယ်က အစောနက သူဖွဲ့စည်းထားသော ခန္ဓာကိုယ်ဖြစ်ပြီး ယင်းကို ကျင်းဟုန်က သိမ်းပိုက်ထားသည်။

ယခု ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်ဘုရားအရှင်သခင်က ထိုခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသည်။

သို့တိုင် ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။

သူက သူ့အရှေ့မှ အစိမ်းရောင်ချိပ်တံဆိပ်ကို ကြည့်လိုက်သည်။

“ တကယ်တော့ ယုရှောက်တန်လည်းပဲ အဲ့ဒီအခွင့်အရေးကို ရှာနေတာ မဟုတ်လား ”

သူက မေးသည်။

“ အဲ့ဒီအချိန်တုန်းက ကိစ္စအားလုံးကို နတ်ဘုရားတစ်ပါးက နောက်ကွယ်ကနေ ထိန်းချုပ်နေကြောင်း ခင်ဗျားသိထားပြီးပြီ… ဒါပေမဲ့ ခင်ဗျားက ဟင်းလင်းပြင်ဝိညာဉ်တွေကို ဝါးမျိုဖို့ ရွေးချယ်ခဲ့တယ် ”

ဟန်မူယဲ့၏ အကြည့်က ကျင်းဟုန်ပေါ်သို့ ကျရောက်သွားသည့်အခါ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကျင်းဟုန်က သူ့ကို လိမ်ခဲ့သည်။

ဟင်းလင်းပြင်ဝိညာဉ်များကို ဝါးမျိုလျှင် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်ဘုရားသခင်၏ ထိန်းချုပ်ခံရလိမ့်မည်ဖြစ်ကြောင်း ကျင်းဟုန်နှင့် ယုရှောက်တန်က အစကတည်းက သိထားကြသည်။

သို့တိုင်အောင် သူတို့နှစ်ယောက်က အလောင်းအစားလုပ်ခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံးက ဟင်းလင်းပြင်ဝိညာဉ်စွမ်းအား၏ အကူအညီဖြင့် နတ်ဘုရားအဆင့်သို့ တတ်လှမ်းခဲ့ကြသည်။ ထို့နောက် သူတို့က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်ဘုရားသခင်၏ လှုပ်ရှားမှုကို စောင့်ဆိုင်းခဲ့ကြသည်။

ယုရှောက်တန်က သူ၏ နတ်ဘုရားအဆင့် ဓားတာအိုစွမ်းအားကို အသုံးပြု၍ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်ဘုရားသခင်နှင့် တိုက်ခိုက်ခဲ့သည်။ တစ်ဖက်မှာတော့ ကျင်းဟုန်က သူ၏ ကျင့်ကြံခြင်းအုတ်မြစ်ကို တည်ငြိမ်စေပြီး ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားကို သန့်စင်ရန် ကြိုးစားခဲ့သည်။ သူက တစ်ဖက်လူ၏ ဝါးမျိုမခံရခင် နတ်ဘုရားအဆင့်သို့ အပြည့်အဝ တတ်လှမ်းနိုင်ရန် ရည်ရွယ်ထားသည်။

ယခုအခြေအနေအရ ယုရှောက်တန်နှင့် ကျင်းဟုန်၏ ရွေးချယ်မှုက နောက်ဆုံးမှာ ရှုံးနိမ့်သွားခဲ့ဟန် ရ၏။

“ ယုရှောက်တန် အသက်ရှင်နေသေးလား ကျုပ်သိချင်တယ် ”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

ကျင်းဟုန်က အပြင်းအထန် တုန်ယင်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“ ငါမသိဘူး… ”

“ ငါတကယ် မသိဘူး ”

ကျင်းဟုန်က အခိုင်အမာ ပြောသည်။

“ ဒီနေရာမှာ ငါ့ကိုယ်ငါ ချိပ်ပိတ်ခဲ့တုန်းက သူက ငါ့ကို ကူညီဖို့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ရဲ့ စွမ်းအားကို အသုံးပြုခဲ့တယ်… သူက နတ်ဘုရားသခင်ရဲ့ လက်ထဲကနေ လွတ်မြောက်သွားလား ငါမသိဘူး ”

ကျင်းဟုန်၏ အရှိန်အဝါက ဂနာမငြိမ်ဖြစ်လာသည်။ သူ၏ မျက်လုံးထဲတွင် သွေးနီရောင်အလင်းနှင့် ပုံရိပ်ယောင်စွမ်းအားက အပြန်အလှန် ဆန့်ကျင်လိုက်သည်။

သူ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသော စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ အစိမ်းရောင်ချိပ်တံဆိပ်ကို ကြည့်လိုက်သည်။

အဆုံးမဲ့သော ဓားအလင်းက ယှက်ထွေသွားပြီး ချိပ်တံဆိပ်ထံမှ ထွက်ပေါ်နေသော အလင်းနှင့် တွေ့ဆုံသွားသည်။

ဓားအလင်း ပေါက်ကွဲသွားသည့်အခါ သူ၏ မျက်လုံးထဲ၌ သံသယအရိပ်အယောင် ထွက်ပေါ်လာသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အစိမ်းရောင်ချိပ်တံဆိပ်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူ၏ အကြည့်က တောင်တစ်လုံးအရွယ်အစားရှိသော ရွှေရောင်စေတီတစ်ဆူပေါ်သို့ ကျရောက်သွားသည်။

“ ကျင်းဟုန်… ကျုပ်တို့တွေ အတူတူ ပူးပေါင်းကြမယ်ဆိုရင် ခင်ဗျားဘယ်လိုသဘောရလဲ ”

ဟန်မူယဲ့က ပြောသည်။

သူက မျက်မှောင်ကြုတ်လိုက်လေရာ သူ၏ တိုက်ပွဲစိတ်ဆန္ဒက ရွှေရောင်သံချပ်ကာအဖြစ် ဖွဲ့စည်းသွားသည်။ ထို့နောက် သူက စကားလုံးတစ်လုံးစီတိုင်းကို လေးနက်စွာ ပြောသည်။

“ အတိတ်မှာ ခင်ဗျားနဲ့ ယုရှောက်တန်က နတ်ဘုရားသခင်ကို တားဆီးဖို့ ကြိုးစားခဲ့ကြတယ်… ဒီနေ့ ကျုပ်က ခင်ဗျားကို အဖော်ပြုပေးမယ် ”

အဖော်ပြုပေးမယ်… ။

ကျင်းဟုန်က တုန်ယင်သွားပြီး ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။ သူက အထစ်အထစ် ပြောသည်။

“ မင်း… မင်းက နတ်ဘုရားတစ်ပါးကို သတ်ချင်တာလား ”

နတ်ဘုရားတစ်ပါးအား သတ်ဖြတ်နိုင်သူကို နတ်ဘုရားသုတ်သင်သူအဖြစ် သတ်မှတ်ကြသည်။

ဒဏ္ဍာရီများထဲမှာ ဖော်ပြထားသည်မှာ အထွတ်အထိပ် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပညာရှင်များသည် နတ်ဘုရားအဆင့် ပညာရှင်များနှင့် တိုက်ခိုက်နိုင်ကြသည်။ သို့သော်လည်း သူတို့အတွက် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။

သို့သော် ယခုအချိန်မှာ အာဏာရှင်အဆင့်သို့ပင် မဝင်ရောက်ရသေးသော ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ရန် စဉ်းစားနေသည်လော။

“ မ… မဖြစ်နိုင်တာ… အတိတ်မှာ ယုရှောက်တန်နဲ့ ငါတောင် မအောင်မြင်ခဲ့တာ… မင်း… မင်းက ဘယ်လိုလုပ်… ”

ကျင်းဟုန်က မယုံကြည်နိုင်စွာ ပြောသည်။

သူ့မှာ အတိတ်တုန်းကကဲ့သို့ သတ္တိမရှိတော့ပေ။

အတိတ်မှာ သူနှင့် ယုရှောက်တန်က ခြေလှမ်းဝက် နတ်ဘုရားအဆင့်မှာ ဖြစ်ကြသည်။ သို့တိုင် သူတို့က နတ်ဘုရားအဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုအောက်မှာ အလဲလဲအပြိုပြို ကျဆုံးခဲ့ကြသည်။

တစ်စုံတစ်ယောက်က နတ်ဘုရားအဆင့်သို့ မဝင်ရောက်သေးလျှင် နတ်ဘုရားအဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို နားလည်နိုင်လိမ့်မည် မဟုတ်ချေ။

ကျင်းဟုန်၏ နှုတ်ခမ်းက တုန်ယင်သွားပြီး သူက နူးညံ့စွာ ရေရွတ်လိုက်သည်။

ဟန်မူယဲ့က စကားပြန်မပြောပေ။ ယင်းအစား သူက လက်မြှောက်လိုက်ပြီး အစိမ်းရောင်ချိပ်တံဆိပ်ကို သိမ်းယူလိုက်သည်။

“ ဗုန်း ”

အဆုံးမဲ့သော ဓားအလင်းက ချိပ်တံဆိပ်ထဲသို့ တိုးဝင်သွားသည့်အခါ မရေမတွက်နိုင်သော ဓားပုံရိပ်များက ထွက်ပေါ်လာကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ဓားပုံရိပ်များက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ထဲမှာ ပြည့်နှက်သွားကြသည်။

ဓားအလင်းများဖြင့် ဝိုင်းရံခံထားရသော ဟန်မူယဲ့က ထိုဓားပုံရိပ်များကို ခုခံတားဆီးနေရင်း အော်ပြောလိုက်သည်။

“ စီနီယာယုရှောက်တန်… ခင်ဗျားရော နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ဆန္ဒရှိလား ”

ယုရှောက်တန်… ။

ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်… ။

သူက အတိတ်မှာ မဟာပန်သွန်ဘုံ၏ အသန်မာဆုံး ဓားတာအိုသူတော်စင်များအနက် တစ်ပါးဖြစ်ခဲ့သည်။ သူက နတ်ဘုရားဓားတာအိုကို ပိုင်ဆိုင်ရန် ခြေလှမ်းဝက်သာ ဝေးကွာနေသူ ဖြစ်သည်။

ထိုလူ ထွက်သွားခဲ့သည်ဟု ကျင်းဟုန်က ပြောသည်။ သို့သော်လည်း ကျင်းဟုန်က အခြေအနေအမှန်ကို မသိထားပေ။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ကျင်းဟုန်က ပိုပြီးတုန်ယင်သွားပြီး အပေါ်သို့ ခေါင်းမော့လိုက်သည်။

“ အာ… အခုခေတ် လူငယ်မျိုးဆက်တွေထဲမှာ ဒီလိုအကျင့်စရိုက်ရှိတဲ့ ဓားသမားတစ်ယောက် ပေါ်ထွန်းလာမယ်လို့ ဘယ်သူတွေးမိမှာလဲ ”

“ ငါတို့ ဓားသမားတွေဟာ အမြဲတမ်း ထက်ရှရမယ် ပြတ်သားရမယ်… အသက်သေဆုံးသွားရင်အောင် ငါတို့ရဲ့ ဓားနှလုံးသားက ဘယ်တော့မှ မသေဆုံးသွားရဘူး… ”

တိုးညင်းသော အသံက အစိမ်းရောင်ချိပ်တံဆိပ်၏ အပေါ်မှ ပျံ့လွင့်လာသည်။ ထို့နောက် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

ထိုပုံရိပ်က ဝေဝါးနေလေရာ လေထဲမှာ လွင့်ပြယ်သွားတော့မည့်ဟန် ရ၏။

သူက အစိမ်းရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းခါးပတ်ကို ပတ်ထားသည်။ သူ၏ ကျောနောက်တွင် ဓားတစ်လက်ကို သယ်ဆောင်ထားသည်။

သူ၏ မျက်နှာက တည်ကြည်လေးနက်နေပြီး သူ၏ မျက်လုံးထဲမှာ မှိန်ဖျော့သော နတ်ဘုရားအလင်း ထွက်ပေါ်နေသည်။

ထိုသူက အတိတ်မှာ နာမည်ကျော်ကြားခဲ့သော ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ယုရှောက်တန်မှလွဲ၍ တခြားလူမဟုတ်ပေ။

“ ယုရှောက်တန် ”

“ မင်း… မင်းလည်း ကျဆုံးသွားခဲ့တာလား… ”

ယုရှောက်တန်က ကျဆုံးသွားခဲ့သည်။

ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသည်က ယုရှောက်တန်၏ အကြွင်းအကျန်ဝိညာဉ် ဖြစ်သည်။

“ အတိတ်မှာ မင်းပြောတော့ နတ်ဘုရားအဆင့်ကို မင်းခုခံနိုင်တယ်ဆို… ငါ့ကို ချိပ်ပိတ်နေဖို့ မင်းပြောခဲ့တယ်… မင်းက ကိုယ့်ဘာသာ လွတ်‌မြောက်နိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား ”

ကျင်းဟုန်က ယုရှောက်တန်ကို ကြည့်နေရင်း တုန်ယင်သွားသည်။

ယုရှောက်တန်က နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်။

“ ဘာပဲပြောပြော အဲ့ဒါက နတ်ဘုရားအဆင့်… အဆင့်ကျော်ပြီး နတ်ဘုရားတစ်ပါးကို သတ်နိုင်တယ်လို့ ငါတို့တွေးခဲ့ကြတာ ရူးမိုက်တဲ့အရာပဲ ”

သူက ခေါင်းငုံ့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူက အစိမ်းရောင်ချိပ်တံဆိပ်ကို ကြည့်လိုက်သည်။

သူ၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာ ထွက်ပေါ်လာသည်။ ဤသည်မှာ သူက မှတ်ဉာဏ်တချို့ကို မေ့ပျောက်သွားသည့်အလားပင်။

“ အတိတ်မှာ နတ်ဘုရားအဆင့်ကို ငါခုခံနိုင်တယ်လို့ ထင်ခဲ့တယ်… အဆုံးမှာတော့ ငါက ကျဆုံးသွားခဲ့တယ် ”

“ အဲ့ဒီအချိန်တုန်းက ငါ့မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိခဲ့တယ်… ခန္ဓာကိုယ်လုယက်ခံမလား ဒါမှမဟုတ် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ် မဟာပန်သွန်ဘုံရဲ့ ကောင်းချီးရရှိအောင် ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားနဲ့ အရင်းအမြစ်အားလုံးကို မဟာပန်သွန်ဘုံဆီ ပေးမလား ”

“ ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး ”

ယုရှောက်တန်မှာ ရွေးချယ်စရာ မရှိခဲ့ပေ။

ထို့ကြောင့် ယုရှောက်တန်က သူ၏ ပိုင်ဆိုင်မှုအားလုံးကို ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ထဲသို့ ထည့်သွင်းခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး သူ၏ ဝိညာဉ်သာ ကျန်ရှိတော့သည်။

မဟာပန်သွန်ဘုံ၏ မူလစွမ်းအားကို တန်ဖိုးတစ်ခု မပေးချေဘဲ မည်သူမှ အသုံးမပြုနိုင်ပေ။ ယင်းကို အရင်းအမြစ်များဖြင့် လဲလှယ်ရလိမ့်မည်။

ဟန်မူယဲ့၏ တိုက်ပွဲအကျိုးပြုအမှတ်များကို ဘုံတစ်ခု၏ သက်ရှိများ၊ မိုးမြေအစိတ်အပိုင်းများထံမှ ရရှိလာခြင်း ဖြစ်သည်။

ဘုံနှစ်ခု တိုက်ပွဲဖြစ်သည့်အခါ ၎င်းတို့ထံမှ မိုးမြေစွမ်းအားက ချိတ်ဆက်သွားလိမ့်မည်။ မဟာပန်သွန်ဘုံ၏ စစ်သည်တော်များက ရန်သူများကို ပိုပြီးသတ်ဖြတ်လေ ရန်သူ့ဘက်မှ ဘုံ၏ မူလစွမ်းအားက ပိုပြီးအားနည်းလေ ဖြစ်သည်။

ထိုအခါ မဟာပန်သွန်ဘုံက ပိုပြီးဝါးမျိုနိုင်လိမ့်မည်။

ဘုံများသည် မည်သည့်အခါမှ သဘောထားမကြီးကြပေ။ ၎င်းတို့က တစ်ကိုယ်ကောင်းဆန်ကြသည်။ အထူးသဖြင့် ၎င်းတို့က လောဘကြီးကြသည်။

သို့ဖြစ်၍ အစွမ်းထက် ပညာရှင်များသည် ဘုံ၏ ဝါးမျိုခြင်းခံရမည်ကို အမြဲတမ်း သတိထားကြရသည်။

ယုရှောက်တန်သည် ခြေလှမ်းဝက် နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက အရေးကြီးအခိုက်အတန့်မှာ မဟာပန်သွန်ဘုံ၏ သစ္စာဖောက်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူက အရာအားလုံးကို ဆုံးရှုံးသွားသည်။

“ အကြီးအကဲများခင်ဗျာ… ဒီတစ်ကြိမ်မှာရော ခင်ဗျားတို့ ဘာကို ရွေးချယ်မှာလဲ ”

ဟန်မူယဲ့က တည်ငြိမ်စွာ ခေါင်းမော့လိုက်သည်။

“ နတ်ဘုရားသခင်နဲ့ နောက်တစ်ကြိမ် တိုက်ခိုက်မလား ဒါမှမဟုတ် ဒီနေရာမှာ သေဆုံးမလား ”

ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို မြှောက်လိုက်လေရာ စူးရှသော လျှပ်စီးတန်းက သူ၏ ဓားသွားပေါ်မှာ ထွက်ပေါ်လာသည်။

ထိုလျှပ်စီးတန်းက အတိတ်မှာ သူဖွဲ့စည်းခဲ့သော မိုးကြိုးပင်လယ်နှင့် ခြားနားပေသည်။ အတိတ်မှ မိုးကြိုးသွားများက သန္ဓေပြောင်းသားရဲများ၏ ကပ်ဘေးဒုက္ခကြောင့် ဖြစ်ပေါ်လာသောအရာ ဖြစ်သည်။

ဤလျှပ်စီးတန်းထဲမှာ ရွှေရောင်မီးတောက်တစ်ခု ကိန်းအောင်းနေသည်။

ယင်းက ပေါင်းစပ်မီးတောက်စွမ်းအား ဖြစ်သည်။

မီးထံမှ မိုးကြိုးမွေးဖွားလာခြင်း… ။

ယင်းက မူလစွမ်းအားနှစ်မျိုး၏ ပေါင်းစပ်မှုဖြစ်သည်။

မဟာတာအိုကို ထိန်းချု်ပနိုင်သူများသာလျှင် မူလစွမ်းအားကို အမိန့်ပေးနိုင်ကြသည်။

ထိုလျှပ်စီးတန်းက ယုရှောက်တန်၏ အကြွင်းအကျန်ဝိညာဉ်နှင့် ကျင်းဟုန်ကို မျက်လုံးဝင်းလက်သွားသည်။

မဟာတာအို၏ အမှတ်အသားများဖြင့် မူလစွမ်းအားများကို ပေါင်းစပ်ခြင်းက နတ်ဘုရားအဆင့်သို့ ဝင်ရောက်နိုင်မည့် လမ်းစဖြစ်သည်။

အတိတ်မှာ သူတို့နှစ်ယောက်စလုံးက ထိုနယ်ပယ်၏ အပြင်ဘက်မှာ ရပ်တန့်နေခဲ့ကြသည်။

“ မင်း… မင်းက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ထိန်းချုပ်နိုင်တယ်လား… ပြီးတော့ အဲ့ဒါကို ဘုံရဲ့ မူလစွမ်းအားနဲ့ ပေါင်းစပ်နိုင်တယ် ”

“ ကောင်းပြီ… ဒါဆို အလောင်းအစားလုပ်ကြည့်ရအောင်”

“ ကောင်းပြီ… အဲ့ဒီနတ်ဘုရားကို သတ်ကြမယ် ”

All Chapters