← Chapters

အခန်း (၁၆၄၉)

Vol. 118 Ch. 1649

အခန်း (၁၆၄၉)

Vol. 118 Ch. 1649

နတ်ဘုရားကို သတ်ဖြတ်ခြင်း… ။

ထိုစကားက တစ်စုံတစ်ခုကို ပဲ့တင်ပြန်နေဟန် ရ၏။ ယင်းက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို တုန်ယင်သွားစေသည်။

ဟန်မူယဲ့၊ ယုရှောက်တန်နှင့် ကျင်းဟုန်၏ ဘေးပတ်ဝန်းကျင်တွင် မီးတောက်အလွှာများ ထွက်ပေါ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကြသည်။

ဟန်မူယဲ့၏ တိုက်ပွဲစိတ်ဆန္ဒက အဆုံးစွန်ထိ သိပ်သည်းသွားသည့်အခါ ရွှေရောင်သံချပ်ကာဝတ် ပုံရိပ်တစ်ခုက သူ့အနောက်မှာ ထွက်ပေါ်လာသည်။

“ အခု ငါက အကြွင်းအကျန်ဝိညာဉ်တစ်ခုသာသာပဲ… ဒါပေမဲ့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ရဲ့ စွမ်းအားနဲ့ဆိုရင် မူလဓားစွမ်းအားကို ထုတ်လွှတ်နိုင်ပြီး ရန်သူကို အထိနာအောင် တစ်ကြိမ်တိုက်ခိုက်နိုင်လိမ့်မယ် ”

ယုရှောက်တန်က ဟန်မူယဲ့၏ အနောက်မှ ရွှေရောင်သံချပ်ကာဝတ် ပုံရိပ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အခွင့်အရေးက တစ်ခါပဲ ရှိတယ် ”

သူတို့က နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ရန် စိတ်ဆန္ဒရှိကြသော်လည်း သူတို့၏ ခွန်အားက မလုံလောက်ပေ။

ယုရှောက်တန်က ဟန်မူယဲ့၏ အနောက်မှ ပုံရိပ်ကို မြင်သွားသောအခါ အတိတ်ကို လွမ်းဆွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အတိတ်မှာ သူက ထိုသို့အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်လွှတ်ခဲ့ဖူးသည်။ သို့တိုင် အဆုံးမှာ သူက အကြွင်းအကျန်ဝိညာဉ်အဖြစ်သာ ကျန်ရှိတော့သည်။

“ အို… အနည်းဆုံးတော့ မင်းမှာ ဓားချက်ထုတ်ဖော်ဖို့ စွမ်းအားရှိသေးတာပဲ ”

ကျင်းဟုန်က ခေါင်းခါလိုက်ပြီး နူးညံ့စွာ သက်ပြင်းချလိုက်သည်။

“ ငါက အဲ့ဒီနတ်ဘုရားစိတ်အာရုံရဲ့ ပစ်မှတ်ထားခံရပြီးပြီ… တကယ်တိုက်ခိုက်တဲ့အခါကျရင် ငါက ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်ပါဦးမလား သေချာမပြောနိုင်ဘူး ”

ကျင်းဟုန်၏ အခြေအနေက ယုရှောက်တန်ထက် အများကြီး ပိုဆိုးဝါးသည်။ အတိတ်မှာ သူ၏ ဝိညာဉ်သာ အက်ကွဲသွားခဲ့ခြင်း မဟုတ်ပေ။ သူကိုယ်တိုင်က ချိပ်ပိတ်နယ်မြေဖြစ်လာပြီး ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ မျိုးနွယ်ဝင်အားလုံးကို အဆုံးမဲ့သော နတ်ဆိုးမီးပင်လယ်ထဲမှာ ဖိနှိပ်ထားခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ မူလစွမ်းအားက ကုန်ခမ်းလုနီးပါး အားနည်းသွားချေ၏။

ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းအားက အကြွင်းအကျန်ဝိညာဉ်သာ ကျန်ရှိတော့သော ယုရှောက်တန်ထက် အားနည်းသည်။

သူတို့က ဆန္ဒပြင်းပြသော်လည်း ခွန်အားကင်းမဲ့နေချေ၏။

သူတို့က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ ရှက်ရွံ့သောအမူအရာ ထွက်ပေါ်လာသည်။

“ စီနီယာနှစ်ယောက်က ခင်ဗျားတို့ရဲ့ ဆင်ခြင်နားလည်မှုနဲ့ ကျုပ်ကို ကူညီပေးမယ်ဆိုရင်ပဲ လုံလောက်ပါပြီ ”

ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။ မယိမ်းယိုင်သော စိတ်ဓာတ်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် ဓားအလင်းက ပေါ်လျှိုးလာသည်။

ထိုဓားအလင်း၏ အပေါ်တွင် လျှပ်စီးနှင့် မီးတောက်က အတူတကွ ယှက်ထွေသွားသည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်နှင့် အမှန်တကယ် တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားချေ၏။

သူ့အနောက်မှ ရွှေရောင်စစ်ဗိုလ်ချုပ်က ပိုပြီးထင်ရှားလာသည့်အခါ စကြာဝဠာနယ်မြေများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

“ သုံးရာ… စကြာဝဠာနယ်မြေသုံးရာ… ”

ဟန်မူယဲ့၏ အနောက်မှ စကြာဝဠာများကို မြင်သွားသောအခါ ကျင်းဟုန်က မျက်လုံးပြူးကျယ်သွားသည်။

အာဏာရှင်အဆင့်သို့ မရောက်ရှိသေးသော ကျင့်ကြံသူတစ်ယောက်က စကြာဝဠာနယ်မြေသုံးရာကို အမှန်တကယ် ဖွဲ့စည်းထားနိုင်သည်လော။

“ အရူး… ”

ထိုစကြာဝဠာများကို မြင်သွားသောအခါ ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သော ယုရှောက်တန်သည်ပင် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

စကြာဝဠာနယ်မြေသုံးရာကို ဖွဲ့စည်းရန်အလို့ငှာ စကြာဝဠာအဆင့် တခြားကျင့်ကြံသူများထံမှ အရင်းအမြစ်များကို လိုက်လုယက်ရုံဖြင့် မလုံလောက်ပေ။ တစ်စုံတစ်ယောက်က မဟာတာအို၏ မူလစွမ်းအားများနှင့်ပတ်သက်ပြီး အလွန်မြင့်မားသော တာအိုဉာဏ်အလင်းများကိုလည်း နားလည်ထားရမည်။

ဥပမာ အကယ်၍ ကျင့်ကြံသူတစ်ယောက်က သူ့ကိုယ်ပိုင် စကြာဝဠာနယ်မြေတစ်ခုကို မူလစွမ်းအားတစ်မျိုးဖြင့် ဖွဲ့စည်းသည်ဆိုလျှင် ဟန်မူယဲ့က စကြာဝဠာနယ်မြေသုံးရာကို ဖွဲ့စည်းရန် အမျိုးအစားမတူညီသော မူလစွမ်းအား(၃၀၀)ကို လိုအပ်လိမ့်မည်။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

“ ဗုန်း ”

စကြာဝဠာနယ်မြေသုံးရာက ပေါ်ထွက်လာကြပြီး ယင်းတို့ထံမှ မူလစွမ်းအားများက အချင်းချင်း ပွတ်တိုက်သွားကြသည်။ ထို့နောက် မူလစွမ်းအားများ၏ ပေါင်းစည်းမှုအောက်မှာ သုံးပေရှည်လျားသော ရွှေရောင်ဓားတစ်လက်က ထွက်ပေါ်လာသည်။

မိုးမြေကို ဓားတစ်လက်အဖြစ် သွန်းလုပ်ခြင်း… ။

ရွှေရောင်ဓားက ဟန်မူယဲ့၏ အရှေ့သို့ တန်းမတ်စွာ ပျံသန်းလာသည်။ ဓားအလင်းက လှုပ်ခါသွားပြီး သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။

စကြာဝဠာနယ်မြေသုံးရာ၏ စုပေါင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့်အခါ ဟန်မူယဲ့၏ လက်ရှိတိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ တိုးမြှင့်သွားသည်။

“ ကျီး ”

ဘေးပတ်ဝန်းကျင်မှ မိုးမြေက အလွန်အားကောင်းသော ထိုစွမ်းအားဖြင့် ရိုက်ခတ်ခံလိုက်ရပြီး ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။

ပုံရိပ်ယောင်ဖျက်ဆီးခြင်း… ။

လျှပ်တစ်ပြက်အတွင်းမှာ ဟန်မူယဲ့၏ စွမ်းအားက ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ထိုဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားက အစောနက ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့သော စွမ်းအားနှင့် ကွဲပြားခြားနားသည်။ ဤအခိုက်အတန့်မှာ သူ၏ တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ တိုးမြှင့်သွားလေရာ မိုးမြေကြားမှ စွမ်းအားက ဒီရေသဖွယ် ဖွဲ့စည်းသွားသည်။ ယင်းက သူ၏ စွမ်းအားကို အာဏာရှင်အဆင့်ထက် ကျော်လွန်သွားစေပြီး ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်သွားစေသည်။

တစ်နည်းဆိုရလျှင် စကြာဝဠာနယ်မြေသုံးရာ၏ စွမ်းအားထောက်ပံ့ပေးမှုအောက်မှာ ဟန်မူယဲ့က ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ယာယီပိုင်ဆိုင်နိုင်သွားသည်။

“ စကြာဝဠာနယ်မြေသုံးရာကို ဖွဲ့စည်းနိုင်တယ်လား… မဟာပန်သွန်ဘုံက နတ်ဘုရားအဆင့် ပညာရှင်တွေထဲမှာတောင် အဲ့လိုလုပ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး… ”

ယုရှောက်တန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ဟန်မူယဲ့ကို ကြည့်သော သူ၏ မျက်လုံးထဲမှာ မျှော်လင့်ချက်အရိပ်အယောင် ထွက်ပေါ်လာသည်။

ကျင်းဟုန်၏ မျက်လုံးထဲမှာလည်း နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ ခေါင်းထဲသို့ ဆက်တိုက် ဝင်ရောက်လာနေသော နတ်ဘုရားသခင်၏ စကားသံများသည်ပင် တုန်ယင်နေသော သူ၏ ဝိညာဉ်ကို မဖိနှိပ်နိုင်ပေ။

“ ရှေးခေတ်မှာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က အသင်္ချေလောကအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ငါကြားဖူးတယ် ”

“ အသင်္ချေလောကက တစ်ခုတည်း ပေါင်းစည်းသွားခြင်း… လူတစ်ယောက်က အသင်္ချေလောကအဖြစ် ပြောင်းလဲသွားခြင်း… အဲ့ဒါက နယ်ပယ်တစ်ခုပဲ ”

ယုရှောက်တန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။

ထိုသို့ဒဏ္ဍာရီလာအဆင့်က အာဏာရှင်အဆင့်ထိသာ တတ်လှမ်းဖူးသော သူတို့အတွက် လက်လှမ်းမမှီနိုင်သောအရာ ဖြစ်သည်။

ယင်းက အစစ်အမှန်လော သို့မဟုတ် ကောလဟာလလော သူတို့မသိပေ။

“ သူရောက်လာပြီ ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်လေရာ ရွှေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

သူ၏ အရှေ့တွင် ကျင်းဟုန်က တုန်ယင်သွားသည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်ကို အသင်္ချေအလင်းတန်းများက အစားထိုးသွားသည်။

ရွှေရောင်ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်ထဲမှ မောင်းထုတ်ခံလိုက်ရပြီး ယုရှောက်တန်၏ အကြွင်းအကျန်ဝိညာဉ်ဘေးသို့ လွင့်မျောသွားသည်။

နောက်အခိုက်အတန့်မှာ ဟန်မူယဲ့၏ ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်က ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။ သူက ဟန်မူယဲ့နှင့် သူ့အနောက်မှ ယုရှောက်တန်နှင့် ကျင်းဟုန်ကို ကြည့်လိုက်သည်။

“ အတိတ်က ပုရွက်ဆိတ်လေးတွေပါလား… အသက်ရှင်ရတာ ငြီးငွေ့နေလို့ နောက်တစ်ကြိမ် ထပ်သေချင်တာလား ”

ထိုအသံက သိမ်မွေ့နူးညံ့ပြီး အလွန်ကျယ်သည်။

သူ၏ စကားသံဖြင့်ပင် ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က တစ်စစီ အက်ကွဲသွားသည်။

နတ်ဘုရားအဆင့်… ။

သူက ဝိညာဉ်အမှတ်အသားမှတဆင့် ဤနေရာသို့ ဆင်းသက်လာရန် မရေမတွက်နိုင်သော ကမ္ဘာများ၊ လောကများကို ဖြတ်ကျော်ခဲ့ရသည်။ သို့တိုင် သူက နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။

နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်၏ ခြေတစ်လှမ်း သို့မဟုတ် ရိုးရှင်းသော လက်ဝှေ့ယမ်းမှုက ဘုံတစ်ခုကို ပျက်စီးသွားစေနိုင်သည်။ ယင်းက ဘုံများထက် ကျော်လွန်သွားသော စွမ်းအား ဖြစ်သည်။

မဟာပန်သွန်ဘုံကဲ့သို့ အဆင့်မြင့်ဘုံများသာလျှင် ထိုသို့နတ်ဘုရားစွမ်းအားကို ထိန်းသိမ်းနိုင်ပေသည်။

အတိတ်၌ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ် အခြေချနေထိုင်ခဲ့သော ဟင်းလင်းပြင်ဝိညာဉ်ဘုံသည် မဟာပန်သွန်ဘုံထက် အားမနည်းသော အဆင့်မြင့်ဘုံတစ်ခု ဖြစ်သည်။

နတ်ဘုရားအဆင့် ပညာရှင်သည် အတိတ်မှာ သူချန်ထားခဲ့သော ဝိညာဉ်အမှတ်အသားကို အသုံးပြု၍ ဤနေရာသို့ ဆင်းသက်လာပြီး ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။

ထိုသို့နည်းလမ်းက ရိုးရှင်းဟန် ထင်ရသော်လည်း အလွန်အံ့ဖွယ်ကောင်းသည်။

“ ကောင်လေး… မင်းဖွဲ့စည်းထားတဲ့ နတ်သားရဲကိုယ်ပွားက မဆိုးဘူး… ဒါပေမဲ့ မင်းရဲ့ အခြေခံအုတ်မြစ်က အားနည်းနေသေးတယ် ”

နတ်ဘုရားပညာရှင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်း ငါ့ကို နန်းအန်နတ်သခင်လို့ ခေါ်နိုင်တယ် ”

“ တကယ်လို့ မင်းဆန္ဒရှိတယ်ဆိုရင် ငါမင်းကို ဝိညာဉ်စွမ်းအား အပ်နှင်းပေးပြီး ငါ့ရဲ့ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်အဖြစ် ပြောင်းလဲပေးမယ် ”

နန်းအန်နတ်သခင်က လက်မြှောက်လိုက်ပြီး ဟန်မူယဲ့၏ အနောက်မှ ယုရှောက်တန်နှင့် ကျင်းဟုန်ကို လက်ညှိုးညွှန်ပြလိုက်သည်။ ဟင်းလင်းပြင်ဝိညာဉ်စွမ်းအားက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

“ အတိတ်မှာ အဲ့ဒီပုရွက်ဆိတ်နှစ်ကောင်က အရမ်းခေါင်းမာခဲ့တာ… အဲ့ဒါက သူတို့တွေ့ဆုံခဲ့တဲ့ အဆုံးသတ်ပဲ ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်အဖြစ် ပြောင်းလဲပေးမယ်… ။

အကယ်၍ တစ်စုံတစ်ယောက်က တစ်ဖက်လူ၏ စွမ်းအားကို လက်ခံလိုက်ပြီး သူ့ကို ရိုသေကိုးကွယ်မည်ဆိုလျှင် သူက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်လာပြီး ဟင်းလင်းပြင်ချိုးဖြတ်စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မည်။ တစ်နေ့နေ့မှာ သူက နတ်ဘုရားအဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်။

သို့သော်လည်း အကယ်၍ သူက အညံ့ခံပြီး ရိုသေကိုးကွယ်မည်ဆိုလျှင် နတ်ဘုရားအဆင့်သို့ သူတတ်လှမ်းသွားသည့်အခါ သူတို့အရှေ့မှ နန်းအန်နတ်သခင်၏ ဝါးမျိုခံရလိမ့်မည်။

ဟန်မူယဲ့၏ အမူအရာက တည်ငြိမ်သည်။ သူက သူ့လက်ထဲမှ သုံးပေရှည်လျားသော ဓားကို မြှောက်တင်လိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာ ဓားအလင်းက သိပ်သည်းသွားပြီး ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ချိပ်ပိတ်လိုက်သည်။

“ စီနီယာနှစ်ယောက်… နတ်ဘုရားကို သတ်ဖြတ်တဲ့နေရာမှာ ကျုပ်ကို ကူညီပေးကြပါ ”

ဟန်မူယဲ့က တိုးညင်းစွာ ပြောသည်။

ဓားအလင်းအားလုံး၊ လျှပ်စီးအားလုံးနှင့် မီးတောက်အားလုံးက သူ၏ လက်ထဲမှ ဓားပေါ်သို့ စီးဆင်းသွားသည်။

ဤလောက၏ စွမ်းအားက မိုးမြေမဟာတာအိုအဖြစ် ပြန့်ကျဲသွားပြီး နတ်ဘုရားအဆင့် အလင်းအဖြစ် စုဝေးသွားသည်။

ဟန်မူယဲ့၏ လက်ထဲ၌ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ရောင်ခြည်က နတ်ဘုရားအဆင့် စွမ်းအား၏ ထွန်းလင်းတောက်ပမှု ဖြစ်သည်။

ထိုဓားက နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်များကို သတ်ပစ်နိုင်သည်။

ဟန်မူယဲ့၏ လက်ထဲမှ ဓားအလင်းကို မြင်သောအခါ ယုရှောက်တန်နှင့် ကျင်းဟုန်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပြုံးလိုက်ကြသည်။ သူတို့၏ ပုံရိပ်က တိုက်ရိုက် လွင့်ပြယ်သွားသည်။

“ ဗုန်း ”

ဟန်မူယဲ့၏ ဘယ်ဘက်မျက်လုံးထဲ၌ လစန္ဒာသဖွယ် အေးမြကြည်လင်သော ဓားအလင်းက ပေါ်လျှိုးလာနေစဉ် သူ၏ ညာဘက်မျက်လုံးထဲ၌ ရွှေကျီးကန်းနတ်ဘုရားမီးတောက်က သူရိန်နေမင်းသဖွယ် ထွက်ပေါ်လာသည်။

ယုရှောက်တန်နှင့် ကျင်းဟုန်၏ ထောက်ပံ့ပေးမှုအောက်မှာ စွမ်းအားသုံးမျိုးက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းသွားကြသည်။ ယင်းက အတိတ်မှ သူတို့၏ အထွတ်အထိပ်စွမ်းအားကို ပြန်လည်ထုတ်ဖော်လိုက်သည်။

“ ဟား ဟား… ငါအရင်သွားမယ် ”

ကျင်းဟုန်၏ အော်သံက ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ မီးတောက်မီးလျှံများက ဟန်မူယဲ့၏ ညာဘက်မျက်လုံးထဲမှ ထွက်ပေါ်လာပြီး မီးနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားကာ ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။

ဟင်းလင်းပြင်ချိုးဖြတ်ခန္ဓာကိုယ်က တုန်ယင်သွားပြီး ၎င်း၏ ပုံရိပ်က မှေးမှိန်သွားသည်။ ဤအခိုက်အတန့်မှာ ၎င်းက ပြိုကွဲသွားတော့မည့်အလားပင်။

“ ငါက ချိပ်ပိတ်နယ်မြေထဲမှာ နှစ်ပေါင်းဘီလီယံနဲ့ချီ နေထိုင်ခဲ့ပြီး မိုးမြေရဲ့ မီးတောက်စွမ်းအားကို ဆင်ခြင်နားလည်ခဲ့တယ်… ဘာလို့ ငါ့ရဲ့ မီးနဂါးက နတ်ဘုရားကို ကြောက်ရမှာလဲ ”

ကျင်းဟုန်က မောက်မာထောင်လွှားစွာ ပြောသည်။

အရှေ့၌ မီးနဂါးဖြင့် ထိမှန်သွားသော ပုံရိပ်ယောင်ခန္ဓာကိုယ်က “ ဘန်း ” ဟူသော မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။

သို့သော်လည်း ပေါက်ကွဲသွားသော ပုံရိပ်ယောင်ခန္ဓာကိုယ်က မလွင့်ပြယ်သွားပေ။ ယင်းအစား သန်းနှင့်ချီသော ခန္ဓာကိုယ်များအဖြစ် ဖွဲ့စည်းသွားသည်။

“ နတ်ဘုရားအဆင့်ကို ထိတွေ့ဖူးရုံနဲ့ နတ်ဘုရားတွေရဲ့ မိုးမြေကို မင်းမြင်နိုင်ပြီလို့ ထင်နေတာလား ”

“ ကောက်ရိုးမီးကများ နတ်ဘုရားမီးတောက်ကို ယှဉ်ချင်တာလား ”

နန်းအန်နတ်သခင်၏ အထင်သေးရှုံ့ချသော စကားသံက သန်းနှင့်ချီသော ခန္ဓာကိုယ်များထံမှ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။

“ ဗုန်း ”

ပုံရိပ်ယောင်ခန္ဓာကိုယ်အားလုံးက နောက်အခိုက်အတန့်မှာ မီးတောက်များအဖြစ် ပြောင်းလဲသွားကြသည်။

နတ်ဘုရားအဆင့် အစွမ်းထက်ပညာရှင်များသည် နတ်ဘုရားမူလစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

“ နတ်ဘုရားဖြစ်သွားတဲ့ မီးတောက် ”

ကျင်းဟုန်၏ အသံထဲမှာ ဆန္ဒမရှိသော အရိပ်အယောင် ပါဝင်နေသည်။

“ ဒီတော့ အဲ့ဒါက နတ်ဘုရားဖြစ်သွားတဲ့ မီးတောက်ကို… အတိတ်မှာ ငါမင်းကို ရှုံးသွားခဲ့တာ မထူးဆန်းတော့ပါဘူး ”

ရွှေရောင်မီးနဂါးက ဟင်းလင်းပြင်ထဲမှာ ရပ်တန့်သွားပြီး ၎င်းအပေါ်သို့ ကျဆင်းလာနေသော နတ်ဘုရားမီးတောက်များကို ကြည့်လိုက်သည်။

ကျင်းဟုန်က မီးတောက်တာအိုပညာရှင်ဖြစ်သော်လည်း နတ်ဘုရားအဆင့် မီးတောက်၏ အရှေ့မှာ အညံ့ခံရုံသာ တတ်စွမ်းပေသည်။

“ ငါဒီလောက်ပဲ တတ်နိုင်တယ်… ကျန်တာက မင်းတို့အပေါ်မှာပဲ မူတည်တယ် ”

ကျင်းဟုန်က တီးတိုးပြောလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မီးနဂါးက ပြိုကွဲလုနီးပါး အားနည်းသွားသည်။

“ သူက မီးတောက်မူလစွမ်းအားကနေ နတ်ဘုရားဖြစ်လာတာလား ”

ဟန်မူယဲ့က တီးတိုးပြောသည်။

“ မဟုတ်ဘူး… သစ်သားက မီးကို မွေးဖွားပေးနိုင်တယ်… သူက သစ်သားဒြပ်စင် နတ်ဘုရားတစ်ပါး ”

All Chapters