← Chapters

သခင်မာကျန်း

Vol. 50 Ch. 747

သခင်မာကျန်း

Vol. 50 Ch. 747

လုယန်ကိုမြင်လိုက်ရသဖြင့် လောင်မာ အတော်အမူးပြေသွားသည်။

ရုပ်ဖျက်ထားသော်လည်း လုယန်နှင့် အချိန်အတော်ကြာသိကျွမ်းခဲ့သူဖြစ်၍ ချက်ချင်းရိပ်မိသည်။

လောင်မာ၏အကြည့်က လုယန်ဘေးမှ လူလေးယောက်ဆီရောက်သွားသည်။ လုံးဝအမူးပြေသွားသည်။

မဖြစ်နိုင်ဘူး...မင်းတို့ငါးယောက် ဘယ်လိုရောက်လာတာလဲ...

ငါမင်းတို့ကိုချန်ထားခဲ့တဲ့နေရာနဲ့ ဒီနေရာကနေ အဝေးကြီးပါ။ မင်းတို့အမြန်နှုန်းနဲ့ စွမ်းအားပြည့်ပျံသန်းရင်တောင် ဒီကိုရောက်ဖို့ ဆယ်ရက်လောက်ကြာမှာ...

အခု မင်းတို့က ငါအိမ်ကိုရောက်တဲ့နေမှာတင် ဆိုက်ဆိုက်မြိုက်မြိုက် တန်းရောက်လာတယ်ပေါ့။

မြင်းနဂါးမျိုးနွယ်သည် ခွန်ဖုန်မျိုးနွယ်၊ ရွှမ်ဝူမျိုးနွယ်ကဲ့သို့ ထိပ်တန်းပင်လယ်မျိုးနွယ်ဆယ်ခုနှင့် မယှဉ်နိုင်သော်လည်း အရှေ့ပင်လယ်တွင် အတော်လေးအဆင့်အတန်းမြင့်သည်။ မဟာရှားဂိုဏ်းများကဲ့သို့ အဆင့်ခွဲကြည့်လျှင် ပထမအဆင့်ဂိုဏ်းနှင့် တန်းတူအဆင့်ရှိသည်။

လောင်မာပြန်လာသဖြင့် မြင်းနဂါးမျိုးနွယ်၏အဆင့်အတန်းက နောက်ထပ်မြင့်တက်သွားသည်။

ဤနှစ်များအတွင်း လောင်မာဆက်တိုက်လေ့ကျင့်ခဲ့သည်။ မြင်းနဂါးမျိုးနွယ်၏ ထိပ်တန်းစွမ်းအားရှင်ဖြစ်လာသည်။ မျိုးနွယ်ခေါင်းဆောင်နှင့် မဟာအကြီးအကဲများပင် သူ့ကိုမယှဉ်နိုင်။

သူအိမ်ပြန်လာခြင်းသည် သူ့အောင်မြင်မှုကို ကြွားလုံးထုတ်လို၍ဖြစ်သည်။

ထို့ကြောင့်လည်း မုန်ကျင်းကျိုးတို့လူစုကို နယ်စပ်တွင် သူတမင်ချန်ထားခဲ့သည်။ သူတို့စွမ်းရည်အရ လမ်းမေး‌၍လာလျှင်၊ မြေပုံရှာ၍လာလျှင် အနည်းဆုံး ဆယ်ရက်ကြာမှ အရှေ့ပင်လယ် ရေနက်ပိုင်းသို့ရောက်မည်။

ထိုဆယ်ရက်သည် လမ်းတွင်ကြုံရမည့် အနှောက်အယှက်များကို ထည့်မတွက်သေး။ တစ်ခုခုပြဿနာကြုံလျှင် ဆယ့်ငါးရက်ခန့်ကြာနိုင်သည်။

ယခု နှစ်လကြာမှပြန်ဆုံဖို့ ချိန်းထားသူများက သုံးရက်အကြာတွင် အချင်းချင်းပြန်တွေ့ကြသည်။ အတော်ကိုးယို့ကားယားနိုင်သည့် အခြေအနေဖြစ်သည်။

"မိတ်ဆွေ၊ သခင်စစ်မာကို ဂုဏ်ပြုကြဦးလေ"

လုယန်တို့ငါးယောက် ငေးကြောင်၍ရပ်နေသဖြင့် ဖန်ရှန်းကျွန်းသူရဲကောင်းသုံးယောက်က သိစိတ်အသံလှိုင်းမှ လှမ်းပြောသည်။

နဂါးမျိုးနွယ်မှ သခင်စစ်မာသည် ခင်မင်နှစ်လိုဖွယ်ကောင်းသည်ဆိုသော်လည်း စုစည်းခြင်းအဆင့်ဖြစ်သည်။ သူစိတ်အလိုမကျဖြစ်သွားလျှင် တစ်ချက်လှုပ်ရှားရုံဖြင့် နတ်ဝိညာဉ်အဆင့်တစ်ယောက် ခုခံနိုင်မည်မဟုတ်။

"သခင်စစ်မာကို ဂုဏ်ပြုပါတယ်"

လုယန် လေးလေးစားစားပြောသည်။ ယွမ်ကျိ၏မောင်လေး၊ ထာဝရမျိုးဆက်ဒုခေါင်းဆောင်၊ ကောင်းကင်ရုံးတော်ဂိုဏ်း၏သခင်လေး၊ ဖီးနစ်ဘိုးဘေး၏အကိုကြီးဖြစ်သော်လည်း သူကိန်းကြီးခန်းကြီးမနေ။ ယဉ်ကျေးသိမ်မွေ့သည်။ အထူးသဖြင့် ကိုယ့်ထက်ဝါရင့်သူများကို ရိုသေလေးစားသည်။

"သခင်စစ်မာကို ကျုပ်တို့ဂုဏ်ပြုပါတဘ်"

မုန်ကျင်းကျိုးနှင့် ကျန်သည့်လူများလည်း ရယ်ချင်စိတ်ကိုထိန်း၍ ဂုဏ်ပြုကြသည်။

"သခင်စစ်မာက ဒီငါးယောက်နဲ့သိကျွမ်းလို့လား"

အစောပိုင်းက ပွဲစည်အောင် ဒရာမာခင်းခဲ့သည့် လောင်မာ၏လူယုံက မေးသည်။ လောင်မာနှင့် လုယန်တို့လူစုဆက်ဆံပုံက တစ်ခုခုထူးခြားနေမှန်း သူသတိထားမိသည်။

"မှတ်မိတာပေါ့။ ကျုပ်တို့ ကံထူးလို့ သခင်စစ်မာနဲ့ တာအိုလမ်းစဉ်ဂိုဏ်းမှာ တွေ့ဆုံခဲ့ဖူးတယ်လေ"

လုယန်က နှစ်လိုဖွယ်အပြုံးဖြင့် ဖြေသည်။

"အား..ဟုတ်တယ်။ ငါသူတို့ကိုသိတယ်။ သူတို့က မဟာရှားကပဲ။...မင်းတို့က မဟာရှားရဲ့ ဘယ်အပိုင်းမှာနေတာပါလိမ့်"

"ဓာတ်ငါးမျိုးဂိုဏ်းပါ"

"ဟုတ်တယ်။ သူတို့က ဓာတ်ငါးမျိုးဂိုဏ်းက ပါရမီရှင်တွေပဲ။ တကယ်ထူးခြားတဲ့လူတွေပါ။ လူမှုအသိုင်းအဝိုင်းရဲ့ ပင်မဒေါက်တိုင်အစစ်တွေ။ အနာဂတ်မှာ အောင်မြင်လာမယ့်လူတွေပဲ"

လုယန်တို့ သူ့သရုပ်မှန်ကို ထုတ်မပြောစေရန် လောင်မာက ရက်ရက်ရောရော ချီးကျူးသည်။

"ဓာတ်ငါးမျိုးဂိုဏ်းဆိုတာ မသေမျိုးငါးဂိုဏ်းထဲကဂိုဏ်းတစ်ခုမဟုတ်လား"

တစ်ယောက်က တအံ့တဩရေရွတ်သည်။ တကယ်အထင်ကြီးစရာ နောက်ခံမျိုးဖြစ်သည်။ ဘိုးဘေးလောင်မာ ထိုငါးယောက်ကို ထိုမျှအလေးထားသည်မှာ မဆန်းတော့။

ပင်လယ်မျိုးနွယ်တစ်ချို့က ကြိုတင်အရင်းအနှီးထည့်သည့်အနေဖြင့် သူတို့မျိုးဆက်သစ်များနှင့် ထိုငါးယောက်ကို လက်ဆက်ပေးဖို့ပင် စဉ်းစားနေကြသည်။

ပင်လယ်မျိုးနွယ်၏ အားသာချက်တစ်ခုက မျိုးဆက်ပေါများခြင်းပင်ဖြစ်သည်။ ရင်းနှီးထားသည့်ကိစ္စ မအောင်မြင်လည်း သိပ်အရေးမကြီး။ သို့သော် အောင်မြင်ခဲ့လျှင် အကျိုးအမြတ်များစွာရလာမည်။

မုန်ကျင်းကျိူး အဆက်မပြတ် ‌ခေါင်းငြိမ့်နေသည်။

"သခင်စစ်မာက ကျုပ်တို့မဟာရှားမှာ နာမည်ဂုဏ်သတင်းကျော်ဇောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကူးဖြတ်ခြင်းအဆင့် မသေမျိုးတစ်ဝက်အဆင့် တိုက်ပွဲတွေ အတော်များများဖြစ်ခဲ့တယ်။

သခင်စစ်မာက တိုက်ပွဲဖြစ်တဲ့အချိန်တိုင်းမှာ ရှိခဲ့တယ်။ တိုက်ပွဲကြားမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားပြီး အကောင်းပကတိ ပြန်ထွက်လာတယ်။ ဒါဟာ သူ့မှာ အလွန်ပါးနပ်တဲ့နည်းဗျူဟာတွေ ရှိနေတဲ့သက်သေပဲ။

ကူးဖြတ်ခြင်းအဆင့်တွေတောင် သူ့ကို ဝါရင့်တစ်ယောက်လို 'လောင်'တပ်ပြီးခေါ်ရတယ်။ တာအိုလမ်းစဉ်ဂိုဏ်းဟာ အဝင်အထွက် စည်းကမ်းအရမ်းတင်းကြပ်တယ်။ ဒါပေမယ့် သခင်စစ်မာအတွက်တော့ ချွင်းချက်ပါ။

သူ့စိတ်ကြိုက်ဝင်ထွက်နိုင်တယ်။ သူ့ကိုတားဆီးတဲ့လူ တစ်ယောက်မှမရှိဘူး"

စားသောက်ပွဲပြီးဆုံးပြီးနောက် လောင်မာက လုယန်တို့ငါးယောက်ကို တိတ်တဆိတ်လာတွေ့သည်။ နန်းတော်၏ဘေးခန်းတစ်ခုထဲသို့ တီးတိုးခေါ်သည်။

"မင်းတို့ဘာလို့ ဒီကိုရောက်လာတာလဲ"

ထိုမေးခွန်းမေးဖို့ စားသောက်ပွဲကျင်းပနေစဉ်းတစ်လျှောက်လုံး လောင်မာ မျိုသိပ်ထားခဲ့ရသည်။

လုယန်က အရိုးခံမျက်နှာဖြင့် ပြန်ဖြေသည်။

"အရှေ့ပင်လယ်ကို ကျုပ်တို့အခုမှရောက်ဖူးတာလေ။ ဘယ်နေရာဘာရှိမှန်းမသိတော့ မြေပုံဝယ်ဖို့ အဆင့်မြင့်ကျင့်ကြံသူတွေရှိတဲ့နေရာကို ရှာကြတယ်။ အဲလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီကိုရောက်လာတာပဲ။ တကယ်တိုက်ဆိုင်မှုသက်သက်ပါ"

တမင်ရည်ရွယ်ခဲ့ခြင်းမဟုတ်ကြောင်း လုယန် အလေးအနက်ပြောသည်။

လောင်မာ "..."

ထိုငါးယောက်ကို သူအလျင်စလို ချန်မထားခဲ့သင့်။ မြေပုံတစ်ခု ပေးထားခဲ့လျှင် ယနေ့လိုပြဿနာမျိုး ဖြစ်မည်မဟုတ်။

"ဒီမှာပဲစောင့်ပါ။ မင်းတို့အတွက် ငါမြေပုံရှာပေးမယ်"

လောင်မာ မကျေမနပ်ပြောသည်။ အရှေ့ပင်လယ်သို့မပြန်ဖြစ်သည်မှာ နှစ်တစ်ရာကျော်ကြာပြီဖြစ်၍ သူ့လက်ထဲတွင် ဘာမြေပုံမှမရှိ။

မကြာမီ ကျောက်စိမ်းပြားငါးခု ပါးစပ်တွင်ကိုက်၍ လောင်မာပြန်ရောက်လာသည်။ အချိန်တိုအတွင်း သူရှာတွေ့နိုင်သည့် အသေးစိတ်အကျဆုံးမြေပုံများဖြစ်သည်။

ကျောက်စိမ်းပြားများကို ဝိညာဉ်အာရုံဖြန့်ကြည့်ပြီးနောက် အရှေ့ပင်လယ်၏ နယ်နိမိတ်ကို လုယန်တို့ အပြည့်အဝမြင်ကြရသည်။

မှန်သည်။ ရတနာနန်းဆောင်တွင်ရောင်းသည့် မြေပုံများထက် ပို၍ပြည့်စုံသည်။ ထိပ်တန်းပင်လယ်မျိုးနွယ်ဆယ်ခု၏ တည်နေရာများမှစ၍ လူသားမျိုးနွယ်ကျွန်းများအထိ အားလုံးပါသည်။

သိပ်နာမည်မကြီးသည့် ပင်လယ်မျိုးနွယ်တို့၏နေရာများပင် ညွှန်ပြထားသည်။

လုယန်တို့လူစုကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် လောင်မာ အတော်စိတ်ချမ်းသာသွားသည်။ စားသောက်ပွဲတွင် သူတို့ရှိနေသဖြင့် လွတ်လွတ်လပ်လပ်မပျော်ရဲခဲ့။

"အကြောင်းတစ်ခုရှာပြီး နောက်ထပ်စားသောက်ပွဲတစ်ခု ကျင်းပရင်ကောင်းမလား။ ဘာကိုအကြောင်းပြရင် အဆင်ပြေမလဲ..."

ပင်လယ်မျိုးနွယ်တို့သည် စားသောက်ပွဲများကျင်းပရသည်ကို နှစ်ခြိုက်သည်။ ရှေးခေတ်ကတည်းက နဂါးမျိုးနွယ်ချန်ရစ်ခဲ့သည့် ထုံးတမ်းဓလေ့ဖြစ်သည်။

"ရှေးဟောင်းခေတ်မှာတုန်းက ငါတို့လည်း စားသောက်ပွဲတွေ ခဏခဏလုပ်တယ်"

နတ်မယ်ကပြောသည်။

"အထူးသဖြင့် ကျူးထန်သီချင်းဆိုပြီးကပြဖျော်ဖြေတဲ့ပွဲတွေဆို အရမ်းစည်ကားတယ်"

အရှေ့ပင်လယ်သို့ဝင်လာပြီးနောက် လုယန်၏ သိစိတ်နယ်မြေကို နတ်မယ်က ပြောင်းလဲလိုက်ပြန်သည်။ သိစိတ်နယ်မြေကို ပင်လယ်ရေဖြင့်ဖြည့်သည်။ သူ့ကိုယ်သူ ရေသူမအဖြစ်အသွင်ပြောင်းသည်။ သက်တောင်သက်သာ စိတ်လွတ်ကိုယ်လွတ် ရေကူးနေသည်။

ရေပြင်ပေါ်တွင် ရေမြှုပ်မွေ့ရာတစ်ခုလည်း ပြင်ထားသည်။ မောပန်းလာလျှင် ထိုမွေ့ရာပေါ်လှဲအိပ်သည်။ အတော်ဇိမ်ကျနေသည်။

ခေါင်းကိုနည်းနည်းခါလိုက်သည်နှင့် ရေလှုပ်သံကိုကြားနေရသလိုလို လုယန်ထင်မိသည်။

"ဒုခေါင်းဆောင်၊ နင်ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်သင့်တယ်။ နင့်သိစိတ်နယ်မြေက သိပ်မကျယ်သေးဘူး"

နတ်မယ် စိတ်အားထက်သန်စွာ ဩဝါဒချွေသည်။ လုယန်အလေလိုက်ပြီး ရေသာခိုမနေစေချင်။

"နတ်ဆိုးနယ်မြေနဲ့ အရမ်းဝေးနေတာ ဆိုးတာပဲ။ နီးရင် ကျူးထန်ကိုခေါ်ပြီး ဒီအရှေ့ပင်လယ်မှာ စားသောက်ပွဲချက်ချင်းစီစဉ်ခိုင်းလို့ရတယ်"

နတ်မယ်က မှတ်ချက်ပြုသည်။ သူပြောသည့် စားသောက်ပွဲဆိုသည်မျှာ မသေမျိုးများ၏ ခမ်းနားထည်ဝါသည့် ဒဏ္ဍာရီစားသောက်ပွဲမျိုးကို ရည်ညွှန်းသည်။ မြင်းနဂါးတစ်ကောင်၏ စားသောက်ပွဲမျိုးက ယှဉ်ဖို့အရည်အသွေးမမီ။

ကျူးထန်သည် နတ်ဆိုးနိုင်ငံအုပ်ချုပ်သူဖြစ်၍ နတ်မယ်အနေဖြင့် သိက္ခာထိန်းခွင့်နည်းနည်းတော့ပေးသင့်သည်ဟု လုယန်တွေးနေသည်။

ခရီးထွက်မလာမီ ကျူးထန်က 'အကိုကြီး'ဟု ခေါ်ခဲ့သည့်အဖြစ်ကို လုယန်ပြန်သတိရလာသည်။ စိတ်ရင်းစေတနာပြသည့်အနေဖြင့် အင်ပါယာထိုင်ခုံလေးခု အတင်းပေးခဲ့သည်။

"မိတ်ဆွေတို့။ အရှေ့ပင်လယ်မှာ တစ်ခြားသွားစရာနေရာတစ်ခုခုရှိလား။ မရှိရင် ကျုပ်တို့ဖန်ရှန်းကျွန်းကို အလည်လိုက်ခဲ့ကြပါလား။ စကားလေးဘာလေးပြောရတာပေါ့"

ဖန်ရှန်းသူရဲကောင်းများက သူတို့ကိုဖိတ်ခေါ်သည်။

မဟာရှားကျင့်ကြံသူများကို သူတို့တွေ့ရခဲသည်။ အထူးသဖြင့် ဓာတ်ငါးမျိုးဂိုဏ်းလို ထိပ်တန်းအဖွဲ့အစည်းမှလူများကိုတွေ့ရဖို့ အလွန်ခဲယဉ်းသည်။ ထို့ကြောင့် အခွင့်ကြုံတုန်း ရင်းနှီးခွင့်ရလိုခြင်းဖြစ်သည်။

"ကောင်းတာပေါ့"

မုန်ကျင်းကျိုး လွယ်လွယ်ပင်သဘောတူလိုက်သည်။ သူတို့တွင် တစ်ခြားအစီအစဉ်လည်းမရှိ။ ဖန်ရှန်းကျွန်းသို့ သွားလည်ရလျှင် မဆိုးလှ။

**********************************

All Chapters