← Chapters

ပြိုင်ပွဲ

Vol. 50 Ch. 736

ပြိုင်ပွဲ

Vol. 50 Ch. 736

"လောင်လု၊ စိတ်မပူပါနဲ့။ မင်းဆိုးဆိုးဝါးဝါးမရှုံးစေရဘူး"

မုန်ကျင်းကျိုးက ပြောသည်။ ညီအကိုရင်းစိတ်ဓာတ်ဖြင့် လုယန်ကို သိက္ခာနည်းနည်းထိန်းနိုင်အောင်လုပ်မည့်သဘောဖြစ်သည်။

လုယန် မျက်နှာတင်းသွားသည်။

"မုန်ကျင်းကျိုး၊ မင်းအရှက်မရှိဘူးလား။ ငါက ခုနစ်စဉ်ကြယ်ဓားစက်ဝန်းလည်း သုံးလို့မရဘူး။ ရွာလက်ဝါးပညာလည်း သုံးလို့မရဘူး။

မင်းသေတဲ့အထိ ရသာသုံးပါးမီးတောက်ကိုပဲ မှုတ်ထုတ်နေရမှာလား"

ခုနစ်စဉ်ကြယ်ဓားစက်ဝန်းနှင့် ရွာလက်ဝါးပညာများသည် ဂိုဏ်းသခင်လေးလုအဖြစ်သုံးခဲ့သည့် ပညာများဖြစ်သည်။ လူရှေ့သူရှေ့တွင် ထုတ်ပြ၍မရ။

မသေမျိုးသတ်ဓားစက်ဝန်းသည်လည်း ဂိုဏ်းသခင်လေးလုအဖြစ်သုံးဖို့ ထိန်းထားရသည်။ ထိုပညာလည်း သုံး၍မဖြစ်။

တစ်ခြားအဆင့်တူကျင့်ကြံသူဆိုလျှင် ထိုပညာများမသုံးသော်လည်း အနိုင်ယူနိုင်မည်ဟု လုယန်ယုံကြည်သည်။

သို့သော် မုန်ကျင်းကျိုးက သူများနှင့်အတူ။ တကယ်အားစိုက်ပြီးမတိုက်ခိုက်လျှင် သူအနိုင်မရနိုင်။

"ငါတစ်ဆင့်လျှော့ပေးမယ်လေ။ ကျိန်စာလက်သီးမသုံးဘူးလို့ကတိပေးတယ်။ ဘယ်လိုလဲ"

မုန်ကျင်းကျိုးက သဘောထားကြီးစွာ ကမ်းလှမ်းသည်။

မုန်ကျင်းကျိုးနှင့် ဘယ်သူမှမတိုက်ခိုက်ရဲသည့်အကြောင်းရင်းက ထိုကျိန်စာလက်သီးကိုကြောက်၍ဖြစ်မည်ဟု လုယန်တွေးမိနေသည်။

ထိုလက်သီးထိလျှင် သူတို့ကံကြမ္မာလည်း မုန်ကျင်းကျိုးလို ဆိုးဝါးသွားမည်။

သို့သော် လုယန်လည်း ပေါ့သေးသေးမဟုတ်။ လုအရဟတ်လက်သီးကိုလည်း တစ်ခြားလူများက ကြောက်ကြသည်။

"...မင်းအလျှော့ပေးစရာမလိုပါဘူး။ ငါ့ကို အဲဒီလက်သီးနဲ့တိုက်ခိုက်စမ်းပါ။ ဘယ်သူပိုမာသလဲကြည့်ရအောင်"

သူသည် မသေမျိုးတို့၏ စမ်းသပ်မှုများကို အသက်မသေဘဲ ရင်ဆိုင်နိုင်ခဲ့သူဖြစ်သည်။ တစ်ကိုယ်တော်ကျိန်စာလက်သီးက သူ့ကိုအန္တရာယ်ပေးနိုင်မည်ဟုမထင်မိ။

မုန်ကျင်းကျိုးက သူ့စကားကို မကြားချင်ယောင်ဆောင်နေသည်။ သူအရူးမဟုတ်။ လုယန်ဆိုသည် သူတောင်းစားသည် အမြဲတမ်း ပြဿနာကိုလက်ယပ်ခေါ်သည်။ ပြဿနာများကြား ဝင်တိုးမိသည်။

နောင်တစ်ချိန် မသေမျိုးတစ်ဝက် သို့မဟုတ် မသေမျိုးတစ်ယောက်နှင့် လုယန်လက်မထပ်ပါဟု ဘယ်သူမှ အတပ်မပြောနိုင်။ လုယန်ကို ကျိန်စာလက်သီးဖြင့် သူမတိုက်ခိုက်ရဲ။

"လောင်လု၊ မင်းဘာမှမပြောရင် သဘောတူတယ်လို့ မှတ်လိုက်မယ်နော်"

မုန်ကျင်းကျိုး အေးစက်စက်ပြုံး၍ပြောသည်။ တိုက်ပွဲစသည်နှင့် လုယန်ဆန္ဒရှိရှိမရှိရှိ သဘောတူရတော့မည်။

"ညီမထောင်၊ မတွေ့ရတာ တစ်နှစ်ကြာပြီနော်။ ညီမရဲ့ကျင့်စဉ်တိုးတက်မှု ဘယ်လောက်ရှိလာလဲ ဒါမှမဟုတ် လုံးဝတိုးတက်မလာဘူးလားဆိုတာ သိချင်မိတယ်"

လန်ထင် လက်ချောင်းများကိုလှုပ်ခါ၍ လေဝဲကတော့များစွာဖန်တီးလိုက်သည်။ အားနည်းသယောင်ထင်ရသည်။ သို့သော် နတ်ဝိညာဉ်အလတ်တန်းအဆင့်မှန်သမျှ ထိုလေဝဲနှင့်တွေ့လျှင် အကြီးအကျယ်ဒဏ်ရာရသွားလိမ့်မည်။

ထောင်ယော်ယဲ့က ထီးကိုဝေ့ယမ်းလျက် ခြေဖျားထောက်၍ခန္ဓာကိုယ်ကိုလှည့်ပတ်ပြီး နေရာစုံမှဝင်လာသည့် လေဝဲများကို ကာကွယ်သည်။

"ညီမလန်က သက်သက်ဒုက္ခခံနေတာပဲ။ ကျင့်ကြံမှုမှာ ဇွဲရှိဖို့က အဓိကပါ။ ရေရှည်စိတ်နှစ်ပြီးလေ့ကျင့်ရင် အကျိုးကျေးဇူးနည်းနည်းတော့ရလာမှာပါ။ လောကမှာ ကျင့်ကြံချင်တဲ့လူတွေ အများကြီးရှိပေမယ့် အခွင့်အရေးမရကြဘူး။

သူတို့နဲ့ယှဉ်ရင် ကျွန်မက အတော်ကံကောင်းနေပါပြီ"

လန်ထင် ခပ်ညှင်းညှင်းရယ်သည်။ စင်မြင့်ပေါ် ခြေတစ်ဘက်ချလိုက်သည်။ ခပ်မှိန်မှိန်အလင်းရောင်များ ဖြာထွက်လာပြီး ရှုပ်ထွေးသည့် မှော်စက်ဝန်းများပေါ်လာသည်။

"ညီမထောင်က ရောင့်ရဲတတ်ပုံပဲ။ ကောင်းပါတယ်လေ။ ဒါနဲ့...ညီမက အံ့ဩစရာကောင်းတဲ့ အိပ်မက်ရေပွက်လိုဟာမျိုးကို တီထွင်နိုင်ခဲ့တယ်နော်။ အိပ်မက်ရေပွက်လုပ်ငန်း မြန်မြန်ဆန်ဆန်တိုးတက်လာတာကိုကြည့်ရင် အများကြီးအားစိုက်ထားမှန်း သိသာတယ်။

ကျင့်ကြံမှုကိုအာရုံစိုက်ရင် အခုထက်တောင်ပိုပြီး အောင်မြင်လာနိုင်တယ်"

ထောင်ယော်ယဲ့ နှစ်လိုဖွယ်ပြုံးနေသည်။ သူ့လှုပ်ရှားမှုများက နှေးကွေးသွားခြင်းမရှိ။ ထီးနီကိုပိတ်၍ လှံတစ်လက်အဖြစ် အသွင်ပြောင်းသည်။ မှော်စက်ဝန်း၏ဗဟိုချက်ကို ထိုးလိုက်သည်။

"အိပ်မက်ရေပွက်က အကိုလုနဲ့ကျွန်မ အတူပူးပေါင်းပြီး တီထွင်ထားတာပါ။ နာမည်တောင် သူပေးထားတာ။ ဒီတော့ ကျွန်မလည်း အားနည်းနည်းစိုက်မှ နှစ်ယောက်လုံး ညီတူမျှတူဖြစ်တော့မှာပေါ့"

လန်ထင်က သူ့ဝတ်ရုံမှ ဖဲကြိုးဖြင့် တိုက်ပွဲဝင်သည်။ ပုံရိပ်ယောင်နှင့်အစစ်အမှန်ကြား လှုပ်ရှားသည်။ အပျော့ဖြင့် အမာကိုလွှမ်းမိုးသည်။

"ကျွန်မလည်း အိပ်မက်ရေပွက်ကို သုံးလေးကြိမ် ကြည့်ဖူးပါတယ်။ အထူးသဖြင့် 'ထာဝရအချစ်'ဆိုတဲ့ ဇာတ်လမ်းပေါ့။ ဂိုဏ်းတူတပည့်ချင်း ချစ်သူဖြစ်လာပြီး ပျော်ပျော်ရွှင်ရွှင် နေသွားကြတာလေ။

အပြင်လူတွေအများကြီး အားကျကုန်ကြတယ်။ ပုံရိပ်ယောင်လောကဆိုတာက အိပ်မက်တွေလိုပဲ ညီမထောင်။ ညီမက ရင်ထဲကိုထိလောက်တဲ့ ပုံရိပ်ယောင်မျိုးတွေ ဖန်တီးခဲ့တာပဲ။ အိပ်မက်ထဲမှာ ဒီအဖြစ်ကို ဘယ်နှစ်ကြိမ်များ ကြုံခဲ့တာလဲ။

ပုံရိပ်ယောင်ပညာကို ကျွမ်းကျင်သွားတဲ့လူတွေဟာ ပုံရိပ်ယောင်နဲ့ အစစ်အမှန်ကြားမှာ မကြာခဏ အာရုံမှောက်မှားတတ်ကြတယ်လို့ ကြားဖူးတယ်။ အဲဒီလူတွေလို ပုံရိပ်ယောင်နယ်မြေထဲ ပိတ်မိသွားလို့တော့ မဖြစ်ဘူးနော်"

ထောင်ယော်ယဲ့က ပြုံးသည်။

"စိတ်ပူပေးတဲ့ ညီမလန်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ညီမလန်က အကိုလုနဲ့ သိပ်ရင်းနှီးပုံမရဘူး။ ဒီတော့ အကိုလုမှာ ပုံရိပ်ယောင်တွေကို ချိုးဖျက်နိုင်တဲ့ ထူးခြားစွမ်းရည်မျိုးရှိတာ မသိလောက်ဘူး။

အကိုလုရှိနေရင် ပုံရိပ်ယောင်တွေထဲပိတ်မိမှာ စိုးရိမ်စရာမလိုပါဘူး။ ပိတ်မိသွားရင်လည်း အကိုလုက ကျွန်မကိုလာကယ်မှာပါ"

လန်ထင်က ထောင်ယော်ယဲ့၏ စက္ကူထီးနီကို ကမ္ဘာဦးကပ်ဆိုးယင်ယန်နတ်ဝိညာဉ်စွမ်းအားဖြင့် ဆွဲယူရန်ကြိုးစားရင်း ပြန်ပြောသည်။

"အကိုလုက မေတ္တာတရားကြီးမားတဲ့လူပါ။ ညီမထောင် ဒုက္ခရောက်ရင် သူလာကူမှာပါ။ ဒါပေမယ့် လောကကြီးက အန္တရာယ်တွေအများကြီး ရင်ဆိုင်နေရတာ။ အချိန်ကျလာတဲ့အခါ ညီမထောင်ကို အာရုံစိုက်ဖို့ အကိုလုမအားလပ်မှာကို စိုးရိမ်မိတယ်။

ညီမထောင်အနေနဲ့ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်အောင်သင်ယူထားတာ ပိုကောင်းတယ်"

ထောင်ယော်ယဲ့ လှပစွာလှုပ်ရှားလိုက်သည်။ လက်ကောက်ဝတ်လှည့်၍ ကမ္ဘာဦးကပ်ဆိုးစွမ်းအားကို ရှောင်တိမ်းသည်။ လန်ထင်ကို ပုံရိပ်ယောင်နယ်ဖြေဖြင့် ဖုံးအုပ်သည်။

"ကျွန်မက အကိုလုနဲ့အတူ လောကထဲ ခရီးထွက်မှာ။ နတ်ဆိုးတွေကိုအပြစ်ပေးပြီး ဒုက္ခရောက်နေတဲ့လူတွေကို ကယ်တင်မှာ။ အခက်အခဲတွေကြုံရင် အကိုလုက ကယ်မှာပဲလေ။ ညီမလန်က အပြင်လူဆိုတော့ ဒီလိုမြင်ကွင်းမျိုးတွေကို မြင်ခွင့်ကြုံမယ်မထင်ဘူး"

ဓာတ်ငါးမျိုးမသေမျိုးခန္ဓာဖြင့် မွေးဖွားလာသူဖြစ်၍ ပိုင်မင်၏နတ်ဝိညာဉ်သည် ဓာတ်ငါးမျိုးစွမ်းအားတွင် ထိပ်တန်းဖြစ်သည်။ အရောင်ငါးမျိုးဖြင့် ထွက်ပေါ်လာသည်။

ငါးရောင်ခြယ်နတ်ဝိညာဉ်က သေးငယ်သည့်လက်ဝါးကို လက်သီးဆုပ်၍ သတ္တု၊ သစ်သား၊ ရေ၊ မီး၊မြေ ဓာတ်ငါးမျိုးစွမ်းအားကို ဆင့်ခေါ်သည်။

"သွားတော့"

ဓာတ်ငါးမျိုးမှော်စွမ်းအားများ လီဟော်ရန်ဆီ တစ်ပြိုင်တည်း ပေါက်ကွဲလွင့်ပျံသွားသည်။ ရွှေကျီးကန်းမီးတောက်စစ်၏ အပူဓာတ်ကြောင့် မြင်ကွင်းများဝေဝါးသွားသည်။ မီးတောက်စစ်ထဲတွင် ဓားပျံများစွာ ပါဝင်သည်။

ရေပျော့များက မီးတောက်စစ်ကို အားဖြည့်ပေးသည်။ မြေနံရံများ လေးဘက်လေးတန်တွင် ထိုးထွက်လာသည်။ လီဟော်ရန်ကို ပိတ်ဆို့သည်။ အဆုံးစမဲ့သစ်ပင်များ မြေကြီးအောက်မှ ထွက်လာသည်။ သစ်ကိုင်းများက အဆိပ်သင့်နေပြီး ဆူးချွန်များ ထိုးထိုးထောင်ထောင်ရှိသည်။ သွားထိ၍မရ။

"ဓာတ်ငါးမျိုးမသေမျိုးခန္ဓာရဲ့စွမ်းအားက တကယ်နာမည်နဲ့လိုက်တာပဲ"

တိုက်ခိုက်မှုငါးမျိုးကို လီဟော်ရန် တည်ငြိမ်စွာရင်ဆိုင်သည်။ သူ့လက်ဝါးထဲသို့ မီးတောက်တစ်ခုဆင့်ခေါ်ပြီး ပိုင်မင်၏ ရွှေကျီးကန်းမီးတောက်စစ်ကို ပြန်တိုက်ခိုက်သည်။

ပိုင်မင်ထုတ်လွှတ်သည့် ရေပျော့များကို ကျောက်စိမ်းပုလင်းတစ်ခုဖြင့် သူစုစည်းသည်။ ဝင်လာသည့်ဓားပျံများကို သန့်စင်သည်။ အဆက်မပြတ်ထိုးထွက်လာသည့် သစ်ပင်များကို ဗောဓိလက်ဖြင့် ဖြတ်ချသည်။ အောက်ဘက်မှ ဂိုဏ်းတပည့်များ တအံ့တဩဖြစ်သွားသည်။

ဓားငါးမျိုးတိုက်ခိုက်မှုကို တစ်ခုစီခွဲပြီး ဣန္ဒြေရရရင်ဆိုင်နိုင်ခြင်းသည် လီဟော်ရန်၏ တည်ငြိမ်သည့်တိုက်ပွဲစိတ်ဓာတ်ကို သက်သေခံနေသည်။

"စွမ်းအင်ငါးမျိုး ထုတ်လွှတ်ပြီးတိုက်ခိုက်တာ ဘာဆန်းလို့လဲ။ ငါက ခြောက်မျိုးတိုက်ခိုက်နိုင်တယ်"

လီဟော်ရန် ခပ်ညှင်းညှင်းရယ်၍ သူ့နတ်ဝိညာဉ်ကို လှုံ့ဆော်လိုက်သည်။

ပေါက်ကွဲသံတစ်ချက်ပေါ်လာသည်။ လီဟော်ရန်၏ခန္ဓာကိုယ် အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားသည်။ ပိုင်မင်အတော်လန့်သွားသည်။ လီဟော်ရန် ကျင့်စဉ်အမှားအယွင်းဖြစ်သွားပြီလားဟု တွေးနေသည်။

"ကြည့်ကြဦးဟေ့၊ အကိုလီက လှုပ်နိုင်သေးတယ်"

အောက်ဘက်မှ တစ်ယောက်က တအံ့တဩအော်လိုက်သည်။

ဖုန်မှုန််များအလယ်တွင် အစိတ်အပိုင်းခြောက်ခု မြင့်မားသည့်အရှိန်ဖြင့် ရွေ့လျားနေသည်။ လီဟော်ရန်၏ ဦးခေါင်း၊ ကိုယ်ထည်ပိုင်းနှင့် ခြေလက်လေးဘက်ဖြစ်သည်။

ထိုအဖြစ်ကိုကြည့်၍ ပိုင်မင် မျက်ခုံးလှုပ်လာသည်။ နတ်ဆိုးဂိုဏ်းဝင်များနှင့် တိုက်ခိုက်စဉ်ကပင် ယခုလောက်ပုံမှန်မဟုတ်သည့် တိုက်ခိုက်နည်းမျိုး မကြုံခဲ့ဖူး။

လီဟော်ရန်ဦးခေါင်းပိုင်းမှ တန်ကျားနတ်မီးတောက် မှုတ်ထုတ်သည်။ ခန္ဓာကိုယ်က ပိုင်မင်ဆီ တည့်တည့်ဝင်တိုးသည်။ ဝိညာဉ်များကိုထိန်းချုပ်၍ ယင်ယန်စွမ်းအင်များ ဖျက်ဆီးနိုင်သည့် ဘူးသီးခြောက်နှစ်ခု လက်နှစ်ဘက်တွင်ကိုင်ထားသည်။

ဖိနပ်နှစ်ဘက်မှ အဆိပ်သံဆူးချွန်များက ပိတ်ဆို့သည့်အရာမှန်သမျှကို ထိုးဖောက်သည်။ ရန်သူကို အငိုက်ဖမ်းနိုင်သည်။

တိုက်ခိုက်မှုခြောက်ခု ပြိုင်တူဝင်လာသည်။

ပိုင်မင်နှင့် သူ့နတ်ဝိညာဉ် ထိုတိုက်ခိုက်မှုများကို အသေအလဲကြိုးစားခုခံရသည်။

မှော်ပစ္စည်းမျိုးစုံ၏ လျှို့ဝှက်စွမ်းအားကြောင့် သူ့အခြေအနေ ဆိုးသထက်ဆိုးလာသည်။

ရုတ်တရက် လီဟော်ရန်၏ဆံပင် လွင့်ပျံထွက်သွားသည်။ ဆံပင်တစ်ချောင်းချင်းစီက သံမဏိအပ်လို မာကျောသည်။ စကြာကွင်းတစ်ခုအဖြစ်ပြောင်း၍ ပိုင်မင်ဆီ တိုးဝင်သွားသည်။

"မင်းက တစ်ချိန်လုံး ဆံပင်တုဝတ်ထားခဲ့တာလား"

ဘေးဘက်မှ ပြိုင်ပွဲစင်မြင့်ဆီ အားကျသည့်အကြည့်ဖြင့် ပိုင်မင်တစ်ချက်ကြည့်သည်။ ထောင်ယော်ယဲ့နှင့်လန်ထင်တို့ ဘာကြောင့် လက်ရည်ညီညီတိုက်ခိုက်နိုင်ကြသည်မသိ။

သူ့တိုက်ပွဲက နေရာတိုင်းတွင် သေမင်းထောင်ချောက်များပြည့်နေသည်။

**************************************

All Chapters