← Chapters

အသန်မာဆုံးတစ်ကိုယ်တော်

Vol. 50 Ch. 737

အသန်မာဆုံးတစ်ကိုယ်တော်

Vol. 50 Ch. 737

ယန်ထန်ကျိနှင့် အရိုးရိုင်းလည်း လက်ရည်မျှသည်။

ယန်ထန်ကျိ လုံးဝထိန်းချုပ်မထား။ ဒိုင်းကာသရဲ၊ ထောင်ထျဲ့၊ ကျူးယန်၊ တိုက်ပွဲတက်တူးကြီးသုံးခုကို ပွဲစကတည်းက ထုတ်သုံးသည်။

ကျူးယန်တက်တူးကို နတ်ဝိညာဉ်အဆင့်တွင် သူဖန်တီးခဲ့သည်။

ယန်ထန်ကျိနောက်တွင် နတ်ဆိုးနှစ်ကောင်နှင့် သူရဲတစ်ကောင် အော်ဟစ်ကြုံးဝါးနေသည်။ လေဟာနယ် အနည်းငယ်တုန်ခါသွားသည်။ အံ့ဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။

အရိုးရိုင်းက ဘိုးဘေးတို့၏နတ်ဝိညာဉ်များကို ဆင့်ခေါ်သည်။ ရောက်လာသည့် ဘိုးဘေး၏ စွမ်းရည်များကို သူရသည်။ ထို့ကြောင့် သူ့တိုက်ခိုက်စွမ်းအားက နတ်ဝိညာဉ်အဆင့်တွင် အပြောင်းအလဲအများဆုံးဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်သူဆင့်ခေါ်လိုက်သည့်ဘိုးဘေးက နာမည်ကျော် ဒဏ္ဍာရီဘိုးဘေးဖြစ်သည်။ ရှေးဟောင်းခေတ်က နတ်မယ်နောက်သို့ပင် လိုက်ခဲ့ဖူးသူဖြစ်သည်။ အတော်လေးကျော်ကြားသည်။

အရိုးရိုင်းနှင့်နတ်ဝိညာဉ် ပေါင်းစပ်သွားချိန်တွင် ဟန်ပန်အမူအရာအားလုံး ချက်ချင်းပြောင်းလဲသွားသည်။ ရှေးဆန်သည်။ အသိခက်သည်။ စွမ်းအားကြီးသည်။

"ယား.."

အရိုးရိုင်း မျက်နှာပြင်ရှစ်ခုပါသည့် ခရမ်းရွှေရောင်တင်းပုတ်ကိုကိုင်ထားသည်။ ကြမ်းတမ်းခက်ထန်သည်။ သူ့အော်သံက နေရာစုံတွင် ပဲ့တင်ထပ်နေသည်။ ယန်ထန်ကျိ၏ တိုက်ပွဲတက်တူးပုံရိပ်သုံးခုအော်သံနှင့် တန်းတူအင်အားရှိသည်။

(**အစောပိုင်းအခန်းများတွင် အရိုးရိုင်း၏လက်နက်သည် 'တူ'ဖြစ်သည်။ သို့သော် အသွားမပါဘဲ မျက်နှာပြင်ရှစ်ခုပါသဖြင့် 'တင်းပုတ်'ဟု ပြောင်းလဲဘာသာပြန်ပါသည်)

တစ်ချိန်တည်းမှာပင် သူတော်စင်အဆုံးအမကျမ်းရွတ်သံလည်း လွင့်ပျံနေသည်။ ကြမ်းတမ်းသည့်ပတ်ဝန်းကျင်တွင် ထူးခြားသည့် လက္ခဏာတစ်ခုလိုဖြစ်နေသည်။

"မိတ်ဆွေတွေ အဝေးကနေလာတဲ့အခါ...ပျော်စရာပဲမဟုတ်လား..."

"ခရီးသွားသုံးယောက်ထဲမှာ...ငါ့ဆရာရှိတာ သေချာတယ်..."

ထိုကျမ်းရွတ်သံများက တူလက်ကိုင်ရိုးတွက်ကပ်ထားသည့် မှော်အဆောင်များမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ အရိုးရိုင်းစာပေကျင့်ကြံသူဖြစ်ကြောင်း တစ်ခုတည်းသောသက်သေဖြစ်သည်။

ယန်ထန်ကျိ ဒိုင်းကာသရဲနှင့် ပေါင်းစပ်လိုက်သည်။ လက်မောင်းကို ရှေ့တွင်ကန့်လန့်ထားလိုက်သည်။ လူတစ်ရပ်ခန့်မြင့်သည့် ဒိုင်းကာတစ်ခုပေါ်လာသည်။ အနက်ရောင်စွမ်းအင်များ ဘေးပတ်လည်တွင် ဝေ့ဝဲနေသည်။

ဒိုင်းကာကိုကိုင်၍ ယန်ထန်ကျိ ရှေ့တိုးလာသည်။ ထောင်ထျဲ့နှင့် ကျူးယန်အရိပ်များက တစ်ဘက်တစ်ချက်စီတွင် ကာကွယ်သူအဖြစ် ထမ်းဆောင်သည်။ အားလုံးအရိုးရိုင်းဆီ ပြေးဝင်လာကြသည်။

ရွှေတင်းပုတ်က နေရာစုံကို ဖြတ်သန်းသည်။ သူတတ်ကျွမ်းထားသည့် ဘုံကိုးဆင့်မိုးကြိုးတင်းပုတ်ပညာကို သုံးသည်။ စွမ်းအားကြီးသည်။ ကောင်းကင်တုန်ခါလောက်အောင် ပြင်းထန်မြန်ဆန်သည်။

ယန်တောင်တန်းတွင် မဟာရှားသို့ဝင်လာသည့် ဝိညာဉ်ပြောင်းအဆင့်မဟာနတ်ဆိုးကို သူသတ်ခဲ့သည်။ ထိုတင်းပုတ်ဖြင့် ပုံပျက်ပန်းပျက်ဖြစ်အောင် ထုရိုက်ခဲ့ခြင်းဖြစ်သည်။

ပုံမှန် နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်သည်။ ထိုတင်းပုတ်ကိုပင် ထိရဲမည်မဟုတ်။

ဘိုးဘေးနတ်ဝိညာဉ်အစွမ်းဖြင့် အရိုးရိုင်း၏ ရွှေတင်းပုတ်ပညာက အဆင့်သစ်တစ်ခုသို့ ရောက်လာသည်။

ရှေးဘိုးဘေးများသည် ထိုတင်းပုတ်ပညာမျိုးကို မလေ့လာဖူးပါ။ သို့သော် ယခုရောက်လာသည့် ဘိုးဘေးဝိညာဉ်သည် နတ်မယ်နောက်သို့ လိုက်ခဲ့ဖူးသူဖြစ်သည်။ တိုက်ပွဲဗီဇအသိရှိသည်။

အရိုးရိုင်းကိုယ်ထဲသို့ ရောက်နေချိန်တွင် ဉာဏ်ရည်မှလွဲ၍ တစ်ခြားအရာအားလုံး တိုးတက်လာသည်။

ထောင်ထျဲ့က ပါးစပ်ဟ၍ လေကိုရှူထုတ်ရှူသွင်းလုပ်သည်။ ကျူးယန်က ရဲတင်းနှင့်ပုဆိန်ကို ဝှေ့ယမ်းသည်။ ခုတ်ချက်တိုင်း ဝိညာဉ်စွမ်းအင်လှိုင်းများ လွင့်ပျံနေသည်။

နှစ်ယောက်သား ကောင်းကင်သို့တက်၍ လေထဲတွင် တိုက်ခိုက်ကြသည်။ အရိုးရိုင်း၏တင်းပုတ်က ရှေးဟောင်းအရိုင်းမျိုးနွယ်သွေးဆက်စွမ်းအားနှင့်အတူ လှုပ်ရှားနေသည်။

ဘုန်း။

တင်းပုတ်က ဒီုင်းကာပေါ်ကျလာသည်။ အဆုံးစမဲ့လှိုင်းလုံးများရိုက်ခတ်လာသလို ယန်ထန်ကျိခံစားရသည်။ ကိုယ်တွင်းအင်္ဂါနှင့် သွေးကြေားအားလုံး တုန်ခါသွားသည်။

"စိတ်လှုပ်ရှားစရာကောင်းသားပဲ"

ယန်ထန်ကျိ အော်ဟစ်ရယ်မောလိုက်သည်။ ထိုသို့အားပါးတရတိုက်ခိုက်ရသည့် တိုက်ပွဲမျိုး မကြုံခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။

အရဟတ်လက်သီးသက်ရောက်မှုကြောင့် မုန်ကျင်းကျိုး ကတုံးဖြစ်သွားသည်။ နန်းမြို့တော်၏ဗုဒ္ဓသားတော်အစစ် ဖြစ်လာသည်။

"ဓားထိန်းချုပ်စွမ်းအား"

လုယန်ဘေးပတ်လည်တွင် အားကောင်းသည့်ဓားချီများရှိသည်။ လက်နှစ်ချောင်းကို ကောင်းကင်သို့ထိုးချိန်လိုက်သည်။ ဓားဆေးကန် နဂါးတစ်ကောင်လို လွင့်ပျံတက်သွားပြီး မုန်ကျင်းကျိုးကို ဝင်တိုက်သည်။

"ကောင်းကင်တုန်ခြောက်ကွက်"

မုန်ကျင်းကျိုး ထိုပညာကို အရင်ထက်ပိုကျွမ်းကျင်လာသည်။ ရိုးရှင်းသယောင်ရှိသည့် လက်သီးချက်တွင် တောင်ဖြိုကျောက်ဆောင်ခွဲစွမ်းအားများ ပါဝင်သည်။

မိုးမြေတစ်ခုလုံးတုန်ခါ၍ ဘေးပတ်လည်ဝိညာဉ်စွမ်းအင်များကို အကူအဖြစ်အသုံးချသည်။ လက်သီးချက်၏အသံကပင် အသံလှိုင်းစွမ်းအားပါနေသည်။

ရင်ဆိုင်တွေ့ချိန်တွင် မုန်ကျင်းကျိုး ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ ဓားဆေးကန်က အသာစီးရနေဆဲဖြစ်သည်။

လုယန်က ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို မုန်ကျင်းကျိုးကိုယ်ထဲသို့ပို့လွှတ်၍ နတ်ဝိညာဉ်သုံးခုဖြည့်ပေးရန်ကြိုးစားသည်။

သို့သော် မုန်ကျင်းကျိုးက သူ့စေတနာကို လက်မခံဘဲ အရှိန်ကုန်မြှင့်၍ပြေးသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို လုံးဝအထိမခံ။

"ရွှေငှက်မီးတောက်စစ်၊ ရသာသုံးပါးမီးတောက်စစ်"

"ဖီးနစ်မီးတောက်စစ်"

မီးတောက်စစ်သုံးခု ရင်ဆိုင်တွေ့သည်။ ငှက်နှစ်ကောင်အော်သံနှင့်အတူ ပြင်းထန်သည့်‌ပေါက်ကွဲမှုတစ်ခု ဖြစ်လာသည်။ မီးတောက်များ ကောင်းကင်သို့ထိုးတက်သွားသည်။ သိုင်းပြိုင်ကွင်းက မီးဖိုတစ်ခုလိုဖြစ်နေသည်။ မီးတောက်အလယ်တွင် သဏ္ဌာန်နှစ်ခု လှုပ်ရှားနေသည်။

မီးအလင်းရောင်အတွင်း သန့်စင်သည့် ယန်ထိုက်ကျိပုံရိပ် ပြန်ပေါ်လာသည်။ လက်ခြောက်ဘက်နတ်ဘုရား၏ လက်သီးပညာက မိုးခြုန်းသံလိုမြည်ဟိန်းပြီး ဓားဆေးကန်ကို အပြင်းအထန်တိုက်ခိုက်နေသည်။

လုယန်က သစ်ပင်စိုက်ပညာဖြင့် ကိုယ်ပွားခွဲထွက်သည်။ ချင်ဖုန်းဓားနှင့် မိန်ယွဲ့ဓားကို တစ်ယောက်တစ်လက်ကိုင်၍ တိုက်ခိုက်သည်။ သို့သော် အရေးမလှသေး။

"ကြည့်ဦးဟေ့၊ အဲဒါ ခေါင်းသုံးလုံးလက်ခြောက်ဘက်ပညာပဲ"

ထောင်ချုပ်ဂိုဏ်းတပည့်များ တအံ့တဩအော်ဟစ်ကြသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲကွာ"

ခန္ဓာကျင့်ကြံသူများ အလေးထားရဆုံး ပညာရပ်ဖြစ်သည်။ နတ်ဝိညာဉ်အဆင့်တစ်ယောက် ထုတ်သုံးနိုင်သည်ဟု လုံးဝမကြားဖူး။

"ခေါင်းတုံးရယ်၊ ခေါင်းသုံးလုံးလက်ခြောက်ဘက်ရယ်ဆိုတော့ စွန်စီးဘုံကျောင်းရဲ့ ဗုဒ္ဓကာကွယ်သူ ဝါဇရပါနိပဲ"

စွန်စီးဘုံကျောင်းမှ အကိုတော်များ မုန်ကျင်းကျိုးကိုမြင်ပြီးနောက် မျက်လုံးများအရောင်လက်လာသည်။

မီးတောက်များကြားတွင် လုယန်နှင့်မုန်ကျင်းကျိုး စကားပြောရင်း တိုက်ခိုက်နေကြသည်။

"ငါ့ကို ကြွားလုံးထုတ်ခွင့်တစ်ခါပေးဖို့ အကြွေးကျန်သေးတာ မင်းမမေ့နဲ့နော်"

မုန်ကျင်းကျိုးက သတိပေးသည်။

ရွှေသန္ဓေအလတ်တန်းဆင့် ဗိုလ်လုပွဲတွင် လုယန်က သူ့ကိုအနိုင်ယူပြီး ကြွားလုံးထုတ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအခွင့်အရေးမျိုး တစ်ကြိမ်ပြန်ပေးမည်ဟု ကတိပေးခဲ့သည်။

သို့သော်ယခုထိ ထိုသူ‌တောင်းစာလုယန်က သူ့ကတိကို မဖြည့်ဆည်းသေး။

လုယန် ခဏအသံတိတ်သွားသည်။ မုန်ကျင်းကျိုးသာ သတိမပေးလျှင် သူတကယ်မေ့နေလိမ့်မည်။

တည်ငြိမ်မှုအပြည့်ဖြင့် ဓားချက်များကို တမင်တကာ နှေးလိုက်သည်။

"အင်း..ငါမှတ်မိပါတယ်။ သင့်တော်တဲ့အခွင့်အရေး မတွေ့သေးလို့ပါ"

မုန်ကျင်းကျိုးက သူ့ကို သံသယမျက်လုံးဖြင့်ကြည့်သည်။

ဓားအလင်းနှင့်လက်သီးရိပ် ပေါင်းစပ်သွားသည်။ ဓားချီက ပေါ့ပါးသည် မုန်ကျင်းကျိုး၏ခံစစ်မှ ဟာကွက်ကိုရှာနေသည်။

မုန်ကျင်းကျိုးက ဝါဇရကိုယ်တော်အသွင်ဖြင့် လက်သီးနှစ်ဘက်သုံး၍ ဓားချက်များကို ရင်ဆိုင်သည်။ တိုက်ခိုက်မှုမျိုးစုံ ပျက်စီးပျောက်ကွယ်သွားသည်။

"ကောင်းကင်တုန်ခြောက်ကွက်"

ထိုပညာသုံးလိုက်သည်နှင့် လက်ခြောက်ဘက်၏စွမ်းအားက ဆပွားတိုးလာသည်။ လုယန်က ချင်ဖုန်းဓားကို ရင်ဘတ်ရှေ့တွင်ကာလျက်သားဖြင့် နောက်ပြန်လွင့်ထွက်ပြီး စင်ပေါ်မှ လိမ့်ကျသွားသည်။

"ဘာလဲဟ...အကိုမုန်နိုင်သွားတာလား"

"ရွှေသန္ဓေအလတ်တန်းဆင့် ဗိုလ်လုပွဲတုန်းက အကိုမုန် အကိုလုကိုရှုံးခဲ့တယ်။ နောက်ထပ်တိုက်ခိုက်တော့ သရေကျတယ်။ အကိုလုက အကိုမုန်ကို ဘာလို့ရှုံးတာလဲ"

"ဒီသုံးယောက်ရဲ့စွမ်းအားက သိပ်မကွာတဲ့သဘောပဲ။ နည်းနည်းလေးမှားတာနဲ့ တိုက်ပွဲရလာဒ်ပြောင်းသွားတယ်"

"ကြောက်စရာကောင်းတဲ့ တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်ပဲ။ အရင်ကရှိခဲ့ဖူးတဲ့ တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိူင်ရှင်တွေတောင် သူ့ကိုမမီလောက်ဘူး"

"စွမ်းအားအကြီးဆုံး သန့်စင်ယန်ခန္ဓာပိုင်ရှင်ပဲ"

"အကိုမုန်သာ လူပျိုဘဝအတိုင်းနေရင် သူ့အနာဂတ်အလားအလာက အကန့်အသတ်မရှိတော့ဘူး"

ထိုစကားများကြောင့် မုန်ကျင်းကျိုး မျက်နှာတင်းသွားသည်။ ချီးကျူးသည်ဟု သူမခံစားရ။

လုယန် ပြိုင်ပွဲစင်မြင့်မှ ကျလာချိန်တွင် ဓားဆေးကန်က ဆီးဖမ်းသည်။ ကန်ထဲမှတက်လာပြီးနောက် အနီးမှ တောင်ထိပ်တစ်ခုဆီ လက်ညှိုးထိုးပြပြီး အူကြောင်ကြောင်ဖြစ်နေသည်။

"ဘာလို့အားလုံး ပျံထွက်လာကြတာလဲ။ ပြဿနာတစ်ခုခုဖြစ်လို့များလား"

မဟာဂိုဏ်းအဖွဲ့ဝင်များ တူညီသည့်ဗီဇသိစိတ်ဖြင့် ဧည့်ကြိုခန်းမထဲမှ ဂိတ်တံခါးဆီသို့ ပျားပိတုန်းများလို ပျံသန်းနေကြသည်။

စပ်စုသည့်အကိုတစ်ယောက်က အခြေအနေမှန်ကို စုံစမ်းသိလာသည်။

"ဂိုဏ်းချုပ်ပြန်လာပြီ။ မဟာဂိုဏ်းတွေက အကြီးအကဲတွေ ဂိုဏ်းချုပ်တွေအားလုံး သွားကြိုဆိုကြတာ"

မုန်ကျင်းကျိုး လှမ်းကြည့်သည်။ မဟာဂိုဏ်းအဖွဲ့ဝင်များအားလုံး အရောင်တလက်လက်ထွက်နေသည့်လက်နက်များ ကိုင်ထားကြသည်။ တာအိုရှင်ဝစီပိတ်ကို ကြိုဆိုကြသည့်ပုံစံမျိုးမဟုတ်။

လုယန် အသံတိတ်နေသည်။ သူ့ဆရာက ပင်လယ်တာအိုသခင်အသက်ရှင်နေသေးသည်ဟုကြား၍ အရိုအသေပေးဖို့ အမြန်ပြန်လာခြင်းဖြစ်သည်။

သို့သော် ပင်လယ်တာအိုသခင်ကိုတွေ့လိုသည်မှာ သူတစ်ယောက်တည်းမဟုတ်ကြောင်း ဆရာဝစီပိတ် တွေးခဲ့မိဟန်မတူ။

**********************************

All Chapters