မသေမျိုးဆေးရှာပုံတော်
Vol. 50 Ch. 744
လူငါးယောက် မြင်းရထားထဲ စုပြုံဝင်ကြသည်။ လောင်မာက အိမ်ပြန်ဖို့ စိတ်အားထက်သန်နေသည်။ ပုံမှန်ဆိုလျှင် အရှေ့ပင်လယ်ခရီးသည် လေးငါးရက်ကြာလိမ့်မည်။ သို့သော်ယခု နေ့တစ်ဝက်ဖြင့် မဟာရှားနယ်စပ်ဖြစ်သည် မိန်မြို့သို့ရောက်လာသည်။
သူတို့ဂိုဏ်းတံဆိပ်များထုတ်ပြပြီးနောက် မြို့ထဲသို့ဝင်၍ နိုင်ငံထွက်ခွာခွင့်စာရွက်စာတမ်းများ ဖြည့်ရသည်။
"နာမည်"
"လုယန်"
"နောက်ခံ"
"တာအိုလမ်းစဉ်ဂိုဏ်းတပည့်"
"အရှေ့ပင်လယ်ကို ဘာလို့သွားတာလဲ"
"အလည်အပတ်ပါ"
"ဟုတ်ပြီ၊ မင်းသွားလို့ရပြီ"
"အဲ...ဘာလို့လူတွေအဲလောက်များနေတာလဲ"
မြို့ဆိပ်ကမ်းမှထွက်ခွာမည့် လှေကြီးသုံးစင်းကို မုန်ကျင်းကျိုး သတိထားမိသည်။ လှေပေါ်မှအလံများအရ မဟာရှားနန်းတော်ရေတပ်မှလှေများဖြစ်ဟန်ရှိသည်။
ရှားနိုင်ငံက အရှေ့ပင်လယ်နဂါးနန်းတော်ကို သံတမန်ပို့ခြင်းလားမသိ။
"တစ်ဆိတ်လောက်ပါအကို။ ဒီလှေသုံးစင်းက ထွက်တော့မှာလား"
သဘောကောင်းဟန်ရှိသည့် လမ်းသွားလမ်းလာတစ်ယောက်ကို မုန်ကျင်းကျိုးမေးသည်။
"ဪ...ဟိုလှေတွေလား။ ဒုတိယမင်းသားစီစဉ်တဲ့ စူးစမ်းလေ့လာရေးအဖွဲ့လို့ကြားတယ်"
"ဒုတိယမင်းသားက ပင်လယ်ထဲကို ဘာလုပ်ဖို့သွားတာလဲ"
ထိုလူက ထူးဆန်းသည့်အမူအရာဖြင့် လေသံကိုနှိမ့်၍
"အင်ပါယာရှားက အတော်နာမကျန်းဖြစ်နေတယ်လို့ကြားတယ်။ သက်တမ်းနည်းနည်းပဲကျန်တော့တယ်တဲ့။ အရှေ့ပင်လယ်မှာ မသေမျိုးဆေးပင်ရှိတယ်ကြားလို့ ဒုတိယမင်းသားက လှေသုံးစင်းကိုဦးဆောင်ပြီး ဆေးသွားရှာမှာတဲ့"
အင်ပါယာရှား သက်တမ်းသိပ်မကျန်တော့ကြောင်း မုန်ကျင်းကျိုးသိပါသည်။ သို့သော် ထိုကိစ္စက သာမန်လူများကြားသို့ သတင်းပျံ့နေမည်ဟု ထင်မထားခဲ့။
"နတ်မယ်၊ မသေမျိုးဆေးပင်ဆိုတာ ဒီလောကမှာ တကယ်ရှိလို့လား"
လုယန်မေးသည်။
"ငါတော့ အဲလိုမသေမျိုးဆေးပင်မျိုး စိုက်ခဲ့ဖူးတယ်မထင်ဘူး"
ထာဝရမျိုးဆက်ခေါင်းဆောင်ဖြစ်သည့် နတ်မယ်သည် သူဆန္ဒရှိလျှင် လောကထဲမှလူသားအားလုံးကို မသေမျိုးစွမ်းအင်ချီးမြှင့်နိုင်စွမ်းရှိသည်။
"အဲ..အခုမှ ပြန်တွေးမိတယ်။ ငါတစ်ခါ စိုက်ခဲ့ဖူးတယ်။ ကိုးဆမသေမျိုးက ယင်ယန်စွမ်းအားကို လေ့လာနေတဲ့အချိန်မှာ ကျောက်စိမ်းယုန်နဲ့ ရွှေကျီးကန်းကို မိတ်လိုက်ခိုင်းတယ်။
ဒါပေမယ့် မိတ်လိုက်တဲ့အချိန်ကြာလာတော့ သူတို့အားအင်ကုန်ခမ်းလာတယ်။ ဒါကြောင့် ငါ့ကို ဒီကိစ္စဖြေရှင်းပေးဖို့ အကူအညီတောင်းတယ်။ ငါက မသေမျိုးသစ်သီးတစ်လုံးဖန်တီးပြီး အမှုန့်ကြိတ်တယ်။
အဲဒါကို ရေနဲ့ရောပြီး ကျောက်စိမ်းယုန်နဲ့ ရွှေကျီးကန်းကို ကျွေးခဲ့တာ။ ပြန်စဉ်းစားကြည့်ရင် ကိုးဆမသေမျိုး ယင်ယန်စွမ်းအားကို လေ့လာနိုင်တာဟာ ငါ့ကျေးဇူးမကင်းဘူး"
လုယန် အံ့အားသင့်သွားသည်။ ဤမသေမျိုးသစ်သီးသည် ယန်အားတိုးဆေးထက်ပင် အာနိသင်ထက်မြက်ဟန်ရှိသည်။
ကိုးဆမသေမျိုး စမ်းသပ်လေ့လာခဲ့သည့် ကျောက်စိမ်းယုန်နှင့်ရွှေကျီးကန်းသည် အနည်းဆုံး စုစည်းခြင်းအဆင့်ရှိပေလိမ့်မည်။
"ဒါပေမယ့် မသေမျိုးသစ်သီးက လူတစ်ယောက်ကိုပဲ မသေမျိုးစွမ်းအင်ဖြည့်ဆည်းနိုင်တယ်။ ကျောက်စိမ်းယုန်နဲ့ ရွှေကျီးကန်းတွေအားလုံး ဒီသစ်သီးကိုစားမယ်ဆိုရင် အသက်ရှည်ရုံပဲရှိမယ်။ မသေမျိုးသက်တမ်းမျိုး မရနိုင်ဘူး။
အဲဒီ့နောက်ပိုင်း မသေမျိုးသစ်ပင် နောက်ထပ်မစိုက်ဖြစ်တော့ဘူး"
"မသေမျိုးသစ်ပင်ကို ဘယ်လိုစိုက်ရတာလဲ"
လေ့လာထိုက်သည့်ပညာတစ်ခုဟု လုယန်ယူဆသည်။ ထိုသစ်သီးသည် အင်ပါယာရှားကို ကယ်တင်နိုင်ခြေရှိသည်။
"ရိုးရှင်းပါတယ်။ ဘယ်အပင်မဆို ငါ့သွေးတစ်စက်ချလိုက်ရင် မသေမျိုးသစ်သီး သီးလာမှာပဲ"
လုယန် "..."
ရိုးရှင်းလွန်းပါသည်။ သို့သော် သင်ယူဖို့မဖြစ်နိုင်။
"ယင်ထန်တို့ကတော့ မသေမျိုးသစ်သီးစိုက်တယ်လို့ ငါမကြားမိဘူး။ ဒီငတုံးကောင်တွေက စိုက်လည်းမစိုက်နိုင်လောက်ဘူး။
ဒါပေမယ့် မသေမျိုးတစ်ဝက်တစ်ယောက် စိုက်ခဲ့သလားဆိုတာတော့ ငါသေချာမသိဘူး"
"မသေမျိုးတစ်ဝက်လည်း မသေမျိုးသစ်ပင် စိုက်နိုင်တယ်ပေါ့"
နတ်မယ် မျက်စောင်းထိုးသည်။
"မသေမျိုးတစ်ဝက်တိုင်းတော့ ဘယ်စိုက်နိုင်မှာလဲ။ သူတို့ကိုယ်တိုင်ကကို မသေမျိုးမဖြစ်သေးဘူးလေ။ သက်ရှည်အရိယဖလ၊ တည်မြဲခြင်းအရိယဖလပိုင်တဲ့ ထာဝရမျိုးဆက် မသေမျိုးတစ်ဝက်တစ်ယောက်ဆိုရင်တော့ သက်တမ်းကို ထူးထူးခြားခြားဆွဲဆန့်နိုင်တဲ့ ဆေးပင်မျိုး စိုက်ကောင်းစိုက်နိုင်မှာပေါ့။
ဒါနဲ့စကားမစပ်...ဒုခေါင်းဆောင်၊ ထာဝရအရိယဖလသန္ဓေ နင်မလိုချင်တာ သေချာရဲ့လား။ အလကားရမှာနော်"
နတ်မယ်က လုယန်ကို ဆွဲဆောင်ပြန်သည်။
"မလိုချင်ပါဘူး။ ကိုယ်ပိုင်အားထုတ်မှုနဲ့ပဲ အရိယဖလသန္ဓေတည်ဆောက်ချင်တယ်"
လီဟော်ရန်လို တစ်ခြားလူအားကိုးဖြင့် နေရမည့်ဘဝမျိုး အရောက်မခံဟု သူဆုံးဖြတ်ထားသည်။
လုယန် ထပ်ငြင်းသဖြင့် နတ်မယ် အတော်စိတ်ပျက်သွားဟန်ရှိသည်။
"ဒါဆိုရင် နင်ကြိုးစားမှဖြစ်မယ်။ လီဟော်ရန်ကိုကြည့်လေ။ သူက မသေမျိုးတစ်ဝက်ဖြစ်နေပြီ။ နင်ကအခုမှ နတ်သူငယ်အလတ်တန်းဆင့်ပဲရှိသေးတယ်"
"ဒါက နတ်ဝိညာဉ်အလတ်တန်းဆင့်လို့ခေါ်တာပါ...ဘာရယ် နေပါဦး။ လီဟော်ရန်က မသေမျိုးတစ်ဝက်ဆိုတာ ဘာကိုပြောချင်တာလဲ"
"လီဟော်ရန်မှာ ပြန်လည်မွေးဖွားခြင်းအရိယဖလသန္ဓေရှိတယ်။ ဒီတော့ သူက မသေမျိုးတစ်ဝက်ပေါ့"
နတ်မယ်က ပြန်ပြောသည်။ ကျင့်စဉ်အဆင့်များ ခွဲခြားသည့်စနစ်ကို ဖန်တီးခဲ့သူဖြစ်၍ အတုမဲ့ဩဇာကို သူဆုပ်ကိုင်ထားသည်။
ထိုစကားကြောင့် နိုင်ငံကူးစာရွက်စာတမ်းများဖြည့်နေသည့် လီဟော်ရန်ဆီ လှမ်းကြည့်ပြီး လုယန် ချက်ချင်းအမူအရာပြောင်းသွားသည်။
သူတို့ငါးယောက်ထဲတွင် ကျင့်စဉ်နှုန်းအနှေးဆုံးဖြစ်ခဲ့သည့် လီဟော်ရန်က ယခု ကျင့်စဉ်အမြင့်ဆုံးဖြစ်နေသည်။
"အရှေ့ပင်လယ်ကို ဘာအတွက်သွားတာလဲ"
"ဆွေမျိုးတွေဆီ သွားလည်မလို့ပါ"
"ဒါဆိုရင် ပျော်စရာခရီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်"
"ကျေးဇူးပါ"
လုယန်တို့လူစု စာရွက်စာတမ်းဖြည့်ပြီးချိန်တွင် နောက်ဘက်မှ ဆူဆူညံညံအသံတစ်ခုပေါ်လာသည်။
"ဟိုမှာကြည့်လိုက်ဦးဟေ့၊ မကောင်းဆိုးဝါးကြီးတစ်ကောင်ပဲ"
"ဟုတ်ပါ့ကွာ။ တကယ်အသိဉာဏ်ဖွံ့ဖြိုးနေပြီပဲ"
ငါးယောက်လုံး လှည့်ကြည့်သည်။ လောင်မာက ခြေနှစ်ချောင်းထောက်၍ ရှေ့ခြေတစ်ဘက် ကောင်တာပေါ်တင်ထားသည်။ နောက်တစ်ဘက်ဖြင့် ရထားကိုမ,ထားရင်း စာရွက်စာတမ်းများဖြည့်နေသည်။
အတော်သဘာဝမကျသည့် မြင်ကွင်းဖြစ်သည်။
လူအများ ဆူညံနေသည်မှာ မဆန်းလှ။ လုယန်တို့ပင် အတော်ကြာကြာ ကြောင်၍ကြည့်နေမိသည်။
စာရွက်စာတမ်းဖြည့်ပြီးနောက် ရထားကိုပြန်ချ၍ ခြေလေးဘက်ဖြင့် ပြန်လျှောက်သည်။ မင်သက်မိနေသည့်လူစုဘေးမှ သာမန်မြင်းတစ်ကောင်လို ပုံမှန်ခြေလှမ်းဖြင့် လျှောက်လာသည်။
"လာကြလေ၊ မင်းတို့ဘာကြောင်ကြည့်နေတာလဲ။ ငါမတ်တပ်ရပ်တာမမြင်ဖူးဘူးလား"
ငဒူငါးယောက်ကို လောင်မာလှမ်းပြောသည်။ သူတို့အမူအရာက ဘဝအတွေ့အကြုံနုသေးကြောင်း သိသာလွန်းသည်။
"ခင်ဗျားက နိုင်ငံထဲကနေအသာခိုးထွက်ပြီး မှောင်ခိုလမ်းကြောင်းနဲ့ အရှေ့ပင်လယ်ကို သွားမယ်လို့ထင်ထားတာ"
လောင်မာက နှာခေါင်းတစ်ချက်ရှုံ့သည်။ မုန်ကျင်းကျိုးကို အရေးမစိုက်။
အရင်က မဟာရှားသို့ မှောင်ခိုလမ်းကြောင်းမှဝင်ခဲ့သဖြင့် ရှားရုံးတော်က ဖမ်းမိလုနီးပါးဖြစ်ခဲ့သည်ကို သူဝန်ခံ၍မဖြစ်။
ရှက်စရာကောင်းသည့် ထိုအဖြစ်ကို ထုတ်မပြောခြင်းသည် အကောင်းဆုံးဖြစ်သည်။
"ဪ...ပင်လယ်ဆိုတာ ဒါလား"
လူငယ်အုပ်စု ကျယ်ပြန့်သည့်ပင်လယ်၏ လူးလွန့်နေသည့်လှိုင်းများကို မြင်သည်နှင့် စိတ်လှုပ်ရှားပျော်ရွှင်လာသည်။
ထောင်ယော်ယဲ့က ပို၍ပျော်သည်။ ဖိနပ်ကိုချွတ်၍ နူးညံ့သည့်သဲပြင်ပေါ် ခြေချသည်။ ပင်လယ်ရေများက သူ့ခြေထောက်ကို ဆေးကြောသည်။ အေးမြသည့်ခံစားချက်က ထူးထူးခြားခြား နှစ်လိုဖွယ်ကောင်းသည်။ သူ့ရယ်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။
လုယန်က နည်းနည်းပို၍ဣန္ဒြေရသည်။ သူ့အတိတ်ဘဝက ပင်လယ်ကို သူမြင်ဖူးသည်။
မှန်သည်။ သူ့အတိတ်ဘဝကပင်လယ်များသည် လက်ရှိအရှေ့ပင်လယ်ထက် ပိုမကြီးနိုင်။ ပင်လယ်ပြင်ပေါ်ခုန်ပျံကစားသည့် မီတာတစ်ရာရှည်သည့်ဝေလငါးများလည်းမရှိ။
ပင်လယ်မျက်နှာပြင်အထက်မှ ဝေလငါးကြီးကို တစ်ယောက်ကမြင်သည်။ မီတာတစ်ထောင်အမြင့်ထိ ခုန်တက်သွားပြီး ပင်လယ်ထဲသို့ ပြန်၍ဦးစိုက်ထိုးဆင်းသည်။ ဘုန်းခနဲအသံတစ်ချက်မြည်ပြီး ပင်လယ်ရေမျက်နှာပြင် လှိုင်းထသွားသည်။
ရေမျက်နှာပြင်ပေါ်တွင် ကူးခတ်နေသည့် ငါးအုပ်များလည်းရှိသည်။ နေရောင်အောင်တွင် ငါးတံတားကြီးတစ်ခုသဖွယ် အတန်းလိုက်တည်ရှိနေသည်။ ငါးတံတားက ရွှေငွေနှင့်သွန်းလုပ်ထားသကဲ့သို့ တလက်လက်တောက်ပနေသည်။ ငါးစုံတွဲတစ်တွဲ ထိုတံတားတစ်ဘက်တစ်ချက်စီတွင် ပေါ်လာသည်။ တံတားအလယ်တွင်ဆုံစည်း၍ ခံစားချက်များဖွင့်ထုတ်ကြသည်။
မယုံနိုင်လောက်အောင်ကဗျာဆန်လှသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
ထိုဖြစ်ရပ်နှစ်ခုလုံးက အရှေ့ပင်လယ်နယ်စပ်၏ ထူးခြားသည့်မြင်ကွင်းများဖြစ်သည်။ တစ်ခုတည်းသောကွာခြားချက်က ပထမမြင်ကွင်းသည် ဝေလငါးများပျော်မြူး၍ ခုန်ပျံနေခြင်းဖြစ်ပြီး ငါးတံတားတည်ဆောက်သည့် ဒုတိယမြင်ကွင်းက လူအများအာရုံစိုက်အောင် တမင်လုပ်နေခြင်းဖြစ်သည်။
လှေကြီးသုံးစင်း မသေမျိုးဆေးပင်ရှာရန် ရွင့်လွှင့်သည်။ လှေပေါ်မှလူများက စိတ်အားတက်ကြွမှုအပြည့်ရှိနေသည်။ အင်ပါယာရှား၏သက်တမ်းကို ဆွဲဆန့်နိုင်ဖို့ ဒဏ္ဍာရီမသေမျိုးဆေးပင်ကို ရအောင်င်ရှာရန် ဆုံးဖြတ်ထားကြသည်။
ကျင့်ကြံသူများ၏ ထူးခြားသည့်လက်မှုပညာစွမ်းဖြင့် တည်ဆောက်ထားသည့် ထိုသင်္ဘောကြီးသုံးစင်းသည် အရွယ်အစားကြီးမားသည်သာမက အသုံးအဆောင်ပစ္စည်းမျိုးစုံပါသည့် အထပ်ကိုးထပ်ရှိသည်။ မြို့တော်ငယ်တစ်ခုနှင့် ပမာတူသည်။ ဝိညာဉ်ကျောက်များဖြင့် စွမ်းအင်ဖြည့်ထားသည်။
စတင်ရွက်လွှင့်သည်နှင့် အမြန်နှုန်းက လှေပျံများထက်ပင် သာလွန်သည်။ ပင်လယ်ပြင်တွင် အမြန်ဆုံးယာဉ်များဖြစ်သည်။
ထို့နောက် ပင်လယ်ရေမျက်နှာပြင်ထက်တွင် အတုမဲ့အမြန်နှုန်းဖြင့် ဖြတ်သန်းသွားသည့် ရထားတစ်စီးကို လှေပေါ်မှလူများမြင်ကြရသည်။ မြင်းအိုက လှေသုံးစင်းကို အထင်မကြီးဟန်ဖြင့် လှည့်ကြည့်သည်။ နောက်ထပ်အရှိန်မြှင့်လိုက်သည်။
သိပ်မကြာမီ လှေသုံးစင် နောက်ဘက်တွင် ပြတ်ကျန်ခဲ့သည်။ ရထားထဲမှ ခပ်သဲ့သဲ့ချီးကျူးသံကို ကြားရသည်။
ထိုလှေများဘယ်လောက်မြန်သည်ဖြစ်စေ မဟာနတ်ဆိုးဘုရင်တစ်ယောက် သူ့ဆွေမျိုးများဆီ အလည်ပြန်သည့် အမြန်နှုန်းထက်တော့ ပိုမသာနိုင်ပေ။
*************************************